Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာတွင် ရေနံတူးဖော် လုပ်ပိုင်ခွင့်ရရန် ထိုင်းကြိုးပမ်း

(Reuters သတင်းဌာနမှ 14 Dec 2011 ရက်စွဲပါ Thailand seeks Myanmar petroleum exploration rights ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်း  တရုတ်အရေးပါမှု အားနည်းအောင် မလုပ်လိုပာု အမေရိကန်ပြော

(13 Dec 2011 ရက်စွဲပါ Reuters မှ Ben Bianchard ရေးသားသော US says does not want to undermine China Stake in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. ဥဇဘတ်ကစ္စတန်မှ လူ့အခွင့်အရေးညှင်းပန်းမှုများကို အနောက် လစ်လျူရှု

(BBC News မှ 13 Dec 2011 ရက်စွဲပါ “Human Rights Watch: West’s ignores Uzbekistan abuses” သတင်းကို ဘာသာပြန်ဆိုသည်)

*******************************************************************************************************

မြန်မာတွင် ရေနံတူးဖော် လုပ်ပိုင်ခွင့်ရရန် ထိုင်းကြိုးပမ်း

(Reuters သတင်းဌာနမှ 14 Dec 2011 ရက်စွဲပါ Thailand seeks Myanmar petroleum exploration rights ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ ထိပ်တန်းစွမ်းအင်ကုမ္ပဏီကြီးဖြစ်သော PTT Pcl အနေဖြင့် မြန်မာနိုင်ငံတွင်း ရေနံတူးဖော်ရှာဖွေရေးလုပ်ကွက်များ ပိုမိုရရှိရေး အတွက် မြန်မာအစိုးရနှင့်ဆွေးနွေးညှိနှိုင်းသွားရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိကြောင်း စွမ်အင်ဝန်ကြီး Pichai Naripthanphan က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။ စွမ်းအင်ဝန်ကြီး Pichai Nariphanphan အနေဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့သွားရောက်ကာ အဆိုပါကိစ္စကို ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံပိုင်စွမ်းအင်ကုမ္မဏီအုပ်စုကြီးဖြစ်သော PTT သည် မြန်မာနိုင်ငံရှိ ကမ်းလွန်နှင့်ကုန်းတွင်း ရေနံတူးဖော်ရေးလုပ်ကွက်သုံးခုတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်းထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း ၎င်းကသတင်းထောက်များကိုပြောကြားသည်။ ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက် နှစ်ခုမှာ MD7 နှင့် MD8 တို့ဖြစ်သည်။

"မြန်မာနိုင်ငံမှ လုပ်ကွက်သုံးခုမှာ ရင်းနှီးမြှုပ်နှံဖို့ PTT ကုမ္ပဏီအုပ်စုက စိတ်ဝင်စားနေပါတယ်။ အဲဒီကိစ္စအပေါ် မြန်မာအစိုးရအနေနဲ့ ထည့်သွင်း စဉ်းစားစေချင်ပါတယ်။ နှစ်နိုင်ငံစလုံးအကျိုးအမြတ်ဖြစ်ထွန်းစေမယ့်ကိစ္စလည်းဖြစ်ပါတယ်" ဟု ဝန်ကြီး Pichai Nariphanphan ကပြောကြားသည်။

PTT ၏ စရိတ်ထောက်ပံ့မှုရယူထားသော PTT Exploration and Production Pcl(PTTEP) က မြန်မာအစိုးရက လုပ်ကိုင်ခွင့်ပေးမည့် လုပ်ကွက်ပေါင်း ၁၈ ခုမှ ၂ ခု သို့မဟုတ် ၃ ခု၌ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ PTTEP သည် PTT ၏ ရေနံတူးဖော်ရှာဖွေရေးလုပ်ငန်းတွင် အဓိကအခရာကျသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းပေါင်း ၄၀ ခန့် လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် PTTEP ၏ စီမံကိန်း ၄ ခုရှိပြီး ရေတံခွန်နှင့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းများ၌ မိတ်ဖက်လုပ်ငန်းငယ် တစ်ခုအဖြစ် ပါဝင်ထားသည်။

မြန်မာနိုင်ငံမှထွက်ရှိသောသဘာဝဓာတ်ငွေ့များ၏ ၃၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကအဓိကဝယ်ယူသုံးစွဲလျက်ရှိပြီး အများစုမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အခန်းဏ္ဍ အတွက်ဖြစ်ကြောင်းသိရသည်။

****************************************************************************

မြန်မာနိုင်ငံတွင်း  တရုတ်အရေးပါမှု အားနည်းအောင် မလုပ်လိုပာု အမေရိကန်ပြော

(13 Dec 2011 ရက်စွဲပါ Reuters မှ Ben Bianchard ရေးသားသော US says does not want to undermine China Stake in Myanmar ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုအနေဖြင့် တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်ခဲ့သော အရှေ့တောင်အာရှနိုင်ငံအပေါ် ဆက်ဆံ ရေး ကောင်းမွန်လာခြင်းသည် တရုတ်၏ မြန်မာနိုင်ငံတွင် အရေးပါမှုကို အားနည်းအောင်ပြုလုပ်ရန် မပာုတ်ကြောင်း အမေရိကန်ကိုယ်စားလှယ်က အင်္ဂါနေ့ကပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ ယခုလသမိုင်းဝင်ခရီးစဉ်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ အရပ်သားအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် နှင့် နိုင်ငံတကာနှင့် ပြန်လည်ဆက်ဆံရန် ကတိများကြားခဲ့ရသည်။

သမ္မတအိုဘားမားသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးချဲ့ရေးတံခါးဖွင့်ရန်ဆုံးဖြတ်ခဲ့ပြီး၊ တရုတ်နှင့်အတွဲညီသော အပယ်ခံ စစ်အာဏာရှင်အစိုးရအဖြစ်မှ တိုးတက်မှုအတွက် အလားအလာများ တွေ့ရသည်ပာု ၎င်းကပြောခဲ့ပြီးနောက် ကလင်တန်၏ ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်(Derek Mitchell) သည် ၎င်း၏ ဘေဂျင်းအကျဉ်းရုံး ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ခြင်းသည် တရုတ်နှင့် အားကောင်းသော ဆက်ဆံရေးကို အားနည်းအောင်ပြုလုပ်ရန် မရည်ရွယ်ကြောင်း ပါဝင်ခဲ့သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကြောင့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု တွေ ရည်ရွယ်ချက်မရှိပါဘူး။ ဘယ်နိုင်ငံကမှ ပေးဆပ်ဖို့မပာုတ်ပါဘူး” ပာု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာစေဖို့ အမေရိကန်က ထည့်မစဉ်းစားပါဘူး” ပာု ၎င်းက ပြောသည်။ “တရုတ်နဲ့ မြန်မာနိုင်ငံပာာ သမိုင်းကြောင်း အရှည်ကြီး ရှိခဲ့သလို ရှည်လျားတဲ့ နယ်စပ်လည်း ထိစပ်နေပါတယ်။ အတိတ်မှာ နက်ရှိုင်းတဲ့ စီးပွားရေးဆက်ဆံမှုရှိခဲ့တဲ့အတွက် သူတို့ရဲ့ အနာဂါတ်ကို သူတို့ပဲဆုံးဖြတ်ရမှာပါ” ပာု ဒဲရက်မစ်ချယ်က ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာအစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုက အရေးယူမှုများ တဖြည်းဖြည်း ဖြေလျော့၍ ရုတ်သိမ်းသွားရန် မျှော်လင့်လျက်ရှိသည်။

အာရှတွင် အမေရိကန်ဆက်ဆံရေးတိုးမြှင့်ခြင်း

ဝါရှင်တန်အတွက် ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် အိုဘားမား၏ ဆုံးဖြတ်ချက်ဖြစ်သော အာရှတွင် အမေရိကန်ဆက်ဆံရေး တိုးမြှင့်ရန်နှင့် တရုတ်၏ လျင်မြန်စွာ တိုးတက်နေသော စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရန်ကိစ္စကို အလေးအနက် ထားခြင်းပင်ဖြစ်သည်။

မစ်ချယ်က ဆက်လက်ပြောကြားရာတွင် ၎င်းနှင့် တရုတ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် မြန်မာပြည်သူ များ၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်၍ အတူတကွ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများအပေါ် မည်သို့စဉ်းစားတွေ့မြင်မှု ရှိမရှိ သဘောထားကို သိရှိလိုသည်ပာု ပြောခဲ့သည်။

ဟီလာရီက သူမ၏ခရီးစဉ်အတွင်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဒီမိုကရေစီအရေး ဖိနှိပ်မှုများကြောင့် ချမှတ်ထားသော အရေးယူမှုများကို ပြုလုပ်ပြောင်းလဲရေးလုပ်ဆောင်မှုများ ဆက်လက် လုပ်ဆောင်ပါက ရုတ်သိမ်းပေးသွားမည်ပာု ပါဝင်သည်။ သူမက စစ်တပ်ထောက်ခံသော မြန်မာအရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို ချီးကျူးပြောဆိုခဲ့သည်။ သို့သော် အနောက်နိုင်ငံ အစိုးရများက ညလက်ခံနိုင်သည့် အဆင့်ရောက်အောင် မြန်မာအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်းသတိထား၍နေသည်ကို ဖော်ပြခဲ့သည်။

“အများကြီးသွားရဦးမည်ဆိုတာရှင်းပါတယ်။ အနာဂါတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီးရှိနေပါသေးတယ်။ သူတို့ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီတိုးပေးတာတွေ၊ ဒီလုပ်ငန်း စဉ်မှာ လုပ်ဖော်ကိုင်ဖက်အဖြစ် ပိုမိုပါဝင်လာခြင်းစတာတွေနဲ့ တုန့်ပြန်သွားမှာပါ”ပာု မစ်ချယ်က ဆိုသည်။

အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားခြင်းကြောင့် တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမပာာမိတ်အဖြစ် ထွက်ပေါ်လာပြီး အခြေခံ အဆောက်အဦး လုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

မြန်မာလူထုအတွင်း တရုတ်အပေါ် ကာလရှည်ကြာကပင် မကျေနပ်မှုများပြားခဲ့ရာမှ တရုတ်တို့ ဆောက်လုပ်နေသော မြစ်ဆုံရေလှောင်တမံကို ပြည်သူလူထု၏ ဆန့်ကျင်မှုကြောင့် သမ္မတဦးသိန်းစိန်က စက်တင်ဘာလတွင် ရပ်တန့်ခဲ့ရာ တရုတ်အဖို့ အံ့အားသင့်တုန်လှုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ထိခိုက်ခဲ့ရသည်။

ဒေသတွင်းတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှု ပိုမိုလာမည်ကို တရုတ်တို့အနေဖြင့် စိုးရိမ်နေရာ အထူးသဖြင့် ၎င်းနှင့် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံများတွင် အမေရိကန်သြဇာပိုမည်ကို ပို၍စိုးရိမ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တည်ငြိမ်ရေးသည်လည်း တရုတ်၏ အကျိုးစီးပွားတစ်ခုပင်ဖြစ်နေသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင်းမှ ပြင်းထန်သောဖြစ်ရပ်များ ဖြစ်ပွားခြင်းနှင့် မူးယစ်ဆေးဝါးများ ၎င်း၏ နိုင်ငံတွင်းဝင်လာမည်ကို ကာလရှည်ကြာကပင် စိုးရိမ်ပူပန်ခဲ့၍ ဖြစ်သည်။

********************************************************************************

ဥဇဘတ်ကစ္စတန်မှ လူ့အခွင့်အရေးညှင်းပန်းမှုများကို အနောက် လစ်လျူရှု

(BBC News မှ 13 Dec 2011 ရက်စွဲပါ “Human Rights Watch: West’s ignores Uzbekistan abuses” သတင်းကို ဘာသာပြန်ဆိုသည်)

အနောက်နိုင်ငံ အစိုးရများသည် ဥဇဘတ်ကစ္စတန်နိုင်ငံနှင့် နီးစပ်မှုရအောင်ကြိုးစားနေကြခြင်းကြောင့် ထိုနိုင်ငံမှ လူ့အခွင့်အရေးညှင်းပန်းနှိပ်စက် မှုများကို လစ်လျူရှုနေကြသည်ပာု Human Rights Watch(HRW) က ပြောကြား လိုက်သည်။ ဥဇဘတ်ကစ္စတန်သည် ယင်း၏ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တွင် ညှင်းပန်းနှိပ်စက်ခြင်းကို ဆက်လက် အသုံးပြုနေသည်ပာု HRW ၏ နောက်ဆုံးအစီရင်ခံစာက ဆိုသည်။ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါ ညှင်းပန်းခြင်းခံရသော အကျဉ်းသားများ၏ အမှုများကို အစီရင်ခံစာတွင် အထောက်အထား အပြည့်တင်ပြထားသည်။

ဗပိာုအာရှနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စအပေါ် အနောက်နိုင်ငျာံး၏ ရပ်တည်မှုမှာ သိသိသာသာ အားနည်းချက် ရှိနေကြောင်း ပေါ်လွင်သည်ပာု HRW ကဆိုသည်။ အစီရင်ခံစာနှင့် ပတ်သက်၍ ဥဇဘတ်ကစ္စတန် အစိုးရက မှတ်ချက်ပေးခြင်း မရှိသေးပေ။ စာမျက်နှာ ၁၈၇ မျက်နှာပါ ယင်းအစီရင်ခံစာ ကို ဖတ်ရသည်မှာ ကျောချမ်းစရာကောင်းလှသည်ပာု BBC ၏ ဗပိာုအာရှ သတင်းထောက် Rayhan Demytrie ကလည်း မှတ်ချက်ပေးသည်။ ညှင်းပန်း နှိပ်စက်ခြင်းခံရသူများ၊ ယင်းတို့၏မိသားစုများ၊ ရှေ့နေများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အင်တာဗျူးများကိုအခြေခံ၍ ၎င်းအစီရင်ခံစာကို ပြုစု ထားခြင်းဖြစ်သည်။ ညှင်းဆဲခံရသော အမှုတစ်ခုတွင် သူလျိုမှုအတွက် သံသယရှိသူကို ရဲအရာရှိများက လက်ထိပ်ခတ်ကာ မီးရှို့ ထားသော သတင်းစာဖြင့် လိင်အင်္ဂါကိုတို့ခဲ့ကြသည်ပာု အစီရင်ခံစာတွင် ဖွင့်ချထားသည်။ အမှုစစ်အရာရှိများအပေါ် စွပ်စွဲမှုများတွင် ရေနွေးပူဖြင့်လောင်းခြင်း၊ ရိုက်နှိက်ခြင်း၊ ခြေကျင်းဝတ်မှ တွဲလောင်းချိတ်ဆွဲခြင်း၊ မုဒိန်းကျင့်ခံရမည်ပာု ခြိမ်းခြောက်ခြင်းတို့လည်း ပါဝင်သည်။

ထို့အပြင် နိုင်ငံတွင်းမပာုတ်မခံလေသံအကျယ်ဆုံးရှေ့နေများကို လိုင်စင်သိမ်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံသူများအား ရှေ့နေ့ကောင်စီနှင့် မတွေ့နိုင် အောင် ထုံးစံသဖွယ်ပိတ်ပင်ခြင်း စသည်တို့ကိုလည်း ပြုလုပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။

ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ကြောင်းစွပ်စွဲခံရသူ ဥဇဘတ်တာဝန်ရှိသူများကို ပိုင်ဆိုင်မှုထိန်းချုပ်ခြင်း၊ ဗီဇာပိတ်ပင်ခြင်း စသော အရေးယူ ဆောင်ရွက်ချက်များ ပြုလုပ်ရန် HRW က ဥဇဘတ်အစိုးရကို တောင်းဆိုထားသည်။

ထောက်ပံ့လမ်းကြောင်း

အီးယူက ဥဇဘတ်ကစ္စတန် အပေါ်ချမှတ်ထားသော sanctions များကို လွန်ခဲ့သော ၂ နှစ်က ရုတ်သိမ်းပေးခြင်း၊ အမေရိကန်ကွန်ဂရက်က ပိတ်ပင်ထားသော စစ်ဖက်အကူအညီအပါအဝင် ကူညီထောက်ပံ့မှု တားမြစ်ချက်များကို ဖယ်ရှားရန် စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့ခြင်းတို့ကိုလည်း အစီရင်ခံစာတွင် ပြစ်တင်ဝေဖန်ထားသည်။

                ဥဇဘတ်ကစ္စတန် အစိုးရက ပြည်နှင်ဒဏ် မပေးခင်အထိ ထိုနိုင်ငံတွင် HRW အစီအစဉ်ကို ဦးဆောင်ခဲ့သူ Steven Swerlow က အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများကို ဥဇဘက် အာဏာရှင်အစိုးရနှင့် ရင်းနှီးစွာဆက်ဆံနေခြင်း အတွက် ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။ “ဥဇဘတ်ကစ္စတန်က အာဖဂန်နစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အတွက်ကြောင့် အာဖဂန်နစ္စတန်ထဲကို သွားတဲ့(မြောက်မှတောင်) တစ်ခုတည်းသော ရထားလမ်းပာာ ဥဇဘတ်ကစ္စတန် နိုင်ငံမှာပဲရှိနေတာပါ”ပာု Steven Swerlow က BBC သို့ပြောကြားသည်။

“ဒါကြောင့်  အမေရိကန်ပြည်ထောင်စုနဲ့ အီးယူပာာ အာဖဂန်နစ္စတန်နိုင်ငံထဲကို သူတို့တပ်ဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့အတွက် ဥဇဘက်အစိုးရနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေကို လက်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။” ပာု ယင်းကရှင်းလင်းပြောဆိုသည်။ ဝါရှင်တန် တာဝန် ရှိသူများကမူ ‘စစ်ဖက်အကူအညီတားမြစ်မှုကို ဖယ်ရှားရန် အလွန်အရေးကြီးသည်’ ပာု ခုခံပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်က ကျွန်တော်တို့တပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ နယ်စပ်ကို ဥဇဘက်တပ်တွေ ပိုပြီး ကာကွယ်နိုင်စွမ်း ရှိအောင် အမေရိကန်က စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးဖို့အတွက် ဒီတားမြစ်ချက်ကို ခြွင်းချက်ထား မကျင့်သုံးဖို့လိုအပ်ပါတယ်” ပာု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဘလိတ် (Robert Blake) က ချေပ ရှင်းလင်းပြောဆိုသည်။ “ဒါပေမယ့်လည်း ဥဇဘက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတိုင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ပါတယ်” ပာု Robert Blake က ဆိုသည်။

ဥဇဘတ်သည် ယခုအခါ အာဖဂန်နေတိုးတပ်များအတွက် အရေးကြီးထောက်ပံ့ရေးလမ်းကြောင်း “မြောက်ပိုင်းဖြန့်ဖြူးရေးကွန်ယက်” ၏ သော့ချက်အစိတ်အပိုင်းဖြစ်နေသည်။ ထို့အပြင် ယခင်လက နေတိုးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦးသေဆုံးပြီးနောက် ပါကစ္စတန် နယ်စပ်ပိတ်ထားခြင်းကို ကျော်လွှားမည့် ရွေးချယ်စရာ လမ်းကြောင်းသစ်တစ်ခုဖြစ်လာခဲ့သည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဇန်နဝါရီတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည် မျှော်လင့်

(Reuters သတင်းမှ 13 Dec 2011 ရက်စွဲပါ Myanmar seen freeing Political prisoners in jan သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်ဝန်ကြီးချုပ် လာမည့်အပတ် မြန်မာသို့သွားမည်

(13 December 2011 ရက်စွဲပါ Reuters ၏ Chinese premier Wen to visit Myanmar next week-sources ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့် မြောက်ကိုရီးယားတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ပူးပေါင်းပါဝင်ရန် တရုတ်ကို တိုက်တွန်း

(Asian tribune မှ 14 Nov 2011 ရက်စွဲပါ China Urged to Participate in Restoring Freedom & Human Rights in Burma & North Korea ကို ဘာသာပြန်ဆိုသည်)

*******************************************************************************************

ဇန်နဝါရီတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည် မျှော်လင့်

(Reuters သတင်းမှ 13 Dec 2011 ရက်စွဲပါ Myanmar seen freeing Political prisoners in jan သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သြဇာကြီးဆန်းစစ်ဝေဖန်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကုလသမဂ္ဂအရာရှိဟောင်း၊ သမိုင်းပညာရှင်၊ စာရေးဆရာတစ်ဦး လည်းဖြစ်သော ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံ၌ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး(သို့)အရေအတွက်များစွာကို လာမည့်လတွင် လွှတ်ပေး ဖွယ်ရှိပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများကို မတ်လတွင်ကျင်းပရန် အလားအလာရှိသည်ဟုအင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ထိုနည်းအားဖြင့် ဥရောပ သမဂ္ဂက စီးပွားရေးအရေးယူဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းရန်နှင့် များမကြာမီ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရုတ်သိမ်းရန်အတွက် လမ်းပွင့်သွားလိမ့်မည်ဟု ယင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဇန်နဝါရီလမှာ နိုင်ငံရေးအကျဉ်းသားအားလုံးမဟုတ်ရင်တောင် အရေအတွက် အများဆုံးလွှတ်ပေးနိုင်ပါတယ်။ ဒါပြီးရင် ဖေဖော်ဝါရီဒါမှမဟုတ် မတ်လမှာ ကြားဖြတ်ရွေးကောက်ပွဲတွေပေါ့” ဟု ဦးသန့်မြင့်ဦးက စင်ကာပူတွင် ပြုလုပ်သော အင်တာဗျူးတွင်ပြောကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ရာစုနှစ်ထက်ဝက်စစ် အုပ်ချုပ်ရေးအလွန် ပြီးခဲ့သော မတ်လတွင် အရပ်ဖက်အစိုးရသစ်အာဏာရလာချိန်မှစ၍ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ် လာခဲ့သည်။ အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများကို စတင်လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာနှင့် အင်တာနက်ဆင်ဆာကို ဖြေလျှော့ပေးခြင်းတို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဒိုင်ယာလော့ စတင်ဆွေးနွေးခြင်း တို့ကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း လွန်ခဲ့သော နှစ်ပတ်ခန့်က မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး အထောက်အပံ့များ ပိုမိုပေးအပ်ရန်နှင့် သံအမတ်ကြီး ပြန်လည်ခန့်အပ်ရေးကို စဉ်းစားရန် ကတိပေးသွားခဲ့သည်။ အစိုးရကကြေညာထားပြီးဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲ များသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ နောက်လာမည့်အဆင့် ဖြစ်ဖွယ်ရှိကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီက ၎င်းတို့ပါဝင်ယှဉ်ပြိုင် ကြမည်ဟု ပြောကြားထားသည်။

“NLD ပါတီဝင်ပြိုင်ပါလိမ့်မယ်။ တော်တော်လေးလွတ်လပ်မျှတမယ့် သဘောရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အမတ်ဖြစ် လာမှာပါ၊ ဒါပြီးရင်တော့ မြန်မာနိုင်ငံက ဒေသတွင်းတစ်ခြားနိုင်ငံတွေနဲ့ ကွဲပြားနေတဲ့ သိုးမည်းတစ်ကောင်လို့ ဘယ်လိုမှ ပြောလို့မရနိုင်တော့ပါဘူး”ဟု ဦးသန့်မြင့်ဦးက ဆိုသည်။ ဘန်ကောက်တွင် အခြေစိုက်နေထိုင်သော ဦးသန့်မြင့်ဦးသည် ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သည်။ မြန်မာနိုင်ငံသို့ မကြာခဏသွားရောက်ကာ အစိုးရအကြီးတန်းတာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် တွေ့ဆုံတတ်သူ ဦးသန့်မြင့်ဦးက ပြီးခဲ့သော သီးတင်းပတ်တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့သည်ဟု ပြောကြားသည်။ "ခင်ဗျား အဲဒီကို(မြန်မာနိုင်ငံ) ရောက်ပြီး လူတွေနဲ့ သိသွားတဲ့အချိန်မှာ “ဘာက ဘာလဲ”ဆိုတဲ့ အထုံး ပြေဖို့လွယ်ကူသွားပါလိမ့်မယ်" ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် ဖမ်းဆီးထားဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို အတိအကျမသိနိုင်သော်လည်း ခန့်မှန်းခြေ ၅၀၀ ခန့်ရှိမည်ဟု အဖွဲ့အစည်းများနှင့်အနောက်သံရုံးများက သဘောတူလက်ခံထားကြပြီး ဇန်နဝါရီလတွင် အများစုလွတ်မြောက်လာလိမ့်မည်ဟု ယင်းအနေဖြင့် မျှော်လင့်ထားကြောင်း ဦးသန့်မြင့်ဦးက ဆက်လက်ပြောကြား သည်။

ယင်းသို့လွှတ်ပေးခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲများသည် ဥရောပသမဂ္ဂက မတ်လတွင် Sanctions များကို နှစ်ပတ်လည်ပြန်လည်သုံးသပ်မှု ပြုလုပ်စဉ် ရုတ်သိမ်းပေးအောင် ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရအနေနှင့်လည်း ကွန်ဂရက်တွင် ဥပဒေပြင်ဆင်ရန် အချိန်ယူရသည့် တိုင်အောင် မကြာမီအတွင်း လိုက်ပါ ရုတ်သိမ်းပေးနိုင်ဖွယ် ရှိကြောင်း ဦးသန့်မြင့်ဦးက သုံးသပ်ပြောဆိုသည်။

ထို့သို့ Sanctions များကို ရုတ်သိမ်းပေးပါက လုံးပါးပါးနိမ့်ကျနေသော မြန်မာနိုင်ငံ၏ စီးပွားရေးကို အထောက် အကူဖြစ်စေနိုင်သော်လည်း တိုင်းရင်းသား စစ်တပ်များနှင့် မူးယစ်ရာဇာစစ်ဘုရင်များက ဆင်နွှဲနေကြသော ပြည်တွင်းစစ် ပဋိပက္ခများ ဖြေရှင်းခြင်းအပါအဝင် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသည်ဟု ယင်းကပြောကြားသည်။

ဦးသန့်မြင့်ဦးက ဆက်လက်၍ “အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအများစုကို တင်စားရမယ်ဆိုရင် အပင်အောက်ပိုင်းမှာ တွဲကျနေတဲ့ သစ်သီးတွေပေါ့။ စီးပွားရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခကိစ္စတွေကတော့ ဦးနှောက်ခြောက်ရမယ့် ပြဿနာတွေပေါ့။ ဒီကိစ္စတွေဟာ အခုချိန်ထိ မယုံနိုင် စရာ ကောင်းလောက်အောင် အရေးကြီးတဲ့ ပြဿနာတွေ ဖြစ်နေပြီး သူတို့အတွက် ရိုးရှင်းလွယ်ကူတဲ့ ဖြေရှင်းနည်းမရှိသေးပါ”ဟု မှတ်ချက်ပေးခဲ့သည်။

*******************************************************************************

တရုတ်ဝန်ကြီးချုပ် လာမည့်အပတ် မြန်မာသို့သွားမည်

(13 December 2011 ရက်စွဲပါ Reuters ၏ Chinese premier Wen to visit Myanmar next week-sources ကို ဘာသာပြန်ဆိုသည်)

တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်သည် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများ၏ ဒေသတွင်းထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း အစည်းအဝေးစီစဉ်နေသူများနှင့် နီးစပ်သောသူများက Reuters သို့ပြောကြားခဲ့သည်။ ဝမ်၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟီလာရီ၏သမိုင်းဝင်ခရီးစဉ်တွင် အရပ်သားအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် ဆက်လက်အကောင်အထည်ဖော်ရန် ကတိများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်ဆံနေမှုများကို တွေ့မြင်ခဲ့ရသည်။ ဘေဂျင်းသည် မြန်မာနိုင်ငံ၏ အနီးကပ်ဆုံးပါတနာဖြစ်ပြီး ၎င်းတို့လုပ်ကိုင်နေသော ရေအားလျှပ်စစ် ရေလှောင်တမံကို ရပ်ဆိုင်းရန် မြန်မာ၏ ဆုံးဖြတ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။

***********************************************************************************

မြန်မာနှင့် မြောက်ကိုရီးယားတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ပူးပေါင်းပါဝင်ရန် တရုတ်ကို တိုက်တွန်း

(Asian tribune မှ 14 Nov 2011 ရက်စွဲပါ China Urged to Participate in Restoring Freedom & Human Rights in Burma & North Korea ကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံမှ ကွန်မြူနတီများနှင့် တက်ကြစွာ လှုပ်ရှားသူ များက နှစ်နိုင်ငံစလုံးတွင် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ပေါ်ထွန်းရေးအတွက် ဆော်သြရန် အတူတကွရပ်တည်သွားကြမည်ဖြစ်ကြောင်းသိရသည်။ တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကိုတာဝန်ရှိစွာအသုံးပြုပြီး မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတွင်း တရားမျှတမှုနှင့် လွတ်လပ်မှုတို့ ဖြစ်ထွန်းရန်အလို့ငှာ ဆော်သြပေးရေးအတွက် Burma Campaign UK နှင့် Christian Solidarity Worldwide တို့က ဦးဆောင်ကာ လန်ဒန်မြို့ရှိ၊ တရုတ် သံရုံးရှေ့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေများတိုးတက် ကောင်းမွန်လာပြီး ပြောင်းလဲမှုများဖြစ်ထွန်း ခဲ့ပြီဟု လူအများစုက ထင်မှတ်လျက်ရှိကြသည်။ အမှန်တွင် အပြောင်းအလဲမှာ အနည်းငယ်သာဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ ဒေသများ၌ မုဒိမ်းကျင့်မှုများ၊ သတ်ဖြတ်မှုများနှင့် ပဋိပက္ခများပိုမိုပေါ်ထွန်းလာသည်။ နိုင်ငံရေးအကျဉ်းသားအများစုမှာလည်း ယနေ့ချိန်ထိဖမ်းဆီးထိန်းသိမ်း ခံထားရဆဲပင် ဖြစ်၏။

မြောက်ကိုရီးယားနိုင်ငံတွင်မူ နိုင်ငံရေးအကျဉ်းသားပေါင်း ၂ သိန်းကျော်ခန့်ရှိပြီး ၎င်းတို့မှာနိုင်ငံတစ်နံတစ်လျားရှိ အကျဉ်းစခန်းများ၊ အလုပ်ကြမ်း စခန်းများတွင် ဆိုးရွားသောအခြေအနေများဖြင့်နေထိုင်ကြရသည်။ ကလေးငယ်အများစုမှာ အဆိုပါအကျဉ်းစခန်းတွင်သာ မွေးဖွားခဲ့ကြပြီးလူဆိုးလူသွမ်းများ အဖြစ် တံဆိပ်တပ် သတ်မှတ်ဖော်ပြခံကြရသည်။ မြောက်ကိုရီးယားဟူသည် ကမ္ဘာပေါ်တွင်လူ့အခွင့်အရေးအခြေအနေအဆိုးရွားဆုံးသောနိုင်ငံအဖြစ် စာရင်းသွင်း ခံထားရသောနိုင်ငံဖြစ်သည်။

"မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီး ဖြစ်ပေါ်နေတယ်ဆိုတဲ့ အချက်ကို အောက်မေ့အမှတ်ရဖို့ အင်မတန် အရေးကြီးလှပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးက ပြည်သူတွေဟာ အခြေခံ လွတ်လပ်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေ အနည်းငယ်မျှသာ ရရှိကြ တာပါ။ အဲဒီအချက်တွေကို တရုတ်အစိုးရက သိရှိအောင်လုပ်သင့်ပြီး သူ့ရဲ့သြဇာလွှမ်းမိုးမှုကို တာဝန်ရှိရှိအသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်အောင် ပြုလုပ်ပေးသင့်ပါတယ်" ဟု Burma Campaign UK မှ Campaigns Officer ဖြစ်သူ ဝေနှင်းကပြောကြားသည်။

Christian Solidarity Worldwide အဖွဲ့မှ အရှေ့အာရှရေးရာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Benedict Rogers ကမူ "မြန်မာနဲ့မြောက်ကိုရီးယား နိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကမ္ဘာပေါ်မှာအဆိုးဆုံးအဆင့်မှာရှိပါတယ်။ နှစ်နိုင်ငံအစိုးရတွေဟာ လူသားမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်အောင်၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံထားရသူတွေလွတ်မြောက်အောင်၊ အဓမ္မလုပ်သားအဖြစ်စေခိုင်းခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု နဲ့သတ်ဖြတ်မှု တွေ အဆုံးသတ်အောင် အရေးတယူလုပ်ဆောင်သင့်ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးအပေါ် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှုရှိတာ သိသာ ထင်ရှားပါတယ်။ အဲဒါကြောင့် အဲဒီသြဇာလွှမ်းမိုးမှုကို တာဝန်ရှိရှိအသုံးပြုပြီး လူသားမဆန်တဲ့ရာဇဝတ်မှုမျိုးတွေအဆုံးသတ်နိုင်အောင် မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရ နှစ်ရပ်စလုံးကို တိုက်တွန်းဖို့ ကျွန်တော်တို့က တရုတ်နိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်" ဟု ပြောကြားသွားသည်။

***************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs