Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၄.၂၀၁၁

ပြည်တွင်းသတင်းများ

နှစ်သစ်၌ မြန်မာလုပ်ငန်းရှင်အချို့ ရွှေတုံးဝယ်ယူရင်းနှီးမြှုပ်နှံမှုများ

ရန်ကုန်၊ ဧပြီ ၂၅။

၂၀၁၁ ခုနှစ် သင်္ကြန်ကာလ ပြီးဆုံးပြီးနောက်ပိုင်း နှစ်သစ်ကာလများတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်အချို့ ရွှေများအတုံးလိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကြောင်းသိရသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းကာလများတွင် ရွှေဝယ်စုဆောင်းမှုများ အများဆုံးကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ လက်ဝတ်ရတနာများ ဝယ်ယူ စုဆောင်းမှုထက် ရွှေများကို အတုံးလိုက် စုဆောင်းမှုများပိုမိုများပြားလာကြောင်း၊ ကမ္ဘာ့ ရွှေဈေးနှုန်း မြင့်တတ်လာမှုသည် မြန်မာ့ရွှေဈေးနှုန်းများကိုပါ အများဆုံး ရိုက်ခတ်လျှက်ရှိကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း အတတ်အကျ မြန်ဆန်လျှက်ရှိသော်လည်း မြန်မာ့ရွှေဈေးမှာ အတက်ဘက်သို့ ဦးတည်သွားလျှက် ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်အချို့ ရွှေများကို အတုံးလိုက်ပြုလုပ်၍ ဝယ်ယူစုဆောင်းမှုများပြုလုပ်လာကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ရွှေဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် အရှုံးပေါ်ပြီး ထိခိုက်မှုများရှိခဲ့သော်လည်း ယခုအခါ ယင်းကိစ္စရပ်များ နည်းပါးသွားပြီဖြစ် ကြောင်း၊ ရွှေအရောင်းအဝယ်ပြုလုပ်ရာ၌ တစ်နေ့တည်း၌ပင် ရောင်းဝယ်မှုများပြုလုပ်ရန် ကြေညာထားကြောင်း၊ ယခုကာလများတွင် လေပတ်ကားစနစ် ဖြင့် ရွှေအရောင်းအဝယ်မပြုလုပ်ရန် တားမြစ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုအချိန်၌ လုပ်ငန်းရှင်များ ရွှေအတုံးလိုက်စုဆောင်းမှုများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှ လုပ်ငန်းရှင်များ အများဆုံး ဖြစ်ကြောင်း သိရသည်။ သင်္ကြန်မတိုင်မီကာလများတွင် ရွှေအတုံးလိုက် ရင်းနှီးမြှုပ်နှံမှုများရှိသော်လည်း ယခုသင်္ကြန်အပြီးကာလများတွင် ရွှေအတုံး လိုက် ရင်းနှီးမြှုပ်နှံမှုများမှာ ပိုမိုများပြားလာကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ဘဝသစ်စီမံကိန်းသို့ လွတ်ရက်နီးအကျဉ်းသားများစေလွှတ်

ရန်ကုန်၊ ဧပြီ ၂၅။

လွတ်ရက်နီးကပ်နေပြီဖြစ်သည့် အကျဉ်းသားများအား ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး(ဘဝသစ်) စီမံကိန်းသို့ စေလွှတ်ပေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်၌ ရခိုင်ပြည်နယ်(ဘဝသစ်) စီမံကိန်းသို့ စေလွှတ်မည့် အိမ်ထောင်စုများ၌ လွတ်ရက်နီး အကျဉ်းသားမိသားစု ၆၁ စုပါဝင်ကြောင်း၊ ယင်း စေလွှတ်မည့် လွတ်ရက်နီးအကျဉ်းသား မိသားစုဝင်များအတွက် လိုအပ်သည့်ပစ္စည်းများအပြင် အသက်မွေး ဝမ်းကျောင်းပြုလုပ်နိုင်မည့် ပစ္စည်းများကိုပါ သက်ဆိုင်ရာက ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းမှပင် ဆက်လက်ပြောကြားခဲ့သည်။ ယခုအချိန်ထိ ရခိုင်ပြည်နယ်(ဘဝသစ်) စီမံကိန်းသို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်များမှ အိမ်ထောင်စု ၁၇ စု အသီးသီးစေလွှတ်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့မှ အိမ်ထောင်စု ၁၄ စုနှင့် အကျဉ်းဦးစီးဌာနမှ လွတ်ရက် နီးအကျဉ်းသားများ အိမ်ထောင်စု ၆၁ စု စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်(ဘဝသစ်) စီမံကိန်းသို့ စေလွှတ်ရခြင်းမှာ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအပြင် နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ကျုးကျော်ဝင်ရောက်လာသော နိုင်ငံခြားသားများအား၏ အန္တရာယ်အား ပာန့်တားရန်အတွက်ပါဖြစ်ကြောင်း ရခိုင်ပြည်နယ်သို့စေလွှတ်မည့် အိမ်ထောင် စုများ နှုတ်ဆက်ပွဲအခမ်းအနား၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုစီမံကိန်းအား စတင်ဆောင်ရွက်ခဲ့သည့် အချိန်ကာလအနေဖြင့် ကြာမြင့်နေပြီဖြစ်သော်လည်း အောင်မြင်မှု မရရှိသေးကြောင်း၊ ယခင်သွား ရောက်ခဲ့သည့်သူများထဲတွင် သက်ဆိုင်ရာမှ ပေးလိုက်သည့်ပစ္စည်းများအား မသမာမှုများ ပြုလုပ်၍ ပြန်လာခြင်းကြောင့်ဖြစ်ကြောင်း၊ လွတ်ရက်နီးသည့် အကျဉ်းသား အများစုမှာလည်း လွတ်မြောက်ချင်စိတ်ကြောင့်သာ သွားရောက်ခြင်းသာဖြစ်ပြီး မကြာမီအချိန်၌ ပြန်လာခြင်းမျိုးတို့ ရှိခြင်းကြောင့် မအောင် မြင်ခြင်းပင် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

(အတွဲ-၂၊ အမှတ်-၃၇၊ ၂၈ ဧပြီ ၂၀၁၁ ဗီးနပ်စ်ဂျာနယ်ပါ “လွတ်ရက်နီးအကျဉ်းသားများအား ရခိုင်ဘဝသစ်စီမံကိန်းသို့ စေလွှတ် ပေးလျှက်ရှိ” မှ သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

မယူမနေရ လက်မှတ်ရောင်းချမှုကို ကန့်ကွက်၍ ရပ်ကွက်တွင်းမှ မောင်းထုတ်ခံရ

ရန်ကုန်၊ ဧပြီ ၂၄။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း၌ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်၌ ရန်ပုံငွေရှာဖွေရေးပွဲလက်မှတ်များကို ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ မယူမနေရ စနစ်ဖြင့် အိမ်တိုင်းစေ့လိုက်လံရောင်းချမှုကို လက်မခံဘဲ ကန့်ကွက်ဆန့်ကျင်ခဲ့သူအား ရပ်ကွက်အတွင်း နေထိုင်ခြင်းမပြုရန် သက်ဆိုင်ရာမှ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စရပ်နှင့်ရပ်ကွက်အတွင်းမှ မောင်းထုတ်ခံခဲ့ရသည့် ပုဂ္ဂိုလ်အားမေးမြန်းခဲ့ရာ၌ မိမိသည် လှိုင်မြို့နယ် (၇) ရပ်ကွက်အတွင်းမှ အိမ်ငှား၍ နေထိုင်ရသူ တစ်ဦးဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပျက်ခဲ့သည့်နေ့ရက်၌ မိမိအလုပ်မှပြန်လာပြီး မိန်းမဖြစ်သူက လက်မှတ်တစ်စောင်အားကိုင်၍ ရပ်ကွက် အတွင်း၌ မယူမနေရစနစ်ဖြင့် အာဏာရှင်ဆန်ဆန် လက်မှတ်ရောင်းချသွားသည့်အတွက် ဝယ်ယူထားရှိရသည်ပာုဆိုကြောင်း၊ မိမိအနေဖြင့်လည်း လခစား အလုပ်သမားဖြစ်သည့်အတွက် လက်မှတ်ဝယ်ယူရန် မတတ်နိုင်သည့်အတွက် လက်မှတ်အား ပြန်ပေးလိုက်ရန်ပြောကြားခဲ့ကြောင်း၊ မိန်းမဖြစ်သူက လက်မခံဘဲ ပြန်မပေးသည့်အတွက် မိန်းမဖြစ်သူနှင့် စကားများပြီး အိမ်အောက်သို့ဆင်းသွားခဲ့ကြောင်း၊ မကြာမီအချိန်၌ ရပ်ကွက်အတွင်းမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အခြားလူများရောက်ရှိလာပြီး မိမိအားအော်ပာစ်ဆဲဆို၍ ရပ်ကွက် အတွင်းမှ မောင်းထုတ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယင်းအမျိုးသား ထိုသို့မောင်းထုတ်ခံခဲ့ရပြီးနောက်ပိုင်း တည်းခိုခန်း၌ တစ်ညအိပ်စက်ခဲ့ရပြီး နောက်ပိုင်းကာလများတွင်လည်း ငွေကြေးချို့တဲ့မှု များကြောင့် ရပ်ကွက်အတွင်းသို့ ည ၁၁ နာရီခန့်အချိန်၌ ဝင်ရောက်အိပ်စက်ခဲ့ပြီး မနက် ၅ နာရီအချိန်၌ အိမ်မှပြန်လည်ထွက်ခွာခဲ့ရကြောင်း ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင်လည်း အိမ်တွင်မနေထိုင်ရန် ပြောကြားခဲ့သည့်အတွက် အိမ်မှပြန်လည်ထွက်ခွာပေးခဲ့ ရပြီး ရပ်ကွက်ရုံး၌ ခံဝန်လက်မှတ်ထိုးပြီးမှသာ နေထိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်အတွင်း မိမိ စိတ်တိုင်းကျ အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်မှုများကြောင့် ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူအများစု စိုးရိမ်ကြောက်လန့်နေရသေးကြောင်း သိရသည်။

အစိုးရသစ်လက်ထက်၌ သက်ဆိုင်ရာမှ အာဏာရှင်ဆန်ဆန်ပြုမူဆောင်ရွက်မှုမျိုးဖြစ်သည့် အလားတူဖြစ်ရပ်မျိုး လှိုင်မြို့နယ်အတွင်း၌ပင် ဧပြီလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည်။

လှိုင်မြို့နယ်အတွင်း ယာယီသန်းခေါင်းစာရင်းဖြင့် နေထိုင်သူအမျိုးသမီးတစ်ဦးက ဧည့်စာရင်းသွားတိုင်ရာတွင် အခကြေးငွေသတ်မှတ်၍ ပေး ဆောင်ခဲ့ရကြောင်း သိရှိရသည်။ မိမိဧည့်စာရင်းသွားရောက်တိုင်ကြားရာ၌ အခကြေးငွေအဖြစ် ၂၀၀ ပေးဆောင်ရမည်ပာုပြောကြောင်း၊ ယခင်ကဲ့သို့ပင် စေတနာရှိသလောက် ပေးမည်ပာုဆိုသောအခါ ယခင်အစိုးရမပာုတ်ဘဲ ယခုအစိုးရသစ်တက်ချိန်ဖြစ်သဖြင့် တောင်းသည့်အတိုင်းသာ ပေးဆောင်ရမည်ပာု ပြောကြောင်း ကိုယ်တိုင်ကြုံ တွေ့ခံစားခဲ့ရသူ အမျိုးသမီးတစ်ဦးကလည်းပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြုမူဆောင်ရွက်မှုမျိုးသည် အစိုးရသစ်လက်ထက်မှ စတင်၍ မင်းမူဆောင်ရွက်မှုများ ပိုမိုများပြားလာခဲ့ ခြင်း ဖြစ်ကြောင်းသိရှိရသည်။

(အတွဲ-၂၊ အမှတ်-၃၇၊ ၂၈ ဧပြီ ၂၀၁၁ ဗီးနပ်စ်ပါ “ရန်ပုံငွေရှာဖွေရေးပွဲလက်မှတ် မယူမနေရ ရောင်းချခြင်းကို ကန့်ကွက် ဆန့်ကျင်သူ ရပ်ကွက်မှမောင်းထုတ်ခံရ” မှ သတင်းကို ကိုးကား ဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NDF ကွဲထွက်ပြီ မယူဆဟု ဦးခင်မောင်ဆွေ ဆို

ရန်ကုန်၊ ဧပြီ၂၅

၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ NDF ရုံး၌  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က NDF ပါတီသည် မိမိနှင့် လမ်းခွဲသွားပြီဟု ပြောကြားခဲ့မှုအပေါ် NDF ပါတီမှ ဦးခင်မောင်ဆွေက ယင်းကဲ့သို့ ကိစ္စရပ်များသည် NDF ပါတီနှစ်ခြမ်းကွဲထွက်သွားသည်ပာု မယူဆ ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ NDF ပါတီ၌ ဖြစ်ပေါ်လျှက်ရှိသော ခွဲရေးတွဲရေး ကိစ္စအပေါ် နှစ်ခြမ်းကွဲထွက်သည်ပာုမယူဆဘဲ ဦးသိန်းညွန့်ဦးဆောင်၍ အမျိုးသားဒီမို ကရေစီအင်အားစု ပဲ့ထွက်သွားခြင်းသာ ယူဆကြောင်း၊ ဦးသိန်းညွန့်အား မိမိတို့ပါတီမှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းကပင် ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်း ကိစ္စရပ်ကိုလည်း ကော်မရှင်သို့ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအကြိုကာလအတွင်း ဦးသိန်းညွှန့်သည် မီဒီယာများအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ငွေစာရင်းကိစ္စကို တရားမဲ့ပြောကြားခဲ့သည့်အတွက် NDF ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း မိမိအား NDF ပါတီမှ ထုတ်ပယ်ခြင်းသည် တရားမဝင်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပေးခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ၌လည်း မိမိသည် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၌ ဒုတိယခေါင်းဆောင်နေရာကို တာဝန်ထမ်းဆောင်လျှက်ရှိသည်ပာု ဖော်ပြထားကြောင်း၊ ထို့ပြင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌ ပုဒ်မ ၂၄(ခ) အရ စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်သို့ စာတင်ထားသော်လည်း သဲသဲကွဲကွဲ မသိရသေးကြောင်း၊ စည်းမျဉ်းဥပဒေများတွင်လည်း ပါတီတစ်ခုအတွင်း နှစ်ခြမ်းကွဲခွင့်မရှိပာု မပါရှိသည့်အတွက် မိမိမှ သင်္ဃန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအဖြစ် သီးခြား ရပ်တည်လိုက်ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------

တားမြစ်ခံရသော်လည်း ဧပြီလကုန်တွင် လူထုနှင့် တွေ့ဆုံမည်ဟု မြေပုံလွှတ်တော်အမတ်ဆို

မြေပုံ၊ ဧပြီလ ၂၅။

မြို့နယ်အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃ဝ ရက်နေ့နောက်ပိုင်းတွင် နယ်များသို့ ဆင်း၍ လူထုနှင့်တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောကြားသည်။

လူထုနှင့် တွေ့ဆုံရှင်းလင်းမည့် အစီအစဉ် တားမြစ်ခံရပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းထံ စာရေးအကြောင်းကြားထားသည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောသည်။

ယခုကဲ့သို့ စာရေးရခြင်းမှာ ၎င်းနှင့်ပြည်သူများ တွေ့ဆုံမည့်ခရီးစဉ်ကို မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးက တားမြစ်၍ ပြည်သူများနှင့် တွေ့ဆုံခွင့်ရ ရန်အတွက်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းက ပြောကြားသည်။

“လွှတ်တော်အမတ်တစ်ဦးအနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဆီကို ဧပြီလ ၂၂ ရက်နေ့မှာ စာရေး အကြောင်းကြားခဲ့ပါတယ်။ မိတ္တူတွေ ကိုတော့ ပြည်နယ်ဝန်ကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့ရဲ့ ပါတီဥက္ကဋ္ဌဆီကို ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ရေးသားထားကတော့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်။ ဒါကြောင့် ပြည်သူတွေဆီသွားပြီး တွေ့ဆုံခွင့်ပြုပေးဖို့ စာရေးတင်ပြတာ ဖြစ်ပါတယ်”ဟု ဦးဖေသန်းက ပြောကြားသည်။

၎င်းအနေနှင့် လက်ရှိ အခြေအနေတွင် ပြည်သူများနှင့် ထိတွေ့ရန်လိုနေကြောင်းကိုလည်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ မြေပုံ မြို့နယ်ဆိုတာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့တဲ့ နေရာဒေသဖြစ်တယ်။ အခုအချိန်ထိ ကျိုးသွားတဲ့ တာတမံတွေအများစုကို ပြန်မဆည်ဖို့နိုင်သေးဘူး။ နည်းနည်းလေးဘဲ ပြန်ဆည်နိုင်သေးတယ်။ လူထုတွေ ဘာဖြစ်နေသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ လို တယ်။ နောက်တစ်ခုက နယ်တွေမှာ အကြီးအကျယ် မကျေမလည်ဖြစ်နေတာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရင်ရယက ဥက္ကဋ္ဌတွေကို ပြန်ခန့်တဲ့ ကိစ္စ ဖြစ်တယ်။ စနစ်ပြောင်းသွားပြီ၊ အစိုးရ ပြောင်းသွားပြီဆိုပြီး လက်တွေ့မှာ ရယကအဟောင်းတွေကို ပြန်ခန့်တဲ့အတွက် လူထုအတွင်းမှာ မကျေနပ် မှုတွေ ကြီးထွားနေသလို ပြဿနာတွေလည်း တက်နေတယ်။ ကျွန်တော်က ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လူထုတွေကြားထဲကိုသွားပြီး ဒီကိစ္စတွေကို ရှင်းပြဖို့၊ ပြေလည်အောင် ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် နယ်တွေကိုဆင်းဖို့ အရေးတကြီး လိုအပ် နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ အင်တာနက်နဲ့ ပတ်သက်ရင်တော့ လုံးဝ avialable မရှိသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံအတွင်းမှာပဲ အင်တာ နက်နဲ့ လုပ်ချင်တာတွေ လုပ်ချင်ပေမယ့်  ဘာမှလုပ်မရနိုင်အောင် ဖြစ်ရပါတယ်။ အင်တာနက် မြန်နှုန်းမကောင်းတဲ့အတွက် အင်တာနက်ရှေ့မှာ အချိန်တွေ ထိုင်ဖြုန်းနေရသလိုပါပဲ။ အင်တာနက်နဲ့ လုပ်တာချင်းအတူတူ၊ တခြားနိုင်ငံတစ်နိုင်ငံက လူတစ်ဦးတစ်နာရီအတွင်း လုပ်တာချင်း အတူတူ ကျွန်တော်တို့မှာ အလုပ် မပြီးဘူး ဖြစ်နေပါတယ်"

ဧပြီ ၂၇ ထုတ် Weekly ELEVEN အတွဲ(၃) အမှတ်(၆) တွင်ပါသည့် "နည်းပညာသုံးစွဲနိုင်မှုကွာဟချက်(Digital Divide) က တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို နှေးကွေးစေနိုင် အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း နယ်ပယ် အသီးသီးမှသုံးစွဲသူများ အကြံပြု" သတင်းဆောင်းပါးမှ Solvew are Solution ကုမ္ပဏီမှ ကိုငွေထွန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နိုင်ငံတကာမှာ လူတွေ အရက်ဝယ်မသောက်နိုင်အောင် အရက်ဈေးနှုန်းတွေကို မြှင့်ထားကြတယ်။ ဒါ့အပြင် စီးကရက်၊ ဘီယာ၊ အရက်တွေကို အခွန်နှုန်း ထားမြှင့်ပြီး အလွယ်တကူ မဝယ်နိုင်အောင် လုပ်ထားကြတယ်။ ဒီမှာကတော့ ပိုက်ဆံ ၁၅၀၊ ၂၀၀ ရှိတဲ့သူတိုင်း အရက်သောက်လို့ရတယ်။ အရက်ဈေး အပေါဆုံးက တစ်ပုလင်းကို ၆၀၀ လောက်ပဲရှိတော့ အားလုံးအတွက်အဆင်ပြေတဲ့ ဈေးနှုန်းဖြစ်နေတယ်။ တကယ်လို့သာ အရက်ဆိုင်က အသက်မပြည့်တဲ့ သူကို မရောင်းဘူး၊ အရက်ဈေးနှုန်းတွေကလည်း အလွယ်တကူ ဝယ်မသောက်နိုင်တဲ့ ဈေးနှုန်းတွေဖြစ်နေမယ်ဆိုရင် လူငယ်တွေ အရက်သောက်နှုန်း လျော့ကျနိုင်ပါတယ်"

ဧပြီ ၂၅ ထုတ် The Messenger အတွဲ(၁)၊ အမှတ် (၄၉) တွင်ပါသည့် " အရက်ကိုပေါများစွာ ထုတ်လုပ်နေ ခြင်းနှင့် လွန်ကဲစွာ သောက်သုံး ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကို ခြိမ်းခြောက်လာ" သတင်းမှ CVT မှ  ဦးညီညီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"တကယ်လို့တတ်ကျွမ်းတဲ့ အထူးကု ဆရာဝန်ကြီးတွေက တာဝန်ကျတဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာမရှိကြဘဲ အထူးကု ဆေးခန်းကြီးတွေမှာ အခကြေးငွေနဲ့ ဆေးကုသနေကြတယ်။ ဟောက်ဆာဂျင်တွေနဲ့ ထားခဲ့ပြီး အရေးပေါ်လူနာ လာလို့ရှိရင် ဖုန်းဆက်ခေါ်ပါလို့ မှာထားခဲ့တယ်။ တချို့လူနာတွေ ဆရာဝန် ရောက်မလာခင် အသက်ဆုံးရှုံးရတဲ့အထိ ရှိနေတယ်။ အခြေခံလူတန်းစားတွေရဲ့ ကျန်းမာရေးအတွက် အဓိကထားပြီး ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံကြီး တွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေးကို တာဝန်ယူနိုင်တဲ့ ဆရာဝန်ကြီးတွေ အချိန်ပြည့် ရှိသင့်ကြောင်း၊ စရိတ်မျှပေးဆေးပေးခန်းတွေ များများရှိသင့်ပြီး ၎င်း ဆေးဆိုင်ရှိ ဆေးများသည် ပြင်ပဆေးဆိုင်များထက် ဈေးသက်သက်သာသာရှိသင့်ကြောင်း၊ ပိုက်ဆံ မရှိချို့တဲ့တဲ့ လူနာရှင်တွေအတွက် FOC ဆိုတဲ့ အစိုးရဝန်ဆောင်မှုတွေ လွယ်လင့်တကူ သိသာမြင်သာစွာ ရရှိနိုင်ရန် လိုအပ်ကြောင်း"

ဧပြီ ၂၈ ထုတ် Venus New အတွဲ(၂) ၊ အမှတ် (၃၇) တွင်ပါသည့် "သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ကျ ဆရာဝန် ကြီးများ တာဝန်ချိန်တွင် ဆေးရုံ၌ ရှိရန်လိုအပ်နေ" သတင်းမှ သင်္ဃန်းကျွန်းမြို့နယ် ဆ/ဃ ရပ်ကွက်နေ စေတနာ သွေလှူရှင်များအဖွဲ့ဝင် ကိုစန်းယု၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အတုတကာ့ အတုတွေထဲမှာ ဆေးဝါးအတုက အဆိုးဆုံးပဲ။ ဆေးအတုတွေကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီးပြီ။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်း က ထွက်တဲ့ဆေးက နည်းတယ်။ ပြည်ပကတင်သွင်းတဲ့ဆေးတွေ ကနေရာယူနေတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ဆေးဝါးထုတ်လုပ်အား အင်မ တန်ကောင်းတဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိနေတယ်။ ကမ္ဘာမှာ ဆေးဝါးရောင်းဝယ်ရေးရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း အထိ အတုအပနဲ့ မမှန်ကန် တဲ့ ဆေးဝါးတွေပါ"

ဧပြီ ၂၈ ထုတ် Venus New အတွဲ(၂) ၊ အမှတ် (၃၇) တွင်ပါသည့် "စမ်းသပ်ဆေးဝါးများနှင့် ဆေးဝါးအတု များ ပြည်တွင်းဆေးဝါးကွက်၌ ၅၀ ရာခိုင်နှုန်းအထိ ကျယ်ပြန့်စွာ ရောင်းချမှုများရှိနေ" သတင်းမှ ဦးသန်းမောင် (ဓာတု)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သတင်းအချက်အလက်များ သိရှိပိုင်ခွင့်

မြန်မာနိုင်ငံ၌ လက်ရှိအာဏာရလာသော ဒီမိုကရေစီအစိုးရသစ်၏ သမ္မတဦးသိန်းစိန်မှ မေ ၃၁ ၂၀၁၁ တွင် ပြောကြားသော မိန့်ခွန်းပါ မူဝါဒတွင် သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရန် ကြိုးပမ်းသွားမည်ဆိုသည့် အချက်ပါရှိသည်။ သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရန် သတ်မှတ်ထားသည့် စံမှာ အစိုးရက ပေးသော ပြည်သူ့ရေးရာဝန်ဆောင်မှုကို ပြည်သူများက မည်သို့သဘောထားသနည်းဆိုသည့်အချက်အပေါ် မူတည်သည်။ ယင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးဆောင်ရာ၌ အရေးအကြီးဆုံးဝန်ဆောင်မှုမှာ သတင်အချက်အလက်သိရှိပိုင်ခွင့် (Right to information) ဆိုင်ရာ ဝန်ဆောင်မှု ဖြစ်သည်။ သို့နှင့် ၎င်းဝန်ဆောင်မှုကို အစိုးရက မည်သို့ပေးအပ်မည်နည်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ မည်သည့်အတိုင်းအတာထိ အစိုးရဌာန ဆိုင်ရာ ကိစ္စရပ် များကို ပြည်သူများအား ပေးသိရမည်နည်းစသည့် မေးခွန်းများ ပေါ်ထွန်းလာလေသည်။

ဤမေးခွန်းများကို သရုပ်ခွဲမစိစစ်မီ ရှေ့ဦးစွာ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၎င်းတို့ ၏ ပြည်သူများအား မည်ကဲ့သို့ အစိုးရဌာနဆိုင်ရာ သတင်းအချက်အလက်များ ပေးသိသနည်းဟူသော အချက်မှာ စိတ်ဝင်စားစရာကောင်းသလို လေ့လာအပ်သည့် အကြောင်းအရာ လည်း ဖြစ်သည်။ ၁၉၈၀ ပတ်ဝန်းကျင်၌ တရုတ် ကွန်မြူနစ်ပါတီနှင့် အစိုးရသည် လယ်သမားများအကျိုးကို အစဉ်ရှေ့ရှုသောအားဖြင့် ရပ်ရွာကောင်းကျိုး ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာလူကြီးကို ရွာသူရွာသားများက ရွေးကောက်တင်မြောက်စေခြင်းနှင့် ကျေးရွာဘဏ္ဍရေးကိစ္စရပ်များ၌ လင်းပွင့်မြင်သာမှု ရှိစေရန် "ပွင့်လင်းသော ရပ်ရေးရပ်ရွာ" အစီအစဉ်ကို နိုင်ငံအနှံ့ ချမှတ်အကောင်အထည်ဖော်စေခဲ့သည်။  ဤသို့နှင့် ၁၉၉၀နောက်ပိုင်းတွင် "ပွင့်လင်းသော ရပ်ရေးရပ်ရွာ" အစီအစဉ်မှာ တဖြည်းဖြည်းကျယ်ပြန့်လာရာ "ပွင့်လင်းသော အုပ်ချုပ်ရေးရာ" လှုပ်ရှားမှုအထိရောက်ရှိလာပြီး ထပ်သီးပါတီ ခေါင်းဆောင် ပိုင်းနှင့် အစိုးရမူဝါဒဆိုင်ရာ ကိစ္စရပ်များ အပေါ် သက်ရောက်မှုရှိလာခဲ့သည်။

               ၁၉၈၈ခုနှစ်၌ နိုဝင်ဘာတွင် တရုတ်အစိုးရသည် ကျေးရွာအဆင့်ပွင့်လင်းသော အုပ်ချုပ်မှုတစ်ရပ် ဖြစ်ပေါ်လာအောင် ကျေးရွာကော်မတီဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ကျေးရွာကော်မတီဥပဒေသည် ဒီမိုကရေစီစံတန်ဖိုးလေးခုကို အကောင်အထည်ဖော်မည့်  ရွာသူရွာသားများကို တိုက်ရိုက်ရွေးချယ်ခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းဒီမိုက ရေစီစံတန်ဖိုးလေးရပ်မှာ (၁) ကျေးရွာကော်မတီအဖွဲ့ဝင်များကို ဒီမိုကရက်တစ်ရွေးကောက်ပွဲများဖြင့် ရွေးချယ်ခြင်း (၂) ရပ်ရေး ရွာရေး ဆုံးဖြတ်ချက်များကို ချမှတ်ရာ၌ ရွာသူရွာသားများအား အစည်းအဝေးခေါ်ကာ ဒီမိုကရက်တစ်ဆုံးဖြတ်ချက်များချမှတ်ခြင်း (၃) ကျေးရွာကော်မတီ များဖြင့် ဒီမိုကရက်တစ်နည်းကျ စီမံခန့်ခွဲခြင်းနှင့် (၄) ပွင့်လင်းသော ရပ်ရေးရွာရေး စနစ်သစ်အောက်တွင် ရွာသူရွာသားများမှ ဒီမိုကရေစီ နည်းကျ လေ့လာ စောင့်ကြည့်နိုင်ခြင်းတို့ဖြစ်သည်။

               မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်လုပ်တောင်ယာစိုက်ပျိုးသူများဖြစ်သည့်အပြင် ကျေးလက်များတွင်သာ အများစု နေထိုင်ကြ လေသည်။ သို့ဖြင့်၍ လယ်သမားများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေး ဘဝမြင့်မားလာဖို့အတွက် အစိုးရသစ်မှ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို ယခုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးဖို့လိုသလို ယင်းကဲ့သို့ ဆောင်ရွက်အကောင်အထည်ဖော်ရာ၌လည်း ကျေးလက်နေ တောင်သူလယ်သမားများအား သက်ဆိုင်ရာ ဌာနအသီးသီးမှ သတင်းအချက်အလက်များမှန်မှန်ကန် ကန်ပေးဖို့လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးဖြစ်စဉ်မှာ ယခုမှစတင်သည်ဖြစ်ရာ အောက်ခြေကျေးလက်အဆင့်မှ ဒီမိုကရေစီစံတန်ဖို့များကို လက်ခံကျင့်သုံးစေပါက နောင်တွင် တရုတ်နိုင်ငံမှာ ကဲ့သို့ အစိုးရထိပ်ပိုင်းအထိ ပွင့်လင်းမြင်သာမှုကိုတောင်းဆိုသည့် ဒီမိုကရေစီ စံတန် ဖိုးများ ပြန့်နှံ့ သွားစေနိုင်ပါသည်။

               ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း ပြည်သူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပုဒ် ၃၅၄ တွင် နိုင်ငံသား တိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် (ဂ) အသင်း အဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်တို့ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားလေသည်။ ယင်း ဥပဒေအရ တစ်ဦးချင်းမှ သတင်းအချက် အလက်များ ထုတ်ပြန်ခွင့်၊ သိရှိပိုင်ခွင့်နှင့် သတင်းအချက်အလက်များကို လွတ်လပ်မြန်ဆန်စွာ စီးဆင်းမှုကို အထောက်အကူပေးသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ခွင့်စသည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။

               ထို့အပြင် ပုဒ်မ ၃၆၉ (ခ) အရ သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသောကြောင့် ပြည်သူများသည် မိမိ ရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်မှ ဥပဒေနှင့် အညီဆောင်ရွက်ခြင်း ရှိ၊ မရှိကို သိရှိစေရန် သတင်းအချက် အလက်များ လွတ်လပ်စွာစီးဆင်းခွင့်ပေးမည့်သဘောဖြစ်သည်။ သို့သော်  ပုဒ်မ ၃၈၂ အရ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့ မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေဝပ်မှုများ ရှိစေရေးအတွက် ဤအခန်း၌ ပေးအပ်သောအခွင့် အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက် သိမ်းခြင်းပြုရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်လေရာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လုံခြုံရေးနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များပေါက်ကြားခဲ့ပါက ယင်းကဲ့သို့ သတင်းအချက်အလက်များ စီးဆင်းရာ သတင်းအရင်းမြစ်များကို ကန့်သတ်ခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

               သတင်းအချက်အလက်များ သိရှိပိုင်ခွင့် (Right to information) ကို ယခုအစိုးရသစ်သည် ကျေးရွာမှအစ မြို့ပြထိတိုင် တဖြည်းဖြည်း အကောင်အထည်ပေါ်လာဖို့ များစွာအရေးပါလှပါသည်။ အုပ်ချုပ်ရေးယန္တယား သွက်လက်ထက်မြက် ရေးအပါအဝင် သန့်ရှင်းသည့် အစိုးရတစ်ခု ဖြစ်ပေါ်လာရန်မှာမူ သတင်းအချက်အလက်ကို မည်မျှအထိ လွတ်လပ်စွာစီးဆင်း ခွင့်ပေးမည်၊ မပေးမည်အပေါ် မူတည်ပါကြောင်း......။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs