Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၀.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နိုင်ငံရေးအကျဉ်းသားများထပ်မံလွှတ်ပေးရန်စီစဉ်နေသည်ဟု မြန်မာဝန်ကြီးပြောကြား

(Channel News Asia မှ 18 June 2012 ရက်စွဲပါ "Myanmar Planning to free more political prisoners, says Minister" သတင်းကိုဘာသာပြန်ဆိုသည်။)

  1. NLD ပြောခွင့်ရပုဂ္ဂိုလ် သတင်းမှားပေးမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံရဖွယ်ရှိ

(AFP သတင်းဌာနမှ 18 June 2012 ရက်စွဲပါ Myanmar opposition spokeman could face jail ကို ဘာသာပြန်ဆိုသည်)

  1. ရှမ်းတပ်နှင့် ‘ဝ’ တပ် တင်းမာမှုကြောင့် ထွက်ပြေးလာနိုင်သည့် ဒုက္ခသည်များကို ကူညီရန် ထိုင်းစစ်တပ်ပြင်ဆင်

(Bangkok Post  မှ 20 June 2012 “Army prepares for fresh influx of refugees” သတင်းကို ဘာသာပြန်ဆိုသည်။)

***************************

ဘာသာပြန်သတင်းများ        

နိုင်ငံရေးအကျဉ်းသားများထပ်မံလွှတ်ပေးရန်စီစဉ်နေသည်ဟုမြန်မာဝန်ကြီးပြောကြား

(Channel News Asia မှ 18 June 2012 ရက်စွဲပါ "Myanmar Planning to free more political prisoners, says Minister" သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံစကားပြောကြားရန် ရောက်ရှိနေချိန်တွင် နော်ဝေးနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အလားတူ ရောက်ရှိနေသော မြန်မာအစိုးရဝန်ကြီးတစ်ဦးက"မြန်မာအစိုးရသည် အစောဆုံးအားဖြင့် လာမည့်လအတွင်း နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန်စီစဉ်နေသည်"ဟု တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားသည့် အော်စလိုညီလာခံအဝန်းအဝိုင်းတွင် မြန်မာအစိုးရဝန်ကြီးက မြန်မာသမ္မတဦးသိန်းစိန် သည်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကဲ့သို့ပင် ဒီမိုကရေစီကူးပြောင်းရေးကို တာဝန်ယူဆောင်ရွက်နေပါသည်ဟု ထုတ်ဖော်ပြောဆိုပါသည်။

“ကျွန်တော်တို့လည်း ဒီမိုကရေစီကိုဦးတည်တဲ့လမ်းပေါ်မှာ သွားနေကြတာပါ။ ပန်းတိုင်ကအတူတူပါပဲ၊ နည်းဗျူဟာကတော့ မှန်ကန်ပါတယ်။ ကျွန်တော်တို့ဟာ တစ်လှေတည်းစီး၊ တစ်ခရီးထဲသွားတဲ့သူတွေပါ"ဟု မြန်မာအစိုးရစက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ယခင် မြန်မာအစိုးရဟောင်းလက်ထက်တွင် နှစ်ပေါင်းများစွာအကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပ ၅ နိုင်ငံခရီး ထွက်လာသော မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပတွင် သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြခြင်းနှင့်ပတ်သက်၍ ဝန်ကြီး ဦးစိုးသိန်းက"ဒီအတွက် ကျွန်တော်ဂုဏ်ယူပါတယ်၊ သူမအတွက် ကျွန်တော်ဂုဏ်ယူပါတယ်၊ မြန်မာအမျိုးသမီးတစ်ဦးကို ဥရောပတစ်လွှား လေးစားချစ်ခင် ကြတယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုပါ"ဟု ပြောဆိုသည်။

ပြီးခဲ့သော စနေနေ့က နိုဘယ်ဆုလက်ခံစကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရလက်ထက် ဖမ်းဆီးထားခဲ့သော ကျန်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ဝန်ကြီးဦးစိုးသိန်းက"July လထဲမှာစောင့်ကြည့်ပါဗျာ၊ ကျွန်တော်က ဆုံးဖြတ်ချက်ချတဲ့သူ မဟုတ်ပါဘူး"ဟုဖြေကြားသည်။

ယခုလောလောဆယ်တွင် အကြမ်းဖက်ရာဇဝတ်မှုအတွက် အပြစ်ရှိသူ တစ်ဦးတစ်လေမှ လွတ်မသွားစေရန်အစိုးရက ပြန်လည်

စီစစ်နေခြင်းဖြစ်သည်ဟု မြန်မာဝန်ကြီးက ရှင်းလင်းပြောဆိုသည်။

"ကျန်နေတဲ့သူတွေကိုလွှတ်ပေးဖို့ ကျွန်တော်တို့အစိုးရအဖွဲ့မှာ အိုင်ဒီယာရှိပြီးသားပါ၊ အိုင်ဒီယာဆိုတာ အမိန့်မဟုတ်သေးဘူးနော်၊ ဒါကစီစဉ် ပြင်ဆင်နေဆဲကိစ္စပါ"ဟု မြန်မာဝန်ကြီးက AFP သို့ ပြောကြားသည်။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် ဝန်ကြီးက"ယခုအခါ အနောက်နိုင်ငံအရေးယူဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းနေပြီ ဖြစ်သောကြောင့် နောက်လာမည့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအနေဖြင့် ကျင့်ဝတ်သိက္ခာညီခြင်း၊ စဉ်ဆက်မပြတ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့နှင့် ကိုက်ညီရမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏သဘောထားနှင့် မြန်မာအစိုးရသဘောထားတို့ ထပ်တူထပ်မျှရှိပါသည်"ဟု ဆိုသည်။

မြန်မာနိုင်ငံဟာ သုတ်ခြေတင်ဝင်ရမယ့် ခွင်ဆိုတာဟုတ်ပါတယ်၊ ဒါပေမယ့် ငွေအချောင်ရမယ့် ခွင်တော့မဟုတ်ပါဘူး"ဟု ဝန်ကြီးက  

                                                    *****************************************************

NLD ပြောခွင့်ရပုဂ္ဂိုလ် သတင်းမှားပေးမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံရဖွယ်ရှိ

(AFP သတင်းဌာနမှ 18 June 2012 ရက်စွဲပါ Myanmar opposition spokeman could face jail ကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းသည် ဧပြီလ ၁ ရက်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပြားများမဟုတ်မမှန် ပြုလုပ်ထားသည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်းကြောင့် ထောင်ဒဏ်ခြောက်လအထိ ကျခံနိုင်ဖွယ်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ဇွန်လ ၁၈ ရက်နေ့တွင်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေလည်းဖြစ်သည့် ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ၌ NLD အတွက် မဲပြားများတွင် ဖယောင်းခပ်ပါးပါး သုတ်လိမ်းထားသည်ဟု စွပ်စွဲခဲ့ခြင်းကြောင့် လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် အမှုရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ အကြီးတန်းအရာရှိ ဦးသောင်းလှိုင်က "မိမိတို့ကော်မရှင်သည် ဦးဉာဏ်ဝင်း၏ စွပ်စွဲချက်ကို လူသိရှင်ကြားရုတ်သိမ်းပေးရန် ပြောဆိုထားကြောင်း၊ ၎င်း၏ စွပ်စွဲချက်ကြောင့် လွတ်လပ်မျှတစွာ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲကော်မရှင်၏ ဂုဏ်သိက္ခာကိုထိခိုက်စေကြောင်း" ပြောကြားသည်။

သို့ရာတွင် ဦးဉာဏ်ဝင်းက ကော်မရှင်၏တောင်းဆိုချက်ကို တစ်စုံတရာတုံ့ပြန်မှုမပြုခဲ့ရာ ကော်မရှင်က ၎င်းအား နေပြည်တော်ရှိ ဇဗ္ဗူသီရိတရားရုံးတော်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ဦးသောင်းလှိုင်ကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သော လွှတ်တော်အမတ်နေရာ ၄၄ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာအနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

အာဏာပိုင်များအဆိုအရ ရွေးကောက်ပွဲကော်မရှင်သည် မဲပြားပေါ်၌ ဖယောင်းသုတ်လိမ်းသည့်ကိစ္စအား အသေးစိတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မမှန်မကန်ပြုလုပ်သည့် သက်သေတစ်စုံတရာကိုမျှ မတွေ့ရှိခဲ့ကြောင်းသိရသည်။

"ကျွန်တော့်မှာ အပြစ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်"ဟု ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ပြောကြားပြီး ၎င်း၏  ရှေ့နေများက တရားရုံးတော်ကြားနာစစ်ဆေးရာတွင် လိုအပ်မည့် သက်သေအထောက်အထားများကို ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

ဥပဒေပုဒ်မ ၁၈၂ အရ အများပြည်သူဝန်ထမ်းများကို သတင်းမှားပေးပါက ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

                                                    ****************************************

ရှမ်းတပ်နှင့် ‘ဝ’ တပ် တင်းမာမှုကြောင့် ထွက်ပြေးလာနိုင်သည့် ဒုက္ခသည်များကို ကူညီရန် ထိုင်းစစ်တပ်ပြင်ဆင်

(Bangkok Post  မှ 20 June 2012 “Army prepares for fresh influx of refugees” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံဖက်မှ “ဝ” စစ်တပ် UWSA နှင့်ရှမ်းပြည်တပ်မတော် SSA တို့အကြား ထိပ်တိုက်ရင်ဆိုင်နေမှုသည် တိုက်ပွဲအဖြစ်ပြောင်းလဲသွားပါက မြန်မာဖက်မှ ဒုက္ခသည်များ ဝင်ရောက်လာနိုင်ချေရှိသောကြောင့် ထိုင်းအမှတ်(၃)တပ်မက ကြိုတင်ပြင်ဆင်နေသည်ဟု သိရှိရသည်။

ချင်းမိုင် မဲအိုက်ခရိုင်၏ မျက်နှာခြင်းဆိုင် နယ်စပ်မှ USWA “ဝ” တပ်ဖွဲ့အင်အား ၁၀၀၀ ကျော်က ချင်းရိုင် မဲဖာလန်ခရိုင်တစ်ဖက်ရှိနယ်စပ်မှ SSA အခြေစိုက်စခန်းကို ဝိုင်းရံလျှက်ရှိသည်။

အကယ်၍ UWSA နှင့် SSA အကြားတိုက်ပွဲဖြစ်ပွားပါက ထွက်ပြေးလာမည့် ဒုက္ခသည်များကို လက်ခံကယ်ဆယ်၍ ထောက်ပံ့မှုများပြုလုပ်ရန် အမှတ် ၃ တပ်မမှူး ချန်ချိုင်းနာရွန်က တာဝန်ကျအရာရှိများကို ညွှန်ကြားထားသည်ဟု ထိုင်းစစ်ဖက်သတင်းရပ်က ဆိုသည်။

ထို့အပြင် တစ်ဖက်နိုင်ငံတိုက်ပွဲမှ နယ်ကျွံလာမည့်တပ်ဖွဲ့များကို တားဆီးရန်အတွက် ချင်းမိုင်၊ ချင်းရိုင်နှင့် မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ရန် အမှတ် ၃ တပ်မဖြစ်သည့် ဖာမွန်းတပ်ရင်းကို ညွှန်ကြားထားသည်ဟု သိရသည်။

SSA တပ်စခန်း တပ်မှူးဗိုလ်မှူး ဂွန်ဂျင်းက သူ၏ တပ်စခန်းကို စနေနေ့တွင် “ဝ” တပ်ဖွဲ့များ လာရောက်ဝိုင်းရံထားခြင်းဖြစ်သည်ဟု ပြောကြားသည်။

နှစ်ဖက်တပ်များအကြား ပစ်ခတ်မှုမရှိသော်လည်း အပြည့်အဝတပ်လှည့်ထားရန် SSA ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ညွှန်ကြားထားသည်ပာု ဗိုလ်မှူး ဂွန်ဂျင်းက ဆိုသည်။ လက်ရှိတင်းမာနေမှုကို ဖြေရှင်းရန် မြန်မာအစိုးရက ကြားဝင်ဆောင်ရွက်မည်ဟု မျှော်လင့်ရကြောင်း ဗိုလ်မှူးကြီးဂွန်ဂျင်းက ဆက်လက်ပြောကြားသည်။

SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ့်ဆိုင်က ယခုကိစ္စသည် SSA နှင့် မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းအပေါ် “ဝ”တပ်ဖွဲ့ USWA က မကျေနပ်ရာမှ မြစ်ဖျားခံဆင်းသက်လာခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။

SSA နှင့် မြန်မာအစိုးရအကြား မကြာသေးမီက အပစ်ရပ်ညှိနှိုင်းဆွေးနွေးမှုများတွင် မူးယစ်ဆေးအရောင်းအဝယ် တိုက်ဖျက်ရန်ကြိုးပမ်းမှုများ တိုးတက်မှုရှိခဲ့သည်ကို USWA စစ်ခေါင်းဆောင် ဝေဆွတ်စဉ်က စိတ်ပျက်အားလျော့သွားဖွယ်ရှိသည်ဟု ဗိုလ်မှူးလောဝ့်ဆိုင်က ဆိုသည်။

USWA သည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါးအများဆုံး ထုတ်လုပ်ရောင်းချသောအုပ်စုအဖြစ် သတ်မှတ်ခြင်းခံရသော အဖွဲ့ဖြစ်သည်။

မြန်မာ့တပ်မတော် ဒု-ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် SSA တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့အကြား ဆွေးနွေးမှုများကို ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံတွင် မေ ၁၉ ရက်က ကျင်းပခဲ့သည်။ SSA က အဓိကတောင်းဆိုထားသော သူပုန်တပ်ဖွဲ့အဖြစ် သတ်မှတ်ထားမှုကိုပယ်ဖျက်ရန်နှင့် ထိုင်းနယ်စပ်အနီးတွင် မြို့နှစ်မြို့ထူထောင်ခွင့်ပေးရန်အချက်များကို မြန်မာအစိုးရဖက်မှ လိုက်လျောခြင်းမရှိ၍ ဆွေးနွေးပွဲအစပိုင်းတွင် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့သည်။

သို့သော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးမှုအစီအစဉ်၏ နောက်ဆုံးမှ အကြောင်းအရာတစ်ခုဖြစ်သော မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနှင့် ပတ်သက်၍ SSA ၏ အကူအညီကို ရယူရန် သဘောတူခဲ့သည်။

ယင်းအစည်းအဝေးသည် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ ပထမဆုံးအကြိမ် စားပွဲတစ်ဝိုင်းထဲထိုင်ကာ ဆွေးနွေးခြင်းအဖြစ် မှတ်တမ်းဝင်သွားသည်။

SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ၎င်းအနေဖြင့် ဆွေးနွေးပွဲရလဒ်အပေါ် ကျေနပ်မှုမရှိသော်လည်း နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းပွင့်သွားမည်ပာု ပြောကြားသည်။

သို့သော်လည်း မြန်မာအစိုးရက ဆက်လက်တံခါးဖွင့်နေခြင်းကြောင့် လက်နက်ကိုင်အုပ်စုများနှင့် ပြန်လည်သင့်မြတ်မှု အရှိန်အပာုန်ကို ဆက်ထိန်းထားရန် ဆန္ဒရှိလိမ့်မည်ပာု ယုံကြည်ရကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

ယခုကဲ့သို့ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရန် ကြိုးစားလာသော မြန်မာအစိုးရ၏ အကြောင်းရင်းတစ်ခုမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုပြုလုပ်သော အထီးကျန်နိုင်ငံပာူသော ပုံရိပ်ဆိုးကို ခွာချရန်ဖြစ်သည်ပာု အကဲခတ်လေ့လာသူအချို့က ပြောကြားသည်။

မူးယစ်ဆေးဝါးဖယ်ရှားရေးကြိုးပမ်းမှုများ အရေးတကြီး အရေးပါနေခြင်းကို အသိအမှတ်ပြုထားသော ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က မိမိနှင့် မြန်မာအစိုးရ၏ သဘောထားတစ်ထပ်ထဲ ကျနေသည့်အတွက် ဝမ်းသာသည်ပာု ပြောကြားထားသည်။

                                            *****************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment