Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မဝေးတော့သော ရွှေပြည်တော်ခရီး

*****************************************

ဆောင်းပါးကဏ္ဍ

မဝေးတော့သော ရွှေပြည်တော်ခရီး

မိုးမြင့်ငြိမ်း

နိုင်ငံတော်ကိုဦးဆောင်သည့် အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတနည်း နိုင်ငံတော်ပန်းတိုင် ရောက်ရှိရေးအတွက် မိမိတို့အစိုးရလက် ထက်တွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ၊ ဖွံ့ဖြိုးရေးအတား အဆီးများကို ကျော်ဖြတ်ရစမြဲဖြစ်သည်။ ဖွံ့ဖြိုးရေးဆိုသည့် ရေဆန်ခရီးကို ဆန်တက် ရင်း ပြည်သူများ ကြွယ်ဝချမ်းသာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့လျှင် အောင်မြင်သည့် အစိုးရ၊ စွမ်းဆောင်ရည်ပြည့်သည့် အစိုးရဖြစ်သည်ဟု သတ်မှတ်ကြ သည်။ ထိုသို့ဖြစ်လာအောင်လည်း အစိုးရခေါင်းဆောင်ပိုင်းတွင် ဖွံ့ဖြိုးရေးအိမ်မက်များကို စွဲမြဲစွာ မက်နေဖို့လိုသည်။ သို့မှသာ အိမ်မက်များကို လက်တွေ့ အကောင်အထည်ဖော်သည့် အခါမှာလည်း ရေရှည်သက်လုံကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရောဂါရင့်နေသည့် လူမမာလို

နှစ်ပေါင်းများစွာပစ်ပယ်ထားသည့် ကြိုးနီအုပ်ချုပ်ရေးစနစ်၊ မပီပြင်သည့် ဈေးကွက်စီးပွားရေး၊ ချို့တဲ့သည့် ကျန်းမာရေးစနစ်၊ အရည်အသွေး မပြည့်ဝသည့် ပညာရေးစနစ်နှင့် ဖိနှိပ်ထားခဲ့သည့်အတွက် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် ပြည်သူများ၏ စိတ်ဓာတ်တို့ကြောင့် ယခုအခါတွင် မြန်မာနိုင်ငံမှာ ရောဂါရင့်နေသည့် လူနာတစ်ဦးလို ဖြစ်နေသည်။ ထိုသို့ ရှိရှိသမျှသော ကဏ္ဍစုံတွင် အားနေသည်ဖြစ်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ် ဆောင်မည်ဆိုလျှင်လည်း ဘယ်အခန်းကဏ္ဍကို စတင်ကိုင်တွယ်ရမည်မှန်းမသိ ဖြစ်နေရသည်။ ယခုအခါတွင် နိုင်ငံတော်သမ္မတကြီးက ပြုပြင်ပြောင်းလဲမှု များကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်း လဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”တွင် သူ၏လမ်းညွှန်ချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

နိုင်ငံ၏ အဂ္ဂဗျူဟာ

ထိုသို့ မဟာဗျူဟာအဆင့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေသော်ငြားလည်း တစ်နိုင်ငံလုံး ရည်မှန်းချက်ထား အကောင်အထည်ဖော်ရ မည့် အဂ္ဂဗျူဟာရှိမှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် မြန်မာနိုင်ငံ၏ အဂ္ဂဗျူဟာမှာ အဘယ်နည်း။ မည်သို့သော် မဟာဗျူဟာများက ယင်းအဂ္ဂဗျူဟာကို အထောက်အပံ့ပေး ပြည်စုံစေသနည်းဟူ၍ ဖြစ်သည်။ စာရေးသူ၏ သုံးသပ်ကြည့်သလောက် လက်ရှိအစိုးရအနေဖြင့် ယင်းတို့၏ သက်တမ်းအတွင်း နိုင်ငံအဆင့် မဟာဗျူဟာကိစ္စရပ် သုံးမျိုးကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံတော် ပန်းတိုင်ရောက်ရှိရေးဟူသော အဂ္ဂဗျူဟာ ရည် မှန်းချက်ကို ပြည့်ဝနိုင်မည်ဖြစ်သည်။ ယင်းတို့၏ သက်တမ်းအတွင်း ရရှိဖို့ခဲယဉ်းသော ကိစ္စရပ် များ ပါဝင်နိုင်မည် ဖြစ်သော်ငြားလည်း အနည်းဆုံးတော့ နောင်လာမည့် အစိုးရအတွက် လမ်းကြောင်းမှန်ကို ခင်းပေးလိုက်သလို ဖြစ်မည်။

မဟာဗျူဟာသုံးရပ်

အဆိုပါ နိုင်ငံအဆင့် အကောင်အထည်ဖော်ရမည့် မဟာဗျူဟာသုံးရပ်မှာ လက်နက်ကိုင်တိုင်းရင်းသားများနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့်ဖွံ့ဖြိုးရေး မဟာဗျူဟာဖြင့် စီးပွားရေးအပြောင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲများကို ထိထိရောက်ရောက် ဆောင် ရွက်ခြင်းနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးရှင်သန်အောင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး အပြန်အလှန် ယုံကြည်မှုရှိရှိ နားလည်မှုရှိရှိ တည်ဆောက်နိုင်မှုသည် လည်း နိုင်ငံ၏ မဟာဗျူဟာအဆင့် အကောင်အထည်ဖော်မှုဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးဆိုလျှင် ယခုအခါ လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့နှင့် ပထ မအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်သည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအပြောင်းအလဲ၊ စီးပွားရေးအ ပြောင်းအလဲများသည်လည်း ယခုအခါတွင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာဒုတိယအဆင့်တို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲများကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲ၏ တရားမျှတမှုသည်လည်း စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး၏ ပထမအဆင့် နှင်းခဲ ပျော်ချိန်နှင့် အပြန်အလှန် ယုံကြည်မှုတို့ အစပျိုးရာလည်း ဖြစ်သည်။

မှန်ကန်မှုရှိရှိဆက်ပြောင်းလဲဖို့

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်သည် နိုင်ငံတကာတွင် တရားဝင်မှုရှိအောင် အရေးတကြီး ပြုပြင်ပြောင်းလဲမှုများကို အစိုးရသက်တမ်းတစ်နှစ် ကျော်အတွင်း ပြုလုပ်နိုင်ခဲ့သည့်အတွက် ယခုအခါတွင် တရားနည်းလမ်းကျသည့် အစိုးရဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်ပြုမှုကို ရရှိ ပြီးဖြစ်သည်။ သြဇာရှိ သတင်းမီဒီယာများ၊ IMF၊ World Bank တို့လို နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသည် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ် လာနိုင်ချေရှိသည်ဟု သုံးသပ်ကြသည်။ ထိုအတွက်ကြောင့်လည်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် တာစူ နေပြီဖြစ်သည်။ ထိုသို့သော အခွင့်အလမ်းကောင်းများရှိသော အသစ်ပေါ်ထွန်းလာမည့် ဈေးကွက်တစ်ခုဖြစ်သောကြောင့် အမေရိကန်နိုင်ငံမှ သြဇာရှိ လွှတ် တော်အမတ် ဂျွန်မတ်ကိန်းပင်လျှင် အမေရိကန်မှ ရင်းနှီးမြုပ်နှံသူများ လက်ဦးရယူနိုင်ရန် စီးပွားရေးနှင့် ပတ်သက်သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှား ပေးဖို့ အိုဘားမားအစိုးရကို တောင်းဆိုခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ပထမအဆင့် မဟာဗျူဟာအပြောင်းအလဲများကိုပင် စစ်မှန်သည်ဟု နိုင်ငံတကာအသိ အမှတ်ပြုမှု ရရှိနေသေးလျှင် နောက်ထပ်အဆင့်များကို မှန်ကန်မှုရှိရှိ ဆောင်ရွက်နိုင်ခဲ့လျှင် ရွှေပြည်တော်မျှော်တိုင်း ဝေးတော့မည်မဟုတ်ပေ။                    

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment