Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. တိုင်းရင်းသားပဋိပက္ခများ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်း

(Wall Street Journal မှ 22 Nov 2011 ရက်စွဲပါ “Myanmar Tackles Ethnic Conflicts” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. မြန်မာတို့၏ အပြကောင်းသော လုပ်ဆောင်မှုများသည် ရေရှည်ခံ လွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်းမရှိသေး

(Bloomberg မှ 23 Nov 2011 ရက်စွဲပါ “Myanmar’s good deeds are no guaratee of lasting freedoms” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************

တိုင်းရင်းသားပဋိပက္ခများ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်း

(Wall Street Journal မှ 22 Nov 2011 ရက်စွဲပါ “Myanmar Tackles Ethnic Conflicts” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက အတိုက်အခံအုပ်စုများနှင့် ဝေဖန်သုံးသပ်သူများအပေါ် ချွေးသိပ်သည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်တစ်ရပ်ကို နှစ်ပေါင်းများစွာ အတွင်းပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် စစ်မက်ဖြစ်ပွားမှုများသည် မြန်မာခေါင်းဆောင်များကို ဆယ်စုနှစ်ပေါင်း များစွာ ဒုက္ခပေးခဲ့သော်လည်း ပြုပြင် ပြောင်းလဲမှုပေါင်းများစွာလုပ်ဆောင်ပြီး အနောက်နိုင်ငံများ၏ အသိအမှတ်ပြုမှု ရရှိအောင် မျက်နှာချိုသွေးနေပုံရသော မြန်မာအရပ်သားအစိုးရသစ်တွင် အဆိုပါ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် တွန်းအားများရရှိအောင်လုပ်ဆောင်ထားနိုင်သည်ကိုတွေ့ရသည်။ အကြောင်းမှာ ယင်းတိုင်းရင်းသား လက်နက်ကိုင်များ အရေးကိစ္စသည် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများဖယ်ရှားပေးရေးအတွက် အမေရိကန်ပြည်ထောင်စုက ရှင်းလင်းပြတ်သားစွာ တောင်းဆို ထားသော တောင်းဆိုချက်များအနက် တစ်ခု အပါအဝင်ဖြစ်နေသောကြောင့်ပင်ဖြစ်၏။

လတ်တလော ရက်သတ္တပတ်များအတွင်း စတင်ခဲ့သော ဆွေးနွေးပွဲများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် သူပုန်ခေါင်းဆောင်များနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကပြုလုပ်ခဲ့သော ဆွေးနွေးပွဲများကို ထိုင်း-မြန်မာ နယ်စပ်ဒေသက အမည်မဖော်ပြလိုသော နေရာတစ်နေရာတွင် ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များ၊ ဆွေးနွေးပွဲနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရသိရသည်။ မြန်မာအစိုးရသစ်၏ ဦးတည်ချက် ပန်းတိုင်မှာ နိုင်ငံရေးအခွင့်အရေးများ ပိုမိုရရှိလာရေးအတွက် ကာလကြာရှည်စွာ လှုပ်ရှားစည်းရုံးခဲ့ကြသည့် သောင်းကျန်းသူ အဖွဲ့အစည်းများ ယုံကြည် လာအောင် စည်းရုံးသိမ်းသွင်းရေး၊ အစိုးရသစ်ကို အပြည့်အဝ အသိအမှတ်ပြု ထောက်ခံလာအောင် ပြုလုပ်ရေး နှင့် လက်နက်ကိုင် လှုပ်ရှားမှုများ စွန့်လွှတ် လာရေးတို့ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက ဆိုသည်။ အဆိုပါ အရေးကိစ္စများအတွက် တိုင်းရင်းသားလူမျိုးစုဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ပိုမို ဖြစ်ထွန်းလာအောင် ဆောင်ကြဉ်းပေးမည်ဟု ကမ်းလှမ်းလျက်ရှိသလို အခြားအလားအလာရှိသည့် မက်လုံးများလည်း ပေးလျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ Wall Street Journal က မြန်မာအစိုးရ၏ ထင်မြင်သုံးသပ်ချက်ရရှိရန် နိုဝင်ဘာလ ၂၁ ရက်နေ့က ညပိုင်းက ဆက်သွယ်မေးမြန်းရာ အောင်မြင်မှုမရရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Wall Street Journal က မြန်မာအစိုးရကို အင်တာဗျူးလုပ်ရာတွင် ၂၀၁၁ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလိုက်၊ အပစ်အခတ်ရပ်စဲလိုက် တစ်လှည့်စီဖြစ်နေသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှင့် ဆွေးနွေးပွဲအကြောင်း မေးမြန်းခွင့်ရရှိခဲ့သည်။

ယခု တွေ့ဆုံဆွေးနွေးမှုများသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ရေရှည်ခံမည့်ငြိမ်းချမ်းရေးရရှိရန် အစိုးရ၏ဆယ်စုနှစ်များစွာ ကြိုးပမ်းချက်များအနက် အခန်းကဏ္ဍသစ်တစ်ခုဖြစ်သည်။ အဆိုပါ တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ နေရာဒေသအတော်များများကို လွှမ်းမိုးထားပြီး အထူးသဖြင့် လက်နက်ကိုင်အုပ်စုများရှိရာ တရုတ်နှင့် ထိုင်းနယ်စပ်ဒေသတစ်လျှောက်ကို ချုပ်ကိုင်ထားကြသည်။ မြန်မာနိုင်ငံကို ဆယ်စုနှစ် ငါးခုတာကာလမျှ အုပ်ချုပ်ခဲ့သော စစ်အစိုးရက တင်းကြပ်သည့် ထိန်းချုပ်မှုမရှိပါက မြန်မာနိုင်ငံတော်သည် တိုင်းရင်းသားနိုင်ငံငယ်များအဖြစ် တကွဲတပြားစီ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားလိမ့်မည်ဟူ သောအကြောင်းပြချက်ဖြင့် ဖိနှိပ်တင်းကြပ်မှုများပါသော စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကာ တိုင်းရင်းသားများ ပြဿနာ များကို ကိုင်တွယ်ခဲ့သည်။

မည်သို့ပင်ဆိုစေ စစ်အစိုးရက စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်ထံသို့ အာဏာ လွှဲပြောင်းခဲ့သည့် ယခု ၂၀၁၁ ခုနှစ် အရောက် တွင် ပြောင်းလဲမှုအတော်များများဖြစ်ပေါ်လာသည်။ အဆိုပါ အရပ်သား အစိုးရသစ်သည် နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ပေါ်ထွန်းလာခြင်း ဖြစ်သည်။ အနောက်နိုင်ငံခေါင်းဆောင်များက ယင်းရွေးကောက်ပွဲကို အတုအယောင်သာဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့ သော်လည်း မြန်မာအစိုးရသစ်က မီဒီယာများအပေါ် ထိန်းချုပ်မှုများ ဖြေလျှော့ပေးခြင်း၊ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ နိုင်ငံသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အခြားသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ လုပ်ကိုင်ပေးခြင်း၊ စီးပွားရေးလွတ်လပ်ခွင့်ပေးခြင်း အစရှိသည်တို့ဖြင့် ၎င်းအပေါ် ဝေဖန်သူများအားလုံးကို အံ့အားသင့်သွားအောင်လုပ်ကိုင်ပြခဲ့သည်။

အဆိုပါ အပြောင်းအလဲများကို အသိအမှတ်ပြုလာသော အစိုးရအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ နိုင်ငံရေးပါတီတို့က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့်ကြားဖြတ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့သည်။ ယင်းဖြစ်ရပ်သည် အစိုးရသစ်၏ အခွင့်အာဏာအပေါ် အသိအမှတ်ပြုသည့် အသွင်ဆောင်စေခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ မည်သည့်အချိန်ကာလတွင် ကျင်းပမည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို အမေရိကန်ပြည်ထောင်စုကလည်း အသိအမှတ်ပြုခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အနေဖြင့် လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ဝါရှင်တန်အစိုးရက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။ အဆိုပါ ခရီးစဉ်ကြောင့် ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အဆင့်မြင့် အမေရိကန် အစိုးရအရာရှိ ဖြစ်လာပေလိမ့်မည်။

သို့သော် ညံ့ဖျင်းသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် နှစ်ပေါင်း ၁၅ တာ ကာလလုံး မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သည့် တင်းတင်းကြပ်ကြပ် ပိတ်ဆို့အရေးယူသော မူဝါဒများကိုမူ အမေရိကန်အစိုးရခေါင်းဆောင်များက ယနေ့ အချိန်အထိ လက်ကိုင်ထားကျင့်သုံးနေဆဲပင်ဖြစ်သည်။ ပိတ်ဆို့ အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက မဖယ်ရှားပေးမီ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးမှုအပါအဝင် မြောက်ကိုရီးယား နိုင်ငံနှင့် ဆက်ဆံမှုအပေါ် ပွင့်လင်းမြင်သာအောင်တိုးမြှင့်လုပ်ကိုင်ပေးခြင်း၊ တိုင်းရင်းသားလူမျိုးစုဒေသများ၌ အကြမ်းဖက်သည့် လုပ်ရပ်များ အဆုံးသတ်ပေး ခြင်း အစရှိသည်တို့ကို မဖြစ်မနေလုပ် ကိုင်ပေးရမည်ဟု ဝါရှင်တန်အစိုးရအရာရှိကြီးများက ပြောကြားသည်။

မြန်မာအစိုးရက ယခုနှစ်အတွင်း ပြုပြင်ပြောင်းလဲရန်လိုအပ်သည့် နယ်ပယ်အချို့တွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိအောင် လုပ်ကိုင်ပေးခဲ့သည့်တိုင် တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းမှု မဆိုသလောက်မျှသာ လုပ်ကိုင်နိုင်ကြောင်း အမေရိကန်အစိုးရအရာရှိကြီးများက မှတ်ချက်ပေး ပြောဆိုသည်။

ယခုနောက်ဆုံးပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမူ တိုင်းရင်းသားကိစ္စနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှု များကို ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယူဆရသည်။ အထူးသဖြင့် အကယ်၍ ၎င်းတို့ကသာ တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက စိုးရိမ်ပူပန်မှုများ လျှော့ချနိုင် မည်ဖြစ်သည်။  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကရင်၊ ရှမ်းနှင့် အခြားသော တိုင်းရင်းသားလူမျိုးစုများကို အသားပေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင် ပတ်သက်ခဲ့သူများ၏ အဆိုအရသိရသည်။ ထို့ပြင် အဆိုပါတိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်သည့် ဒေသများ၌ စက်မှုဇုန်များ တည်ထောင်ပေးခြင်း သို့မဟုတ် အခြားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များလုပ်ကိုင်ပေးခြင်း စသည်တို့ ပြုလုပ်ပေးမည်ဟု အစိုးရဘက်က ကတိကဝတ် ပေးခဲ့ သည်ဟု ၎င်းတို့ကဆိုသည်။

အဆိုပါ တိုင်းရင်းသားပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းသည့် လုပ်ရပ်များက အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ဆက်ဆံရေး ကိုလည်း တိုးတက်ကောင်းမွန် လာစေနိုင်သည်။ ထိုင်းနိုင်ငံဟူသည် မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုဒေသများ၌ ဖြစ်ပွားသော စစ်မက်များကြောင့် ထွက်ပြေးလာသည့် မြန်မာနိုင်ငံ သား ဒုက္ခသည်ပေါင်းများစွာကို လက်ခံထားသည့်နိုင်ငံဖြစ်သည်။ နယ်စပ်ဒေသ ထိုင်းနိုင်ငံဘက်တွင် ဒုက္ခသည်စခန်းပေါင်းများစွာရှိသည်။ ထိုမျှမကသေးပါ။ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲများကြောင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့်ဆက်ဆံရေးကိုလည်း တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ အကြောင်းမှာ တရုတ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားသော တိုင်းရင်းသားပဋိပက္ခများ မိမိနိုင်ငံတွင်းသို့ ကူးစက်ပျံ့နှံ့လာမည့်အရေးကို နှစ်ကာလကြာရှည်စွာ စိုးရိမ်သောက ရောက်ခဲ့သည့်နိုင်ငံဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပဏာမသဘောမျိုးသာဖြစ်ပြီး အချိန်မရွေးပျက်ယွင်းသွားနိုင်သည်ဟု ဆွေးနွေးပွဲ၌ပါဝင်ခဲ့သူများက စိုးရိမ်လျက်ရှိပြီး အချို့သော အတိုက်အခံအင်အားစုများကမူ အစိုးရသစ်၏ ရိုးရှင်းမှုနှင့် ပတ်သက်၍ သံသယဖြစ်မိကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

သို့သော် အစိုးရအနေဖြင့် လွန်ခဲ့သည့်နှစ်များက ကျင့်သုံးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်ရှိ နယ်ခြားဒေသစောင့်တပ်များအဖြစ်ပြောင်းလဲဖွဲ့စည်းရန် ဦးတည်သော မူဝါဒကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း အချက်ပြထားပြီးဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူအချို့၏ အဆိုအရသိရသည်။

နယ်စပ်ဒေသစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းမည့် အဆိုပါအစီအစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အတော်များများက ငြင်းပယ်ထား ကြသည်ကိုတွေ့ရသည်။

“အစိုးရက အစစ်အမှန်ရိုးသားမှုရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဟောင်ကောင်စီးတီးတက္ကသိုလ်မှ Assistant Professor ဖြစ်ပြီး ရန်ကုန် အခြေစိုက် Civil Society အဖွဲ့တစ်ခုဖြစ်သော Myanmar Egress မှ Organizer တစ်ဦးဖြစ်သော ဒေါက်တာကျော်ရင်လှိုင်ကပြောကြားသည်။ ၎င်းသည် အဆိုပါတိုင်းရင်းသားများနှင့် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူလည်းဖြစ်သည်။

ကရင်အမျိုးသားသမဂ္ဂ(KNU) မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ Naw Zipporah Sein ကမူ ယင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းများတွင် မိမိတို့ KNU လည်း ပါဝင်ကြောင်းပြောကြားပြီး အခြားသော တိုင်းရင်းသားအုပ်စုများက နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အလေးအနက်ထားကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ်သတ်မှတ်ပြောဆိုကြသည်။

သို့သော် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်ငြိမ်းချမ်းရေးရယူပြီး အခြေတကျ ဖြစ်အောင် အမှန်တကယ်အလေးအနက်ထား လုပ်ကိုင်ဆောင်ရွက်ခြင်းလော၊ သို့မဟုတ် အနောက်နိုင်ငံများနှင့် အပေးအယူ လုပ်ရာတွင် မိမိအလိုရှိသည့် ရည်မှန်းချက်များဖြစ်ပေါ်လာအောင် ကြိုးပမ်းရုံ သက်သက်လော ဟူသောအချက်ကို ပြောဆိုရန် လွန်စွာစောလွန်သေးကြောင်း Naw Zipporah Sein က ပြောကြားသည်။

“ဒါဟာ တကယ့်ကို ကနဦးအစပဲရှိပါသေးတယ်။ ကရင်ပြည်အသိုင်းအဝိုင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ ယခုအထိဖြစ်ပေါ်နေဆဲပါပဲ” ဟု ၎င်းက ပြောကြားသည်။

*****************************************************************

မြန်မာတို့၏ အပြကောင်းသော လုပ်ဆောင်မှုများသည် ရေရှည်ခံ လွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်းမရှိသေး

(Bloomberg မှ 23 Nov 2011 ရက်စွဲပါ “Myanmar’s good deeds are no guaratee of lasting freedoms” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

“ယခင် တပ်မတော်အကြီးအကဲ စင်နောက်တွင် ရှိနေသေးကြောင်း သုံးသပ်ထားသော ဆောင်းပါးဖြစ်သည်”

              Burma ပာု လူသိများသော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဤရက်ပိုင်းအတွင်း လူအတော်များများက အကောင်းမြင်နေကြသည်ကို နားလည်ပေး၍ ရနိုင်စရာရှိသည်။

                တပ်မတော် သြဇာလွှမ်းထားသောနိုင်ငံသည် ဆယ်စုနှစ်နှစ်စုအတွင်း ပထမဆုံးရွေးကောက်ပွဲများကို မနှစ်က ကျင်းပကာ ဦးသိန်းစိန်ကို အရပ်သာ သမ္မတအဖြစ် တာဝန်ပေးထားသည်။ ၎င်းရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲနိုင်ငံရေးစနစ်အတွင်း ပြန်ဝင်လှုပ်ရှားတော့မည်ပာု သူမ၏ ပါတီက ကြေညာလိုက်ပြီဖြစ်သည်။

                မြန်မာအစိုးရသည် မကြာသေးမှီက အကျဉ်းသား ၆၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသားအချို့ကို ရော၍ လွှတ်ပေးခဲ့ သည်။ စိးပွားရေးကဏ္ဍကိုလည်း စတင်ဖြေလျှော့ပေးနေပြီး အင်တာနက်နှင့် စာနယ်ဇင်း ဆင်ဆာပိတ်ပင်မှု အချို့ကိုလည်း ရုတ်သိမ်းပေးထားသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်ဆိုးကျိုးများကြောင့် ပြည်သူတို့ ကန့်ကွက်ကြသော “တရုတ်တို့ ဧရာဝတီကို ပိတ်မည့် ရေလှောင်တမံစီမံကိန်း” ကိုလည်း စတင်ဘာ ၃၀ တွင် မြန်မာအစိုးရက ရပ်ဆိုင်းပစ်လိုက်သည်။

                မြန်မာအစိုးရသည် ထိုသို့ ချုပ်ကိုင်မှုများကို သိသာစွာဖြေလျှော့ပေးခဲ့ခြင်းကြောင့် ယခင်နှင့် ခြားနားစွာပင် လက်ခုပ်သံများ ရရှိလျက်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) က ၂၀၁၄ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာတို့အားပေးရန် သဘောတူလိုက်ပြီဖြစ်သည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က “မြန်မာစစ်ဖက် အုပ်ချုပ်သူများစည် ဒီမိုကရေစီ ကြီးကြီးမားမား ကူးပြောင်းခြင်း လမ်းပေါ်သို့ ရောက်နေပြီဖြစ်ကာအားလုံးကို ပိုမိုပါဝင်ခွင့်ပေးနေပြီ” ပာု အခိုင်အမာဆိုလိုက်သည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း ပြောင်းလဲမှုအရောင်တွေမြင်နေရပြီပာု ညွှန်းဆို၍ လာမည့် ဒီဇင်ဘာအစောပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်တော့မည်ဖြစ်သည်။                

                ယခု အမှန်တရားကို စစ်ဆေးကြည့်ရမည့်အချိန်ရောက်ပြီ။ တောက်ပြောင် သစ်လွင်သော နေပြည်တော်မြို့သစ်သည် အသက်ဝင်ခြင်းမရှိသော မြို့တစ်ခုသာဖြစ်၍ ၁၉၉၂ မှ စကာ အာဏာရှင်ဖြစ်လာခဲ့သူ ကန့်လန့်ကာနောက်ကွယ်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း မတ်လက တရားဝင်အာဏာ စွန့်လွှတ်ပြခဲ့သည့် တိုင်အောင် အဓိကအာဏာရှိသူဖြစ်နေဆဲပင်ဖြစ်သည်။

ဒီမိုကရေစီလို့ပြောဖို့ ခပ်ခက်ခက်

              ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လွှတ်တော်နေရာ ၆၀ ရာခိုင်နှုန်း အနိုင်ရသွားသော တပ်မတော်နှင့် ရောင်းရင်း ကိုယ်စားလှယ်များ၏ ခြိမ်းခြောက်မှုများ၊ မဲလိမ်မှုများ အလွန်အကျွံ့ဖြစ်ပွားခဲ့သည်ပာု လွတ်လပ်သော အကဲခတ်များ၏ ထောက်ပြဝေဖန်မှုများ ရှိနေရာ ဒီမိုကရေစီ အကောင် အထည်ဖော်ခြင်းပာု ပြောဖို့ခက်လှပေသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂကလည်း ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ခြင်းလည်းမရှိ။ မျှတခြင်းလည်းမရှိပာု ပြစ်တင်ရှုတ်ချခဲ့ကြသည်။

                အစိုးရဝန်ကြီးများအားလုံးနှင့် ဗပာိုတရားရုံး တရားသူကြီးများကို ယခင်တပ်မတော်အကြီးအကဲကသာ ရွေးချယ် တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျကိုလည်း သူကပင် ထိန်းချုပ်ခွဲဝေခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့သူ သမ္မတဦးသိန်းစိန်အနေဖြင့် ရုပ်လုံးပြကောင်းအောင် စစ်ဖက် ရာထူးကို စွန့်လွှတ်ခဲ့ခြင်းသည် တပ်မတော်အစိုးရ၏ အရပ်ဖက် မျက်နှာဖုံးပာူသော အကောင်းဆုံး ဥပမာကို ပြသနေသည်ပာု ဆိုနိုင်သည်။

                Assistance Association for Political Prisoners (Burma) လူ့အခွင့်အရေးအုပ်စု၏ အဆိုအရ နိုင်ငံတွင်း အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်ကြမ်း အကျဉ်းစခန်း ၁၀၉ ခုတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၀၀၀ ခန့် ဖမ်းဆီခံနေရဆဲပာု သိရှိရသည်။ ဘီဂျင်းမှ ကာလကြာ ငွေကြေးထောက်ပံ့မှုများကို မြန်မာတို့ ခြေစုံကန်ခြင်း ပာု အများက ရှုမြင်ကြသော မြစ်ဆုံတမံ အငြင်းပွားမှုမှာမူ ပြည်တွင်းနိုင်ငံရေး လက်တွေ့ပြောင်းလဲမှုစင်စစ် တစ်ခုဖြစ်ပေသည်။ တမံတည်ရှိရာ မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားခြင်း၊ ဒေသခံ အရပ်သားများ၏ ဆန္ဒပြမှုများကို စိုးရိမ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပေသည်။ (ပြည်တွင်း၊ နိုင်ငံရေးအကဲခတ် အချို့ကမူ ကချင်လက်နက်ကိုင်များကို အစိုးရတပ်က စတင်ပစ်ခတ်ကာ ပြည်နယ်တွင်းမငြိမ်သက်အောင် ဖန်တီးခြင်း၊ ပြည်သူများ၊ မီဒီယာများ၏ ဧရာဝတီ လှုပ်ရှားမှုများကို မသိမသာလွှတ်ပေးခွင့်ပြုထားခြင်းတို့ကို ခြုံငုံသုံးသပ် ပါက ပြည်သူတို့နှင့် ကချင်တို့ကို အကြောင်းပြပုံချကာ ရပ်ဆိုင်းရန် မူလကပင် အကြံအစည်ရှိထားသော ဗိုလ်ချုပ်မှူးကြီးပောာင်း သန်းရွှေ၏ စင်နောက်မှ လက်ရာသာဖြစ်ဖွယ်ရှိသည်ပာု မှတ်ချက်ပေးထားသည်)

                အမေရိကန်သမ္မတပောာင်း ဘွတ်ရှ် ၏ နည်းလမ်းကို ကျရှုံးမှုအဖြစ် သတ်မှတ်ကာ ယခုနောက်ပိုင်း မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံဆွေးနွေးရန် သမ္မတအိုဘားမား အစိုးရက နည်းဗျူပာာစတင်ပြောင်းလဲလာခြင်းနှင့်အတူ မြန်မာအစိုးရ၏ ဒီမိုကရေစီ အလယ်အလတ် လမ်းစဉ်သို့ ဦးတည်ရွေ့လျားမှုများ ဖြစ်ပေါ်လာပုံရသည်။

                အမေရိကန် ကွန်ကရက်လွှတ်တော် သုတေသန အစီရင်ခံစာတစ်စောင်၏ အဆိုအရမူ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုများတွင် မြန်မာတာဝန်ရှိသူ များ တာဝန်ယူနိုင်ခြင်းလုံးဝမရှိကြောင်း အမေရိကန်သံတမန်များက လက်တွေ့သိရှိသွားကြသည်ပာု သိရပြီး အမေရိကန်တာဝန်ရှိသူများ တင်ပြသော ကိစ္စရပ်များကို ရှောင်ရှားထားသော တရားဝင်ကြေညာချက်များ အပြန်အလှန် ထုတ်ပြန်ရေးကိုသာ ကန့်ကွက်ဆွေးနွေးရခြင်းကို ရည်ညွှန်းဖော်ပြထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် Joseph Yun က “အကြိမ်ကြိမ် ဒိုင်ယာလော့ဆွေးနွေးကြိုးပမ်းမှုတွေကနေ ဘာရလာဒ်မှ ထွက်မလာလို့ ကျွန်တော်တို့ အလွန်စိတ်ပျက်မိပါတယ်” ပာု ယခုနှစ်အတွင်း ကွန်ကရက်သို့ ပြောကြားခဲ့ဘူးသည်။

                အကယ်၍ အိုဘားမားအစိုးရနှင့် အနောက်မပာာမိတ်များ၊ အာရှမပာာမိတ်များအနေဖြင့် ဒိုင်ယာလော့အတွက် မျှော်လင့်ချက်အသစ်များ ရှိလာမည် ဆိုပါက ဝမ်းမြောက်ဝမ်းသာကြိုဆို၍ ကြိုးစားကြပေလိမ့်မည်။ သို့သော် ဤနေရာတွင် မည်သည့် မူဝါဒ အလျှော့ပေးမှုကိုမှ မပြုလုပ်သင့်ပါ။ အမေရိကန်နှင့် အနောက်နိုင်ငံများ ချမှတ်ထားသော အရေးယူ ဒဏ်ခတ်မှု Sanctions များသည် မြန်မာတို့၏ စီးပွားရေး အခက်အခဲဒုက္ခများအတွက် အရေးပါသော အကြောင်းရင်း မပာုတ်ခဲ့ကြောင်းကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က တွေ့ရှိထားသည်။ ၎င်း Sanctions များသည် အရေးကြီးသော ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ ရပ်တည်ချက်သာလျှင်ဖြစ်ပေသည်။ (၂၀၀၈ နာဂစ်ဆိုက်ကလုံးအလွန် လူသားခြင်း စာနာသော အကူအညီများ ပေးသွင်းမှုနှင့် ပတ်သက်၍ လည်း အလားတူပင်ဆိုနိုင်သည်)

စီးပွားရေး ကပ်ဘေးသင့်ဇုံ

              အချို့က စီးပွားရေးဆက်ဆံမှု တိုးမြှင့်လုပ်ကိုင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ တရုတ်တို့လွှမ်းမိုးမှုကို တုန့်ပြန်နိုင်လိမ့်မည်ပာု စောဒက တက်ကြသည်။ ဤကိစ္စသည် ဖြစ်နိုင်ချေနည်းမည့်ပုံရှိနေသည်။ စီးပွားရေးသည် ကပ်ဘေးတစ်ခုဖြစ်နေပြီး ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် အချိန်ကာလ တစ်နှစ်ထက်ပို၍ ချေးနိုင်ခြင်းမရှိပါ။ အရစ်ကျ ငွေချေးစာချုပ်ဆိုသည်ကိုပင် ကြားဖူးကြသည်မပာုတ်ပေ။ နိုင်ငံ၏ လူများစုတောင်သူ လယ်သမားများသည် ပုဂ္ဂလိကငွေချေးဈေးကွက်တွင် အသားကျလျက်ရှိကြသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံကိုသာ ရေရှည်တွင် မှီခိုနေရလိမ့်ဦးမည်ဖြစ်ပေသည်။ အကယ်၍ စီးပွားရေးအရ ယှဉ်ပြိုင်၍ နေရာယူဖို့ လိုအပ်သည်ဆိုပါက အိန္ဒိယနိုင်ငံက ထိုတာဝန်ကို ထမ်းဆောင်ရန် စိတ်ဝင်စားလျက်ရှိသည်။ (သို့သော် ပုံအော မြှုပ်နှံရန် လက်တွန့်သော အိန္ဒိယသည် တရုတ်တို့ကို လက်တွေ့ယှဉ်ပြိုင်နိုင်ခြင်းမရှိပဲ နေရာ တကာ နောက်ကောက်ကျလျက် ရှိသည်။)

                ရှေ့ကိုမျှော်၍ သုံးသပ်ရလျှင် မြန်မာအစိုးရ၏ အပြောင်းအလဲလေသံသည် ရှေ့မတိုး နောက်မဆုတ် အနေအထားကို ကာဗာလုပ်ခြင်းသာ ဖြစ်ကြောင်း ပေါ်လွင်လာပါက ဘာဆက်လုပ်ရမည်ကို အနောက်နိုင်ငံများ စဉ်းစားရထားရလိမ့်မည်။ အမေရိကန်တို့၏ တင်းကြပ်သော Sanctions နည်းလမ်း ကို ဥရောပသမဂ္ဂက လိုက်၍ ခြေရာနင်းခြင်းလည်းဖြစ်လာနိုင်သည်။ ဝါရှင်တန်မှ တာဝန်ရှိသူများ စဉ်းစားထားရမည့် နည်းလမ်းအချို့မှာ မြန်မာ ကျွန်း သုံးစွဲထားသော နေရာတကာမှ ထွက်ကုန်များကို တားမြစ်ခြင်း မြန်မာနိုင်ငံတွင် စီးပွားရှာနေသော ကုမ္ပဏီများကို အမေရိကန်အစိုးရ၏ ကန်ထရိုက် စာချုပ်မရအောင် တားမြစ်ခြင်းတို့ပင်ဖြစ်သည်။

                ကမ္ဘာ့အဖိနှိပ်ဆုံး အာဏာရှင်နိုင်ငံများထဲတွင် ပါဝင်သော မြန်မာနိုင်ငံသည် လွတ်လပ်ခြင်းလမ်းကြောင်းပေါ်တွင် ရောက်နေပြီပာု ကျွန်တော်တို့ အားလုံး မျှော်လင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ငံရေးစနစ်အတွင်း ပြန်ဝင်လှုပ်ရှားမည့် ဆုံးဖြတ်ချက်သည်လည်း တပ်မတော် အစိုးရ တစ်စုံတစ်ရာ ထူးထူးခြားခြားဖြစ်လာပြီပာု အနည်းဆုံးအားဖြင့် သူမယူဆထားကြောင်း ပေါ်လွင်နေသည်။ သို့သော် ကမ္ဘာ့စင်မြင့်တွင် လူရာသွင်း ထိုက်သည့် မည်သည့် အဓိကပြောင်းလဲမှုကိုမှ မြန်မာအစိုးရက ယခုတိုင်လုပ်ဆောင်ပြခြင်း မရှိသေးပေ။

 ***********************************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs