Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၆.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထရန်မြစ်ဝသို့ ရိုဟင်ဂျာစက်လှေများဦးတည်နေခြင်းကြောင့် ထိုင်းတာဝန်ရှိသူများ တပ်လှန့်ထား

(Bernama News မှ 25 June 2012 ရက်စွဲပါ "Thai officials on alart of Rohingyas heading for Trang" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာသည် ထိုင်းခရီးသွားစီးပွားရေးအတွက် ခြိမ်းခြောက်မှုမပာုတ်

(The Nation မှ 25 June 2012 ရက်စွဲပါ “Myanmar no Threat to Thai tourism”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်များ ရိုဟင်ဂျာကိစ္စ ဆွေးနွေးကြဦးမည်

( AFP သတင်းမှ 25 June 2012 ရက်စွဲပါ “Myanmar, Bangladesh leaders to discuss Rohingya”သတင်းကို ဘာသာပြန်ဆိုသည်။)

****************************************************************

ဘာသာပြန်သတင်းများ        

ထရန်မြစ်ဝသို့ ရိုဟင်ဂျာစက်လှေများဦးတည်နေခြင်းကြောင့် ထိုင်းတာဝန်ရှိသူများ တပ်လှန့်ထား

(Bernama News မှ 25 June 2012 ရက်စွဲပါ "Thai officials on alart of Rohingyas heading for Trang" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနောက်ပိုင်းဒေသမှ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာများနှင့် ဘင်္ဂါလီရိုဟင်ဂျာများအကြား သွေးစွန်းသော ပဋိပက္ခကြောင့် စက်လှေ များဖြင့် စွန့်ခွာထွက်ပြေးလာသော မွတ်ဆလင်ရိုဟင်ဂျာ ၅၀၀ ကျော်ခန့် ရောက်ရှိလာနိုင်မည်ဟူသော ထောက်လှမ်းရေးသတင်းများ ရရှိထားခြင်းကြောင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ထိုင်းပင်လယ်ဝမြစ်ကြောင်းတစ်လျှောက် ကင်းလှည့်စောင့်ကြပ်လျက် ရှိသည်။

ရိုဟင်ဂျာ ၅၀၀ ကျော် တင်ဆောင်လာသော စက်လှေများ အန်ဒါမန်ပင်လယ်နှင့် ထိုင်းပင်လယ် ကွေ့သို့ ဦးတည်နေသည်ဟူသော ထောက်လှမ်းရေးသတင်းများရရှိပြီးနောက်တွင် ကန်တန်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးများပါဝင်သောအဖွဲ့သည် ထရန်မြစ်ဝနှင့် ကန်တန်ဆိပ်ကမ်း အကြား မြစ်ကြောင်းတစ်လျှောက်တွင် စက်လှေများဖြင့် ကင်းလှည့်စောင့်ကြပါနေကြသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ ရိုဟင်ဂျာလှေစီးဒုက္ခသည်များကို ထရန်ဆိပ်ကမ်းနယ်မြေမှ မြန်မာအလုပ်သမားများက နားခိုခွင့်ပေးနိုင်သည်ကို စိုးရိမ်ပူပန်နေသော ထိုင်းအစိုးရတပ်ဖွဲ့များကလည်း အနီးတစ်ဝိုက်ကျွန်းစုများကို ကင်းလှည့်စောင့်ကြပ်နေသည်ဟု သိရှိရသည်။

ယခုအချိန်အထိ သံသယဖြစ်စရာစက်လှေများကို မတွေ့ရသေးသော်လည်း လုံခြုံရေးတာဝန်ရှိသူများက သတိဝီရိယဖြင့် ဆက်လက် စောင့်ကြပ် လျက်ရှိပြီး အကယ်၍ ၎င်းစက်လှေများဆိုက်ကပ်လာပါက ပင်လယ်ပြင်သို့ ပြန်လည်မောင်းထုတ်ခြင်းခံရမည်ဟု သတိပေးပြောဆိုထားသည်။

                                                    ***********************************

မြန်မာသည် ထိုင်းခရီးသွားစီးပွားရေးအတွက် ခြိမ်းခြောက်မှုမပာုတ်

(The Nation မှ 25 June 2012 ရက်စွဲပါ “Myanmar no Threat to Thai tourism”သတင်းကို ဘာသာပြန်ဆိုသည်)

အိမ်နီးချင်းမြန်မာနိုင်ငံတွင် ခရီးသွားတိုးရစ်လုပ်ငန်းကို တံခါးဖွင့်ရန် စီစဉ်နေသော်လည်း ထိုင်းနိုင်ငံသည် အရည်အသွေးပြည့် ဖြည့်ဆည်းပေးနိုင်မှုနှင့် ပရော်ဖက်ရှင်နယ် ပီသမှုတို့ကြောင့် ရှိရင်းစွဲဦးဆောင်မှု အနေအထားကို ဆုံးရှုံးသွားန်အကြောင်းမရှိပါပာု ကျွမ်းကျင်သူတစ်ဦးက ယခင်အပတ်က ပြောကြားလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ သစ်လွင်နုပျိုသောခရီးသွားကဏ္ဍက ဒေသတွင်း ခရီးသွားဝင်ရောက်မှုကို ကူညီမြှင့်တင်ပေးခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ပို၍ပင် အကျိုးအမြတ် ရဦးမည်ပာု ဘန်ကောက်အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ လူမှုကဏ္ဍကျွမ်းကျင်သူ စတီဗင်ရှစ်ပါနီက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းဝင်ပေါက်အဖြစ် ဆက်လက်ဦးဆောင်ရပ်တည်နေဦးမည်ပာုဆိုသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းသို့ အလည်ရောက်လာသော နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် ရွေးချယ်စရာတစ်နေရာ တိုးလာမည်ဖြစ်၍ ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုမပာုတ်ပါပာု စတီဗင်က Nation သတင်းဌာနသို့ ရှင်းလင်းပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်တွင် အဝေးကြီးပြတ်ကျန်နေဆဲဖြစ်သည်။ ကားလမ်း၊ ရထားလမ်း ကွန်ယက်များ၊ လျှပ်စစ်ဓာတ်အား၊ ရေနှင့် သန့်ရှင်းမှုစနစ် စသည့် အခြေခံအဆောက်အဦးကဏ္ဍများတွင် အလွန့်အလွန် အခြေအနေဆိုးနေသည်။ ပိာုတယ်များ၏ စံချိန်စံညွှန်းများမှာလည်း ကောင်းမွန်ခြင်းမရှိပေ။ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း စားဖိုမှူးမှအစ ခရီးသွားလမ်းညွှန်အဆုံး ပရော်ဖက်ရှင်နယ်ပီသမှု အားနည်းကြသည်။

မြန်မာနိုင်ငံအတွက် ခရီးသွားလုပ်ငန်း Master Plan ရေးဆွဲရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် မြန်မာ့ပိာုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ခရီးသွားစီးပွားရေးလုပ်ငန်းသည် နိုင်ငံစီးပွားတက်အောင် တည်ဆောက်ပေးမည့် အရေးကြီးသောကဏ္ဍအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပင်လျှင် နိုင်ငံစီးပွားရေး တိုးတက်အောင် မောင်းနှင်ပေးနိုင်မည့် ဦးစားပေးကဏ္ဍတစ်ရပ်ပာု ပြောဆိုထားသည်။

နော်ဝေးအစိုးရက အမေရိကန်ဒေါ်လာ ၂၂၅,၀၀၀ ထောက်ပံ့ကူညီပေးထားသော ခရီးသွားလုပ်ငန်း Master Plan ကို ခရီးသွားနယ်ပယ်၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဈေးကွက်ဆိုင်ရာ ရှုဒေါင့်များနှင့် ပတ်သက်၍ ကမ္ဘာတစ်လွှားမှ ကျွမ်းကျင်သူများ၏ အကြံဉာဏ် ပေးမှုများအပေါ် အခြေခံကာ ရေးဆွဲသွားမည်ဖြစ်သည်ပာု သိရသည်။

အဆိုပါ စီမံချက်စတင်နေပြီဖြစ်ပြီး၊ ADB နှင့်အတူ လုပ်ကိုင်ရမည့် ပညာရှင် ၆ ဦးကို သြဂုတ်လတွင် ရွေးချယ်မည်ပာု မျှော်လင့်ရသည်။ ယင်း Master Plan ကို လာမည့်နှစ်တွင် အပြီးသတ်ရေးဆွဲကာ မြန်မာ့ပိာုတယ်နှင့်ခရီးဝန်ကြီးဌာနထံ အကောင်အထည်ဖော်ရန် တင်ပြသွားမည်ပာုဆိုသည်။

ယင်း Master Plan ၏ ရည်မှန်းချက်များထဲမှ တစ်ခုမှာ ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် ကျား/မ ကွာပာမှု ကျဉ်းမြောင်းရေးပင်ဖြစ်သည်။ အမျိုးသမီးများသည်လည်း မိသားစုဝင်ငွေတိုးအောင် အလုပ်လုပ်ခွင့်ရလာမည်ဖြစ်၍ စီးပွားရေးတွင် ပိုမိုအရေးပါသော နေရာမှ ပါဝင်လာနိုင်ကြမည်ဖြစ်သည်။

ကလေးသူတို့၏ လုပ်အားနှင့် အမျိုးသမီးများအပေါ် လိင်စီးပွားရှာမှုဖြင့် အမြတ်ထုတ်ခြင်းကိုမူ ခွင့်ပြုမည်မပာုတ်ပေ။

အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံကလည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ လုပ်ငန်းသင်ခန်းစာများကို ပို့ချပေးနိုင်သည်။ ဒေသတွင်းနိုင်ငံများအား လည်ပတ်စရာနေရာတစ်ခုခြင်းအဖြစ် အားပေးမြှင့်တင်သွားရန် ကြိုးပမ်းနေသော မပာာမဲခေါင်ဒေသခွဲနိုင်ငံများ(GMS) ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းနှင့်လည်း ကိုက်ညီအောင် ယခု Master Plan ကိုရေးဆွဲမည်ပာု သိရသည်။

မပာာမဲခေါင်ဒေသခွဲနိုင်ငံများတွင် တရုတ်နိုင်ငံ ယူနန်နှင့် ဂွမ်ဇီဆောင်ပြည်နယ်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်ကြသည်။

မြန်ဆန်စွာဖွံ့ဖြိုးနေသော ဒေသတွင်းရှိ နိုင်ငံများအားလုံးကို ဖွံ့ဖြိုးလာအောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆွဲခေါ်ရန် မျှော်လင့်ထားသော်လည်း GMS နိုင်ငံ ၆ နိုင်ငံ၏ ခရီးသွားတိုးရစ်လုပ်ငန်းမှာ ပာန်ချက်မညီနိုင်သေးပေ။ GMS ဒေသသို့ လာရောက်လည်ပတ်သော ခရီးသွား ၃၈ သန်းအနက် ထက်ဝက်ခန့်မှ ထိုင်းနိုင်ငံသို့ လာရောက်ကြခြင်းဖြစ်သည်ပာု ADB မှ ပညာရှင် စတီဗင်ကပြောကြားသွားသည်။

                                                                ***************************

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်များ ရိုဟင်ဂျာကိစ္စ ဆွေးနွေးကြဦးမည်

( AFP သတင်းမှ 25 June 2012 ရက်စွဲပါ “Myanmar, Bangladesh leaders to discuss Rohingya”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များသည် ရိုဟင်ဂျာဒုက္ခသည်များကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်အနီး မငြိမ်သက်မှုပြဿနာများကို  လာမည့်လတွင် ဆွေးနွေးကြမည်ဟု ရန်ကုန်မြို့သံရုံးမှ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက တနင်္လာနေ့တွင် ပြောကြားသည်။

မြန်မာသမ္မတဦးသိန်းစိန်၏ ဂျူလိုင် ၁၅-၁၇ ဘင်္ဂလားဒေရှ့်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ရှိတ်ဟက်ဆီနာနှင့် တွေ့ဆုံသည့်အချိန်တွင် အထက်ပါကိစ္စရပ်များကို ဦးစားပေးဆွေးနွေးရန် စီစဉ်ထားသည်ဟု ဗိုလ်ချုပ်အေနပ်ကူမားချပ်ကမာက AFPသတင်းဌာနသို့ ပြောကြားသည်။

“မြန်မာဒုက္ခသည် ပြဿနာကို ဒီတစ်ကြိမ်မှာတော့ အကြိတ်အနယ်ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်နိုင်သမျှ မြန်မြန်အေးချမ်းအောင် မြန်မာနိုင်ငံဘက်က လုပ်ဆောင်နေတဲ့ အစီအစဉ်တွေအားလုံးကို ဘင်္ဂလားဒေ့ရှ်က အားပေးထောက်ခံပါတယ်”ဟု ဘင်္ဂလားဒေရှ့်သံအမတ်က ပြောသည်။

မြန်မာအစိုးရတာဝန်ရှိသူများကမူ အဆိုပါခရီးစဉ်စီစဉ်မှုကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ပြောဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်းဒေသ ဘင်္ဂလားဒေရှ့်နယ်စပ်အနီးတွင် ဗုဒ္ဓဘာသာရခိုင်များနှင့် မွတ်ဆလင်ရိုဟင်ဂျာများအကြား ရုန်းရင်းဆန်ခတ်မှု၊ မီးရှို့မှု၊ လက်စားချေမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ပိုမိုကြီးထွားလာစေခဲ့သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားသော မြန်မာအစိုးရ၏ ကြေညာချက်အရ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ၈၀ ကျော်သွားပြီဟု သိရှိရသည်။

စစ်တွေမြို့ရဲ့အနေအထားကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီဆိုပေမယ့် ကာဖြူးအမိန့်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်ဟု ၎င်းက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ကမ္ဘာ့အဖိနှိပ်ခံရဆုံးမျိုးနွယ်စုဟု သတ်မှတ်ခြင်းခံရသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအတွင်း အရေအတွက် ၈ သိန်းခန့် နေထိုင်ကြသည်ဟု ကုလသမဂ္ဂအဆိုအရ သိရှိရသည်။

ပြီးခဲ့သော သီတင်းပတ်များအတွင်း မြန်မာနိုင်ငံမှ အကြမ်းဖက်အဓိကရုဏ်းကြောင့် ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို နယ်စပ်ဖွင့်၍ လက်ခံစောင့်ရှောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် လူ့အခွင့်အရေးအုပ်စုများက ဖိအားပေး တောင်းဆိုခဲ့ကြသော်လည်း ဘင်္ဂလားဒေရှ့်အာဏာပိုင်များက ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်(သို့)ဆင်းရဲနွမ်းပါး၍ လူဦးရေထူထပ်သော တောင်အာရှနိုင်ငံတွင် ယခင်ကတည်းက ရိုဟင်ဂျာဒုက္ခသည် ၃ သိန်းခန့် နေထိုင် လျှက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းသားများကဲ့သို့ ဘင်္ဂါလီ စကားပြောဆိုနိုင်သော ရိုဟင်ဂျာမျိုးနွယ်များ(အမှန်စင်စစ် ဘင်္ဂါလီများ)ကို တရားမဝင် ရွေ့ပြောင်း နေထိုင်သူများဟု မြန်မာအစိုးရနှင့် မြန်မာနိုင်ငံသားအများစုက သတ်မှတ်ထားခြင်းကြောင့် ရိုဟင်ဂျာများစွာမှာ နေရပ်စွန့်ခွာ၍ စက်လှေများဖြင့် ထွက်ပြေးကာ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ရန် ကြိုးစားလျက်ရှိသည်။

                        ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment