Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ယီမင် ခေါင်းဆောင် အာဏာကို ရေရှည် ထိန်းနိုင်မည် မဟုတ်

(AFP သတင်းမှ 23 March 2011 ရက်စွဲပါ “Yemeni leader can’t hold power much Longer” သတင်းကို ဘာသာ ပြန်ဆိုသည်)

အခက် အခဲများ ဝိုင်းရံ နေသော ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလက် သည် ပြည်သူ လူထု၊ သူ၏ စစ်တပ်နှင့် လူမျိုးစု အကြီး အကဲများ ထံမှ ထောက်ခံ အားပေးမှု ဆုံးရှုံး နေသဖြင့် အာဏာကို လက်လွှတ် ဆုံးရှုံး တော့မည့် အလား အလာ ရှိနေသည်ဟု အီးယူ ထိပ်တန်း တာဝန် ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“ဒီပုံစံ အတိုင်း ကြာရှည် ခံတော့မှာ မဟုတ် ဘူးလို့ ကျွန်တော် ထင်ပါ တယ်” ဟု အီးယူ ပြည်ပ ရေးရာ ဌာန အရှေ့ အလယ်ပိုင်း ရုံးခွဲ အကြီး အကဲ Hugues Mingarelli က ဥရောပ ပါလီမန် ကော်မတီသို့ ပြောကြား ခဲ့သည်။

“စစ်တပ်ရဲ့ အစိတ် အပိုင်း တချို့၊ လူများစု အကြီး အကဲတွေ ထဲက တချို့နဲ့ နိုင်ငံရေး မဟာမိတ် တွေ ထဲက အစိတ် အပိုင်း တချို့က သမ္မတနဲ့ သဘော ကွဲလွဲ အဆက် အဆံ နည်းလာတဲ့ အချိန်မှာ သမ္မတက အာဏာကို အကြာကြီး ချုပ်ကိုင် ထားနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု Mr.Mingarelli က ဆိုသည်။

သမ္မတ ဆာလား ဟာ မြောက်ပိုင်းက ရှီအစ်တီ မျိုးနွယ်စု သူပုန် ထမှု၊ တောင်ပိုင်း ခွဲထွက်မှု၊ တိုင်းပြည်ရဲ့ လူငယ်တွေနဲ့ အကြမ်းဖက် အဖွဲ့ အစည်းတွေ ကြားမှာ နေမထူး၊ သေမထူး စိတ်ဓာတ် ပေါက်ဖွား နေမှု စတဲ့ ပြဿနာ အရပ်ရပ်နဲ့ ရင်ဆိုင် နေရ ပါတယ် ဟု Mingarelli က ပြောကြားသည်။

“တိုင်းပြည်ရဲ့ ပိုင်နက် နယ်မြေ အတော် များများကို ထိန်းချုပ် နိုင်ခြင်း မရှိ တော့ပါဘူး၊ ဒါကြောင့် ယီမင် နိုင်ငံက အနေ အထားဟာ အမှန် တကယ် ထိတ်လန့် စရာ အနေ အထား ဖြစ်နေ ပြီလို့ ယူဆ ရပါတယ်၊ လာမယ့် ရက်တွေ အတွင်းမှာ ပိုမို ပြင်းထန် ဆိုးဝါး လာနိုင် ပါတယ်” ဟု အီးယူ နိုင်ငံခြား ရေးရာ မူဝါဒ အကြီး အကဲ Catherine Ashton ကို အနီးကပ် ကူညီ နေသူ Mr.Mingarelli က ပြောကြားသည်။

ယီမင် နိုင်ငံ၏ ခေါင်းဆောင် နေရာကို ကြိုတင် ခန့်မှန်းမှု ပြုလုပ် ခဲ့သည့် ထိပ်တန်း သံတမန်၏ အမြင်ကို တနလာင်္ နေ့က နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး အပြီးတွင် အီးယူက ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

*****************************************************************************************************************************

တားမြစ် ပစ္စည်းများကို မြောက်ကိုရီးယားထံမှ ဝယ်ယူရန် အီရန် ကြိုးစားခဲ့

(Reuters သတင်းမှ 23 Mar 2011 ရက်စွဲပါ “Iran tried to boybanned items from N.Korea” သတင်းကို ဘာသာ ပြန်ဆိုသည်)

တီဟီရန်၏ နျူကလီယာနှင့် ဒုံးကျည် အစီ အစဉ်များ အပေါ် ချမှတ် ထားသော ကုလ သမဂ္ဂ အရေးယူ ပိတ်ဆို့မှု များတွင် အကျုံးဝင် တားမြစ် ထားသည့် ပစ္စည်းများကို မြောက်ကိုရီးယားနှင့် တရုတ် နိုင်ငံ ထံမှ တင်သွင်းရန် အသစ် ထပ်မံ ကြိုးပမ်းမှု များကြောင့် အီရန် နိုင်ငံကို စုံစမ်း စစ်ဆေးမှု ပြုလုပ် နေသည်ဟု ကုလ သမဂ္ဂ သံတမန် များက အင်္ဂါ နေ့တွင် ပြောကြား လိုက်သည်။

အနုမြူဗုံး ထုတ်လုပ်ရန် ရည်ရွယ် နေသည်ဟု အနောက် နိုင်ငံ များက စိုးရိမ် မကင်း ဖြစ်နေသည့် နျူကလီယာ လောင်စာ သန့်စင်မှု အစီ အစဉ်ကို ရပ်ဆိုင်းရန် ငြင်းဆန် နေသည့် အတွက် တီဟီရန် အပေါ် ကုလ လုံခြုံရေး ကောင်စီက ၄ ချီမြောက် ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုကို အီရန် နိုင်ငံက လိုက်နာမှုနှင့် ပတ်သက်သည့် လေးလပတ် အစီရင် ခံစာကို ဆွေးနွေးရန် ပြုလုပ်သည့် ကုလ လုံခြုံရေး ကောင်စီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် အထက်ပါ သတင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

အီရန် ကမူ သူ၏ နျူကလီယာ အစီ အစဉ်သည် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး သက်သက် ကိုသာ ရည်ရွယ် သည်ဟု ပြောကြား ထားသည်။

လုံခြုံရေး ကောင်စီ၏ အီရန် sanctions ကော်မတီ ဥက္ကဋ္ဌ ကိုလံ ဘီယာ သံအမတ်ကြီး Nestor Osoria ကမူ အဆိုပါ ဖြစ်ရပ် နှစ်ခုကို အသေးစိတ် ပြောကြား ခဲ့ခြင်း မရှိပါ။ သို့သော်လည်း သံအမတ်ကြီးက အဆိုပါ ကိစ္စ နှစ်ရပ် စလုံးကို အီရန် sanctions ကော်မတီနှင့် ကုလ သမဂ္ဂ ကျွမ်းကျင်သူ အဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ် နေသည်ဟု လုံခြုံရေး ကောင်စီသို့ တင်ပြ ပြောဆို ခဲ့သည်။

“ကြားသိ ထားရတဲ့ sanctions ချိုးဖောက်မှု အကြိမ် အရေ အတွက် များပြား လာခြင်းဟာ အထူး စိုးရိမ် စရာ ကိစ္စ တစ်ခု ဖြစ်ပါတယ်”ဟု သံအမတ်ကြီး Osoria က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

**************************************************************************************************************************

အစီရင်ခံစာက ချိုနန် နစ်မြုပ်မှုအတွက် တောင်ကိုးရီးယား စစ်တပ်အား ဝေဖန်

(24 March 2011 ရက်စွဲပါ BBC News မှ Cheonan sinking:Paper criticises S Korea militaryကို ဘာသာ ပြန်သည်)

တောင်ကိုရီးယား အစိုးရသည် တော်ပီဒို အပစ်ခံ၍ သင်္ဘောသား (၄၆) ဦး သေဆုံးသော စစ်သင်္ဘော ချိုနန် Cheonan ၏ တစ်နှစ်ပြည့် အထိမ်း အမှတ် အဖြစ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

စာမျက်နှာ (၃၀၈) မျက်နှာရှိ အဆိုပါ အစီရင်ခံ စာတွင် တောင်ကိုရီးယား စစ်တပ်အား မြောက်ကိုရီးယား ရေငုပ် သင်္ဘော များကို ကာကွယ်ရန် သတိပေးမှု အဆင့်ကို မြှင့်တင်ရန် မလုပ် ဆောင်နိုင်မှု အတွက် ဝေဖန် ခဲ့သည်ဟု Yonhap သတင်း ဌာနက ဆိုသည်။

တစ်ချိန် တည်းမှာပင် တောင်ကိုရီးယားသည် ဒုံးကျည်တင် ဖျက်သင်္ဘော အသစ်ကို စတင် အသုံးပြု နေပြီ ဖြစ်သည်။ ဆိုးလ်သည် မြောက်ကိုရီးယားကို နယ်စပ် ဖြတ်ကျော် ကိစ္စများကို ပြန်လည် စကား မပြောမီ Cheonan ကိစ္စအား တောင်းပန်ရန် တောင်းဆို ထားသည်။

ထို့အပြင် တောင် ကိုရီးယားက မြောက် ကိုရီးယားကို ပြီးခဲ့သည့် နိုဝင်ဘာလက Yeongpyeong ကျွန်းအား အမြောက်ဖြင့် ပစ်ခတ်မှု အတွက် တောင်းပန် ရမည်ဟု ဆိုနေ ပြန်သည်။

မြောက်ကိုရီးယားက Cheonan အား ပစ်ခတ်မှု အတွက် ငြင်းဆိုခဲ့ပြီး၊ ကျွန်းအား ပစ်ခတ် ရခြင်း မှာလည်း ထိုဒေသတွင် တောင်ကိုရီးယား စစ်တပ်က စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်၍ ရန်စခြင်း ကြောင့်ဟု ဆိုသည်။

တောင်ကိုရီးယား မီဒီယာ သတင်းစာ တစ်ခုက ချိုနန် ကို မကာကွယ် နိုင်ခဲ့ ခြင်းသည်၊ အစိုးရ၏ ကာကွယ်ရေးနှင့် စစ်တပ် မဟာ ဗျူဟာ အတွက် ကြီးမားသော တိုက်ခိုက် ခံရမှုပင် ဖြစ်သည်ဟု အကြံပြု ရေးသား ခဲ့သည်။

“မတ်လ (၂၆) နံနက်က စစ်တပ်သည် Yono အဆင့် ရေငုပ် သင်္ဘော အချို့ တွေ့ရှိ ခဲ့သော်လည်း၊ ၎င်းတို့ မြောက်ကိုရီးယား အနောက်ဖက် ကမ်းရိုး တန်းမှာ ထွက်ခွာ လာချိန်တွင် ရေဒါမှာ ပျောက်ကွယ် သွားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ရေငုပ် သင်္ဘောတွေနဲ့ ပတ်သက်ပြီး သတိပေး အဆင့် မြှင့်ဖို့ မလုပ် နိုင်ခဲ့ပါဘူး”ဟု အစီရင် ခံစာတွင် ဖော်ပြ ထားခြင်းအား Yonhap က ကိုးကား ဖော်ပြခဲ့သည်။

“ထိုအချိန်က တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယား ရေငုပ် သင်္ဘော များသည် ပုံမှန် လေ့ကျင့်ရေး ပြုလုပ်သည်ဟု ယူဆ၍ လျော့တွက် ခဲ့ကြသည်” ဟု အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

တောင်ကိုရီးယား၏ တတိယမြောက် ဖျက်သင်္ဘောသည် ယခု အခါ စမ်းသပ် နေသည်မှာ တစ်နှစ်ခန့် ရှိပြီ ဖြစ်ပြီး အဆင့်မြင့် နည်းပညာသုံး Aegis ရေဒါ စနစ်နှင့် လက်နက် ထိန်းချုပ်ရေး စနစ်များ တပ်ဆင် ထားသည်။

(T600) တန်ရှိ အဆိုပါ KDX-3 ဖျက် သင်္ဘောကို (၁၆) ရာစု နှစ်က ပညာရှင်၏ အမည်နှင့် Seoae Ryu Seoae-ryong ဟု အမည် ပေးထားသည်။

တောင်ကိုရီးယားသည် ၂၀၀၄ မှ စ၍ Aegis ဖျက်သင်္ဘော သုံးစင်း စတင် ဆောက်လုပ် ခဲ့သည်။

***********************      *************************

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာ ပြန်ဆို ဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

×××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၅.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာ ငလျင် ၂၅ ဦးကျော် သေဆုံး

(Channel News Asia မှ 25 March 2011 ရက်စွဲပါ “Over 25 Killed in Myanmar quake” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနယ်စပ် အနီး မြန်မာ နိုင်ငံ အတွင်း လှုပ်သွား ခဲ့သော အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အဆောက် အဦးများ ဒါဇင်နှင့် ချီ၍ ပျက်စီး ခဲ့သည်ဟု နှစ်နိုင်ငံ အာဏာပိုင် များက သောကြာ နေ့တွင် ပြောကြား လိုက်သည်။

အမေရိကန် ဘူမိ ဗေဒ လေ့လာရေး ဌာန၏ တိုင်းထွာမှု အရ အင်အား ၆.၈ မဂ္ဂနီကျူ ပြင်းအား ရှိသော ငလျင်၏ တုန်ခါ မှုကို ဗဟို ချက်နှင့် ကီလို မီတာ ၈၀၀ ဝေးသော ဘန်ကောက်မှ လည်းကောင်း၊ ဟနွိုင်းနှင့် တရုတ် နိုင်ငံ ဒေသ အချို့မှ လည်းကောင်း ခံစား သိရှိ ရသည်ဟု ဆိုသည်။

ငလျင် ဗဟိုချက်နှင့် နီးကပ်သည့် တာလေ မြို့နယ်တွင် လူအသေ အပျောက် များပြား နိုင်ကြောင်း မြန်မာ တာဝန် ရှိသူ တစ်ဦးက သတိပေး ပြောဆိုခဲ့ပြီး ငလျင် လှုပ်ချိန်တွင် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၃) ဦး၊ ကလေး (၁) ဦး သေဆုံး ခဲ့ကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။

“ဘုန်းကြီး ကျောင်း (၅) ကျောင်းနဲ့ မြို့ထဲက အဆောက် အဦး (၃၅) ခု ပြိုကျ သွားပါတယ်၊ ဒီလူတွေက အဆောက် အဦး ပြိုကျလို့ သေဆုံး သွားကြ တာပါ” ဟု အမည် မဖော် လိုသူ တာဝန် ရှိသူက ဆိုသည်။

တာချီလိတ် ခရိုင် တာလေတွင် လူ ၂၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ငလျင်ကြောင့် ပျက်စီး နေခြင်း အတွက် မြို့လယ် လမ်းမကြီးကို ပိတ်ထား သည်ဟု အဆိုပါ တာဝန် ရှိသူက ပြောကြားသည်။

တာချီလိတ်မှ တစ်ဖက် နိုင်ငံ နယ်ခြားကို ကျော်လိုက် သည်နှင့် ထိုင်း အာဏာပိုင် များက ပြောကြား ရာတွင် မယ်ဆိုင် ခရိုင်၌ အိမ်နံရံ ပြိုကျ မှုကြောင့် အသက် ၅၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့သည်ဟု ဆိုသည်။

ဒေသ တလွှားမှ ကြောက်လန့် နေသော ဒေသခံ များသည် ၎င်းတို့၏ အိမ်များကို စွန့်ခွာ ထွက်ပြေး ကြပြီး အထပ်မြင့် အဆောက် အဦးများ ယိမ်းထိုး လှုပ်ရှား ခဲ့ကာ ငလျင် လှုပ်နေစဉ် အတွင်း ဆေးရုံများ၊ စာသင် ကျောင်း များတွင် လူအများကို ကယ်တင် စောင့်ရှောက် ထားခဲ့ကြောင်း သိရှိ ရသည်။

ချင်းရိုင်နှင့် မြောက်ဖက် ကီလို မီတာ ၉၀ အကွာ၊ ရေပန်းစား တိုးရစ် မြို့တော် ချင်းမိုင်နှင့် အရှေ့ မြောက်ဖက် ကီလို မီတာ ၂၃၅ အကွာတွင် လှုပ်သွားသော ငလျင်ကြောင့် ဘန်ကောက် မြို့တော်ရှိ မြင့်မားသော အဆောက် အဦးများ လှုပ်ယမ်း သွားခဲ့သည်။

မြန်မာ နိုင်ငံ တွင်းမှ ငလျင် ဗဟိုချက် နေရာသည် ထိုင်းနှင့် လာအို နယ်စပ် များနှင့် နီးကပ်ပြီး မြေအောက် အနက် ၆ မိုင် ခန့်တွင် ဖြစ်ကြောင်း သိရှိ ရသည်။

ကနဦး ငလျင် အပြီးတွင် ကြီးမား သော တုန်ခါမှု  ၆ ကြိမ် ဖြစ်ပေါ် ခဲ့သည်ကို မှတ်တမ်း တင်နိုင် ခဲ့ကြောင်း ထိုင်း နိုင်ငံ မိုးလေ ဝသနှင့် ဇလ ဗေဒ ဌာနက သောကြာ နေ့တွင် ကြေညာ ခဲ့သည်။

အထပ်မြင့် အဆောက် အဦး များမှ လူများကို ကယ်တင် နိုင်ရန် ကြိုးပမ်း ခဲ့ရပြီး မယ်ဆိုင် ခရိုင် ဆေးရုံမှ လူနာ များကို ချင်းရိုင်သို့ ပို့ဆောင်ရန် အမိန့်ပေး ထားကြောင်း ချင်းရိုင် အုပ်ချုပ်ရေး ဆုမ်ချိုင်း ဟာတာ ယာတာနီ က AFP သို့ ကြာသ ပတေးနေ့ ညပိုင်းတွင် ပြောကြားသည်။

ငလျင် တုန်ခါမှုကို တရုတ် အနောက် တောင်ပိုင်း ယူနန် ပြည်နယ် တစ်လွှား တွင်လည်း ခံစား သိရှိ ရကြောင်း တရုတ် ရေဒီယိုက ကြေညာ သွားခဲ့သော်လည်း လူသေဆုံးမှု၊ အဆောက် အဦး ပြိုကျမှု သတင်း များကို သောကြာနေ့ မနက် အထိ မကြား ရသေးပါ။

သို့သော်လည်း ငလျင် ဒဏ်ကြောင့် မြန်မာ နယ်စပ်နှင့် နီးကပ်သည့် ဆစ်ဆောင် ပနား ဒေသမှ အိမ်များနှင့် စာသင်ကျောင်း များတွင် နံရံများ အက်သွား ခဲ့ပြီး ငလျင် ထပ်မံ လှုပ်မည်ကို ကြောက်ရွံ့သော လူအများစုမှာ တစ်ညလုံး အိမ်အပြင် ဖက်တွင် အချိန်ဖြုန်း ခဲ့ကြ ရသည်ဟု သိရှိ ရသည်။

ဗီယက်နမ် မြို့တော် ဟနွိုင်း တွင်လည်း ငလျင် လှုပ်ချိန်တွင် ဒေသခံ အချို့ နေအိမ် များမှ ထွက်ပြေး ကြသည်ဟု ဆိုသည်။

၁၀ လွှာတွင် နေထိုင်သော ငုယင်သီဟန် (အသက် ၃၆ နှစ်) က သူမတို့ လင်မယား မွေးထားသော ငါးကလေး ကန်ထဲတွင် လှုပ်ခါ နေသည်ကို သတိထား မိခဲ့သည်ဟု ပြောကြား သည်။ “ကျွန်မတို့ အားလုံး လမ်းပေါ်ကို ဆင်းပြေး ကြတယ်၊ တစ်တိုက် လုံးက လူတွေ အားလုံး ဆင်းပြေး လာကြ တယ်” ဟု သူမက ဆိုသည်။

ငလျင် စောင့်ကြည့် လေ့လာရေး ဌာန ဒုတိယ အကြီး အကဲ ဒင်ကုဘန်က ဟနွိုင်းတွင် လှုပ်ခတ် သွားသော အင်အားမှာ ၅.၀ မဂ္ဂနီကျူ အဆင့် ခန့် ရှိ သည်ဟု ဆိုသည်။

ဂျပန် နိုင်ငံတွင် လူ ၂၇၀၀၀ ခန့် သေဆုံး (သို့) ပျောက်ဆုံးကာ ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံ ပြဿနာကို ဖြစ်ပေါ် စေခဲ့သော ကြောက်စရာ ဆူနာမီ လှိုင်းလုံးကြီး များကို ဖြစ်ပေါ် စေခဲ့သော အင်အားပြင်း ငလျင်ကြီး လှုပ်အပြီး ၂ ပတ် အကြာတွင် ယခု ငလျင် လှုပ်ခဲ့ခြင်း ဖြစ်သည်။

ကုန်းတွင်းပိုင်း ကျလွန်းသော မြန်မာ ငလျင်သည် အိန္ဒိယ သမုဒ္ဒရာတွင် လှိုင်းလုံး ကြီးများ ဖြစ်ပေါ် စေရန် အလှမ်း ဝေးလွန်း သဖြင့် ဆူနာမီ သတိ ပေးမှု ထုတ်ပြန်ခြင်း မရှိဟု အမေရိကန် ငလျင် ပညာရှင် များက ပြောကြားသည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာ လေ့လာရေး ဌာနက အင်အား ၇.၀ မဂ္ဂနီကျူ အဆင့်ဖြင့် ရှေးဦးစွာ မှတ်တမ်း တင်ခဲ့ သော်လည်း နောက်ပိုင်းတွင် ၆.၈ မဂ္ဂနီကျူသို့ ပြင်ဆင် သတ်မှတ် ခဲ့သည်။

******************************************************************************************************************************

ဆူနာမီဒဏ်ခံ ဂျပန် အရှေ့မြောက်ပိုင်းတွင် အင်အားပြင်း ငလျင်များ ထပ်မံလှုပ်

(AFP သတင်းမှ 23 March 2011 ရက်စွဲပါ “Strong quakes folt Japan’s tsunami hit north-east” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံ အရှေ့မြောက် ကမ်းခြေကို အင်အားပြင်း ငလျင်နှင့် ဆူနာမီ လှိုင်းများက ပြိုလဲ ခဲ့ပြီး နောက်ပိုင်း မနေ့က အင်္ဂါနေ့တွင် ငလျင် အတွဲလိုက် ထပ်မံ လှုပ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ များ၏ တစ်ပတ်ကျော် ကြောက်ရွံ့ နေမှုကို တာရှည် သွားစေသည်။

ဂျပန် နိုင်ငံ၏ ဆူနာမီ ဒဏ်ခံ အရှေ့မြောက် ကမ်းခြေတွင် ဒေသ စံတော်ချိန် ၀၇း၁၈ GMT တွင် စတင်၍ အချိန် ၂ နာရီ ခွဲခန့် အတွင်း အင်အား ၆.၆ မဂ္ဂနီကျူ ငလျင် ၂ ခုနှင့် အင်အား ၆.၄ မဂ္ဂနီကျူ ငလျင် တစ်ခု လှုပ်သွား ခဲ့သည်ဟု အမေရိကန် ဘူမိ ဗေဒ လေ့လာရေး ဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

လူအသေ အပျောက်နှင့် ထိခိုက် ဖျက်စီးမှု သတင်းများ မရှိသလို ဆူနာမီ သတိပေးမှု များလည်း မရှိဟု သိရသည်။

မြင့်မားသော ဆူနာမီ လှိုင်းလုံးကြီး များကို ဖြစ်ပေါ် စေသည့် စံချိန်တင် အင်အားပြင်း ၉.၀ မဂ္ဂနီကျူ ငလျင်က ဂျပန် နိုင်ငံ အရှေ့မြောက် ကမ်းခြေကို ဖြိုလှဲ ပစ်ခဲ့ရာ လူပေါင်း ၂၁၀၀၀ ကျော် သေဆုံး (သို့) ပျောက်ဆုံး ခဲ့ရပြီး ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံ ပြဿနာကို အစပျိုး ပေးခဲ့သည်။

ပစ္စဖိတ် သမုဒ္ဒရာ ပတ်လည်ရှိ “Ring of Fire” ပေါ်တွင် တည်ရှိ သော ဂျပန် နိုင်ငံသည် ကမ္ဘာ့ အင်အား အပြင်းဆုံး ငလျင်များ၏ ၂၀ ရာခိုင်နှုန်း ခန့်၏ ဒဏ်ကို ခံခဲ့ရ သည်ဟု သိရှိ ရသည်။

***********************************************************************************************************************************

ဖူကူရှီးမား ရေဒီယိုသတ္တိကြွ အမှုန်များ ဥရောပ အထိ ရောက်ရှိသော်လည်း ပမာဏ အလွန်နည်း

(Associated Press မှ 24 March 2011 ရက်စွဲပါ “Fukushima fallout reaches Europe but traces tiny” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံရှိ ထိခိုက် ပျက်စီး နေသော နျူကလီယာ ဓါတ်အားပေး စက်ရုံမှ ရေဒီယို သတ္တိကြွ အမှုန် အမွှား အနည်း ငယ်သည် အိုက်စလန်သို့ ရောက်ရှိ ခဲ့ပြီး ပြင်သစ်နှင့် ဥရောပ တလွှား သို့လည်း ရောက်ရှိ သည်ဟု မျှော်လင့် ရသော်လည်း ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်စေ နိုင်ခြင်း မရှိပါဟု ကျွမ်းကျင်သူ များက ဗုဒ္ဓဟူး နေ့တွင် ပြောကြားသည်။

ဂျပန် နိုင်ငံ ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံသည် မတ်လ ၁၁ ရက်နေ့တွင် ကြီးမား သော ငလျင်နှင့် ပြင်းထန်သော ဆူနာမီ လှိုင်းများ၏ ဒဏ်ကို ခံခဲ့ ရခြင်းကြောင့် ရေဒီယို သတ္တိကြွ အမှုန်များ ထုတ်လွှတ် ခဲ့ပြီး ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့ သွားနိုင်ကြောင်း စိုးရိမ် ပူပန်မှု များကို ဖြစ်ပေါ် စေသည်။

သဲလွန်စ ရနိုင်သည့် ရေဒီယို သတ္တိကြွ အိုင်အိုဒင်း၊ ပမာဏ အနည်းငယ် သယ်ဆောင် လာသော မြူမှုန် များကို အိုက်စလန်တွင် တွေ့ရှိ ခဲ့သည်ဟု အိုက်စလန် ရေဒီယို သတ္တိကြွ အန္တရာယ် ကင်းရှင်းရေး အာဏာပိုင် အဖွဲ့က ပြောကြားသည်။ သို့သော်လည်း ယခု စစ်ဆေး တွေ့ရှိသည့် ပမာဏသည် ၁၉၈၆ ခုနှစ်က ဝေးလံသော နေရာများ အထိ ရေဒီယို သတ္တိကြွ အမှုန်များ ထုတ်လွှတ် ခဲ့သည့် ချာနိုဘိုင်း ဖြစ်ရပ်တွင် ဥရောပ၌ တွေ့ရှိ ရသည့် ပမာဏ၏ တစ်သန်းပုံ တစ်ပုံပင် မရှိပါဟု ဆက်လက် ပြောကြား ခဲ့သည်။

ဥရောပ နိုင်ငံ များ အနေဖြင့် ဂျပန် နိုင်ငံ၏ မဖြေရှင်း နိုင်သေးသော နျူကလီယာ ပြဿနာကို စောင့်ကြည့် နေကြသလို ပြဿနာ၏ အကျိုးဆက် များကို စုံစမ်း လေ့လာရေး ကြောက်ရွံ့ မှုများ ဆက်လက် ဖြစ်ပေါ် နေသည်။

“ဂျပန် နိုင်ငံ နျူကလီယာ မတော် တဆ ဖြစ်ရပ်က ထွက်ပေါ် လာတဲ့ ရေဒီယို သတ္တိကြွ တွေကို အိုက်စလန်နဲ့ ဥရောပမှာ တွေ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ် စရာ အကြောင်း မရှိဘူးလို့ ကျွန်တော်တို့ ကောက်ချက် ချခဲ့ကြ ပါတယ်” ဟု အရေးပေါ် ကြိုတင် ပြင်ဆင်ရေး ဌာန အကြီး အကဲ Singuadur Emil Palsson က ပြောကြာသည်။

ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံမှ အနေ အထား အရပ်ရပ်သည် အလွန် အမင်း စိုးရိမ် နေရဆဲ ဖြစ်သည်ဟု နိုင်ငံ တကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် ဆက်စီယမ် အမှုန်များ စီရင်စု ဒေသ ၁၀ခု တစ်လွှား ပြန့်ကျ နေမှုသည် တစ်ရက်ပြီး တစ်ရက် ပြောင်းလဲမှု ရှိနေ သော်လည်း ထိန်းချုပ် နိုင်မှု အခြေ အနေမှာ ယေဘုယျ အားဖြင့် တက်ရိပ် ပြနေသည်ဟု IAEA အကြီးအကဲ ယူကီယာ အေမာနို၏ ဝါရင့် အကြံပေး ဂရေဟမ် အင်ဒရူးက ပြောကြား လိုက်သည်။

********************************************************************************************************************************

ဂျပန်မှ ပို့သော စားသောက်ကုန် အချို့တွင် ရေဒီယို သတ္တိကြွမှု စင်ကာပူ တွေ့ရှိ

(Associated Press မှ 25 March 2011 ရက်စွဲပါ “Singapore finds radiations in some food from Japan” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံတွင် ဆူနာမီကြောင့် ထိခိုက် ပျက်စီး သွားသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီယာ ဓါတ်အားပေး စက်ရုံ အနီး တဝိုက်တွင် စိုက်ပျိုးသော ဟင်းသီး ဟင်းရွက် များ၌ ရေဒီယို သတ္တိကြွ စိမ့်ဝင် မှုကို စင်္ကာပူ နိုင်ငံက စစ်ဆေး တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။

ဂျပန် နိုင်ငံ တိုချီဂီ၊ အီဘာရာကီ၊ ချီဘာ၊ အီဟီမီ ဒေသများမှ တင်ပို့သော မုံညှင်း၊  ပါစလေနှင့် အခြား ဟင်းသီး ဟင်းရွက် ၂ မျိုး၏ နမူနာ များတွင် ရေဒီယို သတ္တိကြွမှု အနည်းငယ် တွေ့ရှိကြောင်း စိုက်ပျိုးရေး၊ စားသောက်ကုန်နှင့် မွေးမြူရေး အာဏာပိုင် အဖွဲ့က ကြာသ ပတေးနေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ဆေး တွေ့ရှိ ရသည့် ရေဒီယို သတ္တိကြွ ပမာဏသည် ခဏ တဖြုတ် အချိန်ကို စားသုံး ရုံမျှဖြင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်စေ နိုင်သော သေးငယ်သည့် ပမာဏသာ ဖြစ်သည်ဟု စိုက်/မွေး စားသောက်ကုန် အာဏာပိုင် အဖွဲ့က ဆိုသည်။

ပိတ်ပင် ထားပြီး ဖြစ်သော ဖူကူ ရှီးမား၊ အီဘာ ရာကီ၊ တိုချိကီ၊ ဂူမာ ဒေသများမှ နွားနို့၊ နို့ထွက် ပစ္စည်း၊ သစ်သီး၊ ဟင်းရွက်၊ ပင်လယ်စာ၊ အသား စသော စာရင်းတွင် ချီဘာနှင့် အီဟီမီ ဒေသမှ တင်ပို့သော စားသောက်ကုန် များ ကိုလည်း ထပ်မံ ထည့်သွင်း တားမြစ် လိုက်သည်ဟု အဆိုပါ စိုက်/မွေး စားသောက်ကုန် အာဏာပိုင် အဖွဲ့က ပြောကြားသည်။

******************************************************************************************************************************

ဆီးရီးယားတွင် မငြိမ်သက်မှုကြောင့် အစိုးရက ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် စီစဉ်

(24 March 2011 ရက်စွဲပါ BBC News မှ Syria unrest: Government pledges political reforms ကို ဘာသာ ပြန်သည်)

ဆီးရီးယား နိုင်ငံ တောင်ပိုင်း Deraa မြို့တွင် ရုန်းရင်း ဆန်ခတ် ဖြစ်ပွား မှုများ ဖြစ်ပွား ပြီးနောက် ဆီးရီးယား ခေါင်းဆောင် များသည် ဆန္ဒ ပြသူ များ၏ တောင်းဆိုမှု များအား ဖြည့်ဆည်း နိုင်ရေး အတွက် ပြုပြင် ပြောင်းလဲမှုများ စတင်ရန် စီစဉ်လျက် ရှိသည်။

တာဝန် ရှိသူ များသည် ၁၉၆၃ ခုနှစ် ကတည်းက ချမှတ် ထားသော တိုင်းပြည် အရေးပေါ် အခြေ အနေကို ရုတ်သိမ်း နိုင်ရေး လိုအပ် ချက်များကို လေ့လာရန် ကတိ ပေးခဲ့သည်။

အစိုးရက Deraa တွင် ဆန္ဒ ပြသူ များအား သတ်ဖြတ် ခဲ့သူဟု သံသယ ရှိသူ များကို ရုံးတင် မည်ဟု ပြောခဲ့သည်။

သမ္မတ Bashar al-Assad သည် နောက်ပိုင်းတွင် မကြာ သေးမီက ဆန္ဒ ပြမှု များတွင် ဖမ်းဆီး ထားသူ အားလုံးကို ပြန်လွှတ်ရန် အမိန့် ထုတ်ခဲ့သည်ဟု အစိုးရမီဒီယာက ပြောသည်။

သမ္မတ၏ ပြောရေး ဆိုခွင့်ရ အမျိုးသမီး Bouthaina Shaaban က နိုင်ငံ ပြင်ပမှ လှုံ့ဆော်သူ များကို အပြစ် တင်ခဲ့ပြီး၊ အစိုးရက ဆန္ဒ ပြသူ များကို ပစ်ခတ်ရန် အမိန့် ပေးခဲ့သည် ဆိုသည်ကို ငြင်းဆို ခဲ့သည်။ သို့သော် အမှား မလုပ်ခဲ့ပါဟု မဆိုလို ကြောင်းလည်း သူမက ပြောသည်။

“ကျွန်မ တို့ဟာ လူတစ်ဦးရဲ့ အပြု အမူနဲ့ သမ္မတကြီး Assad ရဲ့တိုင်းပြည် ကောင်းစားရေး အတွက် စိတ်အား ထက်သန်မှုနဲ့ ဆုံးဖြတ်ချက်ကို ရောထွေး မပစ်သင့်ပါဘူး” ဟု သူမက Damascus တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့သည်။

ကန့်သတ်မှုများ ဖြေလျော့ပေးမလား

Deraa မှ ပြည်သူ များနှင့် စကား ပြောရန် ကော်မတီ တစ်ခု ဖွဲ့မည် ဖြစ်ပြီး ဆန္ဒ ပြသူ များအား သတ်ဖြတ် ရာတွင် တာဝန် ရှိသူ များကို ရုံးတင်မည် ဖြစ်ကြောင်း Shaaban က ပြောသည်။

သူမက ပြောကြား ရာတွင် အစိုးရသည် အလုပ် သမား လစာများ တိုးမြှင့် ပေးမည် ဖြစ်ကြောင်း၊ ကျန်းမာရေး ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် နိုင်ငံရေး ပါတီများ ပိုမို ခွင့်ပြုမည် ဖြစ်ကြောင်း၊ မီဒီယာ များကို ကန့်သတ် ထားမှု များအား ဖြေလျော့ ပေးမည် ဖြစ်ကြောင်းနှင့် ခြစားမှု များကို တိုက်ဖျက်မည့် နည်းလမ်း သစ်များ ထူထောင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Ms Shaaban သည် ၂၀၀၅ ခုနှစ် ကတည်းက ထိုသို့ ပြောင်းလဲရေး အကြောင်းများ ပြောခဲ့ သော်လည်း၊ အကောင် အထည် ဖော်ခြင်း မရှိကြောင်း ဝေဖန် သုံးသပ်သူ များက ပြောသည်။

သတင်းစာ ရှင်းလင်းပွဲ ပြီးလျှင် ပြီးချင်း အတိုက် အခံ အုပ်စုများက Reuters သို့ ပြောကြား ရာတွင် Deraa ကော်မတီသည် လူထု၏ လိုလားချက် များကို ဖြည့်ဆည်း နိုင်မည် မဟုတ်ကြောင်း ပြောခဲ့ ကြသည်။

ဆီးရီးယား နိုင်ငံ တွင်းနှင့် ပြည်ပရှိ အစိုးရ ဆန့်ကျင်သူ များက ပြုပြင် ပြောင်းလဲရေး အစီအစဉ် များကို ပယ်ချ ခဲ့ကြပြီး၊ အရေးပေါ် အခြေ အနေကို ချက်ခြင်း ရုတ်သိမ်း ရန်နှင့် နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်း များစွာကို လွှတ်ပေးရန် တောင်းဆို ခဲ့သည်ဟု Reuters က သတင်း ထုတ်ပြန်သည်။

ဆီးရီးယား လူ့အခွင့် အရေးကို ဦးဆောင်သူ Abdul-Karim Rihawi က နောက်ပိုင်းတွင် ပြောကြား ခဲ့ရာတွင် အာဏာပိုင် များသည် နာမည်ကြီး သတင်းစာ ဆရာ Mazen Darwish နှင့် စာရေးဆရာ Louay Husein အပါ အဝင် လှုပ်ရှားသူ အချို့ကို ပြန်လွှတ် ပေးခဲ့ကြောင်း ပြောခဲ့သည်။

BBC နှင့် CNN အပါ အဝင် နိုင်ငံတကာ မီဒီယာ များသည် ဆန္ဒ ပြသူ များအား နှိမ်နှင်း မှုအား ပုံကြီးချဲ့ ပြောကြား ခဲ့သည်ဟု Shaaban က စွပ်စွဲ ခဲ့သည်။

ဗုဒ္ဓဟူးနေ့က မငြိမ်သက် မှုများတွင် မည်မျှ အသတ် ခံရသည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ခန့်မှန်း ပြောဆိုမှု အမျိုးမျိုး ရှိခဲ့သည်။

အချို့သတင်းများက မျက်မြင် သက်သေ များနှင့် လှုပ်ရှားသူ များ၏ ပြောကြားချက် များကို ကိုးကား၍ (၁၀၀) ကျော်မည်ဟု ပြောခဲ့ပြီး၊ အချို့က (၁၅) ဦး အသတ် ခံရ သည်ဟု ဆိုကြသည်။ အစိုးရ ကမူ (၁၀) ဦး သေဆုံးသည်ဟု ဆိုသည်။

လုံခြုံရေး တပ်ဖွဲ့ များသည် ဗုဒ္ဓဟူးနေ့က Deraa တွင် လူအုပ် အတွင်းသို့ သုံးကြိမ် ပစ်ခဲ့ သည်ဟု မျက်မြင် သက်သေ များနှင့် လှုပ်ရှား သူများက ပြောသည်။

ပထမ ပစ်ခတ်မှုမှာ ဗလီ အပြင်တွင် အစောပိုင်းက ဖြစ်ပွားပြီး၊ နောက်တစ်ကြိမ်မှာ သေဆုံး သူများ အတွက် အသုဘ အခမ်း အနားတွင် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

ကြာသပတေးနေ့တွင် အမေရိကန်က ဆီးရီးယား၏ ဆန္ဒပြသူ များအား သွေးထွက် သံယို နှိမ်နှင်းမှုများ အတွက် ပြင်းထန်သော စကား လုံးများ သုံး၍ ကန့်ကွက် ရှုတ်ချသည့် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

သမ္မတ Assad သည် ၂၀၀၀ ပြည့် နှစ်တွင် ၎င်း၏ ဖခင် ထံမှ အာဏာ ဆက်ခံ ခဲ့ခြင်း ဖြစ်သည်။

************************                   *************************

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

×××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs