Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ဂျာနယ်ထုတ်ဝေရန် စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့စီစဉ်

ရန်ကုန်၊ ဧပြီ ၇။

ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ကိုင်လျှက်ရှိသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ ဂျာနယ်ထုတ်ဝေရန် စီစဉ်နေကြောင်း ယင်းတို့နှင့် နီးစပ်သည့်ပုဂ္ဂိုလ်များမှထံမှ သတင်းရရှိသည်

ပြည်တွင်းရှိ နိုင်ငံထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များသည် ယခင်အသံလွှင့်မီဒီယာများတွင် လုပ်ကိုင်နေရာမှ ယခု အခါ ပုံနှိပ်မီဒီယာများဘက်သို့ ခြေဦးလှည့်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ပြည်တွင်းရှိ ပုံနှိပ်မီဒီယာလုပ်ငန်း လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်များသို့လည်း ဆက်သွယ်ကမ်းလှမ်း မှုများ ရှိလာကြောင်းသိရသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ ပုံနှိပ်မီဒီယာလုပ်ငန်းအားလုပ်ကိုင်မည်ဆိုပါက ကောင်းမွန်ကြောင်း၊ နိုင်ငံရှိပြည်သူများအတွက် စာကောင်း ပေကောင်းများကို ဖတ်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းဂျာနယ်ထုတ်ဝေ လျှက်ရှိသော အယ်ဒီတာတစ်ဦးကလည်းပြောကြားခဲ့သည်။

နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ချက်များအရ လက်ရှိ နိုင်ငံ၌ ထုတ်ဝေလျှက်ရှိသော သတင်းစာဂျာနယ်များမှာ နေ့စဉ်ထုတ်သတင်းစာ ငါးစောင်၊ အပတ်စဉ်ထုတ် ဂျာနယ် ၁၇၀ နှင့် မဂ္ဂဇင်း ၁၈၂ စောင်ရှိပြီး တစ်နှစ်လျှင် ၎င်းဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာ များကို တစ်နိုင်ငံလုံးအနှံ့ထုတ်ဝေဖြန့်ချိမှုမှာ သန်း ၄၀ ကျော်ခန့် ရှိကြောင်း ဖော်ပြခဲ့သည်။

(အတွဲ-၁၊ အမှတ်-၅၊ ၈ ဧပြီ ၂၀၁၁ မြန်မာပို့စ် (ဂလိုဘယ်) ဂျာနယ်ပါ “ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးအချို့ ဂျာနယ် ထုတ်ဝေရန်စီစဉ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------------

လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ သင်္ကြန်ကာလ ပြင်ဆင်မည်

ရန်ကုန်၊ ဧပြီ ၇။

သင်္ကြန်ရက်များအတွင်း ရန်ကုန်မြို့၌ ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ လေးရုံအား ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြင်ဆင်မည်ဖြစ်သော်လည်း ကျန်သည့် ကျောက်မီးသွေး၊ ရေအားလျှပ်စစ်စီမံကိန်းများမှတစ်ဆင့် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား ရရှိနေမည် ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံခြောက်ရုံမှ လျှပ်စစ်ဓာတ်အားများ ပုံမှန်ရရှိ နေမည်ဖြစ်ကြောင်း၊ ကျောက်မီး သွေးနှင့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားကို ပုံမှန်ရရှိနေမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့၌ ဆိုးဆိုးရွားရွား လျှပ်စစ်မီးပြတ်တောက် ခြင်းမျိုး မဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေနေသည့် ဓာတ်အားပေးစက်ရုံ ဆယ်ရုံရှိကြောင်း သိရသည်။ ယင်း လျှပ်စစ်ဓာတ် အားပေး စက်ရုံဆယ်ရုံမှာ လှော်ကား၊ အင်းစိန်ရွာမ၊ သာကေတ၊ သထုံ၊ ကျွန်ချောင်း၊ မြန်အောင်၊ ရွှေတောင်၊ ကမ္မ၊ မန်း စသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေလျှက်ရှိသည်။ ယခုအခါ ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးရုံ လေးရုံ ကို ပြုပြင်မည်ဖြစ်သည့်အတွက် ပြင်ဆင်နေစဉ်အချိန်အတွင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်တွင်း ရုံးပိတ်ရက်များမှ စတင်၍ ပြုပြင်သွားမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အကုန်လုံးကိုပြုပြင်မည်မပာုတ် ဘဲ ရန်ကုန်၌ ရှိသည့်ဓာတ်အားပေးစက်ရုံကိုသာ  ပြုပြင်မည်ဖြစ်ကြောင်း၊ ပြင်ဆင်နေစဉ် အတောအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မဖြစ်နိုင် စေရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

(အမှတ်-၂၅၄၊ ၈ ဧပြီ ၂၀၁၁ “မော်ဒန် ဂျာနယ်ပါ သင်္ကြန်တွင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ချို့ ပြင်မည်ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------------

သင်္ကြန်မဏ္ဍပ်အမည်များ မြန်မာနာမည်ကိုသာသုံးစွဲရမည်

ရန်ကုန်၊ ဧပြီ ၇။

ယခုနှစ် သင်္ကြန်ပွဲတော်၌ ဆောက်လုပ်ရန်ခွင့်ပြုထားသည့် သင်္ကြန်မဏ္ဍပ်ကြီးများတွင် မဏ္ဍပ်အမည်များအား မြန်မာနာမည်များကို သုံးစွဲရမည် ဖြစ်ကြောင်း ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် သင်္ကြန်မဏ္ဍပ်ကြီးများ၌ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သည့်အမည်များ၊ အရောင်အသွေးသုံးစွဲမှုများ၊ နောက်ခံပုံများ၊ နိုင်ငံရေး အရောင် အသွေး မကောင်းသည့် စာများ၊ ပုံများကို သုံးစွဲခွင့်ပြုမည်မပာုတ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်ကြီးများတွင် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းရာ၌ သင်္ကြန်ယိမ်း၊ အဆို၊ အကများကို မဖြစ်မနေထည့်သွင်း ဖျော်ဖြေရမည် ဖြစ်ကြောင်း ယင်းညွှန်ကြားချက်၌ ထုတ်ပြန်ကြေညာထားကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များထဲမှ တာဝန်ရှိ သူတစ်ဦးကပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း သင်္ကြန်နှင့် ပတ်သတ်၍ သင်္ကြန်မဏ္ဍပ်များ၌ ထားရှိရမည့်စည်းကမ်းချက် (၃၈) ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ ဖော်ပြပါ စည်းကမ်းချက်အား ထပ်မံ၍ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်ကြီများဖွင့်ပွဲနေ့ အခမ်းအနားများတွင်လည်း မြန်မာ့ရိုးရာနှင့် အညီငွေဖလားဖြင့် ရေထည့်၍ အမွေးနံ့သာပက်ဖြန်းကာ ရေကစား ခြင်းများဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သင်္ကြန်လည်ပတ်သည့်လူငယ်များ၊ လူကြီးများအနေဖြင့်လည်း အများအမြင်မသင့်တော်သည့် အဝတ်အစားများ၊ ပီာရိသြတ္တပ္ပတရားကင်းမဲ့သည့် အပြုအမူများဖြင့် ရေပက်ခံခြင်း၊ ကပြသီဆိုဖျော်ဖြေခြင်းများကို အထူးကြပ်မတ်တားဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကြောင့် ယခုနှစ်သင်္ကြန်ပွဲတော်၌ လုံခြုံရေးများ စည်းကမ်းချက်များကို တင်းကြပ်စွာထုတ်ပြန်ကြေညာထားပြီး ယခုနှစ် သင်္ကြန်ပွဲတော်၌ မဏ္ဍပ်များကို ရန်ကုန်တစ်မြို့လုံး၌ နေရာ (၃၁) နေရာ၌သာ ဆောက်လုပ်ခွင့် ပြုပေးထား ကြောင်းသိရသည်။

(အတွဲ-၁၊ အမှတ်-၅၊ ၈ ဧပြီ ၂၀၁၁ မြန်မာပို့စ် (ဂလိုဘယ်) ဂျာနယ်ပါ “ယခုနှစ် သင်္ကြန်မဏ္ဍပ်ကြီးများ မြန်မာအမည်များကိုသာ သုံးစွဲရမည့် ညွှန်ကြားချက်တစ်ရပ် တိုးမြှင့်ထုတ်ပြန်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ငွေကြေးဖြင့် လိင်ဆက်ဆံရန် အရွယ်မရောက်သေးသောကလေးများအား ဖြားယောင်း

ရန်ကုန်၊ ဧပြီ ၇။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အရွယ်မရောက်သေးသည့် ကလေးငယ်များအား ငွေကြေးဖြင့် မက်လုံးပေးဖြားယောင်းမြှူဆွယ်ပြီး လိင်ဆက် ဆံပျော်ပါးမှုများပြုလုပ်လာကြကြောင်းသိရသည်။

မိဘများအနေဖြင့်လည်း မိမိတို့၏ ကလေးငယ်များအား သတိထား၍ ထိန်းကျောင်းသင့်ပြီဖြစ်ပြီး ယခုကဲ့သို့ ဖြားယောင်းမြှူဆွယ်ခံရသည့် ကလေးငယ်များမှာ အသက် ၁၀ နှစ် မှ ၁၂ နှစ်ဝန်းကျင် ကလေးငယ်များပင်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မကြာသေးမီကာလများအတွင်း အသက် ၁၄ နှစ် အရွယ်ကလေးငယ်အား ခိုးယူပေါင်းသင်းမှု သင်္ဃန်းကျွန်း မြို့နယ်အတွင်း ဖြစ်ပွားခဲ့ဘူးကြောင်းသိရသည်။

အပြင်၌ ဆော့နေသည့်ကလေးငယ်များအား ငွေ ၁၀၀၀ ပေး၍ မဖွယ်မရာအပြုအမူများကိုပြုလုပ်ကြောင်း၊ ကလေးငယ်များမှာ မုန့်ဖိုးရသည့် အတွက် လက်ခံကြောင်း၊ နောက်ပိုင်း မိဘများမှ မသင်္ကာ၍ သက်ဆိုင်ရာမှလူများနှင့် ဝင်ရောက်ဖမ်းဆီးသည့်အခါမှသာ ကလေးငယ်နှင့် မသမာသူအား အခန်းတစ်ခုထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းအား ဖမ်းဆီးသည့်အခါ ကလေးငယ်မှ ယနေ့အတွက် ပိုက်ဆံမပေးရသေးဘူးပာု ပြောခဲ့ကြောင်း တွေ့ကြုံ ခဲ့ရသည့် ပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

အထက်ပါအဖြစ်အပျက်များကြောင့် မိဘများအနေဖြင့် ကလေးများ အသက် ၁၀ နှစ်နှင့် အပျိုဖော်ဝင်ခါစ မိန်းကလေးငယ်များကို ဂရုတစ်စိုက် ထိန်းကျောင်းပြုပြင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ယင်းဖြစ်ရပ်များအပြင် ဗီဒီယိုများ၊ ရုပ်ရှင်များ၊ စာအုပ်များ၌ပါဝင်သည့် ဆင်ဆာမဲ့ဇာတ်ဝင်ခန်းများကို ကြည့်ရှူ၍ လွဲမှားသောအကျင့် စရိုက်များဖြင့် ကလေးအချင်းချင်းပင် လက်တည့်စမ်းမှုများ ရှိလာပြီဖြစ်သည့်အတွက် မိဘများမှ ဂရုတစ်စိုက်နှင့် ထိန်းကျောင်းပြုပြင်ရန် လိုအပ်လာပြီ ဖြစ်သည်။

(အတွဲ-၁၊ အမှတ်-၅၊ ၈ ဧပြီ ၂၀၁၁ မြန်မာပို့စ် (ဂလိုဘယ်) ဂျာနယ်ပါ “အရွယ်မရောက်သေးသော ကလေးငယ်များကို ငွေကြေးဖြင့် ဖြားယောင်းမြှူဆွယ်မှုများ ပြုလုပ်လာ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲများ၌ ရှမ်းတိုင်းရင်းသားများပါတီမှ ရွေးကောက်ဝင်မည်

ဧပြီ ၇။

လွှတ်တော်အတွင်း လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်၍ ယင်း ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများပါတီမှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မိမိတို့ပါတီမှ လွှတ်တော်အတွင်း နောင်လာမည့်မျိုးဆက်သစ်များအပေါ် တာဝန်ကျေလိုသည်ပာု တောင်းဆိုမည်ဖြစ်ကြောင်း၊ ပါတီအနေ ဖြင့်လည်း လွှတ်တော်အတွင်းတောင်းဆိုပေးနေခြင်းသည် နောင်လာမည့် မျိုးဆက်သစ်များအတွက်ပင်ဖြစ်ကြောင်း၊ ယင်းကိစ္စရပ်များကို မိမိတို့ပါတီမှ မတောင်းဆိုခဲ့ဘူး၊ မပြောခဲ့ဘူးဆိုသည်များကို မဖြစ်စေချင်ကြောင်း၊ အရာအားလုံးအပေါ်၌ တာဝန်ကျေလိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော် မှပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ခုနှစ် အောက်တိုဘာ (၇) ရက်နေ့၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် လောင်းဦးရေ (၁၅၆) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် (၅၇) ဦး ရွေးချယ်ခြင်းခံထားရသည့် တိုင်းရင်းသားအင်အားကြီးညီနောင် ပါတီတစ်ခုလည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အတွင်း အဓိကတောင်းဆိုသွားမည့် ကဏ္ဍများမှာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာ ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် တောင်းဆိုပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအခွင့်အရေးများအပေါ် မှီခို၍ တိုင်းရင်းသားများသာမက တစ်တိုင်းပြည်လုံးကျွတ် ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာနိုင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယခု ကျင်းပဖွယ်ရှိသည့် ကြာ ဖြတ်ရွေးကောက်ပွဲများတွင်လည်း မြို့နယ်အလိုက် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဘဏ္ဍာရေး မှူး ဦးစိုင်းလှမြင့်က ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

အစိုးရသစ်အပေါ် ပါတီများနှင့်ပြည်သူများ မုအားဖြင့်ကြိုဆို

ပြည်ထောင်စုမြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရသစ်အပေါ်၌ မြန်မာနိုင်ငံမှ ရွေးကောက်ပွဲဝင်ပါတီများနှင့် ပြည်သူများမှ မူအားဖြင့်လက်ခံကြိုဆိုကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီများမှ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရသစ် သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပါဝင်သည့် အကြောင်းအရာ အချက်အလက်များအပေါ် လက်ခံသဘောကျကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွား သင့်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၅ ရက်နေ့၌ နိုင်ငံရေးပါတီ ၁၀ ပါတီမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ယင်းကြေညာချက်ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးပါတီ(၁၀) ပါတီမှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ၊ ဒီမိုက ရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဝံသာနု NLD ပါတီ၊ အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့မှ ပူးပေါင်း၍ ထုတ်ပြန်ကြေညာ လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းထုတ်ပြန်ကြေညာချက်များ၌ နိုင်ငံရေးအကျဉ်းသားများအား အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ယခုအစိုးရသစ်သည် အင်အားတောင့်တင်းကြောင်း၊ ထို့ကြောင့် တောင်းဆိုချက်များကို လုပ်ဆောင်ရာတွင် ခဲယဉ်းမှုများ ရှိနိုင်သော်လည်း အောင်မြင်နိုင်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောကြားခဲ့သည်။

ထို့ပြင် ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေကလည်း အစိုးရသစ်အပေါ်၌ အပြန်အလှန် ယုံကြည်ချက်တစ်ရပ်တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ထိုယုံကြည်ချက်ဖြင့် အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စီးပွားရေးနယ်ပယ်အသီးသီတွင်လည်း အားလုံးပါဝင်နိုင်သည့် စီးပွားရေးလုပ်ငန်းမျိုး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် လွှတ်တော်အတွင်း၌ မည်သည့်နိုင်ငံရေးပါတီမဆို တင်သွင်းသည့် အဆိုများသည် အမှန်တကယ်ပြည်သူများအား အကျိုးပြုမည်ဆိုပါက အားလုံးပါဝင်ဆောင်ရွက်သွားသင့်ကြောင်း ဦးခင်မောင်ဆွေမှ ပြောကြားခဲ့သည်။

ယခုကဲ့သို့ မတ်လ ၃၀ ရက်နေ့၌ နိုင်ငံတော်သမ္မတကြီးမှ မိန့်ခွန်းပြောကြားမှုများအပေါ်တွင် နိုင်ငံရေးပါတီများနှင့် ပြည်သူများမှ လက်ခံ သဘောကျကြောင်း သိရသည်။

သမ္မတပြောကြားသွားသည့်မိန့်ခွန်း၌ လူအထက်က မူဆိုသည့် စကားလုံးအသုံးအနှုန်းကိုသဘောကျကြောင်း၊ မူနဲ့ ပဲ အရာရာကို ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်း၊ သို့သော် ယင်းမူများသည် ပြည်သူတစ်ရပ်လုံးအတွက် တရားမျှတသည့် မူများ ဖြစ်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်ငံရေး သိပ္ပံဘာသာရပ်အား လေ့လာလျှက်ရှိသော လူငယ်တစ်ဦးက လည်း ပြောကြားခဲ့သည်။

သမ္မတမိန့်ခွန်းပြောကြားမှု၌ နောက်တစ်ချက်အနေဖြင့် ဈေးကွက်ပုံဖော်ရာ၌ နိုင်ငံသားများအား အလုပ်လုပ်ချင်လာနိုင်ရန် ဆွဲဆောင်မှု မက်လုံး ပေး၍ အလုပ်လုပ်ကိုင်စေမည့်ဆိုသည့်အချက်အား စိတ်ဝင်စားကြောင်း၊ သို့သော် လက်ရှိအချိန်၌ အခြေခံလုပ်ခလစာများကိုပင် သတ်မှတ်နိုင်ခြင်း မရှိ သေးကြောင်း၊ ထိုသို့ အခွင့်အလမ်းများပေး၍ နိုင်ငံသားများ အလုပ်လုပ်ကိုင်ချင်စေရန် မက်လုံးပေးမည်ဆိုပါက လူတန်းစားအရပ်ရပ်အတွက် အခွင့် အလမ်းအမျိုးမျိုးကို ပုံဖော်ပေးရမည် ဖြစ်ကြောင်း၊  သို့မှသာ နိုင်ငံသားတို့၏ အခွင့်အလမ်းနှင့်အတူ အခွင့်အရေးများပါ တတ်လာနိုင်ကြောင်း ၎င်းက ထပ် လောင်း ပြောကြားခဲ့သည်။

(အတွဲ-၂၆၊ အမှတ်-၅၁၃၊ ၈ ဧပြီ ၂၀၁၁ “မြန်မာတိုင်းမ်ပါ အစိုးရသစ်ကို နိုင်ငံရေးပါတီများ မူအားဖြင့်ကြိုဆိုကြောင်းကြေညာ” သတင်းကို ကိုးကားသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"စက်ရုံပိုင်ရှင်တွေက များသောအားဖြင့် စာရွက်စာတမ်းအပြည့်အစုံရှိတော့ အလုပ်သမားတွေဘက်က ပြဿနာဖြစ်ရင် ရှုံးတာများတယ်၊ ဥပမာ- စာရွက် လွတ်မှာ လက်မှတ်ထိုးခိုင်းပြီးနောက်မှ ပြန်ဖြည့်ရေးပြီး  ဖြည့်ထားတာတွေလည်း ရှိနိုင်တယ်။ အလုပ်သမားတွေက အလုပ်ကိစ္စတစ်ခုကို ကြိုတင် လေ့လာ ရမယ့် ဗဟုသုတမရှိရင် ပြဿနာတွေမဖြစ်နိုင်ဘူး၊ လိမ်ခံရတဲ့ အထည်ချုပ်ဝန်ထမ်းတွေအနေနဲ့ လစာ တိုးပေးမယ်ဆိုပြီး၊ လိမ်ခေါ်ရင် တစ်ယောက်တည်း ဆို သက်သေမခိုင်လုံလို့ ဌာနကဆုံးဖြတ်ပေးလို့ မရဘူး၊ လိမ်ခံရတဲ့ အလုပ်သမားတွေစု ပြီးလာပြောရင်တစ်မျိုးဖြေရှင်းပေးလို့ရတယ်" လူမှုဖူလုံရေးရုံး မှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီ ၄ ထုတ် The Messenger အတွဲ(၁) အမှတ်(၄၇) တွင်ပါသည့် "လူမှုဖူလုံရေးရုံးများတွင် အထည်ချုပ်စက်ရုံများမှ စက်ချုပ် ဝန်ထမ်းများ၏ တိုင်းကြားမှုမှာ အများဆုံးဖြစ်နေ" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်ုပ်....သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ် ပန်ဆင်ဆောင်ရွက်ပါမည်။"

"ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့် မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှ တခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအ တွက် ဆောင်ရွက်ပါမည်။"

"ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးဌာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည် ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟူ ၍ပါရှိသည်။

ဧပြီ ၆ ထုတ် The Myanmar Post အတွဲ(၃) အမှတ် (၁၄) တွင်ပါသည့် "သမ္မတ ဦးသိန်းစိန်နှင့် ဒုတိ ယသမ္မတများဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့က နိုင်ငံတော် အကျိုးဌာ မိမိ၏ အသက်နှင့်ကိုယ်ကို အပ်နှင်းသည်ဟု ကတိသစ္စာပြု" သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------------------------------------------------------------

"လာဘ်ပေးလာဘ်ယူကိစ္စမှာ မည်သည့်လူမျိုးတို့၏ ဗီဇထဲတွင်မှ ပါလားခြင်းမျိုး မရှိ။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ဖြစ်ထွန်း လာခဲ့ခြင်းဖြစ်သည်။ ကြာလာသည့်အခါ ဥပဒေ ပြင်ပလုပ်ရပ်ဟု  မမြင်တော့ဘဲ လုပ်ရိုး လုပ်စဉ်အလုပ်တစ်ခု ဖြစ်လာသည်။ ကျလာသော မိုးခါးရေကို မသောက်သောသူအား စိတ်ဝေဒနာသည် တစ်ဦးဟုပင် မြင်လာကြသည်။

ငွေရှိမှဖြစ်မည်ဟု ဆိုကြသည်။ ခေတ်သစ်တရုတ်ပြည်၏ ခေါင်းဆောင် တိန်ရှောင်ဖိန်က 'ချမ်းသာခြင်း သည်ကောင်း၏' ဟုဆိုခဲ့သည်။ သို့သော် ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ချမ်းသာဖို့လိုသည်ဆိုသည့် အယူအဆမှာမူ ကြောက်မက်ဖွယ်ကောင်း လှသည်။”

ဧပြီ ၇ ထုတ် Popular News အတွဲ(၃) အမှတ်(၁၄) မှာပါသည့် "လာဘ်ပေးလာဘ်ယူ ပြဿနာ ဘယ်လိုကုစားကြမလဲ" သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------------------------------------

"လောလောဆယ်မှာ မြန်မာငွေက မာသယောင်ရှိနေတဲ့ အနေအထားကနေ နောက်ထပ်သုံးလ လောက်အထိ ဆက်လက်တည်ရှိနေဦးမယ်။ ဒါတောင် ဆက်ကြည့်ရဦးမယ်။ သီအိုရီအရ ပြောရရင်  တက်လာတဲ့အစိုးရအဖွဲ့သစ်ရဲ့ ငွေဘယ်လောက်သုံးစွဲမလဲဆိုတဲ့အပေါ် အဓိက မူတည်တယ်"

ဧပြီ ၈ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၆) အမှတ် (၅၁၃) မှာပါသည့် "မြန်မာငွေတန်ဖိုး လာမည့်သုံးလအ တွင်း မပြောင်းလဲနိုင်သေး" သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ (၁)  ဦးလှမောင်ရွှေ၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

တရားစီရင်ရေးစနစ်သစ်ဖြင့် ပုံပေါ်လာဦးမည့် ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်

ဒီမိုကရေစီစနစ်တွင် အရေးကြီးဆုံးနှင့် ပြည်သူပြည်သားများလိုက်နာရမည် တာဝန်တစ်ရပ်မှာ တရားဥပဒေ ဖြစ်သည်။ ဥပဒေအထက်မှာ မည်သူမှမရှိဆိုခြင်းမှာ တရားဥပဒေကို လူ့အဖွဲ့စည်း၏ စာရိတ္တပိုင်းဆိုင်ရာ ထိန်းကျောင်းပေးမှု၌ အမြင့်စံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ယခင်က အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရေးရေးအာဏာ စသည့် အချုပ်အခြာအာဏာသုံးရပ်လုံးကို နိုင်ငံတော်အကြီးအကဲက တိုက်ရိုက် ကြိုးကိုင်ခဲ့သည်။ သို့သော် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲပြီးချိန်တွင် ၎င်းအချုပ်အခြာအာဏာ သုံးရပ်လုံးကို ရာနှုန်းပြည့်ခွဲခြားအုပ်ချုပ်မှု မလုပ်နိုင်သေး သည့် တိုင်တစ်စုံတရာ ဖြေလျှော့မှုရှိလာသည်မှာ မျက်မှောက်နိုင်ငံရေးက သက်သေပြလျက်ရှိသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့၌  တရားစီရင်ရေးစနစ်သစ်အား ပြောင်းလဲနိုင်ရန် ပြည်ထောင်စု တရားဥပဒေကို ဥပဒေအမှတ် ၂၀/၂၀၁၀ ဖြင့်ပြဋ္ဌာန်းလိုက်ပြီးဖြစ်သည်။ ယင်းဥပဒေ သည် ဖွဲ့စည်းပုံအခြေခံ အာဏာတည်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်ဟု ပြဋ္ဌာန်းထား လေရာ ယခုအခါ၌ ဖွဲ့စည်းပုံအခြေခံ အာဏာတည်ခဲ့ပြီး ဖြစ်သည့်အလျှောက် ပြည်ထောင်စုတရား ဥပဒေသည်လည်း အသက်ဝင်လာပြီ ဖြစ်လေသည်။ သို့နှင့် မေလ ၃၀ ရက်တွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများသည်လည်း ကတိသစ္စာပြုပြီးဖြစ် သည်။

တရားစီရင်းရေး အဓိကလက္ခဏာတစ်ရပ်မှာ တရားသူကြီးများသည် အမှီအခိုကင်းခြင်း( မည်သည့် အာဏာပိုင်အဖွဲ့အစည်း(သို့) လူပုဂ္ဂိုလ်မှ ဖိအားပေးဆုံးဖြတ်ချက်ချစေခြင်းမျိုး မရှိပါ) နှင့် နိုင်ငံရေးသမားအသွင်မဆောင်စေခြင်း တို့ဖြစ်သည်။ တရားသူကြီးများအားစွမ်းဆောင်နိုင်စွမ်းကို နိုင်ငံ ရေးအထက်မှာထားစေခြင်းဖြင့် ဥပဒေနှင့် နိုင်ငံရေးအား ကွဲပြားစွာကျင့်သုံးခြင်းကို အဓိက အာမခံပေးထားသည့် သဘောလည်းဖြစ်သည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ မတ်လ ၃၁ ရက်နေ့ နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတ ရုံးခန်းမဆောင်၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် တရားရေးမဏ္ဍနှင့် ပတ် သက်၍ "တရားစီရင်ရေးအဖွဲ့အစည်းများအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်ရာမှာ  ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက် များမှအပ ပြည်သူ့ ရှေ့မှောက် တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပ ခွင့်နှင့် အယူခံခွင့်ရရှိရေးဆိုတဲ့ တရားစီရင်ရေးမူများအတိုင်း ရပ်တည်လုပ်ဆောင်သွားဖို့လိုပါသည်" ဟူ၍ ပြောကြားသွားခဲ့သည်။

ထို့အပြင် တရားစီရင်ရေး၌ ဥပဒေလုပ်နည်းလုပ်ဟန်များသာမက နိုင်ငံရေးသဘောသဘာဝများလည်း ပါဝင်နေမည်သာဖြစ်သည်။ ဥပမာ ဆောင်၍ဖော်ပြရလျှင် ပြည်တွင်းပဋိပက္ခ ဖြေရှင်းခြင်းနှင့် နိုင်ငံတော်၏အာဏာကို ထိန်းကျောင်းခြင်းမျိုး၌ တရားသူကြီးများသည် မလွဲမရှောင်သာ နိုင်ငံရေးသမားအသွင် လှုပ်ရှားမှုများကို အဓိကလုပ်ဆောင်လာရခြင်း မျိုးရှိပါလိမ့်မည်။ သို့နှင့် မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခများ အနည်းအကျဉ်း ကျန်ရှိနေသေးသည်ဖြစ်ရာ ယခုအသစ် ခန့်အပ်လိုက်သည့် ပြည်ထောင်စုတရားသူကြီးများမှာ နိုင်ငံရေးသမားအသွင်မဆောင်သွားဖို့ရန် အထူးအရေး ကြီးပါသည်။ ၂၀၀၀ပြည့်နှစ်တွင် ပြဋ္ဌာန်းလိုက်သည့် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ တွင်လည်း အထူးအယူခံခုံရုံးဖြင့် စစ်ဆေးစီရင်ထားသည့် အမှုမှအပ တရားရုံးချုပ်က စစ်ဆေးစီရင်ထားသည့် မည်သည့်အမှုကိုမဆို အများပြည်သူအကျိုးအတွက် အရေးယူ လောက်သော ပြဿနာတစ်ရပ်ရပ်ပေါ် ပေါက်သည်ဟု တရားသူကြီးချုပ်က မိမိသဘောအရထင်မြင်ယူဆလျှင် ထိုပြဿနာကို အထူးအယူလံခုံရုံးဖြင့် ပြန်လည်စစ်ဆေး စီရင်စေနိုင်ကြောင်း ပြဋ္ဌာန်းထားလေသည်။

သို့သော် တရားစီရင်ရေးစနစ်သစ်အတွက်ခန့်ထားပြီးသော ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦးထဲမှ သုံးဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတရားသူကြီး လွှတ်တော် တရားသူကြီးချုပ်အားလုံးသည် ယခင် တာဝန်ထမ်းဆောင်ဖူးသည့် တရားရေးဝန်ထမ်းဟောင်းဖြစ်နေလေသည်။ ယင်းမှာ နုနယ်သော ဒီမိုကရေစီနိုင်ငံ၏ တရားစီရေးစနစ်ကို အုပ်ချုပ်ရေးဘက်မှ တစ်စုံတရာ ဖိအားပေး ထိန်းချုပ်မည့် အရိပ်အယောင် ရှိလေသည်။ နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ၃၀၂ (က)အရ စွပ်စွဲပြစ်တင်၍ ရနိုင်သော်လည်း ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ သည် သမာသမတ်ကျကျ လုပ်ကိုင်ပါက စွပ်စွဲပြစ်တင်မှုမထင်ရှားသည်ဖြစ်ရာ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၀၃ အရ အသက် ၇၀အထိ တာဝန်ထမ်းဆောင်နိုင်သည်။ ဆိုလိုသည်မှာ တရားစီရင်ရေး၏ လွတ်လပ်စွာ ဆုံးဖြတ်ချ နိုင်ပုံကို အခြေခံဥပဒေ ပြဋ္ဌာန်းထားခြင်းဖြစ်လေသည်။

ထို့အပြင် အုပ်ချုပ်ရေးဘက်မှ ဗျူရိုကရက်အရာရှိကြီးများသည်လည်း နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်း၍ အုပ်ချုပ်ရေးယန္တားရားကြီး သွက်လက်ထက်မြက်အောင်ဆောင် ရွက်ကြသည်များလည်းရှိသည်။ ယင်းကို ဥပမာ ဆောင်ရသော် ၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် စီးပွားပျက်ကပ်ကိုကြည့်ပါက ဘဏ္ဍရေးနှင့်ဆိုင်သည့် အစိုးရအင်ဂျင်စီများ၏ ဥပဒေလုပ်ထုံး လုပ်နည်းများ အလွန်ဝေးဝါးလျက်ရှိပြီး လက်တွေ့ လုပ် ဆောင်ခြင်းများနှင့်အညီ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင် မြှင့်တင်ခြင်းမရှိခြင်းကြောင့် ဤကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေး ပညာရှင် များက သုံးသပ်ကြသည်။ မြန်မာနိုင်ငံ၏ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၌ ရှိရင်းစွဲနည်း ဥပဒေများ၊ ကျင့်ထုံး များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြေငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လက်စွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့်သော်လည်း ကောင်းမဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံး နိုင်ကြောင်း ဆိုထားလေသည်။

မြန်မာနိုင်ငံမှာ တရားဥပဒေယိုင်နဲ့နေသည့် နိုင်ငံတစ်ခုမဖြစ်စေကာမူ စည်မျဉ်းစည်းကမ်း ဥပဒေများမှာ အလွန်ဝေဝါးလျက်ရှိပါသည်။ ထို့အပြင် မြန်မာလူမျိုးတို့၏စရိုက်အရ ဥပဒေကို ခက်ခဲပြီး ပျင်းစရာကောင်းသည့် စာများအဖြစ် မြင်ကျရုံမျှမက တရားတပေါင်ရင်ဆိုင်မှုကိုလည်း အတက်နိုင်ဆုံး ရှောင်ရှားလေ့ရှိပါသည်။ သို့သော် ဥပဒေမှာ လူ့အဖွဲ့အစည်းတစ်ခု စာရိတ္တမဏ္ဍိုင်ခိုင်မြဲရေးအတွက် အလွန်အရေးကြီးသော ဒေါက်တိုင်ကြီးဖြစ်လေသည်။ တိုးတက် ဖွံ့ဖြိုးသော နိုင်ငံများတွင် လူပုဂ္ဂိုလ် အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်းဆက်ဆံရာ၌ ဥပဒေသည် မရှိမဖြစ် အရေးကြီးလေသည်။ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည်လည်း ဂုဏ်သိက္ခာရှိသည့်အပြင် ဝင်ငွေလည်းအလွန်ဖြောင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် များမကြာမီနှစ်များ အတွင်း ဥပဒေကိုချစ်သော၊ လေစားသော ပြည်သူများ ယခုထက် ပိုမို တိုးပွားလာကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လျှောက် လှမ်းနိုင်ပါရန် ရည်သန်ပါ ကြောင်း......။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs