Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၀. ၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အီးယူသို့ မြန်မာ့သစ်များ တင်ပို့နိုင်ရန် စီစဉ်
  2. ဘဏ်စာရင်းဖွင့်လှစ်ရန် တရားဝင်ငွေလဲကောင်တာမှ ငွေကြေးသာဖြစ်ရမည်
  3. Swift Exchange စနစ် ပြည်တွင်းဘဏ် ၁၁ ခု တပ်ဆင်ခွင့်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကာကွယ်ရေးဝန်ကြီးဌာနနှင့် Unicef တို့ပုးပေါင်း၍ ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်မည်
  2. လမ်းပြကြယ် ဦးအေးမြင့်ဦးဆောင်သည့် ပါတီဝင်သစ် ၂၀၀ကျော်အား NDF ပါတီမှ မိတ်ဆက်ကြိုဆိုပွဲ ကျင်းပ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အီးယူသို့ မြန်မာ့သစ်များ တင်ပို့နိုင်ရန် စီစဉ်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)နိုင်ငံများသို့ လာမည့် ၂၀၁၃ ခုနှစ်တွင် ထောက်ခံချက်ဖြင့် မြန်မာ့သစ်များတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာမယ့် ၂၀၁၃ ခုနှစ်မှာ အီးယူနိုင်ငံကို မြန်မာနိုင်ငံထွက်ရှိတဲ့ သစ်တွေ တင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါတယ်။ သိပ်မကြာခင် အကောင်အထည် ဖော်လာမယ်လို့ ထင်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာ့သစ်အား အီးယူနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ အီးယူနိုင်ငံ၏ ၂၀၁၃ မတ်လ ၃ ရက်နေ့တွင် စတင်ကျင့်သုံးမည့် အီး ယူ၏ သစ်ကဏ္ဍအပေါ် ထားရှိသည့် မူဝါဒသစ်ကြောင့်ဖြစ်ပြီး အီးယူနိုင်ငံများသို့ သစ်တင်ပို့မည့် အစီအစဉ်များကို သစ်တောထောက်ခံချက် အထောက် အကူပြု ကော်မတီသစ်အသင်းနှင့် ပညာရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အီးယူနိုင်ငံရဲ့ နိုင်ငံတကာရဲ့ သစ်အလွန်အကျွံ့ထုတ်လုပ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ကန့်သတ်တဲ့ မူဝါသစ်တစ်ခုကို စုပေါင်းရေးဆွဲပြီးသွားပါပြီ။ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံက သစ်တွေကိုပဲ ဝယ်ယူမယ်ဆိုတဲ့ စနစ်ပါ။ အရမ်းကောင်းတဲ့စနစ်ပါ။ သူတို့ ရဲ့ သတ်မှတ်ချက်တွေကိုပဲ မြန်မာလုပ်ငန်းရှင်တွေ မရမှာစိုးတာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ပသို့ ကျွန်းသစ်နှင့် သစ်ခွဲသားများ၊ သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ တင်ပို့မည်ဆိုပါက ကုန် သွယ်လုပ်ငန်းခွန် ၅၀ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး ယခုကဲ့သို့ အခွန် ၅၀ ရာခိုင် နှုန်း ပြောင်းလဲကောက်ခံရခြင်းမှာ နိုင်ငံ၏ သဘာဝသယံဇာတများကို သစ်လုံး(သို့) သစ်လုံးကဲ့သို့သော အကြမ်းခွဲများ တင်ပို့မှုကို အားမပေးလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

“သစ်ကုန်ကြမ်းနဲ့ သစ်အချောထည်တင်ပို့တဲ့ အမျိုးအစားနှစ်ခုကို အခွန် ၅၀ ရာခိုင်နှုန်းပေးဆောင်ရမယ်ဆိုတော့ သစ်အချောထည် ဈေးကွက် တင်ပို့မှုတွေပာာ ရှုံးပြီး ခုဆို လုပ်ငန်းတွေတောင် ရပ်နားထားရပါတယ်”ပာု သစ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ သစ်လုပ်ငန်းရှင်များအရှုံးပေါ်၍ မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုများ ကျဆင်းခဲ့သည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သစ်ခွဲ သားအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအသစ်တစ်ရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုမှု ထပ်မံပြုလုပ်၍ သစ်ခွဲသား အမည်သတ်မှတ်မှုထဲမှ အရွယ်အစား အတိ အကျဖြင့် ဖြတ်တောက်ထားသော သစ်ခွဲသားအပေါ် အခွန် ၅ ရာခိုင်နှုန်းသာ ပြောင်းလဲကောက်ခံသွားရန် ထပ်မံပြင်ဆင်ပေးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘဏ်စာရင်းဖွင့်လှစ်ရန် တရားဝင်ငွေလဲကောင်တာမှ ငွေကြေးသာဖြစ်ရမည်

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းခွင့် အစီအစဉ်အရ မော်တော်ယာဉ်တင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရာတွင် တရားဝင်ငွေလဲကောင်တာများမှ ဝယ်ယူခဲ့စေသော ငွေဖြင့်သာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ကားတင်သွင်းခွင့်ရဖို့အတွက် နိုင်ငံခြားငွေစာရင်းဖွင့်ချင်တယ်ဆိုရင် တရားဝင်ငွေလဲကောင်တာက အမှန်တကယ် လဲလှယ်ထားတဲ့ငွေနဲ့ပဲ ဖြစ် ရပါမယ်။ မှောင်ခို (သို့) တခြားဈေးကွက်က ငွေနဲ့ဆို ဖွင့်ပေးမှာ မပာုတ်ပါဘူး”ပာု ၎င်းက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရာတွင် ပြည်ပမှောင်ခိုဈေးကွက်မှ ဝယ်ယူထားသော နိုင်ငံခြားငွေကြေးများဖြင့် လာ ရောက် ဘဏ်စာရင်းဖွင့်လျက်ရှိကြသည့်အတွက် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ၎င်းက ဆက်လက် ပြောကြားသည်။

“မှောင်ခိုဈေးကွက်က ငွေတွေနဲ့ပဲ နိုင်ငံခြားဘဏ်စာရင်းလာဖွင့်ကြတယ်။ ဒီလိုဆိုတော့ ကိုယ့်နိုင်ငံအတွက်လည်း နစ်နာတယ်။ ဒီလိုမျိုး နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ချင်ရင် တရားဝင်ငွေလဲကောင်တာက ဝယ်ယူရမယ်လို့ သတ်မှတ်လိုက်တော့ နိုင်ငံခြားငွေမှောင်ခိုဈေးကွက်လည်း ပပျောက်သွားနိုင်တယ်”ပာု ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ရန် လာရောက်သူများ၏ ငွေကြေးကို ဗပိာုဘဏ်မှ ပြည်ထဲရေးသို့ လှမ်းပို့၍ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။

၂၀၁၂ မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဗပိာုဘဏ်မှ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ တရားဝင်ရရှိသော နိုင်ငံခြားငွေများကို ရရှိ သည့်နေ့မှ စတင်၍ သုံးလအတွင်း တစ်သောင်း(သို့)တစ်သောင်းထက်မပိုသော နိုင်ငံခြားငွေများကို ကိုင်ဆောင်ခွင့်ပြုလိုက်ပြီဖြစ်ပြီး သုံးလထက် ကျော် လွန်ပါက ဘဏ်များသို့ အပ်နှံရမည်ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

Swift Exchange စနစ် ပြည်တွင်းဘဏ် ၁၁ ခု တပ်ဆင်ခွင့်ရ

ပြည်တွင်းရှိ ဘဏ် ၁၁ ခုအား ငွေကြေးလုံခြုံမှုရှိစေရန် အသုံးပြုတပ်ဆင်ရသည့် Swift Exchange စနစ်အား တပ်ဆင်ခွင့် ပြုလိုက်ပြီဖြစ် ကြောင်း ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းက ဘဏ် ၁၀ ခုကို Swift Exchange စနစ် တပ်ဆင်ခွင့်ပြုလိုက်ပြီ။ ဒီစနစ် တပ်ဆင်ခွင့်ရသွားပြီဆိုတော့ ခုဘဏ်တွေအားလုံး နိုင်ငံ ခြားက ဘဏ်တွေနဲ့ ချိတ်ဆက်ဖို့လုပ်နေတယ်။ မကြာမီကာလအတွင်းမှာ အကောင်အထည်ဖော်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားမှုလိုင်စင် (AD-Authorized Dealer) ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ် (၁၁)ခုအား Swift Exchange စနစ်တပ်ဆင်အသုံးပြုရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဘဏ်များမှ နိုင်ငံတကာငွေလဲလှယ်မှုနှင့် ငွေကြေးလွှဲပြောင်း မှုများကို ပြည်ပနိုင်ငံများနှင့် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ခု နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင် ရရှိထားတဲ့ ဘဏ် (၁၁)ခုကို Swift Exchange စနစ် အသုံးပြုခွင့်ပေးလိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေပာာ ပိုပြီးတိုးတက်လာတော့မှာပါ။ ဗပိာုဘဏ်အနေနဲ့ကလည်း ပြည်တွင်းဘဏ်လုပ်ငန်းတွေကို နိုင်ငံတကာ ဘဏ်လုပ် ငန်းတွေနဲ့ ငွေကြေးကိစ္စ လွှဲပြောင်းခြင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Swift Network ကို ဝင်ရောက်နိုင်ဖို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ပူးပေါင်းခဲ့တာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

Swift Exchange စနစ် တပ်ဆင်ခွင့်ရရှိသွားသည့် ဘဏ် (၁၀)ခုမှာ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ AGD ဘဏ်၊ မြဝတီဘဏ်၊ ထွန်းဖောင်ဒေး ရှင်းဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ MOB ဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်တို့ဖြစ်ပြီး ယခင်က Swift Exchange စနစ်တပ်ဆင်ထားသည့် ဘဏ်များမှာ ဗပိာုဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ဖြစ်ကြောင်း သိရသည်။

Swift Exchange စနစ်ဆိုသည်မှာ နိုင်ငံတကာနှင့် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အွန်လိုင်းလုံခြုံမှုရှိစေရန်နှင့် လွှဲပြောင်းမှု မြန်ဆန်ရေးတို့အတွက် အသုံးပြုတပ်ဆင်ရသည့်စနစ် ဖြစ်သည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကာကွယ်ရေးဝန်ကြီးဌာနနှင့် Unicef တို့ပုးပေါင်း၍ ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း အသက်မ ပြည့်သေးသည့် စစ်မှုထမ်းကလေးငယ်များ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ၂၀၁၂ ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ယူနီဆက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သားတွေလုံးဝပပျောက်ဖို့အတွက် နေပြည်တော်မှ ၂၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ ယူနီဆက်အနေနဲ့ အရင်က တပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းရေး စင်တာလေးခုကိုပဲ ဝင်ရောက်လေ့လာခွင့်ရခဲ့တယ်။ ခုသဘောတူညီချက်တွေ အရ တစ်နိုင်ငံလုံးက စစ်တပ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေအကုန်လုံးကို ဝင်ရောက်လေ့လာခွင့် ရရှိမှာပါ။ ကလေးစစ်သားပပျောက်ရေးအတွက် ပိုထိ ရောက်စွာ ဆောင်ရွက်နိုင်မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် ပြည်တွင်းရှိ ကလေးသူငယ်များ၏ အခွင့်ဆိုင်ရာများအတွက် နိုင်ငံတော်မှ အသက်မပြည့်သေးသော်လည်း အလုပ်လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအတွက် ကလေးလုပ်သားအဖွဲ့ ဖွဲ့စည်းခွင့်ပြုထားပြီး အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေးဥပဒေများအရ အသက် ၁၃ နှစ်ပြည့် အလုပ်သမားများ၊ အသက် ၁၅ နှစ်ပြည့်အလုပ်သမားများနှင့် အသက်(၁၅)နှစ်ပြည့်အလုပ်သမားများပာူ၍ အသက်အရွယ် အပိုင်းအခြားအလိုက် ကလေး အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ပြုထားကြောင်း သိရသည်။

“နိုင်ငံအတွင်းမှာက အရင်အစိုးရလက်ထက်ကတည်းက အသက်မပြည့်သေးဘဲ အပြင်ထွက် အလုပ်လုပ်နေရတဲ့ကလေးတွေ၊ တပ်မတော်မှာ နိုင်ငံ့တာဝန် ထမ်းဆောင်နေရတဲ့ ကလေးတွေပာာ တကယ်ကို အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ ခု အစိုးရသစ်လက်ထက်မှ ဒါတွေကို ပြုပြင်ဖို့ လုပ် ဆောင်သင့်ပါပြီ။ လောလောဆယ်တော့ Unicef နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးပြီးတော့ ကလေးစစ်သားပပျောက်ရေးကို လုပ်ဆောင်နေပြီ။ ပြီး တော့ သူတို့ရဲ့ အခွင့်အရေးအတွက် ကလေးအလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့ခွင့်ပေးထားပါပြီ။ ဒီကိစ္စတွေကို ကြိုဆိုပါတယ်”ပာု NGO တစ်ခုမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (Unicef) သည် ယခင် တပ်မတော်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်မှ စတင်၍ တပ်မတော်နှင့် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရှိ အသက်မပြည့်သေးသောကလေးများ ပြန်လည်လွှတ်ပေးရေးအတွက် အစိုးရနှင့် စတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့ရှိ တပ်သားသစ် စုဆောင်းရေးစင်တာလေးခုတွင် နည်းပညာအကူအညီပေးခြင်း၊ တပ်မတော်အရာရှိများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများအား လူ့အခွင့် အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ လက်နက်ကိုင်တိုက်ပွဲများကြားရှိ ကလေးများ၏ အခြေအနေများအတွက် သင်တန်းများပို့ချပေးခဲ့ ကြောင်း ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

လမ်းပြကြယ် ဦးအေးမြင့်ဦးဆောင်သည့် ပါတီဝင်သစ် ၂၀၀ကျော်အား NDF ပါတီမှ မိတ်ဆက်ကြိုဆိုပွဲ ကျင်းပ

ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁နာရီမှစတင်၍ တစ်နာရီခွဲကြာ ပဲခူးတိုင်းဒေသကြီးမှ လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်သည့် ပါတီဝင်သစ်ဦးရေ ၂၀၀ ခန့်နှင့် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ပါတီခေါင်းဆောင်များဖြင့် တွေ့ဆုံ၍ မိတ်ဆက်ကြိုဆိုပွဲအား ရန်ကုန်မြို့ရှိ City Star Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ မိတ်ဆက်ကြိုဆိုပွဲသို့ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းတို့မှ အဖွဲ့ဝင်ပါတီသစ်များအား အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပြီး ပါတီဝင်သစ်များ၏ တိုင်းနှင့်ပြည်နယ်အလိုက် ပါတီဝင်လျှောက်လွှာများအား လက်ခံရယူကြောင်း ၎င်းက ပြော ကြားသည်။

ထို့ပြင် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းမှ အမှာစကားများပြောကြားသွားရာ၌ ပါတီဝင်သစ်များအား NDF ပါတီမှ နွေးထွေးစွာကြိုဆို ကြောင်းနှင့် NDFပါတီအနေဖြင့် မိုးထဲရေထဲတွင် နိုင်ငံရေးရေဆန်ခရီးကို ဖြတ်သန်းနေရသော်လည်း စိတ်ဓာတ်မကျပဲ  ပြည်သူ့ဘက်မှ ရပ်တည်၍ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးမျိုးတိုက်ခိုက်ခံနေရသော်လည်း ပါတီဝင်များအနေဖြင့် နဂိုကထက် ပိုမိုစည်းလုံးညီညွတ်စွာ ရပ်တည်သွား မည်ဖြစ်ကြောင်း၊ ပြည်သူကို ဘယ်သောအခါမှ ပစ်ခွာသွားမည် မဟုတ် ဘဲ ပြည်သူ့အကျိုးအတွက် အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားရန် သံန္နိဋ္ဌာန် ပြုထားပါကြောင်း စသည်တို့အား ပြောကြားသွားသည်ဟု သိရှိရသည်။

"ပြောသွားတဲ့အထဲမှာတော့ NDF ပါတီက ပြည်သူတွေအပေါ် သစ္စာခံပြီး ပြည်သူတွေ အထင်ကြီးအားကိုးလေးစားရတဲ့ ပါတီဖြစ်အောင် ကြိုးစား သွားကြမယ်ဆိုတာရယ်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကလည်း လွှတ်တော်တွင်းမှာ NDF အနေနဲ့ လုပ်ဆောင် နေတဲ့ ကဏ္ဍတွေကို ပြောကြားသွားပါတယ်။ ပြီးတော့ လမ်းပြကြယ် ဦးအေးမြင့်ကလည်း NDF ပါတီကို ဘာဖြစ်လို့ဝင်ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားသွားပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့နောက် NDF ပါတီမှ လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်သည့် ပါတီဝင်သစ် ၂၀၀ကျော် မိတ်ဆက်ကြိုဆိုပွဲအစီအစဉ်အား နေ့လည် ၂ နာရီ ခွဲ၌ ရုတ်သိမ်းပြီးစီးခဲ့ကြောင်း သိရှိရပြီး ယင်းမိတ်ဆက်ကြိုဆိုပွဲမပြုလုပ်မီ မနက် ၉နာရီခွဲအချိန်၌ တာမွေမြို့နယ်ရှိ NDF ရုံးချုပ်တွင် ပါတီဥက္ကဋ္ဌ၊ ပါတီ ခေါင်းဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့တို့မှ လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်သည့် ပါတီဝင်သစ်မိတ်ဆက်ကြိုဆိုပွဲကျင်းပရေးကိစ္စနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ ထပ်မံသိရှိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဒီပြဿနာတွေကို ဒီအတိုင်းထားလို့တော့ မရပါဘူး။ စီးပွားရေးမကျွမ်းကျင်တဲ့လူတွေ၊ ကိုယ်တိုင်ရင်းနှီးမြှပ်နှံဖို့ မစွမ်းနိုင်တဲ့ လူတွေအတွက် ဒီပြဿနာ တွေနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါကြောင့် မိမိနိုင်ငံအတွက် နည်းပညာ၊ တက္ကနိုလိုဂျီတွေ တိုးတက်လာအောင် လုပ်ရပါတယ်။ Capacity Building လို့ခေါ်တဲ့ အရည်အသွေးပြည့်ဝအောင် ကြိုးစားဆောင်ရွက်ရမှာပါပဲ။

ပြောင်းလဲလာတဲ့ မြန်မာပြည်မှာ စီးပွားရေးရင်းနှီးမြှပ်နှံသူတွေ အများကြီးလာကြမှာပါ။ ဒါပေမဲ့ မီးမရှိ၊ အလုပ်သမားတွေ ဆန္ဒပြနေတယ်ဆိုရင်ဖြင့် တကယ့်စီးပွားရေးလုပ်ချင်သူများ ရောက်မလာကြပါဘူး။ Risk ရှိတယ်။ စွန့်စားရမယ်ဆိုရင် “စွန့်စားသူ”အချို့က လာကြမှာပါ။ သူတို့ဟာ စီးပွားရေး ကျွမ်းကျင်သူတွေမဟုတ်ဘဲ ခေါင်းပုံဖြတ်ပြီး မြန်မြန် အမြတ်ရလိုသူတွေပါ။ သူတို့ထဲမှာ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားသူတွေ ပါလာတတ် တယ်။ ဒါတွေကို သတိထားကြရမယ်။

နေပြည်တော်တိုင်းမ်ဂျာနယ် အတွဲ ၁ အမှတ် ၂၇ “လုပ်ခလစားတိုးမြှင့်ဖို့ ဘယ်ကစရမှာလဲ” ဒေါက်တာခင်မောင်ညို ဆောင်းပါးမှ ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“တိုက်နဲ့လည်း မနေချင်ဘူး။ ကားလည်းမစီးချင်ဘူး။ ငါတို့လယ်ယာကို ငါတို့စိတ်အေးလက်အေးနဲ့ လုပ်ကိုင်ပြီးနေချင်တယ်။ အမျိုးချစ်တယ်၊ အမျိုးချစ် တယ်နဲ့ ပြောနေကြတာ ငါတို့ကို တကယ်ချစ်ရင် ဘာလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေကြတာလဲ၊ ရပ်ကြပါကွာ”

First Weekly ဂျာနယ် အတွဲ ၁ အမှတ် ၃၀ “တောင်ငူခရိုင်အတွင်းရှိ ပြည်သူများနှင့် ကရင်ခေါင်းဆောင်များတွေ့ဆုံ”သတင်းမှ ကရင်တိုင်းရင်းသား တစ်ဦး ပြောကြားခြင်းမှ ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံရေးပါတီတွေကိုဖိတ်ရတဲ့အကြာင်းကအလုပ်ရှင်၊ အလုပ်သမားကိစ္စတို့ မီးကိစ္စတို့မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက် ပြီး ဝန်ကြီးဌာနတွေ တင်ပြလာလို့ပါတဲ့။ အခုလတ်တလော ဆန္ဒပြနေတဲ့ကိစ္စတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင်၏ဆိုတာကို စဉ်းစား ဆောင်ရွက်ဖို့ ပြောတာပါ။ မဖြစ်နိုင်တာကို ဇွတ်တွန်းအားပေးမယ်ဆိုရင်လည်း နိုင်ငံတော်အတွက် အကျပ်အတည်း ဖြစ်စေနိုင်တယ်ဆို စဉ်းစားဖို့ လိုသ လို တစ်ဖက်မှာကျတော့လည်း အလုပ်သမားတွေအတွက် စဉ်းစားဖို့လိုတယ်”

မေလ ၃၁ ရက်နေ့ထုတ် ဂလိုဘယ်ပို့စ်ဂျာနယ် အတွဲ ၄၊ အမှတ်၂၁ "ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံရေးပါတီတချို့ ပါဝင်နေသဖြင့် ကော်မရှင်မှ ခေါ်ယူ ဆွေးနွေး"သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်း၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment