Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၅.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ဗိုလ်ချုပ်ပြတိုက်နှင့် အာဇာနည်ကုန်းအား အကြီးစားပြင်ဆင်မှုပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ကုန်းအား ၆၄ နှစ်မြောက် အာဇာနည်နေ့မတိုင်မီ အကြီး စားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ပြတိုက်အား အာဇာနည်နေ့တွင် အများပြည်သူလေ့လာနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အာဇာနည်ကုန်းကိုလည်း အာဇာနည်နေ့ အစီအစဉ်များ ပြုလုပ်ပြီးချိန်တွင် ပြည်သူများဂါရဝပြုနိုင်ရန် အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းတို့နှင့်သက်ဆိုင်သူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုအခါတွင် ပြတိုက်အား အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် ခေတ္တပိတ်ထားပြီး၊ ယခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အမှီ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ပြင်ဆင်မှုများပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်၊ သွေးဆေးကန်အနီးရှိ အာဇာနည်ကုန်းကိုလည်း အကြီးစားပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိပြီး ယင်းပြင်ဆင်မှုများ တွင် ဆေးသုတ်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ အာဇာနည်ကျောက်တိုင်အား ပြန်လည်ပြုပြင်ခြင်းများ ပါဝင်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၉၉ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များကလည်း အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး၊ အာဇာနည်ကုန်းကိုမူ မြောက်ကို ရီးယားကွန်မန်ဒိုများ လာရောက်ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် အထိမ်းအမှတ်ကျောက်တိုင်နှင့် ပရဝုဏ်အား ပြန်လည်တည်ဆောက်ခဲ့ သည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ငွေကျပ် ငါးထောင်တန်အတု ဘဏ်သွင်းငွေများ၌ တွေ့ရှိ

ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းသည့် ဆီကိုယ်စားလှယ်အချို့သည် မြန်မာနိုင်ငံသားများဘဏ်၌ ငွေသွားရောက်အပ်နှံသည့်အခါ ၎င်းအပ်နှံ သည့် ငွေထုပ်များထဲ၌် ကျပ်ငါးထောင်တန်ငွေစက္ကူအတု အများအပြား တွေ့ရှိရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသားများဘဏ်တွင် ဆီကိုယ်စားလှယ်များ ငွေသွင်းသည့်အခါ ကျပ်ငါးထောင်တန်ငွေစက္ကူတစ်ထုတ်လျှင် အတုတစ်ရွက်နှုန်းဖြင့် တွေ့ရှိရကြောင်း၊ တစ်ရက်လျှင် ကျပ်ငါးထောင်တန်ငွေစက္ကူအတု မည်မျှအထိထုတ်သည်ဆိုသည်ကို မသိရှိနိုင်ကြောင်း၊ ယခင် ခြောက်လခန့်က ငါးထောင်တန်အတု တစ်ရွက်နှစ်ရွက် တွေ့ရသော်လည်း ယခုအခါ ငါးထောင်တန်အတုအများအပြားကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံသားများဘဏ် လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုတွေ့ရှိခဲ့ရသည့် ငါးထောင်တန် ငွေစက္ကူအတုများကိုလည်း မှတ်တမ်းတင်၍ မြန်မာနိုင်ငံဗပိာုဘဏ်သို့ အပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ငါးထောင်တန်ငွေစက္ကူအတု ပုံပန်းသဏ္ဍာန်မှာ ငွေစက္ကူအသားမှာ ဖယောင်းကဲ့သို့ ချောမွတ်နေခြင်း၊ ငွေစက္ကူအတုအား ဖိ၍ ပွတ်လိုက်သည့် အခါ အဖုအထစ်လေးများကို တွေ့ရှိရခြင်း၊ ငွေစက္ကူအတုတွင် မြန်မာနိုင်ငံဗပိာုဘဏ်မှ စတင်ထုတ်စဉ်က ရိုက်နှိပ်ထားသည့် လုံခြုံရေးအမှတ်အသား ရေစာမပါဝင်ကြောင်း၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးဖော်ပြသည့် အမှတ်အသားမပါဝင်ကြောင်း၊ ငွေကျပ်ငါးထောင်တန်အစစ်တွင် ဆေးသားမှာ ပီပီပြင် ပြင်နှင့် ဂဏန်းပီပီသသ ရှိသော်လည်း ငွေစက္ကူအတုတွင်မူ ဆေးသားမှိန်ပြီး ဂဏန်းပီသမှုမရှိကြောင်း ဗပိာုဘဏ်မှ ငွေကြေးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ်၌ ငွေလာရောက်အပ်နှံကြသည့်သူများကို ယုံကြည်မှုနှင့် စစ်ဆေးလေ့မရှိကြောင်း၊ ထိုသို့ မစစ်ဆေးသည့်အတွက် ယခုကဲ့သို့ ပြဿနာ ဖြစ်လာသည့်အခါ ယုံကြည်မှုတည်ဆောက်၍ မရတော့ကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစတင်၍ ဘဏ်တွင် ငွေသွင်းလက်ခံသည့်အခါ၌ သေချာစွာ စစ်ဆေးတော့မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဘဏ်များတွင် ငွေလက်ခံသည့်အခါ ဘဏ်ဝန်ထမ်းများမှာ သေချာစွာ မစစ်ဆေးမိသည့်အတွက် ငွေစက္ကူအတုများ ပါလာသည့်အခါ ၎င်းငွေ များကို လက်ခံမိသည့် ဘဏ်ဝန်ထမ်းများက စိုက်၍လျော်ကြရကြောင်း သိရသည်။

ဘဏ်၌ ငွေလာရောက်အပ်နှံသည့်အခါ သေချာစွာ တရွက်ချင်းပွတ်ရေပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်ဝန်ဆောင်မှု မြန်ဆန်နိုင်စေရန် တရွက်ခြင်း ပွတ်မရေခဲ့သည့်အတွက် ယခုကဲ့သို့ ပြဿနာဖြစ်လာခြင်းဖြစ်ကြောင်း၊ ငွေလာရောက်သွင်းကြသည့်သူများမှာလည်း အချိန်ကြန့်ကြာပါက စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းမှုမရှိကြကြောင်း မြန်မာနိုင်ငံသားများ ဘဏ်လိမီတတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၆၆ ပါ “ဘဏ်သွင်းငွေအချို့မှာ ကျပ်ငါးထောင်တန်အတု တွေ့ရှိ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

အိမ်ခြံမြေ ဈေးမြင့်မှု လူလတ်တန်းစားနှင့် ဝန်ထမ်းများအခက်တွေ့

ပြည်တွင်းရှိ ငွေကြေးအင်အားတောင့်တင်းသူများမှ အိမ်ခြံမြေဈေးကစားမှုကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ ငါးနှစ်အတွင်း အဆမတန် ဈေးကြီးမြင့် သွားသည့်အတွက် လူလတ်တန်းစားများနှင့် ဝန်ထမ်းများမှာ နေရေးအတွက် ဒုက္ခတွေ့ကြုံရလျှက်ရှိကြောင်း သိရသည်။

အိမ်ခြံမြေဈေးကြီးမြင့်မှု ကိစ္စရပ်နှင့် ပတ်သက်၍ စက်ရုံတစ်ရုံမှ ဝန်ထမ်းတစ်ဦးကလည်း “ မိမိတို့အနေဖြင့် ဝယ်ရန်မဆိုထားနှင့် ငှားနေတာကို ပင် တစ်လလျှင် လေးငါးခြောက်သောင်းပေး၍ နေရကြောင်း၊ စက်ရုံမှ ရသည့်လစာဖြင့် ချင့်တွက်၍ အိမ်ငှားခကို အနိုင်နိုင်ပေး နေရကြောင်း” ပြောကြားခဲ့ သည်။

အိမ်ခြံမြေ ဈေးနှုန်းများမြင့်တက်ရခြင်း အကြောင်းကိစ္စရပ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း “တိုက်ခန်းဆောက် လုပ်ရာတွင် ရန်ကုန်စံနှုန်းနှင့် ကိုက်ညီမှုရှိစေရန် မိမိတို့ဆောက်လုပ်ကြကြောင်း၊ ၎င်း တိုက်ခန်းဆောက်လုပ်စရိတ်သည် အနည်းဆုံး ကျပ်သိန်း ၅၀ ကုန်ကျတတ်ကြောင်း၊ သို့သော် ကန်ထရိုက်များမှ ပြန်လည်ရောင်းချသည့်အခါ၌ ကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည်ရောင်းချကြကြောင်း၊ တိုက်ဆောက်လုပ် သည့် ကျပ်သိန်း ၅၀ ကို ဖယ်ထားလိုက်ပါက ကျန်သည့် ကျပ်သိန်း ၁၅၀ မှာ မြေတန်ဖိုးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေတန်ဖိုးမြင့်တက်မှုအရ တိုက်ခန်း ဈေးနှုန်းများပါ လိုက်၍မြင့်တတ်လာကြောင်း၊ ကန်ထရိုက်များမှာ လူအများစု ဝယ်ယူနိုင်မည့်ဈေးနှုန်းဖြင့် တိုက်ခန်းများကို ဆောက်လုပ်ရောင်းချနိုင်ရန်မှာ လူအများစုဝယ်ယူနိုင်မည့် ဈေးနှုန်း၊ မြေတန်ဖိုးထိန်းချုပ်မှု၊ လူအများအပြား ဝယ်ယူနိုင်ရန် ရောင်းချမည့်စနစ် စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားသင့် ကြောင်း” ပြောကြားခဲ့သည်။

ထိုသို့ မြေကွက်တန်ဖိုးကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက “ ပြည်တွင်းရှိ မြေဈေးနှုန်း မြင့်တက်မှုကို အခွန်များများကောက်ခံသည့်စနစ်ဖြင့် ထိန်းချုပ်သင့်ကြောင်း၊ အခွန်လျှော့ချပေးနေမှုများကိုလည်း သတ်တမ်းထပ်၍ မတိုးပေးသင့်တော့ ကြောင်း၊ နိုင်ငံအတွင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေများထွက်ရှိလာသကဲ့သို့ မြေကွက်ပိုင်ဆိုင်မှုဆိုင်ရာကိစ္စရပ်များကိုလည်း ဥပဒေဖြင့် တဖြည်းဖြည်း ထိန်းချုပ်သင့်ကြောင်း” ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်များအဆင်ပြေချောမွေ့နိုင်ရန်နှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကလည်း မြန်မာနိုင်ငံ၌ အိမ်ခန်းမပိုင်သည့် ပြဿနာများမှာ အလွန်များပြားကြောင်း၊ ပြည်သူများမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စများနှင့်သာ လုံးပန်းနေရသည့်အပြင် နေရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစား၍ လုပ်ကိုင်နေရကြောင်း၊ ထိုသို့ ပြည်သူများနေ့စဉ်ဘဝတွင် ၎င်းကိစ္စရပ်များသာ လုပ်ကိုင်နေရသည့်အတွက် တိုးတက်မှု မရှိနိုင်တော့ ကြောင်း၊ ၎င်းကိစ္စရပ်အား အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း၊ ဘဏ်စနစ်တစ်ခုတည်း ပြင်ရုံဖြင့် မရနိုင်ကြောင်း၊ အစိုးရအဖွဲ့အစည်းများအပိုင်းကပါ ဝင်ကူ ရတော့မည်ဖြစ်ကြောင်း၊ ၎င်း ကိစ္စရပ်အား ရေရှည်စီမံကိန်းတစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

(Bi Weekly Eleven၊ အတွဲ-၄၊ အမှတ်-၁၅ ပါ “အိမ်ခြံမြေဈေးနှုန်းများ မတရားကြီးမြင့်ဈေးကစားခြင်းကြောင့် လူလတ်တန်းစားများနှင့် ဝန်ထမ်းများ နေရေးအတွက် ဒုက္ခတွေ့” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဈေးကွက်စီးပွားရှာသူများကြောင့် ဝန်ထမ်းပျက်စီးလာ

မြန်မာနိုင်ငံရှိ ဆေးကုမ္ပဏီအချို့၏ ဈေးကွက်ရှာဖွေကြသည့်ပုံစံကြောင့် ကျန်းမာရေးဝန်ထမ်းအချို့သည် ဝန်ထမ်းကျင့်ဝတ်နှင့် ကိုက်ညီမှု မရှိတော့ဘဲ ပျက်စီးလာကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ တရားဝင်ဆေးဝါးများတင်သွင်းသည့် ဆေးကုမ္ပဏီအချို့သည် ပြည်တွင်း၌ ဈေးကွက်စီးပွားရေးကို အပြိုင်အဆိုင် ရှာဖွေကြသည့်အတွက် ဆေးပညာလောကသားများနှင့် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများသည် ဝန်ထမ်းကျင့်ဝတ်နှင့်မညီသည့် အကျင့်ပျက်မှုများ ဖြစ် ပေါ်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည့် ပြည်သူအများစုမှာ နစ်နာလျက်ရှိကြောင်း သိရသည်။

ဆေးကုမ္ပဏီပာုဆိုရာ၌ နိုင်ငံခြားမှ ပြည်တွင်းသို့ ဆေးတင်သွင်းသည့် ကုမ္ပဏီများရှိကြောင်း၊ ဆေးကုမ္ပဏီများမှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ မပေါ်ခင် အချိန်ကတည်းကပင် ဆေးတင်သွင်းကြကြောင်း၊ အစိုးရဆေးရုံများ၌ ဆေးသုံးအား ပိုမိုများပြားကြောင်း၊ တစ်နေ့လျှင် ဆေးရုံ တစ်ခု၌ ပြင်ပလူနာ ရာနှင့်ချီ၍ ရှိတတ်ကြောင်း ဆေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆေးကုမ္ပဏီမှ ဝန်ထမ်းအချို့သည် ဈေးကွက်စီးပွားရေးရရှိနိုင်စေရန် ဆေးဆိုင်များ၊ ဆေးရုံများရှိ သက်ဆိုင်ရာဝန်ထမ်းများထံ ဆေးပရိုမိုးရှင်း လုပ်၍ ရောင်းချကြကြောင်း၊  ဆေးကုမ္ပဏီများတွင် ဈေးကွက်ယှဉ်ပြိုင်မှု ပြဿနာမှာ အများအပြားရှိကြကြောင်း၊ ထို့ပြင် ဈေးကွက်စီးပွားရရှိစေရန် ဆေး ကုမ္ပဏီများက ဆရာဝန်များအား စပွန်ဆာပေး၍ ဆေးဝယ်ယူစေရန် စည်းရုံးလေ့ရှိကြောင်း၊ ထိုသို့ ဆေးကုမ္ပဏီများက စပွန်ဆာပေးသည့် စရိတ်ကို ဆေးဝါးများထဲတွင် ထည့်သွင်းပေါင်း၍ ပြည်သူများထံသို့ ဆေးဝါးထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုမိုသည့်စရိတ်ဖြင့် ရောင်းချလေ့ရှိကြောင်း၊ ဆေးဝါး ဝယ်ယူသုံးစွဲသည့် ပြည်သူလူထုမှာ အပိုကုန်ကျမှုခံရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ဆေးပစ္စည်းအများဆုံးတင်သွင်းသည့် နိုင်ငံများမှာ တရုတ်၊ ယိုးဒယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဆေးကုမ္ပဏီများက ဈေးကွက်ရရှိနိုင်စေရန် ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြုများကို ပရိုမိုးရှင်းသဘောဖြင့် အမြတ်ရရှိနိုင်စေရန် ဝန်ထမ်းကျင့်ဝတ်မညီစွာဖြင့် ကျင့်သုံးနေကြသည့်အတွက် ဆေးဝါးဝယ်ယူသည့် ပြည်သူလူထုမှာ အပိုကုန်ကျမှုများကို ခံရလျက်ရှိကြောင်း သိရသည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၈ ပါ “ဈေးကွက်စီးပွားရှာသူများကြောင့် ဝန်ထမ်းအချို့ ပျက်စီးလာ” သတင်းအား အကျဉ်းချုံးဖော်ပြ သည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံသားတိုင်းတန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်မရှိသေး

အကြောင်းအမျိုးမျိုးပြ၍ ၁၉၉၇ခုနှစ်မှ စ၍ ပြည်ပမှတရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သော ကုန်စည် ၁၇ မျိုးကို ပြန်လည်ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရန်ကုန်မြို့တွင် City Mart ဆိုင်ခွဲပေါင်းများစွာကို ဖွင့်လှစ်ထားသည့် City Mart Holding Co,Ltd အပါအဝင် လက်တစ်ဆုပ်စာကုန်သည်တစ်စုကို ခေါ်ယူ၍ အသိပေးပြောကြားခဲ့သော်လည်း မှာကြား ထားသည့်အတိုင်း တိုးတိုးတိတ်တိတ် မလုပ်ကိုင်ဘဲ သတင်းမီဒီယာများထံ ပေါက်ကြားခဲ့၍ ကုန်သွယ်မှုမူဝါဒဆိုင်ရာ တစ်ဦးတည်းတာဝန်ရှိသူဖြစ်သည့် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှ ပြန်လည်ရုတ်သိမ်းသွားခဲ့ကြောင်း ယင်းအစည်းအဝေးတက်ရောက်ခဲ့သူ ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

City Mart အပါအဝင် ကုန်တိုက်ကြီးအချို့နှင့် မင်္ဂလာဈေး၊ ညောင်ပင်လေးဈေးအပါအဝင် ဈေးကြီးများတွင် ရောင်းချနေသော  ကိုကာကိုလာ အချိုရည် အပါအဝင် အချိုမှုန့်၊ အရက်၊ ဘီယာ၊ စီးကရက်များမှာ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် တင်သွင်းရောင်းချနေသော ပစ္စည်းများဖြစ်ရာ ဆယ်စုနှစ် တစ်ခုနီးပါး ကန့်သတ်ထားခဲ့မှုကြောင့် အစိုးရသည်  အကောက်ခွန်ဝင်ငွေ သန်းပေါင်းများစွာ နစ်နာလျက်ရှိသည်။

အဆိုပါ ကုန်စည်များကို ကွန်တိန်နာများဖြင့် ရေလမ်းခရီးမှလည်းကောင်း၊ နယ်စပ်မှလည်းကောင်း လိုသလောက် တင်သွင်းလာနေခြင်းဖြစ်ရာ နယ်စပ်ဒေသရှိ တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများ၊ အကောက်ခွန်ဝန်ထမ်းများနှင့် သယ်ယူပို့ဆောင်ပေးသူ ဒီကေဘီအေကဲ့သို့ ဥပဒေကို ချိုးဖောက်လုပ်ကိုင်စားသောက်သူများစွာနှင့် ၎င်းတို့၏မိသားစုများအတွက် အဓိကဝင်ငွေလမ်း ဖြစ်ခဲ့သည်။

City Mart ကဲ့သို့သော လက်လီလက်ကားဖွင့်လှစ်ထားသည့် ကုန်တိုက်ကြီးများသည်လည်း နိုင်ငံ့အကြီးအကဲ မိသားစုဝင်များကို လုပ်ငန်း ရှယ်ယာများ ခွဲဝေပေးကာ ရန်ကုန်ဆိပ်ကမ်းမှ တရားမဝင် သွင်းကုန်များတင်သွင်းလာမှုများ ရှိနေကြောင်း City Mart ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မြန်မာအစိုးရနှင့် စစ်အစိုးရတစ်ဖြစ်လဲ အစိုးရသစ်တို့သည် မော်တော်ကားအပါအဝင် သွင်းကုန်ပေါင်းများစွာကို ပိတ်ပင်၍ ဖြစ်ပေါ်လာသော အခက်အခဲကို အကြောင်းပြုကာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာလာခဲ့ကြပြီး ယင်းတို့ ပိတ်ပင်ထားသော မော်တော်ကားအပါအဝင် ကန့်သတ်ထား သော သွင်းကုန်များမှလည်း ယခင်ပမာဏအတိုင်း ဝင်ရောက်မြဲ ဝင်ရောက်လာခဲ့ရာ နိုင်ငံတော်တွင် အကောက်ခွန်ဝင်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ခြင်း များ  ရှိခဲ့သည်။

ညောင်ပင်လေးဈေးမှ ကုန်သည်တစ်ဦးကလည်း “ထိုင်းကနေကုန်းလမ်းက တရားမဝင်ဝင်ရောက်လာတဲ့ ကုန်စည်တွေကို တရားဝင် တင်သွင်း ခွင့် ပေးတော့မယ်လို့ သတင်းထွက်နေပေမယ့် လက်ရှိဈေးကွက်မှာတော့ ပုံမှန်ပါပဲ။ ဈေးနှုန်းတက်သွားတယ်ဆိုတာလည်း မရှိပါဘူး။ ဒီပစ္စည်းတွေ တရားဝင်တင်သွင်းရင်လည်း တရားဝင်ပေါက်ဈေးက တရားမဝင်ဈေးထက် သိသိသာသာ များနေမယ်ဆိုရင်တော့ တရားမဝင်လမ်းကြောင်းက တင်သွင်း မှုတော့ရှိနေဦးမှာပါပဲ”ဟု ဆိုသည်။

မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်သည်/စက်မှု အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင်လည်း ယင်းကန့်သတ် ကုန်ပစ္စည်းများကို တရားဝင်တင်သွင်းခွင့်ပြုရန်နှင့် တရားဝင်တင်သွင်းခွင့်ပြုပါက မည်ကဲ့သို့အချက်များဖြင့် တင်သွင်းခွင့်ပြုမည်ကို ဆွေးနွေးခဲ့သည်ဟု  သတင်းရရှိသည်။

ယင်းကဲ့သို့ စီးပွားရေးတွင် ဖြစ်ပျက်နေမှုများကို စီးပွားရေးသမားတစ်ဦးက “အစိုးရဖြစ်နေပြီး၊ အခုလိုတိုးတိုးတိတ်တိတ် လုပ်တာတို့၊ ကျိတ်လုပ် တာတို့ကို နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို မှောင်ခိုလုပ်စားစေချင်တာလား မသိဘူး၊ သမ္မတကြီးမိန့်ခွန်းမှာပြောတော့ နိုင်ငံသားတိုင်းကို ဥပဒေနဲ့ အညီ အလုပ်လုပ်ခွင့်ရမယ်ဆိုပြီး ပြောထားတာ၊ အရင်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသိရင် ဘာပြောမလဲသေချာမသိသေးတဲ့ အချိန်မို့လို့ ဘာမဆိုခိုးလုပ်၊ ကျိတ်လုပ်ရတယ်။ အခုလဲ ဒီလိုဘဲဖြစ်နေသေးတယ်၊ ဘာမှမပြောင်းလဲသေးဘူး။ ကျွန်တော်တို့ ပြည်သူတွေ ဘာအပြစ်ရှိလို့ ဒီလို နှစ်ပေါင်းများစွာ မော်တော်ကားမစီးနဲ့ ဘီယာမသွင်းနဲ့ စီးချင်သွင်းချင်ရင် ငါတို့ကို ဆက်ကြေးပေးပြီး ခိုးလုပ်စားလို့ စေခိုင်းရတာလဲ။ ပြောရရင်ဗျာ နေပြည် တော်မှာ သူတို့နေတဲ့ ကိုယ်ပိုင်အိမ်တွေဆိုတာတွေကလဲ ကားပါမစ်တစ်စောင် သိန်း ၁၅၀၀ နဲ့ ဆယ်စောင်ပေးပြီး၊ ကုန်သည်ကို ဆောက်ခိုင်းထားတဲ့ အိမ်တွေဗျ။ ဒီလိုမျိုးတွေလုပ်နေတာဟာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာနဲ့ အတူတူပဲ”ဟု စိတ်နာနာဖြင့် အစိုးရသစ်ကို အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------

ကေအိုင်အိုအရေးသည် တိုင်းရင်းသားရေးသာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီပြောဆို

မြန်မာပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ကေအိုင်အိုနှင့် မြန်မာ့တပ်မတော်ကြား လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် တိုင်းရင်း သားအရေးသာ ဖြစ်ကြောင်း အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားလိုက်သည်။

ကေအိုင်အိုသည် ဇူလိုင် ၁၄ ရက်နေ့တွင် တရုတ်သမ္မတဟူကျင်တောင်ထံသို့ မြန်မာ့တပ်မတော်နှင့် ကေအိုင်အိုကြား ဝင်ရောက်စေ့စပ် ညှိနှိုင်း ပေးရန်  ပန်ကြားလွှာတစ်စောင် ပို့လိုက်သည့်အပြင် ဇူလိုင် ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင် အား ပြန်ကြားလိုက်သည့်စာတွင်လည်း ယူနန်ပြည်နယ်အစိုးရ၊ တရုတ်နိုင်ငံသို့ မိတ္ထူတစ်စောင်ပေးပို့ထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောဆိုခြင်း ဖြစ်သည်။

“ကိုယ့်တိုင်းပြည်မှာ တိုင်းရင်းသားတွေဖြစ်တဲ့ကိစ္စပဲ၊ ကိုယ့်နိုင်ငံနဲ့ပဲ ဆိုင်တာပေါ့”ဟု ဦးဌေးဦးမှ ဆိုသည်။

ကေအိုင်အိုသည် ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် ၁၉၆၀ခုနှစ်ပတ်ဝန်းကျင်မှ စတင်ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ကာ မြန်မာ့ တပ်မတော်နှင့် နှစ်ပေါင်း ၃၀ကျော် တိုက်ပွဲများ ဖြစ်ပွားလာပြီး ၁၉၉၄ တွင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရယူခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် မြစ်ကြီးနားမှ ယူနန်ပြည်နယ်သို့ ဆက်သွယ်နိုင်သည့်ကားလမ်းများ ဖောက်လုပ်ထားကာ ကေအိုင်အို၏ စီးပွားရေးလုပ်ငန်းများသည် ယူနန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် များစွာဆက်စပ်လျက်ရှိသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်နန်းရွှေကြာ ပြောကြားချက်အပေါ် ဦးထွန်းရွှေ ရှင်းပြီ

ဝံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာ၏ ပြည်တွင်းဂျာနယ်တစ်စောင်မှ ဦးထွန်းရွှေအား ပြောကြားချက်အပေါ် ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ CEC ပောာင်း ဦးထွန်းရွှေ မှ ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းဂျာနယ်တစ်စောင်၌ မိမိအား ဒေါ်နန်းရွှေကြာမှ ပြောကြားသွားသည့်အချက်များထဲမှ အဓိက သုံးချက်ကိုသာ ပြောကြားလိုကြောင်း၊ ပထမအချက်အနေဖြင့် ဝံသာနု NLD ပါတီ၌ မိမိမှာ ဗပိာုအလုပ်အမှုဆောင်မပာုတ်ဆိုသည့် အချက်ကိုပြောကြားလိုကြောင်း၊ ဒုတိယအချက်မှ မိမိအား ပါတီမှ တရားဝင်တာဝန်ပေးထားခြင်း မပာုတ်ဆိုသည့်အချက်အား ရှင်းလင်းလိုကြောင်း၊ တတိယအနေဖြင့် ရွေးကောက်ပွဲအတွက် မိမိအားယာယီခေါ်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်စေသည်ဆိုသည့်အချက်အား ပြောဆိုလိုကြောင်း ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ CEC ပောာင်း ဦးထွန်းရွှေက ပြောကြားသွားခဲ့သည်။

မိတ်ဆွေ ၁၁ ပါတီတွင် ဝံသာနု NLD( ပြည်ထောင်စုမြန်မာနိုင်ငံ) ပါဝင်နေမှုကိုလည်း ၎င်းတို့မှ သဘောမတူပာု ကန့်ကွက်ထားကြောင်း၊ မိတ်ဆွေ ၁၁ ပါတီ၌ မိမိမှာ CEC အနေဖြင့်လည်းကောင်း၊ ပါတီဒုတိယခေါင်းဆောင်အနေဖြင့် ရပ်နေခြင်းအား ဒေါ်နန်းရွှေကြာတို့မှ လက်မခံကြ ကြောင်း၊ မိမိသည် ဝံသာနုNLD ပါတီဖြစ်ပေါ်လာစေရန် ဖွဲ့စည်းပုံမှအစ မိမိရေးဆွဲပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်၌ မိမိ၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း အမြဲပင် အဆက်အသွယ်ရှိ ကြောင်း၊ သို့သော် ၎င်းတို့မှ လုံးဝမသိပါပာု ငြင်းဆိုထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မိတ်ဆွေ ၁၁ ပါတီပာု ပုံဖော်၍ ဝံသာနုNLD ပါတီအနေဖြင့် ဝင်ရောက်ခဲ့ခြင်းမှာ ယခုမှပင်မပာုတ်ကြောင်း၊ ရွေးကောက်ပွဲပြီးသည့် ကာလတည်း ကပင် ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲပြီးသည့်အခါ၌လည်း မိမိမှ အစည်းအဝေးခေါ်ပါပာု တရားဝင်စာများပို့ထားကြောင်း၊ သို့သော် ဒေါ်နန်းရွှေကြာ တို့မှ လုံးဝလုပ်ဆောင်ခြင်း မရှိသည့်အတွက် မိမိအနေဖြင့် လမ်းခွဲသင့်သည်ထင်၍ နုတ်ထွက်စာတင်လိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်း နှုတ်ထွက်စာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ရောက်၍ ဒေါ်နန်းရွှေကြာတို့မှ ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း ဦးထွန်းရွှေက ဆက်လက်ပြောကြား ခဲ့သည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၈ ပါ “ဝံသာနု NLD ဒေါ်နန်းရွှေကြာပြောကြားချက်အပေါ် ဦးထွန်းရွှေရှင်းပြီ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

တပ်မတော်ဆိုတာကတော့ အဆင့်ဆင့် အမိန့်နာခံရေးကို သံမဏိစည်းကမ်းလို ကျင့်သုံးရတဲ့  အဖွဲ့အစည်းမျိုးပါ။ တာဝန်ယူရတဲ့ သက်ဆိုင်ရာ တပ်မတော်အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကပဲ အခရာပါ။ ဒါကြောင့် တပ်မတော်အတွင်း အပြန်အလှန် ဝေဖန်ထိုးနှစ်ချက်တွေဆိုတာ မရှိနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အချုပ်အခြာအာဏာပိုင် နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ဆောင်ရွက်နေတယ်လို့ နားလည်ရပါတယ်။

ပြောချင်တာကတော့ ပါတီစုံဒီမိုကရေစီစနစ်မှာ ပြည်သူလူထုကို ထိတွေ့ဆွေးနွေးစည်းရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကပဲ အဓိက အခန်း ကဏ္ဍကနေ ထမ်းဆောင်ရမှာပါ။ ဒီလို ထမ်းဆောင်တဲ့အခါမှာ သဘောထားကွဲလွဲချက်တွေ ဝေဖန်ထိုးနှက်ချက်တွေကို ရှောင်လွဲလို့ မရနိုင်ပါဘူး။ ဒီလို သဘောထားကွဲလွဲချက်တွေ ဝေဖန်ထိုးနှက်ချက်တွေ ရှိနေတာကိုက ပါတီစုံ ဒီမိုကရေစီစနစ် သက်ဝင်ရှင်သန်လှုပ်ရှားနေတာကို ဖော်ပြနေတာပါ။

ဇူလိုင် ၁၄ ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၁) တွင်ပါသည့် ဆောင်းပါးရှင် ကိုဝ၏ "ထွေးပွေ့ထားရမယ့် ကွဲလွဲဝေဖန် ထိုးနှက်ချက် များ" ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံဝန်ထမ်းအား လစာကျပ် နှစ်သောင်း တိုးမြင့်ခံစားခွင့်ပြုမည်ဟု ပြည်တွင်းနည်မည်ကြီး ရုပ်မြင်သံကြားသတင်းဌာနတစ်ခု၏ ဇူလိုင် ၅ ရက် မွန်းလွဲ ပိုင်းသတင်းအစီအစဉ်တွင် ကြေညာသွားသည်ဟုဆိုကာ အတည်မပြုနိုင်သော သတင်းရပ်များ ထွက်ပေါ်ခဲ့ခြင်းအပေါ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

"ကျွန်တော်တို့ဆီတော့ ညွှန်ကြားချက်မလာပါဘူး။ အစိုးရက တရားဝင်ကြေညာတာကိုပဲစောင့်ပါ။ အစိုးရက တရားဝင် ထုတ်ပြန်မှသာ အမှန်တကယ်လို့ ပြောလို့ရပါတယ်" ဟု မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသို့ငြင်းဆို ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၂၆) တွင်ပါသည့် "အစိုးရအမှုထမ်းများ လစာနှစ်သောင်း တိုးမြင့်မည် ဆိုသော သတင်းနှင့် ပတ်သက်၍ အစိုးရက တရားဝင်သတင်းထုတ်ပြန်မှုမှသာ လက်ခံသင့်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"တစ်ဖက်က အခွန်လျှော့လိုက်တဲ့အတွက်  အဆင်ပြေလာတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တချို့ကလည်း ဘယ်နေမလဲဗျာ။ ချက်ချင်းလိုက်ပြောင်းတယ်။ ဒီတော့ ပို့ကုန်သမားက နဂို ငါးမူး အမြတ်ကျန်ရင် ငါးမူးပဲ။ ပိုမလာတော့ဘူး"

ဇူလိုင် ၁၅ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၂၆) တွင်ပါသည့် "ကုန်သွယ်ခွန်လျော့ကျလာသော်လည်း ပြည်ပပို့ ကုန်သမားများ အထိနာနေဆဲဖြစ်" သတင်းမှ ပဲတင်ပို့သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်က လစာကျပ် တစ်သိန်းခွဲရတယ်။ စားစရိတ်နဲ့နေစရိတ်ပြန်နုတ်ရင် ဘယ်လောက်မှ မကျန်ဘူး။ တိုက်ခန်းတစ်ခန်း ဝယ်နိုင်ဖို့ဆိုရင်တော့ ဒီဈေးအတိုင်း ရှိနေမယ်ဆိုရင်တောင် ကျွန်တော် ရန်ကုန်မှာ နှစ် ၂၀ အလုပ်လုပ်ပြီး စုထားမှ ရမယ်။ အိမ်ဝယ်နိုင်ဖို့ အိမ်မက်ထဲတောင်ထည့်မမက်နိုင်ဘူး"

ဇူလိုင် ၁၅ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၁၅) တွင်ပါသည့် "အိမ်ခြံမြေဈေးနှုန်းများ မတရားကြီးမြင့် ဈေးကစားခြင်းကြောင့် လူလတ်တန်းစားများနှင့် ဝန်ထမ်းများ နေရေးအတွက် ဒုက္ခရောက်လာ" သတင်းမှ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံအကြီးတန်း ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လစ်ဘရယ်ဒီမိုကရေစီ နှင့် ဆူဒိုဒီမိုကရေစီ

တင်ညွန့်

(မြန်မာပို့စ် ဂလိုဘယ် အတွဲ (၁) အမှတ် (၁၇)တွင်ပါသည့် ဆောင်းပါးမှ ထုတ်ယူဖော်ပြပါသည်။)

နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြီးဆုံးပြီး အတည်ပြုခဲ့ပြီးဖြစ်သည်ဆိုလျှင် "အာဏာကိုချုပ်ကိုင်ထားပိုင်ခွင့်" သည် မည်သူလက်ထဲတွင်မျှ မရှိတော့ပေ။ အလားတူ တစ်ပါတီစနစ်သည်လည်း သူ့အလိုလို ချုပ်ငြိမ်းသွားပေလိမ့်မည်။ ရွေးကောက်ပွဲဆိုသည်မှာ အမှန်တကယ်အားဖြင့်(လွတ်လပ်ပြီး တရားမျှတရိုးမှန်လျှင်) ဖွဲ့စည်းအုပ်ချုပ်ပုံကို အမှန်တကယ် ဖော်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အသက်ဝင်စေမည့် ပြည်သူတို့ ရွေးကောက်သည့် ပြည်သူတို့ကိုယ်စားလှယ်များထံ အာဏာကိုအပ်နှံရန်သာ ဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသော ဆိုသည့် စကား၏ အဓိပ္ပယ်မှာ ရွေးကောက်ပွဲပြုလုပ်စဉ်ကထက်၊ ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်းတွင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါသည်။

လွတ်လပ်ပြီးတရားမျှတသည့် အသွင်ဆောင်စေရန် လစ်ဘရယ်ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရမည် ဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီတွင် အောက်ပါလက္ခဏာရပ်များနှင့် ပြည့်စုံနေရမည်ဖြစ်သည်။

၁။  စစ်မှန်သော အာဏာအပေါ်တည်မှီနေရမည်

ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရားအရ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမည့် တရားဝင်အဖွဲ့အစည်း တစ်ခုရှိမည်၊ ထိုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ပေးအပ်ထားသည့် ဦးဆောင်ကျင်းပပေးမည့်သူများ ရှိရမည်။ ထိုရွေးကောက်ပွဲ ဦးစီးကျင်းပသူများသည် ပြည်ပမှဖြစ်ရန်မလို၊ ပြည်တွင်းမှအာဏာဖြင့် ချုပ်ကိုင်လွှမ်းမိုးထားရသည့် အဖွဲ့အစည်းတစ်ခုလည်း မဖြစ်သင့်ပေ။

၂။  လုပ်ပိုင်ခွင့်အာဏာဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အစိုးရအဖွဲ့တစ်ခုကို ဖော်ဆောင်နိုင်ရန်၊ ထိုအစိုးရသစ်လက်ထဲသို့ အာဏာကို အပ်နှင်းရန်သာဖြစ်သည်။ ထို အစိုးရအဖွဲ့သစ်သည် လွတ်လပ်သော တရားစီရင်ရေးအဖွဲ့၊ ဥပဒေပြုရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့များကို ခန့်အပ်တာဝန်ပေး နိုင်စွမ်း ရှိရပေမည်။

၃။  အတိုက်အခံရှိရမည်အတိုက်အခံအတွက်လမ်းဖွင့်ပေးထားမည်

ရွေးကောက်ပွဲဆိုသည်မှာ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအစိုးရဖွဲ့နိုင်သည့် အခွင့်အရေးကို ဝင်ရောက်ယှဉ် ပြိုင်ကြခြင်းသာ ဖြစ်သည်။ နိုင်သည့်ပါတီများက အစိုးရဖွဲ့ခွင့်ကိုရသော်လည်း အနိုင်မရသည့်ပါတီများအပေါ် နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခွင့်များ ပေးနိုင်ရမည်ဖြစ်သည်။ အားလုံး နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်နေကြသည်ဟု လက်ခံလျှင် မပူးပေါင်းနိုင်စရာအကြောင်းလည်း မရှိပေ။

၎။  ပြည်နယ် ပြည်မတန်းတူအခွင့်အရေးရကြရမည်

နိုင်ငံတစ်နိုင်ငံသည်လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကွဲပြားသည့်မျိုးနွယ်စုတို့ ပေါင်းစုထားကြသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ အင်အား ကြီးသူ အားအားနည်းသူ ခွဲခြားမှုမရှိ၊ အားလုံးအရာရာတွင် တန်းတူညီမျှ အခွင့်အရေးရနိုင်စေရန် ဖော်ဆောင်ပေးရပါလိမ့်မည်။ အားလုံးပါဝင်၊ အားလုံး စဉ်းစား၊ အားလုံးအတွက် အကျိုးများစေသော စနစ်မျိုးနှင့် လမ်းစဉ်မျိုးကိုသာ အကောင်အထည်ဖော်သင့်သည်။

၅။  လူတိုင်းနိုင်ငံရေးလုပ်ပိုင်ခွင့်ရှိရမည်

နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ နိုင်ငံရေးပါတီ တစ်ပါတီအတွင်းဝင်ပြီး လက်သီးလက်မောင်းတန်းပြနိုင်မှ မဟုတ်ပါ။ လူတိုင်းလွတ်လပ်စွာ ပြောဆိုခွင့်၊ ဝေဖန်တင်ပြပိုင်ခွင့်၊ ထုတ်ဖော်ပြသပိုင်ခွင့်ရှိခြင်း ထိုအခွင့်အရေးမျိုးကို ခံစားပိုင်ခွင့် အပြည့်အဝ ရှိခြင်းတို့သည်လည်း နိုင်ငံရေးလုပ်ခြင်း ဖြစ်ပါသည်။ အပြုသဘောဆောင်ခြင်း မဆောင်ခြင်းမှာ နိုင်ငံရေး ဆိုင်ရာအသိပညာနှင့်လည်းဆိုင်ပါသည်။ နိုင်ငံရေးကို မြေတောင်မြောက်ပေးခြင်း ခံရလျှင် နိုင်ငံရေးအသိတရား ထွန်းကားမည်သာဖြစ်သည်။ နိုင်ငံရေးအသိတရား ထွန်းကားသည့်နိုင်ငံနှင့် လူမျိုးတွင် နိုင်ငံရေးသတိတရားဖြင့် စောင့်ထိန်းသွား တတ်ကြပါသည်။

၆။  သတင်းမီဒီယာလွတ်လပ်ခွင့်ရှိရမည်

နိုင်ငံသားတို့၏ ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးတစ်ခုတွင် သတင်းအချက်အလက်များကို လွတ်လပ်စွာရယူခွင့် သိရှိခွင့်ဆိုသည့် အချက်ပါ သည်။ သတင်းအချက်အလက်တို့ကို လွတ်လပ်စွာ သိခွင့်မြင်ခွင့်ကြားခွင့်မရှိလျှင် ကောလဟာလသတင်းများကို ယုံကြည်ကိုးစားသွားတတ်သည်။ နိုင်ငံ တစ်နိုင်ငံတွင် သတင်းမီဒီယာတို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ ပြည်သူ၏နား၊ ပြည်သူ၏မျက်စိဖြစ်နေရမည့် မီဒီယာသည် ပြည်သူကို မကြားအောင်၊ မမြင်အောင် လုပ်နေလျှင် ပြည်သူတို့စုံလုံးကန်းမည်သာဖြစ်သည်။

၇။  ရပိုင်ခွင့်အခွင့်အရေးကို ရရှိစေရမည်

လူတိုင်းလွတ်လပ်စွာယုံကြည်ခွင့်၊ ဖော်ထုတ်ခွင့်၊ ဆွေးနွေးတင်ပြခွင့်၊ ပြောဆိုခွင့်၊ ထုတ်ဝေခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ တင်ပြခွင့်များမရှိလျှင် ဒီမို ကရေစီဟု ခေါင်းစဉ်မတပ်သင့်ပါ။

၈။  ဥပဒေတန်းတူညီမျှရှိရမည်

ဥပဒေအောက်တွင် ပြည်သူအားလုံးနိုင်ငံရေးတွင် တန်းတူညီမျှသာဖြစ်သည်ဟု ဆိုပါသည်။ နိုင်ငံရေးအရ ခံယူချက်၊ ယုံကြည်ချက် ကွဲပြား နိုင်သော်လည်း အားလုံးနိုင်ငံရေးအရ တန်းတူညီမျှအခွင့်အရေး ရပိုင်ခွင့်ရှိရမည် ဖြစ်သည်။ အပြန်အလှန်အားဖြင့်ဥပဒေက ကိုယ့်ကိုကာကွယ် စောင့် ရှောက်ထားသကဲ့သို့ ချမှတ်ထားသည့် ဥပဒေများကို လေးစား လိုက်နာရန်လည်း လိုပါသည်။

၉။  ဥပဒေအရအကာအကွယ်ပေးရမည်

ပြည်သူတို့က ဥပဒေကိုလေစားလိုက်နာသကဲ့သို့ ဥပဒေအပေါ်ကျော်ပြီး လုပ်ပိုင်ခွင့်များကိုလည်း နိုင်ငံတော်က တားဆီးနိုင်ရမည် ဖြစ်သည်။ ဥပဒေမဲ့ထောင်ချခြင်း၊ နယ်နှင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို လွန်ကဲစွာကျူးကျော်ခြင်းတို့ကို နိုင်ငံတော်ကဖြစ်စေ၊ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများကဖြစ်စေ မကျူးလွန်မိစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်ရမည် ဖြစ်သည်။

အထက်ပါအချက်များသည် Freedom House မှ နှစ်စဉ်ထုတ်ပြန်သည့် ဒီမိုကရေစီ စံသတ်မှတ်ချက်များတွင် ပါဝင်နေပါသည်။ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး (ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အတိုက်အခံ၊ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့်) နှင့် ပြည်သူတို့ လွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေးတို့ကို အထက်ပါပေးထားသည့် အချက်များဖြင့် တိုင်းတာရာတွင် အဆင့် ၁ ဆိုလျှင် လွတ်လပ်ခွင့် အရှိဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ပါသည်။ နိုင်ငံတစ်နိုင်ငံ သည် ၂.၅ မှတ်အထိ လွတ်လပ်သည့် နိုင်ငံအဖြစ် သတ်မှတ်သည်။ အဆင့် ၃ မှ အဆင့် ၅.၅ ရောက်သွားလျှင် တစ်စိတ်တစ်ပိုင်းလွတ်လပ်သည့်အဆင့် ဖြစ်သည်။ ၅.၅ အဆင့်နှင့်အထက်သည် မလွတ်လပ်သည့် နိုင်ငံစာရင်းတွင်ပါသည်။ နိုင်ငံတစ်နိုင်ငံ နိုင်ငံရေးအရ လွတ်လပ်ခွင့် ရှိမရှိကို အထက်ပါ လစ်ဘရယ်ဒီမိုကရေစီစံများဖြင့် Freedom House က တိုင်းတာပါသည်။

ဒီမိုကရေစီသည် ရပ်တန့်နေသည့်သဘောမရှိ၊ တိုးတက်ပြောင်းလဲနေရမည့်အသွင် ဆောင်နေရသည်။ ဒီမိုကရေစီ သဘောတရားသည် အာဏာကို ချုပ်ကိုင်ထားသည့်စနစ်မျိုးမှ ကွဲပြားစွာ ခွဲထွက်နေရမည်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ဒီမိုကရေစီအာဏာရှင်အသွင်မှ ခွဲထွက်နိုင်အောင် ကြိုးစားကြရမည်သာဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေပါလျက် Liberal သည် Pseudo ဖြစ်လာလျှင် တစ်နည်းအားဖြင့် Pseudo democracy အသွင်ဆောင်လျှင် ပြုပြောင်းလဲမှုတစ်ခုခုပြုလုပ်ကြရပေလိမ့်မည်။ အာဏာရပါတီအနေဖြင့် Liberal မှ Pseudo ဖြစ်လာလျှင် ထောက်ပြဝေ ဖန်ခြင်း ခံရမည်။ ပြုပြင်သင့်သည်ကို အချိန်မီပြုပြင်ရလိမ့်မည်။

ဆူဒိုဒီမိုကရေစီတွင် ဆီမီးဒီမိုကရေစီ (Semidemocracy) သဘောတရားများလည်း ပါဝင်ပတ်သက်နေတတ်သည်။ ဒီမိုကရေစီ မရှိတရှိ လုပ်ကာ တစ်ပါတီလွှမ်းမိုးမှုကို ဦးစားပေးထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ အတင်းအကျပ် မဖြစ် မနေခိုင်းစေမှုများ၊ ဆရာမွေးမှုများ၊ မီဒီယာချုပ်ကိုင်မှုများ၊ အတိုက်အခံပါတီများအပေါ်တွင် ဖိနှိပ်မှုများကို ပြုလုပ်ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်မီက မက္ကဆီကိုနိုင်ငံတွင် ကျင့်သုံးခဲ့သည့်စနစ်ဖြစ်သည်။

ဆူဒိုဒီမိုကရေစီနှင့် အာဏာရှင်ဒီမိုကရေစီ ကွာခြားချက်များ အတိုက်အခံပါတီအပေါ် မည်မျှလွတ်လပ်ခွင့် ပေးသနည်းဆိုသည့်အချက်ဖြင့် တိုင်းတာရပေလိမ့်မည်။ ဆူဒိုဖြစ်လာလျှင် အာဏာကို အလွဲသုံးစားလုပ်လာလိမ့်မည်။ ဒီမိုကရေစီ ဆိတ်သုဉ်းလျှင် အာဏာရှင်စနစ်က ပြန်လွှမ်းမိုး လိမ့်မည်။

Ref: Is the Third Wave Over? By  Lerry Diamond

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs