Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သိမ်မွေ့သည့် ပြဿနာ

*****************************************

ဆောင်းပါးကဏ္ဍ

သိမ်မွေ့သည့် ပြဿနာ

မိုးမြင့်ငြိမ်း

ဒီမိုကရေစီအသွင်းကူးပြောင်းနေသည့် နိုင်ငံတစ်နိုင်ငံအဖို့ ပွင့်လင်းလာသည့် နိုင်ငံရေး၊ စီးပွားရေးတို့၏ ဂယက်ရိုက်မှုကြောင့် လူမှုရေးမတည်ငြိမ် မှု ပေါ်လာမည်သာဖြစ်သည်။ ယင်းမတည်ငြိမ်မှုများကို ဖြေရှင်းနိုင်သည့် နိုင်ငံများသည် အသွင်းကူးပြောင်းရေးဖြစ်စဉ်ကို အောင်အောင်မြင်မြင် ဖြတ်သန်း နိုင်မည်သာ ဖြစ်သည်။ သို့သော် ထိုသို့ ဖြေရှင်းနိုင်သည့်နိုင်ငံများမှာ အနည်းစုသာလျှင်ဖြစ်သည်။ အများစုမှာ မဖြေရှင်းနိုင်သည့်အတွက် ဒီမိုကရေစီဖွံ့ဖြိုးမှု တုံ့ဆိုင်းခြင်းမျိုး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နောက်ကြောင်းပြန်ခြင်းမျိုး ကြုံတွေ့နေရသည်။

လူမှုရေးမတည်ငြိမ်မှုများသည် နိုင်ငံရေးလွတ်လပ်မှု တောင်းဆိုမှုများမှ ပေါ်လာနိုင်သလို၊ လူမှုစီးပွားရေးဘဝအဆင်မပြေမှုများမှလည်း ပေါ်လာ နိုင်သည်။ အသွင်ကူးပြောင်းဆဲနိုင်ငံတစ်ခုအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်နေသည်ဖြစ်ရာ ယင်းကြောင့်ဖြစ်သော လူမှု ရေးမတည်ငြိမ်မှုများကို ဖြေရှင်းဖို့အားနည်းသော်လည်း လူးသာလှုပ်သာရှိသည့် အင်စတီကျူးရှင်းများ အထိုက်အလျှောက်ရှိနေသောကြောင့် ပြဿနာ အားလုံး အလုံးစုံပြေလည်အောင် ဆောင်ရွက်နိုင်မှုမရှိသေးသည့်တိုင် အခြေအနေမတင်းမာအောင်တော့ ဆောင်ရွက်နိုင်ပါသည်။ ယင်းမှာ နိုင်ငံခေါင်း ဆောင်များ၏ နိုင်ငံရေးစိတ်ဆန္ဒပြည့်ဝမှု (Political will) ကြောင့်ဖြစ်သလို အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ ဝိုင်းရံမှုကြောင့်လည်းဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးကြောင့်မဟုတ်ဘဲ လူမျိုးရေးကြောင့်ဖြစ်ပေါ်လာသော လူမှုရေးမတည်ငြိမ်မှုများမှာတော့ နိုင်ငံခေါင်းဆောင်များအနေဖြင့် အတော်လေးခေါင်းအေးအေးနှင့် စဉ်းစားရမည့်ကိစ္စရပ်ဖြစ်သည်။ အမှန်စင်စစ်တွင် လူမျိုးရေးပဋိပက္ခနောက်ကွယ်တွင် နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွား များ ရှိနေမည်သာဖြစ်သည်။ လူမျိုးရေးပြဿနာမှာ လူမှုရေးဖြတ်သန်းမှုဖြစ်စဉ် (Socialization process) အရ ဖြစ်ပေါ်လာသည်ဖြစ်ရာ သက်ဆိုင်သူလူ တို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေမည်ဖြစ်သည်။ ထိုကြောင့် အစိုးရတစ်ရပ်အနေဖြင့် လူမျိုးရေးပြဿနာကို ကိုင်တွယ်ရာ၌ သတိကြီးကြီးထား ဖို့လိုသည်။

မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည့် ရိုဟင်ဂျာနှင့် ရခိုင်များကြား ဖြစ်ပွားနေသည့် ပဋိပက္ခမှာလည်း အကဲဆတ်သည့် အရေးကိစ္စဖြစ်သည်။ အမှန်စင်စစ် ရခိုင်ပြည်နယ်အတွင်း နေထိုင်နေသည့် ရိုဟင်ဂျာတို့အား မြန်မာအစိုးရအဆက်ဆက်က မြန်မာတိုင်းရင်းသားလူမျိုးအဖြစ် မည့်သည့်အခါမှ တရားဝင်သတ်မှတ်ခဲ့ခြင်း မရှိပါ။ စာရေးသူနှင့်သိသော ရခိုင်လူမျိုးတစ်ဦးဆိုလျှင် သူငယ်စဉ်က နေထိုင်ခဲ့သည့် ရခိုင်ရွာအပါအဝင် အနီးအနားရှိရွာများမှာ ယခုအခါတွင် ရိုဟင်ဂျာများနေထိုင်လျက်ရှိနေသည်ဟု မကျေနပ်သံကဲ၍ ပြောဖူးသည်။ ရိုဟင်ဂျာလူမျိုးများမှာ ဘင်္ဂလာဒေ့ရ်ုနိုင်ငံမှ နိုင်ငံသားအဖြစ် မသတ်မှတ်သလို မြန်မာနိုင်ငံမှလည်း လက်မခံလိုသည့် နိုင်ငံမဲ့လူမျိုးများဖြစ်သည်။ ထိုအတွက်ကြောင့် လူသားချင်းစာနာထောက်ထားမှုရှုထောင့်မှ ရိုဟင် ဂျာအရေးကို ဖြေရှင်းဖို့ ပြောဆိုနေမှုများလည်းရှိသည်။

ယခုဖြစ်ပေါ်နေသည့် လူမျိုးရေးတင်းမာမှု အခြေအနေပိုမဆိုးသွားရေးအတွက် အစိုးရမှ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မိမိမြေအပေါ် ရိုဟင်ဂျာများကျူး ကျော်ဝင်ရောက်မှုအပေါ် ကနေဦးအစကတည်းက မကျေနပ်သည့် ဒေါသမှာ ယခု အခါတွင် မီးကုန်ရမ်းကုန် ပေါက်ကွဲဖို့လမ်းကြောင်း ပွင့်သွားသလိုဖြစ်သွားတော့သည်။  ရိုဟင်ဂျာများသည် အရှေ့အလယ်ပိုင်း ဘဏ္ဍာရေး ထောက်ပံ့မှုများ ဖြင့် ယခုထက်တိုင် ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့လည်း အမြောက်အမြား ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့၏ ပဋိပက္ခအဆင့်မှာ အကြမ်းဖက်သည့်အဆင့်သို့ ကူးပြောင်းသွားပြီ ဖြစ်သည်။ အစိုးရ၏ တုံ့ပြန်မှုမှာလည်း ရှင်းပါ သည်။ သို့သော် ယင်းမှာ အခြေအနေပိုမဆိုးသွားဖို့ ထိန်းသိမ်းသည့် အနေအထားမျိုးပင်ဖြစ်သည်။ အမှန်တကယ်ပြဿနာကို ပြေလည်လိုလျှင် ယခု အရေးနှင့်သက်ဆိုင်သည့် သူများအားလုံး၏ အသံကို နားထောင်ရမည်။ သုံးသပ်ရမည်။ ရခိုင်နိုင်ငံရေးပါတီများ၏ ယခုအရေးအပေါ် ရပ်တည်မှုနှင့် သဘောထားများ၊  ပဋိပက္ခဖြစ်ရာ နယ်မြေများ၏ ပြည်သူများအသံများ၊ ယင်းနယ်မြေများ ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အသံများ၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့၏ အသံများကို နားထောင်ရမည်။ ရိုဟင်ဂျာအရေးကို မည်သည့်ဗျူဟာဖြင့် ဖြေရှင်းလျှင် အကောင်းဆုံးဖြစ်မည်၊ နောက်ထပ် အကြမ်းဖက်သည့် ပဋိပက္ခမျိုးမပေါ်ပေါက်အောင် မည်သို့ တားဆီးသွားမည်ဆိုသည့် ယန္တရားကို ဤအ ရေးတွင် ပါဝင်ပတ်သက်သည့်သူများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် နောက်ဆုံး အရှေ့တောင်အာရှ နိုင်ငံများနှင့်ယှဉ်လျှင်ပင်  လူမျိုးရေးတင်းမာမှုနည်းပါသည့် နိုင်ငံ ဖြစ်သည်။ လူမျိုးကြီးတစ်စုက အရာရာကို လွှမ်းမိုးထားမှုမျိုး စာရေးသူတို့ မြန်မာနိုင်ငံတွင် မရှိပါ။ ရိုဟင်ဂျာအရေးကို ပြည်တွင်းနှင့် နိုင်ငံတကာက လက်ခံ အောင် အစိုးရမှ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သလို ပြည်သူများကလည်း ပူးပေါင်းပါဝင်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment