Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ပြည်ပသို့ မြန်မာ့ပဲတင်ပို့မှု တန်ချိန်လျော့ကျ

မြန်မာနိုင်ငံ၌ ပြည်ပသို့တင်ပို့ရာ၌ အဓိကထွက်ကုန်ပစ္စည်းတွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာ့ပဲမျိုးစုံတင်ပို့မှုများမှာ နှစ်စဉ်ကျဆင်းလျှက် ရှိနေပြီး ယခုအခါ တန်ချိန်လေးသိန်းခန့်လျော့ကျလာပြီဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံရှိ အဓိကထွက်ကုန်တစ်ခုဖြစ်သည့် ပဲမျိုးစုံတင်သွင်းရာ၌ နိုင်ငံတကာဈေးကွက်ကျဆင်းလာမှုအပေါ် ဖြေရှင်းရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ မြန်မာ့ပဲမျိုးစုံတင်ပို့နိုင်မှုမှာ ၂၀၀၈-၂၀၀၉ ခုနှစ်၌ ပြည်ပသို့တန်ချိန် ၁.၅ သန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်၌ တန်ချိန် ၁.၃ သန်း ထိုလျော့ကျခဲ့ရာမှ ယခု ၂၀၁၀-၂၀၁၁ ခုနှစ်၌ တန်ချိန်လေးသိန်း ထပ်မံလျော့ကျလာခဲ့ကြောင်းသိရသည်။

ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့နေမှုမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမပာုတ်ပဲ ပြိုင်ဘက်နိုင်ငံ ကနေဒါနိုင်ငံပါရှိနေသည်ကို သတိပြုရန် လိုအပ်ကြောင်း၊ မြန်မာ့ပဲသည် နိုင်ငံတကာဈေးကွက်၌ ကျဆင်းလျှက်ရှိနေသည်ကိုသတိပြုရန်လိုအပ်ကြောင်း၊ ပဲလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိလုပ်ငန်းတစ်ခုတည်း သာယာရေးကိုဂရုမပြုပဲ ပဲတောင်သူများ၏ လိုအပ်နေမှုကိစ္စအဝဝကိုဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်း၌ မလိုလား အပ်သည့် ပြည်တွင်းဈေးမြင့်တတ်နေမှုများမပြုလုပ်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ယခုနှစ်၌ ပြည်ပသို့ ပဲမျိုးစုံတင်ပို့နိုင်မှုများမှာ ယခင်နှစ်ထက် ပိုမို၍ကျဆင်းလာပြီဖြစ်ကြောင်း၊ ထို့ပြင် ပဲတောင်သူများအနေဖြင့်လည်း ရာသီဥတုဆိုးရွားမှုဒဏ်ကိုလည်းခံစားနေရကြောင်း၊ ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှာ မိမိနိုင်ငံတစ်နိုင်ငံတည်းမပာုတ်ပဲပြိုင်ဘက်အနေဖြင့် ကနေဒါ၊ သြစတြေးလျ နိုင်ငံများပါရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာဈေးကွက်၌ မိမိတို့နိုင်ငံ၏ ဈေးကွက်ပျောက်ကွယ်သွားမည်ကိုစိုးရိမ်မိကြောင်း၊ ထို့ပြင် ပဲလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းထွက်ကုန်များကို ဈေးကောင်းရရှိနိုင်စေရန် ကူညီပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာကျဆင်းလာမှုကို ပဲ-နှမ်း အထူးပြု ကုမ္ပဏီများဖွဲ့၍ စုပေါင်းဖြေရှင်းရန်လိုအပ်ကြောင်း ဦးဝင်းမြင့်မှ ဆက်လက်ပြောကြားခဲ့သည်။

ယခုရာသီ၌ စိုက်ပျိုးထားသည့်ပဲများမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးမိသွားသည့်အတွက် အရည်အသွေးများကျဆင်းသွားကြောင်း၊ ထို့သို့ အရည်အသွေးမမီသည့်အတွက် အိန္ဒိယဈေးကွက်မှ ဈေးနှိမ်၍ ဝယ်ယူခဲ့ကြောင်း၊ အရည်အသွေးကောင်းပဲများပါဝင်သော်လည်း အရည်အသွေးညံ့သည့် ပဲဈေးကိုသာပေးကြောင်း၊ ပြည်တွင်းဈေး မြင့်တတ်နေသည့်အတွက် ပို့သည့်သူများမှာ တွက်ခြေမကိုက်တော့သည့်အတွက် တင်ပို့ရာ၌ နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ပထမနှစ်ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ကြောင်း၊ နောက်ပိုင်းဆက်တိုက်ရွာလာပြီးနောက် မြေကြီးအောက်ပိုင်းများကိုပါ မိုးထိသည့်အတွက် အစိုဓာတ်ပေါက်သည့်အတွက် ပဲ၊နှမ်းများ ကြဲဖြစ်ခဲ့ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့၌ မိုးထပ်မံရွာသွန်းသည့်အတွက် ကြဲပြီးယာခင်းများ ပိုမိုစိတ်ချသွားရကြောင်း မကွေးမြို့နယ်မှ ပဲတောင်သူတစ်ဦးကလည်းပြောကြားခဲ့သည်။

(အတွဲ-၄၊ အမှတ်-၅၊ ၆ မေလ ၂၀၁၁ Weekly Eleven ပါ ယခုနှစ် ပြည်ပသို့ မြန်မာ့ပဲမျိုးစုံတင်ပို့မှု တန်ချိန်လေးသိန်းလျော့ကျ ပြိုင်ဘက် အဖြစ် ကနေဒါနိုင်ငံရှိနေ၍ ပြည်ပဈေးကွက်ကျဆင်းလာသည်ကို ဖြေရှင်းရန်လိုပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြားမှ)

********************************************************************************************************

ပုဂ္ဂလိကဘဏ်များ အေတီအမ်ကတ်စနစ် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လာ

မြန်မာနိုင်ငံရှိ ဘဏ်များနှင့် IT ကုမ္ပဏီများ ပူးပေါင်း၍ အွန်လိုင်းဘဏ်စနစ် (Online Banking System၊ ATM card system) များ အသုံးပြု နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ATM ကတ်စနစ်အသုံးပြုနိုင်ရန် မိမိတို့ဆီ၌ ဗပိာုဘဏ်မှ ညွှန်ကြားချက်တစ်စုံတစ်ရာ မလာသေးကြောင်း၊ သို့သော် ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ လောလောလတ်လတ်၌ အွန်လိုင်းမှ ဘဏ်များတွင် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းကိုသာ လုပ်ကိုင်နိုင်သေးကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ATM ကဒ် အွန်လိုင်းစနစ်အသုံးပြုရန်ဆိုသည်မှာ Online Banking စနစ်တွင်ကျယ်လာနိုင်ရန်လိုအပ်ကြောင်း၊ လောလောဆယ်၌လည်း ပုဂ္ဂလိကဘဏ်အတော်များများတွင် Online စနစ်ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ ယင်းစနစ်မျိုးကို ပိုမိုတွင်ကျယ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မည်ဆိုပါက ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများတွင် အချိန်မပေးရတော့သည့်အတွက် ဘဏ်လုပ်ငန်းပိုမို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များ ပိုမိုများပြားလာပြီဖြစ်သည့်အတွက် ATM ကဒ်စနစ်ကိုသာ အသုံးပြုမည်ဆိုပါက ဘဏ်လုပ်ငန်းများ၌ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်ကြောင်း ယင်းမှပင်ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ပြင်ပ၌ မြန်မာငွေကြေးအား နှုန်းရှင်အဖြစ်သတ်မှတ်မည်ပာူသော သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

မြန်မာငွေကြေးအား နှုန်းရှင်အဖြစ် သတ်မှတ်မည်ဆိုသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း၊ သို့သော် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ၈၅၀ နှင့် ၆ ကျပ်ကြား ကွာပာနေမည်ဆိုပါက အကြွေးပြဿနာရှိလာနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးနှင့်ပတ်သတ်၍ မူဝါဒများပြောင်းလဲရန် လိုအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးပညာရှင် ဒေါက်တာနေဇင်လတ်က ပြောကြားခဲ့သည်။

ATM ကဒ်စနစ် မှာ Online Banking စနစ်အသုံးပြု၍ ငွေလွှဲခြင်းနှင့်အလားသဏ္ဍာန်တူသော်လည်း ATM ကဒ်စနစ်တွင် ငွေသားတိုက်ရိုက် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘဏ်များ၌ စတင်လုပ်ဆောင်မည်ဆိုပါက ATM ကဒ်စနစ် အသုံးပြု၍ ငွေလွှဲခြင်းထက် ငွေထုတ်ခြင်းမျိုးကို စတင်အသုံးပြု၍ ဝန်ဆောင်မှု ပေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မည်ဆိုပါက ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် မီးမှန်မှန်ရရှိနိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အိုင်တီပညာရှင် တစ်ဦးကပြောကြားခဲ့သည်။

(အတွဲ-၄၊ အမှတ်-၅၊ ၆ မေလ ၂၀၁၁ Weekly Eleven ပါ အွန်လိုင်းဘဏ်စနစ်စတင်နေပြီဖြစ်ပြီး အွန်လိုင်းဘဏ်စနစ်နှင့်အတူ အေတီအမ်ကတ် စနစ်များ အသုံးပြုနိုင်ရန် ဘဏ်များနှင့် အိုင်တီကုမ္ပဏီများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာမှ)

********************************************************************************************************

ကုမ္ပဏီအများစု စာအုန်းဆီတင်သွင်းခွင့်ရရှိပြီ

ပြည်ထောင်စုမြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ယခင်စားအုန်းဆီတင်သွင်းရောင်းချခွင့်များကို ကုမ္ပဏီ (၁၀)ခန့်သာ ခွင့်ပြုထားရာမှ ယခုအခါ စားအုန်းဆီတင်သွင်းရောင်းချခွင့်ကို ကုမ္ပဏီအများအပြားအားခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

သို့သော် ယင်းခွင့်ပြုလိုက်သောကုမ္ပဏီများမှာ ကုမ္ပဏီ ၄၀၊ ၅၀ မှ အုပ်စုတစ်စုအဖြစ် အုပ်စုများဖွဲ့၍သာ တင်သွင်းခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ယခင်ခွင့်ပြုပြီးဖြစ်သည့် ကုမ္ပဏီများကို ဆီတန်ချိန် ၃၀၀၀ အထိတင်သွင်းခွင့်ပြုထားပြီ ယခုဖွဲ့စည်းလိုက်သည့် အုပ်စုအဖွဲ့ကုမ္ပဏီများကိုမူ ဆီတန်ချိန် ၃၀၀၀ စီပင်တင်သွင်းခွင့်ပြုထားကြောင်းသိရသည်။

ယခုအခါ စာအုန်းဆီတင်သွင်းခွင့်ရရှိရန် လျှောက်ထားသည့် ကုမ္ပဏီများမှာ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။ ကုမ္ပဏီ ၄၀၊ ၅၀ လျှင် စားအုန်းဆီ တန်ချိန် ၃၀၀၀ ကိုသာတင်သွင်းခွင့်ရရှိမည်ဖြစ်သဖြင့် ကုမ္ပဏီတစ်ခုချင်းဆိုလျှင် တန်ချိန် ၆၀ စီသာရရှိမည်ဖြစ်ကြောင်း ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။

ယခုကဲ့သို့ ကုမ္ပဏီများအား တန်ချိန် ၃၀၀၀ ကိုသာတင်သွင်းခွင့်ပြုထားခြင်းမှာ ပြည်ပမှ စားအုန်းဆီတင်သွင်းရာ၌ ကုန်ကျမှုစရိတ် ပိုမိုသက်သာ စေပြီး ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူးသည့်အခါ ဈေးနှုန်းသက်သာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ယခင်က စားအုန်းဆီတင်သွင်းခွင့် လိုင်စင်ကို ထူးကုမ္ပဏီတစ်ခုတည်းကသာရရှိထားပြီး ယခုအခါ ဈေးနှုန်းများတည်ငြိမ်စေရန်နှင့် ဈေးကွက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာနိုင်စေရန် အခြားကုမ္ပဏီများကိုပါ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စားအုန်းဆီတင်သွင်းသည့်အခါ၌ သယ်ယူသည့်စရိတ်များအပြင် ဆီထည့်သည့် ပုံး စသည့် ပစ္စည်းများ ဌားရမ်းပါက ကုန်ကျစရိတ် ပိုမိုများပြား လာနိုင်ကြောင်း၊ အကြိမ်ကြိမ်ခွဲသွင်းပါကလည်း ကုန်ကျစရိတ်မှာ ပိုမိုကြီးမားလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ စားသုံးမှုစရိတ် သက်သာစေရန် ယခုကဲ့သို့ တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ တင်သွင်းရာ၌ တစ်ဦးချင်းဖြစ်စေ ကုမ္ပဏီအစုအဖွဲ့များက ဖြစ်စေ သတ်မှတ်ချက်များ အတိုင်းသာ တင်သွင်းပါက ကုန်ကျမှုစရိတ်ပိုမိုသက်သာမည်ဖြစ်ကြောင်း စားအုန်းဆီလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

နိုင်ငံ၌ ပို့ကုန်သွင်းကုန်ဆိုသည်မှာ အပြန်အလှန်အကျိုးသက်ရောက်မှုရှိကြောင်း၊ စာအုန်းဆီ တင်သွင်းခွင့်ရရှိပြီဖြစ်သည့်အတွက် ပို့ကုန်ရဝင်ငွေ ဈေးများပြန်တတ်လာခဲ့ကြောင်း၊ စားအုန်းဆီ ရောင်းချမှုသဘောသဘာဝသာဖြစ်ကြောင်း၊ သွင်းမည့်သူများတောင်းဆိုနေမည်ဆိုပါက စားအုန်းဆီဈေးမှာ ပိုမိုတတ်နေဦးမည်ဖြစ်ကြောင်း၊ လုံလောက်စွာဝယ်ယူပြီးချိန်မှသာ ဈေးများပြန်လည်ကျဆင်းမည်ပာု ခန့်မှန်းရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

(အတွဲ-၂၆၊ အမှတ်-၅၁၆၊ ၆ မေလ ၂၀၁၁ မြန်မာတိုင်းမ်ပါ စာအုန်းဆီတင်သွင်းခွင့် ကုမ္ပဏီအများအပြားအား ခွင့်ပြု မှ)

             ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပါတီများနှင့် နိုင်ငံရေးသတင်းများ

အာဆီယံထိပ်သီးအစည်းအဝေး သမ္မတဦးသိန်းစိန်တက်ရောက်မည်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မေလ ၇ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာ၌ ကျင်းပမည့် (၁၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတော်သမ္မတ ဆူဇူလိုဘာဘန် ၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်မည်ဖြစ်ပြီး၊ အဆိုပါ ခရီးစဉ်သည် ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့၌  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဖျက်သိမ်းကြောင်းကြေညာပြီး နိုင်ငံတော် သမ္မအဖြစ် အာဏာလွှဲပြောင်းရယူသည့်နေ့မှစ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးပြည်ပ ခရီးစဉ်ပင်ဖြစ်ကြောင်းသိရသည်။

အာဆီယံထိပ်သီးအစည်းအဝေး နှင့်ပတ်သတ်၍ ဆက်စပ်အစည်းအဝေးကို မေလ ၄ ရက်နေ့ကတည်းကပင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့၌ စတင်ကျင်းပနေပြီဖြစ်ပြီး အာဆီယံ-ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးကို မေလ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၀၆ ခုနှစ်ကတည်းက လက်လွှတ်ခဲ့ရသည့် အာဆီယံဥက္ကဋ္ဌနေရာအား ၂၀၁၄ ခုနှစ်တွင် ရယူရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

(အတွဲ-၂၆၊ အမှတ်-၅၁၆၊ ၆ မေလ ၂၀၁၁ မြန်မာတိုင်းမ်ပါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံအဖွဲ့ ထိပ်သီးအစည်းအဝေး တက်မည် မှ)

********************************************************************************************************

UMFCCI နှင့် အစိုးရ ပူးပေါင်းရေးစနစ်ကျင့်သုံးမည်

၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့၌ နေပြည်တော်၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အသင်းသားစုံညီအစည်းအဝေးတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က နောင်အနာဂါတ်၌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းဆောင်ရွက် သွားသည့်စနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်း UMFCCI အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုများရှိလာနိုင်စေရန်နှင့် နိုင်ငံအတွက်လိုအပ်သည့်လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင် များထံ တင်ပြ၍ ပူးပေါင်းလုပ်ဆောင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

လုပ်ဆောင်ရန် ချမှတ်ထားသည့်လုပ်ငန်းစဉ်များကို အလေးအနက်ထား၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသူများအတွက် သင့်တင့်မျှတသော ရောင်းဝယ်မှုများပြုလုပ်နိုင်ရန်နှင့် ကျေးလက်ဒေသများ၌ လက်ကားဈေးသည်များပေါ်ထွန်းလာနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ကြီးများတွင်လည်း လက်ကားဈေးကြီးများနှင့် ကုန်စည်ဒိုင်များ ပေါ်ထွက်လာရေးကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ UMFCCI ၏ စီးပွားရေးသတင်းအချက်အလက် တို့ကို အင်တာနက်မှတစ်ဆင့် သတင်းရယူနိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ၊ ကုန်သည်များနှင့် ချိတ်ဆက်ကာ ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်ကာ ကုန်ထုတ်စွမ်းအားမြှင့်တင်လာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ လူနေမှုဘဝ မြင့်တတ်လာစေရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စီးပွားကူးသန်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် စက်မှု စသည့်ကဏ္ဍများကိုပါ ဖွံ့ဖြိုးတိုးတတ်လာနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းအောင်ကဆက်လက်ပြောကြားခဲ့သည်။

၁၉၁၉ ခုနှစ်၌ မြန်မာကုန်သည်များအသင်း(Burmese Chamber of Commerce-BBC) ကိုစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ဇန်နဝါရီလ ၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကို တည်ထောင်ခဲ့သည်။ ၁၉၉၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၌ မြန်မာကုန်သည်များ အသင်းမှ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

(အတွဲ-၂၆၊ အမှတ်-၅၁၆၊ ၆ မေလ ၂၀၁၁ မြန်မာတိုင်းမ်ပါ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်သည့် စနစ်ကျင့်သုံးမည်မှ)

           ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ

"အီးယူရဲ့ပိတ်ဆို့အရေးယူမှုဟာ အစိုးရကို ပိတ်ဆို့အရေးယူမှုဟာ အစိုးရကို ပိတ်ဆို့တာဟာ နိုင်ငံကိုပိတ်ဆို့ တာပဲ၊ လူထုကို ပိတ်ဆို့တာပဲ။ ဒါကြောင့် ဒီလိုပိတ်ဆို့တာတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ သူတို့က ပြည်သူလူထုကို တိုက်ရိုက်ထိတာမဟုတ်ဘူး။ တိုက်ရိုက် ထိရင် ဖြုတ်ပေးမယ်လို့ပြောတယ်။ မိသားစုတစ်ခုမှာ မိသားစုဝင်တစ်ဦး ဒုက္ခဖြစ်ရင် ကျန်တဲ့သူတွေပါ ထိခိုက်တာပဲ။ ထိခိုက်မှုတွေကတော့ အများကြီးပေါ့။ အဓိကတိုင်းပြည်နစ်နာတယ်။ ဒုက္ခတော်တော်ဖြစ်တယ်။ သူတို့က တိုက်ရိုက်မဟုတ်ဘူးလို့ပြော တာမှန်ပေမဲ့ သွယ်ဝိုက်ပြီးတော့ တိုင်းပြည်လူထု ခံရပါတယ်။ ဒါကြောင့် ပိတ်ဆို့မှုဆိုတာကို လုံးဝရုပ်သိမ်းပေးစေ ချင်ပါတယ်"

မေ ၆ ထုတ် The HOT NEWS အတွဲ(၁) အမှတ်(၃၈) တွင်ပါသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဋ္ဌဦးသုဝေ နှင့်အင်တာဗျူးမှ ကောက်နှုတ်ချက်

********************************************************************************************************

"ကားရပ်ထားတဲ့ မီးပွိုင့်တွေမှာ ကလေးတွေလူကြီးတွေကားကြိုကားကြားဖြတ်ပြေးလွှားပြီ အမြင်မတော်ဖြစ်တဲ့ အထိ ငွေတောင်းစားကြတာ၊ မတော်လို့ ကားတိုက်မိရင် သူတို့ဖြတ်ပြေးလို့ဖြစ်လဲကားမောင်းသူကို လျှော်ကြေး တောင်းငွေညစ်တဲ့အထိဖြစ်လာတော့ အခုသူတို့တွေကို တာဝန်ရှိသူတွေက အရေးယူနေပြီ။ ထိန်းသိမ်းရေးစ ခန်းပို့ထားတော့လည်း ဟိုမှာလုပ်ကိုင်မစားချင်တော့ ပြန်ထွက်ပြေးလာ ပြန်တောင်းစားလုပ်ပြီး သံသရာလည် နေတာ။ အခုအရေးယူတာအရင်ထက်ပိုလုပ်တယ်။ စည်ပင်သာယာရဲအဖွဲ့ကတွေ့ရင်တော့ သက်ဆိုင်ရာကို ပို့ အပ်နေပါတယ်"

မေ ၆ ထုတ် The HOT NEWS အတွဲ(၁) အမှတ်(၃၈) တွင်ပါသည့် "တောင်းစားသူများကို အရေးယူနေပြီ" သတင်းမှ ရန်ကုန်တိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"ထိန်းကျောင်းဆောင်ရွက်မှုတွေကို ကျွန်တော်ကျယ်ကျယ်ပြန့်ပြန့်လေ့လာလို့ရရှိလာတာကတော့ လွတ်လပ်ခွင့် ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း၊ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်၊ မလိုက်နာရင် ဖြစ်ပေါ်လာမယ့် ပြစ်ဒဏ် သတ်မှတ်ချက်၊ ဒီမိုကရေစီဖြစ်လို့ ကြိုက်သလိုရေးလို့ရတယ်ဆိုတာ ဘယ်မှာမှ ရှာမတွေ့ဘူး။ အဲဒီလိုလည်းမရ ဘူး။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတတွေကလည်း ဒါကိုပေးလို့မရဘူးဆိုတဲ့ ကန့်သတ်ချက် တွေရှိလို့၊ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ရယူရေးသားခွင့်မရှိတာ၊ ကုန်သွယ်မှုအရ လျှို့ဝှက်ထားရမယ့် ဥပဒေတွေကို ရယူရေးသားခွင့်မရှိတာ၊ နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ထုတ်ဖော်ရေးသားခွင့်နဲ့ ဘဏ်လုပ် ငန်းဆိုင်ရာ အချက်အလက်စတာတွေဟာ အရေးကြီးပါတယ်"

မေ ၅ ထုတ် Popular News အတွဲ(၃) အမှတ်(၁၇) တွင်ပါသည့် "မီဒီယာများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဖော်ဆောင်နေပြီဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီ ပြောကြား " သတင်းမှ ဝန်ကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"ပလတ်စတစ်အိတ်စက်ရုံတွေ ပိတ်သိမ်းဖို့ စာထွက်ထွက်ပြီးချင်း ဈေးထဲမှာ ရောက်ချမှုကိုပါရပ်ခဲ့ရတယ်။ ဆိုင်မှာက လက်ကျန်ပစ္စည်းတွေရှိနေသေးတော့ ရောင်လို့ရသ၍ ရောင်း၊ ရောင်းမကုန်တဲ့ပစ္စည်တွေကိုတော့ စက်ရုံတွေကို ပြန်သွင်းရတယ်။ စက်ရုံတွေကတော့ ပြန်သွင်းတာတွေကို လက်မခံပေမဲ့ ငွေပြန်မရှင်းပေးဘဲ အဲ ဒီအစားရောင်းချခွင့်ပြုတဲ့ ပလပ်စတစ်အိတ်အပျော့တွေကိုပဲ ပစ္စည်းပြန်ချပေးတယ်။ အရင်ကတည်းကလည်း ဈေးကွက်ထဲမှာ ဒီပလတ်စတစ်အိတ်အပျော့တွေရှိပါတယ်။ ဒါပေမဲ့သူက အရင်ပလတ်စတစ်(ကြွပ်ကြွပ်) အိတ်တွေထက် ဈေးတစ်ဆလောက်ပိုကြီးတော့ သိပ်မဝယ် မသုံးနိုင်ကြဘူး။ အခုပလတ်စတစ်အိတ်အပျော့ဈေး နှုန်းတွေက အရင်ပလတ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်) ဈေးနှုန်းရဲ့ နှစ်ဆလောက် ဖြစ်နေတယ်"

မေ ၆ ထုတ် Bi Weekly အတွဲ(၄) အမှတ်(၅) တွင်ပါသည့် "ရန်ကုန်ဈေးကွက်အတွင် ပလတ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်) များအစား ပလတ်စတစ်အိတ်အပျော့များကို ရောင်းချခွင့်ပြု " သတင်းမှ ညောင်ပင်လေးဈေးရှိပ လတ်စတစ်အိတ်မျိုးစုံရောင်းဝယ်နေသည့် ဆိုင်ရှင် တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သွယ်ဝိုက်၍ ဆက်စပ်မှုရှိသည့် အစိုးရ၏ မူဝါဒ            

ကုန်လွန်ခဲ့သည့် တစ်နှစ်ခန့်ကဖြစ်ပါသည်။ မန္တလေးမြို့ပေါ်တွင် အပူဒဏ်ကြောင့် လူပေါင်းများစွာ ကွယ်လွန်ခဲ့ရသည့် အချိန်ဖြစ်သည်။ မနက်မိုးလင်းမှစ၍ မန္တလေးဆေးရုံးကြီး အရေးပေါ်လူနာဆောင်ရှေ့တွင် လူနာတင်ကားများ ဝင်လာမစဲတသဲသဲနှင့် ကြည့်ရှု၍ မကောင်းအောင်ပင် ရောက်လာကြသည်မှာ ညဘက်ပိုင်းအထိတိုင်အောင် ဖြစ်သည်။ ရောက်လာကြသည့် လူနာများမှာလည်း အရွယ်မျိုးစုံပင်။ တရားဝင်စာ ရင်းအတိအကျ မသိရသော်လည်း လူကြီးပိုင်းက ပိုများကြောင်းတွေ့မြင်ရလေသည်။ လူနာအများစုမှာ အပူဒဏ် ကြောင့် မျောလျက်ရှိနေကာ အပူရှိန်များလည်း အလွန်တက်လျက်ရှိပြီး ၎င်းတို့အား အရေးပေါ် ဆေးကုသရေး အဖွဲ့၏ တိုက်ရိုက်ကြည့်ကြပ်မှုဖြင့် ကုသပေးလျက် ရှိနေပါသည်။

ထိုအချိန်က ပါတီတစ်ရပ်အသွင်မပြောင်းသေးသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ လုပ်အားပေးလူငယ်များသည်လည်း ပြည်ခိုင်ဖြိုးတံဆိပ်ပါသည့် အကျီကိုဝတ်ဆင်ရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လူထုဆက်သွယ်ရေးလုပ်ငန်းကို အားတက်သရော် ကူညီပေးလျက် ရှိပါသည်။ အရေးပေါ် ဆေးကုသရေးအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်များသည် ဆေးရုံကားပေါ်မှ လူနာတစ်ဦးရောက်လာသည်နှင့် တစ်ပြိုင်နက်တည်း အရေးပေါ်လူနာတင်ကုတင်ပေါ်သို့ အမြန်တင်ကာ အရေးပေါ်လူနာဆောင်ရှေ့မှာပင် အညာဆောင်ကိုအုပ်လျက် တစ်ကိုယ် လုံးပေါ်သို့ ရေခဲစိမ်ထားသော ရေခဲရေများ ၁၀ခွက်ခန့်ကို  အဆက်မပြတ်လောင်းပေးလျက်ရှိပါသည်။ သို့သော် လူနာမှာ သတိပြန်လည်၍ မလာသေး။ ဤသို့ကုသပြု စုပြီးနောက် လူနာအား အရေးဌာနထဲသို့ သွင်းသွားကာ လိုအပ်သည့် ကုသမှုများဆက်လက်ပြုလုပ်ပေးသည်။ ဤကဲ့သို့သော ရက်များကို တစ်ပတ်ခန့် ကြုံတွေ့ခဲ့ရပြီး နောက်မှ မိုးများစတင်ရွာသွန်းလာကာ နေ့အပူချိန်များ ကျသွားပြီဖြစ်သည့်အလျောက် လူနာတင်ကား အဝင်အထွက် အရေးပေါ်ဌာနရှေ့မှာ နည်းပါးသွား လေတော့သည်။ ယင်းဖြစ်ရပ်မှာ မန္တလေးတိုင်းဒေသကြီးတွင်သာမက ရန်ကုန်တိုင်းဒေသကြီးတွင်လည်း အသေအပျောက်မှာ မန္တလေးလောက် မရှိသည့် တိုင် အလားတူဖြစ်ရပ်မျိုးကြုံခဲ့ရသည်သာဖြစ်သည်။

ဤကဲ့သို့သော အပူဒဏ်ကြောင့် လူအသေအပျောက်ကြီးမားစွာ ဖြစ်ခဲ့ရသည့် ဖြစ်ရပ်ကြီး ဖြစ်ပွားပြီးသည့်နောက် အများစု ယူဆထားကြသည်မှာ ရာသီဥတုဖော်ပြန်မှုကြောင့်ဟု စွဲမြဲစွာ မှတ်ယူခဲ့ကြပါသည်။ ဤသည်မှာလည်း မှန်ကန်ပါသည်။ မြန်မာနိုင်ငံရာသီဥတုမှာ လာနီညာဖြတ်ရသည်မှာတစ်မျိုး၊ အယ်နီညို ဖြတ်ရသည်က တစ်ဖုံးဖြင့် အမျိုးမျိုးပင်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အရ ယခုနှစ်၌လည်း လာနီညာမှာ အားအလွန်နည်းလျက် ရှိနေသောကြောင့် မုတ်သုံကိုအားပေးမှုမှာ လျော့နည်းသွာမည်ဖြစ်ကြောင်း၊ ၁၉၇၈ နောက်ပိုင်း မုတ်သုံဝင်ရောက်မှုပုံစံအတိုင်း ဒီနှစ်မှာလည်း မုတ်သုံဝင်ရောက်မှု နောက်ကျနေဦး မည်ဖြစ်ပြီး မေလ ၁၀ ရက် လောက်အထိ တနင်္သာရီကိုဝင်ဖို့ မသေချာကြောင်း၊ မိုးဦး၊ မိုးလယ် မိုးရွာသွန်းမှု သင့်တင်နိုင်သော်လည်း မိုးနှောင်းမကောင်းနိုင်ကြောင်း၊ မိုးမမှန်တာကတော့ မိုးတွင်းမှာ ဖြစ်ဦးမှာဖြစ်ကြောင်း၊ မိုးမမှန်ရင် မိုးတိမ်တောင် တွေဖြစ်ပြီး လေတိုက်တာ ၊ မိုးကြိုးပစ်တာတွေ သတိထားရမည်ကြောင်းကို ပြောကြား သွားခဲ့လေသည်။

သို့သော်  အထက်ပါဖြစ်ရပ်၏ နောက်ကွယ်တွင် လူသိပ်မသိသေးသော အကြောင်းအရာ တစ်ရပ်လည်းရှိပါသေးသည်။ ယင်းကား အခြားမဟုတ်၊ အစိုးရ၏ စွမ်းအင်မူဝါဒဖြစ်သည်။ ယခုနှစ်တွင် အစိုးရသစ် ပြောင်းလဲခြင်းနှင့် အစိုးရ၏ စွမ်းအင်မူဝါဒများလည်း ပြောင်းလဲလိုက်ပါလျက်ရှိပါသည်။ ရိုးရိုးလေးနှင့် မမြင်သာ သည့် ယင်းစွမ်းအင်မူဝါဒမှာ မီးမှန်မှန်ပေးခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ၂၀၁၁ နွေရာသီသည် ၂၀၁၀ နွေရာ သီနှင့် နှိုင်းယှဉ်ပါက နေ့အပူချိန်လျော့နည်းမှု လျှပ်စစ်မီးရရှိမှု များပြားသောကြောင့် လူသေဆုံးမှု လျော့နည်း သွားလေသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒေါ်သန်းမြင့်က " မနှစ်ကတော့ ရာသီဥတုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အသေအပျောက်အရမ်းများတယ်။ တစ်နေ့ကို လူ ၇၀ကျော်လောက် ဈာပန လုပ်ပေးရတယ်။ ဒီနှစ်ကတော့ ပုံမှန် ၃၅-၅၀ ကြား အဲဒီလောက်ပဲရှိသေးတယ်။ ဒီနှစ်ကတော့ မီးမှန်လို့ လူကြီး တွေ လေအေးပေးစက် တပ်ထားတဲ့ အခန်းတွေမှာ နေနိုင်ကြလို့ လျော့တာလည်း ဖြစ်နိုင်ပါတယ်"ဟု ပြည်သူ့ခေတ်ဂျာနယ်တွင် ပြောကြား သွားလေသည်။

မီးမလာခြင်းနှင့် မိုးလေဝသမှန်ကန်မှုမရှိခြင်းသည် သာမန်ကြည့်ပါက ဆက်စပ်မှုမရှိဟု ထင်ရပါလိမ့်မည်။ အမှန်စင်စစ် တိုက်ရိုက်ဆက်စပ်မှု မရှိသည့်တိုင် သွယ်ဝိုက်၍တော့ဆပ်စပ်မှုရှိနေသည်သာ ဖြစ်သည်။ မီးမှန်မှန်ပေးခြင်းကြောင့် ဤကဲ့သို့သော အကျိုးကျေးဇူးများသာမက စီးပွားရေး လုပ်ငန်းများလည်း လုပ်ကိုင်ရလွယ်ကူလာသည်မဟုတ်ပါလော။ အစိုးရမူဝါဒကောင်းတစ်ခုသည် တိုက်ရိုက်ပင်မဟုတ်ငြားသော်လည်း အသေးစိတ်စိစစ် သုံးသပ်ကြည့်ပါက ဆက်စပ်မှုများရှိနေသည်တွေ့မြင်ရမည်ဖြစ်ပါကြောင်း....။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs