Transparency Myanmar

transparency.myanmar@gmail.com

ခရော်နီကယ် စာဖတ်ပရိတ်သတ်များ ခင်ဗျာ...

ယခုတစ်ပတ် သတင်းလွှာကို စာဖတ်သူများ လက်ထဲ အချိန်မှီ ရောက်အောင် ပေးနိုင်ဖို့ ကြိုးစားထားပါတယ်။ မှတ်သားရမယ့် သတင်းများနဲ့ အတူ ဗီဂျေးနမ်ဘီးယားနဲ့ မြန်မာနိုင်ငံ၊ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံရဲ့ အရေးကို စဉ်းစားစရာ တစ်ခုခုရအောင် ပေးနိုင်မယ့် ဆောင်းပါးများက စာဖတ်သူများကို သဘောကျစေမယ်လို့ မျှော်လင့်ပါတယ်။

လေးစားလျှက်..

ခရော်နီကယ် အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

 

၁၃.၅.၂၀၁၁

ပြည်တွင်းသတင်းများ

စီးပွားရေးပိတ်ဆို့မှုကြောင့် သစ်လုပ်ငန်းဖွံဖြိုးမှု လျော့ကျ

ရန်ကုန်၊ မေ ၁၃။

မြန်မာ့သစ်လုပ်ငန်း ဖွံဖြိုးမှု လျော့နည်းရခြင်းမှာ အမေရိကန်နှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စီးပွားရေးပိတ်ဆို့မှုတွေကို ကြုံခဲ့တဲ့နှစ်တွေကစပြီး၊ သစ်တင်ပို့မှုတွေ လျော့နည်းလာတာ အခုထိပဲ၊ မြန်မာ့ကျွန်းကို ဈေးကောင်းပေးဝယ်နိုင် တာက ဥရောပနိုင်ငံတွေပဲ ရှိတာလေ။ သူတို့မဝယ်တော့ ကျွန်တော်တို့က အာရှဈေးကွက်ပဲ ထိုးဖောက်နိုင်တာ၊ အာရှဈေးကွက်တောင် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယလောက်ပဲ ပို့နိုင်တာလေ၊ တရုတ်ကျတော့လည်း တရားဝင်ကိန်းဂဏန်းတွေအရ သူတို့ဝယ်တာ နည်းသေးတယ်လေ။ အဲဒီ နိုင်ငံတွေ ကလည်း ကုန်ကြမ်းရောင်းမှ ဝယ်တာ၊ ကုန်ချောဆို သူတို့ထုတ်နိုင်တော့ မဝယ်ကြဘူး။ ဒီတော့ ကျွန်တော်တို့မှာ log အလိုက် ပို့နေရတော့ မြန်မာ့သစ် လုပ်ငန်းက သိသိသာသာ ဖွံဖြိုးလာတာ မရှိတော့ဘူး။ ကုန်ကြမ်းရောင်းရတဲ့ အဆင့်နဲ့တင်ရပ်နေရတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

စီးပွားရေး ပိတ်ဆို့ခံထားရခြင်းကြောင့် မြန်မာနိုင်ငံသည် Enduser Market သို့ ဈေးကွက်ထိုးဖောက်နိုင်ခြင်း မရှိဘဲ ကုန်ကြမ်းရောင်းရသူ အဆင့်အနေဖြင့်သာ ရပ်တန့်နေရကြောင်း သစ်တင်ပို့နေသော ကုမ္ပဏီတစ်ခုမှ MD က ဆိုသည်။

“ဥရောပက တကယ့်ကို မြန်မာ့သစ်တွေအတွက် ဈေးကွက်ကြီးဗျ။ ဒီဈေးကွက်ကြီးကို အရင်က ၂၀၀၂လောက်က တစ်နှစ်ကို ကွန်တိန်နာ ၁၅ လုံး လောက် ပိုပေးနေရတာ။ အခုဆို အဲဒီဈေးကွက်မရှိတော့ အာရှဈေးကွက်ကိုပဲ တစ်နှစ် ကွန်တိန်နာ ၃ လုံးလောက်ပဲ ပို့ရတော့တယ်။ သစ်အချောထည် စက်ရုံဆောက်ဖို့ကြတော့လည်း ရင်းနှီးမြုပ်နှံမှုရယ်၊ လက်ရှိ ဈေးကွက်အခြေအနေရယ်က မဖြစ်နိုင်တဲ့ အနေအထားရှိတော့ ဒီအတိုင်းလေးပဲ မှေးလုပ်နေရ တယ်။ EU က Santion ပြန် ဖွင့်ဖို့ကိုတော့ မျှော်တယ်။ ဒါမှသာ သစ်လုပ်ငန်းက ဖွံဖြိုးလာမှာကိုး" ဟုဆိုသည်။

မြန်မာနိုင်ငံမှ သစ်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးပတ်ဆို့မှုနှင့်ဆိုင်သည့် ကိစ္စရပ်များကို EU မှ ကိုယ်စားလှယ်များနှင့် သုံးခါ ဆွေးနွေးခဲ့ဖူး သော်လည်း အပြောင်းအလဲများ ဖြစ်လာခြင်းမရှိကြောင်း သိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

 

လုပ်ငန်းရှင်အချို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ကိုင်လို

ရန်ကုန်၊ မေ ၁၂။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တပာုန်ထိုးဝင်ရောက်လာပြီးနောက်ပိုင်းတွင် ပြည်တွင်းလုပ်ငန်းရှင်အချို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များနှင့် ပူးပေါင်း၍ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လို ကြောင်းသိရသည်။

ပြည်တွင်းလုပ်ကိုင်မှုများမှ စီးပွားရေးအကျိုးအမြတ်ရရှိရန်မှာ နည်းပညာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည့်အတွက် နိုင်ငံခြားသား များသို့ အကျိုးအမြတ်ခွဲဝေပေးရမည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်လိုကြောင်း ပြည်တွင်းလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက်၌ နိုင်ငံတော်မှ လုပ်ငန်းအတော်များများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ငန်းများခွဲဝေလုပ်ကိုင်ခွင့် ပေးနေသည့်အတွက် တစ်ဦးချင်းရင်းနှီးမြှုပ်နှံမှု၊ နည်းပညာရရှိရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍လုပ်ဆောင်မည်ဆိုပါက နိုင်ငံတွင်းလုပ်ငန်းများ၌ နည်းပညာနှင့် ဈေးကွက်ပါ ရရှိလာနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့ ထရိတ်ဒါးပိာုတယ်၌ ပြုလုပ်ခဲ့သည် စီချွမ်-မြန်မာစီးပွားရေးဆွေးနွေးပွဲ၌ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်လုပ်ငန်း ရှင်များက မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ဖိတ်ခေါ်ခဲ့ပြီး သတ္တုရှာဖွေရေးလုပ်ငန်းရှင်အချို့ကလည်း စက်နှင့် နည်းပညာများရရှိရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လယ်ယာကဏ္ဍမှ စက်မှုလယ်ယာ ဖြစ်ရန်လိုအပ်ကြောင်း၊ အိမ်တွင်းမှုလုပ်ငန်းတွင် တစ်ရက်လျှင် ဂါလန် ၁၀၀ ထုတ်ရာမှ စီးပွား ဖြစ် ဂါလန် ထောင်ချီ၊ သောင်းချီထုတ်နိုင်မည်ဆိုပါက ဈေးလျှော့ရောင်းနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုများတွင် ထုတ်လုပ်မှုစရိတ်သက်သာမှသာ ဈေးချို ချိုနှင့် လျှော့ရောင်းနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်း ရှင်တစ်ဦးကပြောကြားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စိုက်ပျိုးရန် လယ်ဧကများစွာ ရှိသည့်အတွက် ယင်းလုပ်ငန်းများ ကောင်းမွန်နိုင်ရန် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူအများအပြားလိုအပ်ကြောင်းသိရသည်။

(မော်ဒန်၊ အမှတ်-၂၅၇ “လုပ်ငန်းအချို့စုပေါင်းအားလို” သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကဘဏ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုအားနည်းနေ

ရန်ကုန်၊ မေ ၁၂။

မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ဘဏ်လုပ်ငန်းအချင်းချင်း ဆက်သွယ်လုပ်ကိုင် ဆောင်ရွက်မှု များ အားနည်းနေသည်ပာု ဘဏ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်အချင်းချင်း အနည်းအကျဉ်း ကူညီမှုမျိုးလောက်သာရှိကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ နည်းစနစ်အရ ကူညီမှုများ မရှိသေး ကြောင်း၊ ယင်းကိစ္စရပ်များကိုလုပ်ဆောင်မည်ဆိုပါက ဗပာိုဘဏ်၏အခန်းကဏ္ဍမှာ အရေးပါလာပြီဖြစ်ကြောင်း၊ ပြောင်းလဲသွားပြီဆိုပါက ဘဏ်အချင်း ချင်း ချေးငွေအပေါ်အတိုးမှာလည်း အရေးပါလာမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်အချင်းချင်း ကူညီလုပ်ဆောင်နေမှုများတွင် ငွေလွှဲပြောင်းမှုလုပ်ငန်းကိုသာ အများဆုံး လုပ်ဆောင်လျှက်ရှိကြောင်း၊ AGD ဘဏ်မှာ လတ်တလော၌ ဘဏ်ခွဲခြောက်ခုသာရှိသော်လည်း တစ်နိုင်ငံလုံးရှိ မြို့ပေါင်း (၇၀)တွင် ဘဏ်ခွဲပေါင်း ၁၀၀ လောက်နှင့် ချိတ်ဆက်လုပ် ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်းတွင် ငွေလွှဲလုပ်ငန်းတစ်ခုတည်းသာရှိကြောင်း၊ အပ်ငွေ ပိုင်း၌ ပူးပေါင်းလုပ်ဆောင်မှုမရှိကြောင်း၊ အခြားနိုင်ငံများနည်းတူ ATM စနစ်ပေါ်လာမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အခြားနိုင်ငံများရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းပုဂ္ဂလိကဘဏ်အချင်းချင်း ဆက်သွယ်လုပ်ဆောင်မှုစနစ် ပိုမို ကောင်းမွန်လာကြောင်းလိုအပ်ကြောင်း၊ အင်တာနက်၊ အွန်လိုင်းစနစ် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယခုပြည်တွင်း၌ Inter Bank Market မဖြစ်သေးပာုယူဆရကြောင်း၊ လာမည့် ၂၀၁၅ ၌ အာဆီယံဘုံဈေးကွက်ဖြစ်ပေါ်လာပြီဆိုပါက အခြားနိုင်ငံရှိ ဘဏ်များနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရန် ပုဂ္ဂလိက ဘဏ် များသည် ဖွံ့ဖြိုးတိုးတတ်မှုဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ လုပ်ရဦးမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိ သူတစ်ဦးကပြောကြားခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်ရှိ ဆင်းရဲနွမ်းပါးကျောင်းနေအရွယ်ကလေးများစာရင်း ကောက်ယူထောက်ပံ့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းနေနိုင်ရေးအတွက် ပညာရေးထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ယင်းကလေးငယ်များအား စာရင်းကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအား ပညာသင်ကြားနိုင်ရန် ကျောင်းဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများ၊ မြို့နယ် ရပ်ကွက် လူကြီးများမှ ကွင်းဆင်း၍ စာရင်းများကောက်ယူလျှက်ရှိကြောင်း၊ ငွေကြေးမပြည့်စုံမှုများကြောင့် ကျောင်းမနေနိုင်သည့်ကလေးများအား ကျောင်းစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊  စာရေးကိရိယာနှင့် ကျောင်းဝတ်စုံမလုံလောက်ပါက ထောက်ပံ့ပေးရန် အမျိုးသမီးရေးရာအဖွဲ့ မိခင်နဲ့ ကလေးစောင့် ရှောက်ရေးအဖွဲ့တို့နှင့် အခြားလူမှုရေးအဖွဲ့စည်းများတို့ ပူးပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ အလှူရှင်များ ကိုရှာ၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့၌ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာများတွေ့ဆုံပွဲတွင် ဦးခင်မောင်ထွန်းကပြောကြားခဲ့သည်။

ပညာရေးနှင့် ပတ်သတ်၍ ကျောင်းလက်ခံမှုပုံစံ စနစ်တကျရှိရန်၊ ကျောင်း၏ လိုအပ်ချက်များ ပြီးပြည့်စုံမှုရှိရန်၊ ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် ကျောင်းဖွင့်ချိန်အမှီ ကျောင်းတတ်ရောက်မည့် ပညာသင်ကြားသူများ အဆင်ပြေနိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်း ပတ်ဝန်းကျင်နှင့် ဆေးရုံပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များ ကင်းရှင်းစေရန် အစီအမံများဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ရေကန်တူး ဖော်ခြင်းများ၊ လမ်းပြုပြင်ခြင်း၊ ကျောင်းများပြင်ဆင်နေမှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး ကပြောကြားခဲ့သည်။

(Weekly Eleven၊ အတွဲ-၄၊ အမှတ်-၆ ပါ ပညာရေးအတွက် “လိုအပ်ချက်များကို ထောက်ပံ့နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲ နွမ်းပါးသည့် ကျောင်းနေကလေးများအား စာရင်းကောက်ယူမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တစညပါတီဥက္ကဋ္ဌအဖြစ် ဦးထွန်းရီ ပြန်လည်ရွေးချယ်ခံရ

ရန်ကုန်၊ မေ ၁၃။

နှစ်ပေါင်း ၂ဝ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးထွန်းရီသည် ယခုတစ်ကြိမ် ဗဟိုအလုပ်အမှုဆောင် သစ် ရွေးချယ်ပွဲတွင်လည်း ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ တတိယအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို မေလ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီရုံးချုပ်၌ ကျင်းပခဲ့ပြီး ယခင်ပါတီဥက္ကဋ္ဌ ဦးထွန်းရီပင် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသလို ပါတီအထွေထွေ အတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးများအဖြစ် ဦးသန်းတင်နှင့် ဦးခင်မောင်ကြီးတို့ပင် ပြန်လည်အရွေးချယ်ခံခဲ့ရသည်။

ယခင် ဗဟိုအလုပ်အမှုဆောင်ဟောင်းများဖြစ်သည့် ဦးချစ်လှိုင်၊ ဦးသန်းလှ၊ ဦးခင်မောင်ကျော်၊ သူရ ဦးစောဖြူ၊ ဦးမြမောင်၊ ဦးစိန်ရ၊ ဦးစောကျော် ခင်ဝင်း၊ ဦးစိန်အောင်၊ ဦးရဲဝင်း၊ ဦးဇေလိန်းမောင်စသူတို့၏နေရာတွင် ဗဟိုကော်မတီဝင်များထဲမှ အစားထိုး ပြန်လည်ရွေးချယ်ခဲ့ကြောင်း၊ ယခုအခါ ဗဟို အလုပ်အမှုဆောင် ၂၅ ဦး ရွေးချယ်ဖွဲ့စည်းထား ကြောင်း သိရသည်။

"ပါတီနှစ်ပေါင်း ၂ဝ ကျော် သက်တမ်းအတွင်း အခုမှ တတိယအကြိမ် ဗဟိုကော်မတီရွေးချယ်ပွဲအဖြစ် ကျင်းပဖြစ်တာတော့ အခြေအနေ အရပ်ရပ် ကြောင့်ပါ။ နောက်ဆုံးအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့တာက ၁၉၉ဝ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့ကပါ။ အဲဒီနောက် မလုပ်ဖြစ်တော့ တာပါ”ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား အမွေ ဆက်ခံခဲ့ခြင်းဖြစ်ပြီး ပါတီသက်တမ်းနှစ် ၂ဝ ကျော်အတွင်း ယခုမှတစ်ဖန်ပြန်လည်၍ ပါတီဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အတွင်းရေး မှူးများနှင့် ဥက္ကဋ္ဌတို့ ပြန်လည်၍ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဗဟိုကော်မတီ အစည်းအဝေးတွင် အသက်အရွယ်အရ ကျန်းမာရေးဖြင့် အနား ယူလိုသူများနေရာတွင် အစားထိုး ရွေးချယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခုချိန်ထိတော့ စီးပွားရေးပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီး ဒီအစည်းအဝေးကနေ တစ်ခုခုထွက်လာမယ်လို့ မထင်ဘူး။ ဒါပေမယ့် ပြောနိုင်တာကတော့ အီးယူရဲ့ သဘောထားက အရင်ကထက်အများကြီး ပျော့ပျောင်းလာတယ် ဆိုတာပဲ"

မေ ၁၃ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၇) တွင်ပါသည့် "အီးယူ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာအမြင် ကောင်းမွန်သည့် အနေ အထားရောက်" သတင်းမှ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်း ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"သတင်းစာသမားတွေရဲ့ မူလတာဝန်ဖြစ်တဲ့ လူထုနဲ့ အစိုးရကြားကို ပေါင်းကူးတံတားအဖြစ် တာဝန်ထမ်းနိုင်ဖို့အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်တိုင်က မီဒီယာနဲ့ မကြာခဏတွေ့ဆုံပြီး သတင်းထုတ်ပြန်ပေးတော့မယ် ဆိုတာကြောင့် အရင်ကထက်ပိုမိုလွယ်ကူအဆင်ပြေသွားတာပေါ့။ အရင်က ကျွန်တော်တို့ မီဒီယာတွေအနေနဲ့ အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ခွင့် သိပ်မရခဲ့ဘူး။ နောက်ပြီးတော့ ပွင်းလင့်မြင်သာမှုရှိဖို့၊ အဂတိလိုက်စားမှုတွေ လျော့နည်း ဖို့၊ အပြန်အလှန် ထိန်းကျောင်းတဲ့စနစ်တွေ ပေါ်ပေါက်လာဖို့အတွက်လည်း အခုလို တိုင်းဒေသကြီးအစိုးရက မီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံဖို့ ဆုံးဖြတ်တာ အလွန်ကောင်းတဲ့ အချက်လို့ မြင်ပါတယ်။ ဒါဟာ အစကောင်းတခုလိုမြင်ပါတယ်"

မေ ၁၃ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၇) တွင်ပါသည့် "ရန်ကုန်တိုင်းဒေသကြီး အစိုးရက မီဒီယာများနှင့် ပုံမှန် တွေ့ဆုံမည်" သတင်းမှ 7DAY သတင်းဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ကိုအားမာန်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"သူက ဘာတွေဆွေးနွေးချင်တယ်ဆိုတာကြိုတင်ပြောထားတာမျိုးမရှိဘူး။ သူက ဘာကို ဆွေးနွေးမယ်ဆိုတာမသိတော့ ကျွန်တော်တို့ကလည်း ဘာမှ ကြိုတင်မပြင်ဆင်ထားပါဘူး။ ဒါပေမယ့် လူမှုရေးဒုက္ခတွေကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ ပါတီရဲ့မူဝါဒနဲ့အညီ ကုလသမဂ္ဂဆီကနေ လူမှုရေးဆိုင်ရာ အထောက် အကူ၊ အထောက်အပံ့တွေကို ပိုမိုရရှိဖို့နဲ့ အခြားသောအဖွဲ့ အစည်းတွေကလည်း မြန်မာနိုင်ငံကို ပိုပြီးကူညီပေးဖို့ ကျွန်တော်တို့ဘက်က ပြောနိုင်လိမ့်မယ် ထင်ပါတယ်။ ကျန်တာကတော့ သူမေးတဲ့အပေါ်မှာပဲ ဆွေးနွေးသွားမှာပါ"

မေ ၁၃ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၇) တွင်ပါသည့် "ကုလသမဂ္ဂ အထူးသံတမန် ခရီးစဉ်အတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်များနှင့် တွေ့ဆုံ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်" သတင်းမှ NDFပါတီ ပြောရေးဆို ခွင့်ရှိသူ ဦးခင်မောင်ဆွေ၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲပကလည်း မြန်မာနိုင်ငံမှာ ကျရောက်လာနိုင်ခြေရှိတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုနဲ့ တုံ့ပြန်နိုင်ဖို့အတွက် နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာအန်ဂျီအိုတွေစုပြီး ဖွဲ့စည်းထားတဲ့ မြန်မာအန်ဂျီအိုကွန်ရက်ဆိုတာရှိပါတယ်။ ဒီအဖွဲ့ အစည်းကနေ လုပ်ငန်းဆောင်ရွက်မှုတွေကို လုပ်ဆောင်မယ့် ကဏ္ဍအလိုက်အဖွဲ့တွေလည်း ဖွဲ့ထားပြီဖြစ်ပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့တွေ လည်း ဖွဲ့ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကို လိုအပ်သလို အဖွဲ့အချင်းချင်းဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

မေ ၁၃ ထုတ် BiWeekly ELEVEN အတွဲ(၆) အမှတ်(၄) တွင်ပါသည့် "အန်ဂျီအိုအချင်းချင်း ချိတ်ဆက်မှုအားနည်းခြင်းကြောင့် လုပ်ငန်း တူဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရန် ပူးပေါင်းမှုပြုလုပ်လာ" သတင်းမှ မြန်မာအန်ဂျီအို ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးအသစ်များ

မြန်မာနိုင်ငံသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဖြစ်လာသည်နှင့်အညီ မြန်မာနိုင်ငံနှင့် တခြားနိုင်ငံများ ဆက်ဆံရေးအသစ်များ ထူထောင် လာလေသည်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခြင်း အပါအဝင် အမေရိကန်နိုင်ငံမှ အထူးကိုယ်စားလှယ် ခန့်အပ်သည့် အရေး၊ တရုတ် ဗဟိုကောင်စစ်ဝန်ရောက်ရှိလာမှုနှင့် ကုလသမဂ္ဂထိပ်တန်းသံတမန် ရောက်ရှိလာမှုအစရှိသည့် ထိတွေဆက်ဆံမှုအသစ်တို့ဖြင့် နိုင်ငံခြားရေးမူဝါဒ ပုံစံတစ်ခု ပေါ်ထွန်းလာလေသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းရုံးမှ ရုံးအဖွဲ့အကြီးအကဲနှင့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ အိန္ဒိယနိုင်ငံ သား မစ္စတာ ဗီဂျေးနမ်ဘီးယားသည် မတ် ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာ ခဲ့ပြီး ၃ ရက်တာ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများကို နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်သည်။ ကနေဦးအနေ ဖြင့် မတ် ၁၁ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့နှင့် တွေ့ဆုံခဲ့ ကြောင်းကို နိုင်ငံပိုင် ရုပ်သံများတွင် ဖော်ပြပါရှိလေသည်။

မစ္စတာ ဗီဂျေးနီဘီးယာသည် မြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရကိုရော၊ သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများ ကို တွေ့ဆုံမည်ဖြစ်သော်လည်း မည်သည့် အကြောင်းအရာကို အသေးစိတ် ဆွေးနွေးမည်ဟူသော အစီအစဉ်မျိုးမရှိချေ။ ထို့အတွက်ကြောင့် အစိုးရရော၊ နိုင်ငံရေးပါတီများရော၊ လူမှုအဖွဲ့ အစည်းများရော ဘာအကြောင်းအရာကို ကြိုတင်ပြင်ဆင်ရမှန်းမသိဖြစ်နေလေသည်။ လာရောက်သည့် ခရီးစဉ်မှာ ဒီမိုကရေစီ အစိုးရသစ်၏ ဆက်ဆံရေး ကို(အထူးသဖြင့် သမ္မတ၏ ပြောဆိုချက်) လေ့လာကြည့်သည့် သဘောမျိုးပင် ဖြစ်ပါသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးစရာ အရေးကိစ္စများ လည်း အတော်များသည်။ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပါအဝင်၊ အလုပ်သမားရေး၊ ကလေးစစ်သားအရေးနှင့် နိုင်ငံရေးအကျဉ်းသားများ အရေး စသည့် အရေးပေါင်းများစွာဖြင့် ပြည့်နေလေသည်။ အဘယ်ကိစ္စကို ဦးစားပေးဆွေးနွေးမည်နည်း။ ကလေးစစ်သားပြဿနာကိုတော့ အဓိက ပြော ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်း သော ကလေးစစ်သား ပြဿနာ ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရအနေနှင့် စနစ်ကျသည့် အမျိုးသားစီမံကိန်း တရပ်လိုအပ်ကြောင်း မေလ ၁၁ ရက် မနေ့က ထုတ်ပြန်သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြအကြံပေးလိုက်သောကြောင့် ဖြစ်သည်။

ကလေးစစ်သား စုဆောင်းမှုကို မြန်မာစစ်တပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ဖြစ်သော DKBA ၊ KNU/KNLA ၊ KIA ၊ KNPP-KA၊  KPF ၊ SSA-South ၊ UWSA ၊ CNF/CNA စသည့် တပ်များတွင်လည်း ကလေးစစ်သားများ ရှိကြောင်းနှင့် မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် တိုင်းရင်းသားဒေသတွေမှာ ကလေးသူငယ်တွေ ဓားစာခံဖြစ်ပြီး သေဆုံးရတာတွေ ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီအရင် ခံစာမှာ ဖော်ပြထားပါသည်။ ထို့ပြင် အမေရိကန် လွှတ်တော်အမတ်သုံးဆယ်မှ မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး ကုလကော်မရှင်ဖွဲ့စည်း၍ စုံ စမ်းရန် သမ္မတအိုဘားမားအားတိုက်တွန်း မှုများလည်းရှိသလို ပြည်တွင်းစစ်ဖြစ်ရန် စစ်ရိပ်သန်းနေသည့် အနေအထားများလည်းရှိနေသည်ဖြစ်လေရာ ယင်း ကိစ္စကို အဓိကထား ဆွေးနွေးနိုင်ပါသည်။

ယင်းနှင့် တဆက်တည်း အရေးတကြီး ဆွေးနွေးနိုင်သည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်။ နိုင်ငံတော် သမ္မတ၏ မူဝါဒဆိုင်ရာ အခြေပြမိန့်ခွန်းတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပြင် ကျန်းမာရေး၊ ပညာရေး၊ ယဉ်းကျေးမှုအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောသွားပါ သည်။ မိန့်ခွန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတွင်းရှိ မည်သည့် နိုင်ငံရေးအင်အားစုမျိုးနှင့် မဆို ဆွေးနွေးမည်ဟု ပြောဆိုထားမှုလည်း ပါရှိလေသည်။ သို့သော် အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် တခြားနိုင်ငံရေးပါတီများ၏ ဆက်သွယ်မှုအပါအဝင် လက်ရှိအစိုးရနှင့် ဆက်ဆံရေးကိုပါ ဖြတ်တောက်ထားလေသည်။ ဤသည်မှာ အကြောင်းရှိပါသည်။ တရားဝင်ရွေးကောက်ပွဲလမ်းကြောင်းကို မလိုက်သော နိုင်ငံရေးပါတီတစ်ခုအား ရပ်တည်ခွင့်မပေးလိုခြင်းဖြစ်သည်။ သို့နှင့်တိုင် NLD မှာ မြန်မာနိုင်ငံရေး ဖြစ်စဉ်မှ လုံးလုံးကြီးဘေးထွက်ထိုင်မည့် ပုံစံမျိုးတော့မဟုတ်။ လွတ်တော်ပြင်ပ နိုင်ငံရေးနှင့် နိုင်ငံရေးသက်တမ်းဆက်မည့်သဘော ဖြစ်သည်။ နိုင်ငံတ ကာ၏ တရားဝင်အသိအမှတ်ပြုမှုလည်း ယခုထိတိုင်ရှိနေပါသေးသည်။

ဤအတွက်ကြောင့် မစ္စတာ နမ်ဘီးယားသည်  မေ ၁၁ ရက် ညနေပိုင်းတွင် NLD အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီတွေ့ဆုံပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် လည်း ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံခဲ့လေသည်။ အဓိကဆွေးနွေးသွားသည့် အကြောင်းအရာမှ NLD ၏ တရားဝင်ရပ်တည်မှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များဖြစ်သည်။ လက်ရှိနိုင်ငံရေး အခင်း အကျင်း၊ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေးတို့ပါဝင်လေသည်။ ဒီအထဲမှ လက်တွေ့အကျိုးဖြစ်ထွန်းမှုရှိမည့်အရာမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမှုပင်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ နိုင်ငံများတွင် အစိုးရသစ်တစ်ခုတက်တိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည့် သဘာဝရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်သော ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဲဘက်လ် ဒယ် ရိုဆာဗီရိုမှ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ထံသို့ ဧပြီ ၁၉ ရက် နေ့က တိုက်တွန်းတောင်းဆိုမှုများလည်း ရှိလေသည်။

နောက်နိုင်ငံခြားနှင့်ထိတွေ့ဆံမှုများတွင် အမေရိကန်နိုင်ငံမှ အထူးကိုယ်စားလှယ်အဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒဲရှစ် မစ်ရှဲ (Derek Michell) ကို အမေရိကန်သမ္မတ အိုဘားမားက တရားဝင်ရွေးချယ် အဆိုပြုလိုက်မှု ဖြစ်သည်။ Mr. Michellသည် အာရှရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး လက်ရှိကာကွယ်ဝန်ကြီးဌာနမှာ အာရှနှင့် ပစိဖိတ်ရေးရာ ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပါသည်။ အမေရိကန် အနေ ဖြင့် ထိတွေ့ ဆက်ဆံမှုမူဝါဒကို (Engagement Policy) အဓိကထားမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားသော်လည်း အရေးယူပိတ်ဆို့မှုကို ဆက် လက်ထားရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ ကိုကြည့်၍ အရေးယူပိတ်ဆို့မှုကို လျော့ပေးရေးစသည့် ရေစ တစ်ဖက်၊ မီးငုံတစ်ဖက် မူဝါဒမျိုးကို အကောင်အထည် ဖော်နေလေသည်။ အမေရိကန်မှာ ဤကဲ့သို့တစ်စုံတစ်ရာ ပျော့ပြောင်းလာမှသာလျှင် တရုတ်နှင့် မဟာဗျူဟာ ချိန်ခွင်ညှိနှိုင်းမှု သဘောပင် ဖြစ်သည်။

ဒီမိုကရေစီအစိုးရသစ်တက်ပြီး တရုတ်နိုင်ငံမှ သံတမန်နှစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိလာလေ သည်။ တစ်ဖွဲ့မှာ ဧပြီ ၄ရက်နေ့တွင် ရောက်ရှိ လာသော တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ မစ္စတာ ကျာချင့်လျင်ဖြစ်သည်။ တရုတ်၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင် ငံအပေါ် စီးပွားရေး အမြတ်ရလိုမှုသည် အဓိကကျလေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်လုံခြုံရေးအတွက် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် လက်နက်များ ဝယ်ယူရရှိမှုအပါအဝင်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်က မြန်မာဘက်မှရရှိရေးအစရှိသည့် နိုင်ငံခြားရေးနှင့် စစ်ရေးရည်မှန်း ချက်များကြောင့် တရုတ်နှင့် အလွမ်းသင့်စွာ ဆက်ဆံခဲ့သည်အခါများပါသည်။ မစ္စတာ ကျာချင့်လျင်ရောက်ရှိလာစဉ်အတွင်း အဓိကပြောကြားသွားသည် ကို ကြည့်ပါဦး။ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်က ပိုက်လိုင်းကတဆင့် ရယူဖို့စီစဉ်နေရာမှာ မိုင်ငါးရာကျော် ရှည်လျားသည့် ပိုက်လိုင်း သွယ်တန်းရေးလုပ်ငန်း မြန်ဆန်အောင် အားပေးသည့်အနေနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC မှ မြန်မာပြည်အတွက် ဆေးရုံတွေဆောက် လုပ်ဖို့ ဒေါ်လာ ၆ သန်း ကူညီမည်ဟု ကမ်းလှမ်းသည့်အရေးဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ ရေနံကုန်ထုပ်လုပ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တခြားပြိုင်ဘက်နိုင်ငံများထက် ပူးပေါင်းဆက်ယှက် နေမည့်သဘောပင်ဖြစ်လေသည်။

နောက်တစ်ဖွဲ့မှာ မေလ ၁၁ ရက်နေ့က ရောက်ရှိခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်ရုံးမှ ဒုတိယဥက္ကဋ္ဌသည် ကာကွယ်ရေးဦး စီးချုပ် ဗိုချုပ်မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး တိုးမြင့်ဖို့နှင့် ဒေသတွင်းလုံးခြုံရေးကိစ္စများကိုလည်း ဆွေးနွေးသွားခဲ့လေသည်။ တရုတ်နိုင်ငံအနေဖြင့် စစ်ရေးအသုံးစရိတ်များကို ယမန်နှစ်ကထက် ပိုမိုအသုံးပြုလာသည်ဖြစ်ရာ အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံများကို လုံခြုံရေး အရ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေလေသည်။ ယခင်ကထက် အာဆီယံဒေသတွင်းနိုင်ငံများအပေါ် စီးပွားရေးနှင့် စစ်ရေးအရ လွှမ်းမိုးမှုများ ရှိလာနေသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို အဓိက လိုက်လိုက်လျောလျော ဆက်ဆံနေရသည့် အကြောင်းအရင်းမှာလည်း တရုတ်နိုင်ငံအတွက် စစ်ရေးအရ အလွန် မဟာဗျူဟာကျသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့် ဖြစ်လေသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်နိုင်ငံအတွက် အလွန်မဟာဗျူဟာကျ လှသည့် ထောက်ပံ့ရေး ဆုံချက်တစ်ခု ဖြစ်လေသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတို တက်ဖို့အတွက် ပျော့ပျော့ပျောင်းပျောင်း ထိ တွေ့ဆက်ဆံပါက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည် ဆယ်စုနှစ် တစ်ခုအတွင်း ထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါသည်။ အာ ဆီယံအပါအဝင်၊ တရုတ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်ပြီးလည်း ကိုယ်နိုင်ငံအကျိုးစီးပွားကိုရှေ့ရှုကာ ပါးပါးနပ်နပ် ထိတွေ့ဆက်ဆံမည်ဆိုပါက ဖွံ့ဖြိုးရေး အတွက် ရှေ့ကသွားနှင့်နေသည့် အဆိုပါ နိုင်ငံများကို မကြာမီနှစ်များအတွင်း လိုက်နာမည်ဖြစ်ပါကြောင်း။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs