Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၇.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရန်လယ်ယာမြေ နည်းပါးပြီ

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ တိုးချဲ့စိုက်ပျိုးနိုင်ရန် လယ်ယာမြေများ နည်းပါးသွားပြီဖြစ်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့၌ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲ၌ ပုဂ္ဂိုလ်တစ်ဦးမှပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လယ်ယာမြေစိုက်ပျိုးရေးကဏ္ဍအား တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လယ်ယာမြေများ မရှိတော့သလောက် ကုန်ဆုံး သွားပြီဖြစ်ကြောင်း၊ ထို့ပြင် ယခင်အစိုးရလက်ထက်၌ ကျန်ရှိနေသေးသည့်မြေများကိုပါ လယ်ယာစိုက်ပျိုးနိုင်ရန် သတ်မှတ်လိုက်သည့်အတွက် ယခုကဲ့သို့ မရှိတော့ခြင်းဖြစ်ကြောင်း၊ လယ်ယာမြေများမှ ထွက်ရှိသည့် ဆန်များသည် ဈေးကောင်းရရန်လိုအပ်ပြီး ပြည်တွင်း၌သာမက ပြည်ပသို့ပါ ဆန်တင်ပို့ နိုင်မည်ဆိုပါက တောင်သူများအတွက် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ယခုအခါ စိုက်ပျိုးရန်လယ်ယာမြေများ မရှိတော့ပြီဖြစ်သည့်အတွက် မိမိလယ်အထွက်တိုးရေးကိုသာ ပြောင်းလဲလုပ်ကိုင်ရတော့မည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၌လည်း စိုက်ပျိုးရန် လယ်ယာမြေများစွာရှိသော်လည်း အထွက်နှုန်းမှာ တိုးတတ်မှုမရှိကြောင်း၊ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးရန်လယ်ယာမြေများမရှိတော့သော်လည်း အထွက်နှုန်းမှာ သိသိသာသာ တိုးတတ်မှုမရှိကြောင်း ၎င်းပုဂ္ဂိုလ်မှ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

           ထို့ပြင် နိုင်ငံတော်၏ အဓိက ရည်ရွယ်ချက်မှာ အကျိုးတူစိုက်ပျိုးရေးစနစ်ဖြင့် ကုမ္ပဏီနှင့် လယ်သမားများ စိုက်ပျိုးနိုင်သလောက် အကျိုးရှိ နိုင်စေရန် ရည်ရွယ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း လယ်သမားများ အမှန်တကယ်အလုပ်လုပ်ကိုင်မည်ဆိုပါက အခွင့်ပေး၍ လယ်သမားဘဝ တိုးတတ်ရေးကို ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ လယ်သမားများနှင့် ကုမ္ပဏီများက နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ အကျိုးတူလုပ်ကိုင် ဆောင်ရွက်မည် ဆိုပါက မြန်မာ့လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လယ်သမားများလယ်ယာလုပ်ကိုင်နိုင်ရန် လယ်မြေများကိုပေးထားသော်လည်း အမှန်တကယ် လယ်ယာမလုပ်ကိုင်ဘဲ အခြားလုပ်ငန်းရပ်များကို လုပ်ကိုင်မည်ဆိုပါက ပေးထားသည့် လယ်ယာမြေများကို နိုင်ငံပိုင်အဖြစ်ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း လယ်သမားများနှင့် ကုမ္ပဏီများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် အမြဲတမ်းပင်လာရောက် ကြည့်ရှုနေမည်ဖြစ်ကြောင်း  ယင်းမှပင်ထပ်လောင်း ပြောကြားခဲ့သည်။

(အတွဲ-၃၊ အမှတ်-၁၆၊ ၂၈ ဧပြီ ၂၀၁၁ Popular News ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ရန် လယ်ယာမြေကုန်သလောက်ရှိပြီ သတင်းကို အကျဉ်းချုပ်ဖော်ပြသည်။)

-------------------------------------------------------------------------------------------

အကြွေပြဿနာ ဗပိာုဘဏ် ဖြေရှင်းပေးမည်

လက်ရှိမြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော ငွေအကြွေ ရှားပါးမှုပြဿနာအား မြန်မာနိုင်ငံတော် ဗပိာုဘဏ်မှ ဖြေရှင်းပေးတော့မည် ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဈေးဝယ်စင်တာ၊ စုပါမားကတ်များနှင့် အခြားအရောင်းဆိုင်များမှ ကျင့်သုံးလျှက်ရှိသော အကြွေအစားကူပွန်ပြန်အမ်းခြင်းကိုလည်း ထိထိရောက်ရောက်အရေးယူတော့မည် ဟု ဆိုသည်။

မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ ဈေးဝယ်စင်တာများ၊ စူပါမားကတ်များနှင့် မော်တော်ယာဉ်လိုင်းများမှ တာဝန်ရှိသူများက အကြွေလဲလှယ်ပေးရန် စာတင်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်ထားပါက အကြွေ ငါးသိန်းဖိုးလဲလှယ်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါကလည်း နောက်အကြိမ်များတွင် ထပ်မံလဲလှယ်ပေးမည်ဖြစ်ကြောင်း ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။        

ဧပြီလ ၂၂ ရက်နေ့၌ စူပါမားကတ်များ၊ မော်တော်ယာဉ်ထိန်းသိမ်းရေးလိုင်းများမှ တာဝန်ရှိသူများကို သက်ဆိုင်ရာမှ ခေါ်ယူတွေ့ဆုံပြီး ဗပိာုဘဏ်မှ အကြွေငါးသိန်းဖိုးလဲလှယ်ပေးမည်ပာုပြောကြောင်း၊ သုံးမရတော့သည့် ငွေစက္ကူ အစုတ်များကိုပင် လဲလှယ်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် အကြွေအစား ကူပွန်စာရွက်များ ပြန်အမ်းနေခြင်းကိုလည်း တရားမဝင်သည့်အတွက် ထပ်မံမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခင် အကြွေ ပြဿနာအား ဖြေရှင်းရာ၌ အကြွေအစား ကူပွန်လက်မှတ်များအား ပေး၍ အစားထိုးဖြေရှင်းလျှက်ရှိရာ ယင်းသို့ ပြုမူများမှာ တရားမဝင်သည့်အတွက် ယခုကဲ့သို့ ဗပိာုဘဏ်မှ အကြွေပြဿနာအား ဖြေရှင်းရခြင်းဖြစ်ကြောင်းသိရသည်။

ယခုကူပွန်များသည် အပြင်ဆိုင်များ၌ သုံးစွဲ၍မရသည့်အတွက် ထိုကူပွန်များကို ဖြေရှင်းရန် နောက်တစ်ကြိမ် လာရောက် ဝယ်ယူနေရသည့် အတွက် အခက်အခဲဖြစ်ကြောင်း၊ ထို့ပြင် လူများအနေဖြင့်လည်း ကူပွန်တစ်ခုအတွက် ဆိုင်အား နောက်တစ်ကြိမ်လာရောက်ရန်မှာ မလွယ်ကူကြောင်း စူပါမားကတ်တစ်ခုမှ ဈေးဝယ်ပြန်လာသည့် ပုဂ္ဂိုလ်တစ်ဦးမှပြောကြားခဲ့သည်။

သက်ဆိုင်ရာမှ လတ်တလောအကြွေပြဿနာ ဖြေရှင်းလျှက်ရှိသော ကူပွန်စာရွက်များ ပြန်အမ်းခြင်းကို တားမြစ်ထားသော်လည်း ကော်ဖီမစ်၊ သကြားလုံး၊ တစ်ရှုးနှင့် အခြားစားသောက်ကုန် တစ်မျိုးမျိုးဖြင့် ဖြေရှင်းခြင်းများကိုမူ တားမြစ်ထားခြင်းမရှိသေးကြောင်းသိရသည်။ထို့ပြင် ဈေးဝယ်သူ နိုင်ငံသားများအနေဖြင့်လည်း အကြွေအစား ကူပွန်စာရွက်များပြန်အမ်းနေခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ပြဿနာအခက်အခဲအရ သာ လက်ခံနေရခြင်းဖြစ်ပြီး ငွေစက္ကူပြန်အမ်းခြင်းမျိုးကိုသာ အဓိကလိုလားကြကြောင်းသိရသည်။

(အတွဲ-၃၊ အမှတ်-၁၆၊ ၂၈ ဧပြီ ၂၀၁၁ Popular News ပါ အရောင်းဆိုင်နှင့် မော်တော်ယာဉ်များ၏ အကြွေပြဿနာကို ဗပိာုဘဏ်မှ ဖြေရှင်းပေးမည် အကြွေအစား ကူပွန်အမ်းခြင်း တရားမဝင်ပာုတားမြစ် သတင်းကို အကျဉ်းချုပ် ဖော်ပြသည်။)

-------------------------------------------------------------------------------------------

ဓာတ်ဆီရောင်းချမှုပုံစံပြောင်း ကားတန်းရှည်လည်းပြောင်း

ပုဂ္ဂလိကပိုင် စက်သုံးဆီရောင်းချမှုပုံစံအား ပြောင်းလဲလိုက်သည့်အတွက် ယခင်မြင်တွေ့နေကြ ဓာတ်ဆီဝယ်ယူရန်စောင့်ဆိုင်းနေကြရသည့် ကားတန်းရှည်များကို မြင်တွေ့ရခြင်းမရှိတော့ကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ပြောင်းလဲလိုက်သည့် စက်သုံးဆီရောင်းချမှုပုံစံသစ်မှာ ယခင် ကားတစ်စီးလျှင် တစ်နေ့တစ်ကြိမ် ဓာတ်ဆီ ၃ ဂါလံ၊ ၄ ဂါလံ ရောင်းချနေမှုမှ ယခု ကားတစ်စီး ၂ ဂါလံ၊ တစ်ကြိမ်လျှင် ၃ ရက်စာ ထုတ်ပေးသည့် ပုံစံသစ်အားပြောင်းလဲလိုက်ခြင်းပင်ဖြစ်သည်။

မိမိတို့ဆိုင်၌ ဧပြီလ ၂၄ ရက်နေ့မှစတင်၍ မော်တော်ယာဉ်တစ်စီးလျှင် ဓာတ်ဆီ ၂ ဂါလံသာရောင်းချပေးရန် သက်ဆိုင်ရာမှ အကြောင်းကြား ကြောင်း၊ ထို့ပြင် ယာဉ်တစ်စီးလျှင် သုံးရက်စာ ၆ ဂါလံတခါတည်း ရောင်းချပေးရန် သတ်မှတ်ကြောင်း သက်ဆိုင်ရာမှ အကြောင်းကြားလာကြောင်း၊ ထိုသို့ ပြုလုပ်လိုက်ပြီးနောက် ယခင်တွေ့မြင်နေကျ ကားယာဉ်တန်းရှည်များမှာ ပျောက်ကွယ်သွားကြောင်း စက်သုံးဆီဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်လျှက် ရှိသော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းချမှုပုံစံအား ပြောင်းလဲလိုက်သည့်အချိန် ၂၄ ရက်နေ့မှ စတင်၍ ဓာတ်ဆီဝယ်ယူရန် ညအိပ်စောင့်ဆိုင်းနေရသည့် ယာဉ်များကို မြင်တွေ့ရတော့ခြင်းမရှိကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးကလည်းပြောကြားခဲ့သည်။

မြောက်ဥက္ကလာ ခေမာသီလမ်းကြော စက်သုံးဆီဆိုင်တစ်ဆိုင်၌ ဓာတ်ဆီဝယ်ယူရန် စောင့်ဆိုင်းနေရသည့် ယာဉ်များကြောင့် မြောက်ဥက္ကလာပ တစ်ဝိုက် ကားများထွက်ရန်မှာ ခက်ခဲကြောင်း၊ ယခုကဲ့သို့ ဓာတ်ဆီစောင့်ဆိုင်းသည့် ယာဉ်များမရှိတော့မှသာ ယာဉ်အသွားအလာလုပ်ရန်မှာ ပိုမိုလွယ်ကူလာကြောင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သည့် ယာဉ်မောင်းတစ်ဦးကလည်းပြောကြားခဲ့သည်။

သို့သော် ယခုကဲ့သို့ ဓာတ်ဆီရောင်းချမှုပုံစံသစ်အား ပြောင်းလဲပြီးသွားသော်လည်း ဖြစ်ပေါ်လျှက်ရှိသည့် ဓာတ်ဆီမှောင်ခိုဈေးကွက်မှာ ပျောက်ကွယ်သွားခြင်းမရှိသေးကြောင်းသိရသည်။ ဓာတ်ဆီမှောင်ခိုဈေးကွက် နှင့် စက်သုံးဆီဆိုင်များမှ ရောင်းချသည့် ဈေးနှုန်းမှာ ကျပ် ၁၅၀၀ ခန့်ကွာပာလျှက်ပင်ရှိနေသေးကြောင်းသိရသည်။

ယခုပြောင်းလဲလိုက်သည့်ပုံစံသစ်သည် ယခင်အစိုးရလက်ထက်၌ ရောင်းချခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်ကြောင်းသိရသည်။

(အတွဲ-၁၊ အမှတ်-၄၀၊ ၂၀ ဧပြီ ၂၀၁၁ ပြည်သူ့ခေတ်ဂျာနယ်ပါ ဓာတ်ဆီခွဲတမ်းလျော့၊ ကားတန်းရှည်များ ပျောက်ကွယ် မှ)

×××××××××××××××××××××××××××××××××××××××××××××××××××

ပါတီနှင့် နိုင်ငံရေးသတင်းများ

အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်ကြီးများကြား စိုးရိမ်မှုများရှိနေ

ကုန်သွယ်မှု မူဝါဒကောင်စီ ဖျက်သိမ်းလိုက်ခြင်းနှင့်အတူ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စိုးရိမ်မှုများရှိနေကြောင်း ယင်းအသိုင်း အ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့အခြေစိုက် အလတ်စားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မကြာသေးမီက စားအုန်းဆီတင်သွင်း လုပ်ကိုင်ခွင့်ကို အေးရှားဝေါနှင့် Max သို့ လွှဲပြောင်းပေးခဲ့ကြောင်း အလားတူ မကြာမီတွင် ဘဏ်လုပ်ငန်းအပါအ၀င် ထူးခြားသောအပြောင်းအလဲများ တွေ့မြင်ရဖွယ်ရှိကြောင်း ပြောသည်။

နိုင်ငံတော်သမ္မတကြီး၏ မူဝါဒမိန့်ခွန်းတွင် အခွင့်ထူးခံ လူတန်းစားနှင့်ပတ်သက်ပြီး သတိပေးချက်များ ပါရှိကြောင်း Nepotism Cronyism များ တိုက်ဖျက်ရေး Transparency ရှိရေး ကြွေးကြော်မှုကိုလည်း မည်မျှတာသွားမည်ကိုစောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ လတ်တလော အပြောင်းအလဲ အချို့မှာ သူခိုးလက်မှ သူဝှက်လုနေသကဲ့သို့သာ ဖြစ်နေကြောင်း၊ အထူးသဖြင့် ဒုတိယသမ္မတရာထူးရထားသူ ဦးတင်အောင်မြင်ဦး မည်မျှ အစွမ်းထက် သည်ကို တွေ့မည်ရဖွယ်ရှိကြောင်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော်နှင့် ဒေါက်တာကိုကိုကြီးတို့မှာ ၄င်းနှင့်နီးစပ်သူများ ဖြစ်နေခြင်းကို ပြဆိုနေကြောင်း၊ အတွင်းသတင်း အချို့အရ သဘောထားပျော့ပြောင်း သာ သမ္မတဦးသိန်းစိန်ကို သဘောထားတင်းမာသူ ဦးတင်အောင်မြင့်ဦးက လွှမ်းမိုးသွားမည့် အလားအလာများ တွေ့မြင်ရနေကြောင်း အချိန်မရွးအာဏာသိမ်းနိုင်မည့် အကြီးဆုံး Power Factor တပ်မတော်ကို ချုပ်ကိုင်ထားသူများမှာလည်း ဦးတင်အောင်မြင်ဦး ဘက်တော်သားအများစုဖြစ်ကြောင်း၊ မကြာသေးမီက ပြုလုပ်သည့် အစိုးရသစ်၏ ပထမဆုံး အစည်းအဝေး (အထူးစီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး အဖွဲ့အစည်းအဝေး)တွင် ဦးတင်အောင်မြင့်ဦးက ယင်း၏အနေအထားကိုပြသခဲ့ကြောင်း သတင်းသုံးသပ်သူ များနှင့် မူဝါဒရေးရာ လေ့လာသူအချို့က သုံးသပ်ပြောဆိုသည်။

ထိုသို့သော် အခြေအနေများကြောင့် ဦးတင်အောင်မြင့်ဦး၏ ၀ိုင်းတော်သားမဟုတ်သည့် ဦးတေဇအပါအ၀င် ထိပ်သီးအခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်များကြား စိုးရိမ်အကင်းစောင့်ကြည့်လေ့လာနေကြကြောင်း ယင်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

The CJs News

-------------------------------------------------------------------------------------------

အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာကွန်ဖရင့်ကို မေလတွင်ကျင်းပဖွယ်ရှိဟုဆို

အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာကွန်ဖရင့်ကို မေလအတွင်း ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် ၀န်ကြီးများ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

သတင်းစာရှင်းလင်းပွဲ ကိစ္စတွင် ပြည်တွင်းပြည်ပ မီဒီယာအပါအ၀င် တက်ရောက်မည်ဖြစ်သဖြင့် အပြကောင်းစေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ သမ္မတသစ်၏ ပျားရည်ဆမ်း ရက် ၁၀၀ ကာလအတွင်း ပထမဆုံးလုပ်မည့် သတင်းစာရှင်းလင်းပွဲ ဖြစ်သောကြောင့် အထူးဂရုပြု ပြင်ဆင်ထားကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲများနှင့် မတူဘဲ တစ်စုံတစ်ရာထူးခြားသော အပြောင်းအလဲ အပြင်အဆင် တင်ဆက်မှုများကို တွေ့မြင်ရဖွယ်ရှိကြောင်း၊ အစိုးရသစ်၏ နိုင်ငံတကာပုံရိပ်ကို ယင်းရှင်းလင်းပွဲမှ မြှင့်တင်ပေးရန်ရည်ရွယ်ကြောင်း ယင်းအသိုင်းအ၀ိုင်းကဆိုသည်။

ယင်းသတင်းကိုဆိုကြိုဆိုကြောင်း၊ အစိုးရသစ်သည်လက်တွေ့ကျ အလုပ်ဖြစ်သော အပြောင်းအလဲအများကို ဖော်ဆောင် မည်ဟု ဆိုထားရာ ယင်းသတင်းစာကွန်ဖရင့်မှာ ပြယုဂ်တစ်ခုဖြစ်လာနိုင်ကြောင်း၊ Trade Council ကိုဖျက်သိမ်းခြင်း၊ ကုန်သွယ်မှု အတားအဆီး များကို လျော့ချခြင်းနှင့် Cronyism လျော့ချရန် မကြာသေးမီကအားထုတ်မှုများကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယင်း အားထုတ်မှုများ၏ ရလာဒ်ကို မီဒီယာ Cornerနေ၍ Promote လုပ်မည့်သဘောပင်ဖြစ်ကြောင်း Yes or No အဖြေများနှင့်စာရင် Yes or But ကဲ့သို့ပညာရှင် ဆန်ဆန် ပါးနပ်စွာကိုယ်တွယ်မှုများကို တွေ့မြင်ဖွယ်ရှိကြောင်း၊ ပြည်တွင်းပြည်ပ သတင်းသမားများ သည်လည်း အငိုက်ဖမ်းမခံရစေရန် သတိပြုဖို့လိုကြောင်း သတင်းဆန်းစစ်သူများနှင့် မူဝါဒရေးရာလေ့လာသူများက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိ အမှုထမ်းအချို့ကို ပြောင်းလဲလာသော မူနှင့်အညီ ကိုင်တွယ်တတ်ရန် သတင်းပညာရပ် ဆိုင်ရာ သင်တန်းများပို့ချပြီးဖြစ်ကြောင်း၊ ယင်းသင်တန်းများကို နိုင်ငံတကာတွင်ပါထင်ရှားသော ပြည်တွင်းအခြေစိုက် အလွတ် သတင်းစာ ဆရာတစ်ဦးက နေပြည်တော်တွင်တ၏ ပြီးခဲ့သည့်လက ပို့ချပေးခဲကြောင်း၊ မေလတွင်လည်း အလားတူ ထပ်မံပို့ချပေးရန် ရှိကြောင်း၊ အထက်ပါ သတင်းဆရာများအပြင် ပြည်ပတွင် စိတ်ဓာတ်စစ်ဆင်ရေး ဘာသာရပ်များကို လေ့လာခဲ့သူများနှင့် ကျွမ်းကျင်သူ များလည်း ပါဝင်ဖွယ်ရှိကြောင်း ယင်းတို့ကဆိုသည်။

The CJs News

-------------------------------------------------------------------------------------------

DKBA က အစိုးရထံမှ ကျပ်သိန်း ၃၀၀၀ကျော် ထပ်ချေး

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျပ်သိန်း ၃၀၀၀ ကျော် ထပ်မံ၍ အထူးချေးငွေအမျိုးအစားဖြစ် ချေးယူရန် ကမ်း လှမ်းထားကြောင်း သိရသည်။          

DKBA အဖွဲ့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများတွင် နှစ်စဉ်ချေးငွေ၊ ဖွံ့ဖြိုးရေးချေးငွေ၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးချေးငွေ၊ အထူးစီမံချက်ချေးငွေ၊ အထူးချေးငွေဟူ၍ ခွဲခြားထားလေသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယင်းအဖွဲ့အား ယခင်ကလည်း ကျပ်သိန်း ၃၀၀၀ကျော် ထုတ် ချေးထားပြီး အတိုးနှုန်းကိုလည်း ပုံမှန် အတိုး ၁၇ ရာခိုင်နှုန်းထက် များစွာ နည်းသည့် ၁၂ဒဿမ ၅ ရာခိုင်နှုန်းသာ ပေးရကြောင်းသိရသည်။

နှစ်စဉ်ချေးငွေနှင့် ဖွံ့ဖြိုးရေးချေးငွေများ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကျပ်သန်းပေါင်း ၉၃၄၈၉ လျာ ထားရာမှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၁၉၀၉၃၄ သန်းအထိ လျာထားချက်မြင့်တက်လာခဲ့ခြင်းကြောင်းသိ ရသည်။

DKBA အဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လက်ခံခဲ့ပြီး  အင်အား ကြီးမားသည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

-------------------------------------------------------------------------------------------

တစ်ဆင့်ခံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်လာသော်လည်း ပို့ကုန်များဈေးကျ

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် တစ်ဆင့်ခံကုန်သွယ်မှု လုပ်ငန်းများထက် တိုက်ရိုက်တင်ပို့ရောင်းချကို ယခုနှစ်တွင် ပိုမိုဆောင်ရွက် လာကြသော်လည်း သင်္ကြန်အပြီး တရုတ်- မြန်မာကုန်သွယ်ရေးတွင် ကုန်စည်ဝင်ရောက်မှုများရှိနေကြောင်း မူဆယ် (၁၀၅) မိုင်ရှိ လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီအချို့သည် အန္ဒိယနိုင်ငံမှ ထွက်ကုန်များကို မြန်မာနိုင်ငံမှ တစ်ဆင့်ဖြတ်သန်းစေပြီး တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်လာကြသည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံမှ ကုန်စည်များကိုလည်း အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

သို့သော် ယခုအခါတွင် တရုတ်ကုန်သည်များသည် တရုတ်ယွမ်ငွေ တန်ဖိုးလျော့နည်းနေခြင်း အပါအဝင် ကုန်စည်ဈေးနှုန်းများ လျော့ချလိုသဖြင့် ဝယ်လိုအားချထားခြင်းတို့ကြောင့် ယခုကဲ့သို့ တင်ပို့မှုများ လျော့နည်းနေရကြောင်းကို တရုတ်- မြန်မာ နယ်စပ်မှတစ်ဆင့် ကုန်စည်များ တင်ပို့နေသည့် မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ယခုရက်ပိုင်းတွင် မူဆယ် (၁၅၀) မိုင်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် ကားများတွင် ဖရဲကားများ သင်္ကြန်မတိုင်ခင်က ၁၅၀ မှ ၂၀၀ ကြားဝင်ရောက်သော်လည်း ယခုအခါတွင် ၃၀ မှ ၅၀ ကြားထဲသာ ဝင်ကြောင်းသိရသည်။

တရုတ်မြန်မာငွေလဲနှုန်းမှာလည်း သင်္ကြန်ရက်များမတိုင်ခင်က ငွေကျပ် ၁၀၀၀ ကို ၇ဒဿမ ၂ ယွမ်မှ ယခုအခါတွင် ၇ ဒဿမ ၈ ယွမ်ထိ ဈေးကျလာသောကြောင့် ပို့ကုန်လုပ်ငန်းရှင် အခက်အခဲ တွေ့နေရသည်။

စီးပွားရေးအင်အားကြီးနှစ်နှစ်ငံကြား တစ်ဆင့်ခံကုန်သွယ်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်ပဝင်ငွေပိုမိုရရှိရေးကို အထောက် အကူ ပြုကြောင်း၊ ယင်းသို့ကုန်သွယ်ရာတွင်လည်း လူသုံးကုန်ပစ္စည်းများကို အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒီအသင်း စတင်ဖွဲ့စည်းဖို့ ဘဘဦးသုခရဲ့ စေ့ဆော် တိုက်တွန်းဟောပြောမှုတွေနဲ့ စတင်ခဲ့တာပါ။ အဲဒါကြောင့် ဘဘကို လေးစားစွာ ဂုဏ်ပြုတဲ့အနေနဲ့ သူအထိမ်းအမှတ်ရုပ်တုကို စိုက်ထူခဲ့တာပါ။ အဲဒီ့ရုပ်တုရဲ့ အောက်မှာ ဘဘရဲ့ သမိုင်းကြောင်းဖြစ်တဲ့ အနုပညာနယ်ပယ်နဲ့ လူမှုရေးလှုပ်ရှားမှုတွေကို အသေးစိတ်မှတ်တမ်းတင်ထားပါတယ်။ အထူးသဖြင့် ဘဘရဲ့ လူမှုရေးလုပ်ဆောင်ချက် သမိုင်းမှတ်တမ်းတွေက မှေးမှိန်နေတဲ့အတွက် အခုလို ရေးထိုးရတာပါ"

(ဧပြီ ၂၈ ထုတ် Venus News အတွဲ(၂) အမှတ် (၃၇) တွင်ပါသည့် " နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဦးသုခ ရုပ်တု ဖွင့်လှစ်" သတင်းမှ ဦးကျော်သူ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------

"ဧပြီလ ၂၂ရက်နေ့က စူပါမားကတ်တွေရော၊ မော်တော်ယာဉ်လိုင်းတွေရောက တာဝန်ရှိတဲ့သူတွေကို သက်ဆိုင်ရာက ခေါ်တွေ့ပြီး ဗဟိုဘဏ်ကနေ အကြွေငါးသိန်းဖိုးလဲပေးမယ်လို့ ပြောတယ်။ ပထမ ကတော့ ငါးသိန်းဖိုးလဲပေးမယ်။ နောက်ပိုင်းတော့ လိုအပ်ရင်လိုသလောက် ထပ်လဲပေးမယ်လို့ပြော တယ်။ ငွေစက္ကူအစုတ်တွေကိုလည်း လာအပ်သမျှ လဲပေးမယ်ပြောတယ်။ နောက်တစ်ခုက အကြွေ အစားထိုး ကူပွန်တွေ ဘာတွေအမ်းတာက တရားမဝင်ဘူး။ လုပ်ခွင့်မရှိဘူးဆိုတာနဲ့ ဒါမျိုးတွေ မလုပ်ဖို့ လည်း တားမြစ်ခဲ့တယ်"

(ဧပြီ ၂၈ ရက်နေ့ထုတ် Popular News အတွဲ (၃) အမှတ် (၁၆)တွင်ပါသည့် " အရောင်းဆိုင်နှင့် မော် တော်ယာဉ်များ၏ အကြွေပြဿနာကို ဗဟိုဘဏ်မှ ဖြေရှင်းပေးမည်၊ အကြွေအစား ကူပွန်အမ်းခြင်း တရားမဝင်ဟု တားမြစ်" သတင်းမှ Ruby Mart တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်)

-------------------------------------------------------------------------------------------

"ဒီတံဆိပ်တွေကို တစ်လတစ်ခါ ပြန်ရောင်းတဲ့ဆိုင်မှာ သွားယူရပါတယ်။ ပေါက်ဈေးကတော့ အခွန်တံဆိပ် အမျိုးအစားလိုက် ဈေးအမျိုးမျိုးရှိပါတယ်။ နိုင်ငံခြားက ဝင်လာတဲ့ဝိုင်တွေ၊ ဝီစကီတွေမှာ ကပ်တဲ့အခွန်တံဆိပ် တွေ ဝယ်တဲ့နေရာမှာ  မူလနီးပါး ကောင်းနေမှသာ ပြန်ဝယ်တာပါ။ ဒီတံဆိပ်တွေကို ကျွန်တော်တို့ဆီမှာ ပြန်လာဝယ်နေတဲ့ သူတွေထဲမှာ နိုင်ငံခြား၊ အရက်၊ဘီယာ၊ ဝိုင်တွေကို တရားမဝင်လမ်းကြောင်းက တင်သွင်း နေတဲ့ ကုန်သည်ကြီးတွေထဲကလည်းရှိပါတယ်။ သူတို့က နိုင်ငံခြားအရက်တွေကို အောက်လမ်းကသွင်းပြီး ဒီက ဆိုင်တွေ ပေါ်မှာတင်ရောင်းတာဆိုတော့ အခွန်တံဆိပ်ရှိဖို့ လိုအပ်တယ်လေ။  အရေအတွက်နည်းနည်းပါးပါး ဆို မသိသာပေမယ့် သူတို့သွင်းလာတဲ့အလုံးရေ များလာရင်တော့ သူတို့ စည်းကြပ် ခွန်ဆောင်ရတာ သိသာတယ် လေ။ ဒီအတွက်ကြောင့် အခွန်တံဆိပ်ကို ပြန်ရောင်းတဲ့ မှောင်ခိုဈေးကွက်က ကြီးထွားနေတာပါ"

(ဧပြီ ၂၈ ထုတ် ပြည်သူ့ခေတ် အတွဲ(၁) အမှတ် (၄၀) တွင်ပါသည့် " အခွန်တံဆိပ်များအား ပြန်လည်ရောင်းချသော မှောင်ခို ဈေးကွက်ကြီးထွားလာ" သတင်းမှ အခွန်တံဆိပ်ပြန်လည်ဝယ်ယူသူတစ်ဦး၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------

"ပစ္စည်းအမျိုးအစားတွေကတော့  မျိုးစုံပါပဲ။ ဒါတွေအစာ အားလုံးအတွက် အန္တရာယ်ရှိပါတယ်။ ဒီလိုဆေးတွေထဲမှာ မူးယစ်ရီဝေစေတဲ့ ဆေးတွေ ပါတယ်လို့ သိရတယ်။ ဥပမာ ပီကေဆိုရင် ထုတ်ပိုးထားပုံက တကယ့်အပြင် မှာ ရောင်းနေတဲ့ ပီကေအတိုင်းပဲ။ ဒါမျိုးတွေကို အမျိုးသမီးလေးတွေ စားမိရင်တော့ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေက အများကြီးပဲမို့ ဒီလိုပစ္စည်းတွေ ရောင်းချနေတာကို အမြန်ဆုံး ထိန်းချုပ်အရေးယူနိုင်ဖို့ လိုပါ တယ်"

(ဧပြီ ၂၈ ရက်နေ့ထုတ် Popular News အတွဲ (၃) အမှတ် (၁၆)တွင်ပါသည့် "လိင်စိတ်ကြွစေသော ကော်ဖီမစ်၊ ပီကေနှင့် ချောကလက် ဈေးကွက် ကွမ်းယာဆိုင်ထိ ပျံ့နှံ့ မြို့ပြအပျိုမတို့၏ ကာမကို ခြိမ်းခြောက်လာ" သတင်းမှ မရမ်းကုန်းတွင် နေထိုင်သည့်သူ တစ်ဦးအပေါ် ကောက်နှုတ်ချက်)

×××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနိုင်ငံတော်အသစ် အတွက် ဂုရုများ

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ၎င်းအား စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးအကြံဉာဏ် များကို ပေးအပ်မည့် အကြံပေး အဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် ပြည်ထောင်စု အစိုးရဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီဖွဲ့စည်းလိုက်လေပြီ။ ဧပြီ ၁၉ ရက်နေ့ရက်စွဲပါ အဆိုပါအကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အမိန့် ကြေညာစာတွင် ကဏ္ဍအလိုက် အဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့နှစ်ဦးစီပါဝင်ကြောင်း ရေးသားထုတ်ပြန်ထား လေသည်။

နိုင်ငံတကာတွင် သမ္မတကို အထူးအကြံဉာဏ်ပေးသည့် အဖွဲ့အစည်းများရှိသည်ဖြစ်ရာ နိုင်ငံတကာ စံနှုန်းများနှင့် ညီကြောင်းကို စီးပွားရေး ကဏ္ဍအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က “ဘယ်နိုင်ငံမှာမဆို သမ္မတ အနေနဲ့ကတော့ အကြံပေးအရာရှိတွေ ဖွဲ့တာပေါ့ဗျာ။ ဒါ အပြည်ပြည်ဆိုင်ရာ International Practice နဲ့ ညီတယ်ပေါ့။ ဒီဟာတော့ တခါမှ မကြုံခဲ့ရဘူးပေါ့။ အခြေအနေက မတူတဲ့ဟာလေး ဖြစ်နေတာပေါ့။ နိုင်ငံတော် အကြီးအကဲက တခါမှ ဆရာ့ကို ခေါ်တွေ့တာလည်း မရှိဘူး။ ၁၆ နှစ်ရှိပြီ။ တခါမှ မရှိဘူး။ ဒါလေးက နည်းနည်း ထူးခြားတာပေါ့။ ဆရာလည်း ပေးမှာပဲ၊ ကြိုက်တာ မကြိုက်တာတော့ ဆရာ မသိဘူး။ သူတို့ကလည်း ဆရာ့ကို ပေးပါလို့ ပြောထားတယ်။ ဖြစ်တာ မဖြစ်တာတော့ ဆရာ မသိဘူး။ ပေးမှာတော့ သေချာတယ်၊ မပူနဲ့။” ဟု ပြောကြားချက်အရသိရှိရသည်။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင်ရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ အကြံပေးအဖွဲ့အစည်းများ အခန်းကဏ္ဍမှာ လွန်စွာရေးပါလှပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်းအကြံပေးအဖွဲ့အစည်းများ၏ အကြံဉာဏ်များ သည်အစိုးရ၏ မူဝါဒများဖြစ်သည်ကများသောကြောင့်ဖြစ်သည်။ သို့နှင့် နိုင်ငံတကာတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို အကြံဉာဏ်များရောင်းစားသော တက်သိပညာရှင်အဖွဲ့အစည်းများ(Think Tank) များ မြောက်မြား စွာပေါ်ပေါက်လာပေသည်။ အမေရိကန်နိုင်ငံတွင် Heritage Foundation နှင့် Brooking Institute ကဲ့သို့သော တက်သိပညာရှင်အဖွဲ့အစည်းများသည် အမေရိကန်နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှုအလွန်ကြီးမားပါသည်။ ၎င်းအဖွဲ့အစည်းများ၏ မူဝါဒရေးရာ အကြံပေးချက်များသည် အစိုးရ ဥပဒေများ အဖြစ်သို့ ရောက်ရှိသွားတတ် ခြင်းကြောင့်ဖြစ်သည်။ ယခုလက်ရှိအမေရိကန်အစိုးရ၏ သမ္မတအိုဘားမားအား အကြံဉာဏ်ပေးသည့် ကျွမ်း ကျင်သူ ပုဂ္ဂိုလ်များမှာ Brooking Institute မှအများစု ပါဝင်ကြောင်းသိရသည်။ တရုတ်နိုင်ငံမှာဆိုလျှင်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကြံဉာဏ်များ ပေးအပ်နေသော Chinese Acadamy of Social Science (CASS) သည်လည်း သြဇာကြီးမားသော အဖွဲ့အစည်းကြီးဖြစ်သည်။

ဤကဲ့သို့ အကြံပေးအဖွဲ့ဝင်များကို လူ့အဖွဲ့အစည်းအတွင်း မီဒီယာမျက်နှာစာပေါ်တွင် သုံးသပ်ချက်များကို အမြဲတမ်းပေးနေသည့် လူထုပညာတတ်ပုဂ္ဂိုလ်များ(Public Intellectual) များဖြစ်သည်ကို တွေ့ရှိ ရပါသည်။ သမ္မတဦးသိန်းစိန်မှ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်သော ဒေါက်တာဦးမြင့်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်၊ အာရှနဲ့ ပစိဖိတ်ဒေသရုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

နိုင်ငံရေးအကြံပေးအဖွဲ့ဝင် အဖြစ်ရွေးချယ် လိုက်သော ဦးကိုကိုလှိုင်မှာ MRTV-4, ရွှေ FM တို့တွင် နိုင်ငံတကာရေးရာများကို ဝေဖန် သုံးသပ်သည့် တင်ဆက်မှုတွင် ပါဝင်ရုံသာမက နိုင်ငံရေးနှင့် သက်ဆိုင်သည့် စာအုပ်များကို ထုတ်ဝေဖူးသည်။ နံပါတ် (၂) ခေါင်းဆောင်အဖြစ် ပါဝင်သူဖြစ်သော ဒေါက်တာ နေဇင်လတ်မှာလည်း စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည် စာအုပ်များနှင့် စီးပွားရေးဘာသာပြန်စာအုပ်များကို မြောက် မြားစွာ ရေးသား ထုတ်ဝေဖူးလေသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် အဓိက ပြဿနာမှာ ကျွမ်းကျင်သူပညာရှင်များ ရှားပါသည့်  ကိစ္စရပ်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များကို စနစ်တကျ လေ့ကျင်မွေးမြူထားသည့် စနစ်မရှိသေးသ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှန် အပေါ်သို့ ရောက်နိုင်မည် မဟုတ်။ ကဏ္ဍအလိုက် ကျွမ်းကျင်သူများကို သုံးတတ်မှုမှာ အလွန်တရာ ပညာသားပါလှသည့် အနုပညာတရပ်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီးဖြစ်သည့် လီကွမ်ယုမှာ ယင်းအနုပညာကို ကျွမ်းကျင်သည့် ပညာရှင်ဖြစ်သည်။ မြန်မာနိုင်ငံမှာ မူ ယခုမှ န.ဝ.တ၊ န.အ.ဖ ခေတ်တစ်ခုလုံး အရပ်ဘက် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်ကို မယူခဲ့ရမှ ယခုအခါယူသည်ဖြစ်ခြင်းကြောင့် ပွင့်လင်မြင်သာမှုကိုဖြစ်စေသော ဆောင်ရွက်မှုအသစ် ဖြစ်သည်။ သို့သော် "ပေး ကားပေး၏၊ မရ" ဟူသော စကားပုံအတိုင်းဖြစ်၍ မရပေ။ ယင်းကို NLD မှ ဦးဉာဏ်ဝင်းက  “အကြံပေးတဲ့ ဟာကို လိုက်နာရင်တော့ ကောင်းမှာပေါ့။ အကြံပေးတာကို အကြံပဲ ယူပြီးတော့ မလိုက်နာရင်တော့လည်း အကျိုးမရှိဘူးပေါ့။ ကျနော် အကြံပေးချင်တာက တကယ် လိုအပ်တာကို အကြံဉာဏ် တောင်းဖို့ပါ။ တောင်းပြီး ရင်လည်း လေးလေးစားစား ထည့်သွင်း စဉ်းစားဖို့ လိုမယ်လေ။ ဒါ အဓိကပါပဲ။” ဟုပြောဆိုခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××

           

           


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs