Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၅.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် တွေ့ဆုံ
  2. မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ် စတင်ကျင့်သုံးမည်
  3. စစ်အစိုးရလက်ထက်လုပ်ကိုင်ခဲ့သည့် နိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံသားပိုင် စက်ရုံများအား အရေးယူတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒုတိယသမ္မတနေရာ ပြန်ဖြည့်ရန် ဇူလိုင်(၁၀)ရက်နေ့နောက်ဆုံးထား ရွေးချယ်မည်
  1. မြန်မာနှင့် သံတမန်အဆက်အသွယ်ဆောင်ရွက်ရန် နိုင်ငံရှစ်ခုမှ  အဆိုပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် တွေ့ဆုံ

ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များဖြင့် တွေ့ဆုံပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ဆိုင်သော စီးပွားရေး ဆိုင်ရာအချက်အလက်များကို တင်ပြဆွေးနွေးမှုများအား ဇူလိုင်လ ရက်နေ့ နေ့လည် ၁နာရီခန့်မှ စတင်၍ လှိုင်မြို့နယ်ရှိ MICT part အတွင်း ကျင်းပပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားအဖွင့်အမှာစကားကို လွတ်တော်ဥက္ကဋ္ဌမှ ပြောကြားပြီးနောက် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ခုနှစ်ဦးမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များနှင့် ယှဉ်ပြိုင်နိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တဦးလျင် အချိန် (၈)မိနစ်ကျော်ခန့် တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ သတင်းစာဆရာကြီးများ လည်း တက်ရောက်ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် စက်မူလုပ်ငန်းအဖွဲ့ချုပ် (UMFCCI)မှ ဦးမြင့်ဇော်က တင်ပြဆွေးနွေးရာတွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အဓိကရင်ဆိုင်နေရသော အအချက်သုံးချက်မှာ (၁) ပြည်ပနိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားမှု၊ (၂) မလိုလားအပ်သည့် အပို ကုန်ကျစရိတ်များ ပေးဆောင်နေရခြင်း၊ (၃) နိုင်ငံခြားငွေလဲလှယ်နှုန်းထားတို့ဖြစ်ကြောင်း သိရှိရပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန် တကယ် ကာကွယ်စောင့်ရှောက် နိုင်သော ဥပဒေများမှာ အမှန်တကယ်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်မှ တင်ပြဆွေးနွေးရာတွင် လယ်ယာကဏ္ဍ၌ အကျိုးပြုကုမ္ပဏီ (၅၀)ကျော်ရှိပြီး ထိုကုမ္ပဏီများနှင့် တောင်သူလယ်သမားများမှ အဆိုးရွားဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ တောင်သူလယ်သမားများမှာ ကြွေးမှီများပိနေပြီး ထို ကုမ္ပဏီများသို့ ကြွေးမှီမဆပ်နိုင်ခြင်းများကို မိမိကိုယ်တိုင်ပင် ကြုံတွေ့ခဲ့ရဖူးကြောင်း၊ နွေစပါးအစား အခြားထိရောက်သော သီးနှံတမျိုးကို စိုက်ပျိုးသင့် ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာလူ့အဖွဲ့အစည်းမှာ အစိုးရကြိုက်သာ လိုက်ပြောလေ့ရှိကြောင်း ယခင်အတိုင်း မိမိတို့အနေဖြင့် ဆက်လက်ကျင့်သုံး နေပါက ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အနေဝေးနေအုံးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က တင်ပြဆွေးနွေးရာတွင် ကျေးလက်ဒေသ စိုက်ပျိုးမွေးမြူရေးမှာ အဆိုးရွားဆုံးဖြစ်ကြောင်း၊ နိုင်ငံ ခြားရင်းနှီးမြုပ်နှံသူများနှင့် ယှဉ်ပြိုင်နိုင်သေးကြောင်း၊ ထိုသို့ ယှဉ်ပြိုင်နိုင်ရန် လိုအပ်သော အရင်းအနှီးများအတွက် ဘဏ်မှ အတိုးနူန်းများကို လျော့ချပေး သင့်ကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် တူညီသော အတိုးနှုန်းများကို စီးပွားရေးလုပ်ငန်းရှင်များ မျော်လင့်ကြကြောင်း၊ အရေးကြီးဆုံးမှာ မလိုလားအပ် သော အပိုကုန်ကျစရိတ်များ ပေးဆောင်နေရခြင်းကို လျော့ချနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံသားရင်းနှီးမြုပ်နှံသူများကို အကာအကွယ်ပေးနိုင်သော ဥပဒေ များကို ရေးဆွဲ နိုင်ပြီး ပြည်သူလူထုသို့ ချပြန်နိုင်ရန်မှာ အမှန်တကယ်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းမှ ပြောကြားရာတွင် အဓိက တင်ပြဆွေးနွေးသည့် အချက်သည် transitional cost ကို အဓိကထား တင်ပြဆွေးနွေးသွားကြောင်း တွေ့ရှိရပြီး၊ ယခုလိုတင်ပြဆွေးနွေးမှသာ မိမိတို့အနေဖြင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ထို့နောက် တင်ပြဆွေးနွေးပြောဆိုရန်မှာ ပြည်သူလူထုကြီး၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့လွတ်တော်၏ ဆောင်ပုဒ်မှာလည်း ပြည်သူ့အသံ လွတ်တော်အသံဖြစ်စေရန်၊ ပြည်သူ့ဆန္ဒ လွတ်တော်ဆန္ဒဖြစ်စေရန် ရည်ရွယ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပြီး အဆိုပါတွေ့ဆုံပွဲဆွေးနွေးပွဲ အခမ်း အနားအား ညနေ (၅)နာရီခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ် စတင်ကျင့်သုံးမည်

ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ASEAN Free Trade Aarea(AFTA) စနစ် စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း သမဝါယမဝန်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းက မွေးမြူရေးလုပ်ငန်းအဖွဲ့ဝင် လုပ်ငန်းရှင်တွေ အဆင်ပြေနိုင်ဖို့အတွက် AFTA စနစ်ကို စတင်ကျင့်သုံးတော့မှာပါ။ ခုဆို အစိုးရ သစ်ရဲ့ သက်တမ်းကလည်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်နှစ်ပြည့်မြောက်ပြီးတဲ့ သက်တမ်းနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုး တက်လာဖို့အတွက် ရည်ရွယ်ပါတယ်” ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယခုကဲ့သို့ မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ်ကို စတင်ကျင့်သုံးတော့မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေး ပြည့်ဝသည့် မွေးမြူထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများတွင် ကြီးမားသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် စတင်ပြင်ဆင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

“အစိုးရသစ် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးဖြစ်လို့ ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ နိုင်ငံရေး၊ စီးပွားရေး လမ်းကြောင်းမှန်ပေါ်ကို တစ်စထက် တစ်စ ပီပြင်စွာရောက်ရှိလာပြီဖြစ်လို့ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်လုပ်ငန်းရှင်များအတွက် အချိန်ကောင်းအခါကောင်းဖြစ်သလို ASEAN Free Trade Aarea (AFTA)စနစ် ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် အရည်အသွေးပြည့်ဝတဲ့ မွေးမြူထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်ဖို့အတွက် အလေးထားပြီး မဖြစ်မနေ ပြင်ဆင်ရမယ့်အချိန် ဖြစ်ပါတယ်”ပာု သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အမှန်တကယ်အလုပ်လုပ်ကိုင်ကြမည့် မွေးမြူရေးလုပ်ငန်းအဖွဲ့ဖြစ်နိုင်စေရန် ကော်မတီအသီးသီးဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ် ပြီး ယင်းကော်မတီများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အကူကောင်းများ ပေးနိုင်မည့် အဖွဲ့အစည်းများ ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref:မြန်မာပို့စ်ဂလိုဘယ်

-----------------------------------------------------------------------------------------------------------------------------------

စစ်အစိုးရလက်ထက်လုပ်ကိုင်ခဲ့သည့် နိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံသားပိုင် စက်ရုံများအား အရေးယူတော့မည်

ယခင် တပ်မတော်စစ်အစိုးရလက်ထက်ကတည်းက ပြည်တွင်း၌ နိုင်ငံသားအမည်ခံ၍ ပြည်ပနိုင်ငံခြားသားစက်ရုံများကို စစ်ဆေးဖော်ထုတ် အရေးယူတော့မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်အစိုးရလက်ထက်ကတည်းက ပြည်တွင်းနိုင်ငံသားအမည်ခံပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပိုင်စက်ရုံတွေကို စစ်ဆေးအရေးယူ သွားမှာပါ။ သက်ဆိုင်ရာက ကွင်းဆင်းဆောင်ရွက်မှုတွေလုပ်ပြီးတော့ အထက်ကိုတင်ပြပြီး ညွှန်ကြားချက်အတိုင်း ဆက်လုပ်မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ နိုင်ငံသားအမည်ခံ၍ နိုင်ငံခြားသားမှလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စက်ရုံစုစုပေါင်း ၄၀ ဝန်းကျင်ခန့်ရှိပြီး နိုင်ငံသားအမည်ခံ၍ နိုင်ငံခြားသားပိုင်စက်ရုံအများစုမှာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

“လက်ရှိ ပြည်တွင်းမှာ နိုင်ငံသားအမည်ခံပြီးတော့ အထည်ချုပ်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ စက်ရုံ ၄၀ လောက်ရှိပါတယ်။ ဒီထဲကမှ စက်ရုံ ၁၇ ရုံပဲ အမည်လာပြောင်းပါတယ်။ လောလောဆယ်တော့ စက်ရုံ ၃ရုံက အမည်ပြောင်းဖို့ဆိုပြီးတော့ လာတင်ထားတယ်”ပာု ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသားအမည်ခံ၍ နိုင်ငံခြားသားများမှ ရေထွက်ကုန်လုပ်ငန်း၊ မြေယာရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း နှင့် စက်ရုံလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံခဲ့ကြပြီး ထိုသို့ လုပ်ကိုင်နေမှုများကို ပြည်တွင်းလုပ်ငန်းရှင်များက တိုင်ကြားခဲ့သည့်အတွက် နည်းဥပဒေ၊ ဥပဒေများပြဋ္ဌာန်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ပေါ်ပြူ လာနယူးဂျာနယ်တွင်ဖော်ပြပါရှိချက်အရ သိရှိရသည်။

Ref:Popular News

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒုတိယသမ္မတနေရာ ပြန်ဖြည့်ရန် ဇူလိုင်(၁၀)ရက်နေ့နောက်ဆုံးထား ရွေးချယ်မည်

ကျန်းမာရေးအခြေအနေကြောင့် နှုတ်ထွက်သွားသည့် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး၏ နေရာအတွက် ပြန်လည်ဖြည့်တင်းရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်နာယကထံ အမည်စာရင်းတင်သွင်းရ မည်ဖြစ်ကြောင်း ၂၀၁၂ ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

"ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ၎င်း၏ ကျန်းမာရေးအခြေအနေအရ ဆန္ဒအလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယသမ္မတရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"ပာု ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က နိုင်ငံတော်သမ္မတမှ ပေးအပ်သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

အစိုးရသစ်လက်ထက်မှ စတင်၍           နိုင်ငံတော် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအ ခြေအနေ ချို့ယွင်းမှုကြောင့် ဧပြီ ၁၈ ရက်နေ့မှ စတင်၍ မေလ ၁၄ ရက်နေ့ထိတိုင် စင်္ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူခဲ့သော်လည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခြင်းမရှိသည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

"လစ်လပ်သွားသော ဒုတိယသမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတ ရွေးချယ်ရေးဆိုင်ရာနည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယသမ္မတတစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ်အရည်အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင် သည့် ကိုယ်ရေးအချက်အလက်များနှင့်အတူ ဒုတိယသမ္မတအမည်စာရင်းကို နာယကထံတင်ပြရန်ဖြစ်ကြောင်း ညွန်ကြားပါတယ်"ပာု လွှတ်တော်နာယ က ဦးခင်အောင်မြင့်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် လစ်လပ်သွားသည့် ဒုတိယသမ္မတရာထူးနေရာအတွက် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့သည် ဒု-သမ္မတနေရာအတွက် နိုင်ငံရေးနယ်ပေ၌ ထိပ်ဆုံးတွင် ဦးတည်၍ ထင်ကြေးပေးခံရမှုများရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဇူလိုင် ၁၀ ရက်မတိုင်ခင်မှာတော့ ကောလပာသထွက်ပေါ်နေမှာပဲ။ ဒါပေမယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ထဲကခံစားချက်တွေနဲ့ လုပ်ဆောင်မယ့် နိုင်ငံခေါင်းဆောင်တစ်ဦးကို အမှန်တကယ်ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့”ပာု မြန်မာ့နိုင်ငံရေးပညာရှင်တစ်ဦးက ဆိုသည်။

ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ သဖြင့် သီဟသူရဘွဲ့ရရှိခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်တွင် ဒုတိယတပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ဝင်ရောက်အရွေးခံကာ အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း သမိုင်းလေ့လာမှု အရ သိရှိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနှင့် သံတမန်အဆက်အသွယ်ဆောင်ရွက်ရန် နိုင်ငံရှစ်ခုမှ  အဆိုပြု

မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ဆောင်ရွက်နိုင်ရန် နိုင်ငံပေါင်းရှစ်နိုင်ငံမှ အဆိုပြုထားကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ဆောင်ရွက်ရန် အဆိုပြုလာသည့် နိုင်ငံရှစ်နိုင်ငံမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ မာလာဝီ သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဗီးယားသမ္မတနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံနှင့် ဒိုမီနီကန် သမ္မတနိုင်ငံတို့ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ နှင့် နည်းဥပဒေ ၁၂၁ တို့အရ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ် ရေး ဆောင်ရွက်ရန်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရေးအတွက် တင်ပြခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးမြင့်က ပြောကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ သံတမန်အဆက်အသွယ်ပြုလုပ်လျက်ရှိသည့် နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိပြီး သံတမန်ဆက်ဆံမှုများပြုလုပ်ရန် ထပ်မံကမ်းလှမ်းလာသည့် နိုင်ငံများကို ပြည်ထောင်စုလွှတ်တော်မှ လက်ခံလိုက်ပါက မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံမှုများပြုလုပ်ရန် နိုင်ငံပေါင်း ၁၁၁ နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဒီစာလုံးနဲ့ပတ်သက်လို့ ပြည်သူ့ဆန္ဒခံယူဖို့ဆိုတာလဲ အခုအချိန်မှာ အချိန်နှောင်းသွားပြီ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတည်ဖြစ်သွားပြီ၊ အတည်ဖြစ်တဲ့အတွက်လဲ အခြေခံဥပဒေအရကျင်းပတဲ့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ကျွန်တော် တို့ဝင်ခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ဝင်ခဲ့ ကြတယ်။ ဝင်တဲ့သူတွေအားလုံးဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အတွက် မိမိကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိခံတွင်းတွေ့သည် ဖြစ်စေ မတွေ့သည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းကမ်းချက်အတိုင်းပြောဆိုဖို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။

ဇွန်လ (၆)ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၆)တွင် ပါရှိသည့် “Myanmarဟုသာ သုံးနှုန်းပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံသတိပေး”သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

အရင် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့မှာ တပ်မပါဘူး။ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အနီးစပ်ဆုံးက တပ်ပဲ။ ဒါကြောင့် ပြန်လည်ဖွဲ့စည်းတဲ့ လုပ်ငန်း ကော်မတီမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းမှူးတွေ အကုန်ထည့်ထားတယ်။ ပြည်သူတွေ ရန်ဖြစ်ရင် ခဲနဲ့ပေါက်၊ တုတ်နဲ့ရိုက်ကြတယ်။ လက်နက်ကိုင်သူ တွေရန်ဖြစ်တော့ သေနတ်နဲ့ပစ်ကြတယ်။ ဒီလိုပုဂ္ဂလိကဆန္ဒနဲ့ ဖြစ်စဉ်တွေကို ထည့်တွက်လို့မရဘူး။ အနည်းအကျဉ်းတော့ရှိမှာပဲ။ ဒါတွေကြောင့် တိုက်ပွဲ ဖြစ်နေတယ်လို့တော့ ပြောလို့မရဘူး။

ဇူလိုင်လ (၁)ရက်နေ့ထုတ် Fresh News ဂျာနယ် အမှတ် (၁/၀၁၅)တွင် ပါရှိသည့် “ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ ကူညီချင်သူတွေများ ကိုယ့် နိုင်ငံပညာရေး ကိုယ်ကပိုသုံးမှ သူများဆီမှာ တောင်းဖို့ကောင်း”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

"လယ်သမားများကတော့ ဒီနေ့ခေတ်မှာ အဆိုးဆုံးခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်၊ ရာသီဥတုနဲ့ ဈေးကွက်အခြေအနေကြောင့် ၂၀၁၁-၂၀၁၂ခုနှစ်မှာတော့ သူတို့ဟာ အင်မတန်ဆိုးရွားတဲ့ ညအခြေအနေကို ရင်ဆိုင်ခဲ့ရပြီးတော့ အထူးပြုကုမ္ပဏီများကို ပြန်လည်ပေးဆပ်ရမယ့် ငွေကြေးများကို ပေးဆပ်နိုင်ခြင်းမရှိခဲ့တာ ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ ကြုံခဲ့ရပါတယ်"

ဇူလိုင်လ ၅ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)အမှတ် (၁၀၁)တွင် ပါရှိသည့် "အခြေခံ ကုန်ထုတ်လုပ်ငန်းများသည် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီဟု လုပ်ငန်းရှင်များ လက်တွေ့လုပ်ကိုင်နေရသူများမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသို့ အသိပေးပြောကြားသတင်း"မှ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment