Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၀.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဥပဒေသစ်ဖြင့်ဆွဲဆောင်ရန် မြန်မာမျှော်လင့်

(Burma News မှ 9,August,2012 ရက်စွဲပါ “Myanmar Expects To Attract FDIs With New Law” သတင်း ကို ဘာသာပြန်ဆိုသည်။)

  1. Pepsi ကမြန်မာနိုင်ငံတွင် အချိုရည်ရောင်းချမည်                     

(10 August 2012ရက်စွဲပါ Reters ၏ “Pepsi Allowed To Sell Drinks in Myanmar” ကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဥပဒေသစ်ဖြင့်ဆွဲဆောင်ရန် မြန်မာမျှော်လင့်

(Burma News မှ 9,August,2012 ရက်စွဲပါ “Myanmar Expects To Attract FDIs With New Law” သတင်း ကို ဘာသာပြန်ဆိုသည်။)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းပြီးသည်နှင့် တစ်ပြိုင်နက် အနာဂတ်ကာလတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နှင့်ပတ်သက် လျှင် ဦးစားပေး ရွေးချယ်ရမည့် နေရာများထဲတွင် ပါဝင်နိုင်ရန် မြန်မာနိုင်ငံက မျှော်လင့်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းခြင်းကို ယခုလကုန်တွင် ကြေညာတော့မည်ဟု မျှော်လင့်ရပြီး ယင်းဥပဒေသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အပြုသဘောဖြင့် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်၍ မလေးရှားအပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုများကို တွန်းအားပေးနိုင်လိမ့် မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“တရုတ်နှင့်ဂျပန် အပါအဝင် အဓိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များစွာဟာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ကြေညာပြဋ္ဌာန်းတာကို စောင့် ဆိုင်းနေကြပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ပြသထားကြပါတယ်” ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်နှင့် ထင်ရာစိုင်း စီမံခန့်ခွဲမှု ပုံစံဟောင်းမှ စွန့်ခွာရုန်းထွက်ကာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အ ကောင်အထည်ဖော်နေပြီ ဖြစ်သည့်အလျောက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီဖွယ်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းရေးဆွဲနိုင်ရန် အစိုး ရက ပြင်ဆင်နေသည်ဟု ကြာသပတေးနေ့တွင် မလေးရှား ကုန်ထုတ်လုပ်ငန်းရှင်များ အသင်းချုပ်(FMM)က ကြီးမှူးကျင်းပသော “မြန်မာ့ဈေး ကွက်ဖွင့်လှစ်မှုနှင့် စီးပွားရေး အခွင့်အလမ်းသစ်များ”ဆွေးနွေးပွဲ၏ အဝန်းအဝိုင်းတွင် ဦးဇော်မင်းဝင်းက သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

---------------------------------------------------------------------------------------------------------------------

Pepsi ကမြန်မာနိုင်ငံတွင် အချိုရည်ရောင်းချမည်                     

(10 August 2012ရက်စွဲပါ Reters ၏ Pepsi Allowed To Sell Drinks in Myanmar ကိုဘာသာပြန်ဆိုသည်)

ပက်စီကုမ္ပဏီက ၎င်းသည်၎င်း၏ အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချရန် သဘောတူစာချုပ်အား Diamond Star ကုမ္ပဏီလီမိတက် နှင့်လက်မှတ် ရေးထိုးခဲ့သည်ဟု ပြောဆိုခဲ့သည်။ ပက်စီသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၅၀ခန့်ရှိ ပြီ ဖြစ်သည်။

                သဘောတူညီချက်အရ ဒိုင်းမွန်းစတားကုမ္ပဏီသည် ပက်(ပ)စီ၊ ကိုလာ၊ 7 Upနှင့် Mirindeများကို တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ရမည် ဖြစ်သည်။ ကုမ္ပဏီသည် ပက်စီကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံရှိ လုပ်ငန်းခွင်မှ ဝယ်ယူတင်သွင်းမည် ဖြစ်သည်။

ပက်(ပ)စီကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အခြားအခွင့်အလမ်း များကိုအကဲဖြတ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ရာ မြန်မာပြည်တွင် ထုတ်လုပ် ရေး နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံရန်လည်း အပါအဝင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့ပြီး အမေရိ ကန် ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ငွေကြေးဝန်ဆောင်မှုများပေးရန် ပြီးခဲ့သည့်လက ခွင့်ပြုခဲ့သည်။

ပက်(ပ)စီသည် မြန်မာနိုင်ငံတွင် ၁၉၉၇ခုနှစ်က နောက်ဆုံးဝင် ရောက်လုပ်ကိုင်ခဲ့သည်။ ၎င်းအပြိုင်ဖြစ်သော ကိုကာကိုလာ ကုမ္ပဏီကလည်း ဇွန် လက ပြောကြားခဲ့ရာတွင် အမေရိကန် အစိုးရကခွင့်ပြုသည်နှင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment