Transparency Myanmar

transparency.myanmar@gmail.com

ခရစ်စမတ်နှင့် နှစ်သစ်ကူး ဆုမွန်လွှာ
ဒီဇင်ဘာလ၏ နှင်းမှုန်ကလေးများသည် သခင်ယေရှု ဖွားတော်မူရာနေ့ကို တသလျက်
ကမ္ဘာ့ပတ်ဝန်းကျင် တစ်ခွင် လွှမ်းခြုံလျှက်ရှိနေပါသည်။ ခရစ်စမတ်နေ့သည်
ဘာသာရေးထက် ဂလိုဘယ် ယဉ်ကျေးမှုအသွင် ဆောင်လာ လျက် ကမ္ဘာ့ပြည်သူ
လုပ်သားထုကြီးအနေဖြင့် နှစ်ကူးအားလပ်ရပ်တွင် တစ်နှစ်တာ
ပင်ပန်းခဲ့သမျှတို့ကို ဆေးကြော၍ အားသစ်လောင်းရန်အလို့ငှာ ခရစ်စမတ်ပွဲတော်
ဆင်ယင်ကျင်းပခြင်း၊ နယ်မြေသစ်များသို့ အပမ်းဖြေခရီးများထွက်ခွာခြင်း၊
အဝေးရောက်သူတို့မှာ မိသားစုရှိရာ ဒေသများသို့ ပြန်လည်အနားယူခြင်း
စသည်ဖြင့် ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ် အချိန် ကလေးများဖြင့်
ကမ္ဘာ့တစ်ခွင်တွင် မေတ္တာတော်၏ အငွေ့ အသက်များလည်း လွှမ်းခြုံလျက်
ရှိနေပေတော့သည်။
ရန်ကုန်ခရော်နီကယ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှစတင်၍
ထုတ်ဝေခဲ့ပြီး ရန်ကုန်ခရော်နီကယ် အဖွဲ့သားများအနေဖြင့် သတင်းမြတ်နိုးသူ
ပရိတ်သတ်များအတွက် သတင်းဦး၊ သတင်းထူးများကို အချိန်နှင့်တပြေးညီတင်ဆက်
နိုင်ရန် အခက်အခဲအမျိုးမျိုးကြားမှ ပင်ပန်းစွာ ကြိုးပမ်းခဲ့ကြရပါသည်။
အချိန်တို အတွင်း ပရိတ်သတ်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့်အတွက်
ပင်ပန်းရကြိုးနပ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
ရန်ကုန်ခရော်နီကယ်အဖွဲ့သားများမှာလည်း လူသားထဲက လူများပင်
ဖြစ်သည့်အလျှောက် ကမ္ဘာ့ပြည်သူ လူထုကြီးနှင့်အတူ ခရစ်စမတ်အားလပ်ရပ်
ဆင်နွှဲရန် အလို့ငှာ မိသားစုများရှိရာသို့ ပြန်လည်အပမ်းဖြေကြမည်
ဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်ခရော်နီကယ် သတင်းစာကို ဒီဇင်ဘာ
၂၀ရက်နေ့မှ ၂၆ရက်နေ့အထိ တစ်ပတ်တာ ရပ်နားထားမည်ဖြစ်ပါသည်။
ခရစ်စမတ်အခါသမယတွင် ကျရောက်သော မေတ္တာတော်အပေါင်း၊ ပျော်ရွှင်မှုအပေါင်းသည်
ဒီမိုကရေစီ လမ်းမှန် ပေါ်သို့ လျှောက်လှမ်းစ အမိမြန်မာပြည်ကြီးနှင့်
ပြည်သူများအပေါ်သို့ ကျရောက်ခညောင်းပါ စေကြောင်း ဆုမွန်
ကောင်းများတောင်းလျှက်......................

ရန်ကုန်ခရော်နီကယ် သတင်းအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.