Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ကုန်ဈေးနှုန်းထိန်းသိမ်းရေး ကော်မတီ (ယာယီ) ဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၃။

ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေချောမွေ့မှုရှိစေရန် ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် ကုန်ဈေးနှုန်း ထိန်းသိမ်းရေးကော်မတီ (ယာယီ)အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မိမိအနေဖြင့် ယင်းကော်မတီ မဖွဲ့စည်းခင်ကတည်းကပင် ပြင်ဆင်ထားကြောင်း၊ ယခုကော်မတီသည် နိုင်ငံ၏ လိုအပ်ချက်အရ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ အဖွဲ့များကိုလည်း ထပ်မံဖွဲ့စည်းဦးမည်ဖြစ်ကြောင်း၊ UMFCCI နှစ်ပတ်လည်အစည်းအဝေး၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီ(ယာယီ)ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံရှိ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်မှုရရှိနိုင်စေရေး၊ နိုင်ငံအတွင်းရှိ အခြေခံလူတန်းစားများ၏ လုပ်ခလစာနှင့် စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်၍ မျှတမှုရရှိစေ နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အခြေခံလူတန်းစားများ၏ ဝင်ငွေနှင့် ကုန်ဈေးနှုန်းအခြေအနေမှာ မည်ရွေ့မည်မျှ ဖြစ်နေသည်ကို အမြဲပင်တွက်ချက်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရှိ ပြည်သူများ အစိုးရသစ်လက်ထက်၌ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ ပြေလည်မှုရရှိစေနိုင်ရန် ရည်ရွယ်ကြောင်း၊ အဓိကအနေဖြင့် ကုန်ဈေး နှုန်း တက်မည်ကိုစိုးရိမ်မှုများကြောင့်ပင်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် ယင်းကော်မတီဖွဲ့စည်းလိုက်ပြီးနောက် စားအုန်းဆီကိစ္စရပ်အား ဆောင်ရွက်ရာ၌ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြစ်စေရန်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန် ပြောကြား ခဲ့သကဲ့သို့ သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်နိုင်စေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မှန်ကန်စွာတွက်ချက်နိုင်ရန် မှန်ကန်သည့် အချက် အလက်များကိုပေးကြရန် ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

(Venus News ဂျာနယ် အတွဲ-၂၊ အမှတ်-၃၈၊ ပါ “အခြေခံစားသောက်ကုန်ဈေးနှုန်းများ မတတ်စေရန် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီ (ယာယီ) ဖွဲ့စည်းထား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

အာဆီယံဘုံဈေးကွက်အတွက် ပြင်ဆင်ထားရန်လိုအပ်

ရန်ကုန်၊ ဧပြီ ၂။

လာမည့် ၂၀၁၅ ခုနှစ်၌ ပေါ်ပေါက်လာမည့် အာဆီယံဘုံဈေးကွက် (Asean Economic Community) အတွက် ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်း လုပ်ကိုင်လျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ပို့ကုန်လိုင်စင်အချို့ကို ပြင်ဆင်ထားရန် လို အပ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများနည်းတူ စီးပွားရေးလုပ်ငန်းများ၌ တန်းတူလုပ်ကိုင်မည်ဆိုပါက လက်ရှိပြည်ပကုန်သွယ်မှု အခြေအနေများအတိုင်း လုပ်ကိုင်၍ ရမည်မပာုတ်ကြောင်း၊ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာ၌ စောင့်ဆိုင်းရသည့်အချိန် ကြန့်ကြာမှုများကြောင့် ယင်းလုပ်ငန်းရပ်၌ အခက်အခဲများ တွေ့ကြုံရနိုင် ကြောင်း၊ ထို့ပြင် အချိန်ကြန့်ကြာမှုများကြောင့် ပစ္စည်းအရည်းအသွေးကျဆင်းပြီး ဈေးကောင်းမရရှိနိုင်ကြောင်း နိုင်ငံခြားသို့ ပို့ကုန်လုပ်ငန်း ဆောင်ရွက် လျှက်ရှိသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အာဆီယံဘုံဈေးကွက်၌ အချိန်ကြန့်ကြာမှုများ မရှိနိုင်စေရန် အာဆီယံနိုင်ငံအချို့မှ အာဆီယံဈေးကွက်အတွင်း ပို့ကုန်၊ သွင်းကုန်လိုင်စင်အချို့ကို ပယ်ဖျက်ပေးလိုက်ကြောင်း၊ ပြည်ပကုန်သွယ်မှုများ၌လည်း ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအား အချိန်လျှော့ပေါ့ပေးမည်ဆိုပါက အာဆီယံဘုံဈေးကွက် သည် ပိုမိုဖွံ့ဖြိုးတိုးတတ်လာနိုင်ကြောင်း သိရသည်။

အာဆီယံနိုင်ငံအတော်များများတွင်လည်း ပြည်ပပို့ကုန်လိုင်စင် မလိုအပ်တော့ပြီဖြစ်သည့်အတွက် ကုန်ပစ္စည်းများကို လွတ်လပ်စွာ ရောင်းချတင် ပို့ခွင့်များကို ရရှိနိုင်ရန် လိုအပ်ကြောင်း၊ အာဆီယံဘုံဈေးကွက်ဖြစ်လာမည်ဆိုပါက အာဆီယံ နိုင်ငံအချင်းချင်း ကုန်ပစ္စည်းများကို လွတ်လပ်စွာရောင်းချ တင်ပို့ခွင့်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အချို့ကုန်ပစ္စည်းများကို အခွန်မပေးဆောင်ရဘဲ တင်သွင်းခွင့်များရရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ထုတ် ကုန်များမှာ ယှဉ်ပြိုင်မှုအား ကောင်းလာနိုင်ကြောင်း၊ ထို့ကြောင့် ပို့ကုန်လိုင်စင်အဆင်သင့်ရှိနေရန်နှင့် ပြည်တွင်းကုန်ပစ္စည်းများ အရည်အသွေးမီနေရန် လိုအပ်ကြောင်း ပြည်ပဆန်ပို့ကုန်လုပ်ငန်း လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်တစ်ဦးကလည်းပြောကြားခဲ့သည်။

လက်ရှိ၌ ဆန်ပို့ကုန်လုပ်ငန်းများ၌ ယခင်နှစ်များထက် ၇၀ ရာခိုင်နှုန်း သိသိသသာသာ ကျဆင်းသွားကြောင်း၊ ဒေါ်လာဈေး မတည်ငြိမ်မှုများ ကြောင့်လည်း ကုန်လုပ်ငန်းအများစုမှာ လုပ်ကိုင်ရန် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း၊ ထို့ကြောင့် အာဆီယံဘုံဈေးကွက်အား စောင့်မျှော်နေရ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

(မေ၊ ၃ ရက်နေ့ထုတ် ၂၀၁၁ ကုမုဒြာဂျာနယ် အတွဲ-၁၊ အမှတ်-၉၊ ပါ “အာဆီယံဘုံဈေးကွက် ပို့ကုန်လိုင်စင် ပြင်ဆင်ထား” သတင်းအား အကျဉ်းချုံးဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ပြည်ပဆီတင်သွင်းမည့် ပမာဏ တင်ပြမှ လိုင်စင်ရမည်

ရန်ကုန်၊ ဧပြီ ၂။

ပြည်တွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ပြည်ပမှ ဆီတင်သွင်းရောင်းချမည်ဆိုပါက ဆီတင်သွင်းမည့်ပမာဏအား သက်ဆိုင်ရာသို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှသာ တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပမှ တင်သွင်းရောင်းချမည့် စက်သုံးဆီပမာဏအား သက်ဆိုင်ရာသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှသာ ရောင်းချခွင့်ရရှိမည် ဖြစ်ကြောင်းသိရသည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များသည် မိမိ စက်သုံးဆီဆိုင်များမှ လိုအပ်သည်ထက် ပိုမို၍ တင်သွင်းရောင်းချမှုများ ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြရမည်ပာု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များတွင် ပြည်ပမှစက်သုံးဆီများ တင်သွင်းရောင်းချခွင့်များကို လွတ်လပ်စွာ တင်သွင်းရောင်းချခွင့် ပေးထားသော်လည်း ယခု ၂၀၁၀ -၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပမှ စက်သုံးဆီများ တင်သွင်းမည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ပထမဆုံးအနေဖြင့် တင်ပြရမည်ဖြစ်ပြီး ကုန်သွယ်မှုကောင်စီ(TC) ၏ ခွင့်ပြုချက်ရရှိမှသာ တင်သွင်းလုပ်ကိုင်ခွင့်ပြုမည်ပာု သိရှိရကြောင်း စက်သုံးဆီဆိုင် တစ်ဆိုင်မှ တာဝန်ရှိ သူတစ်ဦးကလည်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်ပမှ စက်သုံးဆီတင်သွင်းခွင့် သက်ဆိုင်ရာတင်ပြရမည်ဆိုသည်မှာ ကောင်းမွန်ကြောင်း၊ ယခုကဲ့သို့ မသတ်မှတ်ပါက စက်သုံးဆီ ဈေးကွက်မှာ ကမောက်ကမ ဖြစ်လာနိုင်ကြောင်း ကမာရွက်မြို့နယ် စက်သုံးဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ရှိလုပ်ကိုင်ရောင်းချလျှက်ရှိသည့် စက်သုံးဆီများကို စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ အဓိကမှာယူတင်သွင်းခြင်းဖြစ်ပြီး ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဆီသိုလှောင်ရုံများမရှိသည့်အတွက် အစိုးရပိုင် သိုလှောင်ရုံများကိုသာ ဌားရမ်း၍သာ စုပေါင်းတင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

(မေ၊ ၃ရက်နေ့ထုတ် ၂၀၁၁ ကုမုဒြာဂျာနယ် အတွဲ-၁၊ အမှတ်-၉၊ ပါ “စက်သုံးဆီဆိုင်တွေ ပြည်ပကဆီတင်သွင်းရင် သက်ဆိုင်ရာသို့ တင်ပြ ရမည်” သတင်းအား အကျဉ်းချုံးဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ခံစားခွင့်လစာ ထုတ်ပြန်ခြင်းမရှိသေး

ရန်ကုန်၊ မေ ၃။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်တို့၏ ခံစားခွင့်လစာအား ပြည်ထောင်စုအစိုးရမှ ယခုအချိန်ထိ ထုတ်ပြန်ကြေငြာပေးခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဆိုသည်။

“ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေရဲ့ ခံစားခွင့်တွေ၊ လစာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ခံစားခွင့်လစာတွေကိုတော့ နိုင်ငံတော် ပြန် တမ်းကနေ ကြေငြာထားပေမယ့်၊ ကျွန်တော်တို့လို တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရဝန်ကြီးတွေရဲ့ လစာတွေကိုတော့  အခုထိ ထုတ်ပြန်ကြေငြာတာ မရှိ သေးပါဘူး”ဟုဆိုသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးကမူ “ တိုင်းဒေသကြီးတို့ ပြည်နယ်တို့က ဝန်ကြီးတွေရဲ့လစာကို သတ်မှတ်တဲ့နေရာမှာ အခက်အခဲတော့ ရှိမယ်ထင်တယ်။ ဒီရာထူးတွေက အခုမှစတည်ထွင်ထားတဲ့ ရာထူးနေရာတွေလေ။ ဒီတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၁၄ ခုအတွက် လစဉ် ပေးရမယ့် လစာတွေကို ညိနှိုင်းနေတယ်လို့ ထင်တယ်။ ကျွန်တော် တို့ ကြားတာကတော့ မေလဒုတိယပတ်လောက်မှာ လစာစာရင်းတွေ ထုတ်ပြန်ပေး မယ်လို့တော့ ကြားတယ်”ဟုဆိုသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးလစာများ၊ လွှတ်တော်သုံးရပ်၏ ကိုယ်စားလှယ်များ၏ လစာများကိုမူ ဖေဖော်ဝါရီလ ဒုတိယပတ်က တည်းက နိုင်ငံပိုင် သတင်းစာများမှတဆင့် ပြည်သူလူထူထံ  ထုတ်ပြန်ကြေငြာခဲ့သည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

NDF တွဲရေး၊ ခွဲရေး ကော်မရှင်ဆုံးဖြတ်မည်

ရန်ကုန်၊ ဧပြီ ၃။

ဆွေငြိမ်း ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ဦးဆောင်သည့် သင်္ဃန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစုပာူ၍ ပါတီကွဲထွက်နေမှု ပြဿနာအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆုံးအဖြတ် ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စရပ်နှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ကွဲထွက်နေသည့်ပါတီနှစ်ခုမှ ကွဲထွက်သည့်ပြဿနာ အချက် အလက်များကို စုဆောင်းကာ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းမှုများပြုလုပ်ပြီး ယခု အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယင်းပြဿနာအား အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ ဆွေငြိမ်းဦးဆောင်သည့် NDF ပါတီမှ ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်လိုက်ခြင်းအပေါ် ဥပဒေနှင့် ညီ၊ မညီ ရန်ကုန်တိုင်းဒေသကြီးကော်မရှင်မှ မေးမြန်းချက်များရှိကြောင်း၊ မိမိတို့အနေဖြင့် ဦးသိန်းညွန့်သည် ပါတီ၏စည်းကမ်း၊ ပါတီဥပဒေများကို မလိုက်နာသည့် အတွက် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၎င်းဖောက်ဖျက်ခဲ့သည့် ဥပဒေ၊ စည်းကမ်းများသည် ၎င်းကိုယ်တိုင်ပင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်လည်ပေါင်းစည်းရန် ဆုံးဖြတ်ပါကလည်း ဥိးသိန်းညွန့်အား မိမိတို့ပါတီမှ ပြန်လည်လက်ခံမည် မပာုတ် ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေမှ ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်နှင့်ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က မိမိအနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို အလေးထား လိုက်နာသွားမည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့နှင့်အတူ (၆)လတာ နိုင်ငံရေးလုပ်ဆောင်ခဲ့မှုအပေါ် နောင်တရနေကြောင်း ပြောကြားခဲ့သည်။

ယခင်က ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခြမ်းကွဲပြီပာုပြောခဲ့သော်လည်း ဦးခင်မောင်ဆွေက ပါတီနှစ်ခြမ်းကွဲထွက် သွားခြင်းမပာုတ်ပဲ အင်အားစုအချို့ပဲ့ထွက်သွားခြင်းသာဖြစ်ကြောင်း ပြန်လည်ချေပ ပြောဆိုခဲ့သည်။ ယခု အထက်ပါကိစ္စရပ်နှင့် ပတ်သတ်၍ အမျိုးသား  ဒီမိုကရေစီအင်အားစုပါတီ တွဲရေး၊ ခွဲရေးပြဿနာရပ်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆုံးအဖြတ်ပေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသားပါတီ ၅ ခု သဘောထားကြေညာထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် အစိုးရသစ်လက်ထက်၌ ပီပြင်စစ်မှန်၍ ခေတ်မီဖွံ့ဖြိုးတိုးတတ်သော ဒီမို ကရေစီ အဆောက်အအုံသို့ သွားရာ၌ Good Governance နှင့် Clean Government ဖြစ် ပေါ်လာနိုင်စေရန် ဖော်ဆောင်ပေးသင့်ကြောင်း ညီနောင် တိုင်းရင်းသား ၅ ပါတီမှ ပူးပေါင်း၍ (၂/၂၀၁၁) ဖြင့် သဘောထား ကြေညာချက်တစ်ရပ်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

               ယင်းကြေညာချက်အား ညီနောင်တိုင်းရင်းသား ၅ ပါတီမှ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး ဦးဆလိုင်းထီယံ အုပ်ထန်၊ မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးနိုင်းငွေသိမ်း၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောဝင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်း ရေးမှူး ဦးစိုင်းလှကျော်၊ ရခိုင်တိုင်းရင်းသား များ တိုးတတ်ရေး ပါတီမှ ဒု-ဥက္ကဋ္ဌ ဦးအုံးတင်တို့မှ ကိုယ်စားပြု ဆန္ဒလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသားပါတီ ၅ ခုမှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက် (၅)ခု မှာ-

၁။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ပြောကြားခဲ့သော အစိုးရမူဝါဒမိန့်ခွန်းအပေါ် ကျွန်ုပ်တို့ ညီနောင်တိုင်းရင်းသား ၅ ပါတီမှ ကြိုဆိုပါကြောင်းနှင့် အနှစ်သာရရှိရှိ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်လိမ့်မည်ပာု ယုံကြည်ပါသည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားများ နေထိုင်ရာဒေသများသည် ဖွံ့ဖြိုးမှုနှေးကွေးနိမ့်ကျသော ဒေသများ ဖြစ်ပါသည်။ ထိုဒေသ များ၏ တိုးတတ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အဓိကလိုအပ်သောအခြေအနေမှာ ငြိမ်းချမ်းရေး(တည်ငြိမ်အေးချမ်းမှု) ဖြစ်ပါသည်။ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိလိုအပ်ချက်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီအစိုးရသစ်မှ လိုအပ်သော ငြိမ်းချမ်းရေးအခြေအနေကို ပြီးပြည့်စုံအောင်အစဉ်တစိုက် ဆောင်ရွက်ပေးသင့်ပါသည်။

၃။ ဒီမိုကရေစီအစိုးရသစ်၏ မင်္ဂလာအခါသမယတွင် နိုင်ငံအသီးသီး ထုံးတမ်းအစဉ်အလာနှင့်အညီ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အမျိုးသား ချစ် ကြည်စည်းလုံးရေးကိုရှေးရှုလျှက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးသင့်သည်ပာု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

၎။ နယ်စပ်ဒေသပြည်နယ်များနှင့် တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးတိုးတတ်မှုအလွန်ကွာပာချက်ကို နည်းနိုင်သမျှနည်းအောင် အထူးဦးစားပေး၍ အမြန်ဆုံး အကောင်အထည်ဖော် ဖော်ဆောင်ပေးသင့်သည် ကျွန်ုပ်တို့ယုံကြည်ပါသည်။

၅။ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် နိမ့်ကျနေသော ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိုမိုပေးအပ်ကူညီကြပါရန် နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းများအား မေတ္တာရပ်ခံပါသည်ပာု ဖော်ပြပါရှိသည်။

( မေ၊ ၅ ရက်နေ့ထုတ် ၂၀၁၁ Venus News ဂျာနယ် အတွဲ-၂၊ အမှတ်-၃၈၊ ပါ “ညီနောင်တိုင်းရင်းသား ၅ ပါတီ ပူးပေါင်း၍ သဘောထား ကြေညာချက် ထုတ်ပြန်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မော်တော်ယာဉ် ဥပဒေမှာပါတဲ့ ဒဏ်ငွေနဲ့ အခုကောက်ခံနေတဲ့ စီမံချက်ဒဏ်ငွေတွေနဲ့က တစ်မျိုးစီဖြစ်နေပါတယ်။ ပြီးတော့ စတေကာမကပ်ရ၊ ဟွန်းမတီး ရဆိုတဲ့ ယာဉ်စည်းကမ်းတွေက ၁၉၆၄ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေတွေမှာ မပါတာ တွေ့ရပါ တယ်။ ဒါကြောင့် ယာဉ်မောင်းတွေက စည်းကမ်းနဲ့ ဥပဒေတွေကို လိုက်နာတဲ့အခါ ပြဿနာတစ်ခုဖြစ်ရင် ၁၉၆၄ မော်တော်ယာဉ် ဥပဒေ၊ ၁၉၈၉ မော်တော် ယာဉ် နည်းဥပဒေတွေအတိုင်း လိုက်နာထုချေရမှာလား၊ ဒါမှမဟုတ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက သတ်မှတ်ထားတဲ့ စီမံချက်ဒဏ်ငွေအပါအဝင် ဟွန်း မတီးရဆိုတဲ့ ကိစ္စလိုမျိုးကို လိုက်နာရမှာလား မဝေခွဲတက်အောင်ဖြစ်ရပါတယ်။ ဒါကြောင့် တသမတ်တည်းလိုက်နာရမယ့် ဥပဒေတစ်ခုပေါ်လာဖို့ ဒါမှ မဟုတ် ရှိပြီးသားကို ပြင်ဆင်ဖို့ မျှော်လင့်ပါတယ်"

ဧပြီ ၄ ထုတ် Weekly Eleven အတွဲ(၆) အမှတ်(၃၁) တွင်ပါသည့် "မော်တော်ယာဉ်ဥပဒေပါပြဌာန်းချက်များ၊ စီမံချက် ဒဏ်ငွေများအပေါ် ဥပဒေလေ့လာသူများအကြား အငြင်းပွားမှုများရှိနေ မော်တော်ယာဉ်ဥပဒေကို ခေတ်နှင့်လျော်ညီ ပြင်ဆင်ပေးရန် ယာဉ်မောင်းများ မျှော်လင့်" သတင်းဆောင်းပါးမှ မော်တော်ယာဉ်ဥပဒေကို လေ့လာထားသူ ယာဉ်မောင်း တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ကြသူများအနေဖြင့်လည်း သမ္မတကြီး၏ မိန့်ခွန်းများကို သုတေသနဖန်ပြားပေါ်တွင်တင်၍ အချိန်ယူကာ လေးလေးနက်နက် စဉ်းစားသုံးသပ်ကြဖို့ ကောင်းသည်။ ၎င်းတို့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစဉ်တစိုက်တောင်းဆိုခဲ့ကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို အခြေခံဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန် သမ္မတကြီးက တရားဝင်ပြောကြားသွားခဲ့ပြီးဖြစ်သည်။ ၎င်းတို့က ပိတ်ဆို့မှုများ ဆက်လက်ထားရှိ ပေးရန် တိုင်တွန်းပြောကြားနေဆဲ၊ ပိတ်ဆို့ရေးရပ်တည်ချက်ကို ကျောက်ချရပ်ထားဆဲ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းဝေဖန်ရလျှင် ၎င်းတို့တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို အစိုးရက ဆောင်ကြဉ်းပေးရန် ကတိပြုပြောကြားထားပြီဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရ သစ်သည် အဆင့်ဆင့်ပွင့်လင်းမြင်သာမှုနှင့် အဆင့်ဆင့်တာဝန်ယူမှုတို့ကို ပုံဖော်တည်ဆောက်ကြတော့မည် ဖြစ်သည်။

ဧပြီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ်(၁၆) တွင်ပါသည့် ဆောင်းပါးရှင်မှူးဇော်၏ "နိုင်ငံတော် သမ္မတကြီး၏ ကတိကဝတ်များနှင့် Realpolitik" ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ဧပြီလ ၁၀ ရက်နေ့လောက်က မြန်မာပြည်အထက်ပိုင်းကိုသွားတဲ့ မီးရထားတစ်စင်းမှာ ခရီးသွားတစ်ဦးက လပ်တော့ ထုတ်သုံးနေတာကို လက်မှတ်စစ်က တန်ဆာခ ကောက်လိုက်တယ်။ အဲဒီကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ့မီးရထားရုံးချုပ်ကနေ လပ်တော့၊ ရေဒီယိုအပါအဝင်ခရီးသည်နဲ့ တစ်ပါတည်း ယူ ဆောင်သွားနိုင်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တန်ဆာခမကောက်ဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ အရင်စည်းကမ်းတွေအရ ရေခဲသေတ္တာ၊ တီဗီတို့လို လျှပ်စစ်ပစ္စည်း အကြီးစားတွေကိုတော့ လျှပ်စစ်ပိုင်းဆိုင်ရာ တန်ဆာခလုပ်ဖို့လိုအပ်မှာဖြစ်ပါ တယ်"

ဧပြီ ၄ ထုတ် Weekly Eleven အတွဲ(၆) အမှတ်(၃၁) တွင်ပါသည့် "မီးရထားပေါ်တွင် လပ်တော့ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယို ကင်မရာအသေးစသည့် ခရီးသည်နှင့်တစ်ပါးတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ရန်မလိုတော့" သတင်းမှ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"တစ်ဆယ်ငါးသိန်းတန် GSM ဖုန်းလက်ဝယ်ရရှိသူများကို ငွေကျပ်တစ်သိန်းရှစ်သောင်း ပေးသွင်းရုံဖြင့် ထပ်မံ၍ GSMဖုန်း တစ်လုံးရရှိစေမည်ဟု ရေးသားဖော်ပြထားသော ဂျာနယ်တစ်စောင်အား အလုံမြန်မာဆက်သွယ်ရေးရုံးမှ တရားစွဲမည်ဖြစ်ကြောင်း ယင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဂျာနယ်မှာ ငွေကျပ်တစ်ဆယ့်ငါးသိန်းတန် GSM ဖုန်းလက်ဝယ်ရရှိသူများ ဇွန်လနှင့် ဇူလိုင်လများတွင် ငွေကျပ် တစ်သိန်းရှစ်သောင်း ပေးသွင်းခြင်း အားဖြင့် နောက်ထပ် GSM ဖုန်းတစ်လုံးရရှိမည်ဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြပြီး၊ ယင်းသို့ဖော်ပြခြင်းမှာ မှန်ကန်တိကျစွာ ပြည်သူတို့အပေါ် သတင်း ပေးစွမ်းနိုင်မှုမရှိဘဲ မှားယွင်းစွာဖော်ပြခြင်းကြောင့် အလုံ မြန်မာ့ဆက်သွယ်ရေးရုံးမှ အဆိုပါဂျာနယ်အား တရားစွဲမည်ဖြစ်ကြောင်းသိရသည်။

ဧပြီ ၅ ထုတ် NewWeek အတွဲ(၂)အမှတ်(၇၆) တွင်ပါသည့် "တစ်ဆယ့်ငါးသိန်းတန် GSM ဖုန်းလက်ဝယ်ရှိသူများ ငွေကျပ် တစ်သိန်းရှစ် သောင်းပေးသွင်းရုံဖြင့် ဖုန်းတစ်လုံးထပ်မံရရှိမည်ဟု ရေးသားထားသော ဂျာနယ်တစ်စောင်အား တရားစွဲဆိုမည်" သတင်းမှ ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့် ယှဉ်ပြိုင်မှု

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍရေးနှစ်အတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီ လျံကျော်ရှိခဲ့ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက ၇ဒဿမ  ၇၅၄ ဘီလျံရင်းနှီးမြုပ်နှံထားလေသည်။ သဘာဝသယံဇာတ အရင်းအမြစ်များ အခြေပြုသည့် ကဏ္ဍဖြစ်သော ရေနံနှင့် သဘာဝဓါတ်ငွေ၊ စွမ်းအင် စသည့်တို့၌သာ အဓိက ရင်းနှီးမြုပ်နှံကြပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ ရေထွက်ပစ္စည်းကဏ္ဍများတွင် မြုပ်နှံမှု မရှိသလောက်ပင်ဖြစ်သည်။ ထိုကဲ့သို့ တစ်ခြားကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုမရှိခြင်းမှာ ကောင်းသည့်အလားအလာမျိုးတာ့မဟုတ်။ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မရှိခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေမှာဖြစ်သည့်အပြင် နည်းပညာလွှဲပြောင်းရရှိမှုလည်း ရှိလာနိုင်မည် မဟုတ်ပေ။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ မေ ၁ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အကြိမ် (၂၀)မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး၌ "နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုမှ တစ်ဆင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုက်မှုရရှိအောင် လုပ်ဆောင်သွားရမည်ဖြစ်သကဲ့သို့ လက်ရှိတင်ပို့နေသော အခြေခံကုန်စည်များ (primary items)သာမက ပို့ကုန် ဦးစားပေး စက်မှုလုပ်ငန်းများ (export oriented indus tries) ထူထောင်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုအခါ အထူးစီးပွားရေး ဇုန်ဥပဒေ (Special Economic Zone Law) ပြဌာန်းပြီးဖြစ်သည့်အပြင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြုပ်နှံမှု (Foreign Direct Invesment) လုပ်ငန်းများနှင့် ပြည်တွင်းအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၏ အဟန့်အတား၊ အခက်အခဲများကို လိုအပ်ချက်အပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်  ကုန်သွယ်မှုတိုးမြင့်ရေးနှင့် Value Added ပို့ကုန်များ တိုးတက်ရေးအတွက် အထူး ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ASEAN လွတ်လပ်သော ကုန်သွယ် ရေးဇုန် ဖြစ်လာတော့မည်ဖြစ်၍ ပြိုင်ဆိုင်မှုများ ပိုမိုပြင်ထန်လာနိုင်သည့်အတွက် မိမိလုပ်ငန်းများ ရပ်တည်နိုင်အောင် ယခုကတည်းက အခြေခံခိုင်မာသော လုပ်ငန်းများဖြစ်ရေး ပိုမိုကြိုးပမ်း အကောင် အထည်ဖော်တည်ဆောက်ကြရန် လိုအပ်ကြောင်း" ပြောကြားသွားလေသည်။

ဒုတိယသမ္မတကြီးပြောကြားသွားသော ပို့ကုန်တင်ပို့မှုစက်မှုလုပ်ငန်းများ (export oriented indus tries) ထူထောင်သွားမှု လွန်စွာ အရေးပါပါသည်။ အရှေ့အာရှမှ ဖွံ့ဖြိုးတိုးတက်သွားသည့် ဂျပန်၊ တောင်ကိုရီယားကဲ့သို့သော နိုင်ငံများကို ကြည့်လျှင် ပို့ကုန်တင်ပို့မှုစီးပွားရေးကို အဓိကဇောင်းပေး လုပ်ဆောင်သွားကြောင်းတွေ့ ရှိရမည်ဖြစ်သည်။ ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့သော အထူးစီးပွားရေးဇုန်များအတွက် အထူးစီးပွားရေးဇုန်ဥပဒေကိုလည်း ပြဌာန်းပေးထားပြီး ဖြစ်သော်လည်း အလုပ်သမားဥပဒေ၊ အခွန်ဥပဒေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဥပဒေများကိုလည်း ပြင်ဆင်ပြဌာန်းဖို့လိုအပ် နေပါသေးသည်။ အရည်အသွေးမြင့် ပို့ကုန်များကို (Value Added good) ပြင်ပသို့ တိုးမြှင့်တင်ပို့မည်မှာ မှန်ကန်သော မူဝါဒဖြစ်ပါသည်။ သို့သော် သစ်(ကုန်ကြမ်း)ကို ပြင်ပသို့တင်ပို့ရာတွင် ဈေးကောင်းရပြီး အရည်အသွေးမြင့် ကုန်ချောတင်ပို့သည့်အခါ ရောက်မှ အရည်အသွေးမမီသဖြင့် ဈေးကောင်းမရသည့်အဖြစ်ကဲ့သို့မျိုး ထပ်ကြုံနေ၍ မဖြစ်။ ပြင်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးပြည့်မီ သည့် ကုန်ချောများကို ထုတ်လုပ်နိုင်ဖို့ရန် အထူးလိုအပ်ပါသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ဖြစ်လာသောအခါ မိမိနိုင်ငံ၏ ကုန်ပစ္စည်း တစ်ခြားနိုင်ငံဈေးကွက်တွင် ယှဉ်ပြိုင်နိုင် ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့်  အခြေခံအဆောက်အအုံများကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း မူဝါဒများချမှတ်ရာတွင် မိမိတို့နိုင်ငံ၏ လက်ရှိ အနေအထားနှင့် ကိုက်ညီသည့် မူဝါဒများကိုချမှတ်ဖို့ရန်လိုပါသည်။ ပွင့်လင်းထင်သာမှု အရင်မလာဘဲ ပြုပြင် ပြောင်းလဲမှုများကို မြန်မြန်ဆန်ဆန် ပြုလုပ်နေပါက မူဝါဒအမှားများကို ထောက်ပြဝေဖန်ခွင့် နည်းပါးသွားနိုင်ပါသည်။  အာဆီယံနိုင်ငံ၏ သဘာရင့် ဒီမို ကရေစီ နိုင်ငံကြီး အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မြင်တွေ့စေချင်သည့် ဆန္ဒအပြည့်ရှိသည်လည်းဖြစ်ရာ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှလည်း နိုင်ငံ၏ ဂုဏ်ကျက်သရေမြင့်မားရေးအတွက် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျှင် အတိုင်းထက် အလွန်ပင်ကောင်းမွန်မည်ဖြစ်ပါကြောင်း...။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs