Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၃.၂၀၁၁

ပြည်တွင်းသတင်းများ

အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်ဆွေးနွေး

ရန်ကုန်၊ မတ်၂၈။

အထူးစီးပွားရေးဇုန်ဥပဒေများ ထွက်ရှိပြီးနောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း ရှင်ကြီးများ လာရောက်ဆွေးနွေးလျှက်ရှိရာ ယခုအခါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံ အန်ပိာုင်းပြည်နယ်မှ လာရောက် ဆွေးနွေး ခဲ့ကြောင်း UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အထူးစီးပွားရေးဇုန်ဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းစုများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာမှ စိတ်ဝင်စားလာကြကြောင်း၊ တရုတ်နိုင်ငံမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်ရန် စိတ်ဝင်စားလျှက်ရှိကြောင်း၊ မတ်လ ၁၄ ရက်နေ့၌ မြန်မာ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများအစည်းအဝေး၌ အန်ပိာုင်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တတ်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ ယင်း အစည်းအဝေး၌ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ ခန့်တတ်ရောက်ခဲ့ပြီး တရုတ်ပြည်နယ် အန်ပိာုင်းပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀ ခန့် တတ်ရောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍစုံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားစွာဆွေနွေးခဲ့ကြသဖြင့် ကောင်းမွန်သည့် စီးပွားရေးရလာဒ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းမှပင်ဆက်လက် ပြောကြားခဲ့သည်။

ယင်းစည်းဝေးပွဲ၌ တရုတ်နိုင်ငံ အန်ပိာုင်းပြည်နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူး မစ္စတာယူဆောင်မှ အန်ပိာုင်းပြည် နယ်ရှိ စီးပွားရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု လျင်မြန်စွာတိုးတတ်လာခဲ့ကြောင်း၊ UMFCCI မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်မှ တရုတ်နိုင်ငံ အန်ပိာုင်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ အန်ပိာုင်းပြည်နယ်နှင့် စီးပွားရေးပူးပေါင်းမှုများပြုလုပ်ရန် အဓိကဆွေးနွေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများမှာ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်းစု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ခြံမြေ၊ မီးငြှိမ်းသက်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးဝါး၊ လက်မှုပစ္စည်းနှင့် ပရိဘောဂ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်ရောင်းဝယ်မှုများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

-------------------------------------------------------------------------------------------------------------

မြန်မာ-ဗီယက်နမ် အင်တာနက်ဆက်ကြောင်း ချိတ်ဆက်မည်

ရန်ကုန်၊ မတ်၂၈။

မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ အင်တာနက်ဆက်ကြောင်း ချိတ်ဆက်အသုံးပြုရန် စီစဉ်လျှက်ရှိကြောင်း သတင်းအချက်အလက်နှင့် နည်း ပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နည်းပညာဖွံ့ဖြိုးတိုးတတ်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိရာ ယခုကဲ့သို့ မြန်မာ-ဗီယက်နမ် နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးရေးကဏ္ဍ ပိုမိုတိုးတတ်လာစေရန် အလားအလာကောင်းများပင် ဖြစ်သည်။

See Me We လိုင်းအား အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ချိတ်ဆက်အသုံးပြုလျှက်ရှိကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာနှင့် ချိတ် ဆက်အသုံးပြုရန် ကေဘယ်ကြိုးများအား ဥရောပရေအောက်မျက်နှာပြင်တွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၅ နှစ်အတွင်းထဲကပင် ဆက်သွယ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့်ချိတ်ဆက်မည့် ကေဘယ်ကြိုးမှာ အိန္ဒိယနိုင်ငံမှနေ၍ မြန်မာနိုင်ငံရှိ ဖျာပုံမြို့အားဖြတ်၍ ရန်ကုန်မြို့သို့ ဝင်ရောက်ချိတ်ဆက်မည် ဖြစ်ကြောင်း ၎င်းမှပင် ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အင်တာနက် စတင်ပေါ်ပေါက်မှုသည် အမေရိကန်နိုင်ငံမှစတင်၍ ပေါ်ပေါက်လာခဲ့သည် ဖြစ်သည့်အတွက် အင်တာနက် အသုံးပြုသည့် နိုင်ငံအားလုံး အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်(သို့) သွယ်ဝိုက်၍ ချိတ်ဆက်နေရကြောင်း၊ မြန်မာနိုင်ငံရှိ ပြီးစီးခဲ့သည့် အင်တာနက်ဆက်ကြောင်းများမှာ တမူး - မန္တလေး၊ ကန်ပိုက်တီး- မြစ်ကြီးနား - မန္တလေး၊ ရန်ကုန်၊ ထိုင်း စသည့် ဆက်ကြောင်းများကို ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခု ဆက်ကြောင်း ပြီးစီး သွားမည်ဆိုပါက ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အင်တာနက်ကွန်ယက်အား ချိတ်ဆက်ထားပြီးဖြစ်သည့်အတွက် တစ်ကမ္ဘာလုံးရှိ သတင်းအချက်အလက် များကို အချိန်တိုတွင်းမှာပင် လျင်မြန်လွယ်ကူစွာဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

-------------------------------------------------------------------------------------------------------------

ဂျပန် ငလျင်ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံအား ဂျပန် ကူညီမည်

၁၁ မတ်လ ၂၀၁၁ ရက်နေ့ မွန်းလွဲ နှစ်နာရီ လေးဆယ့်ခြောက်မိနစ်၌ ဖြစ်ပွားခဲ့သည့် ဂျပန်ဆူနာမီ ငလျင်လှုတ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံ တစ်ခုလုံး အထိအခိုက် အကျအဆုံးများစွာ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံမှ ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မီဒီယာတစ်ခုတွင်ဖော်ပြထားကြောင်းသိရှိရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတတ်မှုများဆောင်ရွက်ရန် ကူညီပေးမည့်အခန်းကဏ္ဍများမှာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတတ် စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရထားလမ်းသစ်များ တိုးချဲ့ဖောက်လုပ်ရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ လက်ရှိအသုံးပြုလျှက်ရှိသော ရထားလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ခရီးသည်တင်သဘောင်္နှင့် ကုန်သဘောင်္များကို အဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်း၊ လေဆိပ်များနှင့် ဆိပ်ကမ်းများ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတ ကာစနစ်သစ် များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အိုင်တီနှင့် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတတ်မှုတို့အား ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်နိုင်စေရန် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

မထသအောက်ရှိ ကားမှန်သမျှ အလံမတပ်မနေရဟုဆို

ရန်ကုန်၊ မတ်၂၇။

၆၆နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့)တွင် မထသရုံးချုပ်နှင့် မထသ(အဝေးပြေး) အောက်ရှိ ယာဉ်များအားလုံး အလံနှစ်ခု (နိုင်ငံတော် အလံနှင့် တပ်မတော်အလံ) မဖြစ်မနေတပ်ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

၄၃ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦးက “အလံက မနေ့ထည်းက မတပ်မနေရတပ်ရတာ တပ်အလံရယ် သုံးရောင်ချယ်ရယ် နှစ်ခုတပ်ရ တယ်။ ကားတွေတင် မဟုတ်ပါဘူး သင်္ဘောတွေရော သူတို့ခိုင်းလို့ရတဲ့သူတွေ အကုန်လုံးတပ်ရတယ် နေ့ကြီးရက်ကြီးမှန်သမျှ အလံတပ်ရမယ် မတပ်ရင် ဒဏ်ရိုက်မယ်ဘာညာနဲ့ အာဇာနည်နေ့ကြတော့ မသိချင်ယောင်ဆောင်နေကြတယ်။ တကယ်ဆို လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုတာ တကယ့်ကို တပ်ချင်ပါတယ်။ ဒါပေမယ့် သူတို့နေ့ (တပ်မတော်နေ့)ဆို ပိုကိုပိုလွန်းတယ်။ ကျန်တ်ာတို့လည်းစိတ်ဓါတ်ရှိပါတယ်ဗျာ” ဟုပြောကြားသည်။

နိုဝင်ဘာရွေးကောက်ပွဲအပြီး လွှတ်တော်မခေါ်ရသေးမီတွင်ပင် သုံးရောင်ချယ်အလံသို့ ပြောင်းလဲခဲ့ရာ ယင်းမှာလွှတ်တော်ခေါ်ပြီးမှသာ ပြောင်း လဲသင့်သောအရာ ဖြစ်ကြောင်း စစ်အစိုးရ၏လုပ်ရပ်မှာ စည်းကျော်ဘောင်ကျော် လုပ်ရပ်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ ပြင်းထန်စွာ ပေါ် ပေါက်ခဲ့သည်။ ယင်း၏အကျိုးဆက်အရ ညွှန်ကြားချက်များထုတ်ပြန်ထားသော်လည်း လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံ တပ်သူမရှိသလောက် နည်း ပါးကြောင်း တွေ့ရှိရသည်။

ယင်းကို မီဒီယာများတွင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတင်းကျပ်မှုများ ပြုလုပ်ခဲ့ရာ ဖေဖေါ်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) တွင် အလံမတပ်သည့် ယာဉ်များကို ဒဏ်ငွေတပ်ရိုက် အရေးယူခဲ့သည်။ သို့သော် ကုန်တင်ယာဉ်အများစုမှာ အလံမတပ်ပဲနေခဲ့ကြကြောင်း ထိုစဉ်က မီဒီယာများတွင် ဖော်ပြချက် များ အရ သိရသည်။

“ကျွန်တော်တို့က အလံကိုမတပ်ချင်လို့ မဟုတ်ပါဘူး အလံက ခဏလေးနဲ့ ပြဲသွားလို့ မတပ်ရတာပါ”ဟု ဒဏ်ရိုက်ခံသူများကဆိုကြောင်း ထိုစဉ်က မီဒီယာများတွင် ပါရှိသည်။

The CJs News

-------------------------------------------------------------------------------------------------------------

မန္တလေးတွင် စံချိန်တင်ဓါတ်ဆီဈေးကြောင့် ကားဌားခများ မြင့်တက်

မန္တလေး၊ မတ် ၂၆။

မန္တလေးမြို့တွင် ဓါတ်ဆီဈေး တစ်ဂါလံလျှင် ၅၂၀၀ကျပ် သို့စံချိန်တင်မြင့်တက်သွားသောကြောင့် မြို့တွင်း ခရီးတိုပြေးဆွဲနေသော အဌားကား များနှင့် မော်တော်ဆိုင်ကယ် တက္ကစီများဌားရမ်းခ နှစ်ဆနီးပါးခန့် မြင့်တက်သွားကြောင်း ကားလောကအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ အရင်က ဘူတာနဲ့ ကျွဲဆည်ကန်ဆို ၃၅၀၀ လောက်ပဲယူတာ။ အခုဆီဈေးတက်တော့ ၅၀၀၀ လောက်မှ မရရင် ဘယ်လိုမှ လိုက်လို့မဖြစ်ဘူး။ ဟိုနားဒီနား အနည်းဆုံး ၂၀၀၀ကျပ်ပဲ။ မန္တလေးမှာ အောက်တိန်းက ၄၂၀၀ကျပ်၊ ဓါတ်ဆီက ၅၂၀၀ ကျပ် ပေါက်ဈေးရှိတယ်။ ဆီဈေးတက်တော့ ကားခလည်း လိုက်တက်ရတာပေါ့။ အရင်က တစ်ရက်ကို တစ်သောင်းနှစ်ထောင်လောက် ကျန်တာ၊ အခုဈေးတက်လိုက်တာ တစ်သောင်းခွဲလောက်ရ တယ်။ ကျွန်တော့်ဘက်ကတော့ မနာပါဘူး။ စီးတဲ့သူတွေနာတာပေါ့ ” ဟု လေးဘီးအဌားယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယခင်က မန္တလေးတွင် သုံးဘီး၊ လေးဘီးကားများသည် ဆီဆိုင်များတွင်တန်းစီ၍ ဆီထုတ်ရောင်းစားကြသောကြောင့် ကားဌားရန် အခက်အခဲရှိ ကြောင်း၊ ယခုအခါ ၎င်းကားများအား တစ်ရက်လျှင် ၂ဂါလံသာထုတ်ခွင့်ပြုလိုက်သဖြင့် ဆီတန်းစီသည့်သူဦးရေ နည်းသွားကြောင်း၊ ထိုကဲ့သို့ ဆိုင်မှဆီများ အား အကန့်အသတ်ဖြင့်ရောင်းချသောကြောင့် ပြင်ပတွင် ဓါတ်ဆီဈေးတက်ခြင်း ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက သုံးသပ်သည်။

၂၀၁၀ ဒီဇင်ဘာလက ဓါတ်ဆီ တစ်ဂါလံလျှင် ဆိုင်ထုတ်ဈေး ၂၅၀၀ကျပ်နှင့် ပြင်ပပေါက်ဈေး ၃၅၀၀ကျပ် ရှိခဲ့ရာမှ ၃လအတွင်း ၅၂၀၀ ကျပ်သို့ ကျပ်၂၀၀၀ခန့် မြင့်တက်ခဲ့သည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရေးရာကော်မတီဝင်များ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရန်မလို

နေပြည်တော်၊ မတ် ၂၈။

လွှတ်တော်အတွင်း လစ်လပ်သွားသည့် ကိုယ်စားလှယ်များနေရာ၌ ကြားဖြတ်ရွေးကောက်ပွဲများ၌ ဝင်ရောက်အရွေးခံရန် ပြည်ထောင်စုအဆင့်ရှိ လွှတ်တော် ရေးရာကော်မတီဝင်များ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရန် မလိုကြောင်း သိရသည်။

လွှတ်တော် ရေးရာကော်မတီဝင်ဆိုသည်မှာ ပြည်ထောင်စုအဆင့် ကော်မတီဝင်များကိုဆိုလိုကြောင်း၊ မိမိသည်လည်း ပြည်ထောင်စုအဆင့်ရှိ လွှတ်တော်ရေးရာ ကော်မတီဝင်တစ်ဦးဖြစ်သည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ၌ နှုတ်ထွက်ရန်မလိုကြောင်း ပြည်ထောင်စုလွှတ်တော် ရေးရာကော်မတီ ဝင် တစ်ဦးဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောကြားခဲ့သည်။

လွှတ်တော်အတွင်း အရေးကိစ္စများ၊ အခွင့်အရေး ဖောက်ဖျက်မှုများနှင့် ပတ်သတ်၍ လွှတ်တော်အတွင်း စောင့်ကြည့်ရန် လွှတ်တော်ရေးရာ ကော် မတီဝင် ဖွဲ့စည်းမှုများနှင့် ပတ်သတ်၍ ဒေါက်တာသန်းဝင်းမှပင် ဆက်လက်ပြောကြားခဲ့သည်။ လွှတ်တော်ရေးရာ ကော်မတီဝင်ရွေးချယ်ရာတွင် အမျိုးသမီး များအား ဦးစားပေးရွေးချယ်ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်စားပြုပါတီ စသည်တို့ကို ကြည့်၍ အမျိုးသမီးများအား ဦးစားပေး၍ ရွေးချယ်ထားကြောင်း၊ ထို့ပြင် လွှတ်တော်ရေးရာကော်မတီဝင်များ ခန့်အပ်ရာတွင် ပါတီစုံပါဝင်ပြီး နောက်ခံ ဓန အင်အား တောင့်တင်းခိုင်မာရမည် ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားကိုယ်စားလှယ်များကိုပါ လွှတ်တော်ရေးရာကော်မတီဝင်များထဲတွင် ထည့်ဝင်ထား ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

လူမှုဖူလုံရေး ဥပဒေမူကြမ်းတင်သွင်းရန် ပြည်သူ့လွှတ်တော်မှ အတည်ပြု

ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပသည့် ၁၂ ရက်မြောက်နေ့၌ နိုင်ငံတကာအဆင့်မီ လူမှုဖူလုံရေး ဥပဒေကြမ်းတစ်ရပ်အား ပြည်သူ့လွှတ်တော်သို့တင်သွင်းရန်အဆိုအား အတည်ပြုချက်ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်း စာများ၌ ဖော်ပြပါရှိခဲ့သည်။

“နိုင်ငံတကာအဆင့်မီ လူမှုဖူလုံရေးဥပဒေသစ်တစ်ရပ် မူကြမ်းရေးဆွဲပြုစုပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးသို့ တင်သွင်း ဆွေးနွေးနိုင်ရန် လိုအပ်သောအစီအစဉ်များ ပြုလုပ်ပေးပါရန်” ပြောကြားခဲ့သည့် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပွင့် ဆန်း၏ အဆိုအား ပြည်သူ့လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်(၄)ဦးမှ ထောက်ခံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်များအရ သိရ သည်။

၎င်းအဆိုတင်သွင်းမှုအား အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကြည်မှ ပြန်လည်ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံ၌ လူမှုဖူလုံရေးဥပဒေအား ၁၉၅၄ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ၁၉၅၆ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သို့သော် လက်ရှိကျင့်သုံးလျှက်ရှိသော လူမှုဖူလုံရေးဥပဒေသည် ယခုခေတ်နိုင်ငံအချို့မှ ကျင့်သုံးလျှက်ရှိသည့် လူမှုဖူလုံရေးစီမံကိန်းများတွင် ခံစားခွင့်ရှိသည့် အခြားသော အကျိုးခံစားခွင့်အမျိုးအစားအား လိုအပ်နေသေးကြောင်း၊ ရရှိသည့်အကျိုးခံစားခွင့်များမှာလည်း ခေတ်ကာလအခြေအနေ နှင့်နှိုင်းယှဉ်ပါက အားနည်းချက်၊ လိုအပ်ချက်များကို တွေ့ရှိရပါကြောင်း ပြည်လည်တင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် သက်ကြီးပင်စင် အကျိုးခံစားခွင့်ပြုခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများမှ အလုပ်သမားအင်အား ၃ ဒဿမ ၆ သန်း ကျော်အတွက် နောင်ရေးအာမခံချက်နှင့် ဘဝလုံခြုံမှု ရရှိစေနိုင်ကြောင်း၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကိုလည်း အခြားနိုင်ငံအများတွင် အကျိုးခံစား ခွင့်များပြုနေသည်ကို တွေ့ရပါကြောင်း၊ သေဆုံးမှုအတွက် အသုဘစရိတ်အပြင် သေဆုံးမှု ထောက်ပံ့ကြေးများကိုလည်း ခံစားခွင့်ပြုနေသည်ကို တွေ့ရပါ ကြောင်း၊ ယင်းအချက်များကြောင့် မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးအတွက် ဥပဒေသစ်တစ်ရပ်အား ပြင်ဆင်ရွေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကြည်မှ သုံးသပ်တင်ပြခဲ့သည်။

ယင်းဥပဒေနှင့် ပတ်သတ်၍ လွှတ်တော်အတွင်း သဘောတူညီမှု မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်မှ သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မြန်မာနိုင်ငံတွင် အခွန်ရငွေနှင့် GDP အချိုး ၃ ဒဿမ ၂ ရာခိုင်နှုန်းထိ လျော့နည်းရရှိနေခြင်းမှာ ယျေဘုယျအားဖြင့် အချက် ၅ ချက်ကြောင့်ဖြတ်တယ်" ဟု မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး မေးမြန်းချက်ကို ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည်ဖြေကြားခြင်းမှ သိရသည်။

               အဆိုပါ အချက် ၅ ချက်မှာ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခြင်း၊ အခွန်ထမ်းများက အခွန်ဥပဒေများအပေါ် လိုက်နာမှု အားနည်း ခြင်း၊ အခွန်ဥပဒေဆိုင်ရာဌာနအဖွဲ့အစည်းများက ပံ့ပိုးကူညီမှုအားနည်းခြင်း၊ စာရင်းကိုင်များ၊ စာရင်းစစ်အဖွဲ့များက ဆိုင်ရာဥပဒေများစံများနှင့်အညီ ဆောင်ရွက်မှု အားနည်းခြင်း၊ အခွန်ဆိုင်ရာဥပဒေများခေတ်နှင့် အညီပြုပြင်ရန် လိုအပ်ခြင်းတို့ ဖြစ်ကြောင်း ၎င်း၏ ရှင်းလင်းပြောပြချက်အရ သိရသည်။

မတ် ၂၈ ထုတ် The Messenger အတွဲ(၁) အမှတ် (၄၆) တွင် ပါသည့် "မြန်မာနိုင်ငံသည် အခွန်ကောက်ခံရရှိမှုအနည်းဆုံး နိုင်ငံဖြစ်ကြောင်း သိရ" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မြန်မာလူထုအနေနဲ့ ဥပဒေဘောင်အတွင်းက သူတို့ရဲ့အခွင့်အရေးနဲ့ တာဝန်တွေကို သိရှိမှုအပိုင်းမှာ အားနည်းနေပါသေးတယ်။ သိရုံနဲ့ မပြီးပါဘူး။ လိုအပ် သလို ဥပဒေဘောင်အတွင်းက တိုင်ကြားတတ်ဖို့လည်း လိုပါတယ်။ အဓမ္မစေခိုင်းမှုအပိုင်းမှာလည်း ဥပဒေဘောင်အတွင်းက တိုင်ကြားတတ်ဖို့လည်း လိုပါ တယ်။ အဓမ္မစေခိုင်မှုအပိုင်းမှာလည်း ဥပဒေဘောင်အတွင်းက သူတို့ရဲ့အခွင့်အရေးနဲ့ တာဝန်တွေကို သိရှိရုံနဲ့ မပြီးသေးပါဘူး။ လိုအပ်ရင် တိုင်ကြားဖို့နဲ့ တိုင်ကြားတဲ့နည်း လမ်းတွေကိုသိဖို့ အလေ့အကျင့်တွေရှိဖို့ လိုပါတယ်။ ရုံးခွဲတွေသာ ဖွင့်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးကို အသိပညာပေးနိုင်ရုံ တင်မကဘူး တိုင်ကြားမှုတွေကိုလည်း ဒီထက် ပိုကူညီနိုင်မှာပါ။ လောလောဆယ်မှာတော့ အိုင်အယ်အိုအနေနဲ့ ရုံးခွဲမဖွင့်နိုင်သေးပါဘူး။ တခြားလမ်းကြောင်းတွေကိုပဲ အားကိုနေရပါတယ်။ ဗော်လန်တီယာတွေရဲ့ အကူအညီနဲ့ တိုင်ကြားတဲ့နေရာမှာ လူတွေကို အကူအညီပေးနိုင်ဖို့ပဲ ဆက်လုပ်သွားမှာပါ"

မတ် ၂၉ ထုတ် TURENEWS အတွဲ(၃) အမှတ်(၃၁) တွင် ပါသည့် "မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှုနှင့် ကလေးစစ်သား စုဆောင်းမှု ပပျောက် ရေးလုပ်ငန်းများ လုပ်ကိုင်နေသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိဖ်မာ ရှယ်နှင့် တွေ့ဆုံခြင်းပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

" အခြားရည်ရွယ်ချက်တော့ မရှိပါဘူး။ လွှတ်တော်ပေါ်လာပြီးရင် အစိုးရအဖွဲ့က ဖြစ်လာမယ်။ အဲဒီအဖွဲ့က အုပ်ချုပ်ရေးအာဏာယူတဲ့အချိန်မှာ လွှတ်တော် ထဲမှာ ကျွန်တော်တို့ ဆွေးနွေးမယ်။ အခုအချိန်မှာ အခြားသူတွေ ဆွေးနွေးပါစေဆိုတဲ့ သဘောပါ"

မတ် ၂၉ ထုတ် TURENEWS အတွဲ(၃) အမှတ်(၃၁) တွင် ပါသည့် "အစိုးရအဖွဲ့သစ် အုပ်ချုပ်ရေးအာဏာ စတင်ယူသည့်အချိန်မှ လွှတ်တော် တွင် တ.စ.ည ပါတီက မေးမြန်းဆွေးနွေးမည်" သတင်းမှ တ.စ.ည ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အင်ဂျင်နီယာဆိုပြီး လက်တွေ့မလုပ်ချင်လို့မရပါဘူး၊ Field ထဲကို ဆင်းကိုဆင်းရမယ်။ ကြည့်ရမယ်၊ တချို့ဆိုရင် Field ထဲရောက်လာပြီး လုပ်နေတာကို ကြည့်ချင်စိတ်မရှိဘူး၊ ကိုယ်က ဒီလိုင်းကိုရွေးခဲ့ပြီးပြီ၊ ဘာအကြောင်းကြောင့်ပဲရွေးခဲ့ရွေးခဲ့ ဝင်လာခဲ့ပြီးပြီဆိုရင် စိတ်ဝင်စားရမယ်။ Field ထဲကိုသွား ကြည့်ပြီး ပြဿနာတွေကို ဘယ်လိုရှင်းနေတယ်ဆိုတာ စိတ်ဝင်စားဖို့လိုတယ်။ ဒီဇိုင်းထုတ်တယ်၊ ကွန်ပျူတာမော်ဒယ်ထုတ်တယ်၊ အဲဒီ ကွန်ပျူတာမော် ဒယ်တွေအပြင် လက်တွေ့လောကနဲ့ကင်းကွာနေတဲ့ မော်ဒယ်တွေဖြစ်နေရင် ဘာအကျိုးရှိမှာလဲ၊ ဘယ်လိုလုပ်ပြီး အမှန်တရားနဲ့နီးစပ်မှာလဲ၊ သီအိုရီနဲ့ လက်တွေ့လောက ချိတ်ဆက်တဲ့နေရာမှာ နီးနီးစပ်စပ်ဖြစ်ဖို့က အရေးကြီးပါတယ်"

မတ် ၂၈ ထုတ် The Messenger အတွဲ (၁) အမှတ် (၄၆) တွင် ပါသည့် "မြန်မာအမျိုးသမီးအင်ဂျင်နီယာ အများစုသည် ပြင်ပလုပ်ငန်းများ၌ ကွင်းဆင်းလေ့လာရန် စိတ်ဝင်စားမှုအားနည်း" သတင်းမှ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးညီလှငယ်၏ သုံးသပ် ချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ပီပြင်စွာ ပေါ်ပေါက်လာပြီ           

               ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၈၉) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိ သည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌားန်ပါရှိသော်လည်း ဥပဒေနှင့်အညီ မည်သည့်နည်းလမ်းဖြင့် ခန့် အပ်တာဝန်ပေးမည်နှင့် ဆောင်ရွက်ပုံနည်းစနစ် သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိရာမှ ယခုအခါတွင် လုပ်ထုပ်လုပ် နည်း အသေးစိတ်ကို ထုတ်ပြန်လိုက်လေပြီ။

                ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်စွဲပါ စာအမှတ် ၂၁၆/၂-၁/နဝတ၏ ညွှန်ကြားချက်အရ မည်သို့ရွေးချယ် ခန့်အပ်ထားရမည် လုပ်ထုံးလုပ်နည်း မျိုးရှိ ခဲ့ပါသည်။ ယင်းတို့မှာ-

(က) မြို့နယ်အဖွဲ့ဝင်များ ကိုယ်တိုင်ကွင်းဆင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိပြည်သူများနှင့် မျက်နှာစုံညီ လက်ဖက်ရည်ဝိုင်းဖြင့် ထိတွေ့ ရွေးချယ်ရန်၊

(ခ) အဖွဲ့ဝင်အဖြစ် လျာထားသူများ၏နောက်ကြောင်း အချက်အလက်ရယူ၍ ပြည်သူအပေါ်ထားရှိသည့် သဘောထား မှန်ကန်မှုရှိမရှိစိစစ်ရန်၊

(ဂ) အဖွဲ့ဝင်အဖြစ်လျာထားသူများအား ကိုယ်တိုင်တွေ့ဆုံစိစစ်မေးမြန်းရန်၊

(ဃ) ရပ်ကွက်/ ကျေးရွာအုပ်စုသံဃနာယကအဖွဲ့မှ ဆရာတော်များထံ တင်ပြလျှောက်ထား၍ သဘောထားရယူရန်၊

(င) ရွေးချယ်ရာတွင် အဖွဲ့ဝင်သုံးဦးနှင့် အရန်အဖွဲ့ဝင်သုံးဦးလျာထား ရွေးချယ်တင်ပြရန်၊ ယင်းတို့ထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်မှ ရွေးချယ်တာဝန် ပေးအပ်ရန် စသည်တို့ ဖြစ်သည်။

               ဤကဲ့သို့ ရွေးချယ်သည့်စနစ်များကို စီစစ်သုံးသပ်ကြည့်ပါက  မြန်မာအုပ်ချုပ်ရေးဓလေ့နှင့် လွန်စွာကိုက်ညီကြောင်း တွေ့ရှိရပါလိမ့်မည်။ ထုတ် ပြန်ချက် (က)တွင်ပါသည့်အချက်မှာ ရပ်ကွက်နှင့် ကျေးရွာလူထုအပေါ် နွေးနွေးထွေးထွေး သဘောထားရှိကြောင်းပြသည့် သဘောဖြစ်သည့်အလျှောက် စည်းရုံးဆွဲဆောင်သည့် သဘောထားပါရှိကြောင်း သိရှိနိုင်ပါသည်။ ယင်းအဖွဲ့မှာ ရပ်ကွက်နှင့် ကျေးရွာလူထုအပေါ် မှန်ကန်သည့် စေတနာရှိ၊ မရှိကိုလည်း ထုတ်ပြန်ချက် (ခ)တွင် အဖွဲ့ဝင်လျာထားသူများ၏ နောက်ကြောင်းကို စုံးစမ်းဖော်ထုတ်ခြင်းဖြင့်သိရှိနိုင်သည်။ သို့ဖြင့် ရပ်ကွက်နှင့် ကျေးရွာလူထုသည် အဖွဲ့ဝင်များ၏ လုပ်ရည်ကိုင်ရည်နှင့် သဘောထားကို ပြည့်ပြည့်ဝဝသိခွင့် ရမည်ဖြစ်သောကြောင့် ပွင့်လင်းမှုနှင့် တာဝန်ခံမှုအပြည့်ရှိကြောင်း တွေ့မြင်ရပါ လိမ့်မည်။ ၎င်းအရည်အသွေးများသည် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် မရှိမဖြစ်သည့် အရည်အသွေးများဖြစ်ရာ နိုင်ငံတော်မှ သွားရောက်လိုသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ဆိုသည့် ရည်မှန်းချက်နှင့်လည်း အလွန်ကိုက်ညီမှုရှိကြောင်းတွေရသည်။ မြန်မာနိုင်ငံ သည် ဗုဒ္ဓဘာသာဝင်ဦးရေ အများဆုံးရှိသည့်နိုင်ငံဖြစ်ရာ ထုတ်ပြန်ချက် (ဃ)နှင့် အထူးကိုက်ညီမှုရှိပါသည်။ သို့သော် ဘာသာခြားများ နေထိုင်သည့် နေရာ များ၌ ယင်းအချက်အစား မည်သည့်အချက်ဖြင့် ရွေးချယ်မည်ကိုတော့ အသေးစိတ် ပြဋ္ဌာန်းထားခြင်း မရှိသေးပါ။ သို့သော် တစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့် ပါက စနစ်ကောင်းတစ်ခုတော့ ဖြစ်ပါသည်။

               အထက်ပါ အကြောင်းအရာကို မတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌  သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ဦးမှ ဖွဲ့စည်းဖြစ်ပေါ်လာမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင် ကျော်ဇံမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို မေးခဲ့သည်။ အဆိုပါ မေးမြန်း ချက်များကို ပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး ဦးမောင်ဦးက ပြန်လည်ဖြေကြားရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးတွင် တာဝန်ယူမည့်ပုဂ္ဂိုလ်များအား ရွေးချယ်မည့်နည်းစနစ်မှာ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ရွေးချယ်ခန့်ထားသည့် နည်းစနစ်အတိုင်း ရွေးချယ်တာဝန်ပေးအပ်မည် ဖြစ်ကြောင်းနှင့် ရွေးချယ်ခန့်အပ်ထားသည့်စနစ်များမှာလည်း အထက်တွင်ဖော်ပြထားသည့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးမှု တည်ဆောက်ရေးအဖွဲ့၏ ညွှန်ကြားချက်ကိုပင် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဖြေကြားသွားခဲ့သည်။ ဦးမောင်ဦးပြောကြားချက်များအနက် ထူးထူးခြားခြား ဖြစ်သည် မှာ ရွေးချယ်တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်၏ အရည်အချင်းသတ်မှတ်ချက် ၁၀ ချက်ဖြစ်သည်။

(က) ရပ်ကွက်/ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ၊

(ခ) မည်သည့် နိုင်ငံရေးအဖွဲ့အစည်းမှ ပါဝင်ခဲ့သူမဖြစ်စေရ၊

(ဂ) အစိုးရအဖွဲ့အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျားခင်းသူများ မဖြစ်စေရ၊

(ဃ) မိသားစု၊ ဆွေမျိုးစုအင်အားဖြင့် ခေတ်အဆက်ဆက်မိုက်နေသူများမဖြစ်စေရ၊

(င) မြို့နယ်အဖွဲ့အစည်းသို့ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှုရရှိတက်သူများမဖြစ်စေရ၊

(စ) ပြီးခဲ့သည့် အရေးအခင်းများတွင် ပါဝင်လှုပ်ရှားခဲ့သူများ၊ နည်းမျိုးစုံဖြင့် အားပေးအားမြှောက်ပြု သူများ မဖြစ်စေရ၊

(ဆ) နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများကို ဆန့်ကျင်သူများမဖြစ်စေရ၊

(ဇ) အမှုအခင်းမရှိသော နယ်ဖက် စစ်ဖက်အငြိမ်းစားများ၊ ရပ်မိရပ်ဖများထဲမှ ကြည်ညိုလေးစားမှုရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူများကို စိစစ် ရွေးချယ်ရန်၊

(ဈ) ရပ်ကွက်ကျေးရွာအုပ်စု စာရေးမှအပ တာဝန်ထမ်းဆောင်ဆဲ အခြားဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းမပြုရ၊

(ည) ပြစ်မှုကျူးလွန်သူ၊ ပြစ်ဒဏ်ကျခံရသူများ၊ ဆိုသွမ်းသူများနှင့် ရပ်ကွက်လူထု၏ ကြည်ညိုလေးစား မှုမရှိသူများ မဖြစ်စေ ရ တို့ဖြစ်သည်။

               နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် စနစ်အတိုင်း ရွေးချယ်ခန့်အပ်ပါက မိုးကျရွှေကိုယ်သဘောမျိုးမဟုတ်ဘဲ လူထုဆန္ဒပါရှိသည့်အတွက် ဒီမိုကရက်တစ်သဘော (ပွင့်လင်းမှုနှင့် တာဝန်ခံမှု) ဆောင်သော်လည်း မလုပ်တက်ပါက အုပ်ချုပ်ရေးကို အလွန်အကျွံနိုင်ငံရေး ဇတ်သွင်းသည့် စနစ်မျိုးဖြစ်သွားနိုင်သည့် အန္တရာယ်မျိုး ကြုံတွေ့နိုင်ပါသည်။ ယင်းလမ်းကြောင်းတိုတာဝန်ခံမှုကို အလွန်းအကျူးအားပြုခဲ့သော် လမ်း ကြောင်းရှည် တာဝန်ခံသည့် လွှတ်တော်(ငါးနှစ်သက်တမ်း)ကို အားပျော့သွားစေနိုင်ပါသည်။ ထို့ကြောင့် အရည်အချင်းသတ်မှတ်ချက် (၁၀) ချက်နှင့် ပြန် လည်ထိန်းညှိထားဟန်ရှိပါသည်။ သို့မှသာ ရပ်ကွက် ၃၀၄၂ခုနှင့် ကျေးရွာအုပ်စုပေါင်း ၁၃၆၂၉ ရှိ သည့်အပြင် မြို့ပြလူနေမှု စနစ်ကောင်းမွန်စွာ မထွန်း ကားသေးသော မြန်မာနိုင်ငံတွင် စနစ်ကျသည့် အုပ်ချုပ်ရေးယန္တရားပီပီ ပြင်ပြင်ပေါ်လာနိုင်စရာအကြောင်းရှိပါသည်။

               မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိကထားသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် လယ်လုပ်တောင်သူများမှာလည်း ကျေးရွာများ၌ အများစု နေထိုင် သည်ဖြစ်ရာ ကျေးရွာအုပ်ချုပ်ရေးစနစ် စည်းစနစ်ကျရန် အထူးအရေးကြီးပါသည်။ သို့မှသာ  စိုက်ပျိုးရေးချေးငွေ လိုအပ်နေသော ကျေးလက်နေတောင်သူ လယ်သူများအတွက် အသေးစားချေးငွေ(micro credit) အကူအညီများ(သို့) လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ကျေးရွာ အခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ(Community based developments)ကို လုပ်ကိုင်ရာတွင်လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ပွင့်လင်းမှု၊ တာဝန်ခံမှုနှင့် စေတနာမှာ အထူးအရေးကြီးပါသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးဦးမောင်ဦးက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးအတွက် ပုဂ္ဂိုလ်များခန့်အပ်ရာတွင် သတ်မှတ်ထားသော အရည်အချင်း ၁၀ ချက်ထဲ၌ အစိုးရအဖွဲ့အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်တုန်းဖျာခင်းသူများ မဖြစ်စေရဟူသည့်အချက်ကို အလေးအနက် ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများ၏ အုပ်ချုပ်ရေးအဖွဲ့အသစ်များ ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆက်လက်တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက် ၍ ရာထူးသက်တမ်း၊ အကြိမ်အရေအတွက် သတ်မှတ်ချက်မရှိကြောင်းနှင့် ခန့်အပ်ရာထူးမှ ဖယ်ရှားခံရသည့် အရေအတွက်မှာ ၀ ဒဿမ ၀၀၇ ရာခိုင်နှုန်း ခန့်သာရှိ ကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs