Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၅.၂၀၁၁

ပြည်တွင်းသတင်းများ

စားအုန်းဆီတင်သွင်းခွင့်ရသူများတွင် Max Myanmar ကုမ္မဏီ မပါဝင်ကြောင်း ငြင်းဆို

ရန်ကုန်၊မေ ၉။

စားအုန်းဆီတင်သွင်းခွင့်များ မကြာသေးမီက ကုမ္ပဏီအများအပြားသို့ လုပ်ကိုင်ခွင့်ချထားပေးရာတွင် Max Myan mar ကုမ္ပဏီမပါဝင်ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး ယင်းသတင်းဖော်ပြခဲ့သည့် ပြည်တွင်းဂျာနယ်အချို့အား လာရောက်ခြိမ်းခြောက်မှုများပြုခဲ့ကြောင်း ပြည်တွင်း မီဒီယာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ကုမ္ပဏီိအနေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ အများကြီးရှိနေပါတယ် စားအုန်းဆီ တင်သွင်းရောင်းချတဲ့အလုပ်မျိုး လုပ်ကိုင်သွားဖို့လည်း အစီ အစဉ်မရှိပါဘူး”ဟု ယင်းကုမ္ပဏီ တာဝန်ရှိသူက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်မြို့လယ်တွင် ရုံးခန်းဖွင့်လှစ်ထားသော ပြည်တွင်းဂျာနယ်တိုက်တစ်ခုသို့လည်း ယင်းကုမ္ပဏီိမှ တာဝန်ရှိသူများကိုယ်တိုင်လာရောက်ပြီး ယင်းသတင်းထည့်သွင်းခြင်းနှင့်ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အမှန်တကယ် သတင်းထည့်သွင်းဖော်ပြသော ဂျာနယ်တိုက်နှင့် ထည့်သွင်းဖော်ပြခြင်းမရှိသော ဂျာနယ်တိုက်ကိုလည်း ခွဲခြား သိရှိခြင်း မရှိပဲ သိမ်းကျုံးပြောဆိုခဲ့ကြောင်း ၎င်းအသိုင်းအဝိုင်းမှ သိရှိရသည်။

Max Myanmar ဦးဇော်ဇော်သည် ယခင်က မီဒီယာများအပေါ် လေးစားနားလည်မှုရှိသူအဖြစ် ကျော်ကြားခဲ့ကြောင်း အထူးသဖြင့် မြန်မာနေရှင် နယ်လိဂ် ကိစ္စများနှင့်ပတ်သတ်ပြီး ပြည်တွင်းမီဒီယာများတွင် ထင်ပေါ်ကျော်ကြားသူအဖြစ် ရောက်ရှိလာခဲ့ကာ လူအများစိတ်ဝင်စားမှုရရှိခဲ့ကြောင်း သတင်းသမားများအတွက် ပထမတန်းစား Facilityအပြည့် စီစဉ်ပေးထားသည့် စာနယ်ဇင်းရှင်းလင်းပွဲများကို ငွေကြေးအမြောက်အများ အကုန်အကျ ခံကာ မကြာခဏပြုလုပ်ခဲ့ကြောင်း ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးဦးစားပေးမှုကိုရရှိကာ စာနယ်ဇင်းရှင်းလင်းပွဲများမှ တဆင့် ပြည်တွင်းစီးပွားရေးလောကတွင် ကောင်းသတင်းဖြင့် ကျော်ကြားခဲ့ပြီးသည့် နောက်ပိုင်းပြည်တွင်းမီဒီယာများအပေါ် ဆက်ဆံမှု အေးစက်လာခဲ့ ကြောင်း အထူးသဖြင့် ဧရာဝတီဘဏ်ဖွင့်လှစ် ခွင့်ရရှိခဲ့ပြီးနောက်ပိုင်းတွင် ထိုသို့ဖြစ်လာခဲ့ကြောင်း ယင်းနှင့်နီးစပ်သူများနှင့် ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းမှ စုံစမ်းသိရှိရသည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

တက္ကစီယာဉ်မောင်းများအား နိုင်ငံခြားသားတင်ဆောင်ခွင့်လိုင်စင် သီးသန့်ထုတ်ပေးမည်

ရန်ကုန်၊ မေ ၉။

မြန်မာ့ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းများအား နိုင်ငံခြားသား တင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးမည် ဖြစ်ပြီး ယင်းလိုင်စင်ရရှိရန်အတွက် သတ်မှတ်ထားသော အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲအား ဖြေဆိုသွားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပါရမီအငှားယာဉ်မောင်းများအား အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း၊ ယင်းစာမေးပွဲအား အစိုးရမှ စစ်ဆေး ခြင်းမဟုတ်ဘဲ ဗန္ဓုလကုမ္ပဏီက စစ်ဆေးခြင်းဖြစ်ကြောင်း၊ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများအား ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသား တင်ဆောင် ခွင့် သီးသန့်ကတ်ထုတ်ပေးသွားမည်ဖြစ်ပြီး ယင်းခွင့်ပြုထားသည့် ပါရမီအငှားယာဉ်သာ နိုင်ငံခြားသားခရီးသည် တင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လတ်တလောအချိန်ထိ ပါရမီအဌားယာဉ်မောင်း ၅၀ခန့် စာမေးပွဲဖြေဆိုပြီးဖြစ်ကြောင်း ရန်ကင်းမြို့နယ်တွင် ဂိတ်ထိုးသော ပါရမီအငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

ပြည်တွင်း Tour ကားမောင်းနှင်သူတစ်ဦးကလည်း “အရင်တုန်းက ကားနံပါတ်အပြာတွေလိုပေါ့။ နိုင်ငံခြားသားခရီးသည်တွေအတွက် အဆင် ပြေအောင် အင်္ဂလိပ်လိုပြောတတ်တဲ့ ဒရိုင်ဘာတွေထည့်ထားပေးသင့်တယ်။ ရှိလည်းရှိသင့်တယ်။ အခုအငှားယာဉ်မောင်းတွေကို အဲလိုမျိုးလုပ်ပေးလိုက် တော့ နိုင်ငံခြားသားတွေအတွက် အဆင်ပြေတာပေါ့။ နောက်ဆိုရင် နိုင်ငံခြားသားတွေက ပိုပြီးများလာမှာ ” ဟု ပြောကြားသည်။

အငှားယာဉ်မောင်းများအား နိုင်ငံခြားသားတင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးမည်ဆိုသည့်သတင်းမှာ ယမန်နှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်ထွက်ပေါ် ခဲ့ခြင်းဖြစ်ပြီး ပါရမီအငှားယာဉ်လိုင်းမှလည်း အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲများ ပြုလုပ်နေသဖြင့် ယင်းကိစ္စမှာ အတည်ဖြစ်နိုင်ကြောင်း အငှားယာဉ်မောင်း အများစုက သုံးသပ်ကြသည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းဖူလုံမှ ဆန်တင်ပို့မည်ဟု ဦးဝင်းမြင့် ပြောကြား

ရန်ကုန်၊ မေ ၉။

ပြည်ထောင်စုမြန်မာနိုင်ငံ၌ နိုင်ငံတွင်း ပြည်တွင်းစားသုံးမှုဖူလုံ၍ ပိုလျှံမှသာ ပြည်ပသို့ဆန်တင်ပို့ခွင့်များကို ပြည်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

                ပြည်ပသို့ပို့ကုန်လုပ်ငန်းလုပ်ကိုင်ရာ၌ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်တင်ပို့မှု၌ Rice Industry ရှိကြောင်း၊ ဆန်ထွက်ရှိမှု၊ ဆန်စား သုံးမှု၊ ဆန်စီးဆင်းမှုများကို အမြဲပင်တွက်ချက်နေရကြောင်း၊ တွက်ချက်မှုများ မှန်ကန်မှသာ လယ်သမားများသာမက ပြည်သူများပါ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးသူများ အခက်အခဲမဖြစ်စေရန် ချိန်ဆ၍ ဆန်ပိုလျှံမှုများရှိမှသာ ပြည်ပသို့ဆန်တင်ပို့ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံအတွင်း၌ပိတ်ပင်ထားခဲ့သော ပြည်ပဆန်တင်ပို့ခွင့်များကို မကြာမီတွင် ပြည်လည်ခွင့်ပြု ပေးတော့မည်ဖြစ်သည်။ ထိုသို့ခွင့်ပြု ပေးရန် ပြည်တွင်းစားသုံးမှုကို တွက်ချက်နေရပြီး ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့်ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပေးမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းစားသုံးသူများ အခက်အခဲမဖြစ်နိုင်စေရန် ဆန်ဈေးတည်ငြိမ်ရေးကိုပါ ဆန်စပါးလုပ်ငန်းရှင်များက အာမခံညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆန်လုပ်ငန်းလုပ်ကိုင်ရာ၌ လယ်သမားများနှင့် ပြည်သူများအဆင်ပြေနိုင်စေရန် ဆန်ဈေးနှုန်းများမတက်ဘဲ တည်ငြိမ်နိုင်စေရန် အာမခံဆောင်ရွက်ပြီးမှသာ နိုင်ငံခြားသို့ဆန်တင်ပို့ခွင့် ရရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဆန်စပါးနှင့် ပတ်သတ်သည့်အချက်အလက်များကို စုစည်း၍ အခြား လုပ်ငန်းရှင်များနှင့်ပါတိုင်ပင်ကာ နိုင်ငံတွင်း ဆန်ဈေးများတည်ငြိမ်စေရန် လုပ်ဆောင်ပြီးမှသာ ပြည်ပသို့ပို့ရကြောင်း၊ ထို့ကြောင့် ဆန်ဈေးကွက် နှုန်းထားအလိုက် အမြဲပင် Report တင်ရကြောင်း ဆန်လုပ်ငန်း လုပ်ကိုင်လျှက်ရှိသော ဆန်ကုန်သည်တစ်ဦးကလည်းပြောကြားခဲ့သည်။

                သို့သော် ပြည်ပသို့ဆန်တင်ပို့ခွင့်များကို ခွင့်ပြုမည်ပာုဆိုသော်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဆန်တင်ပို့ခွင့်ပြည်လည်ရရှိမှာ ဖြစ်ကြောင်း၊ ပြည်တွင်းဆန်ဈေးနှုန်းများကို ဆန်ကုန်သည်များက တိကျသေချာစွာ တင်ပြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ထုတ်ပြန် ကြေညာထားကြောင်းသိရှိရသည်။

                မြန်မာနိုင်ငံ၌ ဆန်စပါးအဓိကထွက်ရှိရာ ဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဆန်များကို ပြည်တွင်းစားသုံးမှုပိုလျှံမှသာ ပြည်ပသို့ဆန်တင်ပို့ခွင့် ပြည်လည်ရရှိနိုင်မည်ပာု သိရကြောင်း၊ ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြည်လည်ပြုသည့်အခါ၌ အခွန်အခများကို လျော့ပေါ့ပေးနိုင်မည်ဆိုပါက ဆန်ကုန်သည်များနှင့်လယ်သမားအတွက်ပါ ပိုမိုကောင်းမွန်နိုင်ကြောင်း ပြည်တွင်းဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

(အတွဲ-၂၊ အမှတ်-၇၇၊ ၁၂ မေလ ၂၀၁၁ News Week ပါ “ပြည်တွင်းစားသုံးမှုပိုလျှံပါက ပြည်ပသို့ဆန်တင်ပို့ခွင့် ပြည်လည်ခွင့်ပြုမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

စီးပွားရေးတိုးတက်ပြောင်းလဲလာမှုနှင့်အတူ မြို့ပြနေထိုင်သူများပြားလာ

ရန်ကုန်၊ မေ ၁၀။

မြန်မာနိုင်ငံ၌ ပွင့်လင်းမြင်သာမှုရှိလာသည့် လူနေမှုပုံစံများ၊ တိုးတတ်လာသည့် စီးပွားရေးအခွင့်အလမ်းများကြောင့် မြို့ပြဒေသများသို့ အခြေကျ နေထိုင်သူများ ပိုမိုများပြားလာသည်အတွက် ထိုသို့ဆက်လက်ဖြစ်ပေါ်နေပါက မြို့ပြတွင် လူဦးရေနေထိုင်မှုပြဿနာများ ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း လူမှု စီးပွားပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံ၏ စီးပွားရေးအဓိက အချက်အချာမြို့ဖြစ်သည့် ရန်ကုန်မြို့၌ လူဦးရေမည်မျှနေထိုင်နိုင်မည်ကို စဉ်းစားရန်လိုအပ်ကြောင်း၊ ရွာများနှင့် မြို့ များတွင် လူဦးရေမည်မျှထားရှိမည်ကို စဉ်းစားရန်လိုအပ်ကြောင်း၊ ယခုလက်ရှိ၌ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သာ ရွာများ၌ရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ မြို့ပေါ်တွင် နေထိုင်လျှက်ရှိကြောင်း၊ ရွာများ၌လည်း လူနေရေများနေပါကလည်း မြေအလုံအလောက်မပေးနိုင်သည့် ပြဿနာတစ်ရပ်ရှိကြောင်း၊ ထို့ပြင် ရွာများတွင် ရေကောင်းရေသန့် ရရှိနိုင်ရန်၊ အိမ်သာများ ကျောင်းများပါ ဆောက်လုပ်ပေးရမည်ဖြစ်သည့်အတွက် ဝင်ငွေနှင့် တွက်ခြေမကိုက်နိုင်ကြောင်း၊ စီမံကိန်းရေးဆွဲသည့်သူအများစုမှာ မြို့ပြကောင်းစားရေးကိုသာ အဓိကထား၍ ရေးဆွဲကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်မှ ပြောင်းလဲလာသည့် စီးပွားရေးအပြောင်းအလဲများနှင့်အတူ အထူးစီးပွားရေးဇုန် ၂၄ ခု သတ်မှတ်ထားကြောင်း၊ ဇုန်များ အတွင်း အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့သော အခြေအနေကောင်းများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတတ်မှုများမှာ မြို့ပြများတွင်သာမက အခြားဒေသများ တွင်ပါ တစ်ပြေးညီဖွံ့ဖြိုးတိုးတတ်မှုများ ပေါ်ပေါက်လာနိုင်ရန်လိုအပ်ကြောင်း ယင်းမှပင် ထပ်လောင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့တစ်နေရာတည်း၌ပင် တစ်နိုင်ငံလုံးမှ အလုပ်သမားများ အလုပ်ပေးနိုင်မှုမရှိကြောင်း၊ သို့သော် ရန်ကုန်မြို့သို့ မလာရောက်စေရန် မတားဆီးနိုင်ကြောင်း၊ အခြားနေရာများတွင်ပါ စီးပွားရေးအခွင့်အလမ်း မက်လုံးများ ရှိမည်ဆိုပါက အလုပ်သမားများမှာ ထိုနေရာများသို့ကိုပါ သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးမက်လုံးတွင်သာမက ၎င်းတို့ဘဝ လုံခြုံမှုရှိရေးကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို အခပေးကျွန်ကဲ့သို့ သဘောမထားသင့်ကြောင်း၊ ၎င်းတို့၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးများ ပြည့်စုံလုံခြုံမှုရှိစေရန်ပါ စဉ်းစားပေးသင့်ကြောင်း NGO တစ်ခု၌ လုပ်ကိုင်လျှက်ရှိသော ပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့သည်။

(Venus News Journal အတွဲ-၂၊ အမှတ်-၃၉၊ ပါ “စီးပွားရေးအခွင့်အလမ်းများကြောင့် မြို့ပြနေထိုင်လိုသူ ပိုမိုများပြားလာ ပြည်သူများ အတွက် ဘဝနေထိုင်မှုလုံခြုံရေး ထည့်သွင်းစဉ်းစားရန်လိုအပ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူတို့အခက်အခဲရှိပါက လွှတ်တော်ကိုယ်စားလှယ်များထံ အကူအညီတောင်းနိုင်

ရန်ကုန်၊ မေ ၁၀။

၂၀၁၁ ခုနှစ်၌ အပြောင်းအလဲများစွာနှင့်အတူ အုပ်ချုပ်မှုအသစ်၊ အစိုးရသစ်လက်ထက်၌ စနစ်သစ်များအရ မြို့နယ်များ၊ ကျေးရွာများနှင့် ရပ် ကွက်များ၌ ပြည်သူများ အခက်အခဲတစ်စုံတစ်ရာရှိပါက လွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။

ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာများနှင့် အခက်အခဲများကို မိမိသက်ဆိုင်ရာမဲဆန္ဒနယ်မှ အနိုင်ရရှိ သွားသည့် လွှတ်တော်ကိုယ်စား လှယ်များထံတွင် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ပြည်သူများအနေဖြင့် သိရှိမှုနည်းပါးသည့်အပြင် မိမိနှင့်သက်ဆိုင်ရာမဲဆန္ဒနယ်မှ ရွေး ကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်ကိုပင် ပြည်သူများ မသိရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။

မိမိတို့ရွေးကောက်တင်မြှောက်ခံရသည့် သင်္ဃန်းကျွန်းမြို့နယ်၌မူ အစိုးရသစ်မှ အာဏာလွှဲပြောင်းမယူမီ လွှတ်တော်ကိုယ်စားလှယ်များ  ကတိ သစ္စာ မကျိန်ဆိုမီကတည်းကပင် တိုင်ကြားမှုများကို ကြုံတွေ့ရကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ဈေးသည်များ ဈေးရောင်းခွင့် မရတော့သည့် အတွက် ဒုက္ခရောက်ခဲ့ကြရကြောင်း၊ ယင်းကိစ္စရပ်အား လိုက်လံစုံစမ်းသည့်အခါ၌ ဈေးသည်အချို့မှာ ယာယီနေရာရရှိ၍ ဈေးသည်အချို့မှာ နေရာကောင်း များရရှိသည်ပာု ကြားသိရကြောင်း၊ ယခုအခါ ပြဿနာများကို လာရောက်တိုင်ကြားနိုင်ကြောင်း ပြည်သူများကြားသိသည့်အခါ၌ ရေပြဿနာများ၊ ရပ်ကွက် အုပ်ချုပ်ရေးများနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို လာရောက်တိုင်ကြားကြကြောင်း၊ ပြည်သူများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် လိုက် လံ ဖြေရှင်းပေးခဲ့ရကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့နေပြည်သူများပင် မိမိတို့နယ်မှ ရွေးကောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို မသိရှိကြောင်း၊ လွှတ်တော်အမတ်များ အနေဖြင့်လည်း မိမိတို့မြို့နယ်အတွင်းမှအများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို သိရှိထားသင့်ကြောင်း၊ မြို့နယ်အတွင်း၌ရှိသည့် တာဝန်ရှိသူများ ပြည်သူ များကလည်း မိမိတို့မြို့နယ်အတွင်း၌ ပြဿနာရပ်များကို လွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်အကူအညီတောင်းခံသင့်ကြောင်း၊ အစိုးရဝန်ထမ်း များနှင့် အလုပ်လုပ်ရန် ပြည်သူများနှင့် လွှတ်တော်အမတ်များက ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတတ်ရေးပါတီမှ ဦးဦးလှစောက ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသော ပြဿနာများ၊ အခက်ခဲများကို မိမိတို့နေထိုင်သည့် သက်ဆိုင်ရာမဲဆန္ဒနယ်များမှ လွှတ်တော် ကိုယ်စားလှယ်များထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရှိရမည့်အပြင်  လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူများ၏ အခက်အခဲ များသည် မိမိတို့ထံတွင်တာဝန်ရှိကြောင်း သိရှိနေရမည် ဖြစ်သည်။ သို့သော် အချို့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများအခက်အခဲများကို ဖြေရှင်းမပေးနိုင်သည့်အပြင် မိမိတို့မဲဆန္ဒနယ်များတွင်ပါ နေထိုင်ခြင်းမရှိကြောင်းသိရသည်။

(Venus News Journal အတွဲ-၂၊ အမှတ်-၃၉၊ ပါ “ပြည်သူများအခက်အခဲရှိပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ထံ ဆက်သွယ် အကူအညီတောင်းခံနိုင် ပြည်သူ့အခက်အခဲများကို ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များထံတွင် တာဝန်ရှိ” သတင်းအား အကျဉ်း ချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ အမေရိကန်အထူးကိုယ်စားလှယ်ထားရှိရေးသည် အပြုသဘောဆောင်ခြင်းသာဖြစ်

မြန်မာ-အမေရိကန် ဆက်ဆံရေး၌ အမေရိကန်မှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ထားရှိခြင်းသည် အပြုသဘောဆောင် ခြင်းသာ ဖြစ်သည်ပာု မြန်မာနိုင်ငံရေးဆောင်ရွက်သူများက သုံးသပ်ပြောကြားခဲ့သည်။

ယခုကဲ့သို့ အမေရိကန်အထူးကိုယ်စားလှယ်ထားရှိခြင်းသည် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အလေးထားသည့်သဘော သက်ရောက် ကြောင်း၊ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံတော့မည့် သဘောသက်ရောက်ကြောင်း၊ မြန်မာ-အမေရိကန်ဆက်ဆံရေးသည် အပေါင်းလက္ခဏာ ဆောင်လာပြီဖြစ်ကြောင်း ယခင်နိုင်ငံရေးသမားပောာင်း သံတမန်ပောာင်းတစ်ဦးလည်းဖြစ်သည့် သခင်ချန်ထွန်းကပြောကြားခဲ့သည်။

ယခင်က အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သတ်၍ ကုလသမဂ္ဂအထူးကိုယ်စားလှယ်များသာ ထားရှိခဲ့ရာမှ ယခုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိခြင်းသည် မြန်မာနိုင်ငံနှင့်ပတ်သတ်၍ အမေရိကန်မှ ပေါ်ထွက်လာသည့် အမေရိကန်၏ ထူးခြားချက်တစ်ခုပင် ဖြစ်သည်။

ယခင် သံမှူးအဆင့်လောက်နှင့် ဆက်ဆံနေရာမှ ယခုအခါ သံအမတ်ကြီးအဆင့်လောက်နှင့် ဆက်ဆံရတော့မည်ဖြစ်သဖြင့် မြန်မာ-အမေရိကန် ဆက်ဆံရေးသည် အပြုသဘောဆောင်သည့်အတွက် ကောင်းမွန်ကြောင်း နိုင်ငံတကာ ရေးရာ သုတေသီ ပုဂ္ဂိုလ်တစ်ဦးကလည်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အရေးယူဆောင်ရွက်မှုများပြုလုပ်ထားခဲ့ရာ ပြည်တွင်းရှိ ရွေးကောက်ပွဲဝင် ဒီမို ကရေစီ ပါတီများက ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထားရှိ ခြင်းသည် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရန် လမ်းစပေါ်လာခြင်းပင်ဖြစ်သည်ပာု နိုင်ငံရေးသမားအချို့က ရှုမြင်သုံးသပ်ခဲ့ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ထားရှိရုံဖြင့် အပြောင်းအလဲချက်ခြင်း တွေ့မြင်ရမည် မပာုတ်ကြောင်း၊ မြန်မာ့နိုင်ငံရေး၌ ထဲထဲဝင်ဝင်ဝင် ရောက်လေ့လာရဦးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရသစ်၏ အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီအင်အားစုဝင်များ၏ ဆောင်ရွက်ချက် များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်အပေါ် လုပ်ဆောင်စေချင်သည့် ကိစ္စရပ်များကို စောင့်ကြည့်ပြီးမှသာ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံအတွင်း အကြောင်းပြန်ပေးရမည် ဖြစ်ကြောင်း၊ ယင်း အကြောင်းပြန်မှုအပေါ်မူတည်၍ အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပေါ်လစီများကို ပြောင်းလဲမှာဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက်၌ ရလာဒ်ကောင်းများပေါ်ထွက်လာမည်ဆိုပါက အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများကို ပိုမိုလုပ်ဆောင်လာမည်ပာု ယူဆမိကြောင်း၊ အထူးကိုယ်စားလှယ်ထားရှိရုံဖြင့် ချက်ခြင်းပြောင်းလဲလိမ့်မည်ပာု မယူဆကြောင်း ပြည် ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိခြင်းသည် အပြုသဘောဆောင်သည့် အတွက်ကောင်းမွန်မှု ရှိသော်လည်း အကျိုးဆက်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။

(Envoy Journal အတွဲ-၂၊ အမှတ်-၃၊ ပါ “မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိရေးမှာ အပြုသဘောဆောင်သည်ပာု မြန်မာ့အရေးဆောင်ရွက်သူအများစုက ရှုမြင်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေများ ရေးဆွဲထုတ်ပြန်မည်

ပြည်ထောင်စုမြန်မာနိုင်ငံ၌ အပြောင်းအလဲများနှင့်အတူ အစိုးရသစ်လက်ထက်၌ ရပ်ကွက်၊ ကျေးရွာများရှိ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော အုပ်ချုပ်ရေးမှူးများနှင့် ပတ်သတ်၍ လက်ရှိအနေအထားဖြင့် ကိုက်ညီမည့်ဥပဒေ ရေးဆွဲထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်၊ ကျေးရွာများအား လက်ရှိအခြေအနေဖြင့်ချိန်ဆ၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အရည်အချင်း၊ တာဝန်ခံရေးနှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ရေး၊ အခြေခံတရားစီရင်ရေးနှင့် ရပိုင်ခွင့်များ သတ်မှတ်ပေးနိုင်ရေးတို့ကို ဥပဒေရေးဆွဲထုတ်ပြန်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ တော် နိုင်ငံတော် ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

ဥပဒေရေးဆွဲရာ၌ အချိန်ယူ၍ ရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ ယခင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးများကို အဖွဲ့နှင့်လုပ်ကိုင်ခြင်းထက် ယခုကဲ့ သို့ ဥပဒေများ၊ စည်းဘောင်များနှင့် တစ်ဦးတစ်ယောက်တည်းကို ရွေးကောက်တာဝန် ပေးအပ်သည့်အခါ၌ အခွင့်အရေး၊ လုပ်ပိုင်ခွင့်များ ပေးထားသင့် ကြောင်း၊ မည်ကဲ့သို့ထိန်းချုပ်မည်ဆိုသည်ကို အတိအကျ ဥပဒေထားရှိရန် လိုအပ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖွဲ့စည်းရန် သတ်မှတ်ချက်များ မပါရှိသည့်အတွက် ယင်းကိစ္စရပ် များနှင့် ပတ်သတ်၍ အောက်ခြေမှလိုအပ်ချက်ရှိမှသာ ၎င်းတို့အစီအစဉ်ဖြင့်သာ ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

(Messenger Journal အတွဲ-၁၊ အမှတ်-၅၁၊ ပါ “ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်သည့်ဥပဒေများ ရေးဆွဲထုတ် ပြန်မည်” သတင်းအား အကျဉ်းချုံးဖော်ပြသည်။)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးရမယ့် ကိစ္စမျိုးတွေမှာ မေးထားတဲ့မေးခွန်းတွေဆိုရင် ပြုပြင်ပြီးရင်လဲ ဘယ်လိုပြုပြင်ပြီးဆိုတဲ့အကြောင်း ဆောင်ရွက်ပေးမယ်ဆိုလဲ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်း၊ ဆောင်ရွက်ပြီးရင်လဲ ဆောင်ရွက်ပြီးတဲ့အကြောင်းတွေ ပြန်ဖြေပေးထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ပြည်သူတွေကို ပြန်တင်ပြနိုင်အောင် နောက်တစ်ပတ်ထဲမှာ ပြန်ဖြေပေးသွားမယ်။ မေးထားတဲ့ ကိုယ်စားလှယ် တွေကို စာနဲ့ပြန်ဖြေ ပေးပါမယ်"

မေ ၁၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၁၇) တွင်ပါသည့် "ကြယ်ပွင့်ပြမေးခွန်းမဟုတ်သော လွှတ်တော်ပြင်ပ မေးခွန်းများကို စာဖြင့် ပြန်လည်ဖြေကြားမည်" သတင်းမှ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အထူးပြုကုမ္ပဏီများမှ စပါးတစ်ဧက တင်း ၁၀၀ ပြည့်ရေး စီမံချက်အတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးမည်စု သိရသည်။ ယင်းကဲ့သို့ လိုအပ်သော ငွေကြေးထုတ်ချေးမှုများရှိရာတွင် တစ်ဧကအတွက် ငွေကျပ်တစ်သိန်းမှ တစ်သိန်းခွဲ အထိ ထုတ်ချေးပေးနေကြောင်း သိရသည်။ ချေးငွေများ ထုတ်ပေးရာတွင် အတိုးနှုန်းအဖြင့် ကျပ်တစ်ရာလျှင် နှစ်ကျပ်နှုန်းသတ်မှတ်ထားကြောင်း သိရ သည်။ ယခုကဲ့သို့ လုပ်ဆောင်ရာတွင် တောင်သူများဘက်မှ မျှော်လင့်ထားသလို လယ်ယာထွက်သီးနှံများအား အထူးပြုကုမ္ပဏီများသို့ ပြန်လည်ရောင်းချ လိုမှုများ တွင်ကျယ်မှုမရှိသေးကြောင်းသိရသည်။

မေ  ၁၂ ထုတ် ENVOY အတွဲ(၂) အမှတ်(၃) တွင်ပါသည့် "တောင်သူလယ်သမားများကို အထူးပြုကုမ္ပဏီများမှ ငွေ ထုတ်ချေး" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အနည်းဆုံး တန်၃၀၀၀ အထက်သွင်းနိုင်မယ့် ကုမ္ပဏီ ၁၀ ခုရတယ်။ တန် ၃၀၀၀ မသွင်းနိုင်တဲ့သူတွေကိုလည်း စုပေါင်းပြီး ကုမ္ပဏီဖွဲ့ခိုင်းတယ်။ ဒီ အတွက် ကုမ္ပဏီမှတ်ပုံတင်ကိစ္စကို နေ့ချင်းပြီးဆောင်ရွက်ပေးမယ်။ နောက်မှ Backing လိုက်မယ်" ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက " ၁၃၀ကျော် သွင်းခွင့်ရတဲ့အတွက် အစပိုင်းမှာတော့ အားနည်းချက်တွေ ရှိဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် တစ်ယောက် တည်းသွင်းတာထက်စာရင် ကောင်းတာပေါ့။ ဒီအခါ အပြိုင်အဆိုင်လုပ်ရင်းနဲ့ စားသုံးသူအတွက် ပိုကောင်းလာမယ်။ ထပ်ပြီးတော့ ပီပြင်မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပိုမိုပီပြင်လာရင် စားသုံးသူအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှု၊ ပိုကောင်းတဲ့ ကုန်စည်တွေ ရွေးချယ်သုံးစွဲစားသုံးခွင့်ရလာမယ်"

မေ ၁၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၁၇) တွင်ပါသည့် "စားအုန်းဆီတင်သွင်းခွင့် တစ်ဦးတည်းခွင့်ပြုခဲ့ရာမှ ကုမ္ပဏီ ၁၃၀ ကျော်ကို တင်သွင်းခွင့်ပြု" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဆန် Export ပို့တယ်ဆိုတာက ဈေးကွက်ထဲကဟာကို ဝယ်ပြီး ပို့နေရုံတင်မဟုတ်ဘူး။ ဈေးကွက်ထဲကဟာကို ဝယ်ပြီး ကုန်သွယ်တယ်။ ဈေးကွက်ထဲမှာ မရှိရင် ကုန်မသွယ်ဘူးဆိုတာမဖြစ်ရအောင် Export ပို့ရင် စိုက်ပျိုးရေး လုပ်ငန်းကို ပြန်ပြီးတော့ကြည့်ရမယ်။ ရင်းနှီးမြုပ်နှံမှုတွေ စိုက်ပျိုးရေးလုပ်ငန်းထဲ ပြန်ပြီးစီးဝင်သွားရင် ပိုပြီးတော့ များများထွက်မယ် ပိုပြီးတော့ များများပို့နိုင်မယ်။ ဈေးကွက်ထဲကဟာကိုပဲ ဝယ်ပို့ရင် လယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးတိုး တက်မှုကို မစဉ်းစားဘူး။ ဆန်စက်တွေ ဂိုဒေါင်တွေ ကောင်းလာအောင် မစဉ်းစားဘူးဆိုတာမျိုးမဖြစ်ဘဲနဲ့ လယ်သမားတွေအကျိုးရှိတဲ့ မျိုးတို့ သွင်းအား စုတို့ စိုက်ပျိုးစရိတ်တို့ ပံ့ပိုးပေးမယ်။ လယ်ဧကဘယ်လောက်ပဲစိုက်စိုက် သူတက်နိုင်တဲ့ပမာဏအတွင်းက လယ်ယာလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက်ကို လုပ်သွား တဲ့သူတွေကို ဦးစားပေးပြီးတော့ ဆန်ပို့ဖို့လုပ်သွားမယ်။ စက်ပိုင်ပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ် အသင်းအနေနဲ့ Export ပို့ဖို့ခွင့် ပြုသွားမှာပါ"

မေ ၁၁ ထုတ် မြန်မာပို့စ် အတွဲ(၃) အမှတ် (၁၇) တွင်ပါသည့် "ဆန်Export လိုင်စင် တစ်ပတ်အသွင်းချထားပေး' သတင်းမှ မြန်မာဆန်စပါး လုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အသစ်ဖြစ်ထွန်းလာသည့် နိုင်ငံရေးလွတ်လပ်ခွင့်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ မြန်မာနိုင်ငံကဲ့သို့ အတိုက်အခံအလွန်နည်းသည့် လွှတ်တော်နှင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် နိုင်ငံဖြစ်သည့် စင်ကာပူအစိုးရသည် ယခုအခါတွင် နိုင်ငံခြားသားများကြောင့် လုပ်ခလစာများ ကျဆင်းရခြင်းတွေ၊ အိမ်ရာအဆောက်အအုံ ဈေးများ တက်ခြင်းတွေ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ရထား၊ ကား စသည့်များကြောင့် လူတွေများလာပြီး ပြည့်ကျပ်ပိတ်ဆို့မှုများရှိလာခြင်း အစရှိသည့် အစိုးရမှ ပေးအပ်သော ပြည်သူ့ရေးရာဝန်ဆောင်မှုများ စင်ကာပူပြည်သူများအနေဖြင့် မကျေမနပ်ဖြစ်နေကြသည်။ အတိုက်အခံများသည်လည်း ယင်း အချက်များ ကိုသာ ထောက်ပြဝေဖန်နေကြပါသည်။

စင်ကာပူနိုင်ငံ မတ်လ ၇ ရက်နေ့ရွေးကောက်ပွဲတွင် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party) ပီအေပီပါတီသည် အမတ်နေရာ တော်တော်များများဖြင့် ဆက်လက်အနိုင်ရရှိသွားသော်လည်း အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကလို လွယ်လွယ်ကူကူ အနိုင်ရရှိသွားသည်တော့ မဟုတ်။ အကြိတ်အနယ်ဖြင့် ပွတ်ကာသီကာဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းအောင် ယှဉ်ပြိုင်ခဲ့ကြရလေသည်။ ဤသို့သော တွေ့ကြုံမှုမျိုး နိုင်ငံရေး ကျွမ်း ကျင်သူများက စင်ကာပူလူ့အဖွဲ့အစည်းတွင်း နိုင်ငံရေးလွတ်လပ်ခွင့် တစ်စုံရှိနေပြီ မီဒီယာမျက်နှာစာများတွင် သုံးသပ်ချက်များဖြင့် ပြည့်နှံ့နေလျက် ရှိ သည်။ ဤသည်မှာလည်း မှန်ပါသည်။ PAC ပါတီသည် အာဏာရလာသည်မှာ သက်တမ်း ၅၂ ရှိနေပြီဖြစ်သော်လည်း အတိုက်အခံပါတီသည် ဘယ်တုန်း ကမှ အမတ်လေးနေရာထက်ပိုမရခဲ့။ ယခုတစ်ကြိမ်မှာတော့ အမတ် ၈၇ နေရာရှိရာ အမတ် ၈၂ နေရာရောက်ထိတိုင်အောင် အတိုက်အခံပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

စင်ကာပူ တက္ကသိုလ်မှ အကြီးတန်းသုတေသနအဖွဲ့ဝင် ဂေလီယန်ကိုးဟ် သုံးသပ်သလို ယခင်တုန်းက အတိုက်အခံတွေအနေနှင့် လူသစ်မစု ဆောင်းနိုင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ကာလာကြာရှည်ရှိနေခဲ့သည့် အကြောက်တရားများကြောင့် ဖြစ်သည်။ ယနေ့ခေတ်အခြေအနေမှာ ထိုကဲ့သို့ မျိုး မဟုတ်တော့။ နိုင်ငံရေးနယ်ပယ်မှာ လွတ်လပ်မှုတွေရှိနေသည်ကို တွေ့နေရသည်။ ယခုဆိုလျှင် ပီအေပီပါတီ၏ ပိုစတာဒါဇင်ပေါင်းများစွာကို ရေးခြစ် ဖျက်ဆီးတာမျိုးတောင် ရှိနေကြပြီလေ။ လက်သရမ်းဖျက်ဆီးမှုကြောင့် ကြိမ်ဒဏ်အပြစ်ပေးခံရနိုင်သည့် စင်ကာပူလိုနိုင်ငံမျိုးမှာ သည်လိုကိစ္စမျိုးသည် ကြားတောင် ကြားဖူးမည်မဟုတ်။ ပြစ်ဒဏ်ပေးခြင်းကြောင့် မီဒီယာမျက်နှာစာများတွင် ဟိုးလေးတစ်ကျော် ဖြစ်သွားရသည့်ကိစ္စဟူ၍ ၁၉၉၄ခုနှစ်က အမေ ရိကန် ဆယ်ကျော်သက် မိုက်ကယ်ဖေးကို ကြိမ်ဒဏ်အပြစ်ပေးခြင်းမျိုး လောက်ပင်ဖြစ်သည်။

ပီအေပီပါတီနှင့် စင်ကာလူမှုစီးပွားရေးဘဝ၏ အဓိကကျောရိုးက လီကွမ်ယုပဲဖြစ်ပါသည်။ အသက် ၈၇နှစ်အရွယ် ရှိပြီဖြစ်သော လီကွမ်ယုမှာ ယခု အချိန်အထိတိုင် သြဇာကြီးမားဆဲ အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ဆက်လက်တည်တံ့လျက် ရှိပါသည်။ အနောက်တိုင်းမီဒီယာများက လီကွမ်ယုကို ဒီမိုကရေ စီ မျက်နှာဖုံးစွပ်ထားသည့် အာဏာရဝိဂြိုလ်ပြုကြပါသည်။ သို့သော် လီကွမ်ယု ရှေ့ထွက်၍လည်းကောင်း၊ နောက်ကွယ်ကလည်း တာဝန်ယူဦးဆောင် ခဲ့သည့် PAP ပါတီသည် အလုပ်အကိုင်တွေ ဖန်းတီးပေးနိုင်ခြင်း၊ ပညာရေးတိုးတက်အောင် လုပ်ပေးနိုင်ခြင်းနှင့် ကျွမ်းကျင်ပြီး ခြစားမှုကင်းသည့် ဗျူရို ကရေစီတို့ကို ကောင်းစွာတည်ဆောက်နိုင်ခဲ့လေသည်။ အင်္ဂလိပ်ဘာသာကို အများသုံးဘာသာစကားအဖြစ် ရွေးချယ်နိုင်ခဲ့သည်ကပင် သမိုင်းဝင် မူဝါဒ ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။ လူတစ်ဦးချင်းအတွက် စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုးက ၁၉၆၀ ပြည့်နှစ်မှာ ၄၂၈ ဒေါ်လာရှိခဲ့ရာမှ မနှစ်က ၄၃၈၆၇ ဒေါ်လာ ရှိလာခဲ့ပါသည်။  သြစတြေးယီးယား အမျိုးသား တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် ဘန်ဂျမင် မင်ရဲလီး၏ စင်ကာပူနိုင်ငံရေး သုံးသပ်ချက်တစ်ခုမှာ စင်ကာပူနိုင်ငံ၏ မဟာတန်ဖိုးသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်နှစ်ခုအကြားမှာ ရပ်တည်နေနိုင်ခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ တန်ဖိုးစံ အနှစ်သာရများ မပါ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ စနစ်များဖြင့် အုပ်ချုပ်နေလျက်ရှိသော်လည်း အလုပ်ဖြစ်လျက်ရှိပါသည်။

သို့သော် ပီအေပီပါတီ၏ အစဉ်အလာအားဖြင့် အသက် ၃၅ နှစ်အရွယ် မစ်ချဲလီတို့လို စင်ကာပူနိုင်ငံ၏ အကောင်းဆုံးနှင့် အတော်ဆုံးလူများကို ဆွဲဆောင်နိုင်စွမ်း ရှိသေးသော်ငြားလည်း အစိုးရပေါ်လစီအမှားများကို ပြုပြင်နိုင်ရန်သော် လည်းကောင်း၊ နိုင်ငံရေးလွတ်လပ်မှုအတွက်သော်လည်းကောင်း အတော်ဆုံးသောသူများက အတိုက်အခံများကို ထောက်ခံကြလေသည်။ မစ်ချဲလီသည် အကောင်းဆုံး အထက်တန်းကျောင်းကပြီးစီးသည့်အပြင် လန်ဒန် စီးပွားရေး တက္ကသိုလ်မှာလည်း ဘွဲ့ရခဲ့သူဖြသည်။ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးရုံးများတွင် အလုပ်လုပ်ခဲ့ဖူးသူလည်းဖြစ်သည်။ သို့သော် သူမသည် အတိုက် အခံ စင်ကာပူ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦး ဖြစ်သည်။

သူမသည် တက္ကသိုလ်မသွားခင်တုန်းက ပီအေပီပါတီထောက်ခံခဲ့သော်လည်း တက္ကသိုလ်ရောက်ပြီး မျက်စိပွင့်၊နားပွင့်ဖြစ်ကာ နိုင်ငံရေး လွတ် လပ်မှုကို ပိုမို၍ လိုလားသောကြောင့် ပီအေပီပါတီ မည်သို့မျှ ထောက်ခံ၍ မရတော့ပေ။

မြန်မာနိုင်ငံသည်လည်း ယခုအခါတွင် သတင်းစာလွတ်လပ်ခွင့်များ ယခင်ကထက်ပိုမို၍ ပေးအပ်နေသည်ကို ဦးသုခထူထောင်ခဲ့သည့် ကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်းဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်မှ လာရောက်ဖွင့်လှစ်ပေးခြင်းတွင် မီဒီယာမျက်နှာစာများတွင် ထင်ထင်ပေါ်ပေါ်ရေးသား ထုတ်ဝေလာကြသည်။ ထို့အပြင် ကုန်သွယ်ရေးမူဝါဒ ကောင်းများထွက်ပေါ်လာရန် စီးပွားရေးနှင့် ကူသန်းရေားဝန်ကြီးဌာနမှ ချမှတ်လျက်ရှိသည်ကို တွေ့ နေရပါသည်။ ပြည်သူများအခက်အခဲရှိလာပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဆက်သွယ်အကူအညီတောင်းခံနိုင် ပြည်သူ့ အခက်အခဲ များကို ဖြေရှင်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ရှိသွားပြီဖြစ်လေသည်။ လွှတ်တော်ကိုယ်စား လှယ်များကလည်း မဲဆန္ဒရှင်များမှ ပေးအပ် သော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရ တင်ပြအစီရင်ခံပြီး ဖြေရှင်းစေသောလမ်းကြောင်းဖြင့် ပြည်သူများအတွက် အကျိုးများမှုများ ရှိလာမည်ဖြစ်သည်။ နိုင်ငံရေးလွတ်လပ်မှု အပြည့်အဝရသည့် ပုံစံမျိုးဖြစ်သော အားကောင်းသည့် အတိုက်အခံနှင့် ဒီမိုကရေစီ တန်ဖိုးစံ များ ပေါ်ထွန်းလာဖို့ စောသေးသည့်တိုင် စနစ်ပြောင်းလဲသွားပြီဆိုကတည်းကိုက ဒီမိုကရေစီယန္တရားမှ အာဏာပိုင်ယန္တရားထက် တစ်စုံတစ်ရာ လွတ်လပ် မည်မှာ မလွဲမသွေပင် ဖြစ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs