Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၇.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အမျိုးသားသတင်းဆုတွင် ဆန်ခါတင်ငါးခုရွေးချယ်ပြီးဖြစ်ကြောင်း သိရ
  2. မတ်လ ၁၅ ရက်နေ့စတင်၍ နွေစပါးအရန်ဆန် ဝယ်ယူမှု စတင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်စုတွေ့ဆုံ
  1. ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ-အမေရိကန် အဖွဲ့တို့ တွေ့ဆုံ
  2. ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ဖွဲ့မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အမျိုးသားသတင်းဆုတွင် ဆန်ခါတင်ငါးခုရွေးချယ်ပြီးဖြစ်ကြောင်း သိရ

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ မတ်လ ၁၈ရက်နေ့တွင် အမျိုးသားသတင်းဆုပေးပွဲအား ပြုလုပ်ကျင်းပမည် ဖြစ်ပြီး အမျိုးသား သတင်းဆုအား ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းမှ ချီးမြှင့်ပေးမည်ဖြစ်ပြီး ယခုလက်ရှိတွင် ဆန်ခါတင်စာရင်းများ ထွက်ပေါ်လာပြီဟု သတင်းရရှိသည်။

“ဒီလို ချီးမြှင့်တဲ့အထဲမှာ ဒိုင်းဆုတံဆိပ်ရယ် မှတ်တမ်းတင်ဂုဏ်ပြုလွှာပါမှာ ဖြစ်ပါတယ်။ ငွေသားဆုအနေနဲ့ကတော့ ငွေကျပ် ၁၀သိန်း ချီးမြှင့် သွားမှာဖြစ်ပါတယ်။ အခုရွေးချယ်ခံထားရတဲ့ ဆန်ခါတင်စာရင်းထဲမှာတော့ News Watchဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာမယန ဆောင်းပါးတော့ ပါပါတယ်။ ဆုချီးမြှင့်တာကတော့ ဦးကျော်ဆန်းကပဲ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

ယင်း အမျိုးသားသတင်းဆုကော်မတီအား ပြီးခဲ့သည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှ စ၍ ဒီဇင်ဘာ ၃၁ရက်နေ့များ၌ ပြည်တွင်းစာနယ်ဇင်းများမှ ဖော်ပြခဲ့သည့် သတင်းများနှင့် ဆောင်းပါးများအား ရွေးချယ်၍ ဆုငါးဆုပေးမည်ဖြစ်သည်ဟုလည်း ၎င်း၏ ပြောပြချက်အရ သိရသည်။

“ပထမကတော့ ဒီနှစ် ဖေဖော်ဝါရီလမှာ ဆုပေးဖို့ စီစဉ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါးကြောင့် ပြည်ကြားရေးဝန်ကြီးနဲ့ အငြင်းပွားဖွယ်ရာ ဖြစ်သွားလို့ ဒီမတ်လ ၁၈ရက်နေ့မှာ ပေးမယ်ဆိုပြီး စီစဉ်လိုက်ရတာဖြစ်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။

ထို့နောက် လက်ရှိတွင် သတင်းနှင့် ဆောင်းပါးများအား စီစစ်ရွေးချယ်ခဲ့ပြီး ဆုငါးဆုပေးမည်ဖြစ်ပြီး ဆန်ခါတင် ငါးဦး ရွေးချယ်ထားကြောင်း ယင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မတ်လ ၁၅ ရက်နေ့စတင်၍ နွေစပါးအရန်ဆန် ဝယ်ယူမှု စတင်မည်

နိုင်ငံတော်၏ အရန်ဆန် မိုးစပါးဝယ်ယူမှုများကို မတ်လ ၁၀ ရက်နေ့တွင် ရပ်ဆိုင်းမည်ဖြစ်ပြီး နိုင်ငံတော်၏ နွေ စပါးအရန်ဆန်ဝယ်ယူမှုကို ၂၀၁၂ မတ်လ ၁၅ ရက်နေ့မှ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ် ငန်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ နွေစပါး အရန်ဆန်ဝယ်ယူဖို့အတွက်ကို မတ်လ ၁၅ ရက်နေ့မှ စတင်မယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

နိုင်ငံတော်၏ ပြည်သူများအတွက် စားသုံးမှုဖူလုံရေးစီမံချက်အရ အရန်ဆန်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၆၄ မြို့နယ်တွင် ဝယ်ယူနေပြီး စပါးတင်းပေါင်း သိန်း ၂၀ ကျော် ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ အရန်ဆန်ထားရှိရန် စပါးတစ်တင်း ၄၆ ပေါင်ကိုက်ဖြင့် စပါးတင်း ၁၀၀ လျှင် ကျပ် ၃,၃၀,၀၀၀ နှုန်းဖြင့် လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူလျက်ရှိပြီး မတ်လ ၁၅ ရက်နေ့မှ စတင်ဝယ်ယူမည့် နွေစပါးများကိုလည်း ၎င်းနှုန်းထားအတိုင်းပင် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က ခုလို အရန်ဆန်တွေ ဝယ်ယူနေတာပာာ ပြည်တွင်းဆန်ဈေး တည်ငြိမ်ဖို့၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ သုံးစွဲဖို့နဲ့ ဈေးကွက်အသစ် ရှာဖွေတင်ပို့ဖို့အတွက် ဖြစ်ပါတယ်။”ပာု နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ၂၀၁၅ မတိုင်မီအချိန်ကာလအတွင်း ဆန်စပါးမူဝါဒ သစ်ကို ချမှတ်သွားမည်ဖြစ်ပြီး ၎င်း ဆန်စပါး မူဝါဒသစ်ရေးဆွဲနိုင်ရန် ထိုင်းနိုင်ငံမှ အကြံပေးများနှင့် Bureau of Rice Product Development အဖွဲ့မှ မူဝါဒရေးရာ၊ သုတေသနဆိုင်ရာ ဒါရိုက်တာအဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်စုတွေ့ဆုံ

မတ်လ ၇ရက်နေ့ မနက် ၁၁နာရီမှ စ၍ နယူးဇီလန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး Murray McCully မှ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တစ်နာရီကြာတွေ့ဆုံခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully သည် ယင်းသတင်းစာရှင်းလင်းပွဲ၌ ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခြင်း ဖြစ်ပြီး ယခုလို မြန်မာနိုင်ငံခရီးစဉ်မှာ ပထမဦးဆုံးဖြစ်ကြောင်း၊ ထို့နောက် မတ်လ ၆ရက်နေ့ နေ့လည်တွင်လည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ ကြောင်း၊ ထို့ပြင် ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသော တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မိမိတို့နိုင်ငံမှ စိတ်ဝင်စားမှုရှိကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ သည်ဟု သတင်းရရှိသည်။

ထို့ပြင် ၎င်းသည် မတ်လ ၅ရက်နေ့တွင် နယူးဇီလန်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီး မတ်လ ၆ရက်နေ့ နေ့လည် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည် ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ-အမေရိကန် အဖွဲ့တို့ တွေ့ဆုံ

မြန်မာ-အမေရိကန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့နှင့် အမေရိကန်နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံခြားရေးအဖွဲ့မှ ၂၀၁၂ မတ်လ ၄ရက်နေ့တွင် ပြည်လမ်းရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ခြမ်းက နိုင်ငံတော်သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးဆက်အောင်၊ ဦးစစ်အေးနဲ့ တခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ အမေရိကန်ဘက်ခြမ်းကတော့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ တက်ပါတယ်။ ဒီဆွေးနွေးပွဲ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို နိုင်ငံတော်အစိုးရပိုင်းမှာသာမကဘူး။ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တိုးတက်စေဖို့ အတွက် လုပ်ဆောင်ရတာ ဖြစ်ပါတယ်”ပာု ၎င်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ သမ္မတအကြံပေးအဖွဲ့နှင့် အမေရိကန်နိုင်ငံခြားရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နိုင်စေရန် နည်းလမ်းများရှာဖွေ၍ အခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေးမျိုးသာမက ဘက်ပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

၎င်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေး လေ့လာနေသူတစ်ဦးက “မြန်မာ-အမေရိကန် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ဒီ့ထက်ပိုတိုးမြှင့်နိုင်ဖို့ ဆိုရင် မြန်မာအစိုးရအနေနဲ့ နောက်ပြန်မလှည့်ဘဲနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီးလုပ်ဆောင်သင့်ပါတယ်။ အဓိကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ဖို့ပါပဲ”ပာု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို သံအမတ်ကြီးအဆင့်သို့ တိုးမြှင့်ခဲ့သည့်အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများထဲမှ အချို့ကိုလည်း ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ဖွဲ့မည်

၁၉၉၀ ရွေးကောက်ပွဲအပြီး ဖျက်သိမ်းခံပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်(UNLD) ပါတီအား ပြန်လည်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်(UNLD) ပါတီကို ပြန်ဖွဲ့နိုင်အောင် ဆောင်ရွက်သွားမှာပါ"ပာု ၎င်းကဆက်လက်ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ကရက်နှင့် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ ပါတီတည်ထောင်ခွင့်ရရှိပြီးမှသာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ပါတီကို ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

UNLD ပါတီအား ပြန်လည်ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ ၁၉၉၀ ခုနှစ်၌၎င်းနှင့်အတူ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည့် ဇိုမီးအမျိုးသား ကွန်ကရက်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် UNLD ပါတီအနေဖြင့် လည်း တရားဝင်နိုင်ငံရေးပါတီအနေဖြင့် ရပ်တည်နိုင်ရန် ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၈၉ ခုနှစ်၌် နိုင်ငံရေးပါတီ ၂၁ ခုနှစ်ဖြင့် စတင်ဖွဲ့စည်း၍ ၁၉၉၀ ခုနှစ်၌ ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ပြည်ထောင်စုအရေးကိစ္စများ၊ တိုင်းရင်းသားအရေးကိစ္စများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

UNLD ပါတီအား ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် သက်ဆိုင်ရာမှ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး-  လတ်တလော မလိုအပ်သေးတဲ့ ဆည်တည်ဆောက်ရေးလုပ်ငန်းတွေက ဘတ်ဂျက်ငွေတွေ လိုလာလို့ရှိရင် ဘယ်ကဏ္ဍမှာ ဒီပိုလာတဲ့ ဘတ်ဂျက်တွေကို အသုံးပြုလိုပါသလဲခင်ဗျား။

ဖြေ- အရေးတကြီးလိုအပ်နေတဲ့ ဝန်ထမ်းများရဲ့လစာ၊ စရိတ်တွေမှာ ဖြစ်နိုင်သလောက် တိုးပေးဖို့ပါ ဒါသည်ပင်လျှင် အကြီးမားဆုံး၊ အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ စိတ်ဓာတ်နှင့် စည်းကမ်းကေင်းဖို့၊ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တ ကောင်းဖို့ စိတ်ဓာတ်စည်းကမ်း အကျင့်စာရိတ္တ ကောင်းတဲ့ နိုင်ငံသားများရှိတဲ့ နိုင်ငံမှာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်တဲ့နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ သမိုင်းမှာ အထောက်အထားတွေ ရှိပါတယ်။ ယနေ့လည်း ထိုနိုင်ငံသားများနှင့် ဖွဲ့စည်းထားတဲ့ ထိုနိုင်ငံများဟာ ကမ္ဘာမှာတွေ့မြင်နိုင်မှာပါ။ အဘတို့ အသက်ရှင်ကျန်းမာတဲ့အချိန်မှာ ဤအစဉ်တွေ ချမှတ်လုပ်ဆောင်နေသော မြင်ကွင်းကို မြင်တွေ့လိုပါတယ်။ အမေးရဲ့အဖြေကို တိုက်ရိုက်ဖြေဆိုရလျှင် မကုန်ဆုံးနိုင်သော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး စီမံကိန်းကို ဦးစားပေးပြီး ကျန်စီမံကိန်း တွေကို ဟန်ချက်ညီညီ အချိုးကျကျ ဖြစ်စေချင်ပါတယ်။

မတ် ၆ ထုတ် The Street View အတွဲ (၁) အမှတ် (၉) တွင်ပါသည့်“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်း ကျွန်တော်တို့ကွန်ရက်က စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ် အခုလာမယ့် ကြားဖြတ်ရွးကောက်ပွဲမှလည်း ဒီအစီအစဉ် ရှိပါတယ်။ သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာ မေးခွန်း ၁၂ ခုပါတဲ့ စာရင်းကောက်ယူမှုတွေနဲ့ လုပ်နေပါတယ်။ ၄၈နေရာမှာ ၁၇ နေရာ လောက်ပဲ လုပ်နိုင်မှာပါ။ ဧရာဝတီ တိုင်းဒေသကြီးမှာ ပိုများပါလိမ့်မယ်။ မဲဆွယ်စည်းရုံးတဲ့ကိစ္စ၊ လွတ်လပ်စွာစည်းရုံးခွင့် မရတဲ့ကိစ္စနဲ့ မဲဝေခြမ်းတာ၊ မဲရုံစောင့်ကြည့် တာနဲ့ မဲရေတွက်တဲ့ ကိစ္စတွေကို စောင့်ကြည့်မှာဖြစ်ပါတယ်”

မတ် ၇ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၀) တွင်ပါသည့် “လူ့အခွင့်အရေးမြှင့်တင်သူများ ကွန်ရက်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမှုများပြုလုပ်မည်” သတင်းမှ ဦးမောင်မောင်လေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာ လူတစ်စုလက်ဝယ်သို့ ဆောင်ရွက်နေတယ်ဆိုတာ ကောင်းတယ်။ နောက်မို့ဆိုရင် လူတန်းစား တစ်ခုကပဲ လက်ဝေခံနေသလို ဖြစ်မှာပေါ့။ အဲဒီလိုဆောင်ရွက်ပေးရင် နိုင်ငံတော်အတွက် ဝင်ငွေပိုရလာမယ်။ ဥပမာလေလံလိုမျိုး ဘယ်သူမဆို ဝင်စွဲပိုင်ခွင့် ရှိရမယ်။ ဒါဆိုရင် နိုင်ငံတော်က ဝင်ငွေပိုရလာမယ်။ Privitization လုပ်တယ်ဆိုရင် အစိုးရအတွက်ကော ပြည်သူအတွက်ပါ အကျိုးရှိဖို့ လိုအပ်တယ်”

မတ် ၇ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၀) တွင်ပါသည့်“နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာ တွင် လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment