Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၆.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံတွင် သယံဇာတ ကျိန်စာ မသင့်ရေး လွတ်လပ်သောဓန ရန်ပုံငွေ တစ်ရပ်လိုအပ်ပာု Stiglitz ပြော

(5 June 2012 ရက်စွဲပါ CNBC မှ Sri Jegarajah ရေးသားသော Myanmar needs Sovereign Wealth Fund to avoid resources curse: Stiglitz ကို ဘာသာပြန်ဆိုသည်။)

  1. ပြင်သစ် ရေနံကုမ္ပဏီ Total အကြီးအကဲ မြန်မာနိုင်ငံသို့လာမည်

(Business Recorder မှ  5 Jun 2012 ရက်စွဲပါ “France Oil giant Total’s chief to visit to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. နိုင်ငံပိုင်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား ချီးမွမ်း

(5 June 2012 ရက်စွဲပါ VOA News မှ Burma state media praises Aung San Su Kyi သတင်းကို ဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် သယံဇာတ ကျိန်စာမသင့်ရေး လွတ်လပ်သော ဓန ရန်ပုံငွေတစ်ရပ် လိုအပ်ပာု Stiglitz ပြော

(5 June 2012 ရက်စွဲပါ CNBC မှ Sri Jegarajah ရေးသားသော Myanmar needs Sovereign Wealth Fund to avoid resources curse: Stiglitz ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရောင်းရငွေများကို လွတ်လပ်သောဓန ရန်ပုံငွေတစ်ရပ်(a sovereign wealth fund)တွင် ထည့်သွင်းပြီးထိန်းသိမ်းထားခြင်းဖြင့် သယံဇာတကျိန်စာ(resources curse) ကိုရှောင်ရှားနိုင်ခြင်း၊ ချမ်းသာကြွယ်ဝမှုကို ပို၍ ညီမျှစွာခွဲဝေနိုင်ရေးတို့ဖြင့် အကျိုးများစေနိုင်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌပောာင်း စီးပွားရေးပညာရှင် Joseph Stiglitz က CNBC သို့ပြောကြားခဲ့သည်။

“သဘာဝသယံဇာတတွေ အများကြီးရှိတဲ့ တိုင်းပြည်အတော်များများပာာ သေချာစွာ စီမံခန့်ခွဲမှု မပြုနိုင်ပါဘူး။ တိုးတက်ကြီးထွားရေး၊ သာတူညီမျှရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေမှာ ကောင်းကောင်းစီမံခြင်း မပြုလုပ်နိုင်တာကို သယံဇာတ ကျိန်စာသင့်တယ် ခေါ်တယ်။ ကျွန်တော်တို့က အကြောင်းရင်းတွေနဲ့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ လေ့လာခဲ့ပါတယ်”ပာု Stiglitz က ဘန်ကောက်တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ လာရောက်စဉ် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“အရေးတကြီး လုပ်ဆောင်ရန်မှာ အဆိုပါ ရန်ပုံငွေများကို တိုင်းသူပြည်သားအားလုံး အကျိုးရှိစေရေး ကောင်းစွာ အသုံးပြုရန်ဖြစ်ပြီး၊ ဒါသည်ပင် ဘက်စုံတိုးတက်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။”ပာု ၎င်းကဆိုသည်။

၎င်းက ဖြည့်စွက်ပြောကြားရာတွင် အဆိုပါရန်ပုံငွေကို မှားယွင်းစွာ စီမံခန့်ခွဲမိပါက ငွေကြေးတန်ဖိုး လျော့ကျလာမှုကို ဦးတည်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ ငွေကြေးတန်ဖိုး လျော့နည်းလာခြင်းကြောင့် လယ်သမားများ ၎င်းတို့၏ ထုတ်ကုန်များကို နိုင်ငံတကာတွင်ယှဉ်၍ ရောင်းချရန် ခက်ခဲလာခြင်း၊ သွင်းကုန်များ ဝင်ရောက်လာခြင်းနှင့် တိုင်းပြည်တွင်း အလုပ်အကိုင်များ လျော့နည်းလာခြင်းများကို ဖြစ်စေကြောင်း Stiglitz က သတိပေးခဲ့သည်။ “ဒါ့ကြောင့် ငွေလဲလှယ်မှုနှုန်းကို စီမံခန့်ခွဲဖို့ အရေးကြီးပါတယ်။ တည်ငြိမ်အောင်လုပ်ရတဲ့ ရန်ပုံငွေ(Stabilization Fund)ပာာ ငွေလဲလှယ်မှုနှုန်းကို စီမံခန့်ခွဲတဲ့ ယန္တရားရဲ့ အစိတ်အပိုင်းတစ်ခုပါ”ပာု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့မှရသော ဝင်ငွေသည် သိသာစွာ မြင့်တက်လာမည်ပာု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် ဒေသတွင်း စီးပွားရေးအင်အားကြီးလာသည့် တရုတ်နှင့် အိန္ဒိယအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးခြင်း နိုင်ငံများသည် ၎င်းတို့၏ တိုးတက်ကြီးထွားမှုတွင် မရှိမဖြစ်လိုအပ်သော စွမ်းအင်အတွက် သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် ဒေါ်လာသန်းချီ၍ သုံးစွဲလျက်ရှိခြင်းကြောင့်ဖြစ်သည်။

ဇန်နဝါရီလက မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့အရန် ၂၂.၅ ထရီလီယံကုဗပေ ရှိကြောင်း ပြောကြားခဲ့ရာ ပြီးခဲ့သည့်နှစ်က BP ကခန့်မှန်းခဲ့သည့် ၁၁.၈ ထရီလီယံကုဗပေ၏ နှစ်ဆ ဖြစ်လာသည်။

မြန်မာနိုင်ငံ၏ M9 သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ခန့်မှန်း အမြတ်ငွေဒေါ်လာ ၃.၈၆ ဘီလီယံရရှိမည်ပာု သိရသည်။ တဖန် ၂၀၁၃ တွင် ပြီးစီးမည့် တရုတ်နိုင်ငံ တောင်ပိုင်းသို့ ဆက်သွယ်သော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြီးပါက နှစ်သုံးဆယ် အတောအတွင်း ဒေါ်လာ(၂၉) ဘီလီယံကျော် ဝင်မည်ပာု ခန့်မှန်းရပြီး၊ နှစ်စဉ် ပိုက်လိုင်း ဖြတ်သန်းခ ဒေါ်လာ သန်း(၁၅၀) ရရှိမည်ပာု ရိုက်တာက သတင်းထုတ်ပြန်ခဲ့သည်။

Stiglitz က ပြောကြားရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများသည် အချိန်မရွေး ပြောင်းလဲသွားနိုင်သည် ဖြစ်ရာ၊ တည်ငြိမ်အောင် ထိန်းမည့် ရန်ပုံငွေသည် စွမ်းအင် ဈေးနှုန်းများ အတက်အကျ ကြမ်းပါက မြန်မာနိုင်ငံအနေဖြင့် စီမံခန့်ခွဲမှုတွင် အထောက်အကူပြုမည် ဖြစ်သည်ပာု ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေသည် မြန်မာနိုင်ငံတွင် အများဆုံး ဝင်ငွေရလမ်း ဖြစ်သော်လည်း ဝင်ငွေ မည်မျှ ရရှိသည်ပာူသော အသေးစိတ်ကို ပြည်သူသို့ ထုတ်ဖော်ပြောခြင်း မရှိသည့်ပြင်၊ အမျိုးသား ဘတ်ဂျက်တွင်လည်း မဖော်ပြခဲ့ဘဲ စစ်အစိုးရလက်ထက်က ကဲ့သို့ပင် လျို့ဝှက်ထားကြောင်း Arakan Oil Watch အုပ်စု၏ ရေးသားချက်ကို ကိုးကား၍ ရိုက်တာက မတ်လ(၂၂)ရက်နေ့က သတင်း ရေးသားခဲ့သည်။

“စစ်ခေါင်းဆောင်များသည် အဆိုပါ သယံဇာတများကို လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကတည်းက တင်ပို့ ရောင်းချနေခဲ့သော်လည်း မြန်မာပြည်သူများမှာ စွမ်းအင်ပြတ်လပ်မှု အကြီးအကျယ် ခံစားခဲ့ရပြီး၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဖြစ် ညွှန်းကိန်းများက ပြသနေသည်”ပာု အဆိုပါအုပ်စုက “Burma’s Resource Curse”ပာု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းပြည်တစ်ဝှမ်း လျှပ်စစ်မီးပြတ်လပ်မှုကြောင့် ပြီးခဲ့သည့်လက မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးအချို့တွင် ဆန္ဒပြမှုကို ဖြစ်စေခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် အပတ်က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားရာ၌ စွမ်းအင်မူဝါဒတစ်ရပ်ကို တောင်းဆိုခဲ့သည်။

*****************************

ပြင်သစ် ရေနံကုမ္ပဏီ Total အကြီးအကဲ မြန်မာနိုင်ငံသို့လာမည်

(Business Recorder မှ  5 Jun 2012 ရက်စွဲပါ “France Oil giant Total’s chief to visit to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

Total  ကုမ္ပဏီအကြီးအကဲ ခရစ်တိုဖာဒီမာဂရီသည် မကြာမီ အတောအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ တာဝန်ရှိသူ အာဏာပိုင်များ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံလိမ့်မည်ဟု ပြင်သစ်စွမ်းအင် ဘီလူးကြီး(ကုမ္ပဏီကြီး)က အင်္ဂါနေ့တွင် ပြောကြားသည်။

မစ္စတာဒီမာဂရီဟာ မလေးရှားနိုင်ငံမှာ ကမ္ဘာ့ဓါတ်ငွေ့ညီလာခံ တက်ရောက်မှာ ဖြစ်ပြီး၊ အဲ့ဒီနောက်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရ ကိုယ်စားပြု အာဏာပိုင်တွေ၊ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်ဟု Total ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားသည်။

Total စီအီးအိုနှင့် တွေ့ဆုံမည့်သူများ(သို့) ခရီးစဉ်၏ အသေးစိတ် အချက်အလက်များကိုမူ ထိုသူက ပြောကြားခြင်း မရှိပါ။

ကမ္ဘာ့ဓာတ်ငွေ့ညီလာခံ အစီအစဉ်များအရ ညီလာခံ ပိတ်သိမ်းမည့် သောကြာနေ့တွင် မစ္စတာဒီမာဂရီက မိန့်ခွန်း ပြောကြားရန်ရှိသည်ဟု သိရှိရသည်။

ပြင်သစ်ကုမ္ပဏီသည် မနှစ်က အာဏာစွန့်သွားသော တပ်မတော်အစိုးရကို ကြွယ်ဝစေခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက စွပ်စွဲ ပြစ်တင်နေသည့်ကြားမှပင် Total သည် ပြီးခဲ့သော နှစ်ပေါင်း ၂၀ လုံးလုံး မြန်မာနိုင်ငံ၌ ခြေကုတ်မြဲခဲ့သည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total သည် အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံသို့ ၁၉၉၂ တွင်စတင်အခြေချခဲ့ပြီး၊ ကမ်းလွန်လုပ်ကွက် ရတနာဓါတ်ငွေ့စီမံကိန်းကို လုပ်ကိုင်ကာ ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့တင်ပို့ ရောင်းချလျှက် ရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၌ ခြေကုတ်မြဲနေခြင်းအပေါ် အမြဲတမ်း ကာကွယ် ပြောကြားနေသော Total က “မိမိတို့ ကုမ္ပဏီသည် စီးပွားရေး နိမ့်ကျသော မြန်မာနိုင်ငံ၏ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးမှုကို ပါဝင်ဆောင်ရွက် ပေးနေသည်”ဟု ပြောဆိုထားသည်။

အင်အားကြီး ရေနံကုမ္ပဏီ Total က မိမိတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာပေးသည့် တိုင်အောင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကိစ္စများ တိုးတက်လာအောင် အထောက်အကူ ပြုလိမ့်မည်မဟုတ်ဟု ပြန်လည် စောဒကတတ် ငြင်းခုံ ပြောကြားခဲ့သည်။

************************************************************

နိုင်ငံပိုင်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား ချီးမွမ်း

(5 June 2012 ရက်စွဲပါ VOA News မှ Burma state media praises Aung San Su Kyi သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံပိုင်မီဒီယာ၏ ခေါင်းကြီးပိုင်းတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမွမ်းမှုပြုခဲ့သည်။ ယခင် လများစွာက တင်းကြပ်သော စာပေစိစစ်ရေး ဥပဒေအောက်တွင် ထိုသို့သော ရေးသားမှုမျိုးကို မစဉ်းစားခဲ့မိကြပေ။

အင်္ဂါနေ့က ထုတ်ဝေသော News Light of Myanmar တွင် “To the Leaders who are the hope of Myanmar”ခေါင်းစဉ်ပါ ခေါင်းကြီးပိုင်း၌ တိုင်းပြည်၏ အနာဂါတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် လုံးလုံးလျားလျား မူတည်နေသည်ပာု ဖော်ပြထားသည်။

အဆိုပါ သတင်းစာသည် နိုင်ငံပိုင်ဖြစ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေခြင်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးကတည်းက သတင်းအနည်းငယ်သာ ဖော်ပြခဲ့သည်။

နိုဘယ်ဆုရှင်သည် (၂၄)နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ တနင်္ဂနွေနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ၎င်းသည် ယခင်က အာဏာပိုင်များမှ သူ့အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်မပြုမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားသို့ မသွားရောက်ခဲ့သော်လည်း ယခုခရီးစဉ်သည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် သူ့အနေဖြင့် ယုံကြည်မှုရှိလာပြီပာု ပြသသည့်သဘော ဖြစ်သည်။

သို့သော် သတင်းစာတွင် ဘန်ကောက် စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်များအား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုများအပေါ် အလွန်အကျွံ့အကောင်း မမြင်ရန် ပြောကြားခဲ့ခြင်းအပေါ် ဝေဖန်ခဲ့သည်။

ခေါင်းကြီးပိုင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သံသယများနှင့် မသေချာမှုများ ဖြစ်အောင် မလုပ်ဆောင်သင့်ကြောင်း၊ သို့မပာုတ်ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသော အခန်းမှ ပါဝင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း ရေးသားထားသည်။

ပြီးခဲ့သည့်အပတ်က သမ္မတသည် နောက်ဆုံးအချိန် ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းအပြီး၌ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြားတွင် သဘောထား မတူညီမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုအချို့ ရှိခဲ့ကြသည်။

အဆိုပါ ခေါင်းကြီးပိုင်းတွင် ခေါင်းဆောင်နှစ်ဦးကြား ယုံကြည်မှုသည် မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် အဓိက သော့ချက်ဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက် ယုံကြည်မှုနှင့် နားလည်မှုကို အခြေခံ၍ အတူလုပ်ကိုင်နိုင်စေကြောင်း မျှော်လင့်သည်ပာု ဖော်ပြထားသည်။

************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment