Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဖွံ့ဖြိုးရေးအကူအညီ အကူအညီများ ပိုမိုလာခဲ့

**********************************************************************************

ဆောင်းပါးကဏ္ဍ

ဖွံ့ဖြိုးရေးအကူအညီ အကူအညီများ ပိုမိုလာခဲ့

ဦးသိန်းစိန်အစိုးရနှင့် လွှတ်တော်တွင်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်သော လူအနည်းငယ်ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ မြန်မြန်သွက်သွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ယခုလို အသွင်ကူးပြောင်းရေး အခါကာလတွင် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သံသယဖြင့် စောင့်ကြည့်အကဲခေတ်မှုများ တဖြည်းဖြည်း အရည်ပျော်စပြုလာသည့် အချိန်အခါလည်း ဖြစ်သည်။ ထိုအတွက်ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်မားလာစေရန် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးတရားဝင်အကူအညီများ (Official Development Aid) ပေးအပ်မှုများကို ယခင်ထက်ပိုမိုလာခဲ့ပါသည်။ ရွှေဝါရောင်သံဃာ့ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီအများဆုံး ပေးခဲ့သည့် ဂျပန်နိုင်ငံမှာ အပြည့်အဝပေးနေမြဲဖြစ်သော အကူအညီများကိုရပ်နားကာ ယင်းမှ တစ်စိတ်တစ်ပိုင်းသာ ပေးအပ်ရန်ဆုံးဖြတ်ခဲ့ပြီး ယခုမှ တဖန် ယခင်အတိုင်း အပြည့်အဝအကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာခဲ့သည်။ ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရန် ကလင်တန် လာရောက်သည့်အခါမှာလည်း အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအားကျေးလက်ဒေသဖွံ့ဖြိုးရန် ရည်သန်၍ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေအားနှင့် နည်းစနစ်များပေးအပ်ဖို့ရှိကြောင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့် အင်ဂျင်နီယာပညာရပ်များအတွက် အမေရိကန် John Hopkin တက္ကသိုလ်တွင် သွားရောက် ပညာသင်ကြားနိုင်ရန် ပညာသင်ဆုများ ပေးအပ်သွားများဖြစ်ကြောင်း ကတိပြု ပြောသွားခဲ့သည်။

လက်ခံသည့်နိုင်ငံ၏ အရပ်ရပ်အခြေအနေ

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ယခုရင်ဆိုင်ကြုံတွေ့နေရသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဲ့သို့ ပြဿနာ အရပ်ရပ်ကို နိုင်ငံတော်၏ ဘတ်ဂျက်တစ်ခုတည်း တာဝန်ယူဖြေရှင်းဖို့ရန်ငှာ မစွမ်းသာပေ။ ထို့ကြောင့် နိုင်ငံတကာမှ အကူအညီ ရယူရေးမှာ ခေတ်မီ ဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာဖို့ အရေးကြီးသည့်အခန်းကဏ္ဍမှ ထည့်သွင်းစဉ်းစားလာရသည့် အချက်ဖြစ်သည်။ သို့နှင့် လှူဒါန်းသည့်နိုင်ငံမှ လက်ခံသည့် နိုင်ငံအား နိုင်ငံတကာ အကူအညီများ ပေးအပ်ရာတွင် ယင်းနိုင်ငံ၏ အဖွဲ့အစည်းဆိုင်ရာအရည်အသွေး (Institutional Capcity)၊ မူဝါဒချမှတ်နိုင်စွမ်း (Policy Capacity)နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ(Operational Situation) အစရှိသည်တို့ကို လေ့လာအကဲဖြတ် ကြသည်။ ထိုသို့ဆိုလျှင် မေးစရာရှိလာသည့်မေးခွန်းမှာ မြန်မာနိုင်ငံမှာရောအထက်ပါ အရည်အသွေး များ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေများအသင့်ရှိနေပြီလောဟူ၍ ပင်ဖြစ်သည်။

အစိုးရသစ်၏မူဝါဒနှစ်ခု

အစိုးရသစ်တက်လာပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်မှ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကချမှတ်ခဲ့သည့် မူဝါဒနှစ်ခုမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ ဖြစ်သည်။ အစိုးရမှလည်းယင်းမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစားချေးငွေ ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပြီးရုံမျှမက မြေယာပိုင်ဆိုင်ခွင့်ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်၏သဘောတူညီမှုကို ရယူဖို့ ကြိုးစားနေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင်နေထိုင်ပြီး နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်မှုဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ယင်းနှင့် ဆက်စပ် သည့် လုပ်ငန်းများကိုသာ လုပ်ကိုင်ကြသည်။ အစိုးရကသာ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက်ကို မက်လုံးများပေးအပ်နိုင်ပါက တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ် မည့်သူများယခင်ကထက်ပိုမိုလာမည်ဖြစ်သည်။ ထိုကြောင့် အသေးစားချေးငွေနှင့် ပုဂ္ဂလိကလယ်ယာပိုင်ဆိုင်ခွင့် ဥပဒေများမှာ နိုင်ငံ၏ GDP မြင့်မားရေးအတွက် အဓိကအရေးကြီးသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာများ ဖြစ်လာသည်။ထိုအတွက်ကြောင့် နိုင်ငံတကာမှ အသေးစားချေးငွေလုပ်ငန်းများ ဖြစ်ထွန်းရေးအတွက် အကူအညီများ လိုလိုလားလားနှင့် ပေးအပ်လိုခြင်းဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသတွင် ပညာရေးကဏ္ဍမြှင့်တင်ခြင်းနှင့် ကျန်းမာရေးစနစ်ကောင်းများရှိခြင်းသည်လည်း ကုန်ထုတ်လုပ်မှု တိုးတက်မှုကိုဖြစ်ပေါ်စေမှာ ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းသွားမှာ ဖြစ်သည်။

ငြိမ်းချမ်းရေးတွင်လည်း

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည့် များစွာဆက်စပ်လျက်ရှိသည့် အရာပင်ဖြစ်သည်။ ငြိမ်းချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မည်၊ ငြိမ်းချမ်းမှုမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပေ။ (No peace, No development) ထိုအတွက်ကြောင့် နိုင်ငံ၏ တာဝန်ရှိပုဂ္ဂိုလ်များက ပြည်တွင်းငြိမ်းချမ်းမှုရရှိရန် အလေးထားကြိုးစားလာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းမှုလုပ်ငန်းစဉ်တွင်လည်း နိုင်ငံတကာမှ အကူအညီများမှာ အထူးအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်သာဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးကိုအကောင် အထည်ဖော်ဆောင်ရွက်သည့် cazer တစ်ဦး ဖြစ်သူ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာအကူအညီ၏ အရေးပါပုံကိုအင်တာဗျူးတစ်ခု၌ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးနဲ့ ပြောရရင် နိုင်ငံတကာအကူအညီလိုပါတယ်။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေး အပိုင်းတွေမှာပေါ့။ မြေ မြှုပ်မိုင်းတွေ ရှင်းလင်းရေးမှသည် အဲဒီဒေသကိုဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဆုံးပေါ့။ အဲဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထာဝရငြိမ်းချမ်းရေးသဘော တည်ဆောက်မှာ ဖြစ်တဲ့အတွက် ရန်ပုံငွေများစွာ လိုအပ်ပါတယ်။ နိုင်ငံတကာအလှူငွေမပါဘဲ ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင် ပါဘူး။ မြေမြှုပ်မိုင်းရှင်းလင်းရေး အလုပ်တစ်ခုတည်းတင် ဒေါ်လာသန်းပေါင်းများစွာလိုအပ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံမှာအခုရှိနေတဲ့ 3D Fundလို၊ LIFT လို ငွေပဒေသာပင်တွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေနဲ့ Reconciliation ဖြစ်စေချင်တယ်လို့ ပြောနေတဲ့ နိုင်ငံ အားလုံး ပါဝင်ထည့်ဝင်ကြဖို့ မျှော်လင့်ပါတယ်” ဟူ၍ ပြော ကြားသွားခဲ့ပါသည်။

အကြိမ်ကြိမ်ကစားရမည့် ဂိမ်း

ထိုသို့ နိုင်ငံတကာအကူအညီများ ပေးအပ်ရာတွင် ဦးသိန်းစိန်အစိုးရမှ တာဝန်ယူမှုရှိသည့် စနစ်တကျ ပူးပေါင်းအကောင်အထည်ဖော်ရမှသာ ထိရောက်မှုရှိမည်ဖြစ်သည်။  အထူးသဖြင့် အစိုးရဗျူရိုကရေစီထက်မြက်ရေးနှင့် အကျင့်ပျက်ခြစားမှု လျော့ချရေးတို့ပင်ဖြစ်သည်။ အစိုးရမှ အဆိုပါ ကိစ္စရပ်များကို ပူးပေါင်းအကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပါက အကူအညီများမှာထိရောက်မှု ရှိမည်မဟုတ်ပါ။ ဘောဂဗေဒစကား နှင့်ဆိုရလျှင်မူ Principle – agent problem ဖြစ်ပေါ်လာမည်ဖြစ်သည်။ အကူအညီပေးအပ်သည့်နိုင်ငံ (Principle)၏ ဘဏ္ဍရေး၊ နည်းစနစ်အစရှိသည်တို့ကို လက်ခံ သည့်နိုင်ငံ (agent) မှ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် ပျက်ကွက်မှုမျိုးဖြစ်သည်။ ပေးအပ်သည့်နိုင်ငံမှလည်း လက်ခံသည့်နိုင်ငံ ရင်ဆိုင် ကြုံတွေ့နေရသည် ပြဿနာကိုဖြေရှင်းပေးခြင်း ဖြစ်သလို ယင်းသို့ ပေးအပ်လိုက်ခြင်းအတွက် ၎င်းတို့နိုင်ငံ၏ ကိုယ်ကျိုးစီးပွားလည်း ဖြစ်ထွန်းမှာ ဖြစ်သည်။ လက်ခံသည့်နိုင်ငံမှလည်း မိမိတို့နိုင်ငံ ကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နှစ်ဦးနှစ်ဘက် အမြင့်ဆုံးအကျိုးအမြတ် ဖြစ်ထွန်းအောင် ကစားရသည် ဖြစ်ရာ ဖွံ့ဖြိုးရေးအကူအညီများသည် လက်ခံသည့်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု မရရှိမခြင်း အကြိမ်ကြိမ်ကြုံတွေ့ရနိုင်သည့် ဂိမ်းတစ်ခုပင်ဖြစ်သည်။

***************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၃.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်ပြုလုပ်မည်
  1. မ.ထ.သ နာမည်ပြောင်း၍ လုပ်ကိုင်မည်
  2. ကုမ္ပဏီမှတ်ပုံတင်သက်တမ်း ၂ နှစ်မှ ၃ နှစ်သို့ တိုးမြှင့်ပေးပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် နီးကပ်လာပာု လွှတ်တော်ဥက္ကဋ္ဌ ဆို
  2. ပိုလန်နိုင်ငံသို့ NLD လူငယ်များ ပထမအကြိမ် သွားရောက်လေ့လာ
  3. ချင်းတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်းမှ ယှဉ်ပြိုင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************************************************************************

ပြည်တွင်းသတင်းများ

တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်ပြုလုပ်မည်

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်များ တည် ဆောက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့၏ လူနေမှုဘဝ တိုးတက်ရေးမြင့်မားလာနိုင်မည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မူဆယ်မြို့နှင့် ရွှေလီမြို့တို့ကို  နယ်စပ်ဖြတ်ကျော် အထူးစီးပွားရေးဇုန်နှင့် ချစ်ကြည်ရေးမြို့တော်များအဖြစ် သတ်မှတ်နိုင်တော့မည် ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် လုပ်ငန်းဆောင်တာကိစ္စရပ်ဆိုင်ရာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ကို မကြာမီ အချိန်တွင် ရေးထိုးတော့မည်ဖြစ်ကြောင်း သိရသည်။

၎င်း သဘောတူညီချက်လက်မှတ်၌ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ၏ နယ်စပ်ဒေသ ဖြတ်သန်းသွားလာမှုများတွင် ပိုမိုလွတ်လပ်လွယ်ကူစွာ သွားလာနိုင်ရေး ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို ဘားအံနှင့် မြဝတီနယ်စပ်မြို့များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြားနယ်စပ်ဒေသများတွင်ပါ အကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားလူနေမှု ဘဝမြင့်သွားစေနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာနေသူ တစ်ဦးက ပြောကြားခဲ့သည်။

YC

 -----------------------------------------------------------------------------------------------------------------------------------

မ.ထ.သ နာမည်ပြောင်း၍ လုပ်ကိုင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီအား ရန်ကုန် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်းအဖြစ် နာမည်ပြောင်းလဲပြင်ဆင်လုပ်ကိုင်ခွင့်ပြုရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းရာ၌ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိမ်းသိမ်းရေးကော်မတီအား မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ-၂၆ နောက်ဆက်တွဲ(က)အရ  “ အမြတ်အစွန်းရရှိရေးအတွက်မပာုတ်သော အသင်းအဖွဲ့များ” ပါ အချက်အလက်များဖြင့် “ရန်ကုန်သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်း” အဖြစ် ဖွဲ့စည်းသွားမည် ဖြစ် ကြောင်း သိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီအား နာမည်နှင့် လုပ်ပိုင်ခွင့်အချို့ ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းရန် သက်ဆိုင်ရာသို့ တင်ပြရခြင်းမှာ ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူများအတွက် အကျိုးပြုနိုင်ရန်နှင့် နေ့စဉ်ခရီးသွားလာနေသူများအတွက် စိတ်ကြိုက် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ပြင်ဆင်ဖွဲ့စည်းလိုက်မည့် ရန်ကုန်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအသင်းကို ပုဂ္ဂလိကပုံစံ စီးပွားရေးစနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီထူထောင်နေသည့် ကာလဖြစ်သည့် (မ.ထ.သ)ကိုလည်း ခေတ်နှင့်အညီ လိုက်လျောညီထွေမှုဖြစ်စေရန် ပြောင်းလဲ လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ လက်အောက်ရှိ ယာဉ်လိုင်း (၁၇) လိုင်းသည် နေ့စဉ် ယာဉ်စီး ရေ ၈၀၀၀ ကျော်ဖြင့် ရန်ကုန်မြို့နေ ပြည်သူများအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------------------------

ကုမ္ပဏီမှတ်ပုံတင်သက်တမ်း ၂ နှစ်မှ ၃ နှစ်သို့ တိုးမြှင့်ပေး

ပြည်တွင်းရှိကုမ္ပဏီများ လုပ်ငန်းလုပ်ဆောင်ရာတွင် လုပ်ငန်းကန့်သတ်ချက်အချို့ ဖြေလျော့ပေးခဲ့သည့်အပြင် ကုမ္ပဏီဖွဲ့စည်းပုံ မှတ်ပုံတင်မှု များတွင်လည်း ကုမ္ပဏီသက်တမ်း ၂ နှစ်မှ ၃ နှစ်သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ စီးပွားရေးကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ အတွက် မလိုလားအပ်သည့်အခက်အခဲများ ကြုံတွေ့ရခြင်းမရှိနိုင်စေရန် ကုမ္ပဏီ မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ရာတွင် လုပ်ငန်းရည်ရွယ်ချက် ရွေးချယ် ရသည့် ကန့်သတ်ချက်များကို နိုင်ငံတော်က ဖြေလျော့ပေးလိုက်ပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“အခုလို ပြည်တွင်းက ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေပေးခဲ့တဲ့အပြင် မှတ်ပုံတင်သက်တမ်းတွေကိုလည်း တိုးမြှင့်ပေးတာကို ကြိုဆိုပါတယ်။ လုပ်ငန်းရှင်တွေအတွက်တော့ ဝမ်းသာစရာပေါ့ဗျာ။”ပာု စီးပွားရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ကုမ္ပဏီများ မှတ်ပုံတင်သက်တမ်း တိုးမြှင့်ရာတွင် ၂ နှစ်လျှင် တစ်ကြိမ်ပြုလုပ်ရပြီး အမြတ်ခွန်ဆောင်ခြင်းကို တစ်နှစ်လျှင် ၂ ကြိမ် ပေးဆောင်ရကြောင်း သိရသည်။ သို့သော် ကုမ္ပဏီစာရွက်စာတမ်း အထောက်အထားပြည့်စုံမှု အားနည်းပါက ပြည်တွင်းကုမ္ပဏီ လုပ်ပိုင်ခွင့်ကို ခြောက်လသာ ယာယီလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင် ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ခြင်းကို လုပ်ငန်းအမျိုးအစားအလိုက် ကန့်သတ်ထားခဲ့ပြီး ရောင်းဝယ်ရေး လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခုအနက် နှစ်သက်ရာ  ၅ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၁ ခုအနက် နှစ်သက်ရာ ၅ ခု၊ စက်မှု ထုတ်လုပ်မှုလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခုအနက် နှစ်သက်ရာ ၄ ခုကို ရွေးချယ်ခဲ့ရကြောင်း သိရသည်။

Ref:Messenger

 

**********************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် နီးကပ်လာပာု လွှတ်တော်ဥက္ကဋ္ဌ ဆို

မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးနိုင်ရန် ယခင်ထက် ပိုမိုနီးကပ် လာပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံး ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်း အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ‘နိုင်ငံရေးအကျဉ်းသား’ ဆိုသည့်ဝေါပာာရနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသွားခဲ့ပြီး ၎င်းအကျဉ်းသားများ လွတ်ရန်နေ့ရက်မှာ နီးကပ်လာပြီဖြစ်သော်လည်း မိမိမှာ အခြားကန့်သတ်ချတ်များကြောင့် အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများတွင် မည်သူ့ကိုလွှတ်ပေးစေချင်ကြောင်း၊ မည်သည့်အတွက်ကြောင့် လွှတ်ပေးစေချင် ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းသို့ မေးမြန်းခဲ့ဘူးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

“ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား စသဖြင့်ပေါ့ ဒီကိစ္စတွေကွဲလွဲနေတဲ့ စကားအခြေအတင်ပြောတဲ့အချိန်မှာ မိမိပြောခဲ့တာ ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းများကို ဒီစကားတွေပာာ ရှုပ်ထွေးနိုင်တယ်။ ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ။ ဘာကြောင့် လွှတ်ပေးချင်တာလဲ အကြောင်း အရာ ဖော်ပြပြီးပြောပါလို့ ဒီလိုပြောခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနက ယုံကြည်ချက်ကြောင့်တို့ နိုင်ငံရေးကြောင့်တို့ အကျဉ်းကျခံထားတယ်ဆိုတဲ့ အစား မိမိတို့ကလည်း တိတိကျကျ ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ ဘာကြောင့်လဲဆိုတာ ပြောပါလို့ ပြောထားပါတယ်” ပာု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၏ သမ္မတအစိုးရသစ်လက်ထက်တွင် ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ ရက်နေ့တွင် ထောင်အသီးသီးမှ အကျဉ်းသား ၁၄၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို အောက်တိုဘာလ ၁၂ ရက် နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီး ထောင်အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရ သည်။

                                                                                                                                                      YC

-----------------------------------------------------------------------------------------------------------------------------------

ပိုလန်နိုင်ငံသို့ NLD လူငယ်များ ပထမအကြိမ် သွားရောက်လေ့လာ

ပိုလန်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လူငယ်များ သွားရောက်လေ့လာနေကြောင်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အဲဒီခရီးစဉ်ကို ဒေါ်စုက အရမ်းစိတ်ဝင်စားလို့ အချိန်နဲ့တပြေးညီ Report တင်ပေးနေရတယ်” ဟု NLD ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားသည်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရသွားရောက်သော အဆိုပါခရီးစဉ်သည် ပိုလန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့ဆုံစဉ် အဆိုပါလေ့လာရေးခရီးစဉ်ကို စီစဉ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သို့ NLD လူငယ် ၈ဦး လိုက်ပါခွင့်ရရှိပြီး တစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လေ့လာရေးရောက်ရှိလာသော NLD လူငယ်များကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ပြီး လေဆိပ်၌ပင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“သူတို့တွေ ဒီမိုကရေစီနိုင်ငံကို ဘယ်လိုတည်ဆောက်ခဲ့ကြတယ်ဆိုတဲ့ အတွေ့အကြုံတွေကို အဲဒီမှာလေ့လာပြီး ဒီကိုပြန်လာရင် အသုံးချနိုင်ဖို့ လေ့လာသွားမယ်” ဟု ယင်းခရီးစဉ်တွင်လိုက်ပါသွားသူ ကိုညီညီက ပြောကြားသည်။

ပိုလန်နိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီ နိုင်ငံရေးစနစ်သို့ ကူးပြောင်းနိုင်ခဲ့သည့် အတွေ့အကြုံများအပြင် ယင်းအချိန်က ပိုလန်ပြည်သူများ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုအကြောင်းကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုလန်နိုင်ငံမြို့တော်ဖြစ်သော ဝါဆောမြို့သိုရောက်ရှိနေသော NLD လူငယ်များသည် ပိုလန်အုပ်ချုပ်ရေးစနစ်နှင့် ပညာရေးစနစ်များကိုလည်း လေ့လာခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်ကဲ့သို့သော ပြည်ပနိုင်ငံလေ့လာရေးခရီးစဉ်များကို ဆက်လက်ပြီးလုပ်ဆောင်ပေးသွားရန် အစီစဉ်ရှိကြောင်း NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

NLD ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပြန်လည်တည်ဆောက်ရေး ပြုလုပ်နေချိန်တွင် မျိုးဆက်သစ် NLD လူငယ်များကို ပိုမိုဦးစားပေးလာကြောင်းသိရသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

ချင်းတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်းမှ ယှဉ်ပြိုင်မည်

ယခုလာမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီသည် ဒဂုံ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် ခြောက်ခုရှိပြီး  ချင်းတိုးတက်ရေးပါတီအနေဖြင့် ချင်းတိုင်းရင်းသားများ အများဆုံးနေထိုင် လျက်ရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားခြင်းဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စား လှယ် လေးဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးအနိုင်ရရှိထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်တွင်း ကိုယ်စားလှယ်လစ်လပ်မဲဆန္ဒနယ်ခြောက်ခုမှာ မရမ်းကုန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ပင်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိကြောင်း သိရသည်။

                                                                                                                            Ref:ရန်ကုန်တိုင်းမ်

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ၃ ချက်ရှိတယ်။ ပထမအချက်ကတော့ နိုင်ငံတော်လုံလုံခြုံခြုံနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိဖို့လိုတယ်။ ဒုတိယအချက်ကတော့ စီးပွားရေးအရေးကြီးပါတယ်။ စီးပွားရေးတိုးတက်ဖို့၊ စီးပွားရေးတောင့်တင်းဖို့ လိုပါတယ်၊ တတိယအချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ လူတွေဟာပညာတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမျိုးတွေရဲ့ ပညာရေးအဆင့်အတန်း မြင့်မား လာအောင် လုပ်ဖို့ရှိပါတယ်”

ဒီဇင်ဘာ ၁၂ ထုတ် The Messengerအတွဲ (၂) အမှတ် (၃၀) တွင်ပါသည့် “နိုင်ငံတော်သမ္မတတွင် အကြံပေးအဖွဲ့များဖြင့် ဖွဲ့စည်း ဆောင်ရွက်နေသော်လည်း ပညာရေးကဏ္ဍ ကျန်ရှိနေ” သတင်းမှ နိုင်ငံတော်သမ္မ တဦးသိန်းစိန် အင်ဒိုနီးရှား ဘာလီကျွန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီကိစ္စသွားမယ်ဆိုရင် ကော်မရှင်သို့ အကြောင်းကြားဖို့ စာပို့ဖို့ထပ်ညွှန်ကြားထားတယ် ပြောပါတယ်။ စာတော့ပို့ထားပြီးပြီ။ အရင်ကလဲ ဒီလိုညွှန်ကြားထားတာမျိုးရှိပါတယ်။ အခုကတော့ပိုပြီး ချုပ်လိုက်တဲ့ သဘောပဲလို့ထင်တယ်။ အခုကကော်မရှင်အနေနဲ့ အသိပေးတာ ပေါ့နော်။ ဘယ်သွားသွား ကော်မရှင်ကို အသိပေးပါ ဆိုတာမျိုးပေါ့”

ဒီဇင်ဘာ ၁၃ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၈) တွင်ပါသည့် “ပါတီဝင်များပါတီကိစ္စဖြင့် ခရီးသွားလိုပါက ကော်မရှင်သို့ အကြောင်းကြားရမည်” သတင်းမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီအထွေထွေ အတွင်းရေးမှူး ဦးတင်မောင်အေး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်လို့ Public Health ပြည်သူ့ကျန်းမာရေးနဲ့ Engineering စက်မှုအင်ဂျင်နီယာ ပညာဆိုင်ရာတွေကို ပူးပေါင်း ဆောင်ရွက်ပေးမယ်ဆိုတာပါလို့ ကျောင်းသားလူငယ်တွေ ပညာကိုလိုချင်ရင် လိုသလောက်ယူလို့ရတော့မယ်လို့ မျှော်လင့်နေကြပါတယ်တဲ့။ မြန်မြန် လေးလုပ်ပေးကြဖို့ပဲ လိုပါတော့တယ်တဲ့။ အမှန်တကယ် ပညာတော်တဲ့၊ ပညာလိုချင်တဲ့ လူငယ်တွေအတွက် အားတက်စရာပါပဲတဲ့။ အဲ…. လူကြီး သားသမီးအခွင့်ထူးခံတွေကိုပဲ ဝ,ကွက်လွှတ်ခဲ့ဖူးတဲ့ ခေတ်နောက်ပြန် စားကွက်တွေကိုတော့ လက်လွှတ်လိုက်ကြပါတော့တဲ့။ ‘အကပ်’ မရှိတဲ့သူတွေ ကိုပဲ အခွင့်အလမ်းပေးကြပါတော့တဲ့။ အမေရိကန်တွေကိုပါ တောင်းဆိုပါသတဲ့။ ကိုယ်အသုံးတည့်တဲ့လူကိုပဲ ဆွဲခေါ်တတ်တဲ့ အကျင့်တွေကို လက် လွှတ်လိုက်ကြပါတော့တဲ့ခင်ဗျ။ ‘အကွက်’ ကောင်းလေးတွေပေါ်လာတိုင်း ‘ဆည်ဝကစောင့်စားတဲ့ဗျိုင်း’ လို လူ တစ်စုကတော့ ခေတ်အဆက်ဆက်မှာ မျက်နှာပြောင်ကြလွန်းလို့ ပြောရတာပါတဲ့ဗျာ”

ဒီဇင်ဘာ ၁၂ ထုတ် Favourite News Weekly အတွဲ (၃) အမှတ် (၁၂၈) တွင်ပါသည့် ဆောင်းပါးရှင် ဖိုးသော ကြာ (ခေတ်+မိုး) ၏ “သတင်းနှင့် ဂယက်” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs