Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ၂၅ နှစ်အလွန် တံခါးဖွင့်ချိန်တွင် မြန်မာအတွက် စီမံကိန်းများ ပြန်စရန် ADB ပြင်ဆင်

(Bloomberg News မှ 1 March 2012 ရက်စွဲပါ ADB preparing first Myanmar projects in 25 years as Thein opens ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲရေးများသည် 2015 တွင် တစ်ခုတည်းသော ဈေးကွက်ဖြစ်ရေး အာဆီယံ၏ ရည်မှန်းချက်ကို အားဖြည့်

(Business Mirror မှ 1 March 2012 ရက်စွဲပါ Estrella Torres ရေးသားသော Myanmar reforms boost Asean single market goal by 2015 ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************

၂၅ နှစ်အလွန် တံခါးဖွင့်ချိန်တွင် မြန်မာအတွက် စီမံကိန်းများ ပြန်စရန် ADB ပြင်ဆင်

(Bloomberg News မှ 1 March 2012 ရက်စွဲပါ ADB preparing first Myanmar projects in 25 years as Thein opens ကို ဘာသာ ပြန်ဆိုသည်)

ယခင်က မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ထိန်းချုပ်ထားခဲ့သော မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် ပြုလုပ်လာခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံစုံအစိုးရများက ၂၅ နှစ်ကြာ ပစ်ပယ်ထားမှုကို အဆုံးသတ်ကာ မြန်မာနိုင်ငံအား ပြန်လည်ဆက်ဆံလာခြင်းနှင့်အတူ အာရှဖွံ့ဖြိုးရေးဘဏ် ADB သည်လည်း မြန်မာနိုင်ငံမှ စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် စီစဉ်နေပြီဖြစ်သည်။

မနီလာမြို့ ရုံးခန်း၌ မနေ့က ပြုလုပ်သော အင်တာဗျူးတွင် ADB ၏အမှုဆောင်ဒါရိုက်တာချုပ် Rajat Nag က "မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ အမှန်တကယ် စီစဉ် ပြင်ဆင်နေပါတယ်" ဟု ပြောကြားသည်။ "အရင်ဆုံး လေ့လာဆန်းစစ်မှု လုပ်ငန်းကို ကျွန်တော်တို့ စနေပါပြီ။ မြန်မာနိုင်ငံကို ပညာရှင်အဖွဲ့တွေ သွားနေပါတယ်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စိန်ခေါ်မှုတွေကတော့ သိပ်ကို ကြီးမားလွန်းပါတယ်။ အခြေခံ အဆောက်အဦပိုင်း၊ လူမှုကဏ္ဍပိုင်းတွေမှာပေါ့။ ပံ့ပိုးကူညီမှုနဲ့ စွမ်းရည်တည်ဆောက်မှုကို အများကြီး လိုအပ်နေပါတယ်" ဟု Rajat Nag က သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅ဝ စစ်အုပ်ချုပ်ရေးအလွန်၊ မနှစ်က အာဏာရလာသော သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ နိုင်ငံတွင်း နှစ်ပေါင်းများစွာ တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အပစ်ရပ် သဘောတူညီမှုများ လက်မှတ် ရေးထိုးခြင်း တို့ကို ဆက်တိုက် ပြုလုပ်ကာ အရေးယူမှုများ ရုတ်သိမ်းရေးကို အနောက်နိုင်ငံများ စတင် စဉ်းစားလာအောင် ကြိုးစားလျက်ရှိသည်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်း မြန်မာနိုင်ငံသည် အာရှ၏ စီးပွားရေးခွင်အသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု ပြောကြားကာ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား ရင်းနှီးမြှုပ်နှံသူများစွာက စိတ်ဝင်စားနေကြကြောင်း ရည်ညွှန်း ပြောဆိုထားသည်။

ADB သည် မြန်မာနိုင်ငံမှ အခြေခံ အဆောက်အဦးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို တရားဝင် စတင်နိုင်ရန်အတွက် ရှယ်ယာဝင်များထံမှ အတည်ပြုချက် ရယူရန် ဆောင်ရွက်နေပြီး ကုလနှင့် ကမ္ဘာ့ဘဏ် အပါအဝင် အခြား နိုင်ငံတကာ အေဂျင်စီများနှင့်အတူ လက်တွဲ လုပ်ဆောင်သွားမည်ဟု Rajat Nag က ပြောကြားသွားသည်။

*****************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲရေးများသည် 2015 တွင် တစ်ခုတည်းသော ဈေးကွက်ဖြစ်ရေး အာဆီယံ၏ ရည်မှန်းချက်ကို အားဖြည့်

(Business Mirror မှ 1 March 2012 ရက်စွဲပါ Estrella Torres ရေးသားသော Myanmar reforms boost Asean single market goal by 2015 ကို ဘာသာ ပြန်ဆိုသည်)

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် 2015 ခုနှစ်တွင် တစ်ခုတည်းသော ဈေးကွက် (single market) တည်ထောင်ရန် အခြေအနေကောင်းများ ရရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်အား ကျောက်မျက်ရတနာနှင့် သဘာဝဓါတ်ငွေ့ ကဲ့သို့သော ကုန်ကြမ်းများ ရယူနိုင်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန (DITP) ၏ ကုန်သွယ်မှု သယ်ယူပိုဆောင်ရေး ဒါရိုက်တာ Wandee Thanalertvisut က ပြောကြားရာတွင် ထိုင်းနှင့် တခြား အာဆီယံစီးပွားရေးများသည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် တို့အား ၎င်းတို့ ကိုယ်ပိုင်ဈေးကွက် ကြီးထွားတိုးတက်ရေး အတွက် အကူအညီပေးရန် အခွင့်ကောင်းဖြစ်ပြီး၊ အဆိုပါနိုင်ငံများက 2015 အာဆီယံ၏ စီးပွားရေးအစုအဖွဲ့အတွက် ပြင်ဆင်ရန်ကူညီနိုင်ကြောင်း ဆိုသည်။

“အာဆီယံနိုင်ငံတွေဟာ အားကောင်းစွာချိတ်ဆက်ပြီး အဖွဲ့ဝင်အသီးသီးရဲ့ စီးပွားရေးလိုအပ်ချက်တွေကို အကူအညီပေးပြီး၊ 2015 မှာ ရည်မှန်းထားတဲ့ တစ်ခုတည်းသောဈေးကွက်ကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်” ဟု Thanalertvisut က SMX ကွန်ဗင်းရှင်းဗဟိုဌာနတွင် ပြုလုပ်သော စတုတ္ထ အကြိမ်မြောက် ထိုင်းကုန်စည်ပြပွဲဖွင့်ပွဲတွင် Business Mirror နှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသည် ထိုင်းရင်းနှီးမြှုပ်နှံသူများ ဖိလစ်ပိုင်ဈေးကွက်နှင့် ချိတ်ဆက်ရန် ပိုမို စိတ်ဝင်စားလာစေသည်။ ယခုအခါ အာဆီယံ နိုင်ငံများသည် ကုန်စည်များလွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် တစ်ခုတည်းသော ပြူတင်းပေါက် (national single window) စနစ်တစ်ခုကို ထူထောင်ရန် လုပ်ဆောင်နေကြသည်။

“ကျွန်မတို့ တစ်ခုတည်းသောဈေးကွက် ဖန်းတီးဖို့လုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့ ကုန်စည်တွေ ရွေ့လျားရာမှာ ကုန်ကျစရိတ်နဲ့ အချိန်ကို လျော့ချနိုင်မယ့် ထိရောက်တဲ့သယ်ယူပို့ဆောင်ရေးစနစ်ကို စဉ်းစားသင့်ပါတယ်” ဟု Thanalertvisut က ပြောကြားခဲ့သည်။ သူမသည် ထိုင်းနိုင်ငံ၏ တစ်နေရာတည်းတွင် အပြီးကုန်သွယ်မှု ဝန်ဆောင်မှု ပေးရေး ဗဟိုဌာန၏ အကြီးအကဲဖြစ်သည်။

ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို စိုးရိမ်သောကြောင့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (FTA) ချုပ်ဆိုရေးကို ပြန်လည်စဉ်းစားခဲ့ပြီး၊ စင်္ကာပူ၊ မလေးရှား တို့ကဲ့သို့ တစ်နိုင်ငံချင်းဖြင့် FTA စာချုပ်ရေးထိုးရန် ညှိနှိုင်းလျက်ရှိသည်။

အီးယူနှင့် အမေရိကန်ပြည်ထောင်စုတို့က အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပြီး၊ မြန်မာစစ်အစိုးရအပေါ် မည်သို့မျှ အရေးယူ လုပ်ဆောင်ခြင်း မရှိမှုအပေါ် ဝေဖန်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် အာဆီယံသည် ၎င်း၏ တစ်ခုတည်းသော ဈေးကွက်စီးပွားရေး ဆီသို့ ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ထိုင်းကုန်သွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်များကြား အကောက်ခွန်စည်မျဉ်းများ တူညီရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် လွယ်ကူစေရန် စာရွတ်စာတမ်း မလိုသော အကောက်ခွန်လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ် ပါဝင်ရမည်ဟု သူမက ပြောသည်။

                ယခု အချိန်သည် ဥရောပစီးပွားရေးသည် ငွေကြေးပြဿနာများကြောင့် နက်ရှိုင်းစွာ ခံစားနေရသည့်အချိန်ဖြစ်၍ အာဆီယံ စီးပွားရေး အစုအဖွဲ့ ဖြစ်ပေါ်ရန် အချိန်ကောင်းဖြစ်ကြောင်း သူမက ပြောသည်။

အာဆီယံ ဈေးကွက်အများစု၏ ပို့ကုန်များကို ဥရောပက သန့်ရှင်းမှုနှင့် physanitary ပိုးမွှားများ မသန့်ရှင်းမှု (SPS) မူဝါဒများ ချမှတ်ထားခြင်းကြောင့် လုပ်ရကိုင်ရသည်မှာ ကျပ်တည်းလှသည်။

“မြန်မာနိုင်ငံဟာ အခုပြုပြင်းပြောင်းလဲရေးတွေ လုပ်လာတာဝမ်းသာဖို့ ကောင်းပါတယ်။ နိုင်ငံအားလုံးဟာ အာဆီယံ ဈေးကွက်တစ်ခုတည်း ရည်မှန်းချက်ကို ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမှာပါ” ဟု သူမက ပြောသည်။ မြန်မာနိုင်ငံသည် ကုန်ကြမ်းပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်များ ကြွယ်ဝပြီး၊ ဓာတ်ငွေ့သယံဇာတများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ ရှိခြင်းကြောင့် အာဆံယံအပေါ် အဆိုပါ ပစ္စည်းများဖြင့် ထုတ်လုပ်သော အဓိက ပစ္စည်းများအတွက် အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဖိလစ်ပိုင်နိုင်ငံသည် အရည်အချင်းပြည့်ဝသော ပညာတက်များရှိခြင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်သော ကျွမ်းကျင်လုပ်သားများရှိခြင်းမှာ အခြား အာဆီယံနိုင်ငံများနှင့်မတူကြောင်း သူမက ပြောသည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဆိုးရွားသော ရေကြီးမှုဒဏ်ကြောင့် ထိခိုက်ခဲ့ရမှုများမှ တဖြည်းဖြည်း နိုးထလာပြီဖြစ်ကြောင်း၊ ထိုင်းအစိုးရသည် နိုင်ငံခြားနှင့် ပြည်တွင်း ကုမ္ပဏီများအား ပြင်ဆင်ရေး လုပ်ငန်းများ၊ အခြေခံ အဆောက်အဦးများနှင့် စက်ယန္တရားများ ပြန်လည်ဝယ်ယူရေးများမှ တဆင့် ငွေကြေးအကူအညီများ ပေးလျက် ရှိသည်ဟု သူမက ဆက်လက် ပြောကြားသွားသည်။

**********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment