Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ-မွတ်ဆလင် ရန်ပွဲမှ ပဋိပက္ခများ

(10 June 2012 ရက်စွဲပါ News York Times မှ Thomas Fuller ရေးသားသော Crisis in Myanmar over Buddhist-Muslim clash သတင်းကိုဘာသာပြန်ဆိုသည်)

  1. ရွှေလီနယ်စပ် မူဆယ်မြို့တွင် ဗုံးများဆက်တိုက်ကွဲ

(Hindustar Times မှ 10 Jun 2012 ရက်စွဲပါ “Serial bombings Git Myanmar border town”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်

(AFP သတင်းဌာနမှ 10 Jun 2012 ရက်စွဲပါ “Bangladesh steps up security along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ-မွတ်ဆလင် ရန်ပွဲမှ ပဋိပက္ခများ

(10 June 2012 ရက်စွဲပါ News York Times မှ Thomas Fuller ရေးသားသော Crisis in Myanmar over Buddhist-Muslim clash သတင်းကိုဘာသာပြန်ဆိုသည်)

(နိုင်ငံတကာ မီဒီယာများ၏ ရပ်တည်ချက်ကို သိစေရန် ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။)

မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များအကြား ပြင်းထန်သော အကြမ်းဖက်မှုများကြောင့် လူ(၁၇)ဦး သေဆုံးရမှုအပြီးတွင်၊ တနင်္ဂနွေနေ့က မြန်မာအစိုးရသည် အဆိုပါ ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ယခု ပြင်းထန်သော ဖြစ်ရပ်သည် သမ္မတဦးသိန်းစိန်အစိုးရ၏ မြန်မာနိုင်ငံအား တံခါးဖွင့်ရန် ကြိုးစားနေမှုတွင် အတားအဆီးတစ်ခု ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရွာများအတွင်း ဖြစ်ပွားနေသော ရန်ပွဲများကြောင့် သောကြာနှင့် စနေ နှစ်ရက်တည်းနှင့်ပင် လူအများအပြား ဒဏ်ရာရရှိပြီး၊ အိမ်ခြေ ၅၀၀ ခန့် မီးလောင်ခဲ့ရာ စစ်တပ်နှင့် ရဲအရာရှိများ သည် တည်ငြိမ်မှုရရှိရန် ကြိုးပမ်းလျှက်ရှိသည်။ တနင်္ဂနွေနေ့တွင် ဖြစ်ပွားသော ရန်ပွဲများကြောင့် လူလေးဦး ဒဏ်ရာ ရရှိကြောင်း Associated Press မှ သတင်းဖော်ပြခဲ့သည်။

ဦးသိန်းစိန်သည် တနင်္ဂနွေနေ့ ညနေတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုသို့ အရေးပေါ်အုပ်ချုပ်ရေးကြောင့် မည်သည့်လက်တွေ့ရလဒ်များ ထွက်ပေါ်လာမည် ဆိုသည်ကို မသဲကွဲသေးပေ။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို သွားနေသည် ဆိုသော်လည်း စစ်တပ်နှင့် ရဲတွင် အရေးပါသော ပါဝါများ ရှိနေဆဲဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာအများစုနှင့် အမျိုးမျိုးသော တိုင်းရင်းသား အုပ်စုများကြား အမျိုးသာ ပြန်လည် စည်းလုံးမှုရရှိရေးကို ၎င်း၏ သမ္မတသက်တမ်းအတွင်း ဦးစားပေး ဆောင်ရွက်လျှက် ရှိသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ရှိ တင်းမာမှုများသည် အထက်ပါ ပြန်လည်စည်းလုံးရေးကြိုးပမ်းမှုနှင့် မသက်ဆိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မွတ်ဆလင် တိုင်းရင်းသားအုပ်စုဖြစ်သော ရိုဟင်ဂျာများ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။

အဆိုပါဒေသမှ တင်းမာမှုများမှာ လွန်ခဲ့သော လအနည်းငယ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း Chris Lewa ကပြောသည်။ ၎င်းသည် ရိုဟင်ဂျာများအကြောင်း ကျွမ်းကျင်သူ ပညာရှင်ဖြစ်ပြီး ရိုဟင်ဂျာများကို ထောက်ခံ ရေးသားပေးနေသူ ဖြစ်သည်။

မြန်မာအစိုးရသည် လူဦးရေ (၈)သိန်းခန့်ရှိသော ရိုဟင်ဂျာများအတွက် အဖြေရှာရန် လုပ်ဆောင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် ဒုက္ခသည်စခန်းနှင့်တူသော နေရာများတွင် မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင် နေထိုင်နေရပြီး၊ အာရှတိုက်တွင် အကြီးမားဆုံးနိုင်ငံမဲ့ အုပ်စုတစ်ခုဖြစ်သည်။

အဆိုပါရန်ပွဲများ ကျယ်ပြန့်သော ဘာသာရေးပဋိပက္ခ အသွင်ဆောင်လာမည်ကို မြန်မာနိုင်ငံတွင်းမှ စိုးရိမ်လျှက် ရှိသည်။ မကြာသေးမီ ရက်များကလည်း ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အုပ်စုများသည် သီးခြားစီ ဆန္ဒပြမှုလေးများ ပြုလုပ်ခဲ့ကြသည်။

ခံစားမှုများ မြင့်တက်လျက်ရှိသည့် လက္ခဏာတစ်ခုလည်း တွေ့ရကြောင်း Eleven Media Group ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားပြီး စာဖတ်သူများ မွတ်ဆလင်မုန်းတီးရေးကို ဖြစ်စေမည့် မှတ်ချက်များကိုလည်း ဖော်ပြထားသည်။

“အကြမ်းဖက်သမားက အကြမ်းဖက်သမားပဲ။ သတ်ပစ်လိုက်”ဟု Maungpho ဟု အမည်တပ်ထားသော စာဖတ်သူတစ်ဦးက ရေးသားထားသည်။

ဘာသာရေးအရ တင်းမာမှု ဖြစ်ပေါ်လာမည့် အရေးကို ဖြေလျော့သည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီးက အဆိုပါ ရန်ပွဲများကို စိတ်ခံစားမှုဖြင့် တုန့်ပြန်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ စိတ်အေးအေးထားပြီး၊ ပြဿနာကို ပညာနဲ့ယှဉ်တဲ့ အဖြေရှာရပါမယ်”ဟု ၎င်းက ပြောသည်။

မွတ်ဆလင်ခေါင်းဆောင်များကလည်း မကြာသေးမီက အေးဆေးတည်ငြိမ်ရန် တိုက်တွန်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာ အစိုးရအား တည်ငြိမ်မှု ပြန်လည်ရရှိရေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၉၀%သည် ဗုဒ္ဓဘာသာများဖြစ်ပြီး၊ မွတ်ဆလင်များမှာ ၄%ခန့်သာ ရှိသည်။

ယခုအချိန်ထိမူ အစိုးရသည် ယခုကိစ္စကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်နေပုံရသည်။

“ပျံ့နှံ့သွားမယ့် လက္ခဏာတော့ မရှိပါဘူး”ဟု ရန်ကုန်ရှိ သုတေသနအဖွဲ့အစည်းတစ်ခု၏ ဥက္ကဌဖြစ်သူ၊ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကူညီနေသူ ဦးတင်မောင်သန်းက ပြောသည်။ “မြန်မာနိုင်ငံတွင်းက မွတ်ဆလင်အသိုင်းအဝိုင်းဟာ ဗုဒ္ဓဘာသာ အများစုကြားမှာ ကောင်းစွာနေထိုင်လာတဲ့ နှစ်တွေအများကြီး အတွေ့အကြုံ ရှိနေပါပြီ”ဟု ၎င်းကပြောသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဦးသိန်းစိန်အစိုးရသည် မြို့ကြီးအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် ဆန္ဒပြမှုများ၊ ရန်ကုန်မြို့ပြင်ရှိ စက်ရုံအချို့တွင် ဆန္ဒပြမှုများတွင် အစိုးရက သည်းခံခဲ့မှုသည် မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော စစ်အာဏာရှင် စနစ်နှင့် ဝေးခဲ့ပြီဆိုသည့် သဘောထားကို ပိုမိုခိုင်မာစေသည်။ သို့သော် အဆိုပါ ဆန္ဒပြမှုများသည် ဦးသိန်းစိန်က ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားနေချိန်တွင် တွေ့ကြုံရမည်။ စိန်ခေါ်မှုများနှင့် တောင်းဆိုမှုများကို မီးမောင်းထိုး ဖော်ပြလိုက်ခြင်းဖြစ်သည်။

ယခု ရခိုင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းကြောင့် စတင်ဖြစ်ပွားခဲ့ပြီး၊ လက်စားချေ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း Ms Lewa က ပြောသည်။ ဇွန်လ( ၃ )ရက်တွင် မွတ်ဆလင်(၁၀) ဦးမှာ ဘတ်စ်ကားထဲမှ ဆွဲထုတ်၍ အသတ်ခံခဲ့ရသည်။ သောကြာနေ့တွင် မွတ်ဆလင်အုပ်စုကြီးသည် ဗုဒ္ဓဘာသာရွာများကို တိုက်ခိုက်ခဲ့ရာ လူ(၇)သေဆုံးခဲ့ကြောင်း၊ မြန်မာသတင်းမီဒီယာ၏ အဆိုအရ သိရှိရသည်။

ယခုအပတ်အကုန်က ထွက်ပေါ်လာသော ဓါတ်ပုံများအရ တိုက်ခိုက်ခံရသော ရွာသားများသည် ဓါးများ၊ ဝါးချွန်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ယေဘူယျအားဖြင့် ဆင်းရဲသော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအများစုသည် နေထိုင်လာရာ မျိုးဆက်အချို့ ရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် သနားစရာ အကောင်းဆုံး လူနည်းစုစင်စစ်ဖြစ်ပြီး ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက “ကာလရှည်ကြာက ဖြစ်နေသော ပဋိပက္ခ(Chronic crisis)”ဟု ပြောခဲ့သည်။

၎င်းတို့ကို မြေပိုင်ဆိုင်ခွင့်မပြုဘဲ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်း မကြာခဏ ခံစားရသည်။ ရခိုင်ပြည်နယ် ပြင်ပသို့ ခရီးသွားခြင်းကိုလည်း ကန့်သတ်ထားသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ ထောင်ပေါင်း များစွာသည် လှေများဖြင့် ထွက်ပြေး၍ မလေးရှားနှင့် အခြားအိမ်နီးချင်းနိုင်ငံများတွင် အလုပ်ရှာဖွေခဲ့ကြသည်။ နယ်စပ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တွင်လည်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ နေထိုင်ကြသည်။

ရိုဟင်ဂျာကိစ္စသည် မြန်မာလူ့အဖွဲ့အစည်း၏ လစ်ဘရယ် ဖြစ်သူများကြားတွင် အမျိုးသားရေးစိတ်များ ပြင်းပြစွာ ခံစားရစေသည်။ စစ်အစိုးရ ဆန့်ကျင်မှုကြောင့် ထောင်ထဲတွင် ၁၈ နှစ်ခန့် နေထိုင်ခဲ့ရသူ ဦးကိုကိုကြီးက ရိုဟင်ဂျာများသည် တိုင်းပြည်က လက်ခံထားသော လူမျိုးများတွင် မပါဝင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အဆိုပါ နိုင်ငံမဲ့သူများ ပြဿနာကို အဖြေရှာရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

“မြန်မာနိုင်ငံသား ဖြစ်လိုသူဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားဘာသာစကားတစ်ခုခုကို သင်ကြားရပါမယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုကို လေ့လာ ရပါမယ်။ ဒါဟာ အမျိုးသား အချုပ်အခြာအာဏာအတွက် မေးခွန်းပါပဲ”ဟု ၎င်းကပြောသည်။

၂၀၀၈ ဇွန်လက ကုလသမဂ္ဂ ကွင်းဆင်းကောက်ယူမှုအရ ရိုဟင်ဂျာ တစ်ဝက်ကျော်ကျော်သည် စာမတတ်ကြောင်း တွေ့ရှိရသည်။

ရိုဟင်ဂျာများ၏ ဖြစ်တည်မှုအတွက် အဓိပ္ပါယ်ဖွင့်ဆိုမှု မရှိပေ။ ရခိုင်ပြည်နယ်မြောက်ဖျားတွင် နေထိုင်သည့် မွတ်ဆလင်များကို ယေဘူယျ ရိုဟင်ဂျာများဟု ခေါ်ပြီး၊ ၎င်းတို့ မည်သည်က ဆင်းသက်လာသည်ကို မသိရှိကြပေ။ အစိုးရတာဝန်ရှိသူများက ၎င်းတို့ကို ဘင်္ဂါလီများဟု ရည်ညွှန်းလေ့ရှိသည်။

***********************************

ရွှေလီနယ်စပ် မူဆယ်မြို့တွင် ဗုံးများဆက်တိုက်ကွဲ

(Hindustar Times မှ 10 Jun 2012 ရက်စွဲပါ “Serial bombings Git Myanmar border town”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအရှေ့မြောက်နယ်စပ် မူဆယ်မြို့၌ စနေနေ့ည သန်းခေါင်တွင် ဗုံး ၅ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မရရှိပာု တနင်္ဂနွေနေ့ ဆင်ပွာာသတင်းက ဆိုသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသွားအလာ နည်းချိန်တွင် ကျယ်လောင်စွာ ပေါက်ကွဲသော ဗုံးများကြောင့် လမ်းအနည်းငယ် ပျက်စီးသွားသည်ပာု သိရှိရသည်။ ဗုံးခွဲသော လက်သည် တရားခံကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

အရှေ့မြောက်နယ်စပ် မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်သော နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်ပြီး ဧပြီလက ၎င်း ၁၀၅ မိုင်နယ်စပ် စစ်ဆေးရေးဂိတ်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး သေဆုံးခဲ့ရသည်။

***********************************

မြန်မာနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်

(AFP သတင်းဌာနမှ 10 Jun 2012 ရက်စွဲပါ “Bangladesh steps up security along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

အိမ်နီးခြင်း မြန်မာနိုင်ငံတွင် ရိုပာင်ဂျာမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်များအကြား အကြမ်းဖက်ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်လိုက် သည်ပာု တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များက ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းများ(UNHCR ဒုက္ခသည်စခန်းများ)ကို အထူး သတိထားစောင့်ကြည့်နေသည်ပာု အုပ်ချုပ်ရေးမှူး ဂျေဆင်အူဒင်က ပြောကြားသည်။

မြန်မာနိုင်ငံ အနောက်ဖက်ဒေသတွင် ရိုပာင်ဂျာမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်များ နှစ်ရက်ကြာ အဓိကရုဏ်း ဖြစ်ပွားမှုအတွင်း ၇ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ ခန့် ဖျက်ဆီးခံခဲ့ရပြီးနောက်တွင် ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးတင်းကြပ်မှု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ပာု နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရိုပာင်ဂျာများ နယ်စပ်ဖြတ်ကူးထပ်မံ ဝင်ရောက် လာနိုင်ခြင်းကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်ပာု သိရသည်။

နယ်နိမိတ်မျဉ်း အများစုကို မြစ်ကြောင်းဖြင့် ပိုင်းခြားထားသော ကီလိုမီတာ ၂၀၀(၁၂၅ မိုင်)အရှည် မြန်မာနယ်စပ်တစ်လျှောက် ပိုမိုကင်းလှည့် စောင့်ကြပ်ရန်ညွှန်ကြား ထားသည်ပာု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးချုပ် အန်နဝါပောာ့စိန်က Daily star သတင်းဌာနသို့ ပြောကြားသည်။

ယင်းသို့ လုံခြုရေးတင်းကြပ်ထားသည့်ကြားမှ စနေနေ့က ကျည်ဆံ ထိမှန်ထားသော ရိုပာင်ဂျာတစ်ဦး တရားမဝင် ဖြတ်ကူးလာသည်ကို ဖမ်းဆီးရမိခဲ့သည်ပာု ကော့ဘဇားခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး အူတမ်ကူးမားက AFP သို့ ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ အကြမ်းဖက် ဖြစ်စဉ်များအပေါ် ပြန်လည်တုန့်ပြန်မှုများ မဖြစ်အောင် တားဆီးရန်အတွက် ကော့ဘဇားရှိ ရခိုင်ဘုန်းကြီးကျောင်းများကိုလည်း လုံခြုံရေးတိုးမြှင့် ပေးထားသည်ပာု အူတမ်ကူမားက ဆက်လက်ပြောကြားခဲ့သည်။

****************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment