Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၎. ၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ မလိုက်နာပါက ပိာုတယ် GM များအား အရေးယူမည်
  2. ထားဝယ်စီမံကိန်းရင်းနှီးမြှပ်နှံမှုမှ မက်စ်မြန်မာ နှုတ်ထွက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတအမိန့်ဖြင့် ပဉ္စမအကြိမ်မြောက် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရ
  2. ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ တည်ထောင်ခွင့်ရ
  1. ၈၈ ပြည်သူ့အင်အားစုပါတီမှ ပါတီဝင် (၂၀၀၀၀)ကျော် NDF ပါတီသို့ ဝင်ရောက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ မလိုက်နာပါက ပိာုတယ် GM များအား အရေးယူမည်

ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိာုတယ်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ငါး ရပ်ကို ပိာုတယ်များလိုက်နာမှုမရှိပါက ပိာုတယ်တာဝန်ခံ(GM)များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိ နိုင်ငံတွင်းပိာုတယ်အခန်းခတွေက အရမ်းကို မြင့်နေပါတယ်။ သူတို့က ဒီလိုမြင့်နေတော့ ခရီသွားလုပ်ငန်းကို တော်တော်ထိခိုက်တယ်။ ခုဆို ခရီးသွားလုပ်ငန်းတော်တော်များများဆို ပိတ်တောင်ပိတ်လိုက်ရပြီ။ ဒါကြောင့် ပိာုတယ်တွေ လိုက်နာဆောင်ရွက်ဖို့ဆိုပြီး ညွှန်ကြားချက်ငါးရပ်ကို ထုတ်ပြန်ကြေညာတာပါ။ဒီညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင်တော့ ပိာုတယ်တာဝန်ခံ(GM)ကို အရေးယူဆောင်ရွက်မှာပါ”ပာု အထက်ပါပုဂ္ဂိုလ် က ဆိုသည်။

ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိာုတယ်များ လိုက်နာရန် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်(၅)ရပ်မှာ အခြေခံအဆင့်ရှိသော(Standard Room) အခန်းခနှုန်းထားများ အမေရိကန်ဒေါ်လာ ၁၅၀ ထက်မပိုရန်၊ အခန်းခနှုန်းထားများ ကျိုးကြောင်းဆီလျော်မှုရှိရန်နှင့် ပတ်ဝန်းကျင်နိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်၊ ပိာုတယ်အခန်းကြိုတင်ဝယ်ယူပြီးသော (သို့) နှစ်ဖက်သဘော တူညီချက်ဖြင့် စပေါ်တင် ဝယ်ယူထားသော အခန်းခနှုန်းထားများ ပြောင်းလဲမှုမရှိစေရန်၊ ကြိုတင်ဝယ်ယူခြင်း (သို့) စပေါ်တင် ဝယ်ယူခြင်းမျိုးမရှိပါက အဆိုပါပိာုတယ်များနှင့် ခရီးသွားလုပ်ငန်းပိာုတယ်များသည် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိာုတယ် များနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီအကြား သဘောတူညီမှု(သို့) ကန်ထရိုက်ပြုခြင်းတို့ကို စာချုပ်ချုပ်ဆိုပြီး ဝန်ကြီးဌာန၏ မှတ်ပုံတင်ထားရှိရန်နှင့် တစ်ဖက် ဖက်မှ စာချုပ်ဖောက်ဖျက်ပါက ဝန်ကြီးဌာနသို့တင်ပြ၍ အဆုံးအဖြတ်ခံယူရမည်တို့ ဖြစ်ကြသည်။

ထို့ပြင် မြန်မာ့ပိာုတယ်များ အဆင့်အတန်းမြင့် ဖွံ့ဖြိုးရေးအတွက် စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကနိုင်ငံများ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး မြန်မာ့ပိာုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အကြံဉာဏ်ကောင်းများပေး၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပိာုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာ့ပိာုတယ်နဲ့ ခရီးသွားလုပ်ငန်းမှာ နိုင်ငံကြီးသုံးခုက ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မှာ မပာုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်တွေပေးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ပဲ ရည်ရွယ်ပါတယ်လို့ သိရပါ တယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် ပိာုတယ်အလုံးပေါင်း ၈၀၀၀ ရှိပြီး ပိာုတယ်အခန်းပေါင်း ၂၇၀၀၀ ကျော်ရှိသော်လည်း အစိုးရသစ်လက် ထက်မှ စတင်၍ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားဧည့်ဝင်ရောက်မှု ပိုမိုများပြားလာပြီး ပိာုတယ်အခန်းမလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်းရင်းနှီးမြှပ်နှံမှုမှ မက်စ်မြန်မာ နှုတ်ထွက်

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်ထားသော မြန်မာနိုင်ငံသားပိုင် မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းအတွင်းရှယ်ယာပါဝင်ထားမှုများကို နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

“ထားဝယ်ရေနပ်ဆိပ်ကမ်းမှာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်ထားတာကို ခု နှုတ်ထွက်လိုက်ပါပြီ။ ဒါ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် နှုတ်ထွက်တာပါ။ ဘယ်သူနဲ့မှ မဆိုင်ပါဘူး”ပာု ၎င်းက ပြောကြားသည်။

ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို အီတာလျံ-ထိုင်း(ITD)နှင့် Max Myanmar ကုမ္ပဏီတို့မှ ပူးပေါင်း၍ Dawei Development Company (DDC) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အီတာလျံ-ထိုင်း ကုမ္ပဏီမှ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း၊ မက်စ်မြန်မာမှ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ဖြင့် အကျိုးတူပူးပေါင်း၍ စီမံကိန်းခြောက်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

“လက်ရှိ မက်စ်မြန်မာကုမ္ပဏီက လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အခုလကုန်မှာ အပြီးသတ်ပြီးရင် နှုတ်ထွက်တော့မှာပါ။ ဒီထားဝယ်စီမံကိန်း လုပ်ဆောင်မှုတွေအပေါ်မှာ ဒေသခံတွေရဲ့ အသံထွက်လာတဲ့အတွက် နှုတ်ထွက်လိုက်တာပါ”ပာု မက်စ်မြန်မာကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့သည့် စီမံကိန်းခြောက်ခုမှာ ဇုန်အတွင်း ရေရရှိရေးအတွက် ဆည်တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ကျေးရွာများကို နေရာချထားပေးခြင်းနှင့် လျော်ကြေးပေးခြင်း၊ ရေနက်ဆိပ်ကမ်းတည်ဆောက် ပေးခြင်း၊ လမ်းမကြီးနှင့် လမ်းကွန်ရက်များ ဖောက်လုပ်ခြင်းနှင့် ကျောက်မိုင်းခွဲခြင်းတို့ဖြစ်ကြောင်း သိရသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ပဉ္စမအကြိမ်မြောက် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရ

ဇူလိုင်လ ၃ ရက်နေ့ရက်စွဲဖြင့် ပဉ္စမအကြိမ်မြောက်အဖြစ် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံတော်သမ္မတမှ  လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ယင်းထုတ်ပြန်ချက်၌ နိုင်ငံသားအကျဉ်းသား ၃၇ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ဦးနှင့် စုစုပေါင်း မြန်မာနိုင်ငံသား ၄၆ဦးအား ပြန်လည် လွတ်မြောက် ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်းဖော်ပြထားပြီး အခြားနိုင်ငံခြားသား အကျဉ်းသား ၃၄ဦး ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများ၌ နိုင်ငံရေးအကျဉ်းသားဦးရေ စုစုပေါင်း ၂၀ကျော် လွတ်မြောက်ကြောင်း စာရင်းများထွက်ပေါ်လျက်ရှိပြီး ကလေးအကျဉ်းထောင်မှ ကိုအေးအောင်၊ သရက်ထောင်မှ ကိုသန်းဇော်၊ ကသာထောင်မှ အောင် အောင်ဦး၊ ပြည်ထောင်မှ ပြည့်ဖြိုးမောင်၊ မြစ်ကြီးနားထောင်မှ အောင်ကျော်မိုး၊ မြင်းခြံထောင်မှ ဒေါက်တာကျော်ကျော်နှင့် ထားဝယ်အကျဉ်းထောင်မှ မဝါ၊ မဦးနှင့် ကိုမင်းလွင်တို့ လွတ်မြောက်လာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် အတူ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် စာရင်း၌ ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော စောဝီလျံ၊ စောဖရန်စစ်၊ အန်ထော်နီ၊ ကိုမြင့်ကြိုင်၊ ထွန်းမြတ်သူ၊ ကိုအေးသိန်း(ခ) ကိုရန် နိုင်၊ ကိုဇော်မင်းအောင်၊ ကိုစောနိုင်ဝင်း၊ ကိုမိုးသီး (ခ) ကိုအောင်မိုးဇော်၊ မအေးအေးနွယ်နှင့် မဇာဏီဦးတို့ ပြန်လည်လွတ်မြောက်ကြောင်း သိရပြီး ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ချုပ်ရုံးသို့ သွားရောက် တွေ့ဆုံကြောင်း သိရသည်။

ထို့နောက် ယင်းသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲ၌ မန္တလေးအိုးဘိုထောင်မှ ပုံနှိပ်အက်ဥပဒေ ၇ နှစ် ဗီဒီယိုအက်ဥပဒေ ၃ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀နှစ် ကျခံခဲ့ရသည့် စစ်ကိုင်းတောင်ရှိ သာသနာ့ သိပ္ပံကျောင်းတွင် သီတင်းသုံးသော သံဃာတစ်ပါးဖြစ်သည့် ဦးဝီရိယ (ခ) ခင်ဇော်ဝင်းလည်းပါဝင်ကြောင်း သိရှိရပြီး ကယန်းနိုင်ငံရေးသမားတစ်ဦးဖြစ် သည့် ကောရိယိုလည်း လွတ်ငြိမ်းချမ်းသာခွင့်စာရင်း၌ ပါဝင်ပြီး ပြန်လည်လွတ်မြောက်ကြောင်းသိရှိရပြီး သတင်းဖော်ပြချက်များအရ သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံခြားသား အကျဉ်းသား ၃၄ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ပြီး ၎င်းတို့အား ပြည်နှင်ဒဏ်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် ငါးကြိမ်မြောက်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် နိုင်ငံရေး အကျဉ်းသားဦးရေသည် ၂၀ခန့်ရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရပြီး စတုတ္ထအကြိမ်မြောက်၌ ၂၀၁၂ ဇန်နဝါ ရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၉ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်ချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းသို့ အစိုးရသစ်လက်ထက်၌ ပြန်လည်လွှတ်ပေးခဲ့သည့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ထဲ၌ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၃၃၀ခန့် ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား အမြန်ဆုံးပြန်လွှတ်ပေး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၃ရက်နေ့၌ ပြုလုပ်သည့် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားချက်အရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ တည်ထောင်ခွင့်ရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃  ရက်နေ့မှစတင်၍ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) အား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ်(၃၂/၂၀၁၂)        ဖြင့် နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်အမှတ်စဉ်မှာ (၅၇) ဖြစ်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏ ပါတီရုံးချုပ်ကို ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ပြည်သာယာလမ်း (မြို့နယ်ဘောလုံးကွင်း အနောက် ဘက်) ဒေါ်စန်းမြနေအိမ်တွင် ဖွင့်လှစ်ထားရှိပြီး ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အတွက် ပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည် ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                                                                                                                       YC

-----------------------------------------------------------------------------------------------------------------------------------

၈၈ ပြည်သူ့အင်အားစုပါတီမှ ပါတီဝင် (၂၀၀၀၀)ကျော် NDF ပါတီသို့ ဝင်ရောက်

ယခင် ၈၈ ပြည်သူ့အင်အားစုပါတီမှ ပါတီဝင်(၂၀၀၀၀)ကျော်သည် မကြာမီကာလအတွင်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ၈၈ ပြည်သူ့အင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၈၈ ပြည်သူ့အင်အားစုပါတီက ပါတီဝင် ၂၀၀၀၀ ကျော်လုံးအားလုံး NDF ကို ဝင်ရောက်မှာပါ။ အခုနိုင်ငံမှာ အင်အားအကြီးဆုံး ကြံ့ခိုင်ရေးနဲ့ NLD ပါတီကတော့ အတိုက်အခံတိုက်ပွဲတွေနဲ့ သွားနေပေမယ့် NDF ပါတီကတော့ ခြေလှမ်းမှန်မှန်နဲ့ သူ့ရဲ့ပန်းတိုင်ကို သွားနေတယ်လို့ ယူဆရတဲ့ အတွက် NDF ပါတီကို ဝင်လိုက်တာပါ”ပာု ၎င်းက ပြောကြားသည်။

၈၈ ပြည်သူ့အင်အားစုပါတီသည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် (၃)နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် အတွက် ဖျက်သိမ်းခံခဲ့ရသည့်ပါတီတစ်ခုဖြစ်ပြီး NDF ပါတီသို့ ယခုဝင်ရောက်မည့် ပါတီဝင်(၂၀၀၀၀)ကျော်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မပာာ အောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှဖြစ်ကြောင်း သိရသည်။

“မန္တလေးတိုင်းအတွင်းက ပါတီဝင်တွေ တော်တော်များများပါတယ်။ ဦးအေးမြင့်ဦးဆောင်တဲ့ လမ်းပြကြယ်အဖွဲ့ကလည်း ပြီးခဲ့တဲ့လပိုင်းမှာ NDF ဝင်ရောက်လာပါတယ်။ NDF ပါတီရဲ့ ပါတီဝင်အင်အားတွေပာာ ခုဆို တော်တော်ကိုများလာပါပြီ။ သူတို့အားလုံးကို အခမ်းအနားနဲ့ ပါတီဝင်တွေအဖြစ် လက်ခံသွားမှာပါ။ NDF ပါတီပာာ ယုံကြည်ချက်ရှိတဲ့ ဘယ်လိုလူမျိုးကိုမဆို ပါတီဝင်တွေအဖြစ် လက်ခံသွားမှာပါ”ပာု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၂၉ ရက်နေ့တွင် ဦးအေးမြင့်ဦးဆောင်သည့် လမ်းပြကြယ်အဖွဲ့မှ အင်အား(၇၀၀၀)ကျော်သည် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။

Ref:ရန်ကုန်တိုင်းမ်

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ရှမ်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို ကောင်းရာကောင်းကြောင်းလုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုသားတွေ အားလုံး ဝိုင်ဝန်းကူညီမှပဲ ကျွန်တော်တို့မြန်မာနိုင်ငံကြီးက အေးချမ်းမယ်။ တိုင်းရင်းသားတွေကိုလည်း လူ့အခွင့်အရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စာပေ ယဉ်ကျေးမှုဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ဆန္ဒ၊ ကိုယ်လုပ်ချင်တဲ့လမ်းစဉ်ကို ဖြစ်မြောက်သွားရင် ဘယ်တိုင်းရင်းသားမဆို ကျွန်တော်ထင်တယ်၊ ဒီမြန်မာနိုင်ငံ ကြီးကို ခွဲထွက်မှာမဟုတ်ပါ ဘူး”

ဇူလိုင်လ ၄ ရက်နေ့ထုတ် 7DAY NEWS ဂျာနယ် အတွဲ(၁၁)၊ အမှတ်(၁၇)တွင်ပါရှိသည့် “RCSS/SSAမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်း ဆောင်ဗိုလ်ချုပ်မှူးစိုင်းဘောင်ခေးနှင့် တွေ့ ဆုံခြင်း” အင်တာဗျူးမှ ဗိုလ်ချုပ်မှူးစိုင်းဘောင်ခေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးလို တိုင်းဒေသကြီးလွှတ်တော်ကျတော့ လွှတ်တော်ထဲမှာပဲ ဝန်ကြီးချုပ်ကလည်း လွှတ်တော်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ပါ၊ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အဖြစ်မှလည်း နုတ်ထွက်သွားစရာမလိုဘူး။ မလိုတဲ့အတွက် တိုင်းဒေသကြီးတွေက ပြည်ထောင်စုမှာရှိတဲ့ လွှတ်တော် တွေထက် ချက်ချင်း အကောင်အထည်ဖော် လုပ်လို့ရတယ်၊ ပြောရမယ်ဆိုရင် ဥပဒေပြုလုပ်ငန်းကိုလည်း ဒီအထဲမှာ တစ်ခါတည်းလုပ်ပြီးတဲ့အခါမှာ ဒီဟာ ကို ချက်ချင်း အကောင်အထည် ဖော်လို့ရတယ်။

ဇူလိုင်လ ၄ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်(၁၀၁)တွင်ပါရှိသည့်“ဥပဒေပြုရေးနဲ့ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ပြည်ထောင်စုအဆင့်ထက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိကြောင်း သူရဦးရွှေမန်း ထောက်ပြတိုက်တွန်း”သတင်းမှ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment