Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂-၁၂-၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာကို ဟီလာရီ ပထမဆုံးဆုချီးမြှင့်

(Reuters News မှ 2 Dec 2011 ရက်စွဲပါ “Cliton offers Myanmar First reward for reform” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်၊ ဗီယက်နမ်နဲ့ ရင်းနှီးလာတဲ့ မြန်မာကြောင့် တရုတ်အပေါ် ဘာများဖြစ်စေမလဲ

(Christian Science Monitor မှ 29 Nov 2011 ရက်စွဲပါ What will happen to China as Burma gets closer with Vietnam, US? ကို ဘာသာ ပြန်ဆိုသည်)

              *********************************************************

ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာကို ဟီလာရီ ပထမဆုံးဆုချီးမြှင့်

(Reuters News မှ 2 Dec 2011 ရက်စွဲပါ “Cliton offers Myanmar First reward for reform” သတင်းကို ဘာသာ ပြန်ဆိုသည်)

           အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို အကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ပြီး ဆယ်စု ၂ စု လစ်လပ်နေခဲ့သော သံအမတ်ကြီးနေရာကို ပြန်လည်ထားရှိရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားကာ မြန်မာတို့၏ ပြောင်းလဲမှုအတွက် ကနဦး ချီးမြှောက်မှုများ ပြုလုပ်လိုက်သည်။

                ကလင်တန်က သူမသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း အခြား မြန်မာအစိုးရဝန်ကြီးများနှင့်လည်းကောင်း ပွင့်လင်း၍ အပြုသဘော ဆောင် သော ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်လက်ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရန် ဝါရှင်တန်က အဆင့်သင့်ရှိကြောင်း၊ အရေးယူ ချမှတ်ထားသော Sanctions များ ရုတ်သိမ်း ပေးရန် အလားအလာရှိကြောင်း အသိပေးခဲ့သည်ပာု ပြောကြားသည်။

                သို့သော်လည်း နှစ်ပေါင်း ၅၀ အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်မှ ရုန်းထွက်ရန် ကြိုးစားနေသော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသားပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ပိုမို အားထည့်၍ ဆက်လက်ဆောင်ရွက်ရေးကို သူမက မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။

                ထို့အပြင် ရန်လိုသော နျူကလီးယားအစီအစဉ်များဖြင့် အာရှတစ်လွှား သတိပေးခေါင်းလောင်း မြည်စေခဲ့သော မြောက်ကိုရီးယားနှင့် ဆက်ဆံနေမှု များ ကို မြန်မာအစိုးရက ရပ်ဆိုင်းခြင်းမပြုပါက ဝါရှင်တန်နှင့် ဆက်ဆံရေး ကောင်းမွန်လာဖို့ မဖြစ်နိုင်ပာုလည်း ကလင်တန်က ပြောကြားသည်။

                “ဒီအဆင့်တွေကို အခြေခံပြီး တည်ဆောက်သွားဖို့ သူမျှော်လင့်ထားတယ်” လို့ သမ္မတကြီးက ပြောပါတယ်။ ကျွန်မကလည်း ဒီပြုပြင်ပြောင်းလဲမှုတွေ မှာ ဝါရှင်တန်ရဲ့ ထောက်ခံအားပေးမှုရရှိဖို့ သူ့ကို အာမခံခဲ့ပါတယ်” ပာု အဝေးလွင်တီးခေါင်မြို့တော် နေပြည်တော်မှ ဆွေးနွေးပွဲများအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကလင်တန်က ပြောကြားသည်။

                မကြာမီက လုပ်ဆောင်ပြသခဲ့တဲ့ ကိစ္စရပ်တွေပာာ အရင်ကမရှိခဲ့ဘူးတဲ့ ကြိုဆိုစရာကိစ္စတွေ ဖြစ်တယ်ဆိုပေမယ့် ဒါပာာ အစပဲရှိသေးတယ် ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ် ပာု ကလင်တန်က ဆိုသည်။

                အနောက်အုပ်စုနှင့် နှစ်ပေါင်း ၅၀ ကျော်(အချို့ကလည်း နှစ်ပေါင်း ၂၀ ကျော်ပာုဆိုသည်) ခပ်စိမ်းစိမ်းနေခဲ့သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေး သိသာစွာ နွေးထွေးလာခြင်းကို ယခုကလင်တန်၏ အထင်ကရ ခရီးစဉ်က ထင်ပာပ် ပြသနေသည်။

                ထို့နောက်တွင် သူမသည် ကုန်သွယ်ရေးမြို့တော် ရန်ကုန်သို့ ထွက်ခွာကာ ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓဘာသာရိုးရာခြေဗလာဖြင့် လှည့်ပတ် လေ့လာပြီးနောက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။

                ကလင်တန်နှင့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမေရိကန်သံတမန် အိမ်ရာတွင် တွေ့ဆုံခဲ့ကြပြီး အင်းလျားကန်ကို လှမ်း၍ မြင်ရ သော ဝရံတာတွင် တည်ခင်းသွားသော မြန်မာ့ရိုးရာ အစားအစာများကို မသုံးဆောင်မီ ဓါတ်ပုံတွဲ၍ အရိုက်ခံခဲ့ကြသည်။

                နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန် ကြေညာထားသော ဒေါ်အောင်ဆန်းစုကြည်က ကလင်တန်၏ သမ္မတလောင်း၊ လွှတ်တော်အမတ်၊ အမေရိကန် သမ္မတရွေးပွဲ အတွေ့အကြုံများကို မေးမြန်းစူးစမ်းခဲ့သည်ပာု သိရှိရသည်။

                “သူမက နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို မေးမြန်းနေပါတယ်” ပာု အမေရိကန်အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

တာထွက်စခြေလှမ်းများ

              သမ္မတဦးသိန်းစိန်အပါအဝင် အခြားတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးမှုများ အပြီးတွင် ကလင်တန်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမည့် ကနဦး ဆောင်ရွက်စရာကိစ္စများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် သံအမတ်ကြီး ပြန်လည်ထားရှိရန် ဝါရှင်တန်က စဉ်းစားမည်ပာု ပြောကြားလိုက် သည်။

                ယခင် တပ်မတော်အစိုးရက ၁၉၉၈ တွင် ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြပြည်သူများကို သတ်ဖြတ်နှိမ်နင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသော ၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို ပယ်ဖျက်ခြင်း တို့ ပြုလုပ်ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ရန်ကုန်တွင် ယာယီသံရုံးတာဝန်ခံ အဆင့်သို့ လျှော့ချပစ်ခဲ့သည်။

                ‘ကလင်တန်က ဆက်လက်၍ “အခု အစီအစဉ်တွေပာာ စိုးရိမ်စရာကိစ္စတွေကို ဖော်ထုတ်ဖို့၊ လေ့လာစောင့်ကြည့်ဖို့၊ တိုးတက်မှုတွေကို အားပေးဖို့ အတွက် အရေးကြီးတဲ့လမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပာာ ကနဦးခြေလှမ်းတွေပါပဲ၊ တကယ်လို့ ပြုပြင်ပြောင်းလဲမှုအရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင် ရှေ့ကို ဆက်သွားကြဖို့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်” ပာု ပြောဆိုသည်။

                အကယ်၍ ထင်ရှားခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့ရပါက Sanctions များဖြေလျှော့ပေးရန် အမေရိကန်ပြည်ထောင်စုက စဉ်းစား မည် ပာုလည်း သူမက ဖြေကြားသည်။

                ကျွန်မတို့ ဒီလုပ်ငန်းစဉ် အတိုင်း ရှေ့ကို အတူတကွဆက်ပြီး သွားနိုင်မယ်ဆိုရင် အရေးယူချမှတ်ထားတဲ့ Sanctions တွေ ဖြေလျှော့ဖို့နဲ့ ရုတ်သိမ်းဖို့ ကျွန်မတို့ သေသေချာချာ စဉ်းစားကြမယ်လို့ မြန်မာခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို အပေါ်ယံ လူကြားကောင်းအောင် ပုံကြီးချဲ့ တာမျိုးမဖြစ်ရဘူး။ တကယ့်ကို မရေရာတဲ့ အစစ်ဖြစ်ရမယ်။ လက်တွေ့ မျက်မြင် အကဲဖြတ်ခံနိုင်ရမယ် ပာု ပီာလာရီကလင်တန်က ရှင်းလင်းပြောဆို သည်။

                မြန်မာ့စီးပွားရေးမူဝါဒ ပြင်ဆင်ပြောင်းလဲမှုကို ကူညီမည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့၏ အကဲဖြတ်မစ်ရှင်များကို ဝါရှင်တန်က ထောက်ခံအားပေးမည်ဖြစ်သည့်အပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်မှုနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း ထောက်ခံအားပေးမည်ပာု ပီာလာရီကလင်တန်က ဆိုသည်။

                ထို့အပြင် တရုတ်နိုင်ငံကို ထိတ်လန့်မှုကြောင့် ပိုမိုစည်းလုံးလာကြသော ဒေသတွင်းသို့ မြန်မာတို့ ပို၍ ရင်းနှီးကျွမ်းဝင်လာအောင် ဆွဲခေါ်သည့် အနေ ဖြင့် အရှေ့တောင်အာရှ အဓိကရေလမ်းကြောင်းကို ဆွေးနွေး ဦးတည်နေသော (အမေရိကန်တို့ ပံ့ပိုးသည့်) မဲခေါင်အောက်ပိုင်း လှုပ်ရှားမှု Lower Mekong Initiative အဖွဲ့သို့ လေ့လာသူအဖြစ် ဝင်ရောက်ရန် ကလင်တန်က မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားသည်။

                သို့သော်လည်း မြန်မာတို့နှင့် ဆက်ဆံတွေ့ထိရန် အကြောင်းရင်းများကို တရုတ်နှင့် ယှဉ်ပြိုင်ပွဲက မောင်းနှင်ခဲ့သည် ဆိုသော အချက်ကို ကလင်တန် က ငြင်းဆို ကန့်ကွက်သည်။ “တစ်ခြားနိုင်ငံတွေကို ကျွန်မတို့ ဆန့်ကျင်နေစရာ အကြောင်းမရှိပါဘူး၊ ဒီနိုင်ငံကို အားပေးကူညီဖို့ လုပ်နေတာပါ။ အာရှဒေသနဲ့ ဆက်ဆံမှုတွေကို အမေရိကန်က တရုတ်နဲ့ ပုံမှန်တိုင်ပင်လေ့ရှိပါတယ်” ပာု သူမက ပြောကြားသည်။

                ကလင်တန်က ဆက်လက်၍ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသော အမေရိကန်စစ်သားတို့၏ ရုပ်ကြွင်း များ ကို ပူးတွဲရှာဖွေမှုပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ ဆွေးနွေးကြမည်ပာု ပြောကြားသည်။ ဝါရှင်တန်နှင့် ပာနွိုင်း သည် အတိတ်က ကွဲလွဲမှုများ ကို ချန်ထားပစ်ခဲ့ကြရန် ကြိုးစားသည့်အနေဖြင့် ဗီယက်နမ်တွင် ထိုကိစ္စများကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

                မြန်မာခေါင်းဆောင်သစ်များကို အားပေးသည့် ဝါရှင်တန်၏ ခြေလှမ်းများ မြန်လွန်းသွားမည်ကို လူ့အခွင့်အရေး အုပ်စုများနှင့် အမေရိကန် လွှတ်တော်အမတ်အချို့က ပူပန်လျက်ရှိသည်။ ထို့အတွက် ယခုထက်ပိုမိုပြင်ဆင် ပြောင်းလဲ သည်ကို မြင်တွေ့ရဖို့လိုအပ်ကြောင်း ရှင်းလင်းစွာအသိပေးထား သည် ပာု ကလင်တန်က ဆိုသည်။

                “နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပာာ အားတက်စရာပါပဲ။ ဒါပေမယ့် ၁၀၀၀ ကျော် ကျန်နေပါသေးတယ်။ ဒီကနေ့ အစောပိုင်းတုန်းက ကျွန်မပြောခဲ့တဲ့ စကားကို အခု လူသိရှင်ကြားပြောပါရစေ။ စကြာဝဋာနဲ့ ဆိုင်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်၊ ယုံကြည်ခွင့်တွေကို ကျင့်သုံးမိလို့ အဖမ်းခံ ရ တယ် ဆိုတဲ့ ကိစ္စပာာ ဘယ်နိုင်ငံမှာမှ မရှိသင့်ပါဘူး။” ပာု ကလင်တန်က ပြောကြားခဲ့သည်။

                သမ္မတဦးသိန်းစိန်က အားလုံးပါဝင်နိုင်ခွင့်ရှိသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်လာအောင် ကြိုးပမ်းမှုအဖြစ် ယင်းကဲ့သို့သော အကျဉ်းသားများကို လွှတ် ပေးရန် အစိုးရက စဉ်းစားနေပြီး ထပ်မံလွှတ်ပေးနိုင်မည့် အလားအလာကို သုံးသပ်နေကြသည်ပာု ပြောကြားခဲ့ကြောင်းကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အမေရိကန် အရာရှိတစ်ဦးက ပြန်လည်ပြောဆိုခဲ့သည်။

                အမေရိကန်တာဝန်ရှိသူများ တင်ပြထားကြသော ဒုံးကျည်နည်းပညာ လျှို့ဝှက်ရောင်းဝယ်မှု အပါအဝင် မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှု များကို ရပ်ဆိုင်းရန်နှင့် ပြုံးယမ်း၏ နျူးကလီးယား အစီအစဉ်ကြောင့် ကုလသမဂ္ဂက ချမှတ်ထားသော အရေးယူဒဏ်ခတ်မှုများကို လေးစားလိုက်နာရန် မြန်မာ အာဏာပိုင်များကို ကလင်တန်က ဖိအားပေးခဲ့သည်ပာုလည်း သိရှိရသည်။

                မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန် မြန်မာနိုင်ငံက တာဝန်ခံထားမှုနှင့် သက်ဆိုင်သော အာမခံချက်များကို သူမလက်ခံရရှိထားသည်ပာု ကလင်တန်က ပြောကြားသည်။ မြန်မာအစိုးရ၏ မြောက်ကိုရီးယားနှင့် လျို့ဝှက်ဆက်သွယ်မှုသည် နျူကလီးယားအစီအစဉ်အထိ ပါဝင်ပတ်သက် ကျယ်ပြန့်လာခြင်းကို အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

အမေရိကန် တွေ့ထိဆက်ဆံလာမှုကိုဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

              မနှစ်က ရွေးကောက်ပွဲများအပြီး တပ်မတော်အစိုးရက အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အကဲဖြတ်မည့် ဝါရှင်တန်၏ ကြိုးပမ်းမှုကို ထောက်ခံသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

                “မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေပာာ တကယ်လား၊ နောက်ထပ် လှည့်စားဖန်တီးမှုတစ်ခုလားလို့ လူတိုင်းက မေးနေကြပါတယ်” ပာု ဗြိတိန် Chathan House ဉာဏ်ကျယ်အုပ်စုသို့ ပေးပို့သော နှုတ်ခွန်းဆက် ဗီဒီယိုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဘူးသည်။ “အစိုးရအဖွဲ့ထဲမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲလုပ်ချင်သူတွေ တကယ်ရှိနေတယ်လို့ ကျွန်မယုံကြည်ပါတယ်၊ ဒါပာာ ပွင့်လင်းမယ့်အလားအလာလို့ လက်ခံကြည့်ဖို့ စွန့်စား ကြည့် ဖို့ ထိုက်တန်တဲ့ အကြောင်းရင်းပါပဲ” ပာု သူမကဆိုခဲ့သည်။

                သို့သော်လည်း ဗုဒ္ဓပာူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က “တပ်မတော် အားပြုအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်ဆုတ်ခြင်း၊ ရပ်သွားခြင်း မရှိရအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်၍စောင့်ကြည့်ရမည်ဖြစ်ပြီး အကယ်၍ နိုင်ငံရေး လုပ်သူများကို ထပ်မံဖမ်းဆီးပါက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအော်ပာစ်ကြဖို့ လိုကြောင်း” ပြောကြားလိုက်သည်။

                လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးစနစ်အား သပိတ်မှောက်ထားခြင်းကို အဆုံးသတ်ကာ လာမည့်ကြားဖြတ် ရွေးကောက်ပွဲဝင်တော့မည်ပာု အတည်ပြုပြောဆိုထားသည်။

                နိုဝင်ဘာလအတွင်း သမ္မတအိုဘားမားက မြန်မာနိုင်ငံပြောင်းလဲမှု အရိပ်အယောင်မြင်ရပြီပာု ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကလင်တန်၏ ခရီးစဉ် ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ဘာဖြစ်မလဲဆိုသည်မှာ မြန်မာခေါင်းဆောင်များအပေါ်တွင် မူတည်သည်ပာု ကလင်တန်က ဆိုသည်။ “ဒီလို ပြုပြင် ပြောင်းလဲမှု မီးတောက်ပာာ ငြိမ်းသွားနိုင်တယ်လို့ သမိုင်းရာဇဝင်မှာ ကျွန်မတို့ လေ့လာသိရှိထားပါတယ်။ ငြိမ်းအောင် တမင်အဆုံးသတ်ခံရတာမျိုး ရှိလာနိုင် ပါ တယ်။” ပာု ပီာလာရီကလင်တန်က မှတ်ချက်ပေးပြောကြားသည်။

                            *******************************************************************

အမေရိကန်၊ ဗီယက်နမ်နဲ့ ရင်းနှီးလာတဲ့ မြန်မာကြောင့် တရုတ်အပေါ်ဘာများဖြစ်စေမလဲ

(Christian Science Monitor မှ 29 Nov 2011 ရက်စွဲပါ What will happen to China as Burma gets closer with Vietnam, US? ကို ဘာသာ ပြန်ဆိုသည်)

ဆယ်စုနှစ်များစွာကာလအတွင်း မြန်မာနိုင်ငံ၌ ကာကွယ်ရေးဦးစီးချုပ်သစ်တစ်ဦးတက်လာတိုင်း နာရီသံပတ်များ အလုပ်လုပ်သကဲ့သို့ပင် ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်လေ့ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော သံတမန်ရေးရာမဟာမိတ်ဖြစ်ပြီး စီးပွားရေး အရလည်း အကာအကွယ်ပေးနေသည့်နိုင်ငံ ဖြစ်သည်။

သို့သော် ယခုမြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တစ်မူထူးခြားသည်။ ၎င်းသည် မြန်မာကာကွယ်ရေး ဦးစီး ချုပ်တို့ ဦးစွာသွားလေ့သွားထမရှိသောနိုင်ငံသို့ သွားရောက်ပြီးမှ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သည်။ ယင်းနိုင်ငံမှာ ဗီယက်နမ်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းတွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်ပြည်ထောင်စု အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ်သွားရောက်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံး လာရောက် လည်ပတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် မြန်မာနိုင်ငံသို့ ဟီလာရီကလင်တန် ရောက်ရှိနေချိန်တွင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း တရုတ်ပြည်မှပြန်လည် ရောက်ရှိမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဗီယက်နမ်သို့ ဦးစွာပထမသွားရောက်ရန် ရွေးချယ်ရသည့် အကြောင်းမှာ ဗီယက်နမ်သည် ဝါရှင်တန်နှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများတည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ဒေသတွင်း ဦးတည်ချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုတစ်စုံတရာမျှ ဖုံးကွယ် ထားခြင်းမရှိသောကြောင့်ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ ရောက်ရှိသွားချိန်တွင် ဒုတိယသမ္မတ Xi Jinping က ၎င်းအား လှိုက်လှဲစွာပင် ကြိုဆိုခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ခိုင်မာသော ဆက်ဆံရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၌ ဖြစ်ပေါ်လျက်ရှိသော အပြောင်းအလဲများကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း သတိတရဖြစ်စေရန် ပြောဆို ခဲ့သည်။ မြန်မာနိုင်ငံသည် ယခုအခါ ပြောင်းလဲမှုများ၏ အလယ်သို့ရောက်ရှိနေသည့်သဘောတွင် ရှိသည်။ စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သော မြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ ကာလကြာရှည်စွာဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် အကြမ်းဖမ်မှုများကို အဆုံးသတ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပေါ်အလျှော့ပေးလာခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ကာ နိုင်ငံရေးပွင့်လင်းမှုများရှိအောင် စမ်းသပ်လုပ်ကိုင်ခြင်း စသည်တို့ကိုပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ်သို့ရောက်ရှိခဲ့သော မြန်မာနိုင်ငံအတွက် အသက်သွေးကြောသဖွယ် အရေးပါသည့်နိုင်ငံ ဖြစ်သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် စစ်တပ်က ဒီမိုကရေစီ ဆန္ဒပြပွဲများ အပေါ် အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ အရေးယူခဲ့သည့် ကာလများတွင် တရုတ်၏ အခန်းကဏ္ဍကမြန်မာအတွက် အလွန်ပင်အရေးကြီးခဲ့သည်။

"အခု ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံရေးထားရှိချင်ပါတယ်" ဟု လွှတ်တော် နိုင်ငံရေးတွင် သြဇာအာဏာကြီးမားသူ လည်းဖြစ်ပြီး ယခင်စစ်အစိုးရအဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သူ သူရဦးရွှေမန်းက သတင်းထောက်များကိုပြောကြားသည်။ မြန်မာအစိုးရ၏ နိုင်ငံခြား ရေးမူဝါဒသည် နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဟူသည့် သဘောတရားတွင် အခြေခံထားခြင်းဖြစ်ကြောင်း၊ မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်လာချိန်တွင် တရုတ်နှင့် မြန်မာဆက်ဆံရေးဆိုးရွားလာနိုင်စရာအကြောင်း မရှိပါကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ သဘောထားကိုကြည့်လျှင် ပထဝီအနေအထားအရ လွန်စွာအကဲဆတ်သည့် သဘောတွင်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ကျင့် သုံးခဲ့သည့် ဘက်မလိုက်သော နိုင်ငံရေးမူဝါဒကို ပြန်လည်ကျင့်သုံးလာပြီဖြစ်သည်။ မြန်မာသည် အာရှအင်အားကြီး တရုတ်နှင့် အိန္ဒိယကြားတွင် ညပ်လျက် ရှိပြီး အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံကလည်း ဘေးဘက်တွင်ကပ်လျက်ရှိသည်။ နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ပြုလုပ်လာ သည့် အချိန်မှစ၍ မြန်မာအနေဖြင့် တရုတ်နိုင်ငံမှတစ်ပါး တခြားမှီခိုအားထားစရာမရှိသည့် အနေအထားသို့ ရောက်လာခဲ့သည်။ ကုန်သွယ်ရေး၊ စစ်လက်နက် တပ်ဆင်ရေး၊ ကုလသမဂ္ဂ၌ သံတမန်ရေးရာအထောက်အပံ့ရရှိရေး အစရှိသည် တို့အတွက် တရုတ်နိုင်ငံကိုသာမှီခိုအားထားခဲ့ရသည်။

တရုတ်နိုင်ငံမှ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံခန့်ရှိပြီး မြန်မာ နိုင်ငံတွင်း တရုတ်နိုင်ငံသားထောင်ပေါင်းများစွာ ဝင်ရောက်နေထိုင်လျက်ရှိသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ စစ်အစိုးရအာဏာ မလွှဲပြောင်း ပေးခင် အချိန်ကာလကတည်းကပင် မျိုးချစ်မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရသည့် အရိပ်လက္ခဏာများတွေ့မြင်ခဲ့ရသည်။ ယခု စစ်ယူနီဖောင်း ချွတ်ကာ အရပ်သားဝတ်စုံဝတ်ထားသည့် မြန်မာခေါင်းဆောင်သစ်များက သိသားထူးခြားသောနည်းလမ်းများကို သုံးကာ တရုတ်နိုင်ငံကို လုံးလုံးလျားလျား မှီခိုအားထားနေရမှုမှ ရုန်းထွက်ပြခဲ့သည်။ အထူးခြားဆုံးလုပ်ရပ်တစ်ခုမှာ တရုတ် ကျောထောက်နောက်ခံ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ကို ရပ်တန့်မည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ ယင်းမြစ်ဆုံ စီမံကိန်းကို တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံကာ တည်ဆောက် နေခြင်းဖြစ်ပြီး စီမံကိန်း ပြီးဆုံးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် သွယ်တန်းမည် ဖြစ်သည်။

***********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs