Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ဓါတ်ဆီ ဈေးကွက်တွင် ဝယ်ယူရန်ခက်

ရန်ကုန်၊ ဇွန် ၁၆။

စက်သုံးဆီကုမ္ပဏီများအနေဖြင့် အစိုးရထုတ်ပေးနေသည့် ဆီအမျိုးအစားကို ဝယ်ယူဖြန်ဖြူးရန် ကမ္ဘာ့စက်သုံးဆီဈေးကွက်၌ လိုက်လံဝယ်ယူ၍ မရကြောင်း စက်သုံးဆီဆိုင် ၁၀ဆိုင်ထက်မနည်း ဖွင့်လှစ်ထားသူ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဓါတ်ဆီကားတန်းရှည်ခြင်းအကြောင်းအား ပုဂ္ဂလိကကိုလွှဲပြီးမှဖြစ်ကြောင်း ကုမ္ပဏီများခေါင်းပေါ်ကို စွမ်းအင်နှင့် စီးပွားကူးသန်းက ပုံချနေခြင်း ကြောင့် ပြည်ပမှ လိုက်လံဝယ်ယူရာတွင် မည်သည့်နေရာတွင်မှ ဝယ်ယူ၍မရကြောင်း နိုင်ငံတကာတွင် မသုံးတော့သည့် ဓါတ်ဆီကို အစိုးရမှ လုံလောက် အောင် ထုတ်ပေးခြင်းမပြုဘဲ ကုမ္ပဏီများကြောင့်ဟု ရန်ကုန်တိုင်းရုံးမှလည်း ပြည်တွင်းသတင်းဂျာနယ်များကို သတင်းမှားထုတ်ပေးပြီး ကုမ္ပဏီများကို အပြစ်ပုံချနေကြောင်း ပုဂ္ဂလိကဆီဆိုင် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

တစ်ဂါလံ ၂၅၀၀ဖြင့် ရောင်းရန်အစိုးရမှ ထုတ်ပေးသည့် ဓါတ်ဆီသည် ခဲဓါတ်ပါဝင်မှုများပြီး တာရှည်အသုံးခံသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုပိုမိုသဖြင့် နိုင်ငံတကာတွင် ပေါက်ကွဲမှုအားကောင်းသည့် အော့တိန်းကိုဂရိတ်များ သတ်မှတ်ပြီးရောင်းကြောင်း ပုဂ္ဂလိကိကုမလွဲပြောင်းခင်က တစ်နိုင်ငံလုံးတွင် အော့တိန်းရောင်းသည့်ဆိုင် နှစ်ဆိုင်ခန့်သာရှိပြီး ပုဂ္ဂလိကလက်ထဲထည့်ပြီးမှ ဆိုင်တိုင်း အော့တိန်းတင်ရောင်းလာသည် သာဓကကိုကြည့် လျှင် နိုင်ငံတကာဆီဈေးကွက် အနေအထားကို သိနိုင်ကြောင်း အတွေ့အကြုံ နှစ်သုံးဆယ်ကျော်ရှိ အစိုးရစက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ပြောကြား သည်။

ဈေးကွက်သဘောတရားအရ Supply နှင့် Price ပင် ဖြစ်ကြောင်း လုံလောက်အောင် မပေးနိုင်လျှင် ဈေးနှုန်းကို စီးမျောခွင့်ပြုရမည်ဖြစ်ကြောင်း ဓါတ်ဆီဈေးနှုန်းကို နင်းထားပြီး ကုမ္ပဏီများကြောင့် ဝိသမလောဘသားများကြောင့်ဟု လက်ညှိုးထိုးအပြစ်ပုံနေ၍ မရကြောင်း နိုင်ငံတကာ ဈေးမြင့်နေ ချိန်တွင် ပြည်တွင်ဈေးနှုန်း နိမ့်နေပါက အိမ်နီးချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ကိုပါ Subsidization လုပ်ပေးသလို ဖြစ်နေသည်ဟု ပြည်သူ့ရေးရာမူဝါဒ ကျွမ်း ကျင်သူတစ်ဦးက ပြောကြားသည်။

NZ

--------------------------------------------------------------------------------------------------------------------------

အလုပ်သမားများအရေး မြန်မာ-ထိုင်း ဆွေးနွေးမည်

ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏အရေးကိစ္စအား မြန်မာ-ထိုင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအပတ်ထဲ၌ပင် မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်သည် ထိုင်းနိုင်ငံသို့ ၄ ရက်ကြာခရီး သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ အရေးကိစ္စနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံ ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင် ရပ်တည်နိုင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနရှိ အရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် လက်မှတ်အသစ်များကို ယခုလ ၁၅ ရက်နေ့မှ ဇူလိုင်လအတွင်း ပြုလုပ်ပေးသွားရန် အစီအစဉ် ရှိနေကြောင်းသိရသည်။ ထို့ပြင် စမုစခွန်နှင့် နခွန်စမ် ပြည်နယ်တို့၌ မြန်မာအလုပ်သမားများ မှတ်ပုံတင်ရန် စင်တာနှစ်ခုဖွင့်လှစ်သွားရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် စမုစခွန်ရှိ အလုပ်သမားများ မှတ်ပုံတင်ရမည့် စင်တာသို့ သွားရောက်ရန် အစီအစဉ်ဆွဲထားပြီး ထိုင်းနိုင်ငံရှိ စက်ရုံများနှင့် ထိုင်းနိုင်ငံခြားရေးရာဌာနသို့လည်း သွားရောက်ရန်ရှိကြောင်း သိရသည်။

(ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၄၇ ပါ “ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး မြန်မာနှင့် ထိုင်းဆွေးနွေးမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------

မလေးရှား၌ နိုင်ငံခြားအလုပ်သမားခေါ်ယူမှု ယာယီဆိုင်းငံ့မည်

မလေးရှားနိုင်ငံ၌ နိုင်ငံခြားအလုပ်သမား ခေါ်ယူနေမှုများကို တရားမဝင်အလုပ်သမားများ စီမံခန့်ခွဲခြင်းကိစ္စရပ် ဆောင်ရွက်နေစဉ် အတော အတွင်း ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အေးဂျင့်တို့မှ တင်ထားသည့် မလေးအလုပ်ခေါ်စာများအား ကတ်ဘိနက်သို့တင်ပြခြင်း လုပ်ငန်းရပ်အားလည်း တစ်လကြာ ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင်အလုပ်သမားများ စီမံခန့်ခွဲရေးအစီအစဉ်အား မကြာခင်ကာလ၌ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းသိရသည်။

မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင် အလုပ်သမားများအနေနှင့်လည်း သက်ဆိုင်ရာဌာနများတွင် လာရောက် မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာမိခင်နိုင်ငံသို့ ပြန်ပို့ရေးနှင့် မလေးရှားနိုင်ငံ၌ ဆက်လက် အလုပ်လုပ်ကိုင်ရေးပာူ၍ သတ်မှတ်ပြီး မှတ်ပုံတင်ခြင်းကိစ္စရပ်အား ရက်သတ္တပတ် ၃ ပတ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်အလုပ်သမားများအား တရားဝင်ဖြစ်စေရန် လုပ်ကိုင်ပေးခြင်းမှာ တရားမဝင်အလုပ်သမားများ ပို့ဆောင်နေသူများအတွက် ပိုမိုအလုပ် ဖြစ်စေနိုင်ကြောင်း၊ တာဝန်ယူသည့်သူများရှိပါက ပိုမိုအလုပ်ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရှင် သဘောတူလက်ခံပါက မည်သည့်နည်းနှင့်မဆို အလုပ်ဖြစ် သွားနိုင်ကြောင်း မလေးရှား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်သတ်တမ်း ၅ နှစ်ပြည့်သော်လည်း မိခင်နိုင်ငံသို့ မပြန်ဘဲ တရားမဝင် ဆက်လက်အလုပ် လုပ်ကိုင် နေသူ၊ တရားမဝင်နည်းဖြင့် အလုပ်လုပ်ကိုင်နေသူ၊ စက်ရုံ၊ အလုပ်ရုံများမှ စာချုပ်သက်တမ်းမပြည့်မီ ထွက်ပြေးသူ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၃ ပါ “မလေးရှားလုပ်သားတံခါး ယာယီပိတ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်)

-------------------------------------------------------------------------------------------------------------

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်ရေး သင်ကြားချိန်လေးနာရီ ထပ်တိုးမည်

၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာနိုင်စေရန် နဝမတန်းနှင့် တက္ကသိုလ် ဝင်တန်းကျောင်းသားများအတွက် တစ်ရက်လျှင်စာသင်ချိန် လေးနာရီထပ်မံတိုးမြှင့်၍ သင်ကြားစေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးသည် ယခုပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ တစ်နိုင်ငံလုံး၏ တတိယနောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ သည့်အတွက် ယခုနှစ်မှစတင်၍ ပညာရေးကဏ္ဍ၌ ကြပ်ကြပ်မတ်မတ်ဖြင့် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်၌ တစ်နိုင်ငံလုံး၌ အောင်ချက်မှာ ၂၇ ဒဿမ ၄ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် တစ်နိုင်ငံလုံး တတိယ နောက်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်းသိရသည်။

ထို့ကြောင့် ယခုနှစ်ပညာသင်နှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတိုင်းတွင် ၃၅ ရာခိုင်နှုန်းနှင့် အထက် အောင်မြင်ရမည်ဖြစ်ပြီး တစ်ကျောင်းလျှင် အနည်းဆုံး ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး မွေးထုတ်ပေးရန် သင်ကြားပေးရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပုံမှန်စာသင်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၃ နာရီဖြစ်သော်လည်း ယခုနှစ်မှစတင်၍ နံနက်ပိုင်း နှစ်နာရီနှင့် ညနေပိုင်း နှစ်နာရီပာူ၍ အချိန်ပို လေးနာရီ တိုးမြှင့်သင်ကြားရမည်ဖြစ်ပြီး စာသင်ချိန်ဆယ်နာရီ သတ်မှတ်ထားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

(7 Day News၊ အတွဲ-၁၀၊ အမှတ်-၁၃ ပါ “တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်ရေး တစ်ရက်လေးနာရီ တိုးမြှင့် သင်ကြားရန် စီစဉ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်ပြည်နယ်တွင် ပထမအကြိမ် ဗုံးရှာဖွေရေးသင်တန်းပေးခဲ့

ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၆၆ ဦးကို စစ်တွေမြို့ရှိ ပြည်နယ်အရံ ရဲတပ်ဖွဲ့ခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် သုံးရက်တာ ဗုံးရှာဖွေရေး သင်တန်း တစ်ခု ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဗုံးဖေါက်ခွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်တွင်လည်း လုံခြုံရေးအရ စိုးရိမ်လာရသည့်အတွက်ကြောင့် ယခုသင်တန်းကို ရဲများကို စတင်ပို့ချပေးလာခြင်း ဖြစ်သည်ဟု ပြည်နယ်အရံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အရေးကြီးလာနေမူနှင့် ပတ်သက်ပြီး ၎င်းရဲအရာရှိမှ တစုံတရာ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသော် လည်း သင်တန်းကို စစ်တပ်မိုင်းရှာဖွေရေးအဖွဲ့မှ အရာရှိများ လာရောက်ပို့ချပေးခဲ့ခြင်း ဖြစ်ပြီး၊ ဇွန်လ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ ပို့ချပေးခဲ့ကြောင်း ပြောကြား သည်။

ပညာအရည်အချင်းအားဖြင့် အနည်းဆုံး ၁၀ တန်းအောင်အဆင့်၊ ရာထူးအားဖြင့်ဆိုလျှင် တပ်ကြပ်အဆင့်ရှိသူ ရဲတပ်ဖွဲ့ဝင်များအား ရခိုင်ပြည်နယ် မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်အဆင့် ရဲဌာနများမှ စုစုပေါင်း ၆၆ ဦးကို ရွေးချယ်ပြီး ပထမအသုတ်အဖြစ် သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၄-ခုနှစ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့သည့် အချိန်မှစ၍ ယခု လက်ရှိအချိန်အထိ ဗုံးပေါက်ကွဲမူများ မရှိခဲ့သော်လည်း ရန်ကုန်အပါအဝင် တခြားဒေသများတွင် ဗုံးပေါက်ကွဲမူများ မကြာခဏဆိုသလို ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမှ လေ့လာသုံး သပ်သူများက ပြောဆိုသည်။

၂၀၁၀ ခုနှစ်တွင် ရန်ကုန် သင်္ကြန်ရေကစား မဏ္ဍပ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် တခြားဒေသများတွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ပေါ်ပေါက်နေခဲ့ရာ ယခုလ ၁၁ ရက်နေ့ကလည်း နေပြည်တော်ရှိ မြို့မဈေးတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မေလ ၁၈ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး လူစီး အမြန်ရထားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------

ယခင်မဲဆန္ဒနယ်မှ ဦးသုဝေ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်

လွှတ်တော်တွင်းလစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေသည် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ ၎င်းယှဉ်ပြိုင်ခဲ့သည့် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှပင် ထပ်မံ၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဦးသုဝေ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သကဲ့သို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အထွေထွေအတွင်းရေးမှူး ဒေါ်နေရီဗဆွေကလည်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဦးသုဝေသည် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ဒေါ်နေရီဗဆွေမှာ မရမ်းကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ပာု ပြောဆိုထားကြောင်း၊ သို့သော် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲကိစ္စရပ် ညှိနှိုင်းအစည်းအဝေး ၌ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူများ စာရင်းတွင် ဒေါ်နေရီဗဆွေမှာ အမည်ပေးထားကြောင်း၊ အတိအကျအနေဖြင့် မပြောနိုင်သော်လည်း အမည် စာရင်း ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရုံးချုပ်ကိုလည်း ယခုလက်ရှိ ရုံးစိုက်ထားသည့် အမှတ်-၄၅၆၊ သိမ်ဖြူလမ်း၊ ဖို့မြေရပ်ကွက်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်မှ အခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့ရုံးစိုက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အခက်အခဲ တစ်စုံတစ်ရာရှိ၍ ပြောင်းရွှေ့ခြင်းမပာုတ်ကြောင်း၊ ယခု ဌားထားသည့်အခန်း လစေ့သွားပြီဖြစ်သည့်အတွက် ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း၊ အားလုံးအဆင်ပြေလျှက်ပင်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၄ ပါ “ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေယခင်မဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံ မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------

သုံးစွဲနေသေးသည့်အမည်အချို့မှာ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ

ယခင်က သုံးစွဲခဲ့သည့် အခေါ်အဝေါ်အမည်နာမအချို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်လာပြီးနောက် ပြောင်းလဲခေါ်ဆိုရန် သတ်မှတ် ထားခဲ့သော်လည်း နေရာဌာနအချို့တွင် ယခင်အတိုင်းပင် ခေါ်ဆိုလျက် ရှိနေသေးကြောင်း သိရသည်။

လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် အစိုးရဌာနတစ်ခု၌ သွားရောက်လျှောက်ထားသည့်အခါ ယင်းဌာနမှထုပေးလိုက်သည့် တံဆိပ်တုံးမှာ ယခင် ပြည် ထောင်စုမြန်မာနိုင်ငံတော်ဆိုသည့် တံဆိပ်တုံးအပောာင်းပင် ဖြစ်ကြောင်း၊ ဌာနဆိုင်းဘုတ်များတွင်လည်း ရန်ကုန်တိုင်းပာူ၍သာ သုံးစွဲလျက်ပင် ရှိသေး ကြောင်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အမည်နာမများ မပြောင်းလဲပဲ ယခင်အတိုင်းသာ သုံးနှုန်းနေခြင်းသည် ပြစ်မှုမြောက်သည်၊ မမြောက်သည်ကို ပြောဆိုရန် ခက်ခဲ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း ပြောင်းလဲခေါ်ဆိုရမည်ပာုသာဆိုထားပြီး ပြောင်းလဲခေါ်ဝေါ်ခြင်း မရှိလျှင်အရေးယူမည်ပာု ဆိုထားခြင်း မရှိ ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြောင်းလဲခေါ်ဆိုရမည်ပာု သတ်မှတ်ထားသည့်အတွက် မပြုလုပ်ခြင်းသည် အခြေခံဥပဒေအား မလိုက်နာ ခြင်းပင် ဖြစ်ကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

ဌာနဆိုင်ရာများတွင် ဌာနဆိုင်ရာတံဆိပ်တုံးများ၊ ဆိုင်းဘုတ်များ ပြောင်းလဲတပ်ဆင်ရန်ဆိုသည်မှာ အထက်ညွှန်ကြားချက်ကို စောင့်ဆိုင်းရ ကြောင်း၊ အထက်သို့ ပြင်ဆင်ချက် လျှောက်လွှာတင်ရကြောင်း၊ အထက်က ခွင့်ပြုမှသာ လုပ်ကိုင်ခွင့်ရှိကြောင်း ဝန်ကြီးဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုအချိန်မှစတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်အစိမ်းကိုသာ ကိုင်ဆွဲ၍ သုံးရပြောရတော့မည်ဖြစ်ကြောင်း၊ ယခင် ဝန်ကြီးဆိုသူအား ယခု ပြည်ထောင်စုဝန်ကြီးဟူ၍ ပြောင်းလဲခေါ်ဆိုရသကဲ့သို့ ဥပဒေအရ လိုက်နာသုံးစွဲရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။

အခြေခံဥပဒေနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ဦးတိုက်လျှောက်ထားနိုင် ကြောင်းသိရသည်။ ယင်းခုံရုံး သည် အစိုးရသစ်လက်ထက်မှ စတင်၍ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ပြီး ဥက္ကဋ္ဌ အပါ အဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၃ ပါ “အခြေခံဥပဒေနှင့်မညီသော အမည်နာမအချို့ ဆက်လက်သုံးစွဲနေသေး” သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အလုပ်သမားတွေအတွက်လည်း နေ့စဉ်အသုံးစရိတ်က မကျဘူး။ လစာကလျော့မသွားဘူး ဆိုပေမယ့် အသုံးစရိတ်က တက်လာပါတယ်။ ဒါကို ချပေးနိုင်ဖို့ လိုတယ်။ အခုလိုအချိန်မှာ Transaction cost တွေကို လျှော့ချပေးဖို့လည်း လိုပါ တယ်”

MYANMAR TIMES  အတွဲ(၃)၊ အမှတ် (၂၃) တွင်ပါသည့် " ငွေဈေးကျမှု အထည်ချုပ်လုပ်ငန်းကို ထိခိုက်လာ" သတင်းမှ အထည်ချုပ် လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

“Good Governanceကို ဆောင်ရွက်ရာမှာ equalityဆိုတာ ရံဖန်ရံခါမှာ ထိရောက်မှု မရှိတတ်ပါဘူး။ အလုပ်ပိုလုပ်သူက အလုပ်မလုပ်ဘဲနေသူထက်တော့ ပိုပြီးအကျိုးခံစားခွင့်တွေရဖို့ လိုအပ်ပါတယ်”

Popular News  အတွဲ(၃)၊ အမှတ် (၂၃) တွင်ပါသည့် " e-Government လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်ရေး ဆွေးနွေးပွဲ နေပြည်တော် တွင် ကျင်းပ" သတင်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

“Citizin Journalism ရဲ့ အဓိက ကတော့ Medium ပေါ့။ ကြားခံပစ္စည်းတွေ၊ ဒစ်ဂျစ်တယ်တွေ လိုအပ်တယ်။ မိုဘိုင်းဖုန်းတို့၊ အင်တာနက်တို့ပေါ့။ ဟိုအရင် Citizin Journalism က ပုံနှိပ်မီဒီယာမှာ လူထုအော်သံအဆင့် လောက်ပဲရှိတာ”

မြန်မာပို့စ် ဂလိုဘယ်  အမှတ် (၁၃) တွင်ပါသည့် "လူတိုင်ထိတွေ့နိုင်သော သတင်းထောက်အတတ်ပညာနှင့် အနာဂတ် မီဒီယာဖွံ့ဖြိုးမှု " သတင်းဆောင်းပါးမှ The Voice Weekly  အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

“ပြည်ပရင်းနှီးမြှပ်နှံမှုတွေ လာရင် လစာကောင်းကောင်းနဲ့ ကျွမ်းကျင်သူတွေ ခေါ်ကြတော့မှာ ဖြစ်တယ်။ အဲဒီအခါမှာ တကယ် ကျွမ်းကျင်သူတွေ လိုလာပါပြီ။ ဒါကို ကြိုတင် ပြင်ဆင်ပြီးတော့ ဝန်ထမ်းတွေကို စနစ်တကျ သင်တန်းပေးဖို့ လိုပါ တယ်”

မြန်မာပို့စ်ဂလိုဘယ်  အမှတ် (၁၃) တွင်ပါသည့် "ပြည်ပရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာပါက ပြည်တွင်း၌ကျွမ်းကျင်လုပ်သားရှားပါမှု ပြဿနာ နှင့် ကြုံတွေ့နိုင်ဟုဆို" သတင်းမှ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

စွမ်းဆောင်ရည်ရှိသော ဗျူရိုကရေစီ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသည် အာဏာပိုင်အုပ်ချုပ်ရေးစနစ်မှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းပြီး ဖြစ်သောကြောင့် ယခင် အချုပ်အခြာအာဏာသုံးရပ်(အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး)ကို တစ်ပေါင်းတစ်စည်းတည်းကျင့်သုံးရာမှ ယခုအခါတွင် ယင်းတို့ကို ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြင့် ခွဲခြားအုပ်ချုပ်နေလေပြီ။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လေ့လာသုံးသပ်သူများက မည်သို့ပင်ဆိုနေ စေကာမူ ယခုကဲ့သို့ အချုပ်အခြာအာဏာသုံးရပ်ကို လွတ်လပ်စွာ ခွဲခြားအုပ်ချုပ်သည်မှာ ပို၍ကောင်းမွန်သည့်ဘက်သို့ ရှေ့ရှုသွားသည်ဟု ထင် မြင်မိပါ သည်။ ယခင်က နိုင်ငံတော်မှ မူဝါဒတစ်ခုချမှတ်လျှင် မီဒီယာမှတစ်ဆင့် ပြည်သူအများထံ ကြိုတင်ထုတ်ပြန် ကြေညာခြင်းမျိုး မရှိရာမှ ယခုအခါတွင် ဆင်းရဲမွဲ တေမှု ပပျောက်ရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင်များကို ဆွေးနွေးပွဲများပြုလုပ်၍ မီဒီယာများတွင် ရေးသားထုတ်ပြန်ခြင်းမျိုး ရှိလာကြောင်း တွေ့ရ လေသည်။

ဇွန်လ ၁၄ ရက်နေ့တွငလည်း နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ကျင်းပသော  e-goverment စနစ် အရှိန် အဟုန်မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ထိုစနစ်တိုးတက်အောင်မြင်လာစေရေးအတွက် ထောက်ခံကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုး မောင်က ပြောကြားသွားခဲ့လေသည်။ အစိုးရကောင်းတစ်ရပ်ဖြစ်ရန်မှာ သုံးနားညီ အုပ်ချုပ်ရေးစွမ်းရည်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ ဖြစ်လေ သည်။ သုံးနာညီ အုပ်ချုပ်ရေး စွမ်းရည်များမှာ အုပ်ချုပ်မှုစွမ်းရည် (Administrative Capacity), မူဝါဒ စွမ်းရည် (Policy Capacity), နိုင်ငံတော်စွမ်းရည် (State Capacity) တို့ဖြစ်လေသည်။

နေပြည်တော်တွင် ကျင်းပသွားသည့် အဆိုပါ E-goverment စနစ်ဆိုသည်မှာ အုပ်ချုပ်ရေးစွမ်းရည်ကို ထိထိရောက်ရောက် မြင့်တင်နိုင်ရန်ဖြစ် လေသည်။ မြန်မာနိုင်ငံတွင် ၂၀၀၄ ဧပြီလမှ စတင်ကာ e-National Task Force ကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။ ဌာနဆိုင်ရာ ၄၀ခုနှင့် အစိုးရနှင့် အခြားစီးပွားရေးလုပ်ငန်း များ၊ e-passport, e-visa စသည်တို့ကို အကောင်အထည်ဖော်ခဲ့လေသည်။ သို့သော် ယခုလောလောဆယ်အထိတော့ e-banking စနစ်ကို အကောင်အထည်ဖော်မှုမရှိသေးပါ။ ယင်းကို အကောင်အထည်ဖော်နိုင်ပါက ဘဏ်စနစ်ကို အသုံးချ၍ စီးပွားရေးလုပ်စေခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ များစွာချောမွေ့သွားလေမည် ဖြစ်ပေသည်။ အထူးသဖြင့် လောလောဆယ် ကြုံတွေ့နေရသော ငွေအကြွေကိစ္စနှင့် ပတ်သက်၍ များစွာ အဆင်ပြေသွားလေမည် ဖြစ်လေသည်။ e-banking စနစ်ကြောင့် Cash Card ငွေအကြွေကဒ်ကို အလွယ်တကူအသုံးပြုနိုင် လာမည်ဖြစ်သော ကြောင့် ဖြစ်လေသည်။

e-Goverment အသုံးပြုခြင်းဖြင့် ရရှိနိုင်သော ရလဒ်များမှာ-

၁။ရင်းနှီးမြုပ်နှံသူများအတွက် အဟန့်အတားများကို ပြေလျော့စေနိုင်ခြင်း။

၂။လာဘ်စားမှုများကို လျှော့ချတိုက်ဖျက်နိုင်ခြင်း။

၃။အချိန်ကုန်လူသက်သာစေခြင်း။

၎။အဆင့်ဆင့် တင်ပြရမှုများ လျှော့ချနိုင်ခြင်း။

၅။ခရီးသွားရခြင်း ဝန်ဆောင်မှုစရိတ်များ လျော့ကျသွားစေနိုင်ခြင်း။

၆။ရုံးဌာနများ၏ အကျယ်အဝန်း၊ နေရာယူမှုများကိုပါ လျှော့ချနိုင်ခြင်း။

၇။တိုတောင်းသော အချိန်အတွင်း မှန်ကန်သော သတင်းအချက်အလက်များကို တိကျစွာ ပေးပို့နိုင်ခြင်း။

၈။သင်းအချက်အလက်များကို မြန်ဆန်စွာ ပို့ပေးနေရခြင်းကြောင့် အလုပ်သမား အလုပ်လုပ်နှုန်း မြန်ဆန်ပြီး ပိုမို ဂရုစိုက်လာကြခြင်း။

၉။ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှု လွယ်ကူသဖြင့် စီမံကိန်းများကို ရာနှုန်းပြည့် အကောင်အထည်ဖော်လာနိုင်းခြင်း။

၁၀။လုပ်ငန်းများ အပေါ်တွင် အလွယ်တကူ အချိန်တိုအတွင်း စစ်ဆေးစောင့်ကြပ်ကြည့်ရှုနိုင်ခြင်း။

၁၁။အစိုးရဌာများ၏ ပွင့်လင်းမြင်သာမှုများအပေါ် ပြည်သူ၏ ယုံကြည်မှုကို ပိုမိုရရှိလာစေနိုင်ခြင်း။

၁၂။စက္ကူအသုံးပြုမှုများ လျော့ကျလာသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပံ့ပိုးကူညီပေး ခြင်း။

၁၃။ကမ္ဘာ့ကြီး ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာနေသော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်မှု လုပ်ငန်းများကိုပါ ထိရောက်စွာ ဆောင်ရွက် နိုင်ခြင်း။

၁၄။ပြည်သူနှင့်အစိုးရ ပိုမိုနီးကပ်စွာ ရှိနေခြင်းအပေါ် တစ်ဦးနှင့်တစ်ဦး ယုံကြည်အားကိုလာခြင်းတို့ ဖြစ်လေသည်။

e-Goverment စနစ်ကို ကျင့်သုံးစေခြင်းသည် ပြည်သူ့ရေးရာဝန်ဆောင်မှု ပေးအပ်သော ပြည်သူ့ဝန်ထမ်းနှင့် ဝန်ဆောင်မှုကို သုံးစွဲသူ ပြည်သူ များကြား တစ်နည်းအားဖြင့် ထိတွေ့ဆက်ဆံမှုမရှိအောင် ဆောင်ရွက်ထားခြင်းမျိုးလည်း ဖြစ်လေသည်။ ဝန်ထမ်းများကို အကျင့်ပျက်လာဘ်မစားအောင် မည်မျှပင် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းသတ်မှတ်စေကာမူ  ဝန်ဆောင်မှုပေးအပ်သူနှင့် ဝန်ဆောင်မှုသုံးစွဲသူကြား ထိတွေ့ဆက်ဆံမှုများ ရှိနေသေးပါက လာဘ်စားမှု တစုံတရာ ရှိလာနိုင်သေးပါသည်။ ထိုအတွက်ကြောင့် e-Goverment စနစ်ကို အသုံးပြုခြင်းဖြင့် ထိတွေ့ဆက်ဆံရေး ပြတ်တောက်လာကာ အကျင့်ပျက်လာဘ်စားမှုများလည်း လျှော့နည်းသွားမည် ဖြစ်လေသည်။ ထို့အပြင် ဗျူရိုကရေစီ၏ သဘောတရားမှာ သူ့ကိုယ်သူကြီးထွားအောင်လုပ်သည် ဟူသော ဆိုရိုးစကားလည်းရှိလေရာ e-Goverment ကို အကောင်အထည် မဖော်ပါက ဗျူရိုကရေစီယန္တရားနှင့် ထိတွေ့ဆက်ဆံတိုင်း မလိုလားအပ်သည့် အဆင့်များကို ဖြတ်သန်းရသဖြင့် Transction Cost များလည်း မလွဲမသွေ မြင့်တက်မည်သာဖြစ်သည်။ ထိုအတွက်ကြောင့် e-Goverment သည် နိုင်ငံတော် သမ္မတကြီး အကောင်အထည်ဖော်မည့် ကောင်းမွန်သန့်ရှင်းသော အစိုးရကို ထောက်ပံ့ပေးမည့် စနစ်တစ်ခု ဖြစ်ပါကြောင်း..........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs