Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ (အပိုင်း -၂)

  1. မြန်မာနိုင်ငံတွင် မျှော်လင့်ချက်သစ်ထွက်ပေါ်ပြီဟု အိုဘားမား ချီးကျူးပြောဆို

(AP သတင်းဌာနမှ 25 Jan 2012 ရက်စွဲပါ Obama hails new hope in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် မှန်ကန်သောဖက်မှ ရပ်တည်ပေးနိုင်ပါသေးသည်

(26 Jan 2011 ရက်စွဲပါ Washington Post မှ fred Hialt ရေးသားသော The U.S could get on the right side of history in Burma ကို ဘာသာပြန်သည်)

***********************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် မျှော်လင့်ချက်သစ်ထွက်ပေါ်ပြီဟု အိုဘားမား ချီးကျူးပြောဆို

(AP သတင်းဌာနမှ 25 Jan 2012 ရက်စွဲပါ Obama hails new hope in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက "မျှော်လင့်ချက်သစ်" တစ်ရပ် အဖြစ် ချီးမွမ်းပြောဆိုလိုက်ကြောင်း သတင်းဌာနအသီးသီး၏ ရေးသားဖော်ပြချက်အရ သိရသည်။

အမေရိကန်ပြည်ထောင်စု၏ အာရှပစိဖိတ်ဒေသအတွင်း ဆက်လက်တည်ရှိမှုအတွက် ကြိုးပမ်းသွားရန် ဆုံးဖြတ်ထားသည် ဖြစ်ရာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများက မျှော်လင့်ချက်သစ်များကို ဖြစ်ပေါ်စေကြောင်း အိုဘားမားက နိုင်ငံတော်အခြေပြမိန့်ခွန်း(State of the Union Address)တွင် ထည့်သွင်းပြောဆိုသည်။

အမေရိကန်သမ္မတအများစုသည် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆိုရာတွင် ပြည်တွင်းရေးကိုသာ ဦးစားပေး ပြောဆိုလေ့ ရှိသော်လည်း ယခု တစ်ကြိမ်တွင်မူ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းတွင် အမေရိကန်ဦးဆောင်မှုကို မြင်တွေ့ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။

“အမေရိကဟာ ပစိဖိတ်ပါဝါဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း လုပ်ကိုင်ပြသပြီး ဖြစ်ပါတယ်။ မြန်မာပြည်မှာ ခေတ်သစ် တစ်ခု အစပျိုးမှုကြောင့် မျှော်လင့်ချက်သစ်ကို ဖြစ်ပေါ်စေပါတယ်” ဟု မြန်မာနိုင်ငံကို Burma ဟူသောအသုံးအနှုန်းဖြင့် ညွှန်းဆိုပြောကြားသည်။

အနောက်နိုင်ငံများ၏ အမြင်တွင် ကာလကြာရှည်စွာ အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ အရပ်သားအစိုးရ တက်လာပြီးနောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ထို့နောက် မြန်မာနှင့် ပုံမှန်သံတမန် ဆက်ဆံရေး ပြန်လည်စတင်မည် ဖြစ်ကြောင်း ၎င်းကထုတ်ဖော်ပြောဆိုထားသည်။

*******************************

အမေရိကန်သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် မှန်ကန်သောဖက်မှ ရပ်တည်ပေးနိုင်ပါသေးသည်

(26 Jan 2011 ရက်စွဲပါ Washington Post မှ fred Hialt ရေးသားသော The U.S could get on the right side of history in Burma ကို ဘာသာပြန်သည်)

ဆီရီးယားနိုင်ငံ၏ Bashar al-Assad က ၎င်း၏ပြည်သူများကို သတ်ရန်အမိန့်ပေးခဲ့ခြင်းအတွက် ယခင်ကတည်းက နည်းလမ်းပြခဲ့သူမှာ မိုင် ၄၀၀၀ ခန့်ဝေးကွာသော အရှေ့တောင်အာရှနိုင်ငံတစ်ခုကို မှားယွင်းစွာ အုပ်ချုပ်နေသော ဗိုလ်ချုပ်ကြီးများ ဖြစ်သည်။

မြန်မာအစိုးရသည် ၁၉၈၈ ခုနှစ်က လက်နက်မဲ့သော တက္ကသိုလ်ကျောင်းသားများအား သတ်ဖြတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဘုန်းတော်ကြီးများကို သေနတ်ဖြင့် ပစ်ခဲ့သည်။

                သို့သော် အချိန်ကြာလာသောအခါ ပြည်သူများကလည်း မေ့သွားကြပြီး အချို့ဗိုလ်ချုပ်ကြီးများသည် ယူနီဖောင်းချွတ်လျက် အရပ်သားအစိုးရ အသွင်ပြောင်းခဲ့သောအခါ အစိုးရများ၊ ကုမ္ပဏီများနှင့် အခြားအုပ်စုများသည် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပြီး မြန်မာအစိုးရနှင့် ဆက်ဆံရေးပြုလုပ်ရန် ဖိအားပေးလာသည်။ ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် မတောင်းဆိုမီက အာရပ်နွေဦးတော်လှန်ရေးက သင်ခန်းစာအချို့ ရခဲ့ကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် အလုပ်မဖြစ်ပာူသော အချက်မှ ဆက်ဆံရေးပြုလုပ်ရန် ငြင်းချက်ထုတ်မှုများ ထွက်ပေါ် လာခြင်း ဖြစ်သည်။ စစ်အစိုးရသည်၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ခြင်းမှာ ဆယ်စုနှစ် နှစ်စုခန့်ကြာလာသော် ပေါ်ပြူလာဖြစ်ခြင်း မရှိတော့ သော်လည်း မေ့တော့မမေ့ကြသေးပေ။ အမေရိကန်သံတမန်များနှင့် ကုမ္ပဏီများ မြန်မာနိုင်ငံနှင့် ဝေးကွာခဲ့သောအခါ တရုတ်၏ပါဝါက မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလာခဲ့သည်။ မြန်မာပြည်သူများသည် ဆင်းရဲမြဲ ဆင်းရဲလျက်ရှိပြီး ကမ္ဘာကြီးနှင့် အထီးကျန်ဖြစ်လျက်ရှိသည်။

အဘယ်ကြောင့် အသစ်တစ်ခုခုကို ကြိုးပမ်းသနည်း။ အဘယ်ကြောင့် မိမိကိုယ်မိမိ ဒုက္ခတွေ့စေမည့် အိုင်ဒီယာကို ပစ်ပယ်ပြီး ပိုမို၍ လက်တွေ့ ကျသော တစ်ခုမပြောင်းသနည်း။

ဖြစ်နိုင်သော အကြောင်းပြချက်အချို့ စိတ်ထဲသို့ ရောက်လာသည်။ အချက်တစ်ချက်မှာ စစ်အစိုးရနှင့် ဆက်ဆံရေးလုပ်ခြင်းဖြင့် မွန်းကျပ်နေသော အစိုးရအတွက် ပို၍အားရှိသွားစေမည်လောဆိုသည့် အချက်ဖြစ်သည်။ အနောက်ဥရောပသည် ကျူးဘားနှင့် ဆယ်စုနှစ်များစွာကပင် ဆက်ဆံရေး ပြုလုပ်လာခဲ့ရာ ကက်စထရိုသည် ဘာမျှကုန်ကျစရိတ်မရှိလှပဲ ယူရိုငွေများ ဝင်လာခဲ့ပြီး သူ၏ အာဏာရှင်စနစ် တည်ငြိမ်အောင် လုပ်ထားနိုင်ခဲ့သည်။

ဆက်ဆံရေးပြုလုပ်ခြင်းကြောင့် အမေရိကန်စီးပွားရေး ပိုကောင်းလာအောင်လည်း လုပ်ပေးနိုင်မည်မပာုတ်ပေ။ မြန်မာနိုင်ငံသည် ၎င်း၏ ထူးဆန်းသော အကျင့်တစ်ခုဖြစ်သည့် သံသယကြီးမားသည့် ခရိုနီဆိုရှယ်လစ်စနစ်ကိုသာ ဖက်တွယ်ထားမည်ဆိုပါက၊ ဖွံ့ဖြိုးတိုးတက်မည့် အခွင့်အလမ်းများ မရနိုင်ပေ။

ထို့အပြင် အရေးယူပိတ်ဆို့မှုများ အလုပ်မဖြစ်ပာု ပြောရခြင်းမှာလည်း တရားမျှတမှုမရှိပာုဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စုသည် အရေးယူမှုကို အပြည့်အဝ အသုံးမချရသေးသောကြောင့်ဖြစ်သည်။ ၎င်းသည် မြန်မာခေါင်းဆောင်များ၏ ကိုယ်ပိုင် ငွေကြေးများနှင့် ဆွေမျိုးများ၏ ကိုယ်ပိုင်ငွေများကို တင်းတင်းကြပ်ကြပ် ချိန်ရွယ်လုပ်ဆောင်ခြင်း မရှိသေးပေ။ အမေရိကန်တို့သည် ၎င်းတို့၏ မပာာဗျူပာာ ဦးစားပေးမှာမြန်မာနိုင်ငံအတွင်းမှ ဒီမိုကရက်များအား ကူညီရန် ဖြစ်သည်ဆိုသောအချက်ကို မြန်မာနိုင်ငံ၏ အိမ်နီးချင်းများအား ရှင်းအောင်ပြောမထား ခဲ့ပေ။ မြန်မာ၏ အိမ်နီးချင်းအချို့မှာ ၎င်းတို့ ဒီမိုကရေစီအသစ်ပာုဆိုနေကြပြီး၊ မြန်မာနိုင်ငံမှ သွေးစွန်းသောဗိုလ်ချုပ်များနှင့် မသက်မသာ ပုခုံးဖက်လျက် ရှိကြသည်။ အမေရိကန်သည် စစ်အစိုးရကျုးလွန်ခဲ့သော လူသားချင်းစာနာမှုမရှိသည့် ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကိစ္စကို စကားပြောခဲ့သော်လည်း ဘယ်သောအခါမှ တွန်းအားပေးခဲ့ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကပင် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်အတွက် ထောက်ခံခဲ့သည်။

တွန်းအားပေးခြင်းသည် အကျင့်ဆိုးများ ထပ်ခါထပ်ခါ ဖြစ်ပေါ်နေမှုကို အားပျော့သွားစေပါမည်။(အဘယ်ကြောင့် ကဒါဖီကိုမူ ဗုံးကြဲ၍ ရွာ တစ်ရွာပြီး တစ်ရွာ ဖျက်ဆီးသော မြန်မာအစိုးရကိုမူ ဘာမျှမလုပ်သနည်း) တွန်းအားပေးခြင်းသည် ကဒါဖီ၊ အာဆတ်နှင့် အခြားအာရပ် အာဏာရှင်များကို ၎င်းတို့အား မနှစ်သက်ကြောင်းအဆို ကိုစောင့်ရန်မလိုကြောင်း ပြသခြင်းပင်ဖြစ်သည်။

သို့သော် အီဂျစ်တွင် ယခုနွေဦးက Pew သုတေသနဗဟိုက ပြည်သူ့မြင်ကို စာရင်းကောက်ယူရာမှ အားကောင်းသော ငြင်းချက်ထုတ်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

အီဂျစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်ပေါင်းများစွာ လုံးဝလက်တွေ့ကျသော ထိတွေ့ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ မူဘာရက်နှင့်အဖွဲ့ အမှားများမလုပ်နိုင်အောင်ထားရှိသော ကိုင်ရိုမှ အမေရိကန်သံအမတ်များသည်  အီဂျစ်ပြည်သူများ၏ ပိုမိုလုံခြုံသောဘဝအတွက် လိုလားချက်များကို မသိနားမလည်၊ သဘာဝမကျပာုဆိုကာ မှန်မှန်လစ်လျူရှုခဲ့သည်။ နောက်ဆုံးအီဂျစ်ပြည်သူများသည် လမ်းပေါ်သို့ထွက်၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် တောင်းဆိုကြရာ၊ အမေရိကန်ပြည်ထောင်စုသည် သမ္မတမူဘာရက် ဆက်လက်ရှင်သန်နိုင်ရန် မျှော်လင့်ချက်မရှိတော့သည်အထိ မူဘာရက်ဖက်မှ ရပ်တည်ခဲ့သည်။

ရလဒ်ကားအဘယ်နည်း။ အီဂျစ်လူမျိုးများ၏ ၂၀% ကသာ အမေရိကန်ပြည်ထောင်စုကို အကောင်းမြင်ကြသည်ပာု Pew က တွေ့ရှိသည်။ Pew ၏ တွေ့ရှိချက်အရ အရှေ့အလယ်ပိုင်းတွင် ဖြစ်သွားခဲ့သော နိုင်ငံရေးအရပြောင်းလဲမှုကို အမေရိကန်သမ္မတက ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အနုတ် လက္ခဏာဆောင်သော အမြင်က ပို၍များသည်ပာုဆိုသည်။ သဘောမကျသူ အများစုက ပြောရာတွင် ပြောင်းလဲမှုအတွက် တောင်းဆိုသူများအပေါ် Obama ၏ ထောက်ခံမှုအနည်းငယ်သာ ရခဲ့သည်ပာုဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် သမိုင်းတွင်မှားသည့်ဘက်တွင် ရပ်ခဲ့ပြီးဖြစ်သည်။ တနည်းအားဖြင့် ယခုအခါ ထိုအတွက် ပေးဆပ်နေရပြီ ဖြစ်သည်။

အကယ်၍ မြန်မာ စစ်တပ်အစိုးရသည် အနာဂါတ်ကို ကိုယ်စားပြုသည်ပာု ယုံကြည်မှုရှိသည်ဆိုပါလျှင် ဆက်ဆံရေး တည်ဆောက်ရန်နှင့် နှစ်နိုင်ငံကြား ခြားနားနေမှုများကို ပြင်ဆင်ရန် ဖြစ်သည်။ စစ်အစိုးရ မည်သည့်အချိန်တွင် ကျရှုံးမည် သို့မပာုတ် ၎င်း၏ စစ်သားများ မည်သည့်အချိန်တွင် ကျောင်းသားများနှင့် ဘုန်းတော်ကြီးများအား မသတ်တော့ပါပာု ဆုံးဖြတ်ချက်ချမည်ဆိုသည်ကို မည်သူမျှ အတိအကျ မခန့်မှန်းနိုင်ဆိုသည်မှာ သေချာသည်။

သို့သော် စစ်အစိုးရက ၎င်းတို့ကို ပြည်သူက မုန်းတီးသည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ထို့ကြောင့် အစိုးရသည် မီဒီယာများကို ပိတ်ပင်ခြင်း၊ အစိုးရဆန့်ကျင်သူထောင်ပေါင်းများစွာအား ထောင်ချခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ပိတ်ပင်ခဲ့ခြင်းနှင့် မြို့တော်ကို လူအများနှင့်ဝေးရာတွင် ငွေဘီလီယံသုံးစွဲ၍ ရွှေ့ပြောင်းခဲ့ခြင်းများ လုပ်ခဲ့ခြင်းဖြစ်သည်။ အာရှတစ်ခုလုံးသည် မြန်မာနိုင်ငံကို ဖြတ်ကျော်သွားကြပြီဖြစ်ရာ၊ မြန်မာနိုင်ငံမှ သက်ကြားအို သူခိုးကြီးများအနေဖြင့် ၎င်းတို့သည် အမှန်တကယ်ပင် အနာဂါတ်ကို ကိုယ်စားမပြုဆိုသည်ကို နားလည်ရမည်ဖြစ်သည်။

အမေရိကန်သည် အီဂျစ်တွင် မူဘာရက်ပြုတ်ကျရေး၊ အီဂျစ်ပြည်သူများအပေါ် အနည်းငယ်သာ လုပ်ဆောင် ပေးနိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ စစ်အစိုးရ နိဂုံးချုပ်ရေးတွင်လည်း အမေရိကန်တို့၏ လုပ်ဆောင်ပေးနိုင်မှုမှာ မပြောနိုင် သေးပေ။ သို့သော် ဒီမိုကရက်တစ်မြန်မာနိုင်ငံတွင် Pew သုတေသန ဗပိာုက စစ်တမ်းကောက်ယူမှုပြုလုပ်ပြီး၊ မြန်မာနိုင်ငံတွင် ရလဒ်ကောင်းများထွက်ရေးအတွက် အမေရိကန်တို့ ဘာလုပ်ပေးနိုင်မလဲ ဆိုသည်ကို စဉ်းစား ရတော့မည် ဖြစ်သည်။

                            *****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment