Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ငွေပေးသွင်းပုံစံသစ်ကြောင့် လေလံအောင်သူအချို့ စရန်ငွေအဆုံးခံခဲ့ရ

နေပြည်တော်၊ ဧပြီ ၆။

ပြီးခဲ့သည့် ၂၀၁၁ ဖေဖော်ဝါရီ ၂၄ တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အအုံနှင့် မြေကွက်များအား လေလံတင် ရောင်းချခဲ့သည့် လေလံပွဲ၌ အောင်မြင်ခဲ့သည့် လုပ်ငန်းရှင်အချို့ ငွေပေးသွင်းပုံစံသစ် များကြောင့် စရန်ငွေအဆုံးခံခဲ့ကြကြောင်း သိရသည်။

ယင်းနိုင်ငံတော်ပိုင်အဆောက်အအုံ လေလံပွဲ၌ အောင်မြင်ခဲ့ကြသည့် လေလံအောင်သူများသည် လေလံအောင် မြင်သည့်တန်ဖိုး၏ ၃၀ ရာခိုင် နှုန်းအား နှစ်ပတ်အတွင်း ပေးသွင်းရန်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သဖြင့် ငွေပေးသွင်းရန် အခက်အခဲရှိခဲ့သည့် အဆောက်အအုံ လေလံအောင်မြင်သူ အချို့ လေလံအောင်မြင်ခဲ့သည့် ပစ္စည်းများအား ပြန်အပ်သူများနှင့် ပြန်လည်ရောင်းချမှုများရှိလာကြောင်းသိရသည်။ ပစ္စည်းပြန်အပ်သူများတွင် သိန်းပေါင်း တစ်သိန်းနှင့်အထက် အဆောက်အအုံများကို ပြန်လည်အပ်နှံသူများ များပြားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့သည်။

ယခုကဲ့သို့ စရန်ငွေများအဆုံးခံ၍ လေလံအောင်မြင်ခဲ့သည့်အဆောက်အအုံများ ပြန်လည်အပ်နှံခဲ့ရခြင်းမှာ နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် လေလံပွဲ၌ လေလံအောင်ပစ္စည်းများ၏တန်ဖိုးမှာ ကာလပေါက်ဈေးထက်များစွာ ပိုမိုမြင့်မားနေမှုကြောင့်ပင်ဖြစ်ကြောင်း လေလံအောင်မြင်ခဲ့သည့် စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယင်းလေလံပွဲ၌ လေလံအောင်မြင်ခဲ့ကြသည့် လေလံအောင်မြင်သူများအား လေလံအောင်မြင်ခဲ့သည့် ပစ္စည်း၏ ၃၀ ရာခိုင်နှုန်းအား နှစ်ပတ် အတွင်းပေးသွင်းရမည်ဖြစ်ပြီး ကျန်သည့်ငွေအား တစ်နှစ်အတွင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထုတ်ပြန်ချက်များအရ ငွေပေးသွင်းရန် ပျက်ကွက်သူသည် ၎င်း၏ အကြောင်းပြချက်ခိုင်လုံမှုမရှိပါက စရန်ငွေအဖြစ်ပေးသွင်းထားသော ကျပ်သိန်း ၅၀ နှင့် မြေနှင့် အဆောက်အအုံအတွက် ကျပ်သိန်း ၁၀၀ ဆုံးရှုံးမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

သို့သော် ငွေပေးသွင်းရန်ပျက်ကွက်သူ၏ အကြောင်းပြချက် ပြည့်စုံခိုင်လုံမှုရှိပါက ပေးသွင်းထားသော စရန်ငွေအား ပြည်လည်ထုတ်ပေး ကြောင်းသိရသည်။

               (အတွဲ-၁၀၊ နံပါတ်-၅၊ ၇ ဧပြီ ၂၀၁၁ 7 Day News ပါ ငွေပေးသွင်းပုံစံသစ်ကြောင့် အဆောက်အအုံ လေလံအောင်သူအချို့ စရန်ငွေအဆုံးခံ မှ)

-------------------------------------------------------------------------------------------------------------

သင်္ကြန်တွင်း လုံခြုံရေးကင်မရာကို လူငယ်များစိုးရိမ်နေကြ

၂၀၁၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၌ ကျရောက်မည့် သင်္ကြန်ပွဲတော်၌ ဆောက်လုပ်မည့် သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေးကင်မရာများ တပ်ဆင် ထားရှိရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍  သင်္ကြန်မဏ္ဍပ်များ၌ လုံခြုံရေးကင်မရာများမှ တစ်ဆင့် မိမိတို့၏ပုံရိပ်များ အင်တာနက်ပေါ်သို့ ရောက်ရှိသွား လေမလား ပာူသော စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်ကျရောက်မည့် သင်္ကြန်ပွဲတော်၌ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထားရမည်ဖြစ်ပြီး ၎င်းလုံခြုံရေးအတွက် မှတ်တမ်း တင်မည့် ဓာတ်ပုံသမားအား သီးခြားထားရှိ စေလိုကြောင်း၊ ထိုသို့ ထားရှိမှသာ ပျော်ရွှင်ဖွယ်ကောင်းလှသည့် သင်္ကြန်၌  အကျဉ်းတန်အရုပ်ဆိုးစေမည့် နောက်ဆက်တွဲပြဿနာများကို သတိပြုကာကွယ်ရန်လည်း လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ အင်တာနက်ကျွမ်းကျင်သူတစ်ဦးက ပြောကြား ခဲ့သည်။

၂၀၁၀ ခုနှစ် သင်္ကြန်၌ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်၌ မသမာသူများ၏ ဗုံးဖောက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး မလိုလားအပ်သည့် သင်္ကြန် တွင်း အရုပ်ဆိုးအကျည်းတန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ယခုနှစ် သင်္ကြန်တွင် လုံခြုံရေးအရ သင်္ကြန်မဏ္ဍပ်များ၌ လုံခြုံရေးကင်မရာများ တပ်ဆင် ထားရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါထုတ်ပြန်ထားသည့် စည်းကမ်းချက်များသည် မသမာသူတို့၏ အန္တရာယ်အား ကာကွယ်နိုင်မည် ဖြစ်သော်လည်း သင်္ကြန်တွင်း၌ လွတ်လပ်စွာဆော့ကစားကြမည့် လူငယ်၊ လူရွယ်တို့၏ ဝတ်စားဆင်ယင်ပုံ၊ လှုပ်ရှားကစားပုံများမှာ အင်တာနက်ဝက်ဆိုဒ် သို့အချိန်မရွေး ရောက်သွား နိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ လူရွယ်ပိုင်းအများစုမှာ စိုးရိမ်လျှက်ရှိသည်။ အဓိကအားဖြင့် မြန်မာအမျိုးသမီးငယ်တို့ ယခုနှစ် သင်္ကြန်ကာ လတွင် ပိုမိုသတိထားသင့်ကြောင်း နည်းပညာကျွမ်းကျင်သူတစ်ဦးကလည်းဆိုသည်။

ကင်မရာတပ်ဆင်မည်ဆိုသည်မှာ လုံခြုံရေးအရပာုဆိုသော်လည်း သင်္ကြန်ပွဲတော်ဆိုသည်မှာ အားလုံးစိတ်လွတ် ကိုယ်လွတ် ပျော်ရွှင်ကြမည့် ပွဲမျိုးပင်ဖြစ်ကြောင်း၊ အများပြည်သူတို့နှင့် သက်ဆိုင်သည့်နေရာများတွင် CCTV ကင်မရာ များကို တပ်ဆင်ထားရမည်ဖြစ်ကြောင်း၊ ယခုနှစ်သင်္ကြန်၏ သင်္ကြန်ပုံရိပ်များတွင် အင်တာနက်ဝက်ဆိုဒ်များပေါ်တွင် ပလူပျံ တက်သွားနိုင်ကြောင်း၊ ထို့ကြောင့် ယင်းစည်းကမ်းချက်အပေါ်၌ မည်သို့သော ကာကွယ်မှုများ ပေးထားမည် ဖြစ်ကြောင်း မသိကြောင်း၊ ထိုသို့ မသိသည့်အတွက် အထူးသဖြင့် မိန်းကလေးများယခုနှစ် သင်္ကြန်ပွဲတော်တွင် အနေအထိုင် အနည်း ငယ်ဆင်ခြင်ကြရန်သာ ပြောလိုကြောင်း ယင်းမှပင်ဆက်လက်ပြောကြားခဲ့သည်။

ယခင်နှစ်၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်များ၌ လုံခြုံရေးကင်မရာများ ထားရှိရေး၊ ဗုံးစွန့်ကျင်းများ ထားရှိ ရေးစသည့် စည်းကမ်းချက်များကြောင့် ကောင်းကျိုးအနေဖြင့် အများပြည်သူတို့၏ လုံခြုံ ရေးအတွက် စိတ်ချနိုင်သော်လည်း ဆိုးကျိုးအနေဖြင့် မိမိတို့၏ သရုပ်ပျက်ဝတ်စားမှုများ၊ အသိကင်းမဲ့သည့် ပျော်ရွှင်မှုများသည် အချိန်မရွေး အင်တာနက်ဝက်ဆိုဒ်ပေါ်သို့ တတ်သွားနိုင်သည့် ဆိုးကျိုးများလည်းရှိ ကြောင်း သတိပြုထားသင့် ပေသည်။

(အတွဲ-၃၊ အမှတ်-၁၄၊ ၇ ဧပြီ ၂၀၁၁ Popular News ပါ “လုံခြုံရေးကင်မရာ ရိုက်ကူးထားသော သင်္ကြန်ပုံရိပ်များ အင်တာနက်ပေါ် တတ်သွားလေမလား လူငယ်များစိုးရိမ်နေကြ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

သင်္ကြန်မတိုင်မီ ပေါက်ကွဲမှုဖြစ် ပြည်သူများ စိုးရိမ်မှု ပိုနေ

၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့၌ ဆူးလေမှတ်တိုင် PCO ဖုန်းရုံအနီး ရေတမာပင်အုတ်ခုံပေါ်တွင် အသံမကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု နေ့လည် ၁၁ နာရီ ၄၀ မိနစ်ခန့်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး မီးတောက်များထွက်ပေါ်လာကာ မီးခိုးများထွက်လာခဲ့သည့်အတွက် သက်ဆိုင်ရာမှ မီးလောင်သည့်နေရာအား သဲများ၊ ရေများဖြင့် ဝိုင်းဝန်းငြိမ်းသက်ခဲ့ရာ ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာမှတာဝန်ရှိသူများက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှ တွေ့ရှိခဲ့ရသည့် ပစ္စည်းများပေါ်မူတည်၍ အမျိုးမျိုး ထင်ကြေးပေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ အပူရှိန်များပြားမှုကြောင်း ဂက်စ်မီးခြစ်မှ ဓာတ်ငွေ့အရည်များထွက်ကာ ပေါက်ကွဲမှုဖြစ်ခြင်းပာု လည်းကောင်း၊ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရန် ကြံစည်မှုပာု လည်းကောင်း အမျိုးမျိုးထင်ကြေးပေး ပြောဆိုခဲ့ကြသော်လည်း လက်ရှိအချိန်၌ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားရခြင်း မသိသေးချေ။

“သတင်းကြားတော့ မနှစ်က ဖြစ်ရပ်ကိုပဲ အမှတ်ရတယ်။ အလိုလိုနေရင်း ပူပန်နေရတဲ့အထဲမှာ အခုသတင်းကြားတော့ ပိုပြီး စိတ်ပူမိတယ်။ သင်္ကြန်တွင်းမှာ ဘာလုပ်ရင်ကောင်းမလဲကို တွေးနေတုန်းပဲရှိသေးတယ်။ အခုသတင်းကိုကြားလိုက်တော့ လည်ချင်ပတ်ချင်စိတ်ကိုမရှိတော့ဘူး။ တရားစခန်းဝင်မယ် စိတ်ကူးတယ်” ဟု အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

“ကျွန်တော်ကတော့ လည်မှာပဲ သင်္ကြန်တွင်းမှာပဲ ပျော်ရတာ။ သေနေ့စေ့ရင်တော့ သေရမှာပဲဆိုတော့ သိပ်စိတ်မပူနေတော့ဘူး။ သတိတော့ ထားရမှာပေါ့။ ဒီကာလမှာပဲ စိတ်လွတ်ကိုယ်လွတ်ပျော်ရတာမို့သာ ပျော်တာ အရင်လို သတိလက်လွတ်ပျော်လို့မရတော့ဘူး။ ကင်မရာတွေလည်း တပ်မယ်ဆိုတာကိုး။ တော်ကြာ အွန်လိုင်းပေါ်မှာ ပါနေမှ အချောင် နာမယ်ကြီးနေဦးမယ်” ဟု ရန်ကုန်တွင် လာရောက် အလုပ်လုပ်ကိုင်နေသူ မန္တလေးသူ မိန်းမပျိုတစ်ဦးက ရဲရဲဝင့်ဝင့်ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားရာနေရာအနီးမှ တွေ့ရှိခဲ့ရသည့် ပစ္စည်းများမှာ ၂၀ လီတာဝင် UPG သဘောင်္ဆေးနှစ်ဘူး၊ ဇစ်ပိုဂစ်အရည်နှစ်ဘူး၊ ကွန်ပါဘူး တစ်ဘူး၊ ကွန်ပါဘူးအတွင်း C4 ယမ်းပြင်းတစ်ခု၊ ဒီတိုနီတာ ၁ ချောင်း၊ ဖျူးစ်တစ်ခုနှင့်  ဝါယာကြိုးများ၊ Nokia လက်ကိုင်ဖုန်းခွံတစ်ခု၊ 12 Call Freedom တံဆိပ်ပါ ထိုင်းနိုင်ငံလုပ်ဖုန်းခွံတစ်ခု၊ ဖုန်းကတ်အနီတစ်ခု၊ စက်မပါသော ကော်လက်ပတ်နာရီတစ်လုံး၊ အနီရောင်နှင်းဆီပွင့် နှစ်ဆယ်နှင့် ကလေး ကစားစရာ ဓာတ်ခဲ သုံးကားတစ်စီးတို့ကို တွေ့ရှိခဲ့ရကြောင်း ယင်းဖြစ်စဉ်အားတွေ့ရှိခဲ့သည့် သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ အကြီးအကဲများ ပြောင်းလဲ

ရန်ကုန်၊ ဧပြီ ၆။

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုရှိ ဌာန ၃ ခု၏ အကြီးအကဲများ အသစ်ပြောင်းရွှေ့သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရပ်ကွက် မှ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြည်ထဲရေးဝန်ကြီးဌာန  လက်အောက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊(စစစ)လို့ အများက ခေါ် နေကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနရယ် ပြီးတော့ နိုင်ငံရေးမှုတွေကို အများဆုံးကိုင်တွယ်တဲ့ (SB)လို့ သိကြတဲ့ ရဲသတင်းတပ်ဖွဲ့ရယ်က အကြီး အကဲတွေ အစိုးရသစ် မတက်ခင်အချိန်မှာ ပြောင်းသွားကြတယ်။ သူတို့ပြောင်းသွားတာကို အစိုးရသစ် မတက်ခင်အချိန်မှာ သက်ဆိုင်ရာဌာန အသီးသီးကို ပြန်တမ်း ပို့ခဲ့ပေမယ့် ပြည်သူလူထု ကိုတော့ ရဲချုပ်ရာထူးနေရာ ပြောင်းလဲသွားတာကိုပဲ ထုတ်ပြန်ကြေညာခဲ့တယ်”ဟု ဆိုသည်။

Bureau of Special Investigation(BSI) အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ညွှန်ကြားရေးမှုးချုပ်ရာထူးနေရာအား ဗိုလ်မှူးမောင်မောင်ကျော်မှ ပြောင်းလဲတာဝန်ယူခဲ့ပြီး ၎င်း၏ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သူအား မည်သည့်နေရာသို့ ပြောင်းလဲခဲ့သည်ကိုမူ သိရှိရခြင်း မရှိကြောင်း သိရှိရသည်။ ဗိုလ်မှူး မောင်မောင်ကျော်သည် ဘားအံမြို့တွင် ရဟတ်ယာဉ်ပျက်ကျ၍ ကျဆုံးသွားခဲ့သော စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးတင်ဦး၏သမက် ဖြစ် သည်ဟု သိရှိရပြီး ၎င်း၏ ဇနီးမှာ ဟယ်ပင်လမ်းတွင် ဂျပန်နိုင်ငံမှ ပို့ဆောင် လိုက်သော ပါဆယ်ဗုံးကြောင့် သေဆုံးသွားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ်ရာထူးအား ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးရာထူးအား ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းအား ဧပြီ ၁ ရက်နေ့က ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။ ထို့ပြင် ရဲသတင်းတပ်ဖွဲ့(Special Branch)၏ သတင်းတပ်ဖွဲ့မှူးနေရာအား အစားထိုးတာဝန်ပေးခဲ့သည် ဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ရန်ကုန်တိုင်း ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့၏ ဒု-တိုင်းမှူး ရာထူးနေရာတွင်လည်း တပ်မတော်မှ ယာဉ်ထိန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူ ဒု-ရဲမှူးကြီး ဦးအောင်နိုင်အား ရာထူးမှ အနားပေးကာ ဒု-တိုင်းမှူးအသစ် ပြောင်းလဲခန့် အပ်ခဲ့ကြောင်း ယာဉ်ထိန်းးတပ်ဖွဲ့မှ သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ၏ တာဝန်ခံများသည် နိုင်ငံရေးအရ ပြောင်းလဲမှုများစွာရှိပြီး ဌာနများအား အမှန်တကယ် ကွပ် ကဲသူမှာ ဒုတိယတာဝန်ခံများပင် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အကျဉ်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဟူ၍ ဌာနကြီး ၄ ခုရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက်တွင်မူ ရဲသတင်း တပ်ဖွဲ့၊ ရဲတပ်ရင်းများကွက်ကဲမူဌာနချုပ် စသည်ဖြင့် လုံခြုံရေး ဌာနများစွာ ဖြန့်ခွဲထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှထုတ်ပြန်သော ထုတ်ပြန်ချက်များ အရသိရှိရသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

တိုင်းဒေသကြီးအစိုးရ အခွန် ခွဲခြားကောက်ခံမည်

အစိုးရသစ်လက်ထက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူတို့ထံမှ ကောက်ခံရရှိမည့် အခွန်အခများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ခွဲခြားကောက်ခံ၍ သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ယခင်ကောက်ခံနေသည့် အခွန်(၅)မျိုးရှိကြောင်း၊ ယခုအခါ ယင်းအခွန် (၅) မျိုးထဲမှ အမြတ်ခွန်ဥပဒေအား ဖျက်သိမ်းပြီးဖြစ်သည့်အတွက် အခွန် (၄)မျိုးအတွက်သာ ကောက်ခံတော့မည် ဖြစ်ကြောင်း အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများအလိုက် အသီးသီးကောက်ခံခဲ့ကြသော်လည်း ယခုအခါ ပြည်ထောင်စုအစိုးရ(သို့) ပြည်နယ်အစိုးရ(သို့) တိုင်းဒေသကြီးအစိုးရတို့မှ မိမိနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြည်သူတို့ထံမှ အခွန်အခ များကို ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်အစိုးရသည် အခွန်များကိုကောက်ယူကြောင်း၊ စည်ပင်သာယာဌာနသည် အခွန်အစစ်မပာုတ်သည့် အခများကိုသာ ကောက်ခံခဲ့ ကြောင်း၊ အခွန်ဆိုသည်မှာ တိုက်ရိုက်အကျိုးခံစားခွင့်မရသော်လည်း အခဆိုသည့် အမျိုးအစားသည် အခပေးဆောင်သူများကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိနိုင်ကြောင်း၊ အခွန်ငွေများအားလုံးကို အများပြည်သူတို့၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတတ်လာနိုင်စေရန် ကောက်ခံခြင်းဖြစ်၍ ကျခံသုံးစွဲမည့် ကုန်ကျငွေ များကို အခွန်ပေးဆောင်၍ အချိုး ကျထည့်ဝင်ခြင်းပင် ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုငွေမှာ အနည်းဆုံးပင်ဖြစ်ကြောင်းသိရသည်။ အခွန်ငွေဆိုသည်မှာ နိုင်ငံတော်အစိုးရမှ တာဝန် ခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရာတွင် ကုန်ကျမည့်အသုံးစရိတ်များကို ပြည်သူများထံမှ ကောက်ယူပြီး အချိုးကျထည့် ဝင်ရသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်ရေး အသုံးစရိတ် ပင်ဖြစ်သည်။

(အတွဲ-၃၊ အမှတ်-၁၄၊ ၇ ဧပြီ ၂၀၁၁ Popular News ပါ “အခွန်အခများကို ဗပိာုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့ ခွဲခြား ကောက်ခံသွားမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ဒုဝန်ကြီးများအနက် အမျိုးသမီးနှစ်ဦးပါဝင်

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအားဖျက်သိမ်းကြောင်း ကြေညာပြီး အစိုးရသစ်၊ အဖွဲ့အစည်းသစ်များအား အာဏာလွှဲပြောင်းလိုက်ပြီးနောက် ယင်းနေ့၌ပင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စု ဒုတိယဝန်ကြီးများ ရာထူး၌  အမျိုးသမီးနှစ်ဦးအား တာဝန်ပေးအပ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ယခု ခန့်အပ်လိုက်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဒုတိယဝန်ကြီးအမျိုးသမီးနှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဝန်ကြီးအဆင့်ရရှိသော ပထမဆုံးအမျိုးသမီးများ ဖြစ်လာကြောင်းသိရသည်။ ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသော ပြည်ထောင် စုအမျိုးသမီးနှစ်ဦးမှာ  ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒေါ်စန္ဒာခင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့ပင် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးဝန်ကြီးများအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်စန်းစန်းနွယ်အား လည်းကောင်း၊ ကချင်ပြည်နယ်၌ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်ခင်ပြုံးရည်တို့အားလည်းကောင်း အသီးသီးခန့်အပ် တာဝန်ပေး အပ်ခဲ့ကြောင်း သိရသည်။

အဆုံးအဖြတ်ချပေးနိုင်သည့် ရာထူးအဆင့်နေရာများ၌ အမျိုးသမီးများ မရှိသေးကြောင်း၊ အစိုးရရုံးများ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း အားလုံး၏ တစ်ရာခိုင်နှုန်းကျော်ကျော်လောက်သာ ရာထူးကြီးကြီးရမယ်ပာု တွက်ချက်ထားကြောင်း၊ သို့သော် နောင်ငါးနှစ်တွင် မြန်မာနိုင်ငံ၌ အမျိုးသမီး များ၏ အခန်းကဏ္ဍ ပိုမိုတွင်ကျယ်လာနိုင်သည်ပာု မိမိခန့်မှန်းကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာ ညိုညိုသင်းမှ ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ပါဝင်နိုင်မှုမှာ အလွန်အားနည်းသည့် နိုင်ငံဖြစ် ကြောင်း သိရသည်။

(အတွဲ-၁၀၊ နံပါတ်-၅၊ ၇ ဧပြီ ၂၀၁၁ 7 Day News ပါ “အစိုးရသစ်ဖွဲ့စည်းရာတွင် ပြည်ထောင်စုဒုတိယဝန်ကြီး ရာထူးနှစ်နေရာကို အမျိုးသမီး များအား ခန့်အပ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဆီစာအုပ်အသစ်တွေကို မတ်လ ၁၉ ရက်နေ့က စတင်ထုတ်ပေးတယ်။ တစ်ရက်ကို ကားတစ်စီး ဓာတ်ဆီလေးဂါလန်ပဲ ဝယ်လို့ရတယ်။ တစ်ရက်ကို တစ်ကြိမ်ပဲ ဓာတ်ဆီဝယ်ခွင့်ရှိတယ်။ အခုနောက်ပိုင်း အပြင်ဓာတ်ဆီဈေးက တော်တော် တက်လာတယ်။ ဆီထုတ်ရောင်းတဲ့ကားကလည်း ပိုများသလိုပဲ။ အပြင်မှာ ဓာတ်ဆီတစ်ဂါလန်ကို ၄၈၀၀နဲ့ ကောက် (ပြင်ပစက်သုံးဆီရောင်းဝယ်သူများက ဝယ်ယူခြင်းကို ဆိုလိုပါသည်)တယ်။ ပြင်ပစက်သုံးဆီ အရောင်း ဆိုင်တွေမှာ ဓာတ်ဆီတစ်ဂါလန်ကို ၅၀၀၀နဲ့ ပြန်ရောင်းကြတယ်။ တချို့ဆိုင်တွေက တစ်ဂါလန်ကို ၅၂၀၀ လောက်နဲ့ ပြန်ရောင်း ကြတာလည်းရှိ တယ်။ ဈေးကတော့ အလေးချိန်တွယ်ပုံပေါ်မှာ မူတည်ပြီး အပြောင်းအလဲရှိတယ်"

(ဧပြီ ၄ ထုတ် The VOICE weekly အတွဲ(၇) အမှတ် (၁၇) တွင်ပါသည့် "ဓာတ်ဆီပြင်ပဈေး တစ်ဂါလန် ကျပ် ၅၀၀၀ကျော် အထိရောက်" သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

"နှစ်ရှည်လများ စောင့်ဆိုင်းမျှော်လင့်ခဲ့ရတဲ့ မြန်မာပြည်သူလူထုအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်ဖြင့်  အုပ်ချုပ်ခံခွင့်ရရှိရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လေးစားမှုတွေဟာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေအဖြစ် လိုပါတယ်။ ဒါမှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဟာ ရေရှည်ခိုင်မာမှာဖြစ်ပါတယ်"

(ဧပြီ ၅ ထုတ် TRUE NEWS အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် "စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ် ကြောင်း အစိုးရသစ် သက်သေပြဖို့လို" သတင်းမှ ဘန်ကီမွန်း(ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

"အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်သည့်အခါ လိုအပ်သည့် အထောက်အထားများကို မှန်ကန်စွာ ကြိုတင် ပြင်ဆင်စုဆောင်းထားရှိပါက ငွေကြေး ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာမှု မရှိနိုင်ပါကြောင်း သတ်မှတ်စာရွက်စာတမ်းများ ပြည်စုံမှန်ကန်သော်လည်း လျှောက်ထားသည့်ရက်မှ ၂၈ ရက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိပါက ညွှန်ကြားရေးမှူးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီဌာန၊ နေပြည်တော်သို့ တိုင်ကြား နိုင်ကြောင်း၊ ဝန်ထမ်းများ စည်းကမ်းဖောက်ဖျက်မှုနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်ဦးကဆိုသည်။

(ဧပြီ ၄ ထုတ် The Messenger အတွဲ(၁) အမှတ်(၄၇) တွင်ပါသည့် "လျှောက်ထားသည့်ရက်မှ ၂၈ ရက်အတွင်း နိုင်ငံသားစိစစ် ရေးကတ်ပြားမရရှိပါက တိုင်ကြားနိုင်" သတင်းမှ ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

"ဒီလို အမျိုးသားသန့်စင်ခန်းတွေမှာ လိင်တူပဲဖြစ်ဖြစ်၊ လိင်ကွဲပဲဖြစ်ဖြစ် အကာအကွယ်မဲ့ လိင်ဆက်ဆံ ရင်တော့ HIV ပိုးဟာ ကူးစက်မှာပါ။ တရားဥပဒေ စိုးမိုးရေးအရလည်း  ဖမ်းဆီးခံရနိုင်ပါတယ်"

(ဧပြီ ၄ ထုတ် The Messenger အတွဲ(၁) အမှတ်(၄၇) တွင်ပါသည့် "အမျိုးသားသန့်စင်ခန်းအချို့တွင် လိင်တူဆက်ဆံခြင်းများရှိနေ" သတင်းမှ ဒေါက်တာ ထွန်းဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အကျည်းတန် နိုင်ငံရေးရည်မှန်းချက်

" မနှစ်က ကိုယ့်ရှေ့မှာတင် ဖြစ်သွားတာဆိုတော့ နည်းနည်းတော့လန့်တယ်။ ဒီနှစ်တော့ မနှစ်ကလောက် သိပ်မတက်ကြွတော့ဘူး"။ ယင်းမှာ အသက် ၂၂အရွယ် မအေးဖြိုးဖြိုးသည် ၎င်း တွေ့ကြုံခဲ့ ရသည်ကို ပြန်လည်ပြောကြား နေခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ် ဧပြီလ သင်္ကြန်အကြတ်(ဧပြီ ၁၅ ရက်) နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းမှာရှိသည့် X2O ရေးကစား မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါသည်။ ယင်း ပေါက်ကွဲမှုကြောင့် လူ ၁၇၀ ဦးဒဏ်ရာရခဲ့ပြီး ရှစ်ဦးသေဆုံးခဲ့ သည်ဟု ဧပြီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း မီဒီယာများ မှာ ဖော်ပြခဲ့ကြပါသည်။

မြန်မာရိုးရာ အလွန်ချစ်ဖွယ်ကောင်းသည့် အတာသင်္ကြန်မှာ ဤကဲ့သို့ အကြမ်းဖက်မှုမျိုးဖြစ်ခဲ့သည့်အတွက် အလွန်အရုပ်ဆိုး အကျည်းတန် သည့်အပြင် သင်္ကြန်အလှလည်း ပျက်ခဲ့ရလေသည်။ ယင်း၏ အကျိုးဆက်အနေဖြင့်လည်း ယခုနှစ်သင်္ကြန်ကို မနှစ်ကထက် ပိုမို၍ လုံခြုံရေးများ တင်းကျပ် စွာချထားလျက်ရှိပါသည်။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက် ပါပေသည်။ စည်းကမ်းချက်များမှာ မဏ္ဍပ်များကို လမ်းတစ်ဖက်တစ်ချက်မျက်နှာချင်းဆိုင်၍ ဆောက်လုပ်ခြင်းမပြုရဘဲ မျက်စောင်းထိုးအနေအထား ဆောက်လုပ်ရမည်ဖြစ်ရာ ဆောက်လုပ်လိုပါက အနည်းဆုံး ကိုက် ၁၀၀ခန့် ကွာဝေးရမည် ဖြစ်ပြီး ဘေးချင်းကပ် အနည်းဆုံး ပေ (၁၀၀) ကွာဟမည်ဖြစ်သည်။ ထို့အပြင် သင်္ကြန်မဏ္ဍပ်ကြီးများတွင် လုံခြုံရေးအတွက် CCTV လုံခြုံရေးကင်မရာ၊ အနီးကပ် ဓာတ်ပုံ မှတ်တမ်းတင်ရန် ဓာတ်ပုံရိုက်ကင်မရာ၊ လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၁၀ဦး၊ မိုင်းရှာကိရိယာ၊ တယ်လီဖုန်း၊ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ် တစ်စီး၊ မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာကွင်း၊ မီးသတ် ကိရိယာ၊ မီးဘေး၊ လုံခြုံရေး အစီအစဉ်များလည်း လုပ်ဆောင်သွားမည်ဟု သိရသည်။ ထိုအတွက် ကြောင့် ရန်ကုန်မြို့ရှိ ကုမ္ပဏီကြီးများကလည်း ကြေညာစပွန်ဆာပေးရန် စိတ်ဝင်စားမှုနည်းနေကြသည်။ ယင်းကြောင့် မဏ္ဍပ်ဆောင်လုပ်မည့် သူများမှာ လည်း ယခုနှစ်အတွက် အရှုံးပေါ်နိုင်ကြောင်းတွက်ထားကြသည်။ နိုင်ငံရေးအကြမ်းဖက်မှု အကျိုးဆက်ကြောင့် စီးပွားရေးလွတ်လပ်စွာ လုပ်ကိုင်ခွင့် မရခြင်း၏ ထင်ရှားသော သာဓကလည်းဖြစ်သည်။

ယင်းနိုင်ငံရေးအကြမ်းဖက်မှုကို ကမ္ဘာနှင့်ယဉ်၍ သုံးသပ်ကြည့်ပါက ယခုခေတ် နိုင်ငံတကာ အကြမ်းဖက်ဝါဒကို ဖန်တီးသူများမှာ လက်ဝဲလည်း မဟုတ်၊ လက်ယာလည်းမဟုတ်၊ လူမျိုးစု ခွဲထွက်ရေးသမားများသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ လူမျိုးစုအကြမ်းဖက်သမားများကို ပြည်သူများက ထောက်ခံမှုရှိခြင်းကလည်း ၎င်းတို့အား သက်ဆိုးရှည်စေခဲ့သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် မူဆလင်ညီအကိုတော်များအဖွဲ့၊ ပါလက် စတိုင်းဟားမာ့စ်အဖွဲ့၊ တူရကီနှင့် အီရတ်နိုင်ငံတို့မှ ကာဒ်အစွန်းရောက်သူပုန်အဖွဲ့၊ ပါကစ္စတန်နိုင်ငံမှ အယ်ကေးဒါးအဖွဲ့တို့မှာ ဒေသတွင်းလုံခြုံရေး အမြဲ တမ်းခြိမ်းခြောက်နေသည့် အဖွဲ့အစည်းများဖြစ်သည်။ အယ်ကေးဒါးအဖွဲ့မှ အကျွမ်းကျင်ဆုံးသော အကြမ်းဖက်ရာဇဝတ်မှု ကျူးလွန်သူများသည် ကမ္ဘာကြီးပေါ် သြဇာလွမ်းမိုးမှုရှိသော ကိုယ်ပျောက် မိစ္ဆာများဖြစ်သည်။

နိုင်ငံရေးအကြမ်းဖက်မှုသည် အလွန်ရှုပ်ထွေးသလို အင်မတန် ပရိယာယ် မာယာများလှသည်။  အဖေရော သားပါ အီရတ်သမ္မတ ဆဒမ်ဟူစိန်ကို ကိုဖြုတ်ချချင်သည့် သမ္မတ ဂျော့ဘုရှ် (ဂျူနီယာ)လက်ထက်က ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်အား ဝင်တိုက်သော အယ်ကေးဒါလေယာဉ်ကို နိုင်ငံရေး ဝှက်ဖဲတစ်ချပ်အဖြစ် တမင်တကာ မသိချင်ယောင်ဆောင် လိုက်လေသလောဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ထို့အပြင် နောက်ထပ်ပိုမို ရှုပ်ထွေးသည်မှာ ဆိုက်ဘာ အကြမ်းဖက်မှုဖြစ်သည်။  အစ္စရေးနိုင်ငံမှ ကွန်ပြူတာ အထူးကျွမ်းကျင်သူများစုစည်းထားသည့် အဖွဲ့တစ်ဖွဲ့သည့် အီရန် နိုင်ငံရှိ နူးကလီးယားစက်ရုံသို့ပို့မည့်  ကွန်ပြူတာ Virus တစ်မျိုးကို ပရိုဂရမ်ရေးထားလေသည်။ အီရန်နူ ဓာတ်ခွဲခန်းများ သည် ကွန်ပြူတာဖြင့် ထိန်းချုပ် ထားသည်ဖြစ်ရာ ၎င်းအား "နျူ" နည်းပညာပံ့ပိုး ပေးနေသည့် ရုရှားနိုင်ငံမှတစ်ဆင့် Stick ထဲ သို့ Virus များ လျှိုဝှက်စွာ ပိပိရိရိ ထည့်ပေးလိုက်လေသည်။ ယင်း Stick သည် အီရန်နိုင်ငံသို့ ရောက်ပြီး အီရန် ပညာရှင် များသုံးစေသောအခါ ကွန်ပြူတာများ Virus ကိုက်၍ နျူစက်ရုံလည်ပတ်နိုင်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ မြေအောက်အဖွဲ့အစည်းများက မနှစ်က  X2O မဏ္ဍပ်တွင် အကြမ်းဖက် လုပ်ငန်းလုပ်ကိုင်သွားသည်မှာ အဘယ်ကြောင့်နည်း။ နိုင်ငံရေးရည်မှန်းချက်အတွက် အကြမ်းဖက်မှုမှာ ထင်သလောက် ခရီးရောက်မည်မဟုတ်။ ပြည်သူများ၊ အရပ်သားများ ထိခိုက်ရုံသာ ရှိမည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံတော် အထူးရန်ပုံငွေကို ပြဋ္ဌာန်းထားဟန်ရှိပါသည်။ သို့သော် အကြမ်းဖက်ဝါဒကို အကြမ်းနည်းဖြင့် အင်အားသုံးတိုက်ခိုက်ရုံဖြင့်လည်း အကြမ်းဖက်ဝါဒမှာ ကျဆုံးသွားခြင်းရှိမည်မဟုတ်။ မာ့က်ဂျာဂျင်စမေယာ ရေးခဲ့သလိုပင် အချို့ အကြမ်း ဖက်အဖွဲ့အစည်းများသည် အစိုးရမှ ထိုကဲ့သို့ အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုကိုပင် အကြိုက် တွေ့နေကြလေသည်။

Ref: နိုင်ငံတကာ အကြမ်းဖက်ဝါဒ (ဇင်သန့်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs