Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ

ဇော်သက်ထွေး

(ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၁၀၀ မှ ထုတ်ယူဖော်ပြသည်။)

ကျွန်တော်တို့တိုင်းပြည်သည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် ပုံရိပ်အကောင်းဆုံးအခြေအနေမှ နိမ့်ကျသည့် စိတ်အခြေအနေများ ကြောင့် ပြည်တွင်းစစ်အမျိုးမျိုးကို ရင်ဆိုင်ကာ ဆင်းရဲတွင်းထဲသို့ သက်ဆင်းခဲ့ရပြီး ဖြစ်သည်။ ယခုအခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အရှိအဟုန် ဖြင့် ပြုလုပ်နေသော်လည်း တိုင်းပြည်အပေါ် မထောက်ထား မညှာတာသည့် နတ်ဆိုးများကိုလည်း တွေ့မြင်နေရပါသည်။ ယင်းနတ်ဆိုးများသည် မည် သည့်ခေတ် မည်သည့်အခြေအနေကို ရောက်နေသည်ဖြစ်စေ အတ္တဗဟိုပြုဝါဒကို ကိုင်စွဲကာ ဘဝတန်ဖိုးမဲ့ ဖြတ်သန်းနေကြသူများ ဖြစ်ပါသည်။ နိုင်ငံသား တွေ၏ ပခုံးထက်တွင် တက်ထိုင်နေကြသော နတ်ဆိုးများအကြောင်းကိုလည်း ဖော်ပြချင်ပါသည်။

၁။ ဆူပူရန်အင်တာနက်အပေါ်မှာ လှုံ့ဆော်သူများ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အကြောင်းပြု၍ အင်တာနက် Facebook စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြသည့် သတင်းအမြောက်အမြားကို ဖတ်ရှုခဲ့ရပါသည်။ ယင်းသတင်းများနှင့် ပတ်သက်၍ မှတ်ချက်များရေးသားကြရာတွင် ပြဿနာချုပ်ငြိမ်းစေသည့် အဖြေကို ရှာဖွေသည့် အားထုတ်မှုမျိုး အနည်းငယ်သာ တွေ့ရပြီး အများစုက လက်တုံ့ပြန် လက်စားချေရန်သာ ဖိအားပေး ရေးသားသည်ကို တွေ့ရပါသည်။ Face -book စာမျက်နှာပေါ်တွင် ကြိမ်းမောင်းသံ၊ ခြိမ်းခြောက်သံများ မိုးမွှန်နေပါသည်။ ဖတ်ရှုသူများ ဒေါသထွက် သွေးကြွစေရန် ယခင်နှစ်များစွာက လူသေ အလောင်း ပုံတွေကိုတင်တဲ့ သူက တင်ပါသည်။ သတင်းမှားတွေကို ပေးတဲ့သူက ပေးပါသည်။ သူတို့ ဘာကိုရည်ရွယ်ပါသလဲ။ သူတို့ ဘာကိုဖြစ်ချင်ပါသ လဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း တောင်းခံနေသည်။ ထင်ရှားသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များလည်း မနေရ။ အော်ပီကျယ်တောင် ဘာမှမပြော၍ ပြစ်တင်ကြိမ်းမောင်းခံရသည်။ သဘောထားကို လွတ်လပ်စွာပြောဆို၍ သဘောမတွေ့ လျှင်လည်း ဝိုင်းဝန်းအပြစ်တင်တာ ခံရမည်။ တစ်မျိုးသားလုံးအတွက် အန္တရာယ်ကျရောက်တော့မည့် အခြေအနေဆိုလျှင်လည်း ကျွန်တော်တို့စနစ်တကျ တုံပြန်တတ်ဖို့တော့ လိုပါသည်။ ဒုက္ခသည်စခန်းတွေက သားသည် မိခင်တွေဆီ အရောက်သွားပြီး ကူညီခြင်းက လက်တွေ့ပိုပြီး ကျပါသည်။ လက်စားချေ မှုတွေ၊ သွေးထွက်သံယိုမှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေကို လိုလားနေပါသလား။ မြင်တွေ့ချင်နေပါသလား။ ဤသို့ဖြစ်နေလျှင် မိမိစိတ်အခြေအနေကို ပြန် လည်ဆန်းစစ် အဖြေရှာသင့်ပြီ ဖြစ်ပါသည်။

၂။ အနောက်လေ တိုက်ခတ်နေသော မီဒီယာများ

ရခိုင်ပြည်နယ်တွင် လူနေအိမ်များ မီးရှို့ခံရသည့် သတင်းများနှင့် ပတ်သက်၍ ပြည်ပမီဒီယာတစ်ချို့သည် လူနည်းစု ရိုဟင်ဂျာများအပေါ် လူအ များစုက အနိုင်ကျင့်လုယက် သတ်ဖြတ်နေကြောင်း ကမ္ဘာကို ဖော်ပြခဲ့သည်။ တချို့က ရိုဟင်ဂျာပြည်နယ်ဟုပင် ရေးသားကြသည်။ ဒေသခံရိုဟင်ဂျာ လူမျိုးများကို တစ်ဖက်နိုင်ငံရှိ လူများမှ တိုက်ခိုက်ဟု ရေးကြသည်။ အမှန်တကယ်မသိဘဲ သတင်းတွေကို ရေးသားနေကြပါသလား။ သို့မဟုတ်လျှင် နိုင်ငံတကာမှ မည်သည့်ဇာတ်ညွှန်းမျိုးကို ရေးသားလိုပါသလ။ နိုင်ငံသားအားလုံး သတိထားကြရတော့မည်ဖြစ်ပါသည်။

လူတစ်စု သို့မဟုတ် ဒုက္ခရောက်နေသော မည်သူကိုမဆို ကျွန်တော်တို့ စာနာနိုင်ကြပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံတွင် လိုက်နာရမည့် စည်း ကမ်းများ၊ ဥပဒေများ ရှိပါသည်။ ဥပဒေများက နိုင်ငံသားဖြစ်ခွင့်မရှိဟုဆိုလျှင် ဥပဒေအတိုင်း လက်ခံရမည်။ နိုင်ငံသားဖြစ်ခွင့်ရှိလျှင်လည်း  ဤအခွင့်အ ရေးကို လေးစားရမည်။ သို့သော် အဝေးတစ်နေရာမှ ဇာတ်ညွှန်းရေးသားခြင်းမျိုးကို လက်မခံနိုင်ပါ။ လူနည်းစုကို လူအများစုက အနိုင်ကျင့် အကြမ်းဖက် သည်ဟုဆိုလျှင် မြောက်ဦး၊ မင်းပြား၊ အင်းမြို့များတွင် ဘာကြောင့် အကြမ်းဖက်မှု မဖြစ်ပါသလဲ။ လူသားချင်းစာနာမှုနှင့် ကူညီဖေးမမှုကို ပေးနိုင်ပါသည်။ သို့သော် အမိနိုင်ငံ၏ အချုပ်အခြာနှင့် နယ်မြေကိုတော့ မပေးနိုင်။ ဤသို့သာ တစ်စတစ်စ ပေးရလျှင် နောင်နှစ်ပေါင်း ၅၀အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းများ ပျောက်ကွယ်သွးပါလိမ့်မည်။ ပြဿနာပေါင်းစုံကြားထဲတွင် မီဒီယာများနှင့် ချိန်ကိုက်ဆောင်ရွက်နေသော NGO မျက်နှာဖုံးတပ် ယူဂျီများကိုလည်း အထူးသတိထားရပါလိမ့်မည်။ NGO များသည် လူမှုဒုက္ခရောက်နေသော နေရာများတွင် လှုပ်ရှားသွားလာခွင့်ရနေ၍ အလေးထား ပြောရခြင်းဖြစ်ပါသည်။ NGO စစ်စစ်များက လူသားချင်းစာနာသည့် အကူအညီများ ပေးကြသော်လည်း NGO ကာဗာတင်ပြီး Organi -zation Land တည်ဆောက်မည်ဆိုပါက လက်ပိုက်ကြည့်နေ၍ မဖြစ်။ ကာကွယ်တားဆီးကြရမည် ဖြစ်ပါသည်။ ဤအချက်တွေကို ပြည်ပမီဒီယာတချို့က သိသိကြီး ဖြစ်ပါလျက် အချက်အလက်အမှန်များကို လျစ်လျူရှုကာ မိမိလိုသလို ကောက်ချက်ဆွဲ ရေးသားနေခြင်းများကတော့ မသင့်တော်ပါ။ ဤသို့ဆို လျှင် ကမ္ဘာက မြန်မာနိုင်ငံအား လူနည်းစုကို အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်နေသော နိုင်ငံတစ်နိုင်ငံအဖြစ် အထင်ရောက်သွားနိုင်ပါသည်။ ထို့ကြောင့် သတင်းအချက်အလက်အမှန်များကို ကမ္ဘာ့ပြည်သူများ အားလုံးသိရန် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြရန် ကျွန်တော်တို့ ပြည်ပမီဒီယာများကို အားမကိုးဘဲ ကိုယ်တိုင် ကြိုးစားကြရပါတော့မည်။

၃။ ရီဝေဝေ အသူရာ ကုမ္ပဏီများ

လက်ရှိ မြန်မာနိုင်ငံရှိ လူလတ်ပိုင်းများတွင် အသည်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး အရွယ်မတိုင်ခင် သေဆုံးမှုများလည်း များပြား ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်းမှ အတိအလင်း သတင်းထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု ဘတ် ဂျက်ပမာဏကိုလည်း အများသိထားပြီး ဖြစ်ပါသည်။ ဤအခြေအနေများကြားထဲမှ ဂျာနယ်စာမျက်နှာ အတော်များများတွင် လက်တစ်လုံးခြား ကြော်ငြာ နေသော အရက်ကြော်ငြာများကို တွေ့မြင်နေကြရပါသည်။ သို့သော် အရက်ဆိုတော စကားလုံး လုံးဝမပါရှိဘဲ ထုတ်ပြန်ထားသည့်ဥပဒေကို လှည့်စား ကာ ကြော်ငြာနေကြခြင်း ဖြစ်ပါသည်။ တချို့ကုမ္ပဏီများက ဟန်ဆောင်ပန်ဆောင်ရေသန့်ဟူ၍ ထည့်ကြသည်။ တချို့ကတော့ ရဲတင်းလွန်းပါသည်။ မည် သည့် Product ထုတ်သည်ဆိုတာကိုပါ မဖော်ပြတော့ဘဲ ကံစမ်းမဲပေးသည့် မော်တော်ကားပုံများ၊ ရွှေဆွဲပြားများ၊ ဂျီအက်စ်အမ်ဖုန်းများကို မက်မောဖွယ် ဖော်ပြထားသည်။ ကံစမ်းမဲပါသည့် အရက်ပုလင်းအဖုံးများကိုလည်း ခပ်တည်တည်ပင်ဖော်ပြထားသည်။ ကျွန်တော်တို့သိထားသည့် ဥပဒေက စာစောင် များတွင် အရက်ကြော်ငြာမထည့်သွင်းရဟူ၍ ဖြစ်သည်။ သို့သော် ကြော်ငြာထည့်သည့် ကုမ္ပဏီများရော၊ ဂျာနယ်များရော၊ ဖတ်ရှုသူများရော ဥပဒေကို အသိအမှတ်ပြုသည့်သဘော သက်ရောက်နေပါသည်။ သို့မဟုတ်ပါက ခြွင်းချက်များစွာရှိသော လူ့အဖွဲ့အစည်းအဖြစ် တိုင်းပြည်အား လက်ညှိုးထိုးခံ ရနိုင်ပါသည်။ လက်ရှိ ပြည်တွင်းအရက်ကုမ္ပဏီများသည် အရက်ချက်လုပ်ရာတွင် စနစ်တကျ နည်းမှန်လမ်းမှန် ချက်လုပ်ခြင်းကို ယခုထက်ပိုပြီး ကြပ် မတ်စွာ စစ်ဆေးသင့်ပါသည်။ ထို့အပြင် အရက်ကုမ္ပဏီများမှ စွန့်ထုတ်ပစ်လိုက်သည့် ရေဆိုးများကလည်း သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်လျက် ရှိပါသည်။ သို့သော် ရုန်းကန်ထူထောင်ခါစ မြန်မာပြည်တွင် ယင်းအရက်ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များတွင် တက်တက် ကြွကြွ ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ပါဝင်ခြင်းမရှိရုံသာမက လျစ်လျူပင် ရှုထားလိုက်ပါသေးသည်။

မိမိကုမ္ပဏီနှင့် ပြဿနာတစ်စုံတစ်ရာ တက်ခဲ့သော် ငွေကို လမ်းခင်း၍ ဖြေရှင်းရန် သဘောပိုက်ထားပုံရပါသည်။ အားလုံးတိုင်းပြည်ကို ချစ် တတ်မည်ဆိုပါလျှင် ဧရာဝတီမြစ် ကျန်းမာသန်စွမ်းရေးကိစ္စ၊ သစ်ပင်စိုက်ပျိုးရေးကိစ္စများတွင် ယင်းကုမ္ပဏီများအနေဖြင့် ဖော်ဒေးရှင်းများတည်ထောင် ကာ နိုင်ငံသားများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်သင့်ပါသည်။

၎။ မီးပွိုင့်စိမ်းလျှင် ရှေ့ဆုံးမှ ထွက်ချင်သည့် မော်တော်ကားများ

ရန်ကုန်မြို့တော် လမ်းဆုံလမ်းခွတိုင်းတွင် ယာဉ်အသွားအလာထိန်းချုပ်ရန်အတွက် မီးပွိုင့်များကို ထားရှိထားပါသည်။ ကားများ စနစ်တကျ သွားလာနိုင်ရေးအတွက်လည်း သူ့လိုင်းနှင့်သူ သတ်မှတ်ထားပြီး ဖြစ်ပါသည်။ လက်ရှိ ပြောင်းလဲလာသော မူဝါဒအရ ကားသစ်များစွာ ဝင်ရောက်လာ၍ ယာဉ်အသွားအလာများ ပိုမိုကျပ်လာသည်ကိုလည်း မြင်တွေ့နေရပါသည်။ သို့သော် တချို့ကားများသည် မီးနီ၍ အစဉ်လိုက် တန်းစီထားသော ကားတန်း ကို ဘေးဘက်ရှိ တစ်ဖက်လမ်းမှ ပန်း၍ ကျော်တက်သွားပြီး မီးပွိုင့်အနီးရောက်မှ အနီးစပ်ဆုံးကားကို လက်တစ်ချောင်းထောင်ပြပြီး ဝင်နေရာလိုက်ပါ သည်။ ခွင့်တောင်းခံရသော ကားကလည်း နေရာမပေး၍မဖြစ်၊ ဇွတ်တိုးဝင်လာ၍ တိုက်မိမှာကို ကြောက်ပြီး နေရာပေးလိုက်ရခြင်းဖြစ်သည်။ နေရာများ စွာ ကျော်တက်၍ မီးပွိုင့်စိမ်းလျှင် ရှေ့ဆုံးမှ ထွက်ခွာချင်သော ကားအများစုမှာ ယခုနှစ်မှ တင်သွင်းလာသော မော်ဒယ်မြင့် ကားကောင်းကားသန့် အများ စု ဖြစ်နေသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ယင်းကားအမျိုးအစားများကို စီးနိုင်သော လူတန်းစားသည် ငွေကြေးဥစ္စာဓနရော၊ အသိပညာများပါ ပြည်သူလူထုအများစုထက် ရှေ့တန်းရောက်နေကြသူများ ဖြစ်ပါသည်။ ယင်းကဲ့သို့ လူစားမျိုးက စည်းကမ်းတကျ တန်းမစီဘဲ မီးစိမ်းလျှင် ရှေ့ဆုံးက ထွက်ချင်သော အခွင့်အရေးကို ဓားပြတိုက်ရယူလိုသည်မှာ လှောင်ပြောင်ချင်စရာ ကောင်းလှပါသည်။ ဤအခွင့်အရေး အသေးလေးကို ယခုလောက် အသည်းအသန်လိုချင်လျှင် အခွင့်အရေးကြီးကြီးမားမားဆိုလျှင်တော့ ဆိုဖွယ်မရှိပြီ။ ထိုကဲ့သို့ လူစားမျိုးအား မြန်မာလူမျိုးပါဟု အများက ညွှန်းဆိုကြမည် ဆိုပါလျှင် ကျွန်တော်အလွန်ရှက်ရွံ့နေမိတော့မည် ဖြစ်ပါသည်။ စိတ်နေစိတ်ထား မြင့်မားရင့်ကျက်ရေးအတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အန္တ ရာယ် အချက်ပေးခေါင်းလောင်း စတင်တီးခတ်နေပြီဟုသာ ဆိုလိုက်ချင်ပါတော့သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment