Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၃.၂၀၁၁

ပြည်တွင်းသတင်းများ

ဖွဲ့စည်းပုံအာဏာတည်ပါက အမြတ်ခွန်အား ဝင်ငွေခွန်ဥပဒေဖြင့် ကောက်ခံမည်ဖြစ်

ရန်ကုန်၊ မတ် ၂၉။

               မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိသည့် စီးပွားရေးလုပ်ငန်းများအပေါ်၌ လက်ရှိ အမြတ်ခွန်ဥပဒေဖြင့် ကောက်ခံလျှက်ရှိသော ကောက်ခံနေမှုများ အား ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်အချိန်မှစတင်၍ ဝင်ငွေခွန်ဥပဒေဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

               လက်ရှိအခြေအနေ၌ ပုဂ္ဂလိကနှင့် တစ်ဦးချင်းအပေါ်၌ အမြတ်ခွန်ဥပဒေဖြင့် ကောက်ခံ၍လည်းကောင်း၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား ဝင်ငွေ ခွန် ဥပဒေအရလည်းကောင်း၊ နိုင်ငံပိုင်၊ သမဝါယမပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက နိုင်ငံခြားငွေရရှိပါက တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်စေ ကုမ္ပဏီမှဖြစ်စေ ဝင်ငွေခွန်ဥပဒေအရနိုင်ငံခြားငွေနှင့် ကောက်ခံလျှက်ရှိရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်သည့် အချိန်မှစတင်၍ စီးပွားရေးလုပ်ငန်းများအား ဝင်ငွေ ခွန်ဖြင့်သာ ကောက်ခံသွား မည်ဖြစ်ကြောင်းသိရသည်။

               နိုင်ငံတော်၏လိုအပ်ချက်အရ ယခုကဲ့သို့ ပေးဆောင်စေခြင်းဖြစ်ပြီး နောင်အချိန်တွင် ထပ်မံလိုအပ်လာပါက ဝင်ငွေခွန်များ ကောက်ခံမှုအပေါ် ထပ်မံ၍ စဉ်းစားသုံးသပ်ပြီး ပြောင်းလဲကောက်ခံခြင်းမျိုး ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

               အမြတ်ခွန်ကောက်ခံရာ၌ ယခင်ကတည်းကပင် ရှောင်တိမ်းမှုများရှိကြောင်း၊ ယခုကဲ့သို့ ဝင်ငွေခွန်နှင့်တစ်ပေါင်းတည်း ကောက်ခံသွားမည်ဆိုပါက ရှောင်တိမ်း၍ မရနိုင်တော့ကြောင်း၊ ဝင်ငွေခွန်၊ အမြတ်ခွန်များကို စည်းကျပ်၍ ကောက်ခံသွားမည်ဆိုပါက ပြည်တွင်းအခွန်ရုံးများမှ ဆင့်ခေါ်စာရောက်ရှိပြီး ရုံးတွင်သွားဆောင်ရမည်ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

ကားနံပါတ်ပြားနှင့် ဆီစာအုပ်များအပိုထား၍ ဆီထုတ်ယူမှုများရှိလာ

ရန်ကုန်၊ မတ် ၂၉။

               ဓာတ်ဆီထုတ်ယူရာတွင် ဆီစာအုပ်များကိုတစ်ဆင့်ပြန်ဝယ်ယူပြီး ဆီစာအုပ်အပိုများထား၍ ဓာတ်ဆီထုတ်ယူမှုများပြုလုပ်ပြီး ဆီထုတ်ရောင်းခြင်း များရှိလာကြောင်း သိရသည်။

               ကားပိုင်ရှင်များက ဆီထုတ်ယူပြီးနောက် နံပါတ်ပြားအား ပြန်လည်ပြောင်းလဲလိုက်ကြောင်း၊ ထိုသို့ ပြောင်းလဲပြီး နောက်တစ်ကြိမ် ပြန်လည်သွား ရောက်ထုတ်ယူခဲ့ကြောင်း၊ နံပါတ်ပြားနှင့် ဆီစာအုပ်များကို နှစ်အုပ်သုံးအုပ်ကိုင်ထားကြောင်း ဓာတ်ဆီရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့သည်။

               ဓာတ်ဆီစာအုပ်အသစ်များ ပြုလုပ်ထားသည့် ကားပိုင်ရှင်များမှ ဓာတ်ဆီသွားရောက်ထုတ်ယူမှုမရှိဘဲ ဆီစာအုပ် နှင့် ကားနံပါတ်ပြားများကိုပေး၍ နေ့တွက်ခအဖြစ် အမြတ် ၄၀၀၀ မှ ၇၀၀၀ ထိပေးဋ္ဌား၍ ဓာတ်ဆီသွားရောက် ထုတ်ယူစေမှုများ ပြုလုပ်ကြောင်းသိရသည်။ ထိုသို့ ဌားရမ်းအသုံးပြုစေသည့် ကားပိုင်ရှင်များအနေဖြင့် တစ်လလျှင် အသားတင် အမြတ်ငွေ တစ်သိန်းကျော်ဝင်ငွေ ရရှိကြောင်း သိရှိရသည်။

               ဓာတ်ဆီအားတစ်ဆင့်ပြန်ရောင်းလျှင် တစ်ရက်အမြတ်ငွေ ကျပ် ၁၂၀၀၀ ရရှိကြောင်း၊ ထို့ကြောင့် ဆီစာအုပ်အား ဌားရမ်း၍ ၄၀၀၀ ပေးပြီး နှစ်ကြိမ် ထုတ်ယူလျှက်ရှိကြောင်း ဆီစာအုပ်ဖြင့် ဌားရမ်းထုတ်ယူလျှက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့သည်။

               ဓာတ်ဆီဆိုင်များတွင် ဆီစာအုပ်နှင့် နံပါတ်များအားတိုက်ကြည့်၍ ဆီထုတ်ပေးသည်ပာု သိရကြောင်း၊ ဆီစာအုပ်နှင့် ကားနံပါတ်၌ ဆီလာရောက် ထုတ်ယူခြင်းမျိုး မရှိသေးပါက ဆီထုတ်ပေးလျှက်ရှိကြောင်း သိရှိရသည်။

               မိမိတို့သည် ကားနံပါတ်နှင့် ဆီစာအုပ်အားတိုက်ကြည့်၍ ဆီထုတ်ပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆီစာအုပ်များ ဌားရမ်း၍ ဆီထုတ်ယူခြင်းမျိုး မသိရှိကြောင်း၊ သိရှိခဲ့ရပါကလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကလည်း ပြောကြား ခဲ့သည်။

               ကားပိုင်ရှိသည့် ပုဂ္ဂိုလ်များအား ဆီစာအုပ်ထုတ်ယူပေးထားသည်မှာ ဆီစာအုပ်နှင့် မည်သည့် ပုဂ္ဂလိကဆီဆိုင်တွင်မဆို တစ်ရက်လျှင်တစ်ကြိမ် သာ ထုတ်ယူခွင့်ရရှိစေရန် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ဓာတ်ဆီမှောင်ခိုဈေးကွက်များအား တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------

ပြိုလဲတော့မည့် ကမ္ဘောဇဘဏ်ဆိုသည့်သတင်း မပာုတ်မှန်

ရန်ကုန်၊ မတ် ၂၇။

               မတ်လ ၂၄ ရက်နေ့၌ Park Royal ပိာုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Air KBZ မိတ်ဆက်ပွဲအခမ်းအနား၌ အပြင်လောက၌ ထွက်ပေါ်လျှက် ရှိသည့် ကမ္ဘောဇဘဏ် ပြိုလဲတော့မည်ဆိုသည့်သတင်းများမှ မပာုတ်မှန်ကြောင်း အပြင်မှကောလပာလများသာဖြစ်ကြောင်း KBZ Group of Company မှ မန်နေဂျင်းဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ် ပြိုလဲတော့မည်ဆိုသည့်သတင်းများမှာ စီးပွားရေးသမားအချို့၏ ကောလပာလသတင်းတစ်ရပ်ပာု ယူဆရပါကြောင်း၊ ဘဏ်များ၌ လှုပ်လှုပ်ရှားရှားဖြစ်မှသာ အိမ်၊ ခြံ၊ မြေ၊ စိန်၊ ရွှေ၊ ဒေါ်လာ၊ ရောင်းထွက်မည်ဖြစ်သည့်အတွက်  ယခုကဲ့သို့သတင်းမျိုးထွက် ပေါ်လာခြင်းဖြစ်ကြောင်း၊ တစ်ခါတစ်ရံ၌ စီးပွားရေးအရမ်းငြိမ်နေပါက ယခုကဲ့သို့ပင် ဖြစ်တတ်ကြောင်း၊ ထို့ပြင် လက်ရှိကာလ၌လည်း ကမ္ဘောဇဘဏ်မှ ဘဏ်လုပ်ငန်းများကို စနစ် တကျဆောင်ရွက်နေပြီး ဘဏ်ခွဲများလည်းတိုးချဲ့ ဖွင့်လှစ်လျှက်ရှိကြောင်း အဆိုပါအခမ်းအနား၌ ကမ္ဘောဇဘဏ်အုပ်စုမှ MD ဦးမိုးဆန်းအောင် ပြောကြား ခဲ့သည်။

ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေရှင်းနှင့် CBဘစ်တို့ ပူးပေါင်းကာ MAIလေကြောင်းလိုင်း၏ ရှယ်ယာများကို ဝယ်ယူခဲ့ပြီး ယခုအခါ ၎င်းရှယ်ယာ များကို ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ပိုင်ဆိုင်ထားကြောင်း၊ ကမ္ဘောဇလေကြောင်းလိုင်းအတွက် လေယာဉ်သစ်လေးစင်းကို ဝယ်ယူရာတွင် တစ်စင်းလျှင် တန်ဖိုး ၁၀ ဒဿမ ၆၆ သန်းနှင့် ၈ ဒဿမ ၄ သန်းတို့ကို ပေးချေဝယ်ယူနိုင်သည့် အခြေအနေတွင် ကမ္ဘောဇဘဏ်အနေဖြင့် ဒေဝါလီခံရတော့မည် ဆို သည်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။               

               ထို့နောက် ဦးမိုးဆန်းအောင်ကပင် ဆက်လက်၍ ဘဏ်၏လုပ်ငန်းများ၊ ငွေကြေးလည်ပတ်မှုနှင့်ပတ်သတ်၍ ဗပိာုဘဏ်မှ အငြိမ်းစားအဆင့်မြင့် အရာရှိကြီးများအပါအဝင် အခြားပညာရှင်အများအပြားနှင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ လက်ရှိကာလ၌ပင် ဘဏ်ခွဲ ၅၀ ထိဖွင့်လှစ်ထားပြီး ဆက်လက်၍ ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘောဇဘဏ်သည် လက်ရှိအချိန်ထိ အခိုင်အမာတည်ရှိပြီး လုပ်ငန်းများဆက်လက် လုပ် ကိုင်လျှက်ရှိနေသည် ဖြစ်ကြောင်း ဦးမိုးဆန်းအောင်က အဆိုပါအခမ်းအနား၌ ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

တောင်ဥက္ကလာပမြို့နယ်တွင် တရားမဝင်ဆိုင်ကယ်များ စီးနင်းမှုများပြား

ရန်ကုန်၊ မတ် ၂၆။

မော်တော်ဆိုင်ကယ်မစီးရမြို့အဖြစ် သတ်မှတ်ထားသော ရန်ကုန်မြို့၏ လူစည်ကားရာ မြို့နယ်တစ်ခုဖြစ်သော တောင်ဥက္ကလာပမြို့နယ်တွင် တရားမဝင် မော်တော်ဆိုင်ကယ်စီးသူဦးရေ ယခုလအတွင်း သိသိသာသာ များပြားလာလျှက် ရှိကြောင်း သိရသည်။

တောင်ဥက္ကလာ ဆယ်ရပ်ကွက်ဈေးအနီးရှိ စက်ဘီးရောင်းချသူတစ်ဦးက “ ဘထ္ထရီစက်ဘီးတွေ၊ စကူတာတွေ ရောင်းချခွင့်ပြုပြီးတဲ့နောက်မှာ လူတွေက ဘထ္ထရီဆိုင်ကယ်လေးတွေကို သွေးတိုးစမ်းပြီး စီးကြည့်လာကြတယ်။ အဲဒါ ဘာမှမဖြစ်တော့ အခုဆို တရုတ်ဆိုင်ကယ်တွေ အများကြီး စီးလာ ကြပြီ။ သိတဲ့အတိုင်း တောင်ဥက္ကလာက စက်ဘီးအရမ်းများတာ။ သူတို့ ဆိုင်ကယ်စီးတာလည်း ဦးထုပ်မပါ၊ ဘာမပါနဲ့ဆိုတော့ တခုခုတိုက်မိရင် မလွယ်ဘူး။ မိန်းမတွေလဲ ဆိုင်ကယ်စီး စီးပြီး ဈေးလာဝယ်နေကြတာ။” ဟု ပြောကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်သည် လူလတ်တန်းစားအများစု နေထိုင်လျှက်ရှိ မြို့နယ်တွင်းသွားလာရေးအတွက် စက်ဘီးကိုသာ အားကိုးနေကြ သောကြောင့် ရန်ကုန်မြို့တွင် စက်ဘီးစီးသူဦးရေ အများဆုံးဖြစ်သည်။ အလားတူ မြောက်ဥက္ကလာ၊ တောင်ဒဂုံ စသည့်မြို့နယ်များတွင်လည်း တရားမဝင် ဆိုင်ကယ်စီးနင်းမှုများ များပြားလျှက်ရှိသည်။

၎င်းတရားမဝင် ဆိုင်ကယ်များသည် ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်နှင့် ထင်ယောင်ထင်မှားဖြစ်စေရန် လိမ္မော်ရောင် (သင်္ကန်းရောင်) မှုတ်ထားပြီး အချို့ဆိုင်ကယ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တံဆိပ်ကပ်ထားကြောင်း၊ ဆိုင်ကယ်အများစုမှာ နေ့ဘက်တွင် မိမိမြို့နယ်အတွင်း၌သာ စီးနင်းကြသော်လည်း ညအခါတွင် အခြားမြို့နယ်များသို့ ကျော်ဝင်စီးနင်းမှုများ ရှိကြောင်း၊ ဤကဲ့သို့ဆိုင်ကယ်များ ပြန်လည်များပြားလာခြင်းမှာ သင်္ကြန်အချိန်နီး၍လည်း ဖြစ်နိုင် ကြောင်း၊ ရန်ကုန်တွင် ကာလအတန်ကြာ ပျောက်ကွယ်နေသည့် ပြိုင်ဘီး(ခါးကုန်း)များကိုလည်း ပြန်လည်တွေ့လာရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးစက်နှင့် ဆိုင်ကယ်ပြင်ဆင်သူ တစ်ဦးကဆိုသည်။

ရန်ကုန်မြို့တော်ကို ဆိုင်ကယ်မစီးရမြို့အဖြစ် ၂၀၀၀ပြည့်နှစ်များက သတ်မှတ်ခဲ့ပြီး မြို့တွင်းရှိ ဆိုင်ကယ်ဂိုဏ်းများကို လိုက်လံဖြိုခွဲခဲ့သည်။ ယခုအခါ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့တွင်း စီးနင်းရန် ခွင့်ပြုသည့် ဆိုင်ကယ်အရေအတွက် အစီးရေမှာ ဆယ်ဂဏန်းခန့်ပင် ရှိ တော့သည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အလုပ်အကိုင်ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေမူကြမ်းရေးဆွဲမည်

မတ် ၂၉။

               ၂၀၁၁ မတ်လ ၂၂ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းမှ တင်သွင်းအဆိုပြုခဲ့သည့် အလုပ်အကိုင်အခွင့်အလမ်း တိုးတတ်ရေး၊ လုပ်ငန်းခွင် အေးချမ်းရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု တိုးတတ်ရေးများ အတွက် ဥပဒေမူကြမ်းတစ်ရပ်အား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါရန်အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှ အပြန်အလှန်ဆွေးနွေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကြည်က ပြည် လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြပါရှိသည်။

               ဦးအောင်ကြည်၏ ရှင်းလင်းချက်များမှာ လူသားများ ကျွမ်းကျင်စံနှုန်းများသည် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့သို့ ၂၀၀၇ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၈-၂၀၁၀ ခုနှစ်အထိ အလုပ်အကိုင်ကျွမ်းကျင်မှု ၁၅၂ မျိုးကိုရေးဆွဲသတ်မှတ်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်၏ သဘောတူခွင့်ပြုချက်ရရှိပါက အလုပ်သမားဝန်ကြီးဌာနသည် လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြု တင်ပြထောက်ခံချက်များမှ ဖြစ်နိုင်ချေရှိသည့် အတိုင်းအတာတစ်ခုထိတိုင် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတတ်ရေး (မူကြမ်း)တစ်ရပ်အား ပြည်သူ့လွှတ်တော်သို့ တင်သွင်းနိုင်ရန် စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်လည်ပြောဆိုဆွေးနွေးခဲ့သည်။

               ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကြည်၏ ဆွေးနွေးချက်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ သဘောတူညီမှု ရရှိခဲ့ သည့်အတွက် မြန်မာအလုပ်သမားများနှင့် ကိုက်ညီမည့် ဥပဒေမူကြမ်းတစ်ရပ်အား ရေးဆွဲမည် ဖြစ်ကြောင်းသိရှိရသည်။

-------------------------------------------------------------------------------------------------------------

တာချီလိတ်ငလျင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှကူညီမည်

တာချီလိတ်၊ မတ် ၂၇။

             ၂၀၁၁ မတ်လ ၁၁ ရက်နေ့၌ ဖြစ်ပွားခဲ့သော တာချီလိတ်ငလျင်ဒဏ်ခံပြည်သူများအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လိုအပ်သည့် ကူညီမှုများပေးသွားမည်ဖြစ်ကြောင်းသိရသည်။

               ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာချီလိတ်ငလျင်ဒဏ်ခံပြည်သူများအား လိုအပ်သည့်ကူညီမှုများ ပေးနိုင်ရန် ကျပ်သိန်း ၂၀ ကျော် နှင့် တခြားလိုအပ်သည့်ကူညီမှုများကို ပေးခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့သည်။

               မိမိတို့ပါတီဗပိာုမှ ငလျင်လှုတ်ခတ်မှုဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်အတွက်ဆိုကာ ဆယ်သိန်း၊ ယင်းမြို့နယ်မှ ဆယ်သိန်းကျော်အား ထုတ်ယူ ပေးပြီး စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်အား ဒေါ်နန်းငွေမြမှဦးဆောင်၍ ငလျင်လှုတ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းပင် သွားရောက်ကူညီ ပေးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့်သူများအား ငွေကျပ် နှစ်သောင်းစီထုတ်ပေးခဲ့ကြောင်း၊ မိမိတို့သည် လူသားချင်း စာနာထောက်ထားမှုအရလည်း ကောင်း၊ ရှမ်းတိုင်းရင်းသားများ ပါတီအနေဖြင့် လိုအပ်သည့်အကုအညီများကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြော ကြားသည်။

               အဆိုပါ အကူအညီပေးရေးအဖွဲ့ကို မဲဆန္ဒနယ် အမှတ်(၇) မှဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်နန်းငွေမြမှ ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းငလျင်ဒဏ်ခံပြည်သူများအတွက် မတ်လ ၂၆ ရက်နေ့တွင်လည်း ငလျင်ဒဏ်သင့် ပြည်သူ များအား ထမင်းထုပ်များဝေငှခဲ့ကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒီတော့ အစိုးရစနစ်ကို မကြိုက်အောင် ဘာတွေလုပ်နိုင်လည်းဆိုတော့ မြန်မာပြည်မှာ ဒီစီးပွားရေးပိတ်ဆို့မှုကို စထုတ်တယ်။ စီးပွားရေးပိတ်ဆို့မှုအရ စက်ရုံအလုပ်ရုံတွေပိတ်မယ်။ ဒီအခါ အလုပ်လက်မဲ့တွေဖြစ်လာပြီး အလုပ်သမားတွေ ဆူမယ်ပူမယ်။ တိုင်းပြည်လှုပ်လှုပ်ရွရွဖြစ်ပြီး တစ်ကယ့်ကို ရည်ရွယ် ချက်ဆိုးကြီး။ ဒါကို ကျွန်တော်တို့က တားရမှာပဲ။ နောက်တစ်ချက်က  စီးပွားရေးဆိုတာ တိုင်းပြည်မှာ အရေးကြီးဆုံးပဲ။ ဒီစီးပွားရေး ပြေလည်သွားရင် တိုင်းပြည်မှာ ကျန်တဲ့ပြဿနာတွေ ပြေလည်သွားနိုင်တာပေါ့။ အခုစီးပွားရေးပိတ်ဆို့မှုရှိနေတော့ စီးပွားရေးဆိုတာ တိုင်းပြည်မှာ အရေးကြီးဆုံးပဲ။ ဒီစီးပွား ရေး ပြေလည်သွားရင် တိုင်းပြည်မှာ ကျန်တဲ့ပြဿနာတွေ ပြေလည်သွားနိုင်တာပေါ့။ အခုစီးပွားရေးပိတ်ဆို့မှု ရှိနေတော့ စီးပွားရေး ဖွံ့ဖြိုးအောင် မလုပ်နိုင် ဘူး။ ပိတ်ဆို့မှုကိုတားနိုင်ရင် စီးပွားရေး ဖွံ့ဖြိုးလာပြီး လူထုကလည်း ချောင်ချောင်လည်လည်ဖြစ်လာမယ်။ အဲ့ဒါကြောင့် အရေးကြီးတယ်လို့ ယူဆပြီး ကျွန် တော်တို့ ဒါကို အရင်လုပ်တာပါ"

မတ် ၂၈ ထုတ် The Myanmar Post အတွဲ(၃) အမှတ်(၁၃) တွင်ပါသည့် "တိုင်းပြည်စီးပွားရေးက အရေးကြီးဆုံးပဲ၊ စီးပွားရေးပြေလည်ရင် ကျန်တဲ့ပြဿနာတွေ ပြေလည်သွားနိုင်တယ်" အင်တာဗျူးမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အလုပ်သဘာဝကမတူဘူး။ အပေါင်ဆိုင်တွေက လက်မခံနိုင်လောက်တဲ့ အတိုင်းအတာ။ ဘဏ်တွေက ငွေချေးဖို့လည်း  လုပ်ထုံးလုပ်နည်းတွေကို နားမ လည်တဲ့သူတွေက လွယ်လွယ်ကူကူ ငွေရှင်တွေဆီမှာပဲ သွားပေါင်ကြတယ်။ တကယ်တော့ ပြဿနာတစ်ခုခုဖြစ်လာရင် တရားမဝင်တော့ဘူး။ ရှင်းရခက် ကုန်တယ်။ ကောင်းတာတော့ ဘဏ်တွေမှာပေါင်တာ ပိုပြီးစိတ်ချရတယ်" လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါသည်။

ကိုယ်တိုင်လည်း အိမ်ခြံမြေလုပ်ငန်းတွေ လိုက်လံဆောင်ရွက်နေတဲ့ တရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းစိုးကတော့ "ရောင်းပေါင်စာချုပ်ဆိုတာ ဥပဒေမှာမရှိပါဘူး။ လုပ်ကြတာက မရွေးနိုင်ရင် ဘယ်ဈေးနဲ့ တစ်ခါတည်းရောင်းပြီးသား ဖြစ်ပြီးဆိုပြီး စာချုပ်ချုပ်ကြတာ။ တကယ်တမ်းဖြစ်လာရင် ဒါက တရားမဝင်ဘူး။ တရားရင်ဆိုင်ပြီဆိုရင်လည်း  ကိုယ်ရဲ့ချေးထားတဲ့ ငွေပြန်ရလိုမှုနဲ့ ရင်ဆိုင်တာမျိုးပဲ လုပ်လို့ရပါတယ်" လို့ရှင်းပြပါတယ်။

မတ် ၂၉ ထုတ် TURENEWS အတွဲ(၃) အမှတ်(၃၁) တွင်ပါသည့် "ပစ္စည်းပေါင်လည်း ပွဲစားနဲ့ " သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

တိုင်းရင်းဆေးများမှာ ဈေးနှုန်းချိုသာခြင်းကြောင့် ဝင်ငွေနည်းမိသားစုများ၏ အဓိကအားထားသုံးစွဲရာ အိမ်သုံးဆေးများ ဖြစ် ပြီး၊ ဆင်ခြေဖုံးရပ်ကွက်များရှိ ဆေးဆိုင်များတွင် အထူးရောင်းအားကောင်းမွန်ကြောင်း ဆေးဈေးကွက်အတွင်းမှ စုံစမ်း သိ ရှိရသည်။

"ဆေးဝယ်ရင် သက်တမ်းဘယ်တော့ကုန်မှာလဲ၊ တိုင်းရင်းဆေးဆိုရင် မှတ်ပုံတင်ထားမှု ရှိ၊ မရှိကို အဓိက စစ်ဆေးသင့်ပါတယ်" ဟု လှည်းတန်းရှိ ဆေး ဆိုင် တစ်ဆိုင်က ပြောကြားသည်။

မတ် ၂၈ ထုတ် The Messenger အတွဲ(၁) အမှတ် (၄၆) မှာပါသည့် "ကျန်းမာရေးနှင့် မညီညွတ်သည့် တိုင်းရင်းသားများ ဈေးကွက်အတွင်း ရောင်းချနေ" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မြန်မာပြည်မှာလည်း ဧရာဝတီမြစ်ရဲ့ အကျိုးပြုမှုကိုပဲ အမှီပြုပြီး ထွန်းကားခဲ့တာပါ။ ပို့ဆောင်ရေး၊ သွားလာရေး၊ ကုန်သွယ်ရေး အကုန်အဆင်ပြေခဲ့တယ်။ အရှေ့တောင်အာရှမှာ မြို့ဟောင်းပေါင်း ငါးရာကျော်ရှိတဲ့အထဲမှာ တစ်ရာကျော်က မြန်မာပြည်ကပါ။ နောက်ပြီး အဲဒီတစ်ရာကျော်ကလည်း မြေပုံတွေ၊ အုပ်ပုံတွေကို တူးဖော်ထားတာ။ မြေထဲမြုပ်နေတာတွေ မတူးနိုင်သေးဘူး။ ဗိသုကာပညာမှာလည်း ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုမှာ အာရှကချည်းပဲ ခြောက်ခု၊ ဥရောပက တစ်ခုပဲရှိတယ်။ အာရှခြောက်ခုထဲမှာ တစ်ခုက မြန်မာပြည်က၊ မြန်မာပြည်က ရွှေတိဂုံ၊ အိန္ဒိယက မိဖုရားရဲ့ အုတ်ဂူတာ့ခ်ျမဟာ၊ အီဂျစ်က ချီရော့ပိရမစ်၊ ကမ္ဘောဒီးယားက အန်ကောဝပ်ကျောင်း၊ တရုတ်က မဟာတံတိုင်း၊ တိဗက်က ရွှေကျောင်း၊ ပြင်သစ်က အီ ဖယ်မျှော်စင်တွေပေါ့။ မြစ်ကို အမှီပြုပြီး မြို့ပြယဉ်ကျေးမှုပေါ်လာတယ်။ ပေါ်လာတဲ့အထဲက အထင်ကရတွေပေါ့။ မြန်မာပြည်မှာလည်း ဧရာဝတီကို အမှီပြုပြီးပေါ်လာတာ။ ဧရာဝတီသာ မရှိရင် ဒီလိုမျိုး ပေါ်ပေါက်လာစရာ မရှိဘူး။ ကမ္ဘာ့နိုင်ငံတွေကလည်း လေးစားစရာမရှိဘူး။ ပထမမြန်မာနိုင်ငံတော် သရေခေတ္တရာကလည်း ဧရာဝတီမြစ်နဲ့ မကင်းခဲ့ပါဘူး"

မတ် ၂၉ ထုတ် TRUE NEWS အတွဲ (၃) အမှတ် (၃၁) မှာပါသည့် "ဧရာဝတီဆိုတာ ကမ္ဘာယဉ်ကျေးမှုတွေ မွေးဖွားပေးခဲ့တဲ့သူပါ" အင်တာ ဗျူးမှ မြန်မာ့သမိုင်းသုတေသီ ဦးကျော်ဇင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါးကဏ္ဍ

စိစစ်ရေးကို အမှန်တကယ်လျှော့ပေါ့ပေးတော့မည်လော...

               ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်း စာအုပ်များကို စာပေစိစစ်ရေး ခွင့်ပြုချက်မလိုဘဲ ပုံနှိပ်ထုတ်ဝေခွင့်ရတော့မည်ဟု စာပေစိစစ်နှင့် မှတ်ပုံဌာနမှ မီဒီယာ အဖွဲ့များသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။ ဂျာနယ်၊ မဂ္ဂဇင်းအချို့ကို စာပေစိစစ်ရေးမလိုတော့သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်လှမ်းဖြစ်ခြင်းကြောင့် အပြုသဘောဆောင်ဂရုစိုက်ပြီး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုကြောင်း စာပေ လောက အသိုင်းအဝိုင်းမှ သိရသည်။

               နိုင်ငံတစ်နိုင်ငံ၏ ပွင့်လင်းမှုကိုတိုင်းတာရာ၌ စာပေလွတ်လပ်ခွင့်မည်မျှရှိသနည်း၊ နိုင်ငံခြားစာအုပ်များကို ဘယ်မျှလောက် ဘာသာပြန်ထား သနည်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ မည်မျှရှိသနည်း စသည်တို့ဖြင့် တိုင်းတာကြသည်။ ယခင်ကဆို စာပေလွတ်လပ်ခွင့် မဆိုထားနှင့် ဘာသာ ပြန်စာအုပ်ကိုပင် များများစားစား မရှိသေးသည်ကို တွေ့ရပါလိမ့်မည်။ ရေးသူများကို ကြည့်လိုက်လျှင် ဒီလူတွေချည်းဖြစ်နေသည်။ ယခုအခါတွင်တော့ စာပေလွတ်လပ်ခွင့် အနည်းငယ်ဖွင့်ပေးလိုက်သည်ဖြစ်ရာ ပွင့်လင်းမှု အနည်းငယ်ရှိလာသည်ဟုပင် ဆိုစရာရှိပါသည်။ သို့သော် နိုင်ငံရေးနှင့် စီးပွားရေး သတင်းများ၊ အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းမရနိုင်သည်မှာတော့ အားမရစရာပင်။

               စာပေစိစစ်ရေးဌာနမှ အဆိုပါအစီအစဉ်ကို မည်သည့်အချိန်၌စတင်မည့်ကို အတိအကျထုတ်ပြန်ထားခြင်း မရှိသော်လည်း လာမည့် အစိုးရသစ် ထံသို့ တင်ပြပြီး အဆိုပါအစိုးရသစ်၏ ခွင့်ပြုသည့်အချိန်တွင် စတင်မည်ဟုဆိုသည်။  ယင်းအစီအစဉ်၌ အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုးအစားများပါဝင်ပြီး လက်ရှိထုတ်ဝေနေသော ဂျာနယ် ၁၇၂ စောင်အနက် ၈၄စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်အနက် ၁၁၃ စောင်တို့ ကင်းလွတ်ခွင့်များ ပေးလိုက်သည်။ သို့သော် သတင်းဂျာနယ်များမှာ ပါဝင်မှုမရှိသေးကြောင်း သိရသည်။ သို့နှင့်တိုင် ယင်းအမျိုးအစား ၆ မျိုးကို ထုတ်ဝေရာ၌ ထုတ်ဝေခွင့်လိုင်စင် လိုအပ်ဦးမှာဖြစ်ပြီး ထုတ်ဝေပြီးသည့်အခါ၌လည်း အချောစာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများကို စာပေစိစစ်ရေးဌာနသို့ တင်ပြရမည်ဟု သိရသည်။ ယင်းမှာ စာစောင်များ မထုတ်မီကြိုတင်ပြရခြင်းအစား ထုတ်ဝေပြီးနောက် တင်ပြခြင်းအဖြစ် ခွင့်ပြုမည့်အစီအစဉ်ဖြစ်ရာ ကျန် သတင်းနှင့် စာပေ(နိုင်ငံရေး၊ ဘာသာရေး၊ အတ္ထုပတ္ထိ)များသည် ယခင်လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဖြေလျှော့မှု တစ်စုံ တရာရှိနေသည့်အတွက် အယ်ဒီတာတချို့မှာ ထူခြားသည်ဟု ရှုမြင်ကြသည်။ သို့သော် တချို့မှာမူ ဖြစ်ပေါ်လာဖွယ်ရှိသည့် အပြောင်းအလဲကို စိတ်ဝင်စားမှု အနည်းငယ်သာပြသည်။ "ဒီလိုဖြေလျှော့ ပေးတာကိုကြိုဆိုပါတယ်။ ကြိုဆိုမှုနဲ့ အတူတာဝန်တွေ ပိုပြီးကြီးလာပါပြီ။ အရင်တုန်းကတော့ စာပေစိစစ်ရေးက ဒါဖြုတ်ဆို ဖြုတ်လိုက်ရုံပေါ့။ အယ်ဒီတာတွေကိုလည်း သေချာမှာထားဖို့ လိုလာပါပြီ။ ကျွန်တော်တို့လိုလားတဲ့ Free Press အဆင့်ကိုရောက်ဖို့ အားလုံးက သတိနဲ့ဝိုင်းပြီး ကူညီပူးပေါင်း ဆောင်ရွက်ပါလိမ့်မယ်" ဟု ဦးမျိုးအောင်(ရုက္ခဗေဒ) က ပြောကြားသည်။

               မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲမှာ အာဏာပိုင်စနစ်မှာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသွားသော်လည်း စံချိန်မီလွတ်လပ်သည့် ဒီမိုကရေစီ မဟုတ်ဘဲ၊ စစ်ဘက်- အရပ်ဘက် ပူးတွဲအုပ်ချုပ်သည့် အာဏာပိုင်စနစ်၏ ပေးထားချက်အတိုင်း ကစားရသော လမ်းညွှန်ဒီမိုကရေစီမျိုးဖြစ်ရာ ယခုကဲ့သို့ ဖြေလျှော့ပေးသော စာပေလွတ်လပ်ခွင့်မှာ ယင်းနိုင်ငံရေးလွတ်လပ်ခွင့်နှင့် အချိုးကျဖြစ်ပေါ်လျက်ရှိသည်။ သို့နှင့် နိုင်ငံရေးလွတ်လပ်ခွင့်ရလာလေ စာပေ လွတ်လပ်ခွင့်ရှိလာမည် ဟူသောသဘောပင်ဖြစ်သည်။ ယင်းသဘောကိုပင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးတင့်ဆွေက "ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အညီ လက်ရှိတင်ကျပ်ထားတဲ့ ပုံနှိပ်ထုတ် ဝေမှုဝါဒတွေကို အဆင့်လိုက်ဖြေ လျှော့လိုက်လျောသွားမှာပါ။ လွတ်လပ်မှုနဲ့အတူတာဝန်ယူမှုတွေပါ လာမယ်ဆိုတာ အထူးဂရုပြုရမှာဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။

               မကြာမီကျင့်သုံးမည့် အဆိုပါ “ထုတ်တင်” စနစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၇၂ ဝန်းကျင် သတင်းဂျာနယ်ခေတ်တွင် ကျင့်သုံးခဲ့ဖူးသည်ကြောင်း ဝါရင့်သတင်းစာဆရာတဦးက ပြောကြားသည်။ သတင်းအယ်ဒီတာတစ်ဦးက “စာပေစိစစ်ရေးဆိုတာရှိနေတာက သတင်းသမား ဆီကနေ ဖတ်ရှုသူဆီ သတင်းစီးဆင်းမှုအကြားမှာ ပိတ်ဆို့ထားလိုက်သလိုပဲ။ ရောက်စေချင်တာ မရောက်တာ၊ ပေးချင်တဲ့ သတင်းအချက်အလက်ကြားမှာ ဖြတ်တောက်ခံလိုက်ရတာတွေက သတင်းလောကတိုးတက်မှုနဲ့ လူထုရဲ့လိုအပ်ချက်ကို အတားအဆီးကြီးလို ဖြစ်နေတယ်။ ဘယ်နိုင်ငံမှာမှ အခုလိုစနစ်မျိုး မရှိဘူးထင်ပါတယ်။ အမှန်က သတင်းမီဒီယာသမားတွေဟာ သတင်းတိကျမှန်ကန်မှုနဲ့ စာဖတ်သူအကျိုးကို နံပါတ်တစ် ဦးစားပေးဖို့ပဲ တာဝန်ရှိတာပါ” ဟု ပြောဆိုသည်။ သို့သော် တစ်ချို့မှာမူ ယင်းအစီအစဉ်ကို စာပေလွတ်လပ်ခွင့်အတွက် ကြိုဆိုအပ်သည့် ကနေဦးခြေလှမ်းအဖြစ် မြင်ကြသည်။ ယင်းနှင့် ပတ် သက်၍ နာမည်ရဂျာနယ်တစ်စောင်မှ သတင်းအယ်ဒီတာတစ်ဦးက "ဒီအစီအစဉ်ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ပထမခြေလှမ်းလို့ ပြောလို့ရ ပါတယ်။ သတင်းဂျာနယ်တွေအနေနဲ့လည်း  ဒီအခြေအနေကနေ ပိုကောင်းတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မျိုးရဖို့ကတော့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမယ် လို့ မြင်ပါတယ်" ဟု အပြုသဘောဆောင် ပြောကြားသွားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs