Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ...

            ယခုတပတ်မှာ ထူးထူးခြားခြား နိုင်ငံရေးစီးပွားရေးဆိုင်ရာ အခြေအနေများဟာ သိသာထင်ရှားလွန်းစွာပဲ အလှုပ်အရမ်းကြီးခဲ့ပါတယ်။ စီးပွားရေးပိုင်းမှာဆိုရင် ဒေါ်လာဈေး အဆမတန်ထိုးကျမှုနဲ့ ကျပ်ငွေမာမှုကြောင့် တိုက်ရိုက် ပတ်သက်နေတဲ့ လုပ်ငန်းရှင်များရော၊ နောက်ကွယ်က လုပ်သားပြည်သူများပါ မကြုံဖူးလောက်အောင် အခက်တွေ့နေကြရတဲ့အခြေအနေကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး Macro အမြင်နဲ့ သုံးသပ် သတင်းဆောင်းပါး ဖော်ပြထားပါတယ်။ နိုင်ငံရေးအရဆိုရင်လည်း ပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့ ကွင်တားနားလာရောက်ခဲ့သလို နိုင်ငံနဲ့ ပြည်သူတရပ်လုံး စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်ငြိမ်းချမ်းသာခွင့် အခြေအနေဟာ သကျွင်္န်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်ရဲ့ လက်ဦးမှုရယူတင်သွင်းခဲ့တဲ့ အဆိုအပါအဝင် တပ်မတော်သားများကပါ ပါဝင်ထောက်ခံခဲ့မှုက ထူးခြားသတင်းဖြစ်ခဲ့ရပြီး မကြာခင်မှာ သတင်းကောင်း ကြားရမယ့်အနေအထားလို့ အကောင်းမြင်မျှော်လင့်ရတဲ့ အခြေအနေတွေကို တွေ့မြင်နေရပါတယ်ဆိုတဲ့ နောက်ဆုံးရသတင်းနဲ့ ကျန်တာတွေကတော့ တပတ်အတွင်းမှတ်သားရမယ့် သတင်းများ၊ စီးပွားရေးသုံးသပ် ဆောင်းပါးတွေ၊ ကောက်နှုတ်ချက်တွေကို ပုံမှန်အတိုင်း ထည့်သွင်းဖော်ပြထားပါတယ်။ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

လေးစားလျှက်..

သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.