Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဘိန်းထုတ်လုပ်မှု ထိန်းချုပ်ကန့်သတ်ရန် မျှော်လင့်ချက်များတိုး

(VOA News မှ 19 Jan 2011 ရက်စွဲပါ Ron Corben ရေးသားသော Burmese Political reforms raise hope for curbing opium production ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ ချောင်းပေါက်အောင်သွားနေကြပြီ

(Asia News Network မှ 18 Jan 2012 ရက်စွဲပါ The Straits Times ၏ Beating a path to.... where? ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဘိန်းထုတ်လုပ်မှု ထိန်းချုပ်ကန့်သတ်ရန် မျှော်လင့်ချက်များတိုး

(VOA News မှ 19 Jan 2011 ရက်စွဲပါ Ron Corben ရေးသားသော Burmese Political reforms raise hope for curbing opium production ကို ဘာသာ ပြန်ဆိုသည်)

ယခုအပတ်တွင် မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်တစ်စုနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ ခေါင်းဆောင်များသည် ဘိန်းများ ထုတ်လုပ်သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရှမ်းပြည်တပ်မတော်(SSA)နှင့်လည်း သဘောတူညီချက်ရရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဘိန်းထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာ့ဘိန်း ထုတ်လုပ်မှု၏ ၉၀% ကိုထုတ်လုပ်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး(UNODC) ကပြောကြားရာတွင် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံသည် ဘိန်း ၄၃၀၀၀ ပာက်ကာ စိုက်ပျိုး နေကြောင်း ငါးနှစ်အတွင်း ဘိန်းနှစ်ဆတိုးထုတ်လျက်ရှိကြောင်းဆိုသည်။မြန်မာနိုင်ငံသည် အင်ဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်သော အဓိကတိုင်းပြည် တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တွင် ထုတ်လုပ်သည်။ တိုင်းရင်းသားဒေသများတွင် နလံမထူနိုင်သော ဆင်းရဲမွဲတေမှုနှင့် ပြည်တွင်း ပဋိပက္ခများကြောင့် ပီားရိုးအင်း၏ ကုန်ကြမ်းဖြစ်သော ဘိန်းကိုနှစ်ဆတိုးထုတ်ရန် အကြောင်းများဖြစ်လာရကြောင်း UNODC ကပြောသည်။ ယခုအခါ သမ္မတဦးသိန်းစိန် သည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လုပ်ဆောင်လာရာ၊ သမ္မတကြီးသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ကိုင်တွယ်ရန် ကြိုးစားလာလိမ့်မည်ပာု ကုလသမဂ္ဂကပြောသည်။ “ကျွန်တော်တို့ပာာ အစိုးရက သုံးနှစ်အခြား အစားထိုးနည်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမပာာဗျူပာာကို တွေ့နေရပါတယ်။ တိုင်းရင်းသားသူပုန်မျိုးစုံနဲ့လည်း အပစ်အခတ်ရပ်စဲပြီး လုပ်ဆောင်နေတော့ မြန်မာနိုင်ငံနဲ့ တွဲဖက်လုပ်ကိုင်လိုသူတွေရော ဘိန်းအစားထိုးလုပ်ဖို့ လုပ်ကိုင်နေတဲ့ အသိုင်းအဝိုင်းကရော အားတက်ဖွယ် အခွင့်အလမ်းတွေ ရလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ပာု UNODC ၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ကိုယ်စားလှယ် Gary Lewis က ပြောသည်။ UNODC ၏အစီအစဉ်များတွင် ရှမ်းပြည်တောင်ပိုင်းတွင် အခြားနည်းလမ်းများဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားများအား ထောက်ပံ့ ကူညီမည့် စီမံကိန်းများပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ ယခင် လူ့အခွင့်အရေးမှတ်တမ်းများကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားအကူအညီများသည် အကန့်အသတ်နှင့် ရှိနေပြီး နိုင်ငံတကာအလှူရှင်များအတွက် ဆက်ဆံရာတွင် ကန့်သတ်ချက်များ ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများကြောင့် အလှူရှင်ရန်ပုံငွေများ လမ်းပွင်းသွားမည်ဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။ UNODC မှ Lewis ကပြောကြားရာတွင် ဘိန်းကို ပယ်ဖျက်ရေးနှင့် အစားထိုးထုတ်လုပ်မှုကိုဖြစ်စေတဲ့ စီးပွားရေးနဲ့ လူမှုရေး မသေချာ မရေရာမှုတွေ အဆုံးသတ်သွားဖို့ နိုင်ငံရေးအရ အဖြေရှာမှသာ ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရက တိုင်းရင်းသား ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသမှာ ဘိန်းကို ဖျက်ပစ်ဖို့ အခြားသီးနှံစိုက်ပျိုးရေး အစီအစဉ်တွေလုပ်နေတာ ဘယ်တော့မှ အောင်မြင်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ တိုင်းရင်းသားပြဿနာတွေအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒါလည်း မလွယ်လှပါဘူး”ပာု Lintner ကပြောသည်။ လူ့အခွင့်အရေး အကာအကွယ်ပေးရေး အထူးသဖြင့် မြေများတွင် အလုပ်လုပ်ခွင့်သည်လည်း အသိအမှတ်ပြုရန် လိုအပ်သည် ပာု Alternative ASEAN Network မှ ပြောခွင့်ရအမျိုးသမီး Debbie Stothard ကပြောသည်။ ယခင်က တရားဝင် ဘိန်းဖျက်သိမ်းရေး အစီအစဉ်များတွင် ဒေသခံများထံမှ မြေသိမ်းယူခြင်းများကို ဖြစ်စေသည်။ “တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အထူးလိုအပ်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်လည်း လိုအပ်ပါတယ်။ ဘိန်းဖျက်သိမ်းရေး နိုင်ငံတကာအစီအစဉ်တွေကို အစိုးရက ဝင်ရောက် ကိုင်တွယ်ရာမှာ ဒေသခံတွေဆီက မြေပေါ်က ဖယ်ပေးရာတာတွေရှိခဲ့ပါတယ်”ပာု သူမကပြောသည်။

Stothard က ပြောကြားရာတွင် စစ်တပ်များဖယ်ရှားရေးကလည်း လိုအပ်ကြောင်း၊ စစ်တပ်များသည် ဒေသခံများထံမျ အတင်းအဓမ္မရန်ပုံငွေ ကောက်ခံမှုများ ရှိနေကြောင်း စွပ်စွဲမှုများရှိသည်ပာု ဆိုသည်။ သူမက ပြောကြားရာတွင် ဘိန်းဖျက်သိမ်းမှုထိရောက်အောင်မြင်စေရန် ဥပဒေများနှင့် အဖွဲ့အစည်းများ စနစ်တကျ ပြန်လည် ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ပာုဆိုသည်။

***********************************************************************

မြန်မာနိုင်ငံသို့ ချောင်းပေါက်အောင်သွားနေကြပြီ

(Asia News Network မှ 18 Jan 2012 ရက်စွဲပါ The Straits Times ၏ Beating a path to.... where? ကို ဘာသာ ပြန်ဆိုသည်)

အနောက်နိုင်ငံမှ နိုင်ငံရေးသမားများ မြန်မာနိုင်ငံတွင် ချောင်းပေါက်နေသည်ကို ကြည့်၍ အာဆီယံမြို့တော်များတွင် ဝမ်းသာခြင်းနှင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်းတို့ ရောပြွမ်းနေသော အပြုံးများ ဖြစ်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး များသည် ၎င်းတို့ကြားခဲ့ရသော ပြောင်းလဲမှုများကို သွားရောက်အကဲဖြတ်ကြည့်ရှုကြပြီးဖြစ်သည်။ အမေရိကန်က ယခုသံအမတ်ကြီး အဆင့် ပြန်လည် ထားရှိရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အမေရိကန် ဆီးနိတ် ရီပတ်ဗလစ်ကင်ခေါင်းဆောင် မစ်ခ်ျမက်ကော်နဲသည် စိတ်ကျေနပ်မှုရသွားပြီး၊ ၎င်းသည် စီးပွားရေးအရ အရေးယူမှုများ ကို ပြန်လည်စဉ်းစားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ တကယ်တမ်းတွင် ၎င်းက အရေးယူမှုများပြုလုပ်ရန် စတင်ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ယခင် စစ်အစိုးရကို ဦးဆောင်ဝေဖန်ခဲ့သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသည်လည်း လာရောက်လည်ပတ်ဦးမည်ဖြစ်သည်။

၎င်းတို့၏ ခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ဂါဝရပြုရခြင်းသည်လည်း အစိတ်အပိုင်းကြီး တစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ အဆိုပါ အစိုးရများက သူမအားနှိပ်ကွပ်ခဲ့သော စစ်အစိုးရအား ဆန့်ကျင်ကြောင်း သက်သေပြကြခြင်းဖြစ်သည်။

                သို့သော် ဧည့်သည်များသည် ပြုပြင်ပြောင်းလဲရေးများ၏ အတိမ်အနက်ကို မမြင်ရသေးဘဲ သိထားသမျှနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် စကားပြောပြီးချိန်တွင် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ တူညီစွာ ပြောလေ့ရှိသည်မှာ “ယခု အထိ လုပ်ဆောင်သမျှ ကောင်းပါသည်။ ကျေးဇူးပြု၍ ပိုမိုလုပ်ဆောင်ပြပါဦး” ပာူ၏။ အစိုးရဆန့်ကျင်သူများလွှတ်ပေးခြင်းမှာ ကြီးမားသောခြေလှမ်းကြီးဖြစ်ပြီး ၎င်းတို့က နိုင်ငံရေးလုပ်ငန်းစဉ်တွင် အောင်အောင် မြင်မြင် အကျိုးပြုနိုင်ခြင်းရှိမရှိဆိုသည်မှာ ပို၍ကြီးမားသော စမ်းသပ်မှုပင်ဖြစ်လိမ့်မည် ဖြစ်သည်။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့လျှင် မြန်မာနိုင်ငံသည်လမ်းကြောင်းပေါ်ရောက်သင့်ပြီဖြစ်သည်။

အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံအား အထီးကျန်ပြုထားခြင်းဖြင့် မြန်မာဗိုလ်ချုပ်များ နားလည်လက်ခံလာလိမ့်မည်ပာု ထင်နေ ချိန်တွင် အာဆီယံသည် မြန်မာနိုင်ငံနှင့် လမ်းကြောင်းဖွင့်ထားပြီး၊ တဖြည်းဖြည်း နားချသည့် လုပ်ငန်းကို ယခင်ကတည်းက လုပ်ဆောင် လာခဲ့သည်။ အစိုးရကမူ ဘာမျှပြောင်းမသွားခဲ့ပါ။ သာမန်ပြည်သူများသာ အစိုးရ၏ လုံးဝလစ်လျူရှုမှုနှင့် အုပ်ချုပ်မှုကြောင့် ပိုမိုထိန်းချုပ်ခံလာရသည်။ အာဆီယံ၏ စိတ်ရှည်စွာ ဆက်ဆံရေးကို တခါတရံ စိတ်ပျက်ဖွယ်လုပ်ရပ်ပာု ထင်ရသော်လည်း၊ ပြောင်းလဲမှုများ ဖြစ်လာသည်နှင့်အမျှ အရေးပါသည်ပာု တဖြည်းဖြည်း သက်သေပြနိုင်လာသည်။ မြန်မာနိုင်ငံသည် တရုတ်တို့လုပ်ဆောင်နေသော ရေလှောင်တမံစီမံကိန်းအား ရပ်တန့်ပြီး မပာာမိတ် တရုတ်နှင့် ခပ်ခွာခွာ နေလာခြင်းဖြင့် အနောက်နိုင်ငံများ၏ အာရုံကို ဖမ်းစားလာချိန်တွင် မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေမရှိချိန်တွင် အာဆီယံ ပါတနာများက နံဘေးတွင် ရပ်ပေးသည်ဆိုသည့် အချက်ကို မမေ့သင့်ပေ။

ကန့်သတ်ချက်များအားလုံး ဖယ်ရှားပြီးပါက အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းများသည် တရှိန်ထိုး ဝင်လာတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ သစ်နှင့် ရေအား အလွန်ပေါပါသည်။ (အရေးယူမှုများသည် ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုချက် မရှိခြင်းကြောင့် အနောက်နိုင်ငံစွမ်းအင် ကုမ္ပဏီနှစ်ခုဖြစ်သော Chevron နှင့် Total တို့မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်ကို မတားဆီးနိုင်ခဲ့ပေ)။ ခရီးသွားလာရေး လုပ်ငန်းသည်လည်း ပိာုတယ်များဆောက်ပြီးသည်အထိ အချိန်စောင့်ရန် လိုအပ်သကဲ့သို့ ထုတ်လုပ်ရေးလုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံသူများသည်လည်း သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင် ဖြည့်ဆီးပေးနိုင်မှုပေါ်တွင် ပိုမိုလိုအပ်ချက်များ ရှိမည်ဖြစ်သည်။ သန်း(၆၀)မျှ ရှိသော လူဦးရေအတွက် လူသုံးကုန် ထုတ်လုပ်မည့် သူများအတွက် မျက်စိကျဖွယ်ရှိသော်လည်း၊ လိုအပ်သော ဝယ်လိုအားမှာ နှစ်ပေါင်း များစွာအတွင်း ရရှိရန် မဖြစ်နိုင်ပေ။ သို့သော် မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်၊ လမ်းများ၊ဆိပ်ကမ်းများ၊ လေကြောင်းဆက်သွယ်မှုများ ကဲ့သို့သော အခြေခံ အဆောက်အဦး စီမံကိန်းများ အပြိုင်အဆိုင်လုပ်ကိုင်ရန်မူ အချိန်တန်နေပြီဖြစ်သည်။ အာဆီယံ တိုင်းပြည်များသည် အနောက်နိုင်ငံများက ပိတ်ဆို့ထားချိန်၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီဖြစ်၍ နိုင်ငံတကာနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည့် အနေအထားတွင် ရှိသည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment