Transparency Myanmar

transparency.myanmar@gmail.com

၁၈-၃-၂၀၁၁

ဘာသာပြန် သတင်းများ

မြန်မာ အနာဂတ် အတွက် မဟာဗျူဟာမြောက် ဦးစားပေး အစီအစဉ်များကို ကုလ ရွေးချယ် သတ်မှတ်

(Relief web မှ 15 Mar 2011 ရက်စွဲပါ UN in Myanmar identifies strategic priorities for the future သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ကုလ သမဂ္ဂ၏ မဟာ ဗျူဟာမြောက် လျာထား လုပ်ငန်းစဉ် အသစ် အတွက် မဟာ ဗျူဟာမြောက် ဦးစားပေး အစီအစဉ် ၄ ရပ်နှင့် အဓိက ကိစ္စရပ်များကို လူသားချင်း စာနာ ထောက်ထား သော လုပ်ဖော် ကိုင်ဖက် အုပ်စု လစဉ် အစည်း အဝေးတွင် ယနေ့ တင်ပြ ဆွေးနွေး ခဲ့ရာ ကျွမ်းကျင်သူ ၈၀ ကျော်၊ ကုလ သမဂ္ဂ အေဂျင်စီနှင့် မစ်ရှင် အကြီး အကဲများ၊ သံတမန်များ ကယ်ဆယ်ရေး ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံမှ လူသားချင်း စာနာ ထောက်ထား မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ စိန်ခေါ် မှုများကို ကျယ်ကျယ် ပြန့်ပြန့် ခွဲခြမ်း စိတ်ဖြာခြင်း၏ ရလဒ် ဖြစ်သော ဦးစားပေး အစီ အစဉ် များသည် ကုလ သမဂ္ဂ၏ လုပ်ငန်းနှင့် အစီအစဉ် ရေးဆွဲမှုကို လမ်းညွှန်မည် ဖြစ်ကာ ၂၀၁၂-၂၀၁၅ ကာလ အတွက် မဟာ ဗျူဟာမြောက် လျာထား လုပ်ငန်း စဉ်သစ်၏ အခြေခံ ဖြစ်လာ လိမ့်မည်ဟု ဆိုသည်။ ကုလ သမဂ္ဂ မဟာ ဗျူဟာမြောက် လျာထား လုပ်ငန်းစဉ်သည် မြန်မာ နိုင်ငံ တွင်း ကုလသမဂ္ဂ ပါဝင် ဆောင်ရွက်မှု အတွက် စုစည်း၊ ညီညွတ် ပေါင်းစည်းသော အစီ အစဉ် ရေး ဆွဲခြင်းနှင့် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ် ဖြစ်လာရန် ရည်မှန်း ထားပြီး ကုလ သမဂ္ဂ၏ အားသာ ချက် အပေါ်တွင် အခြေခံ ထားသည်။

“မြန်မာ နိုင်ငံရဲ့ အနေအထား၊ ရင်ဆိုင် နေရတဲ့ ဖွံ့ဖြိုး တိုးတက်ရေး စိန်ခေါ်မှု၊ ရှေ့မှာ ရှိနေတဲ့ အခွင့် အလမ်း တွေကို လေ့လာ သုံးသပ် ထားတဲ့ အပေါ်မှာ ကုလ သမဂ္ဂ မဟာ ဗျူဟာမြောက် လျာထား လုပ်ငန်းစဉ်ကို အခြေပြု ထားတာပါ” ဟု အစည်း အဝေး သဘာပတိ အဖြစ် ဆောင်ရွက်သူ လူသားချင်း စာနာသော လုပ်ငန်းများ ညှိနှိုင်းရေး တာဝန်ခံ၊ ကုလ သမဂ္ဂ ဌာနေ ကိုယ်စားလှယ် Bishow Paraguli က ပြောကြားသည်။

ဖေဖော်ဝါရီလ အတွင်း နောက်ဆုံး အဖြစ် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အားလုံး ထံမှ ရရှိသော အခရာ ကျသော အချက်အလက်များနှင့် ကိုက်ညီအောင် တိုင်ပင် ညှိနှိုင်း ဆောင်ရွက် ထားခြင်း ဖြစ်သည်ဟု ကုလ သမဂ္ဂ ဌာနေ ကိုယ်စားလှယ်က ရှင်းလင်း ပြောကြားသည်။ ယင်းသို့ တိုင်ပင် ညှိနှိုင်းမှုများကို အခြေခံကာ ကုလ သမဂ္ဂ၏ လုပ်ငန်း ဆောင်တာများကို အောက် ဖော်ပြပါ မဟာ ဗျူဟာမြောက် ဦးစားပေး အစီ အစဉ် ၄ ရပ် အပေါ်တွင် ဦးတည် ဆောင်ရွက် သွားရန် သဘော တူညီမှု ရရှိ ခဲ့သည်ဟု သိရှိ ရသည်။ ယင်း ဦးစားပေး အစီအစဉ် ၄ ရပ်မှာ -

(၁) လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အပါ အဝင် ကျေးလက်နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုး ကြီးထွား အောင် အားပေးရန်နှင့် အလုပ် အကိုင် အခွင့် အလမ်း များကို မြှင့်တင် ပေးရန်
(၂) အရည် အသွေး ပြည့် လူမှု ဝန်ဆောင်မှု လုပ်ငန်း များအား သင့်တင့် မျှတစွာ လက်လှမ်းမှီ ရရှိ နိုင်ရေး ကို မြင့်တင်ရန်
(၃) သဘာဝ ကပ်ဘေးနှင့် ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ အန္တရာယ်များကို လျှော့ချရန်
(၄) ကောင်းမွန်သော စီမံ အုပ်ချုပ်မှုကို အားပေး မြှင့်တင်ရန်နှင့် သန်စွမ်းသော ဒီမိုကရေစီ အင်စတီ ကျူရှင်းများနှင့် အခွင့် အရေး များကို မြှင့်တင်ရန်
တို့ ဖြစ်သည်ဟု သိရှိ ရသည်။

---------------------------------------------------------
 
မြန်မာတွင် အကူအညီ ပေးနေသော စီမံကိန်းများ ဂျပန် ငလျင်ကြောင့် အပြောင်းအလဲ ရှိမည် မဟုတ်

(People’s Daily မှ 16 Mar 2011 ရက်စွဲပါ No Change with aid project in Myanmar despite earthquake in japan သတင်းကို ဘာသာ ပြန်ဆိုသည်)

          ဂျပန် နိုင်ငံ အနေဖြင့် လတ်တလောတွင် အဆိုးဝါးဆုံး မြေငလျင် ဆူနာမီ ပြဿနာကို ရင်ဆိုင် နေရ သော်လည်း မြန်မာ နိုင်ငံတွင် အကောင် အထည် ဖော်နေသည့် ထောက်ပံ့ ကယ်ဆယ်ရေး စီမံကိန်း များတွင် အပြောင်း အလဲ လုံးဝ ရှိမည် မဟုတ်ဟု Japan International Cooperation Agency JICA တာဝန် ရှိသူ တစ်ဦး၏ ပြောကြားမှု ကို ကိုးကားကာ ပြည်တွင်း အပတ်စဉ် ဂျာနယ်က သတင်း ထုတ်ပြန် ခဲ့သည်။

          သို့သော်လည်း ဂျပန် နိုင်ငံ ကြုံတွေ့ နေရသော သဘာဝ ဘေးအန္တရာယ်သည် အနာဂတ်တွင် JICA ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် အကောင် အထည် ဖော်မည့် စီမံကိန်း များအပေါ် သက်ရောက်မှု ရှိနိုင်သည် ဆိုသည်ကို လက်ရှိ အနေ အထားတွင် ပြောကြားရန် စောလွန်း သေးသည်ဟု JICA တွင် လက်ထောက် ကိုယ်စားလှယ် ယာဆူ ယူကီ ဆာတိုက အင်္ဂါနေ့တွင် ပေါ်ပြူလာ ဂျာနယ်သို့ ပြောကြား ခဲ့သည်။

          JICA ၏ ကူညီ ထောက်ပံ့မှု အစီ အစဉ် များကို မြန်မာ နိုင်ငံတွင် ၁၉၈၁ ခုနှစ်က စတင် ခဲ့ခြင်း ဖြစ်ပြီး မြို့ကြီး ၁၁ မြို့တွင် စီမံကိန်း ပေါင်း ၂၄ ခုကို အကောင် အထည်ဖော် ဆောင်ရွက် ခဲ့သည်ဟု အေဂျင်စီ၏ ၂၀၁၀ ကိန်းဂဏန်း များအရ သိရှိ ရသည်။

          ထို့အပြင် မြန်မာ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုး၏ ပြောကြားမှုကို ဖော်ပြရာတွင် မြန်မာ့ အထည်ချုပ် လုပ်ငန်း အော်ဒါ လက်ခံမှု၏ ၇၀ ရာခိုင်နှုန်းကို ဂျပန် နိုင်ငံမှ ရရှိခြင်း ဖြစ်ရာ ယခု ကိစ္စကြောင့် မြန်မာ အထည်ချုပ် ဈေးကွက် အပေါ် သက်ရောက်မှုကို ခန့်မှန်းရန် မလွယ်ကူ သေးဟု ဆိုသည်။

---------------------------------------------------------------
 
တရုတ် အန်ဟွီ ပြည်နယ်နှင့် မြန်မာ လုပ်ငန်းရှင်များ ရန်ကုန်တွင် စီးပွားရေး ဆွေးနွေးပွဲ ကျင်းပ

(People’s Daily မှ 15 Mar 2011 ရက်စွဲပါ Entre preneurs of Chinese province , Myanmar hold business meeting in Yangon” သတင်းကို ဘာသာ ပြန်ဆိုသည်)

          တရုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ပြည်နယ်နှင့် မြန်မာ နိုင်ငံ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အခွင့် အလမ်း ရှာဖွေရန် အတွက် အလည် အပတ် ရောက်ရှိ နေသော တရုတ် အန်ဟွီ ပြည်နယ်မှ စီးပွားရေး လုပ်ငန်း ရှင်များ နှင့် မြန်မာ လုပ်ငန်း ရှင်များ၏ စီးပွားရေး ဆွေးနွေးပွဲကို ဆီဒိုးနား ဟိုတယ်တွင် တနင်္လာနေ့က ကျင်းပခဲ့သည်။

          အန်ဟွီ ပြည်နယ် ကုန်သွယ်ရေး ဗျူရိုမှ စပွန်ဆာ ပေးပြီး တရုတ် သံရုံး၏ စီးပွားရေး ကောင်စစ်ဝန် ရုံးနှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည် ကြီးများနှင့် စက်မှု လုပ်ငန်းရှင် များအသင်း UMFCCI တို့ ပူးပေါင်း စီစဉ်သော စီးပွားရေး ဆွေးနွေးပွဲသို့ တရုတ် လုပ်ငန်းရှင် ၄၀ ခန့် နှင့် မြန်မာ လုပ်ငန်းရှင် ၅၀ ခန့် တက်ရောက် ခဲ့ကြသည်။

          နှစ်ဦး နှစ်ဖက် ဆွေးနွေး ခဲ့ကြသော ပူးပေါင်း ဆောင်ရွက်မှု အခွင့် အလမ်း များတွင် မော်တော် ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုး ရေးနှင့် အထည်ချုပ် လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ မီး သတ်နှင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ဆေးဝါး၊ လက်မှု ပစ္စည်းနှင့် ပရိဘောဂ ရောင်းဝယ်ရေး လုပ်ငန်းများ ပါဝင်သည်။

          အန်ဟွီ ပြည်နယ်နှင့် ပြည်နယ်၏ စီးပွားရေး အနေ အထားကို မိတ်ဆက် တင်ပြသူ အန်ဟွီ ပြည်နယ် ကုန်သွယ်ရေး ဗျူရို ညွှန်ကြား ရေးမှူးချုပ် ယူယုံက တရုတ်နှင့် မြန်မာ အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အလွန်ပင် အားတက်စရာ ကောင်းပြီး ခိုင်ခိုင်မာမာ ကြီးထွား နေသည်ဟု ပြောကြားသည်။

          ဆွေးနွေးပွဲတွင် UMFCCI ဒုတိယ ဥက္ကဌ ဦးဝင်းမောင်က တရုတ် လုပ်ငန်းရှင် များအား မြန်မာ နိုင်ငံတွင် ဖော်ထုတ် နေသော အထူး စီးပွားရေးဇုန် များတွင် လာရောက် ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ် ခဲ့သည်။

          လွန်ခဲ့သေ အနှစ် ၂၀ အတွင်း မြန်မာ နိုင်ငံ တွင်းရှိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကိန်း ဂဏန်းများ အရ  တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၉.၆၀၃ ဘီလျံ ရင်းနှီး မြှုပ်နှံကာ ထိပ်ဆုံးမှ ရပ်တည် နေကြောင်း သိရှိရသည်။

          တရုတ်နှင့် မြန်မာ အကြား အပြန် အလှန် ကုန်သွယ်မှု စုစုပေါင်း တန်ဖိုးသည် ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄.၄၄၄ ဘီလျံ အထိ ရှိခဲ့ပြီး ယခင် ကထက် ၅၃.၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့ သည်ဟု တရုတ် နိုင်ငံ၏ တရားဝင် စာရင်း ဇယား များက ညွှန်ပြ နေသည်။

          မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံ နေသော တရုတ် ကုမ္ပဏီပေါင်း ၁၇၀ ခန့် ရှိပြီ ဟုလည်း စာရင်း ဇယားများ အရ သိရှိ ရသည်။

--------------------------------------------------------------------
 
နျူကလီးယား ဓါတ်အားပေးစက်ရုံ ပြဿနာတွင် အမေရိကန် စစ်ဖက် အကူအညီ ယူရန် ဂျပန် အဆင်သင့်ရှိ

(AFP သတင်းမှ 16 March 2011 ရက်စွဲပါ “Japan ready to ask for U.S military help in nuclear crisis” သတင်းကို ဘာသာ ပြန်ဆိုသည်)

မီးလောင် မှုနှင့် ပေါက်ကွဲမှု များကြောင့် ထိခိုက် ပျက်စီးသွားသည့် နျူကလီးယား ဓါတ်အားပေး စက်ရုံတွင် ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်နေသည့် အန္တရာယ်ကို ရှောင်လွှဲ နိုင်ရန် ဂျပန် နိုင်ငံက ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာတွင် အမေရိကန် စစ်တပ်၏ ပူးပေါင်း ဆောင်ရွက်မှုကို ရယူရန် အဆင်သင့် ရှိသည်ဟု ဂျပန် အစိုးရက ဗုဒ္ဓဟူး နေ့တွင် ပြောကြား လိုက်သည်။

ထိခိုက် ပျက်စီး သွားသော ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေး စက်ရုံတွင် အမေရိကန် စစ်တပ်၏ အကူအညီကို ယူရန် ဂျပန် နိုင်ငံက အဆင်သင့် ဖြစ်ပါပြီ လားဟု မေးမြန်း ရာတွင် အစိုးရ အဖွဲ့ အတွင်း ရေးမှူး ယူကီကို အီဒါနိုက “မလွှဲ မရှောင်သာ လိုအပ် လာချိန်တွင် အမေရိကန် စစ်တပ်၏ ပူးပေါင်း ဆောင်ရွက်မှုကို ရယူ သွားမည်” ဟု ပြောကြား ခဲ့သည်။

“အမေရိကန် စစ်တပ်က လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေ ဖြည့်ဆည်း ပေးခြင်း အားဖြင့် ပူးပေါင်း ဆောင်ရွက် နေတယ်။ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးကို စီစဉ်ဖို့ အတွက် ကျွန်တော်တို့ ဘက်က ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

-----------------------------------------------------------------
 
အပစ်ရပ် စာချုပ်ကို မြောက်ကိုရီးယားက ချိုးဖောက်ကြောင်း ကုလ စုံစမ်းတွေ့ရှိ

(Associated Press မှ 10 Mar 2011 ရက်စွဲပါ “North-Korea Violated Pact: UN  Probe” သတင်းကို ဘာသာ ပြန်ဆိုသည်)

          ပြီးခဲ့သော နိုဝင် ဘာလက တောင် ကိုရီးယား ကျွန်းကို မြောက် ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြင့် တောင် ကိုရီးယား နှင့် ချုပ်ဆို ထားသည့် အပစ် အခတ် ရပ်စဲရေး သဘော တူညီ ချက်ကို မြောက် ကိုရီးယားက ချိုးဖောက် ခဲ့သည်ဟု ဖော်ပြ ထားသော ကိုရီးယား ကျွန်းဆွယ် ကုလ သမဂ္ဂ ကွပ်ကဲမှု ဌာန ချုပ်၏ စုံစမ်း စစ်ဆေးမှု အစီရင် ခံစာကို လုံခြုံရေး ကောင်စီက ဗုဒ္ဓဟူး နေ့ အတွက် ထုတ်ပြန် လိုက်သည်။

တောင် ကိုရီးယား အနေဖြင့် မိမိကိုယ် မိမိ ကာကွယ် သည့် အနေဖြင့် ပြန်လည် ပစ်ခတ် ခဲ့ခြင်း ဖြစ်၍ အပြစ် မရှိ ကြောင်းကို လည်း စုံစမ်း စစ်ဆေး ရာတွင် တွေ့ရှိ ခဲ့သည်။ အဆိုပါ တွေ့ရှိချက် အစီရင် ခံစာကို ကုလသမဂ္ဂ လက်အောက်ရှိ နိုင်ငံ စုံ တပ်ဖွဲ့များ၏ ပေါင်းစည်း ကွပ်ကဲမှု ဌာနချုပ်မှ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် သံအမတ်ကြီး Susan Rice က လုံခြုံရေး ကောင်စီထံ ပေးပို့သော စာထဲ တွင်လည်း ထည့်သွင်း ဖော်ပြ ထားသည်။

အဆိုပါ ကွပ်ကဲမှု ဌာနချုပ်ကို ကိုရီးယား စစ်ပွဲ အပစ် အခတ် ရပ်စဲပြီး နောက်ပိုင်း တောင်နှင့် မြောက် ကိုရီးယား ၂ နိုင်ငံ အကြား ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အတွက် လုံခြုံရေး ကောင်စီက ထူထောင် ခဲ့ခြင်း ဖြစ်သည်။ ထုတ်ပြန်သော အစီရင် ခံစာတွင် နောက်ထပ် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် မလိုအပ်ကြောင်း၊ သို့သော် နှစ်ဖက်စလုံးမှ တာဝန် ရှိသူများ အနေဖြင့် နိုဝင်ဘာ ပစ်ခတ်မှု နောက်ပိုင်း သဘော ကွဲလွဲ မှုများကို နိုင်ငံရေး အရ ဖြေရှင်းရန် အကြံပြု ကြောင်း ဖော်ပြ ထားသည်။ ထို့ အပြင် နှစ်ဖက် စလုံး အနေဖြင့် စစ်ရေး လေ့ကျင့်မှု ပြုလုပ် ရာတွင် အငြင်းပွား စရာ မဖြစ်မည့် ဒေသများကို ရှာဖွေ လုပ်ဆောင် ကြရန် ဆက်လက် အကြံ ပြု ထားသည်။

တောင် ကိုရီးယား ယွန်ပြောင်း ကျွန်း အနီးတွင် ပြုလုပ် သော စစ်ရေး လေ့ကျင့် မှုသည် မြောက် ကိုရီးယား ၏ ရေပြင် ပိုင်နက်ကို ထိပါး နှောင့်ယှက်ကြောင်း ပြုံယမ်းက နိုဝင်ဘာ ၂၃ ရက်တွင် စောဒက တက် ခဲ့သည်။ အဆိုပါ အငြင်း ပွား ရေပြင်တွင် စစ်ရေး လေ့ကျင့် မှုကို ရပ်ဆိုင်း ရန် ပြုံယမ်း၏ သတိ ပေးမှုကို ဆိုးလ်က လစ်လျူရှု ခဲ့ပြီး နောက်တွင် တောင်ကိုရီးယား စစ်ဖက်နှင့် အရပ်သား အနည်းငယ် နေထိုင်သော ယွန်ပြောင်းကျွန်း ကို မြောက်ကိုရီးယားက အမြောက်ဖြင့် ရန်စ ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

စုံစမ်း စစ်ဆေး မှု များ အရ  တောင် ကိုရီးယား မရင်း တပ်သား ၂ ဦး နှင့် အရပ်သား ၂ ဦး သေဆုံးကာ နောက်ထပ် စစ်သား ၁၆ ဦး နှင့် အရပ်သား ၅၂ ဦး ထိခိုက် ဒဏ်ရာ ရရှိသည် ဟု သိရှိ ရသည်။ စစ်ဖက်နှင့် အရပ်ဖက် အဆောက် အဦး များလည်း ပျက်စီး သွားသည် ဟု ဆိုသည်။

ထို့နောက်တွင် တောင်ကိုရီးယား ဖက်မှ ကာကွယ် သည့် အနေဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော် လည်း မြောက် ကိုရီးယား စစ်သားနှင့် အရပ်သား များ၏ သေဆုံး ဒဏ်ရာ ရမှု သတင်း ကိုမူ မသိရှိရ ဟု ဆိုသည်။ ပြုံယမ်း၏ ရန်စ ပစ်ခတ် မှုကို အမေရိကန် သမ္မတ အိုဘားမားက ပြစ်တင် ရှုတ်ချ ခဲ့သော်လည်း တောင် ကိုရီးယား ရှိ အမေရိကန် တပ်ဖွဲ့ဝင် ၂၉၀၀၀ ကိုမူ တပ်ဖြန့်ခြင်း မပြု ခဲ့ပါ။
 
--------------------------------------------------------------
 
မြန်မာပြည်မှ ဘိန်းစိုက်သူများနှင့် တရုတ်နယ်စပ်တွင် ကြီးထွားနေသော ပြဿနာ

(China Daily သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်)

အိမ်နီးချင်း မြန်မာနိုင်ငံတွင် တရားမဝင် ဘိန်းစိုက် ပျိုးမှုများ လွန်ခဲ့သည့် သုံးနှစ် အတွင်း နှစ်ဆခန့် မြင့်တက် လာမှုကြောင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နယ်စပ် ဒေသ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအတွက် ပြဿနာများ ကြီးထွားလာကြောင်း တရုတ်ပြည် အနောက် တောင်ပိုင်း၊ ယူနန် ပြည်နယ်မှ စီနီယာ ရဲအရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာ နိုင်ငံမှာ တရားမဝင် ဘိန်းစိုက် ပျိုးပြီး ဘိန်းဖြူ ထုတ်လုပ်လျက် ရှိသူ များသည် ၎င်းတို့၏ မူးယစ် ဆေးဝါးများကို တရုတ် နယ်စပ် ဒေသမှ တစ်ဆင့် မှောင်ခို တင်ပို့ရန် ကြိုးစားလျက် ရှိကြောင်း China Daily သတင်းစာနှင့် သီးသန့် အင်တာဗျူးတွင် ယူနန် ပြည်သူ့ လုံခြုံရေးဌာန၏ ဒါရိုက်တာ Meng Sutie က ပြောကြားသည်။ သို့သော် မြန်မာ နိုင်ငံ ဘက်မှ တရုတ် နိုင်ငံ ဘက်သို့ မှောင်ခို တင်သွင်း လာသော ဓာတု ပစ္စည်း များဖြင့် ပြုလုပ်သည့် မူးယစ် ဆေးဝါး များမှာ သဘာဝ နည်း အတိုင်း စိုက်ပျိုးသည့် ဘိန်းပင်မှ ထုတ်လုပ်သည့် မူးယစ်ဆေးဝါး ပမာဏထက် များပြား လာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

"အခု မြန်မာ နိုင်ငံမှာ ဘိန်းစိုက်ပျိုး မှုမြေ ဟက်တာ ၂၆၈၀၀ လောက် အထိ များပြား လာပါတယ်" ဟု Meng Sutie က China Daily တရုတ် အမျိုးသား ပြည့်သူ့ ကွန်ဂရက် အစည်း အဝေး ခေတ္တ ရပ်နားချိန်တွင် China Daily သတင်းစာသို့ ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဘိန်း စိုက်ပျိုးမှုနှင့် ပတ်သက်သော အဆိုပါ ခန့်မှန်းချက် များသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် ဘိန်းစိုက်ပျိုးမှု ရေရှည် စောင့်ကြည့် လေ့လာရေး အစီ အစဉ်မှ ရသော သတင်း အချက် အလက် များကို အခြေခံ၍ ပြောဆိုခြင်း ဖြစ်ကြောင်း၊ ယင်းသို့ စောင့်ကြည့်ရာတွင် ဂြိုလ်တု ဆက်သွယ်ရေး နည်းပညာကို အသုံးပြုခဲ့သလို မြန်မာပြည် မြောက်ပိုင်းဒေသ သို့လည်း ကွင်းဆင်း သုတေသန ပြုမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မည်သို့ပင် ဆိုစေ မြန်မာနိုင်ငံတွင် ရိတ်သိမ်းခဲ့သော ဘိန်းပမာဏ လက်တလော ကာလ များအတွင်း မြင့်တက် လာသည်ကို တွေ့ရသည်ဟု ဆိုသည်။ ၁၉၉၀ ပြည့်နှစ်များ အတွင်း ဘိန်းစိုက်ပျိုးမြေ ဟက်တာ ၂၀၁၀၀၀ ဟက်တာ ရှိခဲ့ရာမှ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သော ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး စီမံချက် ကာလ ၂၀၀၇ ခုနှစ်၌ ၁၃၄၀၀ ဟက်တာထိ ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း ဖြင့်လည်း ၎င်းက ညွှန်းဆိုသည်။

ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် စသည့် အိမ်နီးချင်း နိုင်ငံများ နှင့် ၄၀၆၁ ကီလိုမီတာ ရှည်လျားသော နယ်စပ် ဒေသချင်း ထိစပ်လျက် ရှိသည်။ ထိုင်းနိုင်ငံ အပါအဝင် အဆိုပါ အိမ်နီးချင်း သုံးနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုများ ပြုလုပ်ရာ ရွှေတြိဂံ နယ်မြေထဲတွင် ထိစပ် ပါဝင်လျက် ရှိသည်။ ရှည်လျားသော နယ်စပ် ဒေသနှင့် ဘိန်းဖြူ စိုက်ပျိုးရာ ဧရိယာများနှင့် ထိစပ်နေခြင်း အစရှိသည် တို့ကြောင့် တရုတ် ရဲတပ်ဖွဲ့ဝင် များသည် နှစ်စဉ် ဘိန်းမှောင်ခို ကူးသူ တစ်သောင်း ကျော်ခန့် ဖမ်းဆီး ရမိလျက် ရှိသည်။

မြန်မာနိုင်ငံမှ မူးယစ်ဆေး မှောင်ခို ကူးသူများသည် ယူနန်ပြည်နယ် ထဲသို့ မူးယစ်ဆေးဝါး အဓိက တင်သွင်းနေသူများ ဖြစ်သည်ဟု ဆိုပြီး ယူနန်ပြည်နယ် မူးယစ်ဆေးဝါး တင်သွင်းမှု ၈၀ မှ ၉၀ ရာခိုင်နှုန်း အတွက် ၎င်းတို့တွင် တာဝန် ရှိသည်ဟု ယူဆရကြောင်း Meng Sutie က ပြောကြားသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခဲ့သော ဘိန်းနှင့် ဘိန်းဖြူ မှောင်ခို ကူးမှု တိုက်ဖျက်ရေး စီမံကိန်းမှာ များစွာ အောင်မြင် ဖြစ်ထွန်းမှု ရရှိခဲ့ ကြောင်း လည်း ၎င်းက မှတ်ချက် ပေးသည်။

ယူနန် ပြည်နယ် ရဲ့တပ်ဖွဲ့ဝင် များသည် ယခင် ငါးနှစ်တာ ကာလ ခန့်က တစ်နှစ်လျှင် ဘိန်းနှင့် ဘိန်းဖြူ ၆ တန်မှ ၈ တန် အထိ ဖမ်းဆီး ရမိခဲ့ကြ သော်လည်း လတ်တလော ကာလ များတွင် ၂ တန်မှ ၃ တန်သာ ဖမ်းဆီး ရမိကြောင်း ၎င်းက ပြောဆိုသည်။ "အရင်တုန်းက မူးယစ်ဆေးဝါး ၅၀၀ ကီလိုဂရမ် လောက်အထိ မှောင်ခိုကူးတဲ့ အမှုတွေ ရှိခဲ့ပေမယ့် အခုအခါ ကီလိုဂရမ် ၁၀၀ လောက်ထိ မှောင်ခို ကူးတာလောက်ပဲ ရှိတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီလို ဖြစ်စဉ် မျိုးတွေ အခု နှစ်ပိုင်းမှာ အင်မတန် လျော့နည်း သွားတာကို တွေ့ရပါတယ်" ဟု ယင်းက ဆက်လက် ပြောသည်။

ယခင်က ဘိန်းစိုက် တောင်သူများကို ဂျုံ အစ ရှိသာ နှံစား သီးနှံများ စိုက်ပျိုးရန် အားပေး အားမြှောက် ပြုလုပ်ခဲ့ကြသည်။ သို့သော် Meng Sutie အဆိုအရ ဓာတုဆေးဝါးများထုတ်လုပ်မှုသည် လွန်စွာ ပမာဏ ကြီးမား လာကြောင်း သိရသည်။ "မီသာ အဖက်တမင်း နဲ့ ecstasy လိုမျိုး ဓာတု ဆေးဝါးတွေ ယူနန် ပြည်နယ် ထဲကို အလုံး အရင်းနဲ့ ဝင်ရောက် လာမှုဟာ သိသိ သာသာကို မြင့်တက် လာပါတယ်” ဟု ၎င်းက ဆိုသည်။ ဓာတုဆေးဝါးများ ကီလိုဂရမ် ရာဂဏန်း မျှသာ သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်း ဖမ်းဆီးရမိခဲ့သည့် ဆေးဝါး စုစုပေါင်းမှာ ၄ တန်အထိ ရှိသည်ဟု ဆိုသည်။

ယင်းဓာတု ဆေးဝါးသစ်များသည် အညံ့စား ဓာတ်ခွဲခန်းများတွင် အလွယ်တကူ ထုတ်လုပ် ရရှိနိုင်သည်။ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Wang Hailiang အဆိုအရ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး မှောင်ခို ကူးသူများနှင့် အပြန်အလှန် တိုက်ခိုက် မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံး ခဲ့ရကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် တစ်နှစ် တည်းတွင် သေနတ် ပစ်ခတ်မှု ပါဝင် ပတ်သက်သော မူးယစ် မှောင်ခိုကူးမှု ၂၈ မှု ရှိခဲ့သည်။

မှောင်ခို သမားများသည် ယူနန် ပြည်နယ်ထဲသို့ မူးယစ်ဆေးဝါး တင်သွင်းသည့် လမ်းကြောင်းများ ကိုလည်း ပြောင်းလဲလိုက်ပြီဖြစ်သည်။
 
--------------------------------------------------------------
 
နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ဟု တရုတ်ဝန်ကြီးချုပ်ဆို

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ထပ်မံ ပြောဆိုလိုက်သည်။ အင်စတီ ကျူးရှင်း ဆိုင်ရာ အပြောင်း အလဲများ မလုပ်နိုင်ပါက လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ဖြစ်ပေါ်ခဲ့သော စီပွားရေး တိုးတက် အောင်မြင်မှုများ ပျောက်ဆုံး သွားနိုင်သည်ဟု ဆိုသည်။ သို့သော် မည်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သည် ဟူသော အချက်ကို ဝန်ကြီးချုပ်က အတိအကျ ပြောဆိုခဲ့ခြင်း မရှိပေ။ ပြုပြင် ပြောင်းလဲမှုများကို တဖြည်းဖြည်းချင်း လုပ်ကိုင်သွားမည် ဟုသာ ဆိုသည်။ ယခုလို ထင်မြင် သုံးသပ်ချက် များသည် တရုတ် ကွန်မြူနစ် အစိုးရ အဖွဲ့မှ ကွန်ဆာ ဗေးတစ် ဖြစ်သော လုပ်ဖော် ကိုင်ဖက်များ နှင့် မစ္စတာ ဝမ်ကျားပေါင် အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ် လာနိုင်သည်။

ဒီမိုကရေစီ ပိုမို ဖြစ်ထွန်းလာမည်လော

ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ဘေဂျင်းမြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကွန်ဂရက် အစည်းအဝေး ပိတ်ပွဲ အခမ်းအနား၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ အဆိုပါ ထင်မြင် သုံးသပ် ချက်များကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများနှင့် ပတ်သက်၍ မေးမြန်းရာ၌ "နိုင်ငံရေး ပြန်လည် ဖွဲ့စည်း တည်ဆောက်မှု မရှိဘူး ဆိုရင် စီးပွားရေး ပြန်လည် တည်ဆောက်မှု လုပ်ငန်းစဉ် အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ဆောင်ကြဉ်း ရရှိခဲ့တဲ့ အောင်မြင်မှု တွေလည်း ပျက်စီး ပျောက်ဆုံး သွားနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ထင်မြင် ပြောဆိုချက်သည် တခြားသော တရုတ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး၏ ပြောဆိုချက်နှင့် သဟဇာတ မဖြစ်သလို ရှိသည်။ အကြောင်းမှာ တရုတ် ထိပ်တန်း ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်သော မစ္စတာ ဝူဘန်ဂူက အဓိက ကျသော နိုင်ငံရေး အပြောင်း အလဲများ လုပ်ကိုင် ဦးမည် မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြောဆိုခဲ့သည်။

တရုတ် ပါလီမန်သို့ မစ္စတာ ဝမ်ကျားပေါင်က မိန့်ခွန်း ပြောဆိုရာ၌ "အကယ်၍ စနစ် တစ်ခုကို အလွန်အမင်း ပြောင်းလဲ ကျင့်သုံးခဲ့ပါက လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်တွင်း ရရှိခဲ့သော စီးပွားရေး အောင်မြင် ဖြစ်ထွန်းမှုတို့ ပျောက်ဆုံး သွားနိုင်သည်" ဟု ဆိုသည်။

တရုတ် ခေါင်းဆောင် များသည် ၎င်းတို့၏ တိုင်းပြည် နိုင်ငံရေး စနစ် ပိုမို ဒီမိုကရေစီ ဆန်နိုင်ရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုသလို ထုတ်ဖော် ပြောဆိုလေ့ ရှိသလို ပြုပြင် ပြောင်းလဲမှုများ ကိုလည်း မိတ်ဆက် ပြောဆိုလေ့ ရှိကြသည်။ ၎င်းတို့ အများဆုံး ထုတ်ဖော် ပြောဆိုလေ့ ရှိသည်မှာ လက်ရှိ နိုင်ငံရေးစနစ် ပိုမို ကြံ့ခိုင် ကောင်းမွန်ရေး အတွက် လုပ်ကိုင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ယင်းစနစ်သည် ပြည်သူလူထု၏ လိုလား တောင့်တမှုများကို ဖြည့်ဆည်း ပေးနိုင်သည့် အခြေအနေမျိုး ရှိစေလိုကြောင်း စသည်တို့ ဖြစ်သည်။

တရုတ် ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှု အောက်တွင် ပြုပြင် ပြောင်းလဲမှုများကို တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။ လတ်တလော ကာလများ အတွင်း နိုင်ငံရေး ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပေါ်နေသော အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိက ဒေသမှ နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား တူညီမှုများ မရှိပါကြောင်းလည်း ၎င်းက သတိပေး ပြောဆိုသည်။ မစ္စတာ ဝမ်ကျားပေါင်သည် ပြောရန် လိုအပ်သော မိန့်ခွန်း ထက်ပင် ပိုမို ပွင့်လင်းစွာ ပြောဆို လိုက်ဟန် ရှိသည်။ လက်ရှိ အနေ အထားတွင် တရုတ်ပြည် ကျေးရွာများ၌ နေထိုင်သူ ပြည်သူ များသည် ၎င်းတို့၏ ခေါင်းဆောင်များကို စိတ်တိုင်းကျ မဲပေး ရွေးချယ်ခွင့် ရရှိနေပြီ ဖြစ်သည်။

"ပြည်သူ လူထုရဲ့ မကျေနပ်ချက် တွေကို ကျွန်တော်တို့ ကိုင်တွယ်ဖို့ လုပ်ကြမယ် ဆိုရင် ကျွန်တော်တို့ ကလည်း ပြည်သူလူထုတွေ အနေနဲ့ အစိုးရကို ကြီးကြပ်နိုင်အောင်၊ ဝေဖန်နိုင်အောင် မဖြစ်မနေ ခွင့်ပြုရမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။ တရုတ် နိုင်ငံတွင် ခေါင်းဆောင် လုပ်သူများ မည်သို့ မည်ပုံ ဆုံးဖြတ်ချက် ချကြသည် သို့မဟုတ် ခေါင်းဆောင်များ မည်သို့သော အမြင်မျိုး ရှိကြသည် ဟူသော ကိစ္စကို ပြည်သူ လူထုက သိရှိမှု နည်းပါးသည်။ သို့အတွက်ကြောင့် ယခု ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောဆိုခဲ့သော မိန့်ခွန်းကို အတိအကျ အကဲဖြတ်ရန် ခက်ခဲကောင်း ခက်ခဲနိုင် လိမ့်မည်ဟု BBC သတင်း ဌာနက ဆိုသည်။
 
-------------------------------------------------------------------
 
ထိုင်းရောက် မြန်မာဒုက္ခသည်များကို လျစ်လျူရှုထားမည်မဟုတ်ဟု အီးယူထုတ်ဖော်
 
(Newkerala မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် ခိုလှုံ နေထိုင်ကြသော မြန်မာ ဒုက္ခသည် စခန်းများသို့ အကူ အညီနှင့် အထောက် အပံ့များ ပေးရန် သွားရောက် ကြည့်ရှုမည် ဖြစ်ပြီး ၎င်းတို့၏ အနာဂတ် ရေရှည် ကောင်းမွန် နိုင်ရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ထုတ်ပြန် ကြေညာ လိုက်သည်။ မြန်မာ ဒုက္ခသည်များ စခန်းသို့ အီးယူ ၏ လူသားချင်း စာနာသော ထောက်ပံ့မှုများ ပေးရေး၊ နိုင်ငံတကာ အကျပ် အတည်းများ အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ မဟာမင်းကြီး Kristalina Georgieva က သွားရောက် ကြည့်ရှု လေ့လာမည်ဟု ဆိုသည်။

ကမ္ဘာကြီးက မြောက်အာဖရိက ဒေသ အတွက် လူသားချင်း စာနာ ထောက်ထားသော အကူ အညီများ ပေးရန် အာရုံ စိုက်နေ သည်မှာ မှန်သော်လည်း နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် လူသားချင်း စာနာ ထောက်ထားမှုများ လိုအပ်လျက် ရှိသည့် ထိုင်းနိုင်ငံ ကဲ့သို့သော အခြား ဒေသများကို လျစ်လျူရှု မထားသင့်ကြောင်း Kristalina Georgieva က ပြောကြားသည်။ လျစ်လျူရှု ခံထားရသော နေရာများမှ ဒုက္ခသည်များ အတွက် အာရုံစိုက် လုပ်ကိုင် ပေးခြင်းဖြင့် လူသားချင်း စာနာ ထောက်ထားသော လုပ်ငန်းစဉ်များ အတွက် ကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်း ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ထိုင်းနိုင်ငံဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေး လွတ်မြောက် လာကြတဲ့ ဒုက္ခသည်တွေကို နှစ်ပေါင်း ၂၀ ကြာမျှ ခိုလှုံခွင့် ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ကိုင် ပေးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျွန်မရဲ့ ခရီးစဉ် အတွင်း အသိ အမှတ်ပြု ပြောဆို သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒုက္ခသည်တွေ ကြုံတွေ့ နေရတဲ့ ပြဿနာတွေ အတွက် အဖြေကောင်း ထွက်ပေါ် နိုင်ရေး အတွက် ကျွန်မ အနေနဲ့ ထိုင်းအစိုးရနဲ့ ဒိုင်ယာလော့ခ် ဆက်လုပ် သွားမှာပါ" ဟု ဆိုသည်။

မဟာမင်းကြီး Kristalina Georgieva သည် ပြီးခဲ့သည့် တနင်္ဂနွေ (မတ်လ ၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်သည်။ အဆိုပါ ဒုက္ခသည် စခန်းကို ဥရောပ ကော်မရှင်က ကျန်းမာရေး စောင့်ရှောက် မှုများနှင့် စားနပ် ရိက္ခာများ ထောက်ပံ့ ပေးလျက် ရှိသည်။ ထို့ပြင် ဒုက္ခသည်များ လူမှုဘဝ တိုးတက် ကောင်းမွန်ရေး၊ အလုပ် အကိုင် ရရှိပြီး မိမိ ခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ရေး အစ ရှိသည်တို့ အတွက်လည်း ဥရောပ ကော်မရှင်က စီမံကိန်းများ ပြုလုပ် ပေးထားသည်။  မဟာ မင်းကြီးသည် အဆိုပါ ခရီးစဉ် အတွင်း ပြည်တွင်းမှ အာဏာပိုင်များ၊ ဒုက္ခသည်များ၏ ကိုယ်စားလှယ်များ၊ အပါအဝင် လုပ်ဖော် ကိုင်ဖက် အသင်း အဖွဲ့များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

ထို့ပြင် မဟာမင်းကြီး Kristalina Georgieva သည် ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိ ချာချီဝ၊ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုးမား နှင့် မြို့တော် ဘန်ကောက်တွင် တွေ့ဆုံကြောင်း၊ ယင်းသို့ တွေ့ဆုံရာ၌ ထိုင်းအစိုးရက တက်ကြွစွာ လုပ်ဆောင် ပေးလျက် ရှိသည့် ဒုက္ခသည်များ ပညာ သင်ကြားရေး၊ တရား မျှတစွာ နေထိုင်နိုင်ရေး နှင့် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိရေး အစရှိသည့် လုပ်ငန်းများ ကိုလည်း တွေ့ဆုံ ဆွေးနွေးကြောင်း အီးယူက သတင်း ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရောက် ဒုက္ခသည် များအတွက် အီးယူက ရေရှည် ကူညီ ထောက်ပံ့မှု အစီအစဉ်များ ရှိထားသည် ဖြစ်ရာ မဟာမင်းကြီး Kristalina Georgieva အနေဖြင့် ခရီးစဉ်အတွင်း မြန်မာ ဒုက္ခသည်များ လူမှုဘဝ ကောင်းမွန် တိုးတက်ရေး အတွက် တာရှည်ခံမည့် လုပ်ကိုင် ဆောင်ရွက် မှုများကို အရေးတကြီး လုပ်ကိုင် ပေးသွားမည် ဖြစ်သည်။
လက်ရှိ အနေအထားတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း ၉ ခုတွင် မြန်မာ ဒုက္ခသည် ၁၄၀၀၀၀ ခန့် ခိုလှုံ နေထိုင်လျက် ရှိပြီး အီးယူသည် ယင်းဒုက္ခသည် စခန်းများ အတွက် ၁၉၉၅ ခုနှစ်မှ စတင်ကာ အလှူငွေ အများဆုံး လှူဒါန်းသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့သည်။ ယခု ၂၀၁၁ ခုနှစ် အတွက် အီးယူ၏ ရန်ပုံငွေမှာ ယူရိုငွေ ၁၄၉ သန်း (အမေရိကန် ဒေါ်လာ ၂၀၅ သန်း) ဖြစ်သည်။

ဥရောပ သမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားသော အကူ အညီများ ပေးရေး အစီအစဉ်တွင် အစား အသောက် ထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် သောက်သုံးရေ ဆိုင်ရာ ထောက်ပံ့မှု တို့ ပါဝင်သည်။ မဖြစ်မနေ လိုအပ်သော အခြေခံ စားနပ် ရိက္ခာများကို ဒုက္ခသည် ၆၅၀၀၀ ခန့်အား ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ဒုက္ခသည် တစ်သိန်းခန့် မှာလည်း အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှ အကျိုး အမြတ်များ ဖြစ်ပေါ် ရရှိခဲ့ကြောင်း သိရသည်။
 
--------------------------------------------------------------
 
 
မြန်မာ နိုင်ငံတွင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်း ဖော်ထုတ်ရန် ကင်တားနား ထပ်မံ ဆော်သြ
 
(VOA သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေမှုကို အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ရပ် ဖွဲ့စည်းကာ စုံစမ်း ဖော်ထုတ် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် သောမတ်စ် ကင်တားနားက မတ်လ ၁၅ ရက်နေ့တွင် ဆော်သြ လိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) သို့ အစီရင်ခံစာ တစ်ရပ် တင်သွင်းရာတွင် မြန်မာနိုင်ငံ၌ ညှင်းပန်း နှိပ်စက်မှုများ များပြားလာကြောင်း ကုလ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက ထည့်သွင်း ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ ပြုလုပ် နိုင်လိမ့်မည်ဟု မိမိ အနေဖြင့် မျှော်လင့်ခဲ့ကြောင်း၊ သို့သော် ယင်းရွေးကောက်ပွဲသည် မျှော်လင့် ထားသည့် အတိုင်း ရလဒ် ကောင်းများကို ဖန်တီး ပေးနိုင်ခြင်း မရှိကြောင်း မစ္စတာ ကင်တားနားက ဆိုသည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများ ပါဝင်ခွင့် မရရှိသော နိုင်ငံရေး ဖြစ်စဉ် တစ်ခုသည် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု များပြုလုပ်ရာ၌ တည်ငြိမ် အေးချမ်းမှုများ ဖြစ်ပေါ်အောင် ဆောင်ကြဉ်း ပေးနိုင်မည် မဟုတ်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ၊ စည်းရုံးခွင့်၊ ဟောပြောခွင့် စသည့် အခြေခံ လွတ်လပ်ခွင့်များ လျော့နည်း နေသည်ဟု ဆိုသည်။ မြန်မာအစိုးရ ခေါင်းဆောင်များ အနေဖြင့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ လုပ်ကိုင် ဆောင်ရွက် နေမှုကို မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရမည် ဟုလည်း မစ္စတာ ကင်တားနားက ဆိုသည်။

မြန်မာ အစိုးရ အဖွဲ့သစ် အနေဖြင့် ယခင် စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့သော မူဝါဒများနှင့် လုပ်ထုံး လုပ်နည်းများကို ပြောင်းလဲ ကျင့်သုံးလိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသကာ ပြည်သူ အများ လိုလား တောင့်တလျက် ရှိသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းရေးကို မဖြစ်မနေ ကျောထောက် နောက်ခံ ပြုပေး ရမည် ဖြစ်သည်ဟု ဆိုသည်။

"အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးမယ့် ကိစ္စကို ခိုင်ခိုင်မာမာ ထုတ်ဖော် ပြသင့်ပါတယ်။ နိုဝင်ဘာလ အတွင်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ခဲ့တဲ့ ကိစ္စဟာ အပြု သဘော ဆောင်တဲ့ အကြောင်း အရာ တစ်ခုပါ။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်မှုနဲ့အတူ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်မှုလည်း ဖြစ်ပေါ် လာသင့်ပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား တွေဟာ အခြေခံ လွတ်လပ်ခွင့်တွေ ရရှိအောင်
တက်တက် ကြွကြွ လုပ်ကိုင် ဆောင်ရွက် ခဲ့ခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ကြရတာပါ" ဟု မစ္စတာ ကန်တားနားက ဆိုသည်။

ပေါ်ထွန်းလာမည့် မြန်မာ အစိုးရ အဖွဲ့သစ် အနေဖြင့် မြန်မာ နိုင်ငံတွင် လိုအပ်လျက် ရှိသော မှန်ကန်မှု၊ တရားမျှတမှု နှင့် တာဝန်ခံမှု အစရှိသည် တို့ကို အနှေးထက် အမြန်ဆုံး လုပ်ကိုင် ဆောင်ရွက် ပေးရမည် ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။ သို့အတွက်ကြောင့် မစ္စတာ ကန်တားနားက ၎င်းအနေဖြင့် မြန်မာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလုံးကို စုံစမ်း ဖော်ထုတ်ရန် လွတ်လပ်သော ကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် ထပ်မံ ဆော်သြလိုက် ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ စုံစမ်း ဖော်ထုတ် ရာတွင် ဘက်လိုက်မှု ကင်းရှင်းပြီး ယုံကြည် စိတ်ချ ရသော လုပ်ဆောင်ချက်များ ဖြစ်ပေါ်ရန် လိုအပ်ပြီး နှောင့်နှေးမှု မရှိစေဘဲ လုပ်ဆောင်ရမည် ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

အာရှ ဒေသသို့ လတ်တလော သွားရောက် လည်ပတ်ရာတွင် မစ္စတာ ကန်တားနားသည် မြန်မာနိုင်ငံ နေရာ အနှံ့မှ ဒုက္ခသည်များ၊ ခိုလှုံခွင့် တောင်းခံ သူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းဒုက္ခသည်များ အားလုံးတွင် မြန်မာ အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်မှုကြောင့် ဘေးဒုက္ခ ဆိုးကြီးများနှင့် ကြုံတွေ့ ခဲ့ရသည့် ဇာတ်လမ်း ကိုယ်စီ ရှိကြသည်ဟု ဆိုသည်။

"ဒုက္ခသည် အများစုဟာ စစ်အစိုးရကြောင့် ဖြစ်တဲ့ ဒုက္ခတွေကို အဆမတန် ခံစား ခဲ့ကြရတာကို တွေ့ရတယ်။ သူတို့ရဲ့ အဖြစ်အပျက် တွေကို ကြည့်ရင် မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင် နေတယ် ဆိုတဲ့ သတင်း အချက်လက်တွေ နှစ်ကာလ ကြာရှည်စွာ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားသိခဲ့တဲ့ ကိစ္စဟာ မှန်သလို ဖြစ်ပါတယ်" ဟု မစ္စတာ ကင်တားနားက ပြောကြားသည်။

ချိုးဖောက်မှုတွေ ထဲမှာ အဓမ္မ အလုပ် စေခိုင်းမှု၊ တဖက်သတ် တရားစီရင်မှု၊ လိင်ပိုင်း ဆိုင်ရာ ခွဲခြား ဆက်ဆံမှုနှင့် ညှင်းပန်း နှိပ်စက်မှု၊ မြေယာနှင့် အိုးအိမ် ပစ္စည်းများ အဓမ္မ သိမ်းယူမှု၊ မတရား အခွန် ကောက်ခံမှု၊ ဘာသာရေးနှင့် လူမျိုးရေး ခွဲခြား ဆက်ဆံမှု၊ အကြောင်း ပြချက် မရှိဘဲ ဖမ်းဆီး ထိန်းသိမ်မှု၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတို့ ပါဝင်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ မြန်မာ နိုင်ငံ ဌာနေ ကိုယ်စားလှယ် ဖြစ်သူက မစ္စတာ ကင်တားနား၏ အစီရင်ခံချက်သည် လုံးလုံး လျားလျား ပြည့်စုံ မှန်ကန်မှု မရှိကြောင်း၊ ယင်းအစီရင် ခံချက်သည် မြန်မာ နိုင်ငံ၏ အခြေ အနေမှန်ကို ထင်ဟပ် နိုင်ခြင်း မရှိကြောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် မစ္စတာ ကင်တားနားက သရုပ်ဖော် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ၎င်းက မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်မှု ရှိပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း ၎င်းက တုံ့ပြန် ပြောဆို လိုက်သည်။
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၉.၃.၂၀၁၁

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် မလေးရှား လုပ်ငန်းရှင်များ လာရောက်ဆွေးနွေး

မတ် ၁၈။
 
 မြန်မာနိုင်ငံသည် ရွေးကောက်ပွဲများအပြီး လွှတ်တော်များ ခေါ်ယူပြီး နောက်ပိုင်း ကာလများတွင် ပြည်ပ နိုင်ငံများမှ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အထူး စိတ်ဝင်စားလျက်ရှိရာ ယခုအခါ မလေးရှားနိုင်ငံမှ တန်ချောင်ဂရု(ပ်) က မြန်မာနိုင်ငံအတွင်းသွင်းကုန်

ထုတ်ကုန် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ တန်ချောင်ဂရုသည် မလေးရှားနိုင်ငံမှာပင် Nissan ကားကိုဖက်စပ်အနေဖြင့်ထုတ်လုပ်ခဲ့ပြီး           ယခုအခါ နိုင်ငံပေါင်း ၄၅ ခုနှင့်ချိတ်ဆက်ဆောက်ရွက်နေကြောင်းသိရသည်။

မလေးရှား တန်ချောင်ဂရု(ပ်) သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားသည်မှာ မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင် အနေအထားနှင့် အလုပ်သမား အားသာချက်များကြောင့်ပင် ဖြစ်ကြောင်း၊ နိုင်ငံ၏ ကုန် ထုတ်လုပ် မှုများနှင့် တင်ပို့မှုများကို မြင့်တက်

စေရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်၍ လုပ်ကိုင် လိုသောကြောင့် ဖြစ်ကြောင်း နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


တန်ချောင်ဂရု(ပ်)သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများမှာ မော်တော်ကား နှင့် ကားအပိုပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ၊ အကြီးစား စက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းစု၊

ဘဏ်လုပ်ငန်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းစသည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိ ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

ငလျင်ပြီးနောက် ယင်ကျန်းမှ မြန်မာကုန်သည်များ ရွှေလီသို့ပြောင်း

ရွှေလီ၊ မတ် ၁၇။

မြန်မာနိုင်ငံမှ ရာဂဏန်းရှိ ကျောက်ကုန်သည်များသည် ပြီးခဲ့သည့် ကြသပတေးနေ့၊ မတ်လ ၁၀ ရက်က အင်အား ရစ်ချက်တာ စကေး ၅.၈ ရှိ မြေငလျင် ဗဟိုပြု တုန်လှုပ်ခဲ့သည့် တရုတ်ပြည် ယင်ကျန်းမြို့မှ မြန်မာနယ်စပ်အနီး ရွှေလီမြို့ သို့ ပြောင်းရွှေ့နေကြကြောင်း ကုန်သည်များ ပြောကြားချက်အရ သိရသည်။ငလျင်ကြောင့် လူနေအိမ်နှင့် အဆောက်အအုံများ ပြိုကျမှုကြောင့် အနည်းဆုံး

လူ ၂၅ ဦးသေဆုံးကာ ၃၀၀ ကျော် ထိခိုက်မှုရှိကြောင်း တရုတ်သတင်းများဖော်ပြသည်။နောက်ထပ် ငလျင်လှုပ်လာမည်ကို အာဏာပိုင်များ သတိပေးနေခြင်းကြောင့် ယခုလို မြန်မာ ကျောက်ကုန်သည် များ ယင်ကျန်းမှ ရွှေလီသို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ကုန်သည်

များ ပြောကြားသည်။ယင်ကျန်းသည် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲ ဂျိန်းဖော (ကချင်)နှင့်ရှမ်းလူမျိုး စု တို့၏ အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ Dehong Dai and Jingpo Autonomous Prefecture တွင်တည်ရှိသည်။ ငလျင်ဒဏ် ခံခဲ့ရ

သည့် ယင်ကျန်းမှ လူများ ထွက်ခွာမှု များသောကြောင့် ယခင် ယင်းကျန်း-ရွှေလီ ကြား Taxi ကားတစ်စီးငှားခ ယွမ်ငွေ ၄၀၀ ရှိရာမှ ယခု ယွမ် ၇၀၀ သို့ မြှင့်တက်သွားကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။ ယင်ကျန်းမြို့သည် ကချင်ပြည်နယ်မှ ကျောက်စိမ်းများ

ရောင်းချသည့် ဒုတိယအကြီးဆုံး တရုတ်နယ်စပ် ကျောက်စိမ်းဈေးကွက်မြို့ ဖြစ်သည်။ကြာသပတေးနေ့ ငလျင်ကြောင့် ယင်ကျန်းတွင် ကျောက်စိမ်းအရောင်းအဝယ် အေးသွားသည်ဟု ကျောက် ကုန်သည်တစ်ဦး ပြောကြားသည်။ငလျင်လှုပ်ပြီးနောက် သက်ဆိုင်ရာ

တရုတ်အာဏာပိုင်များက လူထုအား အဆောက်အအုံပြင်ပတွင်သာ နေထိုင်ရန် သတိပေး

ထားသည်။
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား အရည်အချင်း ပျက်ယွင်းသူများအဖြစ် ထပ်မံကြေညာ

သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း မတင်သွင်းနိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား အရည်အချင်း ပျက်ယွင်းသူများအဖြစ် ထပ်မံကြေညာ လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကိုယ်စားလှယ် (၃၅) ဦးအား စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေညာ ချက် အမှတ် (၈/၂၀၁၁) မတ်လ (၁၆) ရက်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးသန်းထွန်း၊ ဦးကြီးမြင့်၊ ဒေါက်တာမင်းမြင့်၊ ဦးထွန်းရွှေ၊ ဦးလုံးစိန်၊ ဦးတင်လင်း၊ ဦးအောင်ကျော်ဝင်း၊ ဦးသိန်းအောင်၊ ဦးညွှန့်ရွေ၊ ဦးခင်မောင်ထွေး၊ ဦးစောစိုင်း

နေဗွိုင်းနှင့် ဦးမိုးထွန်း(ခ) ဦးမိုးမြင့်အောင်တို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးထွန်းမင်းလတ်၊ ဦးကျော်ကျော်မင်း၊ ဦးတင့်နိုင်၊ ဦးကျော်သိန်း၊ ဦးစန်းမြင့်၊ ဦးသိန်းဇော်ညွှန့်၊ ဦးတင့်ဆွေတို့ ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဒေါ်ယဉ်မေ၊ ဦးထွန်းရွှေ၊ ဦးကျော်လှိုင်၊ ဦးတင်ဝင်း၊ ဦးညွှန့်တင်၊ ဦးဦးကြည်၊ ဦးသန်းရွှေ၊ ဦးစိုးဝင်း၊ ဦးထွန်းဦး၊ ဦးသာနို့အောင်၊ ဦးစောလှိုင်၊ ဦးစောအောင်ဇေယျ၊ ဦးစောမောင်တုတ်၊ ဦးစိုးမိုးဦးတို့

ဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောတာကပေါ အပါအဝင် ကိုယ်စားလှယ်လောင်း (၃၅) ဦးအား ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ အပိုဒ် ၈၃ (က) အရ

အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ်ဆုံးဖြတ် ကြေညာလိုက်ခြင်း ဖြစ် သည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၈၈) အရ အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာ ခံရသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကြေညာသည့်နေ့မှ စတင်၍ လက်ရှိလွှတ်တော်သက်တမ်းနှင့် နောက်လာ မည့်

လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိ မည် မဟုတ်ကြောင်း

ရွေးကောက်ပွဲ  ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

-------------------------------------------------------------------------------------------------------------

ချင်းပြည်နယ်မှ အမတ်လောင်း ၁၅ဦး အရည်အချင်း ပျက်ယွင်းသူ စာရင်းတွင်ပါဝင်

ဟားခါး၊ မတ် ၁၈။


၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး မဲဆွယ်စည်းရုံးရေး ကာလက အသုံးစရိတ်များကို အချိန်မှီတင် သွင်းနိုင်ခြင်း မရှိသော လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ပြည်ထောင်စု

ရွေးကောက်ပွဲ ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူများ အဖြစ်ကြေညာလိုက်သည့် အထဲတွင် ချင်းပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ် လောင်း ၁၅ ဦးပါဝင်ကြောင်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သော ယင်းအရည်ချင်း ပျက်ယွင်းသူ အမည်စာရင်းတွင် ချင်းပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုးတက်ရေး ပါတီမှ ၃ ဦး၊ချင်းအမျိုးသားပါတီမှ ၃ ဦး၊ တိုင်းရင်းသား စည်းလုံး

ညီညွတ် ရေးပါတီမှ ၆ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ၁ ဦး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချူပ် မှ ၁ ဦးနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး တို့ပါဝင်ကြောင်း နိုင်ငံ ပိုင် သတင်းစာတွင် ဖော်ပြထားသည်။ရွေးကောက်ပွဲ

တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ ကုန်ကျ စာရိတ်များကို လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ

ရွေးကောက်ပွဲကော်မီရှင်ထံသို့တင်သွင်းရမည်ဖြစ်သည်။

ကော်မရှင်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတွင် လွှတ်တော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ခဲ့ပြီး ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်ကို စုစုပေါင်း ကျပ်သိန်း၁ဝဝ အထိ သုံးစွဲခွင့် ပြုခဲ့သည်။

ယင်းကဲ့သို့ အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ သည် လက် ရှိလွှတ်တော်သက်တမ်းနှင့် နောက်လာမည့် လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်

လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
-------------------------------------------------------------------------------------------------------------
 
နေပြည်တော်၌ ကျင်းပလျက်ရှိသောလွှတ်တော်အစည်းအဝေးပွဲများ နားထားမည်ပာုဆ
ို

နေပြည်တော်၊ မတ် ၁၈။

 
နေပြည်တော်၌ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ မတ်လ ၂၁ ရက်နေ့မှ စတင်၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေးပွဲများ ပြည်လည်စတင်မည့်ရက်မှာ မတ်လ ၂၁ ရက်နေ့မှ စတင်၍ ပုံမှန်အစည်းအဝေးနှင့်

စည်းဝေးပွဲများကို ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း လွှတ်တော်အတွင်းရှိ အမတ်များ ထံမှ သိရှိရသည်။

နေပြည်တော်၌ သာသနာရေး ဦးစီးဋ္ဌာနမှ ဦးစီးကျင်းပမည့် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပူ ဇော်ပွဲ ရှိသည့်အတွက် လွှတ်တော်ပုံမှန် အစည်းအဝေးနှင့် စည်းဝေးပွဲများကို ယာယီခဏတာ ရပ်နားထားရခြင်း ဖြစ် ကြောင်း အမျိုးသားလွှတ်တော်အမတ်

ဒေါ်တင်နွယ်ဦးက ပြောကြားခဲ့သည်။

 
 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မြန်မာနိုင်ငံမှာ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ချို့ဆို ခွင့်ပြုချက်နဲ့ ငွေကြေး အထောက်အပံ့တွေ အားလုံးရှိတယ်။ ဒါပေမယ့် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ဖို့အတွက် လုပ်ငန်းတွေက များနေပြီး ကျွမ်းကျင်တဲ့ အိုင်တီနည်းပညာရှင်တွေ မလုံလေက်ဘူး ဖြစ်နေတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်လို့မရသေးဘူးဖြစ်နေတယ်"

မတ် ၁၈ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၀) မှာပါသည့် " နည်းပညာအလုပ်အကိုင်အခွင့် အလမ်းများအတွက် အသင့်ဖြစ်နေရန် လိုအပ်" သတင်းမှ စင်ကာပူနိုင်ငံအခြေစိုက် Loi Heng International Pte.Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Miss Hnaung Win၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပေးအပ်မယ့် အစီအစဉ်ထဲမှာ အစိုးရဝန်ထမ်း ၁၄၀ ကို ကာလရှည်၊ ကာလတိုသင်တန်းတွေ ပေးဖို့ပါပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အဆင့်မြင့် ကျောင်းတွေမှာ သွားသင်ယူရမှာပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန် Dr.Madan Mohan Sethi က ပြောကြားသည်။

            သွားရောက် သင်ကြားမှု ပြုရာတွင်လည်း သင်တန်းသားများ၏ ကုန်ကျစရိတ်များ အပါအဝင် နေထိုင်စားသောက် စရိတ်များကိုပါ အန္ဒိယအစိုးရမှ ကျခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၁၇ ထုတ် Popular News အတွဲ(၃) အမှတ် (၁၁) မှာပါသည့် "အစိုးရဝန်ထမ်းများအား အိန္ဒိယ ပညာသင်ဆုပေးမည်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------
 
"ကံကောင်းချင်တော့ ဆယ်တန်းအောင်ပြီးတဲ့ သူငယ်ချင်းဆီက သိရတာက ဒီလိုမျိုးလိုက်လိမ်နေတာ ရှိတယ်၊ သူကိုယ် တိုင် ခံခဲ့ရတာတဲ့၊ စာမေးပွဲဖြေပြီးတဲ့ အချိန်အထိ ပိုက်ဆံအများကြီး ပေးစရာမလိုဘူး၊ စာမေးပွဲ စစ်လောက်တဲ့ အချိန်ကျမှ လာဆက်သွယ်တယ်၊ ဘယ်ဘာသာကျနေလို့ အောင်ချင်ရင် သုံးသိန်းပေးပါဆိုပြီး တောင်းတယ်၊ သူ့အမေက အောင်မယ် ဆိုရင် ပေးမယ်လုပ် 

တော့ သူငယ်ချင်းက အဲဒီ ဘာသာဖြေနိုင်တယ်၊ မပေးနဲ့လို့ ငြင်းလွှတ်မှ ပြန်သွားတယ်၊ အောင်စာရင်း ထွက်တော့ သူငယ်ချင်းလဲ အောင်တယ်"

မတ် ၁၈ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၅၁) မှာပါသည့် " အောင်ဖို့လိုက်ပေးမယ်ဆိုရင် သတိထား" သတင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူ ကျောင်းသားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"နိုင်ငံရေး Self Interest ကို အခြေခံလျှင် အာဏာရှင် သို့မဟုတ် သက်ဦးဆံပိုင်ဖြစ်လာသည်။ အများ အကျိုးစီးပွား ဟူသော Public Centered ပေါ်အခြေခံလျှင် ပြည့်ဝသော ဒီမိုကရေစီ Full Fledge Democracy မဟုတ်သည့်အတိုင် အနှစ်သာရရှိသော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်နိုင်ကြသည်။ ယနေ့ ကမ္ဘာကြီးတွင် Self Interest အခြေပြုနှင့် Public Interest အခြေပြု

တို့ အားပြိုင် လာကြသည်ကို ပို၍ ကျယ်ပြန့်စွာ တွေ့လာရမည်ဖြစ်သည်။ အများ အခြေပြု နိုင်ငံများ ပို၍ အရေအတွက်များ လာခြင်းက အဓမ္မတို့ကို ဓမ္မက တဖြည်းဖြည်း အနိုင်ရလာသည်ကို ပြနေပါသည်"

မတ် ၁၈ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၂) မှာပါသည့် ဆောင်းပါးရှင် နေဇင်လတ်၏ "အကျိုးစီး ပွား ဆိုသော်လည်း" ဆောင်းပါးမှ ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်စေ၊ ဒီမိုကရေစီစနစ် ရင့်သန်ခိုင်မာရန်ဖြစ်စေ မဖြစ်မနေ ဖြည်းတင်းရမည့် ကိစ္စရပ်မှာ ပညာရေးပင်ဖြစ်သည်။ ပညာရေး ရေခံ၊ မြေခံ အားကောင်းမှုရှိပါမှ အထက်ဖော်ပြပါ ကိစ္စရပ်များကို ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မကြာမီက ခေါ်ယူသည့် လွှတ်တော် အတွင်း၌လည်း ပညာရေးမူဝါဒနှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုံမှုများလည်း ရှိခဲ့သည်ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေး အခင်းအကျင်း လေ့လာသုံးသပ်တင်ပြ ရေးသားလိုက်ပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ခေတ်မီအောင်၊ နိုင်ငံတကာ အဆင့်အတန်းရှိအောင် ပြုပြင်ပြောင်းလဲဖို့ အထူးလိုအပ်နေပြီဖြစ်ကြောင်း ပညာရေး လုပ်ငန်းဆိုင်ရာ ပညာရှင်များက ပြောကြားသည်။ "ပညာရေး ဝန်ကြီးဌာန ပိုင်းအနေနဲ့က ပေါ်လစီပိုင်းနဲ့ လုပ်ထုံးလုပ်နည်းပိုင်းကို ကန့်သတ်ရမယ်။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းတို့၊ သင်ကြားမှု ပုံစံတွေနဲ့ စာမေးပွဲစစ်ဆေးမှုကိစ္စတွေကို အစိုးရက ဦးဆောင်တဲ့ Public ပညာရေးအဖွဲ့နဲ့ ပုဂ္ဂလိက Private ပညာရေး အဖွဲ့တွေအနေနဲ့လဲ ဒီအချက်သုံးချက် ကို တာဝန်ယူနိုင်ခွင့်ရှိဖို့ လိုပါတယ်"ဟု ပြောကြားသည်။

ဤကဲ့သို့ ပုဂ္ဂလိပ ပညာရေးအဖွဲ့များသည် ဈေးကွက်၏ သဘောအရ အမြဲတမ်း ယှဉ်ပြိုင်နေ မည်ဖြစ်သော်လည်း ပညာရေးအား ဈေးကွက်ဘောင် အလွန်အကျွံ သွပ်သွင်းရန် မသင့်သောကြောင့် အထိန်းအကွပ်ဘောင်တစ်ခု ရှိရန် အလို့ဌာ ယင်း ပညာရေးအဖွဲ့များ၏ အရည်အသွေးကို နှစ်စဉ် စစ်ဆေးနိုင်သည့် အဖွဲ့အစည်းတစ်ခု လိုအပ်ပါသည်။ ယင်းအဖွဲ့အစည်းမှာ ပြည်တွင်း အဖွဲ့ အစည်းမဟုတ်ဘဲ၊ နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မီသည့် စစ်ဆေးရေးအဖွဲ့သာ ဖြစ်သင့်ပါသည်။ " ပုဂ္ဂလိကကျောင်း တွေ သူ့သင်ရိုးနဲ့သူသင်မယ်။ သူ့စာမေးပွဲ သူစစ်မယ်။ သူ့ပညာသင်ကြားရေးအဖွဲ့နဲ့ သင်ရမယ်။ ဒီလို သင်ကြားနိုင်ဖို့အတွက်ကိုလဲ ဒီပုဂ္ဂလိကကျောင်းဟာ အရည်အချင်းရှိပါတယ်လို့ အာမခံနိုင်တဲ့ အဖွဲ့အ စည်းကတော့ရှိရမယ်။ EDU Trust ရှိတဲ့ အဖွဲ့ အစည်း  တွေပေါ့။ ဒီလို ဖြစ်လာနိုင်ဖို့အတွက် ကိုလက်ရှိမှာ လိုအပ်နေတာက လွတ်လပ်စွာ ပညာသင်ခွင့်၊ သင်ကြားခွင့်တွေပေးဖို့လိုပါတယ်"ဟု ယင်းက ထပ်မံ ပြောကြားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ အခြေခံ ပညာရေးပိုင်းဖြစ်သော မူလတန်းမှ တက္ကသိုလ်ဝင်တန်းထိ အလွတ်ကျက် ဖြေကြားခြင်းမျိုးသာ ဖြစ်သေးသည်။ တကယ် နားလည်သိရှိမှုနှင့် ဘာသာရပ်အပေါ် ဆင်ခြင်နိုင်မှု သာမက လက်တွေ့ အသုံးချမှု အပိုင်းမှာလည်း အလွန် အားနည်းလျက် ရှိသည်။ ကျောင်းသူ၊ ကျောင်းသားအများစုနှင့် မိဘများမှာ တကယ် နားလည် တက်မြောက်ခြင်းထက် စာမေးပွဲရလဒ်ကိုသာ အဓိက အာရုံစိုက် အလေးထားကြသည်။ ပညာသင်ကြားရခြင်းမှာ ဘဝ၌ အဆင်ပြေစွာ နေတက်ထိုင် တက်ဖို့ဖြစ်ရာ ဤကဲ့သို့ စနစ်မျိုးကို ကျင့်သုံးနေသဖြင့် ပညာရေး စနစ်ကိုယ်တိုင်ကိုက လွဲမှာနေကြောင်းကို ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများက အပြုသဘောဆောင် အကြံပြုပြောကြားသည်။


"ခုခေတ် ကျောင်းသားတွေက စာ ဘာကြောင့် သင်တယ်ဆိုတာကို မေ့လျော့နေကြတယ်။ စာရဖို့ ပဲလိုတယ်ဆိုပြီး စာကို ဤသည်မရွေး ကျက်ကြတယ်။ နှုတ်တိုက် ရွတ်နိုင်ဖို့ပဲ အဓိက ထားနေကြတယ်။ အတွေးအခေါ်ပိုင်း အားနည်းနေကြတယ်။ အတွေးအခေါ်ပိုင်းကို မြင့်မားအောင် လုပ်ကြရမယ်။ ဒီစာကို အခြေခံပြီး လေ့လာရမယ့်အပိုင်းတွေ အများကြီး လိုအပ်နေပါတယ်။ ဒီစနစ်ကြီးကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပါတယ်" ဟု အငြိမ်းစား ပညာရေး ဝန်ထမ်း တစ်ဦးက ဆိုသည်။

            ယင်းအပြင် ပညာရေးကျွမ်းကျင်သူတစ်ဦးကလည်း "လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အဘက်ဘက်က မြှင့်တင်ဖို့ လိုအပ်နေပါသေးတယ်။ စာကို အလွတ်ကျက်ပြီး ဖြေနေကြတဲ့အတွက် မြန်မာ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေထက် ဖန်တီးမှုအပိုင်းမှာ အားနည်းတယ်။ ဖန်တီးတွေခေါ်မှု အပိုင်းမှာလဲ အား နည်းစေတယ်။ နိုင်ငံကတာက ကျောင်းသူကျောင်း သားတွေဆိုရင် စာကျက်ပြီး ဖြေတာမျိုး လုံးဝမရှိဘူး။ သင်ကြားတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး တွေးခေါ်စဉ်းစားတယ်။ ဖြေဆိုတယ်။ ဒီလိုပုံစံတွေကို အခြေခံအနေနဲ့ ပြောင်းလဲကြဖို့ လိုတယ်" ဟု ပြောကြားသည်။

            တကယ် နားလည်အောင် သင်ကြားသည့် စနစ်မျိုးကို ကျင့်သုံးသည့်အခါမှာ ပညာရေး လောကအတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ ဆရာ၊ ဆရာမများ၏ အရည်အသွေးဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဒေါက်တာဘိုင်အိုက "ကလေးတွေရဲ့ ပညာရေးကို မြင့်တင်ဖို့ဆိုရင် အရည်အချင်းရှိတဲ့ ဆရာတွေ မွေးထုတ်ဖို့ လိုတယ်။ ဒီလို အရည်အချင်းရှိတဲ့ ဆရာတွေ မမွေးထုတ်နိုင်ဘူးဆို ရင် ပြည်ပက ဆရာတွေကို ဌားသင့်ရင် ဌားရမယ်။ ပြည်ပက ဆရာနဲ့ ပြည်တွင်းက ဆ ရာတွေ  ပူးပေါင်းပြီး သင်ကြား သင်ယူနိုင်ရင်  မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အဆင့်အတန်း မြင့်လာမယ်။ ကမ္ဘာ့ အဆင့်မီ ပညာရေး ဖြစ်လာ မယ်။ အဲဒီလို ဖြစ်ဖို့အတွက် နောင်ဖြစ်လာမယ့် အစိုးရအသစ်က အလျင်အမြန် ပြောင်းလဲပေးဖို့ လိုနေပါ ပြီ" ဟု ပြောကြားခဲ့သည်။

            လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး အဆင့်အတန်း ကွာခြားမှုသာမက ပညာရေး အဆင့်အတန်းပါ ကွာခြားမှုများ ပါရှိလာသည်။ ငွေကြေးအင်အား တက်နိုင်သူများက နိုင်ငံတကာတွင် အကောင်းဆုံးဟူ သောကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်တွင်းတွင် ဖွင့်လှစ်ထားသော နိုင်ငံခြား ကျောင်းများတွင် ပညာသင်ကြား နိုင်ကြသော်လည်း ငွေကြေး လုံးဝမတက်နိုင်သူများမှာတော့ ပရ ဟိတ ပညာသင် ကျောင်းများတွင် တက်ရောက် ပညာသင်ကြား နေလျက်ပင် ရှိနေပါသေးသည်။ ယင်းသို့ပညာကို ခက်ခဲစွာ သင်ယူနေကြရသော ကျောင်းသား ကျောင်းသူများမှာ နိုင်ငံအနှံ့တွင် ရှိနေ ပါသေးသည်။

            လက်ရှိ မြို့ကြီးများတွင် ဖွင့်လှစ်ပေးလျက်ရှိသော နိုင်ငံခြားကျောင်းများ အနေဖြင့် ယခုထက်ပို၍ မြန်မာ ကျောင်းသား ကျောင်းသူများအတွက် ကိုယ်စားပြုနိုင်စေချင်ကြောင်း ပြည်တွင်းပြည်ပ ပညာရေး လုပ်ငန်းချိတ်ဆက် လုပ် ကိုင်လျက်ရှိသူဦးအောင်ကျော်ဆန်းက ပြောသည်။

            "ဒီလို နိုင်ငံတကာကျောင်းတွေက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ ရှိမယ်။ ဒါပေမဲ့ ဒီကျောင်းတွေ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ ပညာရေးကို ကိုယ်စားမပြုနိုင်ဘူး။ အစိုးရရဲ့ Plan တွေလိုတယ်။ ဘက်ဂျက်တွေ လိုတယ်။ ဒီလို လာဖွင့် ကြတဲ့အခါ ပိုက်ဆံ တက်နိုင်သူတွေ တက်ကြမယ်။ အဲဒီ ပိုက်ဆံ တက်နိုင်တဲ့သူတွေက သူတို့လာမဖွင့်လဲ သွား တက်ကြမှာပဲ။ ဒီပညာရေး ပရိုဂရမ်တွေ ပိုက်ဆံမတက်နိုင်တဲ့  နယ်ကလူတွေကို တကယ်အကျိုးပြုတဲ့ ပရိုဂရမ်တွေ ဖြစ်စေချင်တယ်။ နိုင်ငံတကာ ပညာရေးက မြို့ကြီးတွေမှာပဲ ရှိနေသေးတယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင် တယ်။ လူတိုင်းအတွက် လက်လှမ်း မီစေချင်တယ်" ဟု သူ၏ အမြင်ကို ပြောသည်။

            မကြာမီ ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာမည်ဖြစ်ရာ အထက်ပါ ပညာရှင်များက တင်ပြခဲ့သော အကြံ ဉာဏ်များကို ပါးပါးနပ်နပ် သုံးစွဲ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၌ ပညာတက် လူတန်းစား ကြီးထွားလာမှာသာ စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု ကိုခံစားနိုင်မည်။ တစ်ခြားနိုင်ငံများနှင့် ရင်ဘောင် တန်းယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ပညာဖြင့် ဂုဏ်ကျက်သရေရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် ကမ္ဘာ့အလယ် ထည်ထည် ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

ရန်ကုန်ခရော်နီကယ် စာဖတ် ပရိတ်သတ်များ ခင်ဗျာ...


ခရော်နီကယ် သတင်းလွှာကို နေ့စဉ်ပို့ အီးမေးလ် သတင်းများထဲက အကောင်းဆုံးဟု ယူဆရသည်များကို ပြန်လည်စုစည်းပြီး အီလက်ထရောနစ် စာအုပ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပါတယ်။ နေ့စဉ်ပို့ မေးများကို ဖတ်ချိန်မရသူများအနေနဲ့ အခု အီးဘွတ်မှာပါတဲ့ တစ်ပတ်အတွင်းသတင်းများနဲ့ ဆောင်းပါးကောင်းများကို ဖတ်ပြီး သတင်းအဆက် မပြတ်စေရအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် အချက်အလက်အနေနဲ့သော်လည်းကောင်း၊ သတင်းမှတ်စုအနေနဲ့သော်လည်းကောင်း သိမ်းထားလိုသူများအတွက်လည်း အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ပတ်ထက် တစ်ပတ် ပိုကောင်းအောင် ကြိုးစားပေးသွားမှာပါခင်ဗျာ။


လေးစားလျှက်

ခရော်နီကယ် အယ်ဒီတာ
(၁၉.၃.၂၀၁၁)





--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.