Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၈.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်၏ စီးပွားရေးလုပ်ငန်းမီးလောင်

ရန်ကုန်၊ ဇွန် ၂၈။

ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်ဝင်း (ခ) ဇာကီးအာမတ်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရှိုင်းဆောက်လုပ်ရေး လုပ်ငန်းရုံးခန်းတွင် ဇွန်လ ၂၈ ရက် မနက် ၁၁ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယင်းမျက်မြင်သက်သေက “မြေညီထပ်ရုံးခန်းရဲ့ ဧည့်ဆောင်မှာလောင်တာ။ ဆေးလိပ်မီးကြောင့် လောင်တယ်လို့တော့ ပြောနေကြတယ်။ အခု မီးလောင်မှုဖြစ်သွားတဲ့ဧည့်ခန်းမှာပဲ လွန်ခဲ့တဲ့အပတ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဧည့်ခံခဲ့တာ။ မီးလောင်တဲ့နေရာရဲ့ အပေါ်နှစ် ထပ်မှာက ဦးအောင်ဇော်ဝင်း ဦးဆောင်ပြီးလုပ်နေတဲ့ ဘူးသီးတောင်၊ မောင်တော ဒေသဖွံဖြိုးရေး အသင်းရုံးရှိတယ်”ဟု ဆိုသည်။

ယခုအခါတွင် ယင်းမီးလောင်မှုအား ပေါ့ဆ၍ မီးလောင်ကျွမ်းကြောင်း အမှုဖွင့်စစ်ဆေးနေပြီး၊ ဆုံးရှုံးမှုတန်ဖိုးအား ကျပ်တစ်သိန်းခန့်သာ တွက်ချက် ထားကြောင်း သတင်းရရှိသည်။ ယင်းမီးလောင်မှု ဖြစ်ပွားရာနေရာသည် ရှိုင်းဆောက်လုပ်ရေးမှ တည်ဆောက်ထားသည့် အောင်ဆန်းအားကစားပြိုင်ဝင်း၏ မြောက်ဘက်တန်းရှိ ဂျိုးဖြူလမ်းပေါ်တွင် တည်ဆောက်ထားသည့် အထပ် ၁၂ ထပ်ပါ ဂျိုးဖြူကွန်ဒိုဖြစ်ကြောင်း သိရှိရသည်။

ရှိုင်းဆောက်လုပ်ရေးလုပ်ငန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများစွာ တည်ဆောက်လျက်ရှိပြီး၊ အများဆုံးတည် ဆောက်နေသည်မှာ ကွန်ဒိုအဆောက်အဦးများ ဖြစ်ကြောင်း သိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

AK ဆောက်လုပ်ရေး၏ ရေသာခိုမှုကြောင့် ဒေါနတောင်ကျော် လမ်းမြေသားပြိုကျ

ကော့ကရိတ်-မြဝတီကြားရှိ ဒေါနတောင်ကျော်လမ်းမြေသားပြိုကျမှုသည် ယင်းလမ်းပိုင်း ပြင်ဆင်ဖောက်လုပ်ရေးအား တာဝန်ယူထားသော AK ဆောက်လုပ်ရေး၏ စီမံကိန်းရေသာခိုမှုကြောင့် ဖြစ်ကြောင်း ကော့ကရိတ်ဒေသခံများက ဆိုသည်။

ကော့ကရိတ်မြို့နေဒေသခံတစ်ဦးက “မိုးတွင်းဆိုရင် တောင်ကျော်လမ်းက အရင်ကတောင်ပြိုတာပဲဖြစ်တာ အခုနှစ်ကျတော့ လမ်းမြေသားပြိုကျမှု ဖြစ်လာပြီ၊ ဒီဆောက်လုပ်ရေးကုမ္မဏီက ဒီလမ်းပိုင်းတွေကို  တာဝန်ယူဖောက်လုပ်နေတာ ၄ နှစ်နီးပါးရှိနေပြီ၊ ကော့ကရိတ်အထွက်လမ်းဆိုလည်း ဒီနှစ်နွေ မှာ ခင်းပြီးပြီဆိုရင် မိုးတွင်းပြီးရင် ပျက်ပြီ၊ ပြန်ပြန်ခင်းနေရတော့ လမ်းကရှေ့ကိုမရောက်တော့ဘူး။ တောင်ပေါ်လမ်းဆိုလည်း ကွန်ကရစ်ခင်းတာ အောက်ခံ မြေသားဖောင်ဒေးရှင်း မကောင်းတော့ အပေါ်ကကွန်ကရစ်ကော၊ မြေသားပါ မိုးရေနဲ့ပါသွားတာ။ အခုတော့ စစ်ဗျူဟာကရော၊ ဆောက်လုပ်ရေးကရော ဝိုင်းပြီး မြေဖို့တာတွေ လုပ်နေတယ်”ဟု ဆိုသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကော့ကရိတ်-မြဝတီကြားရှိ ဒေါနတောင်ကျော်လမ်းပိုင်းတွင် ငါးနေရာနှင့်အထက် တောင်ပြိုမှုများ၊ မြေသားပြိုကျ မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ဘားအံကားဝင်းမှ ခရီးသည်ပို့ဆောင်ရေးဂိတ်မှုးတစ်ဦးက “ဇွန် ၂၅ ရက်မနက်ကစပြီး ကားတွေအတက်အဆင်း မရတော့တာ၊ မြဝတီဘက်က ဆိုရင် ကုန်သွယ်ရေးဂိတ်အထိ ကားတွေသွားခိုင်းတယ်ကြားတယ်၊ ကော့ကရိတ်ကနေလည်း ကားတွေထွက်ခွင့်မပေးတော့ မြဝတီကိုသွားမယ့်ကုန်တွေက ဘားအံမှာကော၊ ကော့ကရိတ်မှာပါ ပုံနေတယ်။ ဟိုဘက်ကမ်း ကူးချင်တဲ့သူတွေလည်း ကော့ကရိတ်ကထမင်းဆိုင်တွေမှာ ခိုနေရတယ်ကြားတယ်”ဟု ဆို သည်။

ဒေါနတောင်ကျော်လမ်းပိုင်းသည် နှစ်စဉ်မိုးရာသီတွင် မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုသာဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်ကဲ့သို့ လမ်းမြေသားပြိုကျမှု ဖြစ် ပွားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

AK ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်ကာ မြန်မာအစိုးရနှင့်ပူးပေါင်း၍ B.O.T စနစ်ဖြင့် The Prince Hotel၊ နိုင်ငံတကာအဆင့်မီ ရွှေမန်း တောင် ဂေါက်ကွင်းနှင့် ကြယ်လေးပွင့်အဆင့်မီ Hotel Mandalay ၊ ဘားအံ- ကော့ကရိတ်-မြ၀တီ လမ်းမကြီး ပြင်ဆင်ဖောက်လုပ်မှုနှင့် မော်လမြိုင်- မုဒုံ-သံဖြူဇရပ်-ရေး(မလွှဲတောင်) လမ်းပိုင်း၊ လမ်း တံတားစီမံကိန်း လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဆောက်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်ကြောင်း သိရ သည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

လမ်းဘေးခွေဆိုင်များ တရားမဝင်ကြေးပေးဆောင်ရမှု မြင့်တက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်နေသော လမ်းဘေးခွေဆိုင်များသည် သက်ဆိုင်ရာမြို့နယ် ဗီဒီယို အခြေခံအဖွဲ့နှင့် ရဲစခန်းအပေါ် ပေးသွင်း နေရသော တရားမဝင်ကြေးဟူ၍နှစ်မျိုးရှိပြီး၊ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ မြို့နယ်ရဲစခန်းသို့ ပေးသွင်းနေရသော တရားမဝင်ကြေး မြင့်တက်သွားကြောင်း ယင်းအသိုင်းအဝိုင်းမှသိရသည်။

မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့နှင့်မြို့နယ်ရဲစခန်းအား ပေးသွင်းရသော တရားမဝင်ကြေး အမျိုးအစားမှာ ခိုးကူးခွေအတွက် တစ်မျိုးနှင့် နိုင်ငံခြားခွေ အတွက် တစ်မျိုးဟူ၍ နှစ်မျိုးထပ်မံခွဲထားကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရောင်းချသော လမ်းဘေးခွေဆိုင်ပိုင်ရှင်တစ်ဦးမှ “နိုင်ငံခြားခွေရောင်းချင်ရင် နယ်မြေရဲစခန်းက တစ်ပတ် ၅၀၀၀ လာ ကောက်တယ်။ ဗီဒီယိုအခြေခံအဖွဲ့ကိုတော့ တစ်နှစ်စာ ၁သိန်းခြောက်သောင်း ပေးရတယ်။ နောက် ခိုးကူးခွေရောင်းချင်ရင်လည်း နိုင်ငံခြားခွေပုံစံ ဗီဒီယို အခြေခံအဖွဲ့ရယ် ရဲစခန်းရယ်ကိုပေးရတယ်။ ဧပြီလောက်ကစပြီး ခိုးကူးတွေကိုနှိမ်နှင်းတာများလာတော့ ရဲကြေးက ၇၀၀၀ အထိတက်သွားတယ်။ နိုင်ငံခြား ခွေနဲ့ဆိုရင်တော့ တစ်ပတ် ကို ၁၄၀၀၀ ပေးနေရတာပေါ့”ဟု ဆိုသည်။

ဗဟန်းမြို့နယ်မှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက “လမ်းဘေးခွေဆိုင်တွေဆီကရတဲ့ ရဲကြေးကို မြို့နယ်ကဖြတ်တာ မဟုတ်ဘူး။ တိုင်းက တစ်တိုင်း လုံးညှိပြီး တစ်ဈေးတည်း ကောက်ခိုင်းထားတာ၊ ပြီးရင်တိုင်းကို ခွဲတမ်းပေးရတယ်”ဟု ဆို သည်။

အဆိုပါ တရားမဝင်ကြေးပေးဆောင်ရမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြား မြို့နယ်များတွင် ယင်းပုံစံ အတိုင်းဖြစ်ကြောင်း သိရှိရသည်။ ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ပလက်ဖောင်းများ၌ မီးဖိုဖြင့်ရောင်းချဈေးသည်များ ဈေးမရောင်းရ

လူသွားစင်္ကြန်နှင့် လမ်ဘေးပလက်ဖောင်းများ၌ ရောင်းချလျှက်ရှိသော လမ်းဘေးဈေးသည်များ၌ မီးဖိုဖြင့်ရောင်းချသော စားသောက်ကုန် ဈေးသည်များအား လုံးဝရောင်းချခွင့် ပြုတော့မည်မပာုတ်ကြောင်း သိရသည်။

လူသွားစင်္ကြန်များ၊ လမ်းဘေးပလက်ဖောင်းများနှင့် ဌာနဆိုင်ရာများ အောက်ဘက်၌ မီးဖိုများဖြင့် စားသောက်ကုန်များအား ရောင်းချခြင်း၊ မုန့်ပဲ သရေစာများကို မီးဖိုများဖြင့်ဖို၍ ရောင်းချခြင်းများကို ခွင့်ပြုမည်မပာုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့စည်းကမ်းချက်များထုတ်ပြန်၍ ကန့်သတ်လိုက်ရခြင်းမှာ မီးသွေးမီးဖိုများကြောင့် မီးအန္တရာယ် ကိစ္စရပ်များအပြင် ထင်းများပေါက်ခွဲမှု ကြောင့် လမ်းများပျက်စီးခြင်း၊ ပလက်ဖောင်းများ ကွဲခြင်း၊ ပေါက်ပြဲခြင်းဖြစ်ပေါ်သည့်အတွက် မီးဖိုဖြင့် ချက်ပြုတ်မှရမည့် အစားအသောက်ဆိုင်များအား ရောင်းချခွင့် မပြုတော့ကြောင်း သိရသည်။

မကြာမီကာလအတွင်းမှ စတင်၍ လမ်းဘေးဈေးသည်များအား စီမံချက်ဖြင့် လူသွားစင်္ကြန်နှင့် လမ်းဘေးပလက် ဖောင်းများတွင် ဈေးလုံးဝ မရောင်းရပာု စည်းကမ်းချက်ထုတ်ပြန်ပြီးနောက်ပိုင်း လမ်းဘေးဈေးသည်များသည် ညနေ ၃း၀၀ နောက်ပိုင်းတွင်သာ ဈေးရောင်းချကြသော်လည်း ၎င်း ၃ နာရီနောက်ပိုင်း ဈေးရောင်းချခွင့်ကို လုံးဝခွင့်ပြုထားခြင်း မပာုတ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှဝန်ထမ်းများမှာ မနက် ၇း၀၀ နာရီမှ ညနေ ၃း၀၀ ထိသာ တာဝန်ထမ်းဆောင်နိုင်သောကြောင့် ညနေ ၃ နာရီနောက်ပိုင်း ဈေးသည်များကို အရေးမယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

၃ နာရီနောက်ပိုင်းမရောင်းရပာု ဆိုသော်လည်း မိမိတို့ရောင်းချမှုများကို လာရောက်ပြောကြားခြင်းမရှိကြောင်း၊ ၎င်းအချိန်မှစတင်၍ မရောင်းချ ပါကလည်း  အဆင်မပြေနိုင်ကြောင်း၊ ဈေးကောက်မပေးရတော့ကြောင်း၊ နောက်ပိုင်း မည်ကဲ့သို့ ပြောကြားမည်ကို မသိသေးကြောင်း၊ လက်ရှိအချိန်၌ ၃ နာရီနောက်ပိုင်း ရောင်းချနေမှုများကို ပြောကြားခြင်း မရှိသေးကြောင်း  လမ်းဘေးဈေးသည်တစ်ဦးက ပြောကြားခဲ့သည်။

(Envoy၊ အတွဲ-၂၊ အမှတ်-၁၀ ပါ “မီးဖိုဖြင့်ရောင်းချမည့် ဈေးသည်များအားလမ်းဘေး ပလက်ဖောင်းတွင် ရောင်းချခွင့်မပြု” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံသို့ ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလာရောက်မည်

ပြည်ထောင်စုအစိုးရသစ်လက်ထက်၌ ထပ်မံ၍ မကြာမီ၌ ဂျပန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စမခိကိုခိခုတ လာရောက်မည်ဖြစ် ကြောင်း The Straits Times သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခြင်းသည် အစိုးရသစ်လက်ထက်၌ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံမှ အဆင့်မြင့် ဆုံးအရာရှိတစ်ဦး လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မစ္စခိကိုခိခုတ၏ လာရောက်သည့်ခရီးစဉ်အတွင်း၌ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီပေးနိုင်ရန် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ဦးတည်လုပ်ဆောင်နေသည့် မြန်မာအစိုးရသစ်နှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးသစ် တည်ဆောက် နိုင်ရန် ပထမဆုံးခြေလှမ်းပင်ဖြစ်ကြောင်း ဂျပန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး  မစ္စခိကိုခိခုတ က ပြောကြားချက်အား The Straits Times သတင်း စာတွင် ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရေးပေါ် အကူအညီပေးရေး ကိစ္စရပ်များကို ဆောက်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ဂျပန်ပါလီမန်သို့ သွားရောက်လေ့လာရန် ဖိတ်ကြားထားပြီး ဖြစ်ရာ သူမ ယခုလာရောက်သော ခရီးစဉ်တွင် ၎င်းကိစ္စရပ်အား ဆွေးနွေးသွားနိုင်ဖွယ် ရှိကြောင်း သိရသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

 တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၌လည်း အကြံပေးအဖွဲ့ရှိသင့်

နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၌ သမ္မတအကြံပေးအဖွဲ့ကဲ့သို့သော ပညာရှင်၊ ပညာတတ်မျိုး ပါဝင်သည့် အကြံပေးအဖွဲ့များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံ၌လည်း ထားရှိသင့်ကြောင်း မြန်မာ့အရေး စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်ခဲ့သည်။

ပညာရှင်ကဲ့သို့သော အကြံပေးအဖွဲ့မျိုးရှိနေပါက အကောင်းဆုံးမဖြစ်နိုင်သော်လည်း အနည်းဆုံးဖြင့် စဉ်းစားသုံး သပ်ဝေခွဲဆုံးဖြတ်နိုင်မည် ဖြစ် ကြောင်း၊ ရလာဒ်မည်သို့ထွက်ရှိမည်ကိုမသိကြောင်း၊  တိုးတတ်မည် မတိုးတတ်မည်ဆိုသည်ကို မပြောနိုင်ကြောင်း၊ သို့သော် သမ္မတအကြံပေးအဖွဲ့ကို ကြည့် ပါက အချိန်တိုတိုအတွင်း၌ပင် ရလာဒ်ကောင်းများ ထွက်လာသည်ကို တွေ့မြင်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရများအနေဖြင့် နိုင်ငံတစ်နိုင်ငံလုံးနှင့်ချီ၍ ဆောင်ရွက်ရသည့်အတွက် တစ်နိုင်ငံလုံး၏ အရေးကိစ္စရပ်များ ပြဿနာများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များစုပေါင်း၍ အကြံပေးအဖွဲ့များ ထားရှိခြင်းဖြင့် ၎င်းလုပ်ငန်းဆောင်တာများကို လွယ်လွယ် ကူကူ ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်လေသည်။

အကြံပေးအဖွဲ့မှလူများ အကြံပေးသော်လည်း မလေးမစား၊ အကောင်အထည်မဖော်ပါက အကြံပေးရသည့်သူ များအနေဖြင့် ကောင်းနိုင်မည် မပာုတ်ကြောင်း၊ အကြံပေးအဖွဲ့မှ ပေးသမျှအကြံများလက်ခံရန် ဆိုလိုသည်မပာုတ်ကြောင်း၊ အစိုးရနှင့် အကြံပေးအဖွဲ့မှ ပညာရှင်များ အကြောင်းအရာ တစ်ခုအပေါ်၌ ဝိုင်းဝန်းစဉ်းစား၍ အဖြေရှာသင့်ကြောင်း၊ အစိုးရနှင့် ပညာရှင်များပူးပေါင်းလုပ်ဆောင်ပါက ပိုမိုကောင်းမွန်လာနိုင်မည်ပာု ယူဆကြောင်း၊ ဦးနှောက်တစ်ခုတည်းမှ စဉ်းစားသည်ထက် ဦးနှောက်အများအပြားမှ စဉ်းစားပါက အဖြေထွက်လာနိုင်မည်ပာု ယူဆကြောင်း စင်္ကာပူနိုင်ငံမှ မြန်မာကျောင်း သားတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတတ်ရန်ဆိုသည်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခု လုံးဖွံ့ဖြိုးတိုးတတ်ရန်လည်းလို အပ်သည့်အတွက် သမ္မတ အကြံပေးကဲ့သို့ အဖွဲ့မျိုး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လိုအပ်ကြောင်း သိရသည်။

(Envoy၊ အတွဲ-၂၊ အမှတ်-၁၀ ပါ “နိုင်ငံတော်သမ္မတ၏အကြံပေးအဖွဲ့ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများလည်း အကြံပေးအဖွဲ့များ ထားရှိသင့်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့၏ ဘဏ္ဍာငွေ တိုင်းဒေသကြီးဘဏ္ဍာငွေသို့ ပေးသွင်းရမည်

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ကောက်ခံလျက်ရှိသော လျှပ်စစ်သုံးစွဲမှုဆိုင်ရာ ကောက်ခံမှု အခွန်ဘဏ္ဍာငွေများအား အောက် တိုဘာလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအတွင်းသို့ ပြောင်းလဲပေးသွင်းရတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် ရန်ကုန်မြို့တော်လျှပ်စစ်ပေးရေးအဖွဲ့မှ ရန်ပုံငွေသာမက ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများ၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စည်ပင်သာယာရေးအဖွဲ့မှရရှိသော ဘဏ္ဍာငွေများအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် ပေးသွင်းရသော်လည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစတင်၍ သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီး ရန်ပုံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေ၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပာူ၍ ခွဲခြားထားခြင်းမရှိဘဲ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေအဖြစ်သာ ပေးသွင်းခဲ့ ရကြောင်း သိရသည်။

၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ဒုတိယ ၆ လပတ်အတွက် ယခုကဲ့သို့ ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။၎င်း ၆ လပတ်တွင် တိုင်း ဒေသကြီးနှင်ြ့ပည်နယ်များမှ ရသုံးမှန်းခြေငွေစာရင်းအား စနစ်ကျနစွာဖြင့် ရေးဆွဲနိုင်ရန် လိုအပ်ပြီး  လိုငွေများလျှော့ချ၍ အသုံးပြုနိုင်စေရန်လည်း သက်ဆိုင် ရာအစိုးရများမှ သေချာစွာလေ့လာရန်လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အစိုးရများကလည်း မိမိတို့ဒေသအတွင်း ကောက်ခံခွင့်ရှိသည့် အခွန် ၁၉ မျိုးသာမက အခြား ကောက်ခံ ခွင့်ရှိသည့် အခွန်အခများကိုပါ ဥပဒေနှင့်အညီကောက်ခံ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၏ အသုံးငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အရ အသုံး ငွေစာရင်း လျာထားချက်အား ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

(Venus၊ အတွဲ-၂၊ အမှတ်-၄၆ ပါ “ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့၏ ဘဏ္ဍာငွေများအား တိုင်းဒေသကြီး ဘဏ္ဍာငွေသို့သာ ပေး သွင်းရမည်ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆင်းရဲခြင်းမှာ လွတ်လပ်နိုင်ရေးအတွက် နိုင်ငံတော်က ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ငွေကြေးအရင်းအမြစ်၊ နည်းပညာ၊ သွင်း အားစု၊ အဖွဲ့အစည်း စသည်ဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းကူညီပေးနေသည့်တိုင်အောင် လက်တွေ့၌ လယ်ကွက်ထဲတွင် ကောက်ပင်ကို အမှန်တကယ်စိုက်ကြရမည့်သူများမှာ ကျေး လက်ဒေသရှိ ပြည်သူများသာ ဖြစ်သည်။ ထို့ကြောင့် ကျေးလက်လူထုကိုယ်တိုင်က ဆင်းရဲခြင်းမှလွတ်ကင်း၍ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် စိတ်အားထက်သန် စွာ ပါဝင်လုပ်ကိုင်ဆောင်ရွက်လာရေးမှာ အဓိကျသောအချက် ဖြစ်လေသည်"

ဇွန် ၃၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၂၄) တွင်ပါသည့် ဆောင်းပါးရှင် ဦးကိုကိုလှိုင်၏ "ဆင်းရဲခြင်း လွတ်ကင်းအောင်" ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"FDI တွေကလဲ လဲလှယ်နှုန်းတစ်ပြေးညီ မဖြစ်သေးသရွေ့တော့ လာကြမှာမဟုတ်ဘူး။ အခုလို လဲလှယ်နှုန်းတွေ ရှုပ်ထွေးနေတယ်ဆိုရင်တော့ လာမှာ မဟုတ်ကြဘူး။ အခုရေနံလုပ်ငန်းတွေဆိုတာက ကန်ထရိုက်နဲ့လုပ်ကြတာ။ တကယ်တမ်း ဒီမှာ စက်ရုံ၊ အလုပ်ရုံတွေ လာရင်းနှီးမယ်ဆိုရင်တော့ အကုန် စဉ်း စားကြပြီ။ ရှုပ်ထွေးတယ်ဆိုရင်လာမှာ မဟုတ်ဘူး။ အဲဒီ အတွက် သူတို့လိုချင်တဲ့အချက်ွေကို ပြုပြင်ပြောင်းလဲပေးနိုင်မှဖြစ်မှာ။ ဒါမှ လဲလာကြမှာ။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံခြားငွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြုပြင် ပြောင်းလဲရမယ့်အပိုင်းတွေဖြစ်ပါတယ်"

ဇွန် ၂၈ ထုတ် The Flower New အတွဲ(၇) အမှတ် (၂၄) တွင်ပါသည့် ကမ္ဘာဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

"အခွန်ဆိုတာ နိုင်ငံသားတိုင်းမှာ ဆောင်ရမယ့် တာဝန်ရှိတယ်။ အခွန်ရတဲ့ငွေနဲ့ နိုင်ငံရဲ့ဘတ်ဂျက်မှာသုံးတာဆိုတော့ အခွန်ကပေးရမှာပဲ။ အခွန်ဆိုတာ ပြင်လို့မလွယ်ဘူး။ အခုအခွန်ရဲ့ ဥပဒေတွေက ဆိုရှယ်လစ်အငွေ့အသက်တွေ ရှိနေသေးတယ်။ မပြင်ဘူးဆိုတာကလဲ ဒါပြင်ရင် နောက်ဟာတွေလိုက်ပြင် ရမယ့်သဘောရှိတယ်။ ဒါတွေက အရင်ကတည်းက နောက်အစိုးရတက်မှ ပြင်သွားမယ်ဆိုတဲ့ သဘောရှိတော့ အန်ကယ်တို့က သိပ်မပြောခဲ့ကြတာပါ။ အခွန်ဆိုတာ တောင်းရမှာပါ။ ဒါပေမဲ့ ပိုက်ဆံရှိတဲ့သူပဲတောင်းတယ်။ လူလတ်တန်းစား အများစုကိုရအောင် မတောင်းနိုင်ဘူးဖြစ်နေတယ်။ ဒါကို ပညာပေးရ မယ်။ ရတဲ့သူတွေဆီက ဖိတောင်းတဲ့အတွက် ရတဲ့သူတွေ လုပ်ရကိုင်ရမကောင်းဘူးဖြစ်သွားတယ်"

ဇွန် ၃၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၂၄) တွင်ပါသည့် "ဘယ်လိုအခွန်ဆောင်ရမလဲ၊ ဘာအတွက် အခွန်ဆောင်ရမှာလဲ" သတင်း ဆောင်းပါးမှ AA မိသားစုလုပ်ငန်းကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်တို့နိုင်ငံ နိုင်ငံတကာနဲ့ ယဉ်ပေါင်တန်းနိုင်ဖို့အတွက်က နိုင်ငံတန်းဝင်တဲ့ စီမံခန့်ခွဲမှုတွေ၊ အရင်းအနှီးတွေ မရှိဘဲနဲ့တော့ မလုပ်ဆောင်နိုင်ပါဘူး၊ နိုင်ငံတော်အစိုးရကလည်း အပြင်ရောက်နေတဲ့ မြန်မာကျွမ်းကျင်အလုပ်သမားတွေ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လာနိုင်ဖို့ လမ်းဖွင့်ပေးသင့် တယ်၊ ဗီယမ်နမ်၊ စင်ကာပူနဲ့ တရုတ်တို့ဆို ဒီလိုပဲလေ။ ဒါ အပြောမဟုတ်ဘူး တကယ့်လက်တွေ့ဖြစ်ရပ်ပါ။ တရုတ်နိုင်ငံမှာပြည်တွင်းစစ်တွေ ဖြစ်တယ်။ ဗီယမ်နမ်မှာလည်း ဒီအတိုင်းပဲ စစ်တွေဖြစ်တော့ အားလုံးအနောက်နိုင်ငံကို ထွက်ခွာခဲ့ကြတယ်။ ဒါပေမဲ့မိခင်နိုင်ငံတွေက တံခါးတွေကို ပြန်ဖွင့်ခဲ့ကြတော့ အနောက်မှာ အခြေချတဲ့ အလုပ်သမားတွေ၊ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ တော်တော်များများ ပြန်လာခဲ့ ကြတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မူဝါဒ တွေ သေချာချမှတ်ပြီး အပြင်ရောက်နေတဲံ မြန်မာတွေ ပြန်လာနိုင်အောင် လုပ် ဆောင်ပေးသင့်တယ်"

ဇွန် ၂၉ ထုတ် ECOVISION အတွဲ (၅) အမှတ် (၂၉)တွင်ပါသည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ် ထွန်းနှင့် အင်တာဗျူး ကောက် နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လွှတ်တော်များ ခိုင်မာတောင့်တင်းရေး

ဒီမိုကရေစီအုပ်ချုပ်မှုစနစ်တွင် လွှတ်တော်၏ အဓိကအခန်းကဏ္ဍမှာ ဥပဒေပြုရေးဖြစ်လေသည်။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် လိုအပ် သော ဥပဒေ အရပ်ရပ်ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းပေးရသည့် ဥပဒေပြုလွှတ်တော်များတွင် မဲဆန္ဒနယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံ လွှတ် တော်အမတ်များ ပြည်သူ အရေးထမ်းဆောင်ရာ ဘူမိနက်သန်ကြီး ဖြစ်လေသည်။ လွှတ်တော်သည် ဥပဒေပြုရေးအပြင် နောက်ထပ်အရေးပါသည့် တာဝန် တစ်ခုမှာ အုပ်ချုပ် ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကို စောင့်ကြည့်ထိန်းကြောင်း ပေးရခြင်းလည်းဖြစ်ပေရာ လွှတ်တော်အမတ်များတွင် ယင်းတာ ဝန်ကို ထမ်းဆောင်းနိုင်မည့် အရည်အသွေးများ ပြည့်ဝနေဖို့လိုအပ်ပါသည်။ သို့မှသာ ဂုဏ်ကျက်သရေပြည်စုံသည့် ခိုင်မာတောင့်တင်းသော လွှတ်တော်များ ပေါ်ထွန်းလာမှာ ဖြစ်ပေသည်။

အရည်အချင်းပြည့်ဝသော လွှတ်တော်အမတ်များသည် ဥပဒေပြုနိုင်ရေးအတွက် ပြည်သူ့ရေးရာမူဝါဒ သဘောတရားများကို ပိုင်ပိုင်နိုင်နိုင် နားလည်ဖို့ လိုအပ်ပါသည်။ ရေးရာကော်မတီများမှ အုပ်ချုပ်ရေးယန္တရားတွင် ကြုံတွေ့နေရသော အခက်အခဲများကို ကြားနာခြင်း၊ မူဝါဒရေးရာ ဆွေးနွေးပွဲ များပြုလုပ်၍ ဥပဒေကြမ်းများ ရေးဆွဲခြင်းနှင့် ခေတ်နှင့် မလျှော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရား၏ လုပ်ဆောင်ချက် များကို စောင့်ကြည့်ခြင်းများကို ပြု လုပ်ရမည်ဖြစ်လေသည်။

ထို့အတွက်ကြောင့် လွှတ်တော်အမတ်များသည် ပြည်သူ့အုပ်ချုပ်ရေး လက်တွေ့နှင့် သဘောတရားအပိုင်းကို ပိုင်ပိုင်နိုင်နိုင်ကြေညက်နေဖို့ လိုပါ သည်။ အုပ်ချုပ်ရေးယန္တရား၏ အခက်အခဲများကို ကြားနာခြင်းဖြင့် မူဝါဒနှင့်ပတ်သက်သည့် ပြဿနာကို တွေ့မြင်ရမည်ဖြစ်လေသည်။ ပြဿနာကို တွေ့ လာရပြီဆိုလျှင် ယင်းကို ဖြေရှင်းရန် မူဝါဒစစ်ဆေးသုံး သပ်ခြင်း၊ မူဝါဒဆိုင်ရာ သုတေသနပြုခြင်း၊ ထွက်ပေါ်လာသည့် မူဝါဒကို ဥပဒေကြမ်းအဖြစ်ရေးဆွဲခြင်း၊ ယင်းဥပဒေကြမ်းကို လွှတ်တော်အတွင်း အများ၏ဆန္ဒဖြင့် အတည်ပြုချက်ရယူခြင်းစသည့် လုပ်ထုံးလုပ်နည်းများ ဖြတ်သန်းရမည်ဖြစ်လေသည်။ သို့သော် နိုင်ငံ၏ ပြည်သူ့အုပ်ချုပ်ရေး လက်ရှိအနေအထားများ၊ အုပ်ချုပ်ရေးစွမ်းဆောင်ရည်များ၊ အုပ်ချုပ်ရေးယန္တရား၏ အခြေခံလုပ်ထုံးလုပ်နည်းများကို ပိုင်ပိုင် နိုင်နိုင်နားလည်သိရှိထားဖို့အထူးပင်လိုအပ်ပါသည်။ ဥပမာ- ယဉ်တိုက်မှုများ ဖြစ်ပွားနှုန်း မြင့်တက်နေသည့်အတွက် ကားစီးသည့်အခါ ခါးပတ်ကို အသေ အချာပတ်ထားရန် ဥပဒေပြဋ္ဌာန်းထားသော်လည်း အုပ်ချုပ်ရေးယန္တရားမှ ယဉ်ထိန်းရဲများ၏ အရည်အသွေးမမြင့်တင်ခဲ့သော် သို့မဟုတ် သေချာမစစ်ဆေး ခဲ့သော် ယင်းဥပဒေမှာ အသက်ဝင်မှုရှိလာမည်မဟုတ်။ ထိုအတွက်ကြောင့် အဘက်ဘက်မှ အံဝင်မှုရှိသည့် မူဝါဒကို ချမှတ်အကောင်အထည်ဖော်ဖို့ အထူး ပင်အရေးကြီးလေသည်။

လွှတ်တော်အမတ်များသည် ဥပဒေကို အထူးနားလည်ဖို့လည်း လိုအပ်ပါသည်။ မူဝါဒတစ်ခုကို ချမှတ် အကောင် အထည်ဖော်သည့်အခါ၌ ယင်းကို ဥပဒေဖြင့် ပြဋ္ဌာန်းပေးမှသာ အသက်ဝင်လာမည်ဖြစ်လေသည်။ အတည်ပြဋ္ဌာန်းမည့် ဥပဒေများသည် တည်ဆဲဥပဒေများနှင့်သော်လည်းကောင်း၊ အခြား သက်ဆိုင်ရာ ဥပဒေများနှင့်သော်လည်းကောင်း  ပဋိပက္ခ ဖြစ်၊ မဖြစ်ကို လေ့လာရသည်မှာ အလွန်ပညာရပ်ဆန်သည့် ကိစ္စဖြစ်ပါသည်။ ထို့အတွက်ကြောင့် လွှတ်တော် အမတ် များသည် ဥပဒေကို နားလည်မှသာလျှင် ဥပဒေပြုရေးကိစ္စကို အောင် အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်လေသည်။

                ထို့အပြင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အသေအချာ စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့မှာ ကောင်းမွန်သန့်ရှင်းသည့် အစိုးရဖြစ်ရေးအတွက် အလွန်အရေးကြီးသည့်ကဏ္ဍဖြစ်လေသည်။ နိုင်ငံကို အုပ်ချုပ်သည်မှာ အစိုးရဖြစ်သော်လည်း ဗျူရိုကရေစီမှာ အစိုးရမှ ချမှတ်လိုက်သည့် မူဝါဒကို အကောင် အထည်ဖော်ပေးရသည့်  ယန္တရားကြီးဖြစ်လေသည်။ မြန်မာနိုင်ငံ၏ ပြည်သူအများစုမှာ အုပ်ချုပ်ရေးယန္တရားနှင့်သာ အထိအတွေ့များခဲ့သည်ဖြစ်လေရာ လွှတ်တော်၏ အခန်းကဏ္ဍကို ယခုမှ ပြည့်ပြည့်ဝဝနားလည်ဖို့ရန် ကြိုးစားရသည့်ကာလ ဖြစ်လေသည်။ ဗျူရိုကရက်များ၊ အစိုးရဝန်ထမ်းများအနေဖြင့် မိမိ တို့၏ လုပ်ဆောင်ချက်များကို လွှတ်တော်မှ စောင့်ကြည့်နိုင်သည်ဟု သတိဝင်နေစေခြင်းဖြင့် အုပ်ချုပ်ရေးစွမ်းရည် ထက်မြန်ဖို့အတွက် တွန်းအားသဖွယ် ဖြစ် စေပါသည်။ လွှတ်တော်အမတ်များမှလည်း စနစ်၏ အားကောင်းချက်များကို အသုံးချနိုင်ပါမှ ခိုင်မာအားကောင်းသည့် လွှတ်တော်ကို တည်ဆောက်နိုင် ရုံမျှမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်း နိုင်မည်ဖြစ်လေသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs