Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၎.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးအုပ်စုများကြား အငြင်းပွားနေမှုကြောင့် အမေရိကန်၏ မြန်မာနိုင်ငံမူဝါဒနှင့် ပတ်သက်၍ အများထောက်ခံမှုတွင် အက်ကြောင်းရှိလာနိုင်

( 2 July 2012 ရက်စွဲပါ Canda.com မှ AP၏  Malthew Pennington ရေးသားသော Consensus cracking on US policy for Myanmar as business,human rights lobbies clash ကိုဘာသာပြန်ဆိုသည်။)

  1. ကလေးသူငယ်လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကူညီရန် ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်း မြန်မာနိုင်ငံသို့လာမည်

(The Associated Press မှ 3 Jan 2012 ရက်စွဲပါ “Hong Kong actionstar Jackie Chan to visit Myanmar this week to help combat child trafficking”သတင်းကို ဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးအုပ်စုများကြား အငြင်းပွားနေမှုကြောင့် အမေရိကန်၏ မြန်မာနိုင်ငံမူဝါဒနှင့် ပတ်သက်၍ အများထောက်ခံမှုတွင် အက်ကြောင်းရှိလာနိုင်

( 2 July 2012 ရက်စွဲပါ Canda.com မှ AP၏  Malthew Pennington ရေးသားသော Consensus cracking on US policy for Myanmar as business,human rights lobbies clash ကိုဘာသာပြန်ဆိုသည်။)

အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒ၏နောက်တွင်ရှိသော ဝါရှင်တန်၏ အများသဘောတူညီချက်တွင် အက်ကြောင်းရှိလာသည့် လက္ခဏာပြသနေသည်။ အမေရိကန်စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စောင့်ဆိုင်းနေရာ စိတ်မရှည်နိုင်တော့သည့် အချိန်တွင် လူ့အခွင့်အရေးအုပ်စုများက နောက်ပြန် လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင် သံတမန်ရေးအရ အထီးကျန်ပြုထားမှုကို ပြန်လည် ရုတ်သိမ်းလျက်ရှိပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် စီးပွားရေးအရ အရေးယူမှုများကို ဖြေလျော့ပေးလျက်ရှိသည်။ အမေရိကန်တို့သည် ၎င်းတို့ဆယ်စုနှစ်နှစ်ခုခန့် အသာစီးယူ၍ တွန်းအားပေးလာခဲ့သော လူ့အခွင့်အရေးကိစ္စကို လစ်လျူရှု၍ မြန်မာနိုင်ငံ၏ ဈေးကွက်သစ်တွင် အမေရိကန် ကုမ္ပဏီများအတွက် ကုန်သွယ်မှု အခွင့်အလမ်းများကို တံခါးဖွင့်ပေးရန် ကြိုးစားလျက်ရှိသည်။

ပုံမှန်မဟုတ်သောဖြစ်စဉ်တစ်ခုအဖြစ် ပြီးခဲ့သည့်အပတ်က ဒီမိုကရက်တစ်ဆီနိတ်တာတစ်ဦးသည် အမေရိကန်နိုင်ငံရေး ပါတီနှစ်ခုစလုံးမှ လေးစားပြီး၊ အစိုးရမူဝါဒကို ပါတီနှစ်ခုလုံးကထောက်ခံမှုပြုရာတွင် အဓိကကျသော အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့သည်။ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ပွင်းလင်းမြင်သာမှုမရှိခြင်းကြောင့် အစိုးရဓာတ်ငွေ့လုပ်ငန်းအပေါ် နိုင်ငံခြားကုမ္ပဏီများ သတိထားရန် သတိပေးခဲ့ရာ ထင်ရှားသော ရီပတ်ဗလစ်ကင်တစ်ဦးက ထောက်ခံခဲ့သည်။

အဆိုပါ အမြင်ခြားနားနေမှုများက အမေရိကန်အစိုးရသည် ၎င်း၏ မြန်မာနိုင်ငံအပေါ်မူဝါဒကို ကျယ်ပြန့်သော ထောက်ခံမှုဖြင့် ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲလာပြီဆိုသည်ကို ပြသနေသည်။

ထိုသို့ စကားအချေအတင် ပြောလာမှုများမှာ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြားတွင် ပြင်းထန်သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားသူပုန်များနှင့် စစ်တပ်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းများကြောင့် ဖြစ်ပေါ် လာခဲ့ပြီး လူ့အခွင့်အရေးနှင့်ပတ်သက်၍ စိုးရိမ်ရမှုများကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း သတိပေးနေမှုများ ရှိသည်။

သို့သော် အစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒနှင့်ပတ်သက်၍ ရှားရှားပါးပါးရရှိထားသော နိုင်ငံရေးအရ ညီညွတ်မှုမှာ ရှိနေဆဲ ဖြစ်သည်။ ဒီမိုကရက်များရော ရီပက်ဗလစ်ကင်များရော မြန်မာနိုင်ငံတွင် နောက်ထပ်ပြုပြင်ပြောင်းလဲရေးအတွက် အားပေးနိုင်ရန် အရေးယူမှုများ ဖြေလျော့ ပေးရေးကို ထောက်ခံကြသည်။ သောကြာနေ့က ဆီးနိတ်သည်(၂၂)နှစ်အတွင်း မြန်မာနိုင်ငံအတွက် သံအမတ်အဖြစ် Derck Mitchell အား ခန့်အပ်ခြင်းကို အတည်ပြုပေးခဲ့သည်။

သို့သော် အစိုးရအဖွဲ့အတွင်းမှာပင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအား အဂတိလိုက်စားမှုကို အားပေးခြင်းမပြုဘဲ၊ စစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေးအီလစ်များ ဆက်လက်ကြီးထွားစေခြင်းမရှိစေဘဲ မည်သို့အားပေးရမည်ဆိုသည့် အမြင်များတွင် သဘောထားကွဲမှုများရှိနေသည်။

အမေရိကန်ကော်ပိုရေးရှင်းများအတွက် အချိန်သည်သာ အရေးကြီးသောအရာ ဖြစ်တော့သည်။ ဥရောပကုမ္ပဏီများမှာလည်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီဖြစ်သည်။ လာမည့် သုံးလအတွင်း မြန်မာအစိုးရသည် ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက်(၁၈)ခုအတွက် တင်ဒါ ခေါ်ယူမည်ဖြစ်ရာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကသာ လွှမ်းမိုးထားသော အမြတ်အစွန်းများသည် စွမ်းအင်ကဏ္ဍတွင် အနောက်နိုင်ငံကုမ္ပဏီများ ဝင်ရောက်ရန် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။

အမေရိကန်ကုန်သည်ကြီးများအသင်းသည် စီးပွားရေးလုပ်ငန်းပေါင်း သုံးသန်းကျော်ကို ကိုယ်စားပြုပြီး၊ ဝါရှင်တန်တွင် အားကောင်းသော အင်အားစုကြီးတစ်ခု ဖြစ်သည်။ ၎င်းက အစိုးရကို မြန်မာနိုင်ငံ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရေး တွန်းအားပေးလျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်တိုက်တွန်းပြီး ရက်သတ္တပတ်ခုနှစ်ပတ်ကြာသည့်တိုင် အစိုးရသည် လိုအပ်သည့် စည်းမျဉ်းများ မထုတ်ပြန်နိုင်သေးသဖြင့် ကုန်သည်ကြီးများအသင်းသည် စိတ်ပျက်ရမှုကို ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ရန် ကာလရှည်ကြာကပင် ပြောကြား ခဲ့သည်။ ၎င်းသည် ရှေးရိုးစွဲ ရီပက်ဗလစ်ကင်များနှင့် အုပ်စုဖွဲ့၍ စီးပွားရေးအရအရေးယူမှုများကို ခြုံ၍ ရုတ်သိမ်းပေးရန် ဖိအားပေးနိုင်ရန် စီစဉ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့ရာ နိုင်ငံခြားအစိုးရ တစ်ခုခုမှ တာဝန်ရှိသူတစ်ဦးသည် ၎င်းတို့အား မည်သည့်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံသင့်သည်။ မည့်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်မသင့်ဟု ပြောသင့်သလောဟု မေးခွန်းထုတ်ခဲ့သည်။ ၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်သို့ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်သော တိုက်ရိုက်ဝေဖန်ပြောကြားခဲ့မှု ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ရီပက်ဗလစ်ကင်ဆီနိတ်တာ John McLain က ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ကို ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း(MOGE)သည် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုမရှိသောကြောင့် စိတ်ပူရကြောင်း ပြောကြားခဲ့ရာ၊ ၎င်းက အမေရိကန်ကုမ္ပဏီများ ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ၊ ထိုကိစ္စ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်မူတွေကို ဦးစားပေးရမှာပါ”ဟု McLain က ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်း၏ရောင်းဝယ်ရေးအကျိုးစီးပွားကိုသာ ဦးစားပေးကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

“မြန်မာနိုင်ငံရဲ့ မူဝါဒဖွဲ့စည်းရာမှာ နှစ်ပေါင်းများစွာ အဓိကကျတဲ့နေရာကရှိနေတဲ့ ကိစ္စရပ်တွေအပေါ် ပြိုင်ဆိုင်မယ့် ဦးတည်ချက်အသစ်တွေ ရုတ်တရက်ပေါ်လာနေပါတယ်။ ဒါကတော့ လာမယ့်လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့လုပ်ကွက်များ တင်ဒါခေါ်ရာမှာ အမေရိကန် ကုမ္ပဏီတွေ လွတ်မသွားအောင် အကူအညီပေးဖို့ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်”ဟု Human Right Watch၏ ဝါရှင်တန်ရုံး ဒါရိုက်တာ Tom Malinowski က ပြောသည်။

အမေရိကန်တာဝန်ရှိသူများ၏ ပြည်သူများသို့ ထုတ်ပြန်ကြေညာချက်များကိုကြည့်၍ အကဲဖြတ်ရလျှင်၊ အစိုးရသည် တိုင်းရင်းသားများအပေါ် ရက်စက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မြန်မာနိုင်ငံစစ်တပ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးများကို ပူပန်နေရမှုများရှိနေဆဲဟု ဖော်ပြလင့်ကစား ပြီးခဲ့သည့်လများအတွင်း မူဝါဒသိသာစွာ ပြောင်းလဲလာသည်ဟု ဆိုရမည်ဖြစ်သည်။

ဧပြီလအစောပိုင်းက အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုများကို ပစ်မှတ်ထား၍ ဖြေလျော့ပေးခဲ့ကြောင်း ကြေညာခဲ့ရာ အစိုးရ တာဝန်ရှိသူများက သယံဇာတအခြေခံသော လုပ်ငန်းများထက်စာလျှင် စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဲ့သို့သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်  စတင်ပြောလာခဲ့သည်။ သို့သော်ရက်သတ္တပတ် ခြောက်ပတ်အကြာတွင် ကလင်တန်က အသေးစိတ်ပြောကြားလာရာတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများသည် ရေနံ၊ ဓါတ်ငွေ့နှင့် သတ္တုတွင်းအပါအဝင် စီးပွားရေး၏ ကဏ္ဍအားလုံးတွင် ရင်းနှီြးှမှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။

ထိုကိစ္စကို ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများအဖွဲ့မှ ဆော်သြရေးမှူး Moon Nay Li ကဲ့သို့သော တက်ကြွလှုပ်ရှားသူများက စိတ်ဆိုးကြသည်။ သူက မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် ရက်စက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ သူက အမေရိကန်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက် မလာစေရေးအတွက် တရားဝင်တားဆီးပေးရန် အင်တာနက်တွင် အသနားခံတင်ပြခဲ့ရာ ငါးပတ်အတွင်းထောက်ခံသူ ၁၂၅၀၀၀ ရရှိခဲ့သည်။

“နိုင်ငံခြားစီးပွားရေးနဲ့ လူ့အခွင့်အရေးပြင်းထန်စွာချိုးဖောက်မှုတွေဟာ ခွဲမရပါဘူး”ဟု သူက အီးမေးလ်တွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြေသိမ်းယူမှုများနှင့် ရွာသားများကို အတင်းဓမ္မရွှေ့ပြောင်းစေမှုများ ဖြစ်စေကြောင်း ဆိုသည်။

အိုဘားမားအစိုးရက ပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများအနေဖြင့် သတိကြီးစွာထားမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာစစ်တပ်က ပိုင်ဆိုင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်ခြင်းကို ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။ သို့သော်အစိုးရက အမေရိကန်ရေနံနှင့် ဓါတ်ငွေ့ကုမ္ပဏီများ မြန်မာအစိုးရပိုင် MOGE နှင့် ပါတနာအဖြစ် လုပ်ကိုင်ခွင့်ပြုမည် မပြုမည်ကိုမူ ပြောကြားခြင်းမရှိပေ။

New American Security think-tank ဗဟိုမှ Patrick Cronin ကပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများသည် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သည့်အခါ အမေရိကန်၏ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဥပဒေကို သေချာစွာလိုက်နာရပြီး၊ ၎င်းတို့ မြန်မာနိုင်ငံတွင် ပါဝင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ ဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အကူအညီမပေးရုံမျှမက ထိခိုက်မှုပင်ဖြစ်စေမည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဥရောပ၊ ရုရှား၊ တရုတ်နှင့် အခြားအာရှကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနေသောကြောင့် ဖြစ်သည်။

ကုမ္ပဏီများအနေဖြင့် မြန်မာအစိုးရအား ၎င်းတို့ဘာတွေပေးရသနည်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စောင့်ကြည့်အစီရင်ခံရန် လိုအပ်ချက်ကို သဘောတူကြမည် မဟုတ်သော်လည်း မြန်မာနိုင်ငံကဲ့သို့သော အဓိကလူ့အခွင့်အရေး ပြဿနာများရှိသော နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ထိုသို့အစီရင် ခံရခြင်းက ထိန်းညှိပေးမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း Croninက ပြောသည်။

*******************************

ကလေးသူငယ်လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကူညီရန် ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်း မြန်မာနိုင်ငံသို့လာမည်

(The Associated Press မှ 3 Jan 2012 ရက်စွဲပါ “Hong Kong actionstar Jackie Chan to visit Myanmar this week to help combat child trafficking”သတင်းကို ဘာသာပြန်ဆိုသည်)

ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်းသည် အရှေ့အောင်အာရှ မြန်မာနိုင်ငံမှ ကလေးသူငယ်လူကုန်ကူးမှု တိုက်ဖျက်ရေးကိုကူညီရန်အတွက် ယခုသီတင်းပတ်အတွင်း ၃ ရက်ကြာ မြန်မာခရီးစဉ် လာရောက်မည်ဖြစ်သည်။

ယူနီဆက်(UNICEF) ၏ လူမှုရေးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည့် ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် မြန်မာနိုင်ငံ ယူနီဆက်(UNICEF)စီမံကိန်းများကို သွားရောက်ကြည့်ရှုကာ အထူးဂရုစိုက်စောင့်ရှောက်ရန် လိုအပ်နေသော လူကုန်ကူးခံကလေးသူငယ်များကို အားပေးကူညီမည်ပာု ယူနီဆက်က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အထက်အညာမြို့တော် မန္တလေးမှ လူမှုဝန်ထမ်းဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးဦးမည်ပာု သိရှိရသည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်စစ်သားအရေအတွက် ထောင်နှင့်ချီ၍ အသုံးပြုလျက် ရှိသည်ပာု အမေရိကန်နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာအစိုးရက ကလေးသူငယ်စစ်သားစုဆောင်းမှုတားဆီးရန်နှင့် စုဆောင်းထားပြီးသူများကို ပြန်လွှတ်ရန် ကုလသမဂ္ဂနှင့် ယခင်အပတ်က သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

၂၀၀၄ ခုနှစ်မှစ၍ ယူနီဆက်(UNICEF) ၏ လူမှုရေးသံတမန်ဖြစ်လာခဲ့သူ ရုပ်ရှင်စတား ဂျက်ကီချန်းသည် ၎င်း၏ကျော်ကြားမှု အရှိန်အဝါကို အသုံးပြုကာ ကမ္ဘာ့အားအနည်းဆုံးကလေးသူငယ်များအပေါ် လူသားချင်းစာနာသောကူညီမှုများ တိုးတက်အောင်မြင်အောင် အားပေးမြှင့်တင်ရန် ကြိုးစား နေသူဖြစ်သည်။

ယူနီဆက်(UNICEF)၏ မြန်မာဌာနေကိုယ်စားလှယ် ရာမက်ရှ်က “ဂျက်ကီချန်းပာာ မြန်မာနိုင်ငံမှာ အရမ်းကိုနာမည်ကြီးသူဖြစ်ပြီး၊ ကလေး သူငယ်တွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် လှုံဆော်နိုင်သူဖြစ်ပါတယ်။ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေက ဂျက်ကီရဲ့ ကိုယ်ခံပညာ စွမ်းရည်၊ ရဲရင့်မှု၊ စွန့်စားမှုနဲ့ ပာာသဉာဏ်တွေကို စိတ်ဝင်တစားသဘောကျကြပါတယ်။ ဂျက်ကီက လူငယ်မျိုးဆက်တွေ စိတ်ဓာတ်တက်ကြွလာအောင် လှုံဆော်နိုင်သူပါပဲ”ပာု ပြောကြားသည်။

ယခုကဲ့သို့ မြန်မာကြိုက်တရုတ်မင်းသားတစ်ဦးလာရောက်သည့် ခရီးစဉ်၏နောက်ကွယ်တွင် မြန်မာနိုင်ငံ၌ ကိုရီးယားဆော့ဖ်ပါဝါလွှမ်းမိုးမှုကို ယှဉ်ပြိုင်ရန်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ အစီအစဉ်တစ်ချို့ ပတ်သက်ဆက်နွယ်နေသည်ပာု မြန်မာ့နိုင်ငံရေးဂုရုအချို့က သုံးသပ်ပြောဆိုထားသည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment