Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..


   သတင်းလွှာအမှတ် ၃
ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။
ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခြင်းထက် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ခြင်းက ပိုသင့်လျော်ကြောင်း နိုင်ငံရေးသမားအချို့သုံးသပ်

၂။ ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေ ၂၂ ဘီလီယံကျော်ရှိ

 ၃။ ခေါင်းဆောင်မလာ၍ ရခိုင် ဆန္ဒပြပွဲပျက်

၎။ ရေမရသဖြင့် ရေမီတာဆောင်နိုင်မည်မဟုတ်ကြောင်း သင်္ကန်းကျွန်းပြည်သူများ ပြောကြား

၅။ မြို့ပတ်ရထားခ ပြင်ဆင်သတ်မှတ်

၆။ စာပေစိစစ်ရေးမှ နေပြည်တော်တိုင်းမ် အမည်ဖြင့် ဂျာနယ်ထုတ်ဝေမည်

၇။ မောင်စူးစမ်းနှင့် ကျော်ဝင်း စာမူများ ပြည်သူ့ခေတ်တွင် မဖော်ပြရန် မူချမှတ်

၈။ ဘုရားရွှေပျောက်၍ ဆိုင်ခန်းခဈေးတက်ဟုဆို စတဲ့သတင်းတွေအပြင် ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများ ကဏ္ဍကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။


လေးစားလျှက်
သတင်းလွှာ အဖွဲ့

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာများ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ ( အပိုင်း - ၂)

  1. အိန္ဒိယ၏ Kudankulan နျူကလီးယားစက်ရုံ ပြီးစီးရန်နှောင့်နှေး

(10 Nov 2011 ရက်စွဲပါ BBC News မှ Commissioning of India Kudankulan nuclear plant delayed ကို ဘာသာပြန်သည်)

  1. မြန်မာအစိုးရ တစ်ချိုးထဲ ပြောင်းလဲ                            

(The Diplomat မှ 11 Nov 2011 ရက်စွဲပါ Burma government turns one သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

**************************************************************************

ဘာသာပြန်သတင်းများ

အိန္ဒိယ၏ Kudankulan နျူကလီးယားစက်ရုံ ပြီးစီးရန်နှောင့်နှေး

(10 Nov 2011 ရက်စွဲပါ BBC News မှ Commissioning of India Kudankulan nuclear plant delayed ကို ဘာသာပြန်သည်)

အိန္ဒိယ၏ Tamil Nadu ပြည်နယ်ရှိ အငြင်ပွားဖွယ် နျူကလီးယား စက်ရုံမှ လုပ်ဆောင်ရန်ရှိသည်များ လအနည်းငယ်ခန့် နှောင့်နှေးလျက် ရှိကြောင်း တာဝန်ရှိသူများက BBC သို့ပြောကြားခဲ့သည်။

Kudankulam စက်ရုံအကြီးအကဲ  Balaji က ပြောကြားရာတွင် ထိုသို့ နှောင့်နှေးရခြင်းမှာ လုပ်ငန်းခွင်နေရာတွင် လူထုဆန္ဒပြမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်ရကြောင်း ပြောခဲ့သည်။

အောက်တိုဘာလ (၁၃) ရက်နေ့ကတည်းက ဆန္ဒပြသူများက ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဆန္ဒပြသူများက ပြောကြားရာတွင် အဆောက်အဦးသည် လုံခြုံမှုမရှိကြောင်း၊ ငလျင်ဧရိယာတွင် ကျရောက်နေကြောင်း ပြောသည်။

၎င်းတို့သည် ဂျပန်နိုင်ငံ၏ ဖူကူရှီးမား စက်ရုံကဲ့သို့ ဖြစ်မည်ကို ကြောက်ရွံ့နေကြပါသည်။ သို့သော် တာဝန်ရှိ ပုဂ္ဂိုလ်များကမူ ထိုဒေသသည် ဆိုက်စမစ်လှုပ်ရှားမှု နိမ့်သောဒေသဖြစ်ကြောင်း ပြောကြသည်။

အဆိုပါ စက်ရုံသည် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိပြီး ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်းမှာ ဆယ်စုနှစ် နှစ်ခုခန့် ရှိပြီဖြစ်ပြီး ရုရှားအကူအညီဖြင့် နျူကလီးယားစက်ရုံ(reactors) နှစ်ခုတပ်ဆင်ထားပါသည်။

“နှောင့်နှေးမှုတွေ ဖြစ်နေတာတော့ အသေအချာပါပဲ” ပာု Balaji က BBC သို့ ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့ သြဂုတ်လက အရေးပေါ် စမ်းသပ်လည်ပတ်မှုတွေ ပြီးဆုံးခဲ့ပါတယ်။ စစ်ဆေးရေးလုပ်ငန်းများ အပြီးသတ်ရန် ကြိုးစားနေချိန်မှာ၊ လူထုရဲ့ဒေါသ ဖြစ်မှုပာာ ကျွန်တော်တို့လုပ်ငန်းကို အနှောင့်ယှက်ဖြစ်စေပါတယ်။” ပာု ၎င်းကပြောပါသည်။

စက်ရုံ၏ ပထမအပိုင်းကို အပြီးသတ်ရန်ကိစ္စတွင် သုံးလေးလခန့် နှောင့်နှေးမှုရှိနေကြောင်း ထို့ကြောင့် ဒုတိယအပိုင်းသည်လည်း သတ်မှတ် ရက်ထက် နောက်ကျတော့မည်ဖြစ်ကြောင်း ၎င်းကပင်ပြောပါသည်။

လူထု၏ ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် စက်ရုံမှ ရုရှားပညာရှင်များ အိမ်ပြန်ရန် ပြင်ဆင်နေကြောင်း မီဒီယာများ၏ သတင်း ဖော်ပြချက်များကို Balaji က ပြင်းထန်စွာ ငြင်းဆိုခဲ့ပါသည်။

Balaji က လုံခြုံမှုရှိကြောင်း၊ ဓာတ်ရောင်ခြည်ယိုစိမ့်မှု လည်းမရှိကြောင်း သို့သော် နျူကလီးယား စွန့်ပစ်ပစ္စည်း များကို မည်သည့်နေရာတွင် သိုလှောင်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၎င်းကဆိုပါသည်။ အစိုးရကမူ Kudankulam တွင် မည်သည့် စွန်ပစ်ပစ္စညှ်းမျှ ထားရှိမည်မပာုတ်ကြောင်း ပြောကြားခဲ့ပါသည်။

တနလာင်္နေ့က အိန္ဒိယသမ္မတလောင်း သိပ္ပံပညာရှင် APJ Abdul Kalam က အဆိုပါ စက်ရုံသို့ သွားရောက် လည်ပတ်စဉ်တွင် လုံခြုံမှု အပြည့်ရှိကြောင်း ပြောကြားခဲ့ပါသည်။

စက်ရုံတွင် အသေအချာစီမံထားသော လုံခြုံရေးအတွက် စိတ်ချရသော ကိရိယာများ တပ်ဆင်ထားခြင်းကြောင့် ကြောက်ရွှံ့ရန်မလိုကြောင်း Mr.Kalam က ပြောကြားခဲ့ပါသည်။

၎င်းသည် ကြားဝင် ညှိနှိုင်းပေးသူသော်လည်းကောင်း၊ အစိုးရ ကိုယ်စားလှယ်သော်လည်းကောင်း မပာုတ်ကြောင်း၊ ပညာရှင် တစ်ယောက်သာ ဖြစ်ကြောင်း Mr.Kalam က ပြောကြားခဲ့ပါသည်။

“နျူကလီးယားစွမ်းအင်သည် နေရောင်ခြည်စွမ်းအင်၊ နေစွမ်းအင် တို့ကဲ့သို့ပင် သန့်ရှင်းပြီး၊ ပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်မှုရှိသည့် စွမ်းအင် ဖြစ်ပါတယ်။ လျင်မြန်စွာတိုးတက်နေသော တိုင်းပြည်အတွက် အလွန် လိုအပ်နေပါတယ်” ပာု ၎င်းကပြောပါသည်။

သို့သော် ဆန္ဒပြသူများက Mr.Kalam ၏ စက်ရုံကို ထောက်ခံမှုအား စိတ်ပျက်ရကြောင်း ပြောကြားခဲ့ကြပါသည်။

*************************************************************************************

မြန်မာအစိုးရ တစ်ချိုးထဲ ပြောင်းလဲ

(The Diplomat မှ 11 Nov 2011 ရက်စွဲပါ Burma government turns one သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာတပ်မတော်အစိုးရသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအရပ်ဖက်အစိုးရကို အာဏာရရှိစေသည့် ရွေးကောက်ပွဲ များကို လွန်ခဲ့သော ၁၂ လခန့်က ကျင်းပပေးခဲ့သည်။ ၎င်းရွေးကောက်ပွဲသည် အတုအယောင် ဟု ဝိုင်းဝန်းသတ်မှတ်ခံရသည့်အပြင် ယခုတိုင်များစွာ ရှုတ်ချခြင်း ခံနေရဆဲဖြစ်သော်လည်း ထိုကဲ့သို့သော အစိုးရအပြောင်းအလဲကပင် နိုင်ငံတကာက ကြိုဆိုသော လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို တွန်းတင်ပေးလိုက်ပြီ ဖြစ်သည်။

သမ္မတသစ်ဦးသိန်းစိန်သည် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်ကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သင့်မြတ်ရန် ကြိုးစားလာခြင်း၊ မြန်မာပြည်သူ တစ်ရပ်လုံး ကန့်ကွက်သော မြစ်ဆုံရေလှောင်တမံ စီမံကိန်းအား တရုတ်ကို အာခံဖျက်သိမ်းပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးသည့်အပြင် မီဒီယာဆင်ဆာစည်းကမ်းများကိုလည်း လျှော့ပေါ့ပေးခဲ့သည်။ ဤအချက်များ ကို အားတက်စရာ လက္ခဏာများအဖြစ် အများစုက ရှုမြင်လျက်ရှိကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရန်ကုန်နယ်နမိတ်ကိုကျော်ကာ ခရီးသွား၍ သူမ၏ပရိသတ်များကို တွေ့ဆုံ နိုင်ခဲ့သည်။ ဒါရိုက်တာ Lue Besson ရိုက်ကူး၍ Mitchelle Yeoh ပါဝင်သရုပ်ဆောင်ထားသော သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင် The Lady ကိုလည်း ကမ္ဘာတစ်ဝှမ်း ရုံတင်ပြသ တော့မည်။ ထိုအတောအတွင်း ဦးသိန်းစိန်အစိုးရက သူမ၏ NLD ပါတီ တရားဝင်ပြန်လည် မှတ်ပုံတင်နိုင်ရန် တံခါးဖွင့်ပေးလိုက်ပြီဖြစ်သည်။

ဤကိစ္စသည် မကြုံစဖူးကမ်းလှမ်းမှုတစ်ခုဖြစ်၍ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြီးပါက လာမည့် ရွေးကောက်ပွဲ များတွင် NLD ပါတီ ဝင်ပြိုင်နိုင်ကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။ ၁၅ နှစ်ခန့်နေအိမ်တွင် အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း “သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲလိုစိတ်သည် စစ်မှန်၍ ရိုးသားကြောင်း” သူမ ယုံကြည်သည်ဟုပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကို အစဉ်တစိုက်ဝေဖန်ခဲ့ကြသည့် အနောက်နိုင်ငံများကလည်း အတော်အတန်အသိအမှတ် ပြုလာ ကြသည်။ လတ်တလော Sanctions များကို ဆက်၍ထားဦးမည်ဖြစ်သော်လည်း မြန်မာအစိုးရကသာ လူ့အခွင့်အရေး ညှဉ်းပန်းမှုများရပ်ဆိုင်းကာ စစ်မှန်စွာ ပြောင်းလဲမည် ဆိုပါက တရားသဖြင့် မျှတစွာတုန့်ပြန်မည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားထားသည်။

မြန်မာအစိုးရနှင့် တပ်မတော်က အနောက်နိုင်ငံ Sanctions များ ရုတ်သိမ်းသွားမှုကို လိုလားနေသည့် အပြင် ၂၀၁၄ တွင် ဂုဏ်သတင်းမွှေး အာဆီယံဥက္ကဋ္ဌ တာဝန်ကိုယူရန် နေပြည်တော်က ပြင်ဆင်နေခြင်းကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အုပ်စုများက မြန်မာနိုင်ငံကို ပို၍ ဂရုတစိုက် သတိပြုလာကြသည်။

သို့သော် အပြောင်းအလဲများသည် အားကောင်းမောင်းသန်ဖြစ်ရန် အလှမ်းဝေးနေဆဲဖြစ်နေသည်။ ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာခြင်းမရှိသေးပေ။ နိုင်ငံရေးအကျဉ်းသား ၁၉၀၀ ခန့်မှာ အကျဉ်းထောင် သံတိုင်များနောက်တွင် ကျန်ရှိနေဆဲဖြစ်သည်။ မျှတမှုကို ပေါ်လွင် စေရန် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုအပါအဝင် များစွာပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ဖော်ပြောဆိုထားသည်။

၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အား ပေးအပ်ထားပြီးမှ ကျန်နေရာများအတွက် မနစ်က နိုဝင်ဘာတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ရာ တပ်မတော်အစိုးရက တည်ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၈၀ ရာခိုင်နှုန်း အနိုင်ရရှိ သွားခဲ့သည်။

ထိုကဲ့သို့ အရပ်ဖက်လူမှုစနစ်အတွင်း စစ်တပ် ပါဝင်စွက်ဖက်ခဲ့ခြင်း၏ တိုက်ရိုက်ရလဒ်အဖြစ် တစ်ချိန်က အညွှန့်လူခဲ့ဘူးသော မြန်မာ့ စီးပွားရေးမှာ ဒေသတွင်း အောက်ဆုံးသို့ ကျဆင်းမွဲတေသွားခဲ့လေသည်။ နိုင်ငံ၏ တိုင်းရင်းသားအုပ်စုများအကြားမှ ပဋိပက္ခသည်လည်း ယခင်အတိုင်း သွေးစွန်းမြဲဖြစ်သည့်အပြင် မြန်မာ့တပ်မ တော်၏ ခြိမ်းခြောက်အနိုင်ကျင့်နှိပ်စက်မှု သတင်းများမှာလည်း အရင်းအတိုင်းထွက်ပေါ်နေမြဲပင်ဖြစ်သည်။

မြန်မာနိုင်ငံအကြောင်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ခုသည်လည်း မြန်မာအစိုးရ၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ရန် အဆင်သင့် ဖြစ်နေပါသည်။ Bringing Justice to Women ဟု အမည်ပေးထားသော မှတ်တမ်းရုပ်ရှင်ကားသည် မြန်မာပြည်တွင်းစစ်နယ်မြေတွင် အမျိုးသမီးများအား လိင်အကြမ်းဖက်ကျူးလွန်မှုကို စစ်ပွဲ၏ လက်နက်တစ်ခုအဖြစ် စနစ်တကျအသုံးပြုနေပုံကို ကချင်ပြည်နယ်၌ မေးမြန်းထားသည့် အင်တာဗျူး များစွာကို ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းမှတ်တမ်း ရုပ်ရှင်နှင့်အတူ Luc Besson ၏ The Lady ဇာတ်ကားတို့သည် မြန်မာအစိုးရဆင်ဆာကို ကျော်၍ မြန်မာနိုင်ငံအတွင်း ရုံတင်ပြရန် ဖြစ်နိုင်ချေမရှိသေးပါ။

ရွေးကောက်ပွဲများအပြီး တစ်နှစ်ခန့်အလွန် နေပြည်တော်မှ အသွင်သစ်၊ ဟန်ပန်သစ်ကို ကြိုဆိုရမည် ဖြစ်သော်လည်း နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက် မွေးထုတ်ပေးခဲ့သော၊ ဘာတွေ တကယ်ပြောင်းသွားသလဲဟု မေးနေကြဆဲဖြစ်သော ဝေဖန်ဆန်းစစ်သူများစွာကို အနိုင်ယူနိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် သမ္မတဦးသိန်းစိန်အစိုးရတို့အနေဖြင့် များစွာအချိန်ယူလုပ်ဆောင်ရဦးမည်ဖြစ်ပေသည်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ ( အပိုင်း - ၁)

  1. အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် မြန်မာ့ကြိုးပမ်းချက် အဖွဲ့ဝင်များ တစ်ခဲနက်ထောက်ခံဟု ဆို

(Channel News Asiaမှ၊ 8 Nov 2011 ရက်စွဲပါ Myanmar has support for ASEAN summit bid, says Indonesia ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ မိတ်ဖက်ဖြစ်ရန် အမေရိကန်အသင့်ရှိနေဟု ဟီလာရီကလင်တန်ပြောကြား

(AFP သတင်းဌာနမှ၊ 11 Nov 2011 ရက်စွဲပါ US ready to be Myanmar's partner: Clinton ကို ဘာသာပြန်ဆိုသည်)

  1. အသက်မပြည့်သော မြန်မာကလေးလုပ်သားများ တရုတ်နိုင်ငံ တစ်နေရာမှ လွတ်မြောက်လာ

(Shanghai Daily မှ 10 Nov 2011 ရက်စွဲပါ “Child labours from Myanmar rescued from slavery” သတင်းကို ဘာသာပြန်ဆိုသည်)

**************************************************************************

ဘာသာပြန်သတင်းများ

အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် မြန်မာ့ကြိုးပမ်းချက် အဖွဲ့ဝင်များ တစ်ခဲနက်ထောက်ခံဟု ဆို

(Channel News Asiaမှ၊ 8 Nov 2011 ရက်စွဲပါ Myanmar has support for ASEAN summit bid, says Indonesia ကိုဘာသာပြန်ဆိုသည်)

လာမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်ကို အာဆီယံ ခေါင်းဆောင်များက တစ်ခဲနက်ထောက်ခံမှုပြုသည်ဟု ထုတ်ဖော်ပြောဆိုကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အတည်ပြု ပြောကြားသည်။

“မေလမှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဇူလိုင်မှာကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေက သောင်းသောင်းဖျဖျ  ထောက်ခံခဲ့ကြတဲ့ သဘောမျိုးကို ကျွန်တော်တွေ့ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က သတင်းထောက်များကို ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် ထွက်ပေါ်လာသော ကြေညာချက်က အာဆီယံအဖွဲ့ဝင်များအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အဆိုပြုချက်အပေါ် အပြုသဘောဆောင်စွာ စဉ်းစားပေးရန် တိုက်တွန်းထားကြောင်း၎င်းက ဆိုသည်။

ယခုအခါ ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံက အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ၏ ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် အလှည့်ကျ ဥက္ကဋ္ဌရာထူး ရယူရန် အဆိုပြုထားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် အပါအဝင် သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် မိမိအနေဖြင့် များစွာအားတက်မိကြောင်း ၎င်းကဆိုသည်။

 “တကယ်လို့ လာမယ့် ရက်သတ္တပတ်အတွင်းကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဥက္ကဋ္ဌရာထူးအတွက် ထောက်ပံ့ ပေးမှာလားလို့ ခင်ဗျားတို့မေးမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ Yes(or)No အဖြေတစ်ခုမှ ပေးနိုင်မယ်လို့ မထင်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

 “တကယ်လို့ ခင်ဗျားတို့က ဒီနိုဝင်ဘာလမှာ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ပြီးခဲ့တဲ့ မေလနဲ့ ဇူလိုင်လတို့နဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုသဘောရလဲလို့မေးမယ်ဆိုရင်တော့ မြန်မာနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့အမြင်တွေ၊ ခံစားချက်တွေ ပိုဖြစ်လာတယ်လို့ဖြေရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးမှုတွေကို ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ပါပဲ” ဟု လက်ရှိ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူထားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa က ပြောကြားသည်။

လတ်တလောကာလများတွင် မြန်မာပြည်တွင်း နိုင်ငံရေးပြောင်းလဲမှုနှင့်ပတ်သက်၍ မျှော်လင့်ချက်များ ထွက်ပေါ်လျက်ရှိသည်။ မြန်မာ အစိုးရသစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအင်အားစုများနှင့် လက်တွဲရန် ကမ်းလှမ်းမှုများပြုလုပ်ခြင်း၊ တရုတ် ကျောထောက်နောက်ခံ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဟု ကြေညာခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့သောကြောင့် မျှော်လင့်ချက်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြန်မာသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကြောင့် အာဆီယံအဖွဲ့မှ ဒီမိုကရေစီနိုင်ငံများအတွက် စိတ်အနှောက်အယှက်ဖြစ်စရာများ အဓိကဖန်တီးသော နိုင်ငံအဖြစ် ကာလကြာရှည်စွာ သတ်မှတ်ခံခဲ့ရသည်။

အာဆီယံဥက္ကဋ္ဌရာထူး ရယူမည်ဆိုပါက မြန်မာအနေဖြင့် အာဆီယံအဖွဲ့ဝင်များကိုယ်စား တာဝန်ယူ ပြုမူပြောဆိုပေးရန် လိုအပ်ပြီး အမေရိကန် ပြည်ထောင်စု ပါဝင်မည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအပါအဝင် အာဆီယံ ဆွေးနွေးပွဲများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည် ဖြစ်သည်။

*************************************************************************************

မြန်မာနိုင်ငံ၏ မိတ်ဖက်ဖြစ်ရန် အမေရိကန်အသင့်ရှိနေဟု ဟီလာရီကလင်တန်ပြောကြား

(AFP သတင်းဌာနမှ၊ 11 Nov 2011 ရက်စွဲပါ US ready to be Myanmar's partner: Clinton ကို ဘာသာပြန်ဆိုသည်)

နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့သော မြန်မာနိုင်ငံအတွင်း လတ်တလော နိုင်ငံရေးပြောင်းလဲမှုများကို ရေရှည် ပြုပြင်ပြောင်းလဲမှုများအဖြစ် ဆက်လက် ဆောင်ကြဉ်းသွားနိုင်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အသိပေး ပြောကြားလိုက်သည်။ အမေရိပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းရှိ ဟိုနိုလူလူတွင် ကျင်းပပြုလုပ်သော အာရှပစိဖိတ်ခေါင်းဆောင်များ ကွန်ဖရင့်(အေပက်)၏ သီးခြားဆွေးနွေးခန်းတွင် ဟီလာရီ ကလင်တန်က အထက်ပါအတိုင်း မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးပြောင်းလဲမှု နိဒါန်းပျိုးမှုများကို ပြသလျက်ရှိကြောင်း ၎င်းကဆိုသည်။ "မြန်မာအစိုးရက ပြည်သူတွေအတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှု လုပ်ဆောင် သွားမယ်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ် ရှာတွေ့မှာဖြစ်ပါတယ်"ဟု ဟီလာရီကလင်တန်က ပြောကြားသည်။ သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့် ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့် အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ များစွာကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ တရုတ်အစရှိသည့်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ဖြစ်ပေါ်မည့် နည်းလမ်းများ ရှာဖွေရန် စီစဉ်ထားကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါ နိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်လာအောင် အားပေးအားမြှောက် ပြုသွားမည်ဖြစ်ကြောင်း ဟီလာရီကလင်တန်က ဆိုသည်။

"ပွင့်လင်းမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုနဲ့ မျှတမှုဆိုတာတွေ အားလုံးမှာ စီးပွားရေးနယ်ပယ်ကို ကျော်လွန်တဲ့ အဓိပ္ပာယ်တွေရှိနေပါတယ်" ဟု ၎င်းကပြောသည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် အတိုက်အခံအင်အားစုများ အမျိုးသားနိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိမည့် ဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်သည်။ အဆိုပါ ဥပဒေပြင်ဆင်ချက်က ပြစ်ဒဏ် ကျခံထားရသူများအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသော ပါတီတွင် ပါတီဝင်ဖြစ်ခွင့်မရှိဟူသော အပိုဒ်ငယ်ကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်အောင် တမင်သက်သက် အဆိုပါ အပိုဒ်ငယ်ကို ထည့်သွင်းထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ သို့အတွက်ကြောင့် အဆိုပါ ရွေးကောက်ပွဲသို့ NLD က ဝင်ရောက် ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ခဲ့သည်။ ယခု အဆိုပါ အပိုဒ်ငယ်ကိုပယ်ဖျက်သည့် ဥပဒေပြင်ဆင်ချက်ကို ဦးသိန်းစိန်က လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် NLD အနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်နိုင်ပြီဖြစ်သလို လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

မြန်မာအစိုးရသစ်သည် ပြီးခဲ့သည့် အောက်တိုဘာလက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့်ကို လွှတ်ပေးခဲ့ သည်။ သို့သော် ၁၉၀၀ ခန့်ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူများက ဆိုသည်။

*************************************************************************************

အသက်မပြည့်သော မြန်မာကလေးလုပ်သားများ တရုတ်နိုင်ငံ တစ်နေရာမှ လွတ်မြောက်လာ

(Shanghai Daily မှ 10 Nov 2011 ရက်စွဲပါ “Child labours from Myanmar rescued from slavery” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးသည် တရုတ်ပြည် အရှေ့ပိုင်း ဇီကျန်းပြည်နယ် ယူယိုမြို့ အထည်အလိပ် စက်ရုံတစ်ခုတွင် ကျွန်သဖွယ် ခိုင်းစေခြင်း ခံခဲ့ကြသည်ပာု သိရှိရသည်။

စက်ရုံမှ ထွက်ပြေးလွတ်မြောက်လာပြီး အဝေးပြေးလမ်း တစ်လျှောက် ၃ ရက်ခန့် လမ်းလျှောက်လာရင်း အစာငတ်၊ မောပန်းနေသော မြန်မာ ဆယ်ကျော်သက် ၂ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ပာု ပြည်တွင်းထုတ် ကီယန်ဂျင်း ညနေခင်း သတင်းစာက ယနေ့ သတင်းဖော်ပြထားသည်။

သတင်းတွင် ကျား/မ ခွဲခြားဖော်ပြခြင်း မရှိသော မြန်မာဆယ်ကျော်သက် ၂ ဦးသည် မြန်မာနယ်စပ်အနီး ပြုလုပ်သော အလုပ်သမားပွဲဈေး (မြန်မာကျေးလက်မှ နွားပွဲဈေးနှင့် အလားတူ)မှတဆင့် စက်ရုံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ပာု ဆိုသည်။ စက်ရုံသို့ ရောက်သွားပြီးနောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းများကို အလုပ်ရှင်က သိမ်းဆည်းလိုက်ပြီး ထွက်မပြေးနိုင်အောင် အစောင့်ချကာ ပိတ်ထားသော အလုပ်ရုံတွင် အလုပ် လုပ်ခဲ့ကြရသည်ပာု သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ကို  အခြားမြန်မာ အလုပ်သမားများနှင့်အတူ သော့ခတ်၍ ပိတ်ထားပြီး လုပ်ခလစာလည်း မရရှိကြောင်း၊ လစာတောင်းသည့် အချိန်တိုင်း အရိုက်ခံရကြောင်း မြန်မာဆယ်ကျော်သက်များက ပြောကြားသည်။

၎င်းတို့အထဲမှ သတင်းရရှိပြီးနောက် အထည်အလိပ်စက်ရုံကို တရုတ်ရဲက ဝင်ရောက်စီးနင်းရာတွင် နောက်ထပ် မြန်မာအလုပ်သမား ၅ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားတွေရဲ့ နေရာကတော့ ကြောက်စရာပါ။ ရွှံ့တွေ၊ အမှိုက်တွေနဲ့ ဝက်တင်းကုပ်တစ်ခုလိုပါပဲပာု ရဲအရာရှိ ဝမ်ရှောင်ဂန်က သတင်းစာသို့ ပြောကြားသည်။

ရဲများ ရောက်မလာမီ စက်ရုံပိုင်ရှင် ထွက်ပြေးသွားခဲ့ပြီး ထိုအမှုကို စုံစမ်းစစ်ဆေးနေဆဲပာု သိရှိရသည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs