Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Kery Logistic ကမြန်မာနှင့် သီရိလင်္ကာတွင်ရုံးဖွင့်

(8 August 2012 ရက်စွဲပါ Hevy Lift မှ “Kerry Logistics in Myanmar and Seri Lanka” ကိုဘာသာပြန် သည်)

***********************************************************

ဘာသာပြန်သတင်းများ

Kery Logistic ကမြန်မာနှင့်သီရိလင်္ကာတွင်ရုံးဖွင့်

(8 August 2012 ရက်စွဲပါ Hevy Lift မှ Kerry Logistics in Myanmar and Seri Lanka ကိုဘာသာပြန် သည်)

ဟောင်ကောင်အခြေစိုက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ Kerry Logisticsသည် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် အာရှ တိုးချဲ့ရေးအစီအစဉ် တစ်ရပ်အဖြစ် စတင်အခြေချလာပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့နှင့် သီရိလင်္ကာနိုင်ငံ၏ ကိုလံဘိုတွင် ရုံးခန်းသစ်များ ဖွင့်လှစ်ခဲ့ သည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ Kery Logistics၏ ဒေသတစ်လွှား ပေါ်ထွက်လာသော ဈေးကွက်များတွင် ၎င်းတည်ရှိ မှုနှင့် ကွန်ရက်တည်ဆောက် ရန် မဟာဗျူဟာအရ ဖြစ်သည်။ ရုံးသစ်များသည် လက်ရှိ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်၏ ကုန်ပစ္စည်းသယ်ယူခြင်း ကွန်ယက်ဖြင့် ချိတ် ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။

မြန်မာနိုင်ငံက ရုံးသစ်ဟာ မဟာမဲခေါင်မြစ်ဝှမ်းမှာ ကျွန်တော်တို့ ရဲ့စွမ်းဆောင်ရည် ကြီးထွားဖို့ အထောက်အကူဖြစ်သလို သီရိလင်္ကာ ကလည်း တောင်အာရှမှာ အမြန်ဆုံးကြီးထွားလာတဲ့ သင်္ဘောနဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်နေလို့ဖြစ်ပါတယ် ဟုကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ Kenneth Ko က ပြောသည်။

“ကျွန်တော်တို့ရဲ့ဖောက်သည်တွေက ဒီလုပ်ငန်းစဉ် ဖြစ်အောင် တွန်းအားပေးနေတာပါ။ ဒေသတစ်ဝှမ်းမှာ ပုံစံကွဲပြားတဲ့ သယ်ယူပို့ဆောင်ရေး ဝန် ဆောင်မှုတွေကို တောင်းဆိုမှု ကြီးထွားလာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ ကျွန်တော်တို့ဟာ ဖောက်သည်တွေကိုတောင်းဆိုမှု ပိုမိုဝန်ဆောင်မှု ပေး နိုင်မယ့်ကွင်းဆက်ကို ပိုမို ထောက်ပံ့ပေးနိုင်မယ်။ ကျွန်တော်တို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ကွန်ယက်ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံနေပါတယ်” ဟု ၎င်းကဖြည့် စွက် ပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment