Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြစ်ဆုံတမံ ဆန္ဒပြကန့်ကွက်သူအား အစိုးရ ဖမ်းဆီး

(AFP သတင်းမှ 21September 2011 ရက်စွဲပါ "Myanmar arrests anti-dam actirist in rare protest" သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဘုန်းတော်ကြီး အက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြောင်းပြော

(AFP News မှ 22 September 2011 ရက်စွဲပါ "Tu Tu declares love for Suu Kyi" သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာကျောက်မီးသွေးဓာတ်ထုတ်လုပ်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်း PTT စိတ်ဝင်စား

(The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်)

  1. တိုင်ဝမ် F - 16 တိုက်လေယာဉ် ဒေါ်လာ ၅ ဘီလီယံဖိုး အဆင့်မြှင့်မည်ကို အမေရိကန် အတည်ပြု

(21 September  2011 ရက်စွဲပါ BBC News မှ US confirms $ 5 bn Taiwqn F – 16 fighter jet upgrade ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ အုပ်ချုပ်သူများ ပြောင်းလဲမှုအတွက် အလေးအနက်ရှိသလော

(21 September 2011 ရက်စွဲပါ The Nation မှ Are rulers of Burma serious about change ? ကို ဘာသာပြန်ဆိုသည်)

*********************************************************************************************************

မြစ်ဆုံတမံ ဆန္ဒပြကန့်ကွက်သူအား အစိုးရ ဖမ်းဆီး

(AFP သတင်းမှ 21September 2011 ရက်စွဲပါ "Myanmar arrests anti-dam actirist in rare protest" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် တရုတ်ရေအားလျှပ်စစ် စီမံကိန်းကို ရှားရှားပါးပါး ဆန္ဒပြခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                “တရုတ်ယဉ်ကျေးမှုရုံးနားမှာ တစ်ကိုယ်တော်ဆန္ဒပြဖို့ ကြိုးစားနေတဲ့ အသက် ၄၆ နှစ် အရွယ် လူတစ်ယောက်ကို ဒီနေ့လည်ပိုင်းမှာ ဖမ်းဆီး သွားခဲ့တာပါ” ဟု အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ယဉ်ကျေးမှုရုံးသည် ရန်ကုန်တရုတ်သံရုံး၏ ဋ္ဌာနခွဲတစ်ခု ဖြစ်သည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ ရောင်းချရန် ရည်ရွယ်ထားသော ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုထားသည့် စာတမ်းကို အဆိုပါ ဆန္ဒပြသူက ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

                ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် ဒီမိုကရေစီတောင်းဆိုသော ချီတက်ပွဲများကို ယခင်တပ်မတော် အာဏာရှင် အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ သော မြန်မာကဲ့သို့ အာဏာရှင် အစိုးရက ရက်စက်စွာနှိမ်နင်းခဲ့သော မြန်မာကဲ့သို့ အာဏာရှင် နိုင်ငံမျိုးတွင်ဆန္ဒပြမှုများ အလွန်ပင် ရှားပါးသွားပြီဖြစ် သည်။ ဆန္ဒပြသူများ အနေဖြင့် အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရမည်ဟု ဆိုကြသည်။

                အစိုးရက အားပေးအားမြှောက် ပြုထားသော (တရုတ်တို့အမြတ်ထွက်မည့်) အဆိုပါ စီမံကိန်းကို ယခုလ အစောပိုင်းတွင် စာရေးဆရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ရှားရှားပါးပါး လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ကြခြင်းနှင့်အတူ ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံရေလှောင်တမံ ၏ အကျိုးသက်ရောက်မှုအကျိုးဆက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ စိုးရိမ်ပူပန်မှုများ ကြီးထွားလျှက်ရှိသည်။

                မည်သို့ပင်ဖြစ်စေ ၄င်းရေလှောင်တမံကို ဆက်လက်တည်ဆောက်သွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ယခင်အပတ်တွင် ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းကို အစိုးရအာဘော် သတင်းစာက မတည်းဖြတ်ဘဲ ဖော်ပြခဲ့သည်။

************************************************************************

ဘုန်းတော်ကြီး အက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြောင်းပြော

(AFP News မှ 22 September 2011 ရက်စွဲပါ "Tu Tu declares love for Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်)

                ဝတ်ပြုဆုတောင်းမှုနှင့် ပတ်သက်၍ ပြောဆိုသည့် တောင်အာဖရိကဘုန်းတော်ကြီး အက်စမွန်တူးတူးက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် နှစ်သက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။

                နယူးယောက်ညီလာခံမှ မြန်မာနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗီဒီယိုကြောင်းဖြင့် ခက်ခက်ခဲခဲ ပြောဆိုခဲ့သော တောင်အာဖရိက အသား အရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ၊ ငြိမ်းချမ်းရေးလူသား အက်စမွန်တူးတူးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

                နိုဝင်ဘာလက အကျယ်ချုပ်မှ လွတ်မြောက်လာသော်လည်း လူထုကြားသို့ တစ်ခါတရံမှ ရှားရှားပါးပါး ထွက်လာပြီး ခြေလှမ်းမကျဲသေးဘဲ ထိန်းနေရဆဲဖြစ်သူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းတော်ကြီး အက်စမွန်တူးတူးက "I Love You" ဟု ပြောကြားခဲ့သည်။

                "ကျွန်မကလည်း ဆုမွန်ကောင်း ပြန်တောင်းပေးရမှာပေါ့၊ I Love You လို့ ပြန်ပြောရမှာပေါ့" ဟု ခပ်ဝါးဝါး ဂြိုလ်တု ရုပ်သံပုံရိပ်ပေါ်တွင် သူမက ပြန်လည် ပြောကြားခဲ့သည်။

                မျှော်လင့်မထားကြသော အပြန်အလှန်ပြောဆိုမှုက ညီလာခံစောင့်ကြည့်ခန်းမအတွင်းမှ တူးတူးနှင့် နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်များကို ရယ်မော ပျော်ရွှင်စေခဲ့လေသည်။ ထို့နောက်တွင် တူးတူးမှာ နွေးထွေးပေါ့ပါးသွားပုံ ရသည်။

                မြန်မာစစ်အစိုးရလက်အောက်တွင် ငြိမ်းချမ်းစွာ တွန်းလှန်ခဲ့ခြင်း၊ နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်းသိမ်း ခံခဲ့ပြီးနောက် ပြန်လည်အထမြောက် ရှင်သန်လာခဲ့ခြင်းတို့ကို ဂုဏ်ပြု ပြောဆိုနေသည့် တူးတူးက သူမ၏ ကျင့်ဝတ်သိက္ခာ အရည်အသွေးများကို အတော်များများ ထုတ်ဖော်ချီးကျူးခဲ့သည့် အပြင် စူးစူးရှရှ ရယ်မောတတ်သူ ဘုန်းတော်ကြီးက ရုတ်တရက် အရွှန်းမဖောက်မီ “ဒါတွေဟာ ခင်ဗျား ခံစားရရှိထားတဲ့ အရာတွေပါ။ ခင်ဗျားရဲ့ မေတ္တာ ကရုဏာ နဲ့ ခင်ဗျားရဲ့ အလှ ရောပေါ့” ဟု ရုတ်တရက် ဆိုလိုက်သည်။

                ကျွန်တော်တော့ မဝေခွဲတတ်တော့ဘူးဟု တူးတူးကဝန်ခံပြောဆိုသည်။ “ခင်ဗျား ခက်ခဲနာကျင်ပါစေလို့ တစ်ယောက်ယောက်များ မျှော်လင့်နေ သလားလို့ပါ။ တကယ်တော့ ခင်ဗျားက ချစ်ခင်စရာကောင်းပြီး သိပ်ကို ရှက်သွေးကြွယ်တတ်တဲ့ သူပါ” ဟု ပြောဆိုလိုက်ရာ ရယ်မောသံများ ထပ်မံ ထွက်ပေါ် လာသည်။

                နွေးထွေးစွာ ပြုံးလိုက်သော်လည်း သွေးအေးတည်ငြိမ်ပုံရသော ဒေါ်အောင်ဆန်းစုကြည်က "အပြန်အလှန် လေးစားမှုရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ ဆိုရင် ဒီလိုပဲဖြစ်ရမှာပေါ့" ဟု ပြန်လည်ပြောဆိုခဲ့သည်။

                ထို့နောက်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ထွန်းကားရန် ကြိုးပမ်းရုန်းကန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းတော်ကြီး တူးတူးက အားပေးစကားပြောကြားကာ "ခင်ဗျား အစိုးရ အကြီးအကဲဖြစ်တဲ့ အချိန်မှာ မြန်မာနိုင်ငံကို လာရောက် ဂုဏ်ပြုဖို့ မျှော်လင့်နေပါ့မယ်" ဟု ဆက်လက် ပြောဆို သည်။

                လူ့အခွင့်အရေး လှုပ်ရှားသူ ဘုန်းတော်ကြီးကို မျှော်လင့်ချက် အလင်းရောင်ပေးလိုက်သည့် ဒီမိုကရေစီ ခေါင်းဆောင်က "ရှင့်ကိုလာလည်စေ ချင်တာကြောင့် ကျွန်မမှာ အရမ်းကြီးတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိလာပါပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

******************************************************************************************

မြန်မာကျောက်မီးသွေးဓာတ်ထုတ်လုပ်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်း PTT စိတ်ဝင်စား

(The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုနယ်မြေ စီမံကိန်းအတွက် မီဂါဝပ် ၃ဝဝဝ ထွက်ရှိမည့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရာတွင် Italian-Thai Development(ITD) နှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် PTT ကုမ္ပဏီက ဆန္ဒရှိကြောင်း အဆိုပါကုမ္ပဏီမှ သတင်းရင်းမြစ်များကပြောကြားသည်။

ယင်း ကျောက်မီးသွေးစွမ်အင်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျငွေ အများဆုံး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲကာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ လတ်ရှိအနေအထားတွင် ကျောက်မီးသွေးဓာတ်အားထုတ် စက်ရုံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူညီချက်ရရှိရေးအတွက် ITD နှင့် ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့(Egat) တို့ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ အခြားသော လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ လည်ပတ် ရေး ကုမ္ပဏီကြီးများ ဖြစ်သော Ratchaburi Electricity Generating Holding နှင့် Electricity Generating Plc တို့ကလည်း အဆိုပါ စီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ PTT ကုမ္ပဏီဟာ လျှပ်စစ်စွမ်းအင်စီးပွားရေးအခန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အမြဲတမ်း ကြိုးပမ်းနေပါတယ်။ လတ်တလောအနေ အထားမှာ လာအိုနိုင်ငံက Xayaburi ရေအားလျှပ်စစ်စက်ရုံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပါတယ်။ ထားဝယ်ကတော့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေတဲ့ အလားတူစီမံကိန်းတစ်ခုပါပဲ” ဟု PTT ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက The Nation သတင်းဌာနသို့ပြောကြားသည်။ အကယ်၍ အဆိုပါစီမံကိန်းတွင် ပူးပေါင်းပါဝင်မည့် PTT ၏ အစီအစဉ်သာဖြစ်မြောက်လာမည်ဆိုပါက ကျောက်မီးသွေး တူးဖော်ရေးနှင့်ဆက်စပ်မှုရှိသည့် အခြား သော စီမံကိန်းများတွင်လည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလာဖွယ် ရှိသည်။ အကြောင်းမှာ ကျောက်မီးသွေးဓာတ်အားထုတ်စက်ရုံအတွက် နှစ်စဉ် ကျောက် မီးသွေး တန်ပေါင်း သန်းနှင့်ချီ၍ လိုအပ်လာမည်ဖြစ်၍ပင် ဖြစ်သည်။

အခြားသောသတင်းရင်းမြစ်များအဆိုအရ ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားထုတ်စက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားများကို ထားဝယ် စက်မှုနယ်မြေ များနှင့် ရေနက်ဆိပ်ကမ်းများသာမက Egat သို့လည်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်လယ်ပိုင်းတွင် ITD ကုမ္ပဏီကကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ၌ မြန်မာအစိုးရာက နှစ်ပေါင်း ၇၅ နှစ်တာ လည်ပတ်လုပ်ကိုင်ခွင့် ပြုထားသည့် ထားဝယ်ဧရာမစီမံကိန်းကြီးတွင် ပူးပေါင်းပါဝင်လာမည့် ရင်းနှီးမြှုပ်နှံသူ မိတ်ဘက် ကုမ္ပဏီများကို ရှာဖွေလျက်ရှိကြောင်း ဖော်ပြပါရှိသည်။ သတင်းများအဆိုအရ ITD သည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ နှင့် အခြားသောနိုင်ငံများမှ မဟာဗျူဟာမိတ်ဘက်များရရှိရန် ကြိုးပမ်းလျက် ရှိသည်။ ထားဝယ်စီမံကိန်းကြီးအတွက် စုစုပေါင်းကုန်ကျငွေ ဒေါ်လာ ၈ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။

*******************************************************************************

တိုင်ဝမ် F - 16 တိုက်လေယာဉ် ဒေါ်လာ ၅ ဘီလီယံဖိုး အဆင့်မြှင့်မည်ကို အမေရိကန် အတည်ပြု

(21 September  2011 ရက်စွဲပါ BBC News မှ US confirms $ 5 bn Taiwqn F – 16 fighter jet upgrade ကို ဘာသာ ပြန်ဆိုသည်)

              တိုင်ဝမ်နိုင်ငံရှိ အမေရိကန်လုပ် F - 16 တိုက်လေယာဉ်အုပ်စုမှာ သက်တမ်းကြာနေပြီ ဖြစ်သောကြာင့် အဆင့်မြှင့်တင်ပေးမည့် အစီအစဉ်ကို အမေရိကန်က အတည်ပြုခဲ့သည်။

                တရုတ်သည် တိုင်ဝမ်အား ၎င်း၏ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် မှတ်ယူထားရာ ဝါရှင်တန်အား အဆိုပါ ဒေါ်လာ ၅ ဘီလီယံ (ပေါင် စတာလင် ၃ ဘီလီယံ) သဘောတူညီမှုအား ရှေ့မဆက်ရန် သတိပေးခဲ့သည်။

                တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ တိုင်းပြည်သည် အဆိုပါကိစ္စအတွက် များစွာ စိတ်ဆိုးရကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း ဖော်ပြခဲ့သည်။ တိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ အသာစီးယူမှုသည် တဖြည်းဖြည်းတိုးလာခြင်းကြောင့် ယခုလိုကူညီရခြင်းဖြစ်သည်။

                တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijiun က တိုင်းပြည်၏ ပြည်တွင်းရေးကို စိုးရိမ်ဖွယ်ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း ဖော်ပြခဲ့ပြီး တိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးအင်အားစုများကိုလည်း စိတ်ပျက်ဖွယ် မှားယွင်းအချက်ပြမှုပင် ဖြစ်ကြောင်းဆိုသည်။

                နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်ကြေညာချက်တွင် Mr Zhang က ပြောကြားရာ၌ “ယခု အမေရိကန်၏ မှားယွင်းမှုသည် အမေရိကန် - တရုတ် ဆက်ဆံရေးကို မလွှဲမရှောင်သာ ထိခိုက်မှာ ဖြစ်ကြောင်း၊ စစ်ရေး၊ လုံခြုံရေးနှင့် အခြားနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရေးများတွင်လည်း ထိခိုက်မည် ဖြစ်ကြောင်း ညွှန်ပြလိုသည် ” ဟု ဖော်ပြထားသည်။

တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်

                သို့သော် အမေရိကန်အနေဖြင့် တိုင်ပေ မျှော်လင့်သလို F - 16 တိုက်လေယာဉ်မျိုးဆက်သစ်များ ယခု ရောင်းချပေးမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

                အမေရိကန် တာဝန်ရှိသူများက ပြောကြားရာတွင် တိုင်ဝမ်၏ ရှိပြီးဖြစ်သော F – 16 A/B တိုက်လေယာဉ်များကို ပြုပြင်ပေးပြီး အဆင့်မြင့် C/D မော်ဒယ်၏ စွမ်းဆောင်ရည်အတိုင်းဖြစ်အောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်းဆိုသည်။

                “အဆင့်မြှင့်တင်ရေး ပြုလုပ်ပြီးစီးပြီဆိုရင် အဲဒီ တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ဟာ အများကြီး တိုးတက်သွားမှာပါ” ဟု တိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး Kao Hua - chu က တိုင်ပေတွင် ညပိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် တရုတ်၏ စစ်ရေးအရ တိုးချဲ့မှုသည် တိုင်ဝမ်ကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

                “ကာကွယ်ရေးစွမ်းဆောင်ရည် တိုးတက်ဖို့ အသက်သမျှ အရေးပါ ပါတယ်။ ဒါမှသာ ဒေသတွင်းလုံခြုံရေး တည်မြဲမှာဖြစ်ပြီး ရေလက်ကြား တလျှောက် တည်ငြိမ်မှုတိုးတက်ရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

                သို့သော် တိုင်ဝမ်ကပြောကြားရာတွင် ၎င်းတို့သည် C/D မော်ဒယ် တိုက်လေယာဉ်အစီး (60) ဝယ်ယူရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ သို့မှသာ တရုတ်၏ နောက်ဆုံးစစ်လေယာဉ်အဆင့်နှင့် တူညီမည်ဖြစ်ကြောင်း ဆိုသည်။

                သို့သော် အမေရိကန်မှ ဆုံးဖြတ်ချက်မချသေးကြောင်း၊ မိမိတို့သည် တာဝန်ရှိသူများအား သဘောတူရန် တိုက်တွန်းလျက်ရှိသည်ဟု တိုင်ပေက ဆိုသည်။ လက်ရှိတွင်ဝါရှင်တန်သည် ဆုံးဖြတ်ချက်အတွက် ကွန်ဂရက်တွင် အတည်ပြုချက်ရယူရန် လုပ်ဆောင်လျက် ရှိသည်။

                တရုတ်က အမေရိကန်တို့ ရောင်းချခဲ့ပါက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်ဟု သတိပေးခဲ့ခြင်းကြောင့် နှောင့်နှေးနေခြင်း ဖြစ်မည်ဟု အချို့ ဝေဖန်သုံးသပ်သူများက ဆိုသည်။

************************************************************************

မြန်မာ အုပ်ချုပ်သူများ ပြောင်းလဲမှုအတွက် အလေးအနက်ရှိသလော

(21 September 2011 ရက်စွဲပါ The Nation မှ Are rulers of Burma serious about change ? ကို ဘာသာပြန်သည်)

              ပထမဦးစွာပြောရလျှင် နေးရှင်း၏ Supalak Ganjanak hundee သည် မြန်မာနိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်နေသော တိုးတက်မှုများသည် ပါရာဒိုင်းပြောင်းလဲခြင်းသို့ ဦးတည်နေခြင်း ရှိ မရှိ လေ့လာလျက်ရှိသည် ဆိုသော အကြောင်းပင်ဖြစ်သည်။

                မြန်မာအစိုးရသစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးဝါဒီများ ပြသနေသော လက္ခဏာများသည် ဒီမိုကရေစီနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် အမှန်တကယ်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည်လျက်ရှိသည်။

                အပြင်လူများအနေဖြင့် မြန်မာနိုင်ငံတွင် တစ်ခုခုဖြစ်ပျက်နေပြီကို သိရှိမြင်တွေ့နေရသည်။ သို့သော် အဆိုပါ အဖြစ်အပျက်များ စစ်မှန်ရန် လိုအပ်သည် ဟု ရှုမြင်နေကြသည်။

                “မြန်မာနိုင်ငံကိုစောင့်ကြည့်နေတဲ့လူတွေက အဆုံးတွေ အစတွေကို သိကြပါတယ်။ မျှော်လင့်ချက်တွေလည်း စိတ်ပျက်ဖွယ် ဖြစ်လာပါတယ်။ အရာရာ အခုလောက်နဲ့တင်ရပ်ပြီး နောက်ပြန်လှည့်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းလိုတာကတော့ သံသယ တွေ မှားတယ်ဆိုတာ သက်သေပြဖို့ လိုတာပါပဲ” ဟု မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) က ရန်ကုန်တွင် ၎င်း၏ ခရီးစဉ်အပြီး၌ ပြောကြားခဲ့သည်။

                အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့သည် ယခု မြန်မာနိုင်ငံနှင့် ဆက်ဆံနေခြင်းမှာ အစိုးရသစ်သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးကို အရေးတကြီးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်သောကြောင့် ဖြစ်သည်။

                သမ္မတဦးသိန်းစိန်သည် ၎င်းအာဏာရလာကတည်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အပေါင်းလက္ခဏာ ဆောင်သော အရာများစွာ လုပ်ဆောင်ခဲ့သည်။ ထိုအထဲတွင် အရေးအပါဆုံး လုပ်ဆောင်မှုတစ်ခုမှာ ပြီးခဲ့သည့်လက နေပြည်တော်တွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်သည်။

                အပြင်လူများကမူ ၎င်းတို့ မည်သည့်အကြောင်းအရာများ ပြောကြသည်ကို အတိအကျ မသိရှိသော်လည်း၊ သံတမန်သတင်းရပ်ကွက်ကမူ သာမန် ပြောရိုးပြောစဉ် စကားများမဟုတ်ဟု မျှော်လင့်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍနှင့် NLD ၏ အခန်းကဏ္ဍများ ဖြစ်ဖွယ် ရှိကြောင်း ဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် နိုဝင်ဘာရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များနှင့် ကင်းကွာသွားခဲ့ခြင်း မရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့မှ အကြီးတန်းကိုယ်စားလှယ်များသည် အစိုးရ တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်အားလည်း အချိန် ပေး တွေ့ဆုံခဲ့ကြသည်။

                အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ယမန်နေ့က ပြောကြားရာတွင် အဖွဲ့ကြီးအနေဖြင့် မြန်မာက တောင်းဆိုထားသော 2014 တွင် အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ပေးအပ်ရေး မပေးအပ်ရေး မဆုံးဖြတ်မီ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို အလေး ထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ Marty က ၎င်းသည် ရှေ့လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ အဖွဲ့ကြီး၏ ဥက္ကဋ္ဌနေရာအတွက် ဖြစ်နိုင် မဖြစ်နိုင် လေ့လာမည် ဖြစ်ကြောင်း ဆိုသည်။

                မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒပြင်းပြလျက်ရှိခြင်းကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပိုမိုလုပ်ဆောင်ရန် အားပေးရေးအတွက် မက်လုံးပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

                ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းအပြင်၊ တိုင်းပြည်သည် ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်နေကြောင်း ပြသသည့် လုပ်ဆောင်မှုများ ရှိခဲ့သည်။ ထိုလုပ်ဆောင်မှုများတွင် ကျပ်ငွေ မာမှုကြောင့် ဖြစ်ပေါ်နေသော စီးပွားရေး အခက်အခဲများကို ကိုင်တွယ်သည့်အနေဖြင့် စီးပွားရေးအရ ကန့်သတ် ထားမှု အများအပြားကို ဖြေလျှော့ပေးခဲ့ခြင်းလည်း ပါဝင်သည်။

                အစိုးရသစ်သည် စီးပွားရေးပညာရှင်များ၏ စကားကို နားထောင်ပြီး၊ ယဲ့ယဲ့သာ ကျန်ရှိသော စီးပွားရေးကို ကယ်တင်ရန် စီးပွားရေးဆိုင်ရာ ကုစား မှုများ ပြုလုပ်ခဲ့ရာ ယခင်ကကဲ့သို့ စီးပွားရေးကြိုးကိုင်သူများဟု ယူဆသူများကို ဖမ်းဆီးခြင်းများ မရှိတော့ပေ။

                မီဒီယာများကို စောင့်ကြည့်သည့်အဖွဲ့ဖြစ်သည့် Committee to Protect Journalists မှ အစီရင်ခံစာ မထုတ်ပြန်မီ အစိုးရသစ်သည် ပိတ်ထား သည့် အင်တာနက် ဝက်ဆိုဒ်အများအပြားကို ဖွင့်ပေးခဲ့သည်။ အဆိုပါ ကော်မတီက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မီဒီယာကန့်သတ်မှု အများဆုံးနိုင်ငံ များ တွင် ပါဝင်ကြောင်းဖော်ပြခဲ့သည်။

                အပြင်လူများအနေဖြင့် နေပြည်တော်မှအမြင်တွင် ရှုတ်ထွေးစေမည့် လက္ခဏာများကိုလည်းတွေ့ရမည် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီများ နှင့် သဘောထားတင်းမာသူများကြားတွင် အာဏာခွဲဝေမှုမှာလည်း အတည်တကျ မရှိသေးကြောင်း စောင့်ကြည့်လေ့လာသူများနှင့် သံတမန်များက ပြောကြသည်။

                ပြုပြင်ပြောင်းလဲလိုသူများ၏ ခေါင်းဆောင်ဟု မှတ်ယူရမည့် သမ္မတဦးသိန်းစိန်သည် ၎င်း၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ဦးသိန်းစိန်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နှင့် ဘက်တစ်ဖက်တည်းဟု ဆိုရမည်ဖြစ်သော်လည်း ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သည့် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အုပ်စု၏ တန်ပြန်မှု ရှိနေသေးသည်။

                အရေးကိစ္စ အတော်များများတွင် အမြင်မတူမှုများ ရှိခဲ့ရာ ဥပမာ မြစ်ဆုံရေကာတာကိစ္စတွင် ဦးသိန်းစိန်သည် ပတ်ဝန်းကျင်ဆိုင်ရာ သက် ရောက်မှုများကြောင့် ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော် ၎င်းနှင့် ဆန့်ကျင်ဖက်အဖွဲ့က ထောက်ခံကြောင်း ဧရာဝတီအွန်လိုင်းအဆိုအရ သိရှိရသည်။

                ၎င်းတို့ နှစ်ဦးနှစ်ဖက်ရန်ဖြစ်နေမှုသည် ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ အစပြုမှုအားထိခိုက်မည်ကို သံတမန် များက စိုးရိမ်ပူပန်လျက် ရှိသည်။ လက်ရှိတွင် ဦးသိန်းစိန်အတွက် အပူတပြင်း လုပ်ဆောင်ရမည့် ကိစ္စမှာ စီးပွားရေးပင်ဖြစ်သည်။ ၎င်းအနေဖြင့် စီးပွားရေး အခက်အခဲများကို မကျော်လွှားနိုင်မချင်း၊ ဆူပူမှုများဖြစ်နိုင်သည့် အလားအလာများ ရှိပြီး စစ်တပ်မှ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ယခင် အခြေအနေ ပြန်ရောက်မည်ကို စိုးရိမ်ရကြောင်း သံတမန်များက ပြောကြသည်။

*********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs