Transparency Myanmar

transparency.myanmar@gmail.com

၁၁.၃.၂၀၁၁


ြ ပည်တွင်းသတင်းများ

ပြည်တွင်းရှိ ဘော်ဒါကျောင်း ၁၈ ကျောင်းအတန်းတင်စစ်ခွင့်ရ
ရန်ကုန်၊ မတ် ၁၀။


၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်၍ ပဉ္စမတန်းနှင့် နဝမတန်းအထိ ပညာသင်ကြားခွင့်နှင့် အတန်းတင် စာမေးပွဲ စစ်ဆေးခြင်းတို့အား ပြုလုပ်နိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိက ဘော်ဒါကျောင်း (၁၈) ကျောင်းအား ဆောင်ရွက်ရေး ခွင့်ပြုမိန့် ချပေးခဲ့ကြောင်း ဘော်ဒါဆောင် ဖွင့်ထားသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း အချိန်ုပြည့် ပညာသင်ကြားပိုင်ခွင့်နှင့် အတန်းတင် စစ်ဆေးပိုင်ခွင့် ခွင့်ပြုခဲ့သည့် ဘော်ဒါကျောင်း များမှာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘော်ဒါကျောင်း (၁၀)ကျောင်း၊ မန္တလေးနှင့် ပြင်ဦးလွင်မှ ဘော်ဒါကျောင်း (၁၀) ကျောင်း တို့ပင်ဖြစ်သည်။ ၎င်း ခွင့်ပြုမိန့်အား ရရှိရန် ယင်းကျောင်းများသည် ရွေးကောက်ပွဲ မတိုင်မီ ကာလများထဲက ခွင့်ပြုမိန့် တင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 ၅ တန်းမှစတင်၍ ၉ တန်းအထိ မိမိတို့ကျောင်း၌ ပညာသင်ခွင့်ရရှိနိုင်ပြီး တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၀ တန်းပညာသင်ခွင့်အား အစိုးရကျောင်းမှာပင် ဖြေဆိုရမည်ဖြစ်ကြောင်း ယင်းမှပင်ထပ်လောင်းပြောကြားခဲ့သည်။

မိမိတို့ ဘော်ဒါဆောင်သည် သက်ဆိုင်ရာ နယ်မြေမှ အထက်တန်း ကျောင်းများနှင့် ချိတ်ဆက်ထားကြောင်း၊ ၅ တန်းမှစတင်၍ ၉ တန်း မေးခွန်းများကို မိမိတို့ဘာသာ ကိုယ်တိုင်ထုတ်၍ စစ်ဆေးရမည် ဖြစ်ကြောင်း၊ ခွင့်ပြုမိန့် တွင်လည်း ယခုကဲ့သို့ပင် ဖော်ပြထားကြောင်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေမှာလည်း လောလောလတ်လတ်၌ မထွက်ရှိသေးကြောင်း ရန်ကုန်မြို့ရှိ ဘော်ဒါဆောင် ဖွင့်ထားသူ အဆောင်ပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။


-------------------------------------------------------------------------------------------------------------

လှိုင်မြို့နယ် ဗဟိုလမ်း သီရိမြိုင်အနီး အိမ်များပြောင်းရွှေ့ရမည်
ရန်ကုန်၊ မတ် ၁၀။


လှိုင်မြို့နယ် ၇ရပ်ကွက် ဗဟိုလမ်းမကြီးဘေး(သံလမ်းမှတ်တိုင်အနီး)တွင် ဆောက်လုပ်ထားသော ကျူးကျော်တဲ များအပါအဝင် နေအိမ်အချို့ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေ့လာ စုံစမ်းမှုများအရ ဗဟိုလမ်းဘေး ဒေါ်ကျင်ချောရေကန် (ကန်စွန်းခင်းများ စိုက်ထားသောကန်)နှင့် ကိုက်တစ်ရာ ဝန်းကျင်ရှိ အဆောက်အဦးများ ဖယ်ရှားပေးရမည် ဖြစ်ကြောင်း၊ အများအားဖြင့် ၁၀ပေ ပတ်လည် ကျူးကျော် အဆောက်အဦးများ ဖြစ်ကြောင်း၊ ၎င်း အဆောက်အဦးများမှာ ဓနိ၊ ဝါးထရံ၊ ပလတ်စတစ် စသည့် ရရာပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး ပြွတ်သိပ်လျှက် ရှိကြောင်း၊ ဆီဆိုင် ဆောက်လုပ်သောအခါ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးအရ ထိုသို့ ပြောင်းရွှေခိုင်းခြင်း ဖြစ်မည်ဟု ဆိုကြောင်း၊ ကျူးကျော် အဆောက်အဦး တရာဝန်းကျင်ခန့်နှင့် သီရိမြိုင် ၁လမ်း၊၂လမ်းရှိ နေအိမ်အချို့ စီမံကိန်းဧရိယာတွင် ပါဝင်ကြောင်း၊ မကြာသေးမီ(၂၀၁၀ နိုဝင်ဘာ၊ဒီဇင်ဘာ)က အသစ်ပြန်လည် ဆောက်လုပ်ထားသော စည်ပင်ဝန်ထမ်း နေအိမ်အချို့လည်း ပါဝင်ကြောင်း သက်ဆိုင် ရာ အမည်ပေါက်နေအိမ်များမှာ အလုံး၃၀ ကျော်ရှိကြောင်း၊ ယင်းရပ်ကွက်သည် မကြာခဏ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၀၅ခုနှစ် ကလည်း မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ဘူးကြောင်း၊ လမ်းများမှာ ကျဉ်းမြောင်းရှုပ်ထွေးပြီး မီးသတ်ကား မဝင်နိုင်ကြောင်း၊ သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ကာလက ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ရေး အစီအစဉ်ဖြင့် ကွန်ကရစ်များ ခင်းထားကြောင်း၊ အချို့လမ်းများမှာ လူနှစ်ဦး ရင်ဘောင်တန်း သွားရုံသာ ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများနှင့် ရပ်ကွက် အာဏာပိုင်အချို့ထံမှ စုံစမ်း သိရှိရသည်။

ယင်းရပ်ကွက်သား တစ်ဦးက “ ဒီနားက အစုကို သရက်မြိုင်လို့ခေါ်ကြတာပေါ့။ ၁လမ်း၂လမ်း၃လမ်း စသည်ဖြင့် ရှိတယ်။ အိမ်တွေကတော့ အမည်ပေါက်တွေရော ကျုးကျော်တွေရောရှိတယ်။ အခုအဲဒီကျူးကျော်တွေနေရာကို ထူး ကုမ္ပဏီက ဆီဆိုင်ဆောက်မယ်လို့ ကြားတယ်။ လာပြီးတော့ တိုင်းတာထွာတာတွေ လုပ်နေတယ်။ ဒါပေမဲ့ ဘယ်နေ့ ရွှေ့ရ မယ်။ လျှော်ကြေးကိစ္စ ဘယ်လိုပေး မယ်ဆိုတာတော့ သေချာမသိရသေးဘူး။” ဟု ယင်းရပ်ကွက်အနီး နေထိုင်သူများက ဆိုသည်။

ထူးကုပ္မဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယင်းကိစ္စနှင့်ပါတ်သက်၍ တစုံတရာမသိရှိကြောင်းဖြေကြားခဲ့သည်။

The CJs News


-------------------------------------------------------------------------------------------------------------

လျှပ်စစ်မီးအချိန်ပြည့်ပေးနိုင်သေးသည်ဟု ဆိုသော်လည်း မကြာခဏမီးပြတ်မှုများဖြစ်နေ
ရန်ကုန်၊ မတ် ၁၀။


ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားပေးရေးအဖွဲ့က မြို့တော်အား အချိန်ပြည့် လျှပ်စစ်ဓါတ်အားပေး နိုင်သေးကြောင်း ပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ မြို့တော်အဝှမ်း လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် မြို့တွင်း ၆ မြို့နယ် အပါအဝင် တာမွေ၊ ဒဂုံမြို့သစ်မြို့နယ်များ၊ ရန်ကင်း စသည့် မြို့နယ်များတွင် ပြတ်တောက်မှု ဆိုးရွားကြောင်း ယင်းမြို့နယ်များတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ မီးကခုတလော ခဏခဏကို ပြတ်နေတယ်၊ မှတ်မှတ်ရရ ၅ ရက်နေ့က ဆိုရင် ဟင်းချက်နေတုန်း မီးပျက်သွားတာ။ ထမင်းအိုးလဲပျက်၊ ဟင်းချက်ရတာလဲ ကသီလင်တနဲ့ တော်တော်ဒုက္ခ ရောက်သွားတယ်။ သူတို့က မီးအပြည့်လာမယ်ဆိုတော့ အိမ်မှာမီးသွေးလဲ ဆောင်မထားမိဘူးလေ။ ဂက်စ်ကလဲ သုံးနေမကျတော့ မသုံးဖြစ်ဘူး။ တိုက်ခန်း တွေမှာကျတော့ မီးသွေးတို့ ဂက်စ်တို့က အရမ်းအန္တရာယ်ကြီးပါတယ်။ မီးသွေးဆို ပါတ်ဝန်းကျင် ညစ်ညမ်းတာရော၊ ကျန်းမာရေး ထိခိုက်တာရော ရှိတယ်။ သဘာဝဓါတ်ငွေ့တွေလဲ ကိုယ့်နိုင်ငံက အလျှံအပါယ် ထွက်နေ တာပဲ မီးလေးတော့ မှန်မှန်လာစေချင်ပါတယ်” ဟု ပြောကြားသည်။

လသာမြို့နယ်တွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးကလည်း “ခုတလောက ကွန်နက်ရှင်ကလဲ မကောင်း၊ ဒီကြားထဲ မီးကပျက်တော့ ပိုဆိုးတယ်။ ဒီဇယ်ဈေးတွေကလဲ အခုတော်တော်မြောက်နေတာလေ။ လုပ်ရ ကိုင်ရတာ မလွယ်ပါဘူးဗျာ” ဟု ပြောကြားသည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေး ကိစ္စရပ်များအပြင် နေ့စဉ်လူမှုဘဝများကိုပါ ရိုက်ခတ်မှု ရှိလာကြောင်း၊ အထူးသဖြင့် ရန်ကုန်ကဲ့သို့ လူဦးရေ ၆ သန်းကျော် နေထိုင်သော အာရှအဆင့် မြို့ကြီးတစ်မြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး ကိစ္စမှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်နှင့် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများတွင် သုံးစွဲနေသော လျှပ်စစ်အားပမာဏကို အနည်းငယ် ခြွေတာသုံးစွဲနိုင်လျှင်ပင် ပြည်သူများအတွက် များစွာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း နိုင်ငံရေး မူဝါဒလေ့လာသူများက သုံးသပ် ပြောကြားသည်။

မကြာသေးမီက ပြည်တွင်း မီဒီယာများတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ရန်ကုန်မြို့တော်အား ၂၄နာရီလျှပ်စစ်မီးအလုံအလောက် ပေးနိုင်ကြောင်း၊ ယခင်နှစ်များကဲ့သို့ အပိုင်းလိုက်(အချိန်ပိုင်း) ပေးရန် အစီအစဉ် မရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်ကို ဖော်ပြပါရှိခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(YESB) ကွန်ပလိန်းစင်တာကို ဆက်သွယ်မေးမြန်းခဲ့ရာ မီးပျက်မှု များမှာ Break Down ဝန်အား မနိုင်မှုများကြောင့်သာ ဖြစ်ပေါ်ရကြောင်း ဖြေကြားခဲ့သည်။ မတ်လ ၈ရက်နေ့ကလည်း YESB အထူး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ၄င်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

The CJs News

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

အီးယူကိုဒီမိုကရေစီ(၁၀)ပါတီက ဆန်ရှင်ရုတ်သိမ်းရန်စာပို့မည်
ရန်ကုန်၊ မတ် ၁၀။


မြန်မာနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ပိတ်ဆို့ထားသော စီးပွားရေး အရေးယူ ပိတ်ဆို့မှုသည် အဓိက ရည်ရွယ်ချက်များအပေါ်တွင် အကျိုးသက်ရောက်ခြင်း မရှိဘဲ နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူတို့၏ ရပ်တည်မှုကိုသာ ကြီးမားစွာ ထိခိုက်နေသည့်အတွက် စီးပွားရေး အရေးယူ ပိတ်ဆို့သော အီးယူအဖွဲ့ဝင် နိုင်ငံများသည် စီးပွားရေး အရေးယူ ပိတ်ဆို့မှုအား ရုတ်သိမ်းပါရန် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သော ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီက ဥရောပ ကော်မရှင်၏ အစည်းအဝေးကို အကြောင်းကြားစာ ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို အကြောင်းကြာစာကို ယခုလာမည့် မတ်လ(၁၁)ရက်နေ့တွင် တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်ရှိ အမျိုး သား ဒီမိုကရေစီ အင်အားစု ပါတီရုံးခန်းတွင် ဒီမိုကရေစီ မိတ်ဆွေပါတီ (၁၀)ပါတီက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်းကို ဒီမိုကရေစီ မိတ်ဆွေ(၁၀)ပါတီတွင် ပါဝင်သော ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးသိန်းတင်အောင်ကပြောကြားသည်။

“ကျွန်တော်တို့က ဒီဆန်ရှင်ကို ရုတ်သိမ်းစေချင်တာပါ။ အမေရိကားနဲ့ အီးယူက စီးပွားရေး ပိတ်ဆို့ထားတယ် ဆိုတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပေါ်ထွန်းစေချင်တဲ့အတွက် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုကို သူတို့က ပြင်းပြင်းထန်ထန်ကို စီးပွားရေး ပိတ်ဆို့တာ သူတို့ ဒီလို စီးပွားရေး ပိတ်ဆို့တာက ထိခိုက်စေချင်သူတွေကို မထိခိုက်ဘဲ ပြည်သူတွေကို ထိခိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံကို ဖွံဖြိုးမှု အကူအညီတွေ သိသိသာသာ မလာဘူး။ ဒီတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင် ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေ ပိုထိခိုက်ရတယ်။ နိုင်ငံရဲ့ ဖွံဖြိုးမှု နောက်ကျ သွားတယ်။ ဒီတော့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ ပြည်သူတွေခင်ဗျာ ဗူးလေးရာဖရုံဆင့်ဖြစ်နေရတယ်”ဟုဆိုသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က စီးပွားရေး ပိတ်ဆို့မှု သုံးသပ်ချက် စာတမ်းကို ထုတ်ဝေခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုသည် အလုပ်ဖြစ်ကြောင်း ပြည်သူများကို ထိခိုက်ခြင်းမရှိဘဲ ပစ်မှတ်ထားသူများကို ထိခိုက်စေသောကြောင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆက်လက် ပြုလုပ်ပါရန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနှင့် ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။ NLD၏ ထိုကြေညာချက်တွင် နိုင်ငံရေး အကျဉ်းသားများကို ဦးစွာလွှတ်ပေးရန်ကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

“NLDကလည်း သူ့ယုံကြည်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေတာပါ။ မှားတယ်မှန်တယ်လို့တော့ ပြောလို့ မရပါဘူး။ ဒီဆန်ရှင်ကို အနောက်အုပ်စုဝင် နိုင်ငံတွေက ပိတ်ဆို့နေတာက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ် ရေး လမ်းစဉ်လည်း ပေါ်လာတာ မရှိသေးလို့ပါ။ ဒီလို လမ်းစဉ်တစ်ရပ် ပေါ်လာတာနဲ့ အနောက်အုပ်စုက ပိတ်ဆို့ ထားတဲ့ ဆန်ရှင်လည်း ကွာကျသွားမှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာ ဆန်ရှင်ကြောင့် စီးပွားရေး ကျဆင်းနေတာလည်း မဟုတ် ပါဘူး။ အရင်နအဖရဲ့ စီးပွားရေးပေါ်လစီတွေမှာက Miss Managenent ဖြစ်နေတာတွေလည်း ရှိတာကြောင့်လည်း ပါဝင် ပါတယ်။ ဒီဆန်ရှင်ကို အနာက်အုပ်စုက ဖယ်ပေးလိုက်တယ် ဆိုရင်လည်း ကျွန်တော်တို့က အရင်ကလို Case by Case လုပ်နေတာတွေ အစား Institutionlizationတွေ အခြေခိုင်အောင်၊ မူဘောင်တွေနဲ့ လုပ်တတ်အောင်၊ အရင်အုပ်ချုပ်သူ တွေလို Miss Management တွေမဖြစ်အောင် ကျွန်တော်တို့အနေနဲ့Capacity Building တွေလုပ်ဖို့ လိုအပ်ပါတယ်။ အနောက်အုပ်စု နိုင်ငံတွေက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ရင်တော့ ဒီထက် ပိုပြီးတော့ လုပ်သာ ကိုင်သာ ရှိသွားမှာပါ” ဟု ဦးသိန်းတင်အောင်က ထပ်လောင်း ပြောကြား သည်။

အီးယူ အစည်းအဝေးသို့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရန် အကြောင်းကြာစာ ပို့မည်ဖြစ်သော ဒီမိုကရေစီ မိတ်ဆွေပါတီ (၁၀)ပါတီတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဖလုံစဝေါ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စု ဒီမို ကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဝံသာနု NLD ပါတီ၊ တို့ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့က စီးပွားရေးပိတ်ဆို့မှုအား ရုတ်သိမ်းရန် လက်မှတ်ထိုးခဲ့ကြသော ပါတီ(၁၁)ခု ရှိသော်လည်း ယခုအခါ အီးယူသို့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရန် အကြောင်းကြားစာ ပို့သောအခါတွင်မူ (၁၀)ပါတီသာ ပါဝင်ပြီး ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် မပါဝင်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------


စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း မဲဆွယ်စရိတ် ကန်ဒေါ်လာ ၅သန်းကျော် သုံးစွဲခဲ့ဟုဆို
ရန်ကုန်၊ မတ် ၁၀။


စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းသည် ရွေးကောက်ပွဲကာလက မဲဆွယ်စရိတ် ကန်ဒေါ်လာ ၅.၅သန်း (ကျပ်ငွေ သိန်းပေါင်း ၅သောင်းကျော်) သုံးစွဲခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အိုင်အန်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်း ဝန်ထမ်းတစ်ဦးက “ဒေါ်လာငါးသန်းဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူးဗျ။ အခုဆို နာဂစ် ပြီးသွားတာ ၃နှစ်ကျော်ပြီ။ ခုထက်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အခြေကျ ဖို့ လိုသေးတယ်။ ဒီငွေ ပမာဏနဲ့ဆိုရင် ဆိုင်ကလုန်း shelter တွေနဲ့ စီမံကိန်းရွာပေါင်း တစ်ရာကျော်လောက် ကောင်း ကောင်း cover ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဥပဒေအရ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စားရိတ်မှာ အမတ်တစ်ဦးလျှင် ကျပ်သိန်းတစ်ရာ (ကန်ဒေါ် လာ တစ်သောင်း) ထက် မပိုရကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် မိမိတို့ သုံးစွဲခဲ့သည့် အသုံးစားရိတ်များကို စာရင်းရှင်းလင်း တင်ပြရကြောင်း၊ သို့သော် ရွေးကောက်ပွဲဝင် အမတ်အချို့ စာရင်းမရှင်းလင်းမှုများ ရှိခဲ့ကြောင်း၊ ရှင်းလင်းတင်ပြသူများ၏ စာရင်းမှာလည်း ပွင့်လင်း မြင်သာမှုမရှိဘဲ အဖြစ်သဘောာ လုပ်နေကြကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အချို့က ဆိုသည်။

ဦးအောင်သောင်းသည် ထိုမျှလောက် ငွေကြေးပမာဏကို သုံးစွဲခဲ့သော်လည်း လာမည့်အစိုးရသစ်တွင် ၎င်း မျှော်မှန်း ထားသလို နေရာ မရရှိသည့်အတွက် မကျေလည်မှုများ ရှိနေကြောင်း၊ ၄င်းသည် မိန်းကလေး ဆိုင်ရာကိစ္စများတွင် လည်း ရှုပ်ထွေးမှု ရှိသည့်အတွက် နောင်တွင် လူထု အကြည်ငြို ပျက်စရာ ဖြစ်လာနိုင်သည်ဟု ရွေးကောက်ပွဲ မဝင်မီကပင် ၎င်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်းအသိုင်းအဝိုင်းက သတိပေးခဲ့သည်ဟု ဆိုကြောင်း၊ ပါတီတွင်းတွင်လည်း ၎င်း၏ သြဇာမှာ ကျဆင်းနေကြောင်း သတင်းဆန်းစစ်သူ အချို့က ဆိုသည်။

ဝီကီလိခ်မှ ထွက်ပေါ်လာသော သတင်းအချို့တွင်လည်း ဦးအောင်သောင်းသည် နိုင်ငံတော်အာဏာသိမ်းရန် ကြိုးစား အားထုတ်မှုများ ရှိခဲ့ကြောင်း၊ ယင်းမှာ စီးပွားရေး စားကျက်လုမှုကို အခြေခံကြောင်း၊ ထို့ပြင် ၎င်းသည် မြန်မာ နိုင်ငံ၏ စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြောင်း သိရှိရသည်။

The CJs News

-------------------------------------------------------------------------------------------------------------

နိုင်ငံတော်အချုပ်အခြာအာဏာမဆုံးရှုံးစေရေးအတွက် ဥပဒေထုတ်ပြန်
         
 နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့ထံတွင် ရှိရေးအတွက် အာဏာမဆုံးရှုံးစေရေး အရေးတကြီးလိုအပ်သော အသုံးစရိတ်များ သုံးစွဲနိုင်ရန် ဥပဒေ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်း ဥပဒေအား နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေရေးအတွက် လိုအပ်သော အသုံးစရိတ် ဆိုင်ရာ အထူးရန်ပုံငွေဥပဒေပာု ခေါ်တွင်စေရမည်ပာု သိရသည်။

ဥပဒေပုဒ်မ ၁ (ခ) အရ အဆိုပါဥပဒေသည် နိုင်ငံအတွက် ချက်ချင်း အာဏာတည်ရမည်ပာု ဖော်ပြထားသည်။ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေရေးအတွက် လိုအပ်သော အသုံးစရိတ်ဆိုင်ရာ အထူး ရန်ပုံငွေဆိုသည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ရာတွင် လည်းကောင်း၊ နိုင်ငံတော်အား ပြည်တွင်း ပြည်ပ အန္တရာယ်များမှ ကာကွယ်ရာတွင် လည်းကောင်း၊ အထူး လိုအပ်သည်များကို သုံးစွဲနိုင်ရေးအတွက် ထူထောင် ထားသော ရန်ပုံငွေကို ဆိုကြောင်း ဥပဒေပုဒ်မ ၂(ဂ) တွင် ပြဋ္ဌာန်းထားသည်။

အထူးရန်ပုံငွေ သို့မပာုတ် နှစ်စဉ် လိုအပ်သော ငွေကြေးပမာဏအား နိုင်ငံတော် သမ္မတ၏ သဘောတူ ညီချက်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ဥပဒေပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်များမှာ ပြည် ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသော အသုံး စရိတ်များကို အထူးရန်ပုံငွေမှ ပြည်တွင်းသုံးငွေ (သို့) နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိကြောင်း၊ ၎င်း အသုံးစရိတ်များနှင့် ပတ်သတ်၍ သုံးငွေများကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များက မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန် အမိန့်ပေးဆောင်ရွက်စေခြင်း မလိုအပ်ကြောင်း၊ နှစ်စဉ်အထူးရန်ပုံငွေ အသုံးစရိတ်များကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတထံသို့ ရှင်းလင်းတင်ပြဆောင်ရွက်ခြင်း ပြုရမည် ဖြစ်ကြောင်း သိရသည်။
               
             
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


"လွှတ်တော် အစည်းအဝေးတွေ မရှိချိန်မှာလည်း ဒီကော်မတီတွေဟာ လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး အကောင်အထည်ဖော်နေမယ်။ ဒါကြောင့် ဥပဒေပြုရေးအပိုင်းဟာ တစ်ချိန်လုံး အသက်ဝင်နေမယ်။ အုပ်ချုပ်ရေးအပိုင်းဟာ သမ္မတတွေ၊ ဝန်ကြီးတွေနဲ့ တစ်ချိန်လုံးအ သက်ဝင်နေတယ်"

မတ် ၁၁ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၀၉) မှာပါသည့် “အမြဲတမ်းကော်မတီဝင်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် မျှော်မှန်း” သတင်းဆောင်းပါးမှ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပြည်ပကို ဆန်တင်ပို့ခွင့်ပိတ်လိုက်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ ဒါက မဟုတ်ပါဘူး။ လက်ရှိမှာ ဆန် ကုန်သည်တွေက ပြည်ပကို တင်ပို့တဲ့ ဆန်အိတ်စ်ပို့တွေကိ မလုပ်သေးတာ လောလောဆယ်မှာ ပြည်ပကို ဆန်တင်ပို့ဖို့ အစီအစဉ်တွေမရှိသေးတာပါ"

မတ် ၁၁ ထုတ် The Hot News အတွဲ(၁) အမှတ်(၃၂) မှာပါသည့် “ပြည်ပဆန်တင်ပို့မှုပိတ်လိုက်ပြီဟု ကောလာဟာလ ဖြစ်ပေါ်”သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ ဦးကျော်ကျော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အရေးယူမှုတွေတော့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဓိက ရည်ရွယ်ချက်က ယာဉ် အန္တရာယ် ကင်းရှင်းရေး ဖြစ်တဲ့အတွက် အဲဒီအပိုင်းကို ဦးစားပေးပြီး အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုလာပါပြီ။ နေ့စဉ်နဲ့ အမျှ ဖြစ်ပေါ်နေလို့ အရေးမကြီးဘူး၊ ဖြစ်ရိုးဖြစ်စဉ်တို့ ပြောလို့ မရပါဘူး။ ဒါတွေဟာ အဓိက ခြိမ်းခြောက်လာတဲ့ လူ့ အသက်တွေ ဆုံးရှုံးနေရတဲ့ အနေအထားတွေပါ။ အဓိက ဦးစားပေး ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေကို ဦးစားပြီး ကျန်တာ တွေကိုလည်း တွဲပြီးဆောင်ရွက် သွားရမှာပါ။ အရေးယူမှုအပိုင်းက အရေးယူနေသလို၊ တစ်ဖက်က ဖြည့်စွက် ဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်"

မတ် ၁၁ ထုတ် BiWeeklyEleven အတွဲ(၃) အမှတ်(၅၀) မှာပါသည့် "ရန်ကုန်မြို့တော်အတွင်း ယာဉ်တိုက်မှုအန္တရာယ်လျော့ ကျရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းမှုအတွက် စတေကာယာဉ်များအား စီမံချက်များဖြင့် ထိရောက်စွာအရေးယူနေ" သတင်းဆောင်းပါးမှ မြို့ပြရေးရာလေ့လာသုံးသပ်သူတစ်ဦး ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးကွက်ပူပေါင်းလေးများ

 ယခု လက်ရှိအချိန်၌ ပြည်တွင်းဈေးကွက်တွင် နိုင်ငံတော်မှ ရွှေများ ထုတ်ရောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံများကို လေလံတင်နေခြင်း စသည့်တို့မှရရှိသော ငွေများကို ဒေါ်လာငွေအသွင်ဖြင့် သိမ်းဆည်း၍ ဒေါ်လာဈေး အနည်းငယ် ပြန်လည် မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ငွေကြေးပညာရှင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ သို့သော် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေးများ အနည်းငယ် ပြန်လည် မြင့်တက်လာခြင်းကို ငွေကြေးဈေးကွက် ပြန်လည် ကောင်းမွန်လာပြီဟု မယူဆနိုင်ကြောင်း ကုန်သည်များနှင့် ဈေးကွက်ကျွမ်းကျင်သူများက ပြောကြားသည်။

 ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် ဒေါ်လာဈေး ကျပ် ၈၃၀ အထိကျဆင်းခဲ့သော အနိမ့်ဆုံး အနေအထားမှ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာကာ ဖေဖော်ဝါရီလဆန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၈၆၀ ဝန်းကျင် နှင့် ပြည်ပပို့ကုန်မှ ရငွေဈေးမှာ ကျပ် ၈၉၀ ဝန်းကျင်အထိ ကျဆင်း သွားခဲ့ရာမှ ဖေဖော်ဝါရီ လဆန်းတွင် ကျပ် ၉၀၀ကျော် ပြန်ဖြစ်လာခဲ့သည်။ ယင်း ဖေဖော်ဝါရီလ ဒုတိယပတ်တွင်ပင် အမေရိကန်ဒေါ်လာဈေးကျပ် ၉၅၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ ပြီးနောက် လကုန်ပိုင်းတွင် ကျပ် ၉၀၀ အောက်သို့ ပြန်လည် ကျဆင်းခဲ့ပြန်သည်။ ယင်းနောက် အတက်အကျ အနိမ့်အမြင့် အနည်းငယ် စီရှိနေပြီး မတ်လ ၆ ရက်နေ့တွင်မူ အမေရိကန် တစ်ဒေါ်လာလျှင် ၈၈၅-၈၈၈ကျပ်၊ ပြည်ပပို့ကုန်မှ ရငွေမှာ ၉၀၂ကျပ်နှင့် အက်ဖ်အီးစီ ၈၇၃-၈၇၈ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရှိရသည်။ "ရွှေဈေးတက်တဲ့ အထဲမှာတော့ အပြည်ပြည်ဆိုင်ရာ ပေါက်ဈေးတက်လို့ လိုက်တက်တာလည်းပါးတယ်။ ပြီးတော့ ဒီဇယ်၊ ဓာတ်ဆီဈေးတွေက အရှေ့ အလယ်ပိုင်းဒေသ မငြိမ်မသက်မှုတွေကြောင့် အခုတလောတော်တော်လေး တက်လာတယ်။ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာဈေးကနေတာ အချိန် တော်တော်လေး ကြာနေပါပြီ။ အမေရိကန်မှာ သူ့ငွေတန်ဖိုးချတာရော၊ အာရှဈေးကွက်ကို ရင်းနှီးမြုပ်နှံမှု ကဏ္ဍတွေမှာ hot money တွေအနေနဲ့ လိမ့်ဝင်တာတွေကို ခံနိုင်ရည်ရှိတဲ့ နိုင်ငံတွေရှိပေမယ့် သိပ်မခံနိုင်တဲ့ အနေအထားရှိတဲ့ နိုင်ငံမှာတော့ ဒေါ်လာဈေးတွေ အတက်အကျဖြစ်နေတာလို့ သုံးသပ်ကြပါတယ်" ဟု စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကသုံးသပ် ပြောကြားခဲ့သည်။

 လက်ရှိ စက်သုံးဆီ ဈေးကွက်တွင် ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေသော်လည်း ပြင်ပစက်သုံးဆီ အရောင်းဆိုင်များတွင်မူ စက်သုံးဆီ အမျိုးအစားအားလုံး အတက်ကြမ်းနေကြောင်း သိရသည်။ မတ်လ ၁ရက်တွင် ပြင်ပစက်သုံးဆီ အရောင်းဆိုင်တချို့၌ ဓာတ်ဆီ၊ ဒီဇယ်နှင့် အော့တိန်းဆီ ဈေးနှုန်းများသည် တစ်ဂါလန်လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် တစ်ညီတစ်ညာတည်း မြင့်တက်နေကြောင်း သိရသည်။ ယင်းကဲ့သို့ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင် စရိတ်များလည်း မြင့်တက်ကာ စားသောက်ကုန် ပစ္စည်းများလည်း မြင့်တက်နေကြောင်း သိရသည်။ "စားသောက်ကုန် ပစ္စည်းမှာ အဓိက ဆန်တို့၊ ဆီတို့တက်တာပါ။ ဆန်ဈေးက ဒီတစ်ပတ်ထဲမှာ တစ်အိတ်ကို ကျပ် ၃၀၀၀ လောက်တက်တယ်။ ပဲဆီကတော့ တစ်ပိဿာ ကျပ် ၄၀၀၀ဝန်းကျင်နဲ့ စားအုန်းဆီက ကျပ် ၃၀၀၀လောက်ရှိတယ်။ တခြား စားသောက်ကုန်တွေလည်း လိုက်တက်တယ်" ဟု ရန်ကုန်မြို့ လှည်းတန်းဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

            "အရင်တစ်ပတ်က ဒေါ်လာဈေးတွေ တော်တော် တက်သွားတယ်။ လန့်သွားတဲ့ သဘောလည်း ပါတယ်။ ဘဏ်တွေနဲ့ ပတ်သက်တဲ့ သဘောလည်းပါတယ်။ ဘဏ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ အခုတော့ ပြန်ငြိမ်သွားပါတယ်။ အခုတော့ Supply and Demand က သူ့အတိုင်းပဲသွားမှာပါ။ ကမ္ဘာ့ဈေးကွက်မှာ Currency တစ်ခု ဘယ်လောက် ခိုင်မာ လဲဆိုတဲ့ အပေါ်မှာ လိုက်ပြီး အပြောင်းအလဲဖြစ်နိုင်သလို အာရှ ဈေးကွက်ကို ရောက်လာတဲ့ hot money တွေကြောင့်လည်း ရိုက်ခတ်မှုရှိနိုင်ပါတယ်" ဟု ဒေါက်တာ နေဇင်လတ်ကလည်း သုံးသပ် ပြောကြား ခဲ့သည်။

Ref: Biweekly Eleven အတွဲ(၃)၊ အမှတ် (၅၀)

       The Voice weekly အတွဲ(၇)၊ အမှတ်(၁၃)   
      
       Yangon Time အတွဲ(၇)၊ အမှတ် (၁၀)
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp