Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. စိန်ခေါ်မှုနှစ်ရပ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

************************************************************************************

ဆောင်းပါးကဏ္ဍ

စိန်ခေါ်မှုနှစ်ရပ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

ယခုအချိန်အခါတွင် ကမ္ဘာကြီးအား စိန်ခေါ်နေသည့် မြင်သာထင်သာရှိသော (အထူးသဖြင့် မီဒီယာ မျက်နှာ စာတွင် အများဆုံးတွေ့ရသော) စိန်ခေါ်မှုကြီး နှစ်ရပ်မှာ သဘာဝဘေးအန္တရာယ်နှင့် စီးပွားရေး အကျပ်အတည်းတို့ ဖြစ် သည်။ သဘာဝဘေးအန္တရာယ်ဆိုလျှင် တစ်ကမ္ဘာလုံးအနှံ့ နိုင်ငံတော်တော် များများအပေါ် ခြောက်လှန့်လျက် ရှိနေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း နာဂစ်၊ ဂီရိကဲ့သို့သော သဘာဝ ကပ်ဘေးကို အတော်လေးခံခဲ့ရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဆူနာမီငလျင်ဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ယခုမြို့တော် ဘန်ကောက်ရေမြုပ်သည် အထိပင် အခြေအနေ ဆိုးရွားလျက်ရှိသည်။

လိပ်ပြာအကျိုးသက်ရောက်မှု

ယင်းသို့သော သဘာဝဘေးအန္တရာယ်များသည် လူသားတို့၏ အသက်ရှင်သန်မှုအပေါ် အခြေခံကျကျ စိန်ခေါ် နေလေပြီ။ ဖြစ်ပေါ်လာတန်ရာ ကပ်ဘေးများအား ကြိုတင်ခန့်မှန်းနိုင်ခြင်းဌာမစွမ်းသာပါ။ ကပ်ဘေးများသည်လည်း လိပ်ပြာ အကျိုးသက်ရောက်မှုလို (butterfly effect) အဖြစ်အပျက်များမှာ ဆက်စပ်မှုမရှိစွာ ပေါ်ပေါက်လျက်ရှိနေသည်။ မြန်မာ စကားပုံတစ်ခုဖြစ်သော ညောင်ဦးကမ်းပါးပြိုတာ စမနဂိုရ်နွားမပေါင်ကျိုး သကဲ့သို့ ဖြစ်နေလေသည်။ သို့သော် ယင်းသို့ ကွင်းဆက်ပျောက်နေသည့် ဖြစ်စဉ်ကြီးကို ကြိုတင်ခန့်မှန်းနိုင်ရန် မဖြစ်နိုင် သော်ငြားလည်း သဘာဝကပ်ဘေး ဖြစ်လာ ခဲ့သော် ထိခိုက်မှုအနည်းဆုံးနှင့် တွက်ခြေအကိုက်ဆုံးဖြစ်အောင် မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို ကြိုတင်ပြင်ဆင်နိုင်ပါသည်။

ခရိုနီစီးပွားရေးနှင့် လောဘ

သဘာဝပတ်ဝန်းကျင်ပညာရှင်များရော၊ လှုပ်ရှားတက်ကြွသူများရော သဘာဝ ကပ်ဘေးဖြစ်ရသည်မှာ လူတို့၏ လောဘကြောင့်ဖြစ်သည်ဟု တညီတညွှတ်တည်း ကောက်ချက်ချကြသည်။ ယခုအချိန်အခါတွင် လူတို့၏ လောဘ အရှိန် သည် သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းစေသည့် အကြောင်းကိစ္စတွင်သာ ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်း ကို ကျော်၍ ဥရောပ ချေးငွေအကျပ်အတည်း (Debt Crisis) နှင့် အမေရိကန် ဝေါလ်လမ်းမပေါ်ထိပါ ရောက်လာလေပြီ။ ဤနေရာတွင် ပညာရှင်တော်တော်များများ၏ အရင်းရှင် စနစ်၏ တရားကိုယ်များကိုပင် တူးဆွဖော်ထုတ်စဉ်းစား လာကြ သည်။ အရင်းရှင်စနစ် ကိုယ်၌ကိုက မညီမျှမှုကို မွေးထုတ်ပေးနေသလားဟူ၍ပင်ဖြစ်သည်။ ယခု အနောက်နိုင်ငံများရှိ ပြည်သူများ၏ အထူးဝေဖန်နေသည့် အရာမှာလည်း အရင်းရှင်လူတန်းစား ထိပ်ပိုင်းအလွှာ၏ လုပ်ဆောင်ချက်များကိုပင် ဖြစ်သည်။ အစိုးရ၏ စည်းမျဉ်းစည်းကမ်းလျော့ရဲမှုများကြောင့် ယင်းတို့မှာ စီးပွားရေးအကျပ်အတည်းနှင့်ကြုံတွေ့သည့်အခါ ပို၍ ချမ်းသာလာကြလေသည်။ ထိုအတွက်ကြောင့် ဆန္ဒပြကြသူများမှာ ခရိုနီစီးပွားရေးစနစ်ကို ဖြစ်ပေါ်စေသည့် အမေရိကန်အစိုးရ၏ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုများကို ဝေဖန်ထောက်ပြ ပြောဆိုနေခြင်း ဖြစ်သည်။

သမ္မတကြီး၏ မိန့်ခွန်းထဲမှာ

ယခင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေးစနစ်မျိုးသာဖြစ် ဖြစ်ခဲ့ပါသည်။ သို့သော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူ၍ ပြောင်းလဲသွားပြီး နေက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စု လွှတ်တော်မိန့်ခွန်းထဲ၌ “ဈေးကွက်စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆအမျိုးမျိုး ရှိကြသလို  လုပ်နည်းလုပ်ဟန်တွေလည်း  ကွဲပြားခြားနား ကြပါတယ်။ အချို့နိုင်ငံတွေမှာ ဈေးကွက်ကို   လုံးဝလွှတ် ထားပေး တာမျိုးရှိသလို အချို့နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိ ၀င်ပြီး ထိန်းပေးနေရတာ မျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရက အတိုင်း အတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေး တဲ့  ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ်ဆိုတာလည်း ဈေးကွက်ရဲ့လွတ်လပ်မှုကို ထိန်းချုပ် လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်းတည့်မတ် ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်” ဟူ၍ ပြောကြား သွားခဲ့ပါသည်။ အထက်ပါ မိန့်ခွန်းကောက်နှုတ်ချက်မှာ ခရိုနီစီးပွားရေးစနစ် မဖြစ်ပေါ်အောင်၊ ယှဉ်ပြိုင်မှုကို အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သွားမည်ဟု ကတိပေးပြော ကြားလိုက်ခြင်းဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့်  မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုရော၊ စီးပွားရေးဖွံ့ဖြိုးမှု စိန်ခေါ်မှုကိုပါ ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတည်ဆောက်ရေးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကဏ္ဍကို အလေးထား ထည့်သွင်း စဉ်းစားသင့်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှုတစ်ခုတည်း ကိုသာ အာရုံစိုက်ထားပါက စီးပွားရေးတိုးတက်လာနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအခန်းကဏ္ဍ တို့ကို လျစ်လျူရှုထား သလိုဖြစ်နေသည်။ အကျိုးဆက်အနေနှင့်ကား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် လူမှုရေး မတည်ငြိမ်မှုတို့ ဖြစ်ပေါ်လာစေနိုင် ပါသည်။ တဖက်က စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ရှင်သန်မှုကို အလေးထားလုပ်ဆောင်ရင်း အခြားတဖက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းဆောင်ရွက်သွား နိုင်မှသာလျှင် ရေရည်ဖွံဖြိုးတိုး တက်မှုရှိသော နိုင်ငံတစ်ခုဖြစ်ထွန်း လာနိုင်ပါကြောင်း…….။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၈.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြို့ပတ်ရထားခ ပြင်ဆင်သတ်မှတ်
  2. ကားပောာင်းအစားထိုးယာဉ်များ အရောင်းအဝယ်စပြီ
  3. ဖိလစ်ပိုင်-မြန်မာ စီးပွားရေးပူးပေါင်းရန် အဖွဲ့ ဖွဲ့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပါတီ ပြန်လည်မှတ်ပုံတင်ရေး မတင်ရေး ပထမဆုံးအကြိမ်ဆွေးနွေး
  2. ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေ ၂၂ ဘီလီယံကျော်ရှိ
  3. ရှမ်းမြောက် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေး

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

မြို့ပတ်ရထားခ ပြင်ဆင်သတ်မှတ်

ရန်ကုန်မြို့တော် ဆင်ခြေဖုံးမြို့နယ်များနှင့် မြို့ပတ်ပြေးဆွဲနေသည့် လော်ကယ်ရထားလက်မှတ်ခကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ လူတစ်ဦးကို ၁၀ကျပ်မှ ၁၀၀ ကျပ်သို့ ပြင်ဆင်ရောင်းချမည်ဖြစ်ကြောင်း မြန်မာမီးရထားမှ သတင်း ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်သည့် ၁၀၀ကျပ်တန်လက်မှတ်တစ်စောင် ၀ယ်ယူပြီးလျှင် ခရီစဉ်၂ခု(အသွားအပြန်) စီးနိုင်သည်ဟု ဘုရားလမ်း ဘူတာမှ လက်မှတ်ရောင်း တစ်ဦးက ပြောကြားသည်။

လပေးအနေဖြင့် ခရီးသည်/၀န်ထမ်းကို ၁၇၀၀ ကျပ် ကျောင်းသားကျောင်းသူများဆိုလျှင် ၁၁၅၀ ကျပ် လပေးပြု လုပ်နိင်ပြီး တန်ဆာတစ်စောင် ၅၀ကျပ်ဖြစ်ည်မည် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မီရထားဝန်ကြီးဌာန ဦးအောင်မင်းက လက်ရှိ ခရီးသည်တစ်ဦး ၁၀ကျပ်နှုန်း ပြေးဆွဲနေခြင်းသည် အရူံးခံ ပြေးဆွဲနေခြင်း ဖြစ်သည်ဟု နေပြည်တော်တွင် ဇူလိုင်ကလ၂၆ရက်တွင်ပြုလုပ်သော မြို့ပတ်ရထား ပုဂ္ဂလိကလက်ထဲသို့ လွဲပြောင်းပေးမည့် စီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြို့ပတ်ရထား၏ လစဉ်ကုန်ကျစရိတ်ကျပ် ၂၆၁သန်း ကျော်ရှိပြီး လစဉ်ဝင်ငွေမှာ ၄၂သန်းကျော်သာ ရှိသည်ဟု မီးရထားက သတင်းထုတ်ပြန် ထားသည်။

နေစဉ်မြို့ပတ်ရထားနှင့် ခရီးသွားသူ တစ်သိန်းခန့်ရှိပြီး မနက်ည တွဲဆိုင်း ၂၂ဆိုင်းနှင့် ခေါက်ရေ ၂၀၀ ခန့်ပြေဆွဲပေးနေသည်။

သီရိမြိုင်ဘူတာမှ ဘုရားဘူတာအထိ နေစဉ်မြို့ပတ်ရထား အသွားအပြန် စီးနှင်းသူ ဗိုလ်ချုပ်အောင်းဆန်းဈေးတွင် အရောင်းစာရေး မစန္ဒာ ၂၄နှစ်က ၁၀၀ ကမဆိုးပါဘူး ရထားအချိန်မှန်ပြီး ဂျပိုးကောင် အကိုက်သက်သာအောင် ၀န်ဆောင်မှု ပေးရင် ကားမစီးပဲ ရထားပဲဆက်စီးဖြစ်မှာပါဟု ဆိုသည်။

“အခုနောက်ပိုင်း ရထားနောက်မကျပေမဲ့ ဂျပိုးကိုက်တာ ကြွက်တွေဖြတ်ပြေးတာ တော်တော်ဆိုးတယ်”ဟု မြို့ပတ်ရထား သုံးနှစ်ဆက်တိုက်စီးသူ မစန္ဒာက ဆိုသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ကားပောာင်းအစားထိုးယာဉ်များ အရောင်းအဝယ်စပြီ

မြန်မာနိုင်ငံရှိ ကားအိုကားပောာင်းများနှင့် ကားအသစ်များလဲလှယ်မှုအစီအစဉ်အရ ပြည်ပမှ တင်သွင်းလာသည့် လေလံကားအချို့ကို ပာံသာဝတီ ကားဝယ်ရောင်းဈေးကွက်၌ စတင်ရောင်းဝယ်မှုပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

၎င်း ကားအိုအစားထိုး ပြည်ပမှ တင်သွင်းလာသည့် လေလံကားများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) မှ လက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ၆ဂ နံပါတ်မှ စတင်၍ မှတ်ပုံတင်ခွင့်ပေးနေပြီဖြစ်ကြောင်း ရထားပို့ဆောင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသည့် လေလံကားအသစ်များမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သီးခြား နံပါတ်မပေးဘဲ ၆ဂ နံပါတ်မှ စတင်၍ ပေးသည့်အတွက် ကားဝယ်ရောင်း လုပ်သည့် နေရာများတွင် အဆင်ပြေကြောင်း သိရသည်။

ပာံသာဝတီ ကားဝယ်ရောင်းဈေးကွက်တွင် လက်ရှိရောက်ရှိနေသည့် မော်ဒယ်မြင့်ကားအမျိုးအစားသစ်များမှာ မတ်တူး ၉၉၊ Crown ၉၉၊ ဆယ်စီလာ၊ မတ်တူး ၉၉ ဗင် စသည့်ကားအမျိုးအစားများဖြစ်ပြီး ကားဝယ်ယူမည့်သူများအား နံပါတ်ပြားရသည်အထိ အခမဲ့ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ နောက်ဆုံးပတ်ထိတိုင် ကနညရုံး၌ မှတ်ပုံတင်ရန် အပ်နှံထားသည့် ယာဉ် ၁၁,၄၃၈ စီးရှိပြီး စီးပွားကူးသန်းဝန်ကြီးဌာနမှ ကားပါမစ် ထုတ်ပေးလိုက်သည့် ကားအစီးရေ ၄၉၃၇ စီးရှိကြောင်း သိရသည်။

ကညနရုံးမှ ယခုဝင်ရောက်လာသည့်ကားများကို မှတ်ပုံတင်ပေးရာတွင် လူစီးယာဉ်၊ ဘတ်စ်ကား၊ ကုန်ကားပာူ၍ အမျိုးအစား ခွဲခြား သတ်မှတ်ပေးမည် မပာုတ်ဘဲ အစားထိုးတင်သွင်းလာမည့် ကားအားလုံးကို ၆ဂ နံပါတ်မှ စတင်၍ တစ်ပြေး ညီမှတ်ပုံတင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဖိလစ်ပိုင်-မြန်မာ စီးပွားရေးပူးပေါင်းရန် အဖွဲ့ ဖွဲ့မည်

အစိုးရသစ်လက်ထက်မှ စတင်၍ ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကူညီပူးပေါင်းနိုင်ရန်  ဖိလစ်ပိုင်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Philippine-Myanmar Economic Association) ကိုဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့ထိ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ-ဂျပန် ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ဂျပန်စီးပွားရေး လုပ်ငန်းများဆိုင်ရာ ဖိလစ်ပိုင်အရင်းအမြစ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာဂျေဂျေ ဆင်မြူရယ် အေဆိုရီယာ ကပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကောင်းများရှိနေသည့်အပြင် မြန်မာ၏ စီးပွားရေး လုပ်ငန်းများတွင် ဖိလစ်ပိုင်နိုင်ငံမှ ကူညီနိုင်ရန် ယခုကဲ့သို့ အဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် နိုင်ငံပေါင်း ၃၁ နိုင်ငံ ရှိသည့်အနက် ဖိလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍနှစ်ခု၌ ကန်ဒေါ်လာ ၁၄၆ ဒဿမ ၆၆၇ သန်း ရင်းနှီးမြှုပ်နှံ ထားပြီး အမှတ်စဉ်(၁၄) တွင် ရပ်တည်လျက်ရှိကြောင်း အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

မြန်မာ-ဖိလစ်ပိုင် ကုန်သွယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ပို့ကုန်တင်ပို့မှုများ နည်းပါးလျက်ရှိပြီး ဖိလစ်ပိုင် ဘက်ခြမ်းမှ ပို့ကုန်တင်ပို့မှုမှာ များပြားလက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ဖိလစ်ပိုင်နိုင်ငံမှ ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၂၀ ဒဿမ ၄၅ သန်းဖိုးရှိကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ်

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပါတီ ပြန်လည်မှတ်ပုံတင်ရေး မတင်ရေး ပထမဆုံးအကြိမ်ဆွေးနွေး

NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနှင့်ပတ်သက်၍ ယနေ့(8-11-2011) နံနက် ၁၀ နာရီတွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် ပါတီမှ အကြီးအကဲများ၊ ဗဟိုအဖွဲ့ဝင်များနှင့် အကြိုဆွေးနွေးမှုတစ်ရပ် ပြုလုပ် သွားခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲအပြီးတွင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဆွေးနွေးမှုနှင့် ပတ်သက်၍ ပြောကြား ချက်အရ “ကျွန်တော်အခုလုပ်သွားတဲ့ ဆွေးနွေးမှုက အကြိုဆွေးနွေးမှုသဘောမျိုး လုပ်တာပါ။ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ကိစ္စက နိုင်ငံအရေးဖြစ်လို့ ကျွန်တော်တို့က တစ်သွေးတသံ တစ်မိန့်နဲ့ အလုပ်လုပ်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်ဆောင်မှာပါ။ ဒီကိစ္စကို ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗဟိုအဖွဲ့ဝင်တွေကို ခေါ်ပြီး အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးဆုံးဖြတ်မှာပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပဲ ဗဟိုအဖွဲ့ဝင်တွေအားလုံးရဲ့ ဆန္ဒနဲ့ပဲ ရွေးကောက်ပွဲ မဝင်ခဲ့တာပါ။ တစ်နိုင်ငံလုံးမှာ ဗဟိုအဖွဲ့ဝင်ပေါင်း ၁၂၀ လောက်ရှိပါတယ်။ သူတို့အားလုံးကို ခေါ်ပြီး ဗဟိုအစည်းအဝေးတစ်ရပ်ကို လာမယ့် ၁၈-၁၁-၂၀၁၁ ရက်နေ့မှာပြုလုပ်ပြီး ကျွန်တော်တို့ပါတီမှတ်ပုံတင်ပြီး ရွေးကောက် ပွဲဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်ချက်ချမှာပါ”ဟု ပြောကြားခဲ့သည်။

NLD ပါတီသည် လောလောဆယ်တွင် နိုင်ငံတော်အစိုးရရဲ့ ပါတီမှတ်ပုံတင်ခွင့်ဥပဒေကိုပြင်ဆင်ချက် ထွက်ပေါ်လာပြီးနောက် ပါတီမှတ်ပုံ တင်ရေး၊ မတင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်ပြီး ပါတီတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေများ နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေ ၂၂ ဘီလီယံကျော်ရှိ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်လိုငွေပြမှုမှာ ၂၂ ဘီလီယံကျော်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၁-၂၀၁၂ ပြုပြင်သည့်  ခန့်မှန်းငွေစာရင်းနှင့် ၂၀၁၂-၂၀၁၃ ရသုံးမှန်းခြေ ငွေစာရင်းကို ဒုတိယပုံမှန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်ငွေစာရင်းရှင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တင်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂါတ်ကာလတွင် စီးပွားရေးရည်မှန်းချက်ပြည့်မီရန် အားနည်းနေဆဲဖြစ်သည့် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍများကို တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာစတာပလန်ကို ရေးဆွဲပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှုမှာ များပြားနေသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဌာနအားလုံးကို အခွန်အကောက်များရရှိစေရေးနှင့် အသုံးစရိတ်များ အလေအလွင့်မရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း ယခင်လျာထားချက်ထက် ပြုပြင်ပြီး ခန့်မှန်းခြေမှာ ငါးဘီလျံကျော် ပိုမိုရှာဖွေပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ၎င်းမိန့်ခွန်း တွင် ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင်း၌ ပျက်စီးနေသည့်လမ်းများ ပြုပြင်ခြင်း၊ သန့်ရှင်းရေးအတွက် အမှိုက်ကား ဝယ်ယူခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့တွင်းသို့ ရောက်ရှိနေသည့် ငွေများကိုလည်း ပြန်လည်တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာန ကိုးခုဖြင့် ဖွဲ့စည်းထားပြီး ဌာနပေါင်း ၂၅ ခုအား စီမံဆောင်ရွက် လျက်ရှိရာတွင် ဘဏ္ဍာငွေ ရှာဖွေပေးရာတွင် ဌာနငါးခုကသာ ပိုငွေရပြီး ကျန်ဌာန ၂၀ မှာ ဘတ်ဂျက်လိုငွေပြလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရှမ်းမြောက် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေး

မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်တပ်မတော်(မြောက်ပိုင်း) မှ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် နေပြည်တော်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့နှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် မကြာသေးမီမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ဆေထင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမှာ တပ်မတော်နှင့် ရှမ်းမြောက်တပ်မတော်တို့၏ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အလွတ်သဘော ဆွေးနွေးခြင်းမျိုးသာ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အနာဂါတ်တွင် မည်သို့ ရှေ့ဆက်လုပ်ဆောင်မည် ဆိုသည်ကို ညှိနှိုင်းခဲ့ကြောင်း ဆွေးနွေးပွဲ၌ ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

ရှမ်းမြောက်တပ်မတော်သည် ယခုကဲ့သို့ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တပ်မှူးများ ညီလာခံခေါ်ယူ ကျင်းပရာ၌ တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ညီမလာခံခေါ်ယူရန်မှာ အခက်အခဲ ဖြစ်လျက် ရှိကြောင်း သိရသည်။

အစိုးရမှ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် လက်ကမ်းကြိုနေသည့်သဘောအား လက်နက်ကိုင်တပ်ဖွဲ့များမှ လက်နက် ချရမည်ပာု အဓိပ္ပါယ်ကောက်ယူမှားနေသည့်အတွက် ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အချိန်ယူရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်ပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် ပဏာမသဘောတူညီချက်ကို ပြည်နယ်အဆင့်၌ ရယူရမည် ဖြစ်ပြီး သဘောတူညီချက်ရပြီးပါက နိုင်ငံတော်သမ္မတအား တင်ပြ၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ် ချက်ကို ပြီးခဲ့သည့် သြဂုတ်လက ထုတ်ပြန်ခဲ့ပြီး ယခုချိန်ထိတိုင် အထူးဒေသ(၄)အဖွဲ့၊ ‘ဝ’ အထူးဒေသ(၂) အဖွဲ့တို့နှင့်သာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တွင်တပ်မပာာ(၇)၊ တပ်မပာာ(၃)နှင့် တပ်မပာာ (၁) ပာူ၍ သုံးဖွဲ့ရှိရာတွင် ဦးပန်ဖဦးဆောင်သည့် တပ်မပာာ(၁) ကသာ တပ်မတော်နှင့် တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။

Ref:ရန်ကုန်တိုင်းမ်

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

Voice: ဒါကအစိုးရဘက်က လုပ်ပေးရမယ့်ကိစ္စပေါ့နော်။ အစိုးရဘက်ကလည်း ဒီဘက်က အင်အားစုတွေပေါ့နော်။ အစိုးရဘက်ကလည်း ဒီဘက်က အင်အားစုတွေ အပေါ်မှာမယုံကြည်နိုင်တာတွေ ရှိနိုင်ပါသလား။ ဒီဘက်က အင်အားစုတွေအနေနဲ့လည်း အစိုးရ ယုံကြည်လာအောင် ဘယ်လို မျိုးဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ။

UHNW: အစိုးရဘက်ကစိုးရိမ်စိတ်များနေတယ်။ ဒီပုဂ္ဂိုလ်တွေ ပြဿနာပေးနိုင်တယ်လို့ ယူဆမိတာတွေ ရှိနိုင်ပါတယ်။ တကယ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီဘက်ကအင်အားစုတွေ ယုံကြည်အောင် အကန့်အသတ် မရှိကြေညာပေးဖို့ လာချင်တဲ့သူလာကြည့်ပါလို့ ပွင့်ပွင့်လင်းလင်း လုပ်ထားရင် ယုံကြည်မှုများလာနိုင်ပါတယ်။ အဲဒီလိုမျိုးမလုပ်ထားဘဲနဲ့ လိုချင်တဲ့သူ၊ သူတို့လိုလားတဲ့ ပုဂ္ဂိုလ်တွေအတွက်ပဲ အခွင့်အရေးပေးမယ်ဆိုရင်တော့ ယုံကြည်မှု သိပ်ရှိကြမှာမဟုတ်ပါဘူး။

နိုဝင်ဘာ ၇ ထုတ် The Voice အတွဲ (၇) အမှတ် (၄၇) တွင်ပါသည့် “ဦးဟန်ညောင်ဝေနှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ် ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အာဆီယံဒေသတွင်းနိုင်ငံတွေမှာကမ္ဘောဒီးယားစတဲ့ အခြားနိုင်ငံတွေကရတဲ့ UN စတဲ့အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တို့၊ နောက် စကောလားရှစ်ပေးတာတို့က ကျွန်တော်တို့ထက် အများကြီးသာနေတယ်။ ဒီဘက် အစိုးရသစ်လက်ထက်မှာရော ဘယ်လို အလားအလာ ရှိမယ်လို့ ဆရာယူဆပါသလဲ။

ဖြေ- ကိန်းကဏန်းအရ နိုင်ငံတစ်နိုင်ငံအတွက် အထောက်အပံ့ကို (အမှန်ကတော့ သုံးပိုင်းရှိတာ) ဒါပေမယ့် နှစ်ပိုင်းခွဲပြီး စဉ်းစားကြည့်မယ်။ တစ်ပိုင်းကတော့ ODA လို့ခေါ်တဲ့ Official Development Assistance ပေါ့။ ဒါကတရားဝင် ထောက်ပံ့တဲ့ အကူအညီ။ ဒါကချမ်းသာတဲ့ နိုင်ငံ ၂၃ နိုင်ငံကအဆင်းရဲဆုံး နိုင်ငံတွေကို ODA  ပေးလေ့ရှိတယ်။ ပေးတဲ့အခါ အာဆီယံ နိုင်ငံတွေမှာ ဆရာတို့က အနည်းဆုံးပဲ။ အာဆီယံတင်မကဘူး။ အဆင်းရဲဆုံးနိုင်ငံ ၅၀ ထဲမှာ ဆရာတို့က အနည်းဆုံးရတာ။ လူတစ်ဦးကိုငါးဒေါ်လာကနေ ရှစ်ဒေါ်လာအထိပဲရတယ်။ လာအိုနိုင်ငံမှာဒေါ်လာ ၆၀ လောက်ရတယ်။ အဲဒီလိုဆိုတော့ အရေအတွက်က မနှိုင်းယှဉ်သာဘူး။ ဘာကြောင့် ဆရာတို့နည်းလဲဆိုတော့ အကြောင်းအမျိုးမျိုးရှိတယ်။ နိုင်ငံရေးကြောင့်စတာတွေပေါ့။ နောက်ပြီး နှစ်နိုင်ငံပြည်ပ တိုက်ရိုက်ရင်းနှီးမြုပ်နှံ (Foreign Direct Invesment-FDI) ပေါ့။ FDI မှာ အာဆီယံနိုင်ငံတွေ နဲ့ ယှဉ်လိုက်ရင် ဗီယမ်နမ်ဆိုရင်ရောတို့ထက် အများကြီး ကျော်တက်သွားပြီ။ အနိမ့်ဆုံး ကမ္ဘောဒီယားတို့ ဘာတို့ကို ကြည့်ရင်လည်းပြောစရာရှိတာပဲ။ အဲဒီမှာ ODA ကလာတဲ့အကူအညီ၊ FDI နဲ့ UN တို့လို donor တွေက ကူညီပံ့ပိုးမှု ဆိုပြီးဇစ်မြစ်သုံးခုရှိလာတယ်။ ဆရာတို့ရဲ့ တစ်ချိန်က ရပ်တည်ချက်က မင်းတို့ဘာမှမကူလည်းကိစ္စ မရှိဘူး။ ဒို့ဟာဒို့ ရပ်တည်နိုင်တယ်။ မင်းတို့ပေးချင်ပေး၊ မပေးချင်နေဆိုတဲ့ အယူအဆပေါ့။ ဒါဟာအမျိုးသားမာန ဖြစ်တာကြောင့် အပြစ်မဆိုသာပါဘူး။ မြန်မာလူမျိုးမှာ ထူးခြားတာက မာနကြီးတဲ့ အားနည်းချက်ရှိတယ်။ ဒါဟာ ကိုယ့်အတွက် ကောင်းတာလည်း ရှိသလို အားနည်းသွားတာလည်း ရှိတယ်။

နိုဝင်ဘာ ၉ ထုတ် The Myanmar Post အတွဲ (၃) အမှတ် (၄၃) တွင်ပါသည့် “ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံမေးမြန်းခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံတော်ရဲ့ စီးပွားရေးကို ကာလလေးတစ်ခုအထိ၊ အကြောင်းအရာလေးတစ်ခု၊ Issue လေးတစ်ခုနဲ့ ထမ်းတင်လိုက်တဲ့ သဘောပါ၊ ဒါကထာဝရ ထမ်းတင်တာမဟုတ်ပါဘူး။ ဒါပေမယ့် တောက်လျှောက် ကျနေတဲ့ဟာကို ချက်ချင်း လှေအပေါက်ကို လက်နဲ့ ပိတ်ထားလိုက်တဲ့သဘောပါပဲ။ ဒါပါပဲ။ နောက်ထပ် ကျမသွားအောင် ဆွဲတင် လိုက်တာပါ။ စီးပွားရေးအမြင်အရ ပြောရရင်တော့ ဒီလိုလုပ်တာမှန်တယ်လို့ ပြောလို့မရပါဘူး”

နိုဝင်ဘာ ၇ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၅) တွင်ပါသည့် “လတ်တလော၌ ဒေါ်လာဈေးကျဆင်းသွားစေရန် Issue တစ်ခုဖြင့် ထမ်းတင်ထားသည့် အခြေအနေတွင်သာတည်ရှိနေသေးကြောင်း MIC ဥက္ကဋ္ဌပြော” သတင်းမှ အမှတ် (၁)နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs