Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇ .၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာ

******************************************

ဆောင်းပါးကဏ္ဍ

တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာ

တရုတ်နှင့် အန္ဒိယနှစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် သမိုင်းကြောင်းတစ်လျှောက်ထိတွေ့ ဆက်ဆံလာခဲ့သည့် ယဉ်ကျေးမှု အလွန်မြင့်မားခဲ့သော နိုင်ငံများ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်း ယဉ်ကျေးမှုအမြင့်များ၏ လွှမ်းမိုးမှုကို အနည်းနှင့်အများ ခံခဲ့ရသော်လည်း မြန်မာလူမျိုးများသည် အသိပညာကိုယ်ခံအား အားကောင်းသည်နှင့်အညီ ယင်း လွှမ်းမိုးမှုများခံယူယင်း ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခု တည်ဆောက်နိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ယင်း ယဉ်ကျေးမှုများထက် မနိမ့်ဘဲ တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ပင်တိုင်ခဲ့လေပြီ။

ဤကဲ့သို့ မြန်မာအပါအဝင် အိမ်နီးချင်း တရုတ်နှင့် အန္ဒိယနိုင်ငံများ၏ ယဉ်ကျေးမှုမြင့်မားခဲ့သည်ကို ရှည်ရှည်ဝေးဝေး ပြောဆိုနေသည်မှာ အခြားကြောင့် မဟုတ်။ တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ထူးထောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက် (ဃ)တွင် နှစ်ဖက် အကျိုးဖြစ်ထွန်းရေးကို အခြေခံ၍ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်များတွင် ခင်မင်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန်၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို မြှင့်တင် သွားရန်ဟု ပါရှိပါသည်။ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးကို (P2P) အလေးထားသည့်အတွက် နှစ်နိုင်ငံပြည်သူများမှ နားလည်မှုကို တိုးမြင့်နိုင်သည့် အတွက် ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သည့်လက္ခဏာပင် ဖြစ်လေသည်။ ထို့အပြင် တရုတ်ပြည်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့်အလျှောက် ဝင်ငွေ တိုးလာပြီး လူလတ်တန်းစား အားကောင်းလာကာ ခရီးသွားလာခြင်းကဲ့သို့သော အပန်းဖြေခြင်း၊ ဒေသန္တရဗဟုသုတရရှိရေး အလုပ်များကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာလေသည်။ မြန်မာနိုင်ငံသည်လည်း ခရီးသွားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်ဖြစ်ရုံမျှမက ခရီးသွားလုပ်ငန်းကို ထိထိ ရောက်ရောက် အဖက်ဖက်မှ ထိန်းညှိပံ့ပိုးပေးနိုင်သော ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်းများအသင်းကဲ့သို့သော စီးပွားရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာလေသောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် ပြည်ပဝင်ငွေကို အဓိကရှာပေးဖို့ အားယူနေလေသည်။ ထိုအတွက်ကြောင့် ယင်းမှာ နှစ်ဦးနှစ်ဖက် ပြည်သူများ အကျိုးစီးပွားများသည့် မဟာဗျူဟာမြောက်ဆက်ဆံရေး တစ်ခုဖြစ်လေသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြောပြီဆိုလျှင် တရုတ်နှင့် မြန်မာ စီးပွားရေးကူးလူးဆက်ဆံမှုကို မပြောမပြီး ပါရတော့မည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်လေသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၅ ဒဿမ ၃ ဘီလီယံနီးပါးရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် အမေရိ ကန်ဒေါ်လာ ၆ ဘီလီယံအထိ တိုးတက်ရောက်ရှိလာမည်ဟု မျှော်မှန်ထားကြလေသည်။ ရင်းနှီးမြုပ်နှံမှုအပိုင်းတွင် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံ လျက်ရှိသည့် နိုင်ငံများအနက် အများဆုံး ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်ပြီး စီမံကိန်း ၇၂ခုတွင် အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၈ ဘီလျှံ ရင်းနှီးမြုပ်နှံလျက် ရှိလေ သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံကဏ္ဍတွင် တခြားနိုင်ငံများထက် ပိုမို၍ ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လေသည်။ သို့သော် ရင်းနှီး မြုပ်နှံရာကဏ္ဍများမှာမူ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာအလွဲအပြောင်းရရှိရေး အစရှိသည်တို့အတွက် အထောက်အကူပြုမှု အလွန်နည်းပါသည်။ မြန်မာနိုင်ငံ၏ အကန့်သတ်နှင့်ရှိသော သဘာဝသယံဇာတ အရင်းအမြစ်ကဏ္ဍတွင်သာ အဓိကရင်းနှီးမြုပ်နှံသည်ဖြစ်လေရာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို မူဝါဒချမှတ်သူများအနေဖြင့် နိုင်ငံအတွက် ရေရှည်အကျိုးဖြစ်ထွန်းမှုရှိ၊ မရှိကို သေသေချာချာ ဝေဖန်သုံးသပ်သင့်လှပေသည်။

တရုတ်-မြန်မာ မဟာဗျူဟာမြောက် စီးပွားရေးကူးလူဆက်ဆံမှုတွင် နောက်ထပ်အရေးပါသည့် ကဏ္ဍတစ်ခုမှာ ပထဝီ စီးပွားရေးဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် (ဆ)တွင် ကုလသမဂ္ဂနှင့် အခြားအပြည်ပြည်ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးကို လက်တွဲ၍ ကာကွယ်စောင့်ရှောက်သွားရန်၊ အာဆီယံ+တရုတ်+၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံ၊ အာဆီယံ + တရုတ်နှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစသည့် ယန္တရားများကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရန်နှင့် ဒေသတွင်း အတူတကွဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် နှစ်ဖက်စလုံးက ဆောင်ကွက်သွားကြမည်ဟု ပါရှိလေသည်။ အာရှတိုက်တွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံများသည် အရှေ့အာရှဒေသတွင်ရှိနိုင်ငံများဖြစ်ပါသည်။  ယင်းဖွံ့ဖြိုးတိုးတက်ရာ လမ်းကြောင်းနောက်မှ ထပ်ချပ်မခွာလိုက်နေသည့် ဒေသမှာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့သော အထူးစီးပွားရေးဇုန်များကို တည်ဆောက် ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်မည်လောဟု မျှော်လင့်စရာများ ရှိပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအောင်မြင်စွာ ဖွံ့ဖြိုးလာပါက ဒေသတွင်း ကုန်သွယ်စီးပွားရေးကိုသာ အဓိက လုပ်ဆောင်သည့် စင်ကာပူကဲ့သို့ နိုင်ငံများ မြုပ်သွားစရာအလားအလာများစွာရှိပါသည်။ ထို့အပြင် အရှေ့အရှဒေသရှိ အန္ဒိယ နိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံနှင့် ယခင်ကထက်ပိုမို၍ ကုန်သွယ်မှုများပြု လုပ်လာနိုင်ပါသည်။ အထူးသဖြင့် အသစ်ပေါ်ထွန်းလာသည့် ထားဝယ်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများတွင် တရုတ်နိုင်ငံမှ အဆင့်မြင့်နည်းပညာလုပ်ငန်းများ ရင်းနှီးမြုပ်နှံမည်ဆိုပါက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုက်မှုနှင့် နည်းပညာအလွဲ အပြောင်းရရှိမှုကို များဝါးထင်ထင် ဖြစ်ပေါ်လာမည်မှာ မလွဲပေ။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်လာပြီးဖြစ်သော်လည်း အမျိုးသားနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ အမျိုးသား အကျိုး စီးပွားကို အဓိကထားစဉ်းစားမည်သာ ဖြစ်လေသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုယ် နှင့်လည်းဆက်ဆံရေးအဆင်ပြေသည့်၊ ကိုယ့်ထက်လည်း အင်အားရှိသည့် မိတ်ဆွေအပေါ် မိမိနိုင်ငံ၏ အမျိုသားရေးအကျိုးစီးပွား အထိုင်ပေါ်မှ ပါးပါးနပ်နပ်စဉ်စား အပြုသဘောဆောင်သည့် ဆက်ဆံမှု ဖြစ်ပေါ်လာရန် မူဝါဒချမှတ်ဖို့ အထူးပင် လိုအပ်ပါကြောင်း။

***************************************************************************************

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၇.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်ပနေမြန်မာနိုင်ငံသားများ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ
  2. မြန်မာနိုင်ငံ ဗပိာုဘဏ်အတိုးနှုန်းများ ထပ်မံလျှော့ချ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း) လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည်
  2.  NLD ပါတီမှ ပါတီမူဝါဒများ ပြင်ဆင်ရေးဆွဲ
  3. ကော်မရှင်၏သတိပေးချက်များကို ညီနောင်ပါတီမှ ပြန်လည်သုံးသပ်တင်ပြမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

              ******************************************

ပြည်တွင်းသတင်းများ

ပြည်ပနေမြန်မာနိုင်ငံသားများ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ

ပြည်ပနိုင်ငံနေ မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာအပေါ် ပေးဆောင်ရသည့် ဝင်ငွေခွန် ၂% ကို ဝင်ငွေခွန် ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)အရ ၂၀၁၂ ဇန်နဝါရီလမှ စတင်၍ ကင်းလွတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ဒီဇင်ဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ယခုကဲ့သို့ ပြည်ပနေနိုင်ငံသားများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုလိုက်သည့်အတွက် ပြည်ပနေနိုင်ငံသားများထံမှ နိုင်ငံခြားငွေကို အစိုးရက တိုက်ရိုက်ရလာနိုင်မည်ဖြစ်ပြီး ဈေးကွက်စီးပွားရေးအရ လွတ်လပ်ပွင့်လင်းမှု ဖြစ်လာနိုင်ဖွယ်ရှိသည်ပာု အငြိမ်းစား အခွန်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများမှာလည်း တည်ငြိမ်မှုမရှိသည့်အချိန်တွင် ယခုကဲ့သို့ ပြည်ပနေမြန်မာနိုင်ငံသားများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုလိုက်သည့်အတွက် ဝမ်းမြောက်ကြိုဆိုကြောင်း ပြည်ပနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်နေသူများမှာ လစာနှင့် စရိတ်ကာမိနိုင်စေရန် ချင့်ချိန်သုံးစွဲနေရသည့်အပြင် မိသားစုထံသို့ ပြန်ပို့နိုင်ရေးအတွက် အကြပ်အတည်းများစွာဖြင့် ကြိုးစားလုပ်ကိုင်နေရကြောင်း သိရသည်။

                ထို့ပြင် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် ပြည်ပနေနိုင်ငံသားများအတွက် ကားတင်သွင်းခွင့်ပြုတော့မည်ဖြစ်ရာ ယခုကဲ့သို့ ဝင်ငွေခွန် ကင်းလွတ် ခွင့်ပြုသော်လည်း ကားတင်သွင်းမှုဆိုင်ရာများတွင် အခွန်ကောက်ခံမှုပိုင်းသည် ပုံမှန်အတိုင်းပင် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ၂၀၁၁ ခုနှစ် သြဂုတ်လတွင်လည်း ပြည်ပနေနိုင်ငံသားများအတွက် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ဘူးကြောင်း သိရသည်.

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ ဗပိာုဘဏ်အတိုးနှုန်းများ ထပ်မံလျှော့ချ

မန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို ပိုမိုအထောက်အကူပြုနိုင်စေရန် မြန်မာနိုင်ငံ ဗပိာုဘဏ်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဗပိာုဘဏ်အတိုးနှုန်း ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင်  ကျင်းပခဲ့သည့် မြန်မာနိုင်ငံဘဏ်များ ကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့၏ ၁၃၅ ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း အစည်းအဝေး၌ နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ စီးပွားရေးနှင့် ငွေရေးကြေးရေး အခြေအနေများအပေါ် လေ့လာသုံးသပ်၍ သင့်လျော်သည့် ငွေကြေးမူဝါဒနည်းလမ်းများကို အသုံးပြုလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးအရှိန်အပာုန် မြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်၊ ဘဏ်များ ယှဉ်ပြိုင်နိုင်မှုကို ဖန်တီးပေးခြင်းဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့်  အပ်နှံငွေအပေါ် ထားရှိသည့် ကာလအလိုက် အတိုးနှုန်း အမျိုးမျိုးကို အားပေးဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံတော် ဗပိာုဘဏ်အနေဖြင့် ၁.၉.၂၀၁၁ ရက်မှ စတင်၍ ဘဏ် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ် ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ လျှော့ချလိုက်သည့်အတွက် မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် ဗပာိုဘဏ်အတိုးနှုန်း အပ်ငွေအပေါ်  အတိုးနှုန်းကို ၈ ရာခိုင်နှုန်းထက် မနည်းစေ ရန်နှင့် ချေးငွေအပေါ် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းထက်မများစေရန် ပြင်ဆင်၍ သတ်မှတ်ရတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဗပိာုဘဏ်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍  ဘဏ်အတိုးနှုန်းများကို ဗပိာုဘဏ်၏ အတိုးနှုန်းအောက် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအတွင်းပေးရန် ခွင့်ပြုခဲ့သဖြင့် ဘဏ်များအားလုံးက အပ်ငွေ အပေါ် အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းကို ၁၅ အဖြစ် ဘဏ်များအားလုံးက တစ်ပြေးညီ ပြင်ဆင် သတ်မှတ်ခဲ့ပြီး လေးလအကြာ ဘဏ်အတိုးနှုန်းများ ထပ်မံလျှော့ချလိုက်ခြင်းဖြစ်သည်။

                Ref: မြန်မာပို့စ်

************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း) လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည်

မြန်မာနိုင်ငံရှိ အာမခံအလုပ်သမားငါးသိန်းကျော်အတွက် အကျိုးခံစားခွင့်များ ရရှိနိုင်စေရန် လူမှုဖူလုံရေး ဥပဒေသစ်(မူကြမ်း)ကို ရေးဆွဲ၍ လာမည့် လွှတ်တော် အစည်းအဝေး ပွဲများတွင် တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ၌ ကျင်းပခဲ့သော Human Resource Development in ICT for Social Security Scheme အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

လာမည့် လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည့် လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း)တွင် ၂၀၀၈ အခြေခံဥပဒေ၌ ပါဝင်သော နိုင်ငံသား အခွင့်အရေး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခွင့်ခံစားခွင့်များ၊ အလုပ်မရှိသူများ၊ ပင်စင်စားများ၊ မသန်စွမ်းသူများ၊ မိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၏ လူမှုဘဝဖူလုံရန်၊ ကျန်းမာရေး စောင့်ရှောက်နိုင်ရန်၊  စားဝတ်နေရေး အဆင်ပြေနိုင်စေရန်ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲရမည်ဖြစ်ပြီး ၎င်း လူမှုဖူလုံရေး ဥပဒေသစ်(မူကြမ်း)၌ နိုင်ငံရေးအခွင့်အရေးနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ယခု တင်ပြမည့် လူမှုဖူလုံရေးဥပဒေ(မူကြမ်း) သည် ပထမဆုံးအကြိမ်ရေးဆွဲခြင်းဖြစ်သည့်အတွက် ပြည့်စုံဦးမည်မပာုတ်သေးဘဲ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များကပါ ပါဝင်ရေးဆွဲရန် လိုအပ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက အကြံပြုပြောကြားခဲ့သည်။

ယခုရေးဆွဲမည့် လူမှုဖူလုံရေး ဥပဒေကြမ်းတွင် အာမခံထားသော အလုပ်သမား ငါးသိန်းကျော်၏ နာမကျန်းမှုများ၊ မီးဖွားမှုများ၊ သေဆုံးမှုများ၊ လုပ်ငန်း ခွင် မတော်မဆမှုများ၊  အလုပ်နှင့်ဆိုင်သောရောဂါများ ဖြစ်ပွားသည့်အခါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ၊ သက်ပြည့်အငြိမ်းစားခံစားခွင့်  ဝင်ငွေနည်းသည့် အာမခံအလုပ်သမားများ၏ သားသမီးများ ပညာသင်စရိတ်ခံစားခွင့်၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများ၌ ကျန်းမာရေးနှင့် ထောက်ပံ့ကူညီမှုများ ခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်း များတွင်နေထိုင်ခွင့် ၊ လူမှုဖူလုံရေးစနစ်များ၏ အကျိုးခံစား ခွင့်များကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

 NLD ပါတီမှ ပါတီမူဝါဒများ ပြင်ဆင်ရေးဆွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန်ခွင့်ပြုထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ခေတ်နှင့်လျော်ညီသည့်ပါတီမူဝါဒများကို ပြန်လည်ပြင်ဆင်ရေးဆွဲ၍ ပါတီမှတ်ပုံတင်ခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအား ပါတီမှတ်ပုံတင် လျှောက်ထားရန် ပါတီ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးနှင့် ဒု-ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယခင်သုံးစွဲခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏မူဝါဒများကို လုံးဝပြောင်းလဲ၍ ရေးဆွဲခြင်းမပာုတ်ဘဲ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ပါတီမူဝါဒများကို စာသားနှင့် စကားလုံးအချို့ပြင်ဆင်၍ ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြုပြင်ရေးဆွဲခဲ့သော ပါတီမူဝါဒများတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ညွှန်းသော ဈေးကွက် စီးပွားရေးကို အခြေခံ၍ လွတ်လပ်သောကုန်သွယ်မှုကို အခြေခံသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ရင်းနှီးစွာ ဆက်ဆံရေးနှင့် ထင်သာမြင်သာရှိသော၊ တာဝန်ခံသော စီးပွားရေးမူဝါဒများ၊ ပြည်သူလူထုအား အမှန်တကယ်အကျိုးရှိစေသော ကျန်းမာရေးမူဝါဒများ၊ လက်ရှိ  ထက် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ဖြစ်ပေါ်စေသော ပညာရှင်မူဝါဒများ ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ပါတီ မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

Ref: ရန်ကုန်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ကော်မရှင်၏သတိပေးချက်များကို ညီနောင်ပါတီမှ ပြန်လည်သုံးသပ်တင်ပြမည်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးခြင်း ခံရသော ညီနောင်နှစ်ပါတီမှ ကော်မရှင် သတိပေးချက်များကို ပြန်လည်သုံးသပ်၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် သုံးသပ် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးခြင်းခံရသော ၂၀၁၀ ရွေးကောက်ပွဲဝင် ညီနောင်ပါတီနှစ်ခုမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီတို့ဖြစ်ကြောင်း သိရသည်။

ကော်မရှင်သတိပေးခံ ညီနောင်နိုင်ငံရေးပါတီနှစ်ခုအနေဖြင့် ယနေ့ချိန်ထိတိုင် ဥပဒေကို လေးစားလိုက်နာခဲ့သော်လည်း ကော်မရှင်၏ သတိပေးချက် များတွင် နားလည်မှုလွဲမှားနေခြင်းကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးခြင်းခံရသည့်အတွက် ညီနောင်ပါတီနှစ်ခုအနေဖြင့် ကော်မရှင်၏ သတိပေးချက်အပေါ်တွင် ပါတီဝင် များအားလုံး သိရှိစေနိုင်ရန် မြန်မာတစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ်လောင်းများအားလုံး ပါဝင်သည့် ဗပိာုကော်မတီအစည်းအဝေးတစ်ခုကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကော်မရှင်၏ အဓိကစွပ်စွဲချက်များတွင်ပါဝင်သည့် ပြဿနာ၏ အကြောင်းအရာများကို အသေးစိတ် ပြန်လည်စုံစမ်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့အား သက်ဆိုင် ရာဒေသအာဏာပိုင်တို့ ထုတ်ပြန်သည့်အမိန့်ကို ချိုးဖောက်၍ အလှူငွေကောက်ခံခြင်းများ နိုင်ငံတော်ပိုင်လမ်းတွင် ဂိတ်ကြေး မပေးဘဲဖြတ်သန်းခြင်း၊ လောင်း ကစားဥပဒေနှင့် ညှိစွန်းသည့် ကံစမ်းမဲလက်မှတ်များ ရောင်းချ၍ အလှူငွေကောက်ခံခြင်းများ၊ တရားမဝင်ဗီဒီယိုခွေများရောင်းချ၍ အလှူငွေ ကောက်ခံခြင်းများနှင့် အခြားနိုင်ငံတော်၏ တည်ဆဲဥပဒေ ချိုးဖောက်မှုများကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးအကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

YC

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံမှာ ပို့ကုန်ခွန် ၁၀ ရာခိုင်နှုန်းကို အခု ၂ ရာခိုင်နှုန်းလျှော့ပေးထားတာက ကာလအပိုင်းအခြားနဲ့ ဖြစ်နေသေးတယ်။ ၁၀ ရာခိုင်နှုန်း သာဆိုရင် မြန်မာက လုပ်အားခ ဘယ်လောက်ပဲ သက်သာလဲ၊ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းက ကျသွားပြီ။ ပြီးတော့ ငွေလဲနှုန်းပြင်မယ် ပြောပေမယ့် ချက်ချင်းဖြစ်လာဖို့ မလွယ် သေးဘူး။ နောက်တစ်ခုက ဆန်ရှင်။ ပြီးတော့ အခု FDI ကို နှစ်ပတ်အတွင်း မှတ်ပုံတင်လုပ်ပေးမယ်ဆိုတာ စာရွက်စာတမ်းစုံမှဖြစ်မှာ။ အဲဒီ စာရွက် စာတမ်းစုံဖို့က ခြောက်လလောက်ကြာနေသေးတယ်”

ဒီဇင်ဘာ ၂၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၅၀) တွင်ပါသည့် “ဟီလာရီကလင်တန်လာရောက်ပြီး နောက် ပြည်ပရင်းနှီးမြုပ်နှံမှုအဖွဲ့များ လာရောက် ဆွေးနွေးမှု တစ်ဟုန်ထိုးမြင့်တက်” သတင်းမှ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ ၂၀၁၂ မှာ စီးပွားရေးကြီးတစ်မုဟုတ်ချင်း ဝုန်းဒိုင်းဆိုပြီး တက်သွားမယ်ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဗီယက်နမ် နိုင်ငံမှာတောင် Significant ပေါ့။ စီးပွားရေးတိုးတက်ဖို့ လုပ်ခဲ့တာတောင် ၁၀ နှစ် ကျော်ကြာတယ်။ ဒါတောင်မှ ဗီယက်နမ်ဆိုတာ တစ်ကမ္ဘာလုံး အံ့သြလောက် အောင် နှုန်းနဲ့ကိုတက်တာ။ အဲဒီလို တစ်ကမ္ဘာလုံးအံ့သြလောက်အောင် Significant တိုးတက်ခဲ့တဲ့ နိုင်ငံတောင်မှ ၁၀ နှစ်ကျော်ကြာခဲ့တာ၊ အဲဒါကို မြန်မာကို လပိုင်းနဲ့ တိုးတက်ရမယ်လို့ ပြောနေတာကတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကလူတွေကတော့ ၁၀နှစ်လောက်တော့ ကြာဖို့မသင်ဘူးလို့ ယူဆကြ တယ်။ တက်မှဖြစ်မယ်။ ဒီလိုပြောတာကို ကျွန်တော်လက်ခံတယ်။ လက်မခံတဲ့လူတွေလဲ ရှိပါတယ်။ တိုးတက်တာ သိပ်ပြီးတော့ မြန်လွန်း ရင် ပြဿနာတွေ ဖြစ်နိုင် တယ်ဆိုပြီး ပြောတာလဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကြိုက်တာက ပြဿနာတွေ၊ စိန်ခေါ်မှုတွေဆိုတာ  တိုးတတ်ဖို့အတွက် အင်အားပါပဲ။ စိန်ခေါ်မှုတွေ များလာ လေလေ အဲဒါတွေကို ဖြေရှင်းရင်း၊ ဖြေရှင်းရင်းနဲ့ ပိုပြီး တည့်မတ်တဲ့ပုံစံကို ရသွားမယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရေရှည် မဟာဗျူဟာမရှိလို့မရ ဘူး။ Strategy ရှိထားရယ်။”

ဒီဇင်ဘာ ၂၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၅၀) တွင်ပါသည့် “ရေရှည်ဖွံ့ဖြိုးရေးအတွက် Macro economic sta bility ကိုချမှတ် လတ်တလော ပြဿနာတွေကို Short term strategy တွေနဲ့ လက်ပူတိုက်” သတင်းဆောင်းပါးမှ စီးပွားရေးပညာရှင် တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

တချို့သတင်းမီဒီယာတို့ကို မြှောက်ပင့်ကာ အသုံးချကြသည်။ အချို့က သတင်းမီဒီယာတို့ကို ခြိမ်းခြောက်၍ ကြောက်လန့် အောင် လုပ်ကြသည်။ အမှန်စင်စစ် ပြည်သူတို့၏ ဘက်တော်သား သတင်းမီဒီယာများအနေဖြင့် မြှောက်တိုင်းလည်း မမြောက်၊ ခြောက်တိုင်းလည်း ကြောက်ကြရမည်မဟုတ်ပါ။ နိုင်ငံနှင့် ပြည်သူ လူထုအကျိုး စီးပွားအတွက် အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း တည့်မတ်မှန်ကန်စွာ ရေးသားဖော်ထုတ် တင်ပြပေးရမည်သာ ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၉ ထုတ် Venus News အတွဲ (၃) အမှတ် (၂၄) တွင်ပါသည့် “နှစ်ဆယ့်တစ်ရာစု ဒီမိုကရေစီ လူ့အဖွဲ့အစည်း” ခေါင်းကြီးမှ ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs