Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၅.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ကရင်ပြည်နယ်ရှိ တရားမဝင်ဂိတ်များ ရပ်ဆိုင်းရန် ညွှန်ကြားထား

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအဓိကလုပ်ဆောင်လျှက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ် ဘားအံ-မြဝတီ ကားလမ်းတစ်လျှောက်ရှိ တရားမဝင် အခွန်ငွေများကောက်ခံနေသော ဂိတ်များ၊ ဝါးလုံးများတား၍ အခွန်ငွေများ ကောက်ခံလျှက်ရှိသည့် ဂိတ်များကို ဖျက်သိမ်းရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းက ညွှန်ကြားထားကြောင်း သိရသည်။

ဘားအံလမ်းမှ မြဝတီလမ်း ကားလမ်းတစ်လျှောက် အခွန်ကောက်ခံလျှက်ရှိသည့် ဂိတ်များကို လျှော့ချလိုက်ပြီဖြစ်ကြောင်း၊ လမ်းတံတားကြေး ကောက်ခံနေသည့် ဂိတ်များကိုပါ လျှော့လိုက်ခြင်းဖြစ်ကြောင်း၊ ယခင် လမ်းအခွန်ပာူ၍ နေရာနှစ်နေရာ သုံးနေရာခန့် ကောက်ယူနေမှုကိုတွေ့ရကြောင်း၊ သို့သော် ယခုအခါ ယခင်လမ်းခွန်နေရာများကို တစ်နေရာထဲ၌သာစု၍ ကောက်ခံရန် ဝန်ကြီးချုပ်မှညွှန်ကြားလိုက်ကြောင်း၊ ဖြတ်ပိုင်းနှစ်စောင် သုံးစောင် မဖြစ်စေရန် တစ်နေရာထဲ၌သာ စု၍ကောက်ခံခြင်းဖြစ်ကြောင်း၊ ပြီးမှသာ လမ်းတံတားကောက်ခံခွင့်ရရှိထားသည့် ကုမ္ပဏီများ၊ ကန်ထရိုက်များက ပြန်၍ ခွဲဝေယူကြကြောင်း၊ ပေးဆောင်ရသည့် လမ်းခွန်ကြေးမှာ လျော့ပါးသွားခြင်းမရှိပဲ ယခင်အတိုင်းပင် ပေးဆောင်ရကြောင်း ကရင်ပြည်နယ် ပို့ဆောင်/လမ်း ပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောကြားခဲ့သည်။

တရားဝင် လုံခြုံရေးစစ်ဆေးသည့် ဂိတ်များရှိသော်လည်း ဝါးများတား၍ ငွေတောင်းခံသည့်ဂိတ်များကိုမူ ကောက်ခံခွင့် မပြုတော့ကြောင်း၊ ဝါးတားဂိတ်များမှာ ယခင်ကထက် လျှော့နည်းသွားသည့်အတွက် ကားရပ်၍ စောင့်ဆိုင်းနေရသည့် အချိန်ကြာမြင့်မှုမရှိတော့ကြောင်း၊ ခရီးသွားများ စိတ် အနှောင့်အယှက်မဖြစ်စေရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က ဂိတ်များ များပြားသည့်အတွက် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ပေါ်ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြဝတီလမ်းပန်း၌ ခရီးသည်များ၊ ကုန်သည်များဆီကပါ အခွန်ငွေများကို တောင်းကြကြောင်း၊ ယင်းကိစ္စရပ်များကို အချိန်အခါကျရောက်ပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများဆီမှ ခွင့်ပြုချက်တောင်းခံပြီး မဖြစ်သင့်သည်များကို မဖြစ်စေရန် မိမိတို့ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊  ပြည်နယ် အာဏာပိုင်အဖွဲ့အစည်းများကလည်း ယင်းကိစ္စအား ၎င်းဘာသာ ဖြေရှင်းနိုင်လိမ့်မည်ပာု မျှော်လင့်ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ ကိုင်တွယ်နိုင်လိမ့်မည်ပာု ထင်ကြောင်း၊ ယခုကဲ့သို့ တောင်းရမ်းမှုများသည် တရားဝင်ဂိတ်များထက် တရားမဝင်ဂိတ်များမှာ ပိုမိုများပြားကြောင်း၊ မြဝတီ လမ်းကြောင်းဘက်၌ တရားမဝင်ဂိတ်များမှာ ပိုမိုများပြားကြောင်း၊ ခရီးသွားလာနေသည့် ခရီးသည်များမှာလည်း အေးအေးလုပ်ကိုင်နေရပြီး တိုင်ကြားခြင်း များ မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ပြောကြားခဲ့သည်။

(ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၄၄ ပါ “တရားမဝင်ဂိတ်များရပ်ဆိုင်းရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ကြားပွဲစားနှင့် ပညာရေးအရှုပ်အရှင်း ဖြေရှင်းပေးမည်မပာုတ်

ကျောင်းများအပ်နှံရာ၌ ကြားပွဲစားများအားကိုးဖြင့် ကျောင်းဝင်ခွင့်လျှောက်ထားပြီး ပညာရေးအရှုပ်အရှင်းများ ဖြစ်ပေါ်လာပါက ဖြေရှင်းပေးမည် မပာုတ်ကြောင်း အ.ထ.က (၁) ဒဂုံ မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့သည်။

ကျောင်းဝင်ခွင့် ရမည်ပာုဆို၍ ကြားမှလာဘ်ပေးလာဘ်ယူပြုလုပ်မှုမျိုးကို မိမိတို့အနေဖြင့် တာဝန်ယူနိုင်မည် မပာုတ်ကြောင်း၊ ကျောင်းလာရောက် အပ်နှံချင်ပါက ကျောင်းများတွင် လျှောက်လွှာတင်၍ အပ်နှံရမည်ဖြစ်ကြောင်း၊ ကြားမှ ပညာရေးကြားပွဲစားနှင့် အပ်နှံပြီး ဒဂုံ(၁) တွင် ကျောင်းဝင်ခွင့် မရရှိမှု များကို ဖြေရှင်းပေးမည်မပာုတ်ကြောင်း ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့သည်။

ကျောင်းတိုင်းတွင်လည်း ကျောင်းဝင်ခွင့်ပုံစံများ ရှိကြောင်း၊ ဒဂုံ(၁) ကျောင်းတွင်လည်း ယင်းပုံစံများဖြင့်ပင် ကျောင်းဝင်ခွင့် ရွေးချယ်ကြောင်း၊ ဒဂုံ(၁)ကျောင်းတွင် ကျောင်းဝင်ခွင့်အား အဓိကသတ်မှတ်ထားသည်မှာ ဒဂုံမြို့နယ်အတွင်း နေထိုင်သူများနှင့် အခြားဆက်စပ်မြို့နယ်များတွင် နေထိုင်သူ များကိုသာ အဓိကဦးစားပေး၍ရွေးချယ်ကြကြောင်း၊ ဝင်ခွင့်ကော်မတီကို သတ်မှတ်ထားပြီး အမှတ်(၃) အခြေခံပညာဦးစီးဌာန သို့တင်ပြရကြောင်း၊ ယင်းမှ တစ်ဆင့် ဝန်ကြီး ဌာနကိုပါ တင်ပြရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒဂုံ(၁) ကျောင်းသည် နှစ်စဉ်  ကျောင်းသား/သူ ဦးရေ ၆၆၀၀ ကျော်ကို လက်ခံပညာသင်ကြားပေးလျှက်ရှိပြီး ကျောင်းဝင်ခွင့်ကိုမူ မူလတန်း ဝင်ခွင့် ၁၃၀ ဦး၊ အလယ်တန်းဝင်ခွင့် ၁၈၀ ဦးတို့ကို ခွဲတမ်းကျလက်ခံ၍ သင်ကြားပေးလျှက်ရှိကြောင်း၊ သူငယ်တန်းကျောင်းသားမှာ နှစ်စဉ် ဦးရေ ၅၀၀ ဦး ရှိကြောင်း သိရသည်။

ပြဿနာများမှာ အမြဲတမ်းပင် ကြားသိနေရကြောင်း၊ ယင်းပြဿနာများမှာ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများ ပါဝင်ကြောင်း၊ အဓိက ပြဿနာမှာ ဒဂုံ(၁) ကျောင်း၌ ကျောင်းတတ်ချင်သည့် ကျောင်းသား/သူ ဦးရေ များပြားသော်လည်း လက်ခံနိုင်သည့် အရေအတွက်မှ နည်းပါးမှုကြောင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်ခံနိုင်သည့် အရေအတွက် နည်းပါးသည့်အတွက် မမှန်မကန်နည်းလမ်းများကို အသုံးပြု၍ ဒဂုံ(၁) ကျောင်း၌ ကျောင်းဝင်ခွင့်ရရှိစေရန် ကြိုးစားလာကြကြောင်း ဒဂုံ(၁) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားခဲ့သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၀ ပါ “ကြားပွဲစားနှင့် လုပ်သောကျောင်းဝင်ခွင့် အရှုပ်အရှင်း ဖြေရှင်းပေးမည်မပာုတ်” သတင်းအား အကျဉ်း ချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဆက်လက်စမ်းသပ်မည့် ပုဂ္ဂလိကကျောင်းများ

ယခုနှစ်၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်လည်း ပုဂ္ဂလိက ပညာသင်ကျောင်းများအဖြစ် စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားသော ကျောင်းများကို ထပ်မံ၍ စမ်းသပ်လုပ်ကိုင်ခွင့်ပြုမည်ပာု ယူဆရကြောင်း သိရသည်။

ယခင်နှစ်များ၌ စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်းများနှင့် သက်ဆိုင်သည့် ဥပဒေများ ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်တွင် ယင်း ဥပဒေများကို ကျောင်းဖွင့်ချိန်ရာသီ နီးလာသော်လည်း ထပ်မံထုတ်ပြန်ခြင်း မရှိသေး၍ ယခင်နှစ်များနည်းတူ ဆက်လက်၍ စမ်းသပ်လုပ်ကိုင်ခွင့် ပြုမည်ပာု  ယူဆရကြောင်း ပုဂ္ဂလိကကျောင်းဖွင့်လှစ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့သည်။

မိမိတို့ဆီသို့ ယနေ့အထိ ဥပဒေထုတ်ပြန်ခြင်း၊ အစမ်းလုပ်ခွင့် ပေးထားသည့်အကြောင်းများနှင့်ပတ်သတ်၍ ညွှန်ကြားချက်ထုတ် ပြန်ထားခြင်း မရှိ သေးကြောင်း၊ ယခုအချိန်အထိ ယခင်နှစ်များနည်းတူပင် သင်ကြားနေရကြောင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                 ကျောင်းသားများအား အပြောင်းအလဲပုံဖော်ထားသည့် ပုဂ္ဂလိကကျောင်းများထံတွင် ပုံအပ်၍စမ်းသပ်ခြင်းသည် မှားယွင်းသည်ပာု မယူဆ ကြောင်း၊ အနှေးနှင့်အမြန် မိမိတို့အား လုပ်ကိုင်ခွင့်ပြုမည်ပာု မျှော်လင့်ရကြောင်း၊ ပညာရေးကဏ္ဍ၌လည်း ပြည်သူနှင့် အစိုးရပူးပေါင်း၍ ဆောင်ရွက်သင့် ကြောင်း၊ ပုဂ္ဂလိကကျောင်းများနှင့် ပတ်သတ်၍ ဥပဒေများ အမြန်ဆုံးထွက်ရှိလာစေရန် ဆုတောင်းကြောင်း ပုဂ္ဂလိကကျောင်းတည်ထောင်ထားသည့် ဆရာတစ်ဦးကလည်း ပြောကြားခဲ့သည်။

ယခင်နှစ်၌ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့်ကို ခွင့်ပြုပေးလိုက်ပြီးနောက် ၅ တန်းမှ ၉ တန်းအထိတိုင် ပုဂ္ဂလိကကျောင်းများတွင် မေးခွန်း ထုတ်ခွင့်၊ စာမေးပွဲစစ်ခွင့်၊ စာဖြေခွင့်၊ အောင်စာရင်းထုတ်ပြန်ခွင့်များကို ရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ ပုဂ္ဂလိကကျောင်းများနှင့် ပတ်သတ်၍ မည်သည့် ဥပဒေမှ ထုတ်ပြန်ညွှန် ကြားထားခြင်း မရှိသေးကြောင်းသိရသည်။

(ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၄၄ ပါ “ပုဂ္ဂလိက ပညာသင်ကျောင်းများ စမ်းသပ်အဆင့်ဖြင့် ဆက်ဖွင့်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတအကြံပေး မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့(MDRI)  တည်ထောင်ရန် အကြံပေး

ပြောင်းလဲလာသည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ မြန်မာနိုင်ငံ၌ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် ပြန်လည်သုံးသပ်နိုင်မည့် မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့ Myanmar Development Resource Institute (MDRI) ကို တည်ထောင်ရန် သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်း ဆောင် ဒေါက်တာဦးမြင့်က အကြံပြုပြောကြားကြောင်း စုံစမ်းသိရသည်။

လွတ်လပ်ရမည်၊ နိုင်ငံရေးနှင့် မပတ်သတ်ဘဲ တရားဝင်ဖြစ်ရမည်ဖြစ်ကြောင်း နေပြည်တော်၌ပြုလုပ်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လျော့ ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာ ဦးမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆောင်ရွက်ရာ၌ အချက်လေးချက်အား အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပထမအချက်မှာ တိုင်းပြည်၏ စီးပွားရေးအခြေအနေ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်းသိရှိရန်၊ ဒုတိယအချက်မှာ မိမိတို့သွားမည့် ပန်းတိုင်အရောက် မပာာဗျူပာာ များ ချမှတ်၍ လုပ်ဆောင်ရန်၊ တတိယအချက်မှာ ခရီးမည်မျှရောက်နေပြီဖြစ်ကြောင်း သုံးသပ်ရန်နှင့် နောက်ဆုံးအချက်မှာ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရန်တို့ပင် ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားခဲ့သည်။

ယင်းအချက်လေးချက် မှစီးပွားရေးမည်မျှ ဖွံ့ဖြိုးတိုးတတ်နေသည်ကို သိရှိရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်နေသော လုပ်ငန်းများကိုလည်း အလုပ် ဖြစ်မဖြစ်ကို ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌ မြန်မာ့ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့ လိုအပ်ခြင်းဖြစ်ကြောင်း၊ ယင်း ဖွံ့ဖြိုးရေးအဖွဲ့ များမှာ နိုင်ငံတကာအတော်များများတွင် ရှိနေပြီဖြစ်ပြီး နိုင်ငံအတွက်များစွာ အလုပ်ဖြစ်ကြောင်း ဒေါက်တာ ဦးမြင့်က အကြံပြုပြောကြားခဲ့သည်။

ထို့ပြင် ယင်း MDRI အဖွဲ့အစည်းကို ဖွဲ့စည်းပြီးပါက ယင်းအဖွဲ့သည် သီးသန့်လွတ်လပ်သော အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး ရန်ကုန်တွင်ထားရှိရန် ဦးမြင့်က အကြံပြုပြောကြားခဲ့သည်။

ယင်းအဖွဲ့အစည်း တည်ထောင်ပြီးပါက နိုင်ငံခြားတွင်ရောက်နေသော မြန်မာစီးပွားရေး ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူ၍ တာဝန်ပေးအပ်လို ကြောင်းကိုလည်း သိရသည်။

(7Day News၊ အတွဲ-၁၀၊ အမှတ်-၁၀ ပါ “မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့ MDRI တည်ထောင်ရန် သမ္မတအကြံပေး ပညာရှင် ပြောကြား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများကို အီးယူု အရေးပိုပေးလာ

မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများကို အစဉ်တစ်စိုက်လုပ်ဆောင်ထားသည့် အနောက်ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ၂၀၁၀ ရွေးကောက် ပွဲအပြီး ပေါ်ထွက်လာသည့် အစိုးရသစ်လက်ထက်၌ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများအား အနောက်ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ပိုမိုအလေးပေး ဆက်ဆံလာကြကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအချို့နှင့်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများရှိ သံကိုယ်စားလှယ်များ၊ ယင်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မကြာသေးမီကာလများကပင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြချက်များကို အထူးအလေးပေး အရေးယူဆောင် ရွက်မှုများ ပြုလုပ်လာကြကြောင်း၊ နိုင်ငံရေးပါတီများ၏ တောင်းဆိုမှုတစ်ခုဖြစ်သည့် စီးပွားရေးပိတ်ဆို့မှု ပြေလျော့ရုတ်သိမ်းပေးရန် အဆိုကိုလည်း အချို့ အရေးယူမှုများကို ရုတ်သိမ်းရန်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်တောင်းဆိုမှုများကိုလည်း ထပ်မံဆွေးနွေးညှိနှိုင်း၍ အလေးထားမှုကို ပိုမိုပြသလာ ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ်ဆက်ဆံရေးသည်           အမေရိကန်နိုင်ငံထက်ပင် အလေးပေးဆက်ဆံမှု ပိုမိုကောင်းမွန်ကြောင်း၊ ဥရောပ သမဂ္ဂ၏ နိုင်ငံရေးပါတီများအပေါ် အလေးပေးဆက်ဆံမှုမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း ပထမဆုံးပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ မြန်မာနိုင်ငံအား ပြစ်ဒဏ်ခတ် သည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း  ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက် ထက်၌ ယင်းစီးပွားရေးပိတ်ဆို့မှုအချို့ကို ပြန်လည်ဖြေလျော့ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၀ ပါ “ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများ ဥရောပသမဂ္ဂ၏ အလေးပေးမှု ပိုမိုရရှိလာ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 -----------------------------------------------------------------------------------------------------------------------------------

တိကျစွာ တိုင်ကြားသော လာဘ်ပေးလာဘ်ယူမှုအား အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယအကြိမ်မြောက် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ လာဘ်ပေးလာဘ်ယူကိစ္စရပ်အား တိတိကျကျ တိုင် ကြားလာပါက စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သပ္ပံနှင့် နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေး၊ အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦးကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမီဒီယာများနှင့် ဒုတိယအကြိမြောက်တွေ့ဆုံပွဲကို ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက အစိုးရဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်နှင့် ပတ်သတ်၍ သတင်းတိတိကျကျ ခိုင်ခိုင်မာမာ တိုင်ကြားခံရပါက ယင်းဝန်ထမ်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်နှံရာတွင် သတ်မှတ်ထားသည့် ကျောင်းလခ၊ ဖတ်စာအုပ်ဖိုးအတွက်သာ ကောက်ခံရမည်ဖြစ်ကြောင်း၊ အဓမ္မ အလှူငွေကောက်ခံခြင်း၊ ကျောင်းရန်ပုံငွေရရန် ပစ္စည်းများရောင်းချခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ညွှန်ကြားချက်များအား မလိုက် နာသည့်ကျောင်းများရှိပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် တယ်လီဖုန်း၊ ဖက်စ်လိပ်စာများကိုလည်း ကျောင်းများတွင် ကပ်ထားပေးမည်ဖြစ် ကြောင်း၊ တိုင်ကြားသူ၏ အမည်၊ လိပ်စာဖော်ပြပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် တိတိကျကျ သတင်းပေးလာပါက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမီဒီယယာများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားခဲ့သည်။

(News Week၊ အတွဲ-၂၊ အမှတ်-၇၉ ပါ “လာဘ်ပေးလာဘ်ယူကိစ္စများအတွက် တိတိကျကျတိုင်ကြားလာရင် စစ်ဆေးအရေးယူ ဆောင်ရွက် သွားမည်” သတင်းအား အကျဉ်းချုံးဖော်ပြသည်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ တိုင်းပြည်မှာ အများကြီးရှိတယ်။ နိုင်ငံခြားရောက်နေတာ တကယ်တော်တဲ့ ကလေးတွေ။ ပြန်ခေါ်စေချင်တယ်။ သူတို့တွေက ပြန်လာမှာပဲ။ ကျွန်တော်လည်း အချို့ကိုဖိတ်ပြီးပြီ။ ပြီးခဲ့တာတွေ ပြီးလိုက်တော့။ လာခဲ့ပါ။ Welcome ပါ။ ငါတို့ကို လာကူပါဆိုပြီးတော့"

မေ ၂၆ ထုတ် 7DAY NEWS အတွဲ(၁၀), အမှတ်(၁၀) တွင်ပါသည့် "မြန်မာဖွံ့ဖြိုးရေး အရင်းအမြစ်အဖွဲ့ MDRI တည်ထောင်ရန် သမ္မတ အကြံပေးပညာရှင်ပြောကြား" သတင်းဆောင်းပါးမှ ဒေါက်တာ ဦးမြင့်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အခုခေတ်ကတော့ ကျူရှင်တွေလည်း ပိုက်ဆံယူတာ အဓိကထားတဲ့ခေတ်ဖြစ်သွားတော့ ဆရာတွေနဲ့ ကျောင်းသားတွေ ဆက်ဆံပုံက တအားကွာသွား တယ်။ ပညာရေး သင်ရိုးညွှန်းတမ်းကလည်း ဟိုတုန်းကနဲ့ အလွန်ကွာသွားတယ်။ ဟိုတုန်းက ပညာရေးစနစ်က သင်လိုက်ရင် ကျောင်းသားတွေ တကယ် တတ်တယ်။ အခုခေတ်ကတော့ တကယ်တတ်တဲ့သူ နည်းတယ်။ ဟိုခေတ်တုန်းက တက္ကသိုလ်ကျောင်းသားတွေက တက္ကသိုလ်ရောက်သွားတယ်ဆိုရင် တောင်  ပြင်ပဗဟုတုတ ရှာကြတယ်။ စာကြည့်တိုက်တွေလည်းရှိတော့ အဲဒီတွေမှာ ကိုယ့်ဘာသာကိုယ် လေ့လာကြတယ်။ အခုခေတ်ကတော့ အဲဒါတွေ တော်တော်နည်းသွားတယ်။ သူငယ်တန်းလေးကစပြီး တက္ကသိုလ်ရောက်တဲ့အထိ ဘွဲ့ရပြီးတဲ့အထိ ဆရာဝန်တွေ အင်ဂျင်နီယာတွေဖြစ်တဲ့အထိ ကျူရှင်ယူ နေရတုန်းပဲ။ အဲဒါတော်တော် ထူးဆန်းတယ်"

မေ ၂၆ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၁) အမှတ်(၄၄)တွင်ပါသည့် "မြန်မာနိုင်ငံ ပညာရေးကဏ္ဍ တိုးတက်အောင် ဘာတွေလုပ်နိုင်မလဲ" အင်တာဗျူးမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဗိုလ်ချုပ်မှူးကြီးက ပါတီကို တည်ထောင်တာမှန်ပေမယ့် ပါတီရဲ့ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို အရှိန်အဝါမပါဘဲ ပါတီကို စီမံနိုင်အောင်ဆိုပြီး၊ ပါတီဌာန ချုပ်မှာရှိတဲ့ ရုံးခန်းကိုတောင် မလာပါဘူး။ တကယ့်ကိုပဲ ရာထူးကကော၊ တာဝန်ကကော အနားယူလိုက်ပါပြီ၊ နိုင်ငံတကာကလည်း ဗိုလ်ချုပ်မှူးကြီးက နောက်ကွယ်ကနေ ထိန်းချုပ်ထားတာ ရှိသေးလားဆိုတာကို သူတို့နည်း၊ သူတို့ဟန်နဲ့ စုံစမ်းတဲ့အခါ ဘာမှမရှိဘူးဆိုတာကိုလည်း သူတို့သိလိုက်ရတယ်"

မေ ၂၆ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၁) အမှတ်(၄၄)တွင်ပါသည့် "ဗိုလ်ချုပ်မှူးကြီးနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ  အတွင်းရေးမှူး ဦးဌေးဦး ထုတ်ဖော်ပြောဆို" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"တရားဝင် တင်သွင်းခွင့်ရရှိထားတဲ့ ကုမ္ပဏီ၊ လုပ်ငန်းတွေ အခုဆိုရင် များလာပါပြီ။ အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အမြဲဆောင်ရွက်နေပါတယ်။ ဈေးကွက်မှာ ဖြန့်ချီရောင်းချနေတဲ့ စားအုန်းဆီတွေကိုလည်း လိုအပ်ရင် အရောင်းဆိုင်တွေကနေ ဆီနမူနာယူပြီး ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်"

မေ ၂၆ ထုတ် Popular New အတွဲ(၃) အမှတ်(၂၀)တွင်ပါသည့် "စားအုန်းဆီအရည်အသွေး ဆက်တိုက်စစ်မည်" သတင်းမှ FDA တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အစိုးရအသစ်၏ ပါးနပ်မှု

အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ  သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နှစ်ခြိုက်စရာတစ်ခု တွေ့ခဲ့ရတယ်။ တိုင်းရင်းသားအရေး ကိစ္စဆိုတာ စားပွဲပေါ်မှာ လုပ်လို့မရဘူး၊ ပြည်နယ်တွေကို ပြည်မနဲ့ ဆက်စပ်သွားအောင် လမ်းတွေဖောက်ပေးရမယ်၊ တိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ လူမှု ရေး၊ ပညာရေးတွေ မြင့်မားလာတာနဲ့အမျှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာ အလိုလိုလုပ်ယူပြီး ဖြစ်သွားမယ်လို့ သမ္မတကြီးက ပြောခဲ့တာ ဖြစ်ပါ တယ်။

ဒါပေမယ့် အစိုးရသစ်တက်ပြီး သိပ်မကြာခင်မှာဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တင်းမာမှုပိုမိုမြင့်တက်လာခဲ့ရာက အခုဆိုရင် တိုက်ပွဲ အသွင်ဆောင်တဲ့ ထိတွ့မှုတွေ ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက် တိုက်ဖြစ်လာတာ တွေ့ရတယ်။ ဒီပြည်နယ်သုံးခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းအရေအတွက်က တစ်လကျော်အတွင်းမှာပဲ အကြိမ်တစ်ရာကျော် ဖြစ်ပွားခဲ့ တယ်။ အခုဆိုရင် ရှမ်းပြည်ရဲ့ အင်အားကြီးလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြတဲ့ SSA-S နဲ့ SSA-N တို့ ပူးပေါင်းသွားကြပြီဖြစ်တယ်။ ရွေးကောက်ပွဲ မတိုင်မီတည်းကလည်း DKBA အတော်များများ ခွဲထွက်သွားပြီး ကေအင်န်ယူနဲ့ ပူးပေါင်းသွားကြတယ်။ ကချင်ပြည်နယ်မှာဆိုလဲ KIO နဲ့က အတင်းမာ ဆုံးအခြေအနေကို ရောက်နေပြီး မြစ်ဆုံမှာ တရုတ်နဲ့ ပူးပေါင်းဆောက်မယ့် ရေကာတာကိစ္စကြောင့် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်တယ်လို့ KIO က ပြောကြားခဲ့တယ်။

ဒါတွေကိုကြည့်ပြီး ပြည်တွင်းစစ်တွေ ပြန်ပြီးအားကောင်းလာမှာလားလို့ မေးခွန်းတွေထွက်လာတယ်။ ဒီလိုစစ်တွေ ဖြစ်လာတာကို တိုင်းရင်းသား ဒေသတွေက ပြည်သူတွေရော ပြည်မနေ ပြည်သူတွေအနေနဲ့ မလိုလားကြတာကို တွေ့ရတယ်။ အားလုံးရဲ့အဖြေကတော့ နယ်စပ်ဒေသတွေ တည်ငြိမ် အေးချမ်းမှ သူတို့ရဲ့ စီးပွားရေးကိစ္စတွေ၊ စားဝတ်နေရေးကိစ္စတွေ အဆင်ပြေတယ်၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဘာမှအရောင်းအဝယ်၊ အကူးအသန်းလုပ်လို့ မရဘူးလို့ ဆိုကြပါတယ်။ ဒါကိုသိရက်နဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ တင်းမာမှု တက်လာတာလဲလို့ကြည့်လိုက်ရင် ဒါဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေး သွေးတိုးစမ်းမှုတွေလုပ်ပြီး ကိုယ့်ရဲ့ စိတ်ဝင်စားမှုကိုရယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို လျစ်လျူရှုပြီး နိုင်ငံရေးအရ နှစ်ဖက်လုံးက လှုပ်ရှားနေတာကိုတွေ့ရတယ်။

တိုင်းရင်းသားတွေအနေနဲ့ကတော့ စစ်အစိုးရလက်ထက်မှာ နားလည်မှုယူခဲ့သလို စစ်အစိုးရဟာ အရပ်သားအစိုးရမဟုတ်တဲ့အတွက် တိုင်းရင်း သား လက်နက်ကိုင်တွေကို တိုင်းရင်းသားအရေးလှုပ်ရှားသူတွေလို့ မမြင်ဘူး။ လက်နက်ကိုင်ထားတဲ့ အစိုးရအဖွဲ့အစည်းအဖြစ် လုံခြုံရေးရှုထောင့်က ကြည့်ပြီး တိုက်ခိုက်စရာရှိရင်လဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်။ လူ့အခွင့်အရေးရှုထောင့်တွေ၊ တရားဝင်မှုတွေဟာ စစ်တပ်အတွက် အဓိက မဟုတ် ဘူး။ အောင်ပွဲရရရေးက အဓိကဖြစ်လေတော့ ပြင်းပြင်းထန်ထန်တိုက်ခိုက်တာကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်အစိုးရနဲ့ နားလည်မှုယူပြီး အဆင်ပြေအောင်နေခဲ့ရတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ကြေညာထားပြီး တိုင်းရင်းသားအဖွဲ့အစည်းအချို့လည်း လက်နက်စွန့် ငြိမ်းချမ်းရေးယူပြီး ရွေးကောက်ပွဲဝင်ခဲ့ကာ အခု ဆိုရင် ပြည်နယ်တွေမှ တိုင်းရင်းသားတွေပါဝင်တဲ့ အစိုးရတွေက အုပ်ချုပ်နေကြပြီ ဖြစ်တယ်။ ဒါပေမယ့် လက်နက်ကိုင်တွေကလည်း ရှိနေကြသေးတယ်။ ပြည်နယ်အစိုးရတွေလဲ ပေါ်ပေါက်နေတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကဏ္ဍကို မှန်းရခက်တာလာတယ်။ သေချာတာက ပြည်နယ်အစိုးရ တွေကြောင့် အရင်က တန်ခိုးထွားခဲ့တဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ အရင်လို စီမံခန့်ခွဲခွင့်နဲ့ တန်ခိုးသြဇာတွေ ကျလာကြတယ်။  ဒီတော့ အရပ်သား အစိုး ရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေကို ပြန်ပြောလာပြီး အစိုးရကို သွေးတိုးစမ်း တိုက်ခိုက်တာလားလို့ ယူဆနိုင်တယ်။

အစိုးရဘက်ကလည်း တုံ့ပြန်မှု ပြင်းတာကိုကြည့်ရင် အစတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နားလည်မှု ယူထားတယ်။ ရေကာတာတွေ တည်ဆောက်ဖို့၊ တရုတ်-အာဆီယံ ရထားလမ်းပိုင်းတွေဖောက်ဖို့ ဒီဒေသတွေကိုဖြတ်ရမယ်ဆိုတာ အစိုးရအနေနဲ့  အရင်တည်းက စီစဉ်ထားပြီး လက်နက် ကိုင်အဖွဲ့တွေကလည်း နားလည်ပြီးဖြစ်တယ်။ ဒါပေမယ့် အရပ်သားအစိုးရသစ်ပေါ်ပြီးတာနဲ့  နားလည်မှုယူပြီးသားအဖွဲ့တွေနဲ့ တင်းမာပြီး တိုက်ပွဲတွေ ဖြစ် လာတဲ့အပြင် SSAလို ငြိမ်းချမ်းရေးမယူရသေးတဲ့ အဖွဲ့တွေကပါ တိုးမြှင့်တိုက်ခိုက် လာတာကိုတွေ့ရတယ်။ ဒါကလည်း သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် ကို ပွဲလန့်တုန်းဖျာခင်းလိုက်တာ ဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးရပြီးတဲ့ အဖွဲ့ရော၊ မရသေးတဲ့အဖွဲ့တွေပါ အစိုးရသစ်လက်ထက်မှာ ၎င်းတို့ရဲ့ အခန်း ကဏ္ဍ ပျောက်မသွားအောင် နိုင်ငံရေးကစားကွက်အနေနဲ့ ပြည်တွင်းစစ်ကို အသုံးချနေတယ်လို့ ထင်ရတယ်။

အစိုးရသစ်ကိုဦးဆောင်သူ ဦးသိန်စိန်ကိုကြည့်ရင် အခုမှသမ္မတအဖြစ် ဦးဆောင်ရတာဖြစ်တယ်။ သူတစ်လှမ်း လှမ်းရင် အားလုံးကစောင့်ကြည့် နေကြချိန်ပဲ။ အရပ်သားအစိုးရ လက်ထက်မှာ ဘာအပြောင်းအလဲရှိမလဲလို့ အားလုံးက သွေးတိုးစမ်းနေကြတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားကိစ္စတွေကို ပြည်တွင်းက အခြားအင်အားစုတွေက တိုးမြှင့်လုပ်ဆောင်လာတယ်။ ဒါတွေက စစ်အစိုးရလက်ထက်မှာ  ပြောခွင့်တောင်မရခဲ့တာ ဖြစ်တယ်။ ခြစားမှုနဲ့ လက်ဝါးကြီးအုပ်မှုတွေ ဖိအားပေးနေတာကိုလဲတွေ့ရတယ်။

ဒါတွေအားလုံးဟာ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတွေမှာ ဖိအားပေးအုပ်စုတွေဆိုတာ ရှိတဲ့အတွက် လက်ခံလို့ရတယ်။ ဒါပေမယ့် အားလုံးက နိုင်ငံရေး ကစားကွက်တွေသာ ဖြစ်တယ်လို့ထင်မိတယ်။ အဓိကကတော့ ဦးသိန်းစိန် ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုပဲ၊ အားလုံးက စောင့်ကြည့်ချိန်မှာ ကိစ္စရပ် တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ပါးရည်နပ်ရည် မရှိလို့ကတော့ ပြည်တွင်းစစ် မဖြစ်နိုင်ရင်တောင် ဒီမိုကရေစီတိုးတက်ရေးကို ဆောင်ရွက်တဲ့ နေရာမှာ အနှောင့်အယှက် ဖြစ်သွားစေနိုင်တာကြောင့် အစိုးရသစ်ရော၊ လက်နက်ကိုင်အင်အားစုတွေအပြင် အခြားနိုင်ငံရေး အင်အားစုတွေကပါ တိုင်းပြည်ကောင်း ကျိုးကို စဉ်းစားပြီး သင့်တင့်လျောက်ပတ်တဲ့ ဖိအားပေးမှုတွေ၊ အကြံပြုမှုတွေနဲ့ ပွင့်လင်းမြင်သာမှုတွေရှိပါမှ စစ်မှန်တဲ့ ပြည်ထောင်စု၊ တန်းတူရည်တူရှိမှုနဲ့၊ ဒီမိုကရေစီရေးဆိုတာတွေက ကပ်ပါလာမှာဖြစ်ပြီး ကိုယ်ကျိုးကိစ္စတွေကို အခြေခံတဲ့ အယူအဆဟောင်းတွေ ဆက်လက်စွဲကိုင်နေဦးမယ်ဆိုရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတာမျိုးပဲ ဖြစ်နေဦးမှာပါ။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs