![]() | yangonchronicle2011 Op-Ed |
၂၇.၃.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့
****************************************
ဆောင်းပါးကဏ္ဍ
မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့
ကျော်စောမင်း
(မတ် ၂၉ Venus News အတွဲ (၃) အမှတ် (၃၇) မှ ထုတ်ယူဖော်ပြသည်)
(၁)
ရွေးကောက်ပွဲတစ်ခု ကျင်းပရတာ မလွယ်ပါ။ အလုပ်သိမ်များပြီး တိုင်းပြည်ဘဏ္ဍလည်း သိပ်ကုန်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ နှစ် ၂၀ ကျော် ကြာသည်အထိ ရွေးကောက်ပွဲရယ်လို့မရှိတာ အလုပ်များမှာစိုးလို့ရယ် တိုင်းပြည်ရဲ့ဘဏ္ဍာကို မကုန်စေချင်လို့ရယ်ဖြစ်မယ်လို့ ပြောကြတာမျိုးကတော့ တမင်ငေါ့တာပါ။
ပါလီမန်ခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲကို မြင်ဖူးခဲ့ပါတယ်။ မဲပုံးတွေက လွယ်လွယ်နဲ့ မပျက်စီးနိုင်တာမျိုးတွေ။ ခတ်တဲ့သော့ကျတော့ စက်ဘီး စပုတ်တံလို သံမဏိချောင်းနဲ့ အသေခတ်ထားတဲ့သော့မျိုးတွေ။ နှိပ်ပြီးခတ်လိုက်ပြီးရင် ပြန်ဖွင့်လို့မရဘူး။ ဖွင့်စရာ သော့လည်းမရှိဘူး။ သော့ခလောက် အိမ်မှာ သော့ပေါက်လည်း မပါဘူး။ မဲအရာရှိရဲ့ရုံးကို ရောက်တော့ မှ Cutter အကြီးစားနဲ့ ဖြတ်ပစ်ရတာ။ မဲပုံးကတော့ လေးပုံးထောင်ထားမယ်။ တည်မြဲ၊ သန့်ရှင်း၊ ပမညတ၊ တစ်သီးပုဂ္ဂလ စသည်ဖြင့် ကိုယ်စားလှယ်လေးယောက်ရှိရင်ပေါ့။ မဲဆန္ဒရှင်တစ်ဦးတွက် မဲပြားတစ်ပြား (ကတ်ထူပြားသေးသေး) ရမယ်။ အဲဒါကို ကိုယ်ကြိုက်တဲ့ပုံးထဲ ထည့်ရုံပဲ။သိပ်ရိုးသိပ်ရှင်းပါတယ်။ မဲရွေးချယ်ရေးတာဝန်ခံတွေကသာ ဒီအမတ်လောင်းရဲ့ပုံးကိုဖွင့်ပြီး ဟိုအမတ်လောင်းရဲ့ အပုံထဲလောင်းထည့်ဆိုတာမျိုး မလုပ်ဘဲ သိက္ခာရှိရှိ မှန်မှန်ကန်ဆောင်ရွက်ရင်အလွန် တရားမျှတနိုင်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ကျိန်းသေပါတယ်။ အဲဒီ တုန်းက တာဝန်ယူခဲ့ကြတဲ့ မဲရုံလူကြီးတွေ၊ရွေးကောက်ပွဲ အရာရှိတွေကလည်း ပြည်သူ့ဝန်ထမ်းပီပီ သိက္ခာထိန်းကြတယ်လို့ ကြားဖူးပါတယ်။
ရွေးကောက်မှုအတွက် စာရင်းပြုစုကြတာ သိပ်အရေးကြီးပါတယ်။ ရပ်ကွက်မဲရုံတွေမှာချထားတဲ့ မဲပုံးတွေကို သက်သေတွေရှေ့မှာ ချိပ်ပိတ်ပြီး မြို့နယ်ရုံးကို စာရင်းနဲ့တကွပို့၊ မြို့နယ်ရုံးမှာ သက်သေတွေအားလုံးရှေ့မှာ ရေထွက်ပြီး ရလဒ်ကို ပုံစံဖြည့်သွင်းစာရင်းပြုစုပြီး အထက်သက်ဆိုင်ရာကို ဆက်ပို့ပါတယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် စာရင်းတင်ရပါတယ်။ တချို့တိုင်းပြည်တွေမှာကျတော့ မဲရုံမှာပဲ ပါတီကိုယ်စားလှယ်တွေ၊ ရပ်ကွက် ကိုယ်စားလှယ်တွေ သက်သေတွေ ရှေ့မှာ ရေတွက်ပြီးစာရင်းသွားရပါတယ်။ သက်သေတွေကါပ လက်မှတ်ထိုးပေးဖို့လိုအပ်ရပါမယ်။
ကြားဖြတ်ပြီး ပညာရေးဌာနက မသမာသူတချို့လုပ်လေ့ရှိတာကို ပြောပြရဦးမယ်။ ကျောင်းသားတွေ ဘယ်လိုဖြေထားထား ဆရာမက သူပေးချင် သလို အမှတ်ပေးပါတယ်။ ဘာသာအားလုံးရဲ့အမှတ်ကိုပေါင်းတော့လည်း သူပေါင်းချင်သလို ပေါင်းပါတယ်။ လိုတိုးပိုလျှော့တွေ လုပ်ပါတယ်။ ပထဝီမှာ တစ်ချက်မှမမှားအောင် ဖြေထားလို့ဆိုပြီး အမှတ် ၁၀၀ ရမယ့် ကလေးဟာလည်း လက်ရေးသိပ်မဝိုင်းလို့ဆိုပြီး ၈၀ ဖြစ်ချင်ဖြစ်သွားပါတယ်။ သူပေးချင်တဲ့ ကျောင်းသားကျတော့ ၆၀ ဟာ ၉၀ ဖြစ်သွားပါတယ်။
တချို့နိုင်ငံတွေရဲ့ မဲစနစ်မှာ အဲဒီလိုလုပ်ကွက်တွေ ချန်ထားတတ်တယ်။ ရပ်ကွက်မှာ မျက်နှာစုံ