Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်။

*****************************************

ဆောင်းပါးကဏ္ဍ

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်။

စိုင်းညွန့်လွင်

(သြဂုတ်၁၆ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃)အမှတ်(၁၀၇)မှ ထုတ်ယူတင်ပြချက်။)

တစ်နေ့မှာ မိတ်ဆွေတစ်ဦးဆီက မြန်မာနိုင်ငံအပေါ် ဆန်းစစ်ထားတဲ့ စာတမ်းတစ်စောင်ကို ဖတ်လိုက်ရတယ်။ အဲဒီစစ်တမ်းကိုရေးတဲ့ ပါမောက္ခ က သူ့စစ်တမ်းကို IMF နဲ့ World Bank တို့ဆီက အချက်အလက်တွေ ကိုကိုးကားပြီး ရေးထားပါတယ်။ ကွင်းဆင်းလေ့လာချက်တွေလည်းပါတယ်လို့ ဆို ထားပါတယ်။

သူ့အဆိုအရ ကျွန်တော်တို့ဟာ အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင် ကမ္ဘောဒီးယား၊ နိုင်ငံနဲ့ရော နောက်ကျကျန်နေတယ်လို့ ဆိုပါတယ်။ ငါနှစ်အောက် ကလေးတွေ သေဆုံရတဲ့နှုန်းက အညံ့ဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။ ကလေးတစ်ဦးအသုံးစရိတ်အတွက် ကျန်းမာရေးအသုံးစရိတ်က ၂၀၁၀ပြည့်နှစ် စာရင်း ဇယားအရဆိုရင် ကမ္ဘောဒီးယား ဘင်္ဂလားဒေ့ရှ်တို့ထက် နည်းပါးပါတယ်တဲ့။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း သိပ်ကိုနည်းနေတဲ့ သဘော ဖြစ်နေတယ် တဲ့။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေသူတွေ အရေအတွက်ကတော့ မြန်မာနဲ့ ဖိလစ်ပိုင်တို့က မတိမ်းမယိမ်းစီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ သူ့တိုင်းပြည်ကို တစ်နှစ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀လောက် ပြန်ပို့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံပြည်ကတော့ ဘယ်လိုပြန်ပို့သလဲဆိုတာ မသိနိုင် ပါဘူး။ ဘယ်သူ့မှလည်း လေ့လာပုံမရပါဘူး။ လေ့လာဖို့လည်း လွယ်မယ်မထင်ဘူး။ သေချာတာကတော့ ဘီလျံနှစ်ဆယ်မရှိပါဘူး ဆိုတာပါပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်တိုင်းပြည်ထဲမှာ ဆက်လက်နေထိုင်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်စွမ်း မရှိရင်တော့ ပညရှင်တွေအပါအဝင် ပြည်ပကို ဆက် လက်ထွက်ခွာ နေကြမှာပါပဲတဲ့။ ဒါဆိုရင် အေင်မြင်တဲ့နိုင်ငံတစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

အဲဒီလိုပွင့်ပွင့် လင်းလင်းလေ့လာဆန်းစစ်ချက်တွေကို မြန်မာပုံနှိပ်စာအုပ်စာတမ်းတွေမှာ တွေ့လေ့တွေ့ထ မရှိပါဘူး။ ဘာ့ကြောင့်လဲတော့ မသိ ဘူးပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေက တို့နိုင်ငံတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံလို့များ ထင်နေကြသလား မသိပါဘူး။ အမှန်ကိုမြင် နိုင်အောင်ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းမြင်သာတဲ့ ဓလေ့တွေ ကျင့်သုံးသင့်ပါပြီ။ သာမာန်အားဖြင့်ပဲ စဉ်းစားကြည့်ရင် သိသာလှပါတယ်။ ကျွန်တော်တို့နဲ့ အိမ်နီးချင်းတရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှမရှိခဲ့ဖူးတဲ့ တိုးတက်တဲ့ နှုန်းထားနဲ့ ဆယ်စုနှစ်ချီ တိုးတက်လာခဲ့ပါတယ်။ လူဦးရေလည်း အများဆုံးရှိတဲ့ နိုင်ငံကြီးတစ်ခုက လျင်မြန်စွာ တိုးတက်နေပါတယ်။ သူနဲ့ အိမ်နီးချင်းနိုင်ငံနယ်နိမိတ် မိုင်ထောင်ချီထိစပ်နေတဲ့ ကျွန်တော်တို့နိုင်ငံကတော့ ဆယ်စုနှစ်နဲ့ချီပြီး ဖွံ့ဖြိုးမှု နှေးကွေးဆုံးနိုင်ငံ(LDC) နိုင်ငံဖြစ်နေပါတယ်။

အဲဒီ LDC နိုင်ငံမှာ ကံအားလျော်စွာ သဘာဝသံယံဇာတွေကလည်း အများကြီးဖြစ်နေတယ်။ လူဦးရေကလည်း အများကြီးဖြစ်နေတယ်။   လူဦး ရေကလည်း မြေအကျယ်အဝန်းစာရင်း သိပ်သည်းမှုမရှိပါဘူး။ အနောက်ဘက်အိမ်နီးချင်းနိုင်ငံ အိန္ဒိယကလည်း တိုးတက်မှုနှုန်း သိပ်မမြင့်ပါဘူး။ တွေး ကြည့်ရင် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ထိန်းသိမ်းဖို့ ကိုယ့်သံယံဇာတတွေကို မပြုန်းတီးပစ်ဖို့ သူများတွေ စိမ့်မဝင်လာရလေအောင် ကာကွယ်ဖို့ ဘယ်လောက်သိသာသလဲဆိုတာ သိပ်ကို သိသာလှပါတယ်။

ထိုင်းနိုင်ငံဘက်ကို ကြည့်လိုက်ပြန်တော့လည်း မြဝတီမှာဆိုရင် သွင်းကုန်တန်ဖိုးက ကိုယ့်ပို့ကုန်တန်ဖိုးထက်ကို အမြဲများနေပါတယ်။ အဲဒီလူသုံး ကုန်တွေ ဘာကြောင့်လှိမ့်ဝင်နေတာလဲဆိုတော့ ကိုယ့်တိုင်းပြည်မှာ ထုတ်လုပ်နိုင်ရဲ့သားနဲ့ အကြောင်းကြောင်းတွေကြောင့် မထုတ်လုပ်နိုင်ဘူးဆိုတာ အလွန်ကို ထင်ရှားလှပါတယ်။ အမှန်ကတော့ ကိုယ့်ပြည်တွင်းမှာ ထုတ်နိုင်ခဲ့ရင် GDP လည်းတက်မယ်။ အလုပ်အကိုင်တွေလည်း ဖန်တီးနိုင်မယ်။ ကုန် သွယ်မှု တစ်ဖက်စောင်းနင်း ဖြစ်နေတာကိုလည်း ထိန်းညှိနိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီထုတ်ကုန်တွေကို မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ လုပ်ကိုင် ထုတ်လုပ်ခဲ့တာဆိုရင် ပိုလို့တောင် စဉ်းစားစရာပါဘဲ။ ကျွန်တော်တို့သာ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ရောင်းချနိုင်ခဲတာမရှိခဲ့ရင် စဉ်းစားစရာပါဘဲ။ အဖြေကတော့  ရှင်းနေပါတယ်။ ကျွန်တော်တို့ ကြိုးစားဖို့လိုပါတယ်။

ကြိုးစားချင်တဲ့သူတွေလည်း ရှိနေပြီးဆိုရင် နိုင်ငံတော်က လမ်းထွင်ပေးဖို့ လမ်းပြင်ပေးဖို့ လိုပါတယ်။ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ စည်းလုံး ညီညွတ်ဖို့လိုပါတယ်။ အပစ်အခတ်တွေ ရပ်စဲပြီး ရေရှည်ငြိမ်းချမ်းရေးတွေရဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာတာနဲ့အညီ ပြည်ပက ပိတ်ဆို့မှုတွေ ဖြေလျှော့လာတာလည်း ကပ်ပါလာပါတယ်။ ပြည်တွင်းက နိုင်ငံရေးသမားတွေအပေါ် ပိတ်ဆို့တာနဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက် အကျဉ်းသားတွေကိုလည်း ကိုယ့်ဘက်က ဖြေလျော့ပေးဖို့လိုပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးပါတီ ၁၄ပါတီက တာဝန်ရှိသူတွေကို နိုင်ငံတော်သမ္မတကြီးက လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ၂၄နှစ်တာကာလအတွင်းမှာ ပထမဆုံးလိုပြောနိုင်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ဆိုရင် တော့ ဒါအမှန်ပါပဲ။

ကျွန်တော်တို့ရှေ့မှာလည်း အခြားနိုင်ငံရေးပါတီ ၁၀ပါတီကိုလည်း တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ တကယ့်ဖြေလျော့မှုတစ်ခုအဖြစ် ကျွန်တော် တို့ ယူဆပါတယ်။ တွေ့ဆုံစကားပြောတာဟာ နိုင်ငံရေးအရ အနှစ်သာရပါပဲ။ ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းပါ။ ပြဿနာကို အကောင်းဆုံးဖြေ ရှင်းနည်းပါ။ အနူးညံ့အသိမ်အမွေ့ဆုံး နဲ့ ဝေဒနာပွန်းတီးမှု အနည်းဆုံးနည်းလမ်းပါ။ နှစ်ဖက်ကတော့ ဥာဏ်ပညာကြီးဖို့ အမြော်အမြင်ရှိဖို့ စိတ်ရှည်သည်း ခံဖို့ စိတ်စေတနာကောင်းဖို့ ရိုးသားဖို့ နိုင်ငံတော်အပေါ် ချစ်မြတ်နိုးမှုကို ဦးစားပေးဖို့ စတဲ့ လိုအပ်ချက်တွေကတော့ အများကြီးရှိဖို့လိုပါတယ်။ ဒါကတော့ ဆက်ကြိုးစားနေရမှာပါ။

အဲဒီတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရအဖွဲ့အနေနဲ့ လုပ်နေကိုင်နေတာတွေ စဉ်းစားထားတာတွေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြ သွားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ရင် ပြည်ပကို သွားအလုပ်လုပ်နေတဲ့လူတွေ ပြန်လာနိုင်မယ့်အကြောင်းလည်း ပြောပါတယ်။ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ရာမှာလည်း ပြည်တွင်းကလူတွေကို အလုပ်အကိုင် များများရမယ့် လုပ်ငန်းမျိုးကို ဦးစားပေးနေကြောင်း ပြောပါတယ်။

ပြည်ပကို သွားအလုပ်လုပ်နေတဲ့ ကျွန်တော်တို့နိုင်ငံသား သုံးသန်းလောက်ရှိတယ်လို့လည်း ပြောပြပါတယ်။ ပြည်ပက ရင်းနှီးမယ့် ပြည်ပလုပ်ငန်း တွေက ရင်းနှီးမြှုပ်နှံမှုဥပဒေ ဘယ်လိုဖြစ်မယ်ဆိုတာကို စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။ ပြီးတော့မှ လာရောက်တွေ့ဆုံတဲ့အထဲက ပါတီခေါင်း ဆောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ခင်ဗျားတို့ဆီကလည်း မြန်မြန်လေး လုပ်ပေးကြပါဦးလေဗျာလို့ပြောလိုက်တော့ အဲဒီလွှတ်တော်ကိုယ်စား လှယ်က သမ္မတကြီးခင်ဗျား ဒါ ခရိုနီ တစ်စုကြောင့် ဖြစ်နေတာပါလို့ သမ္မတကြီးကို ပြန်ပြောလိုက်ပါတယ်။ ဘယ်လောက်အံ့သြစရာကောင်းပါသလဲ။

သမ္မတကြီးပြောချင်တာက ပြည်ပရင်းနှီးမြှုပ်နှမှုဥပဒေကိုလွှတ်တော်က အမြန် ဆွေးနွေးအတည်ပြုပေးဖို့ ပြောတာပါ။ လွှတ်တော်ကိုယ်စားလှယ် ကြီးရဲ့ ပြန်ကြားချက်ကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ခရိုနီတစ်စုက လွှတ်တော်ထဲအထိ  ဝင်ရောက်လွှမ်းမိုးနေသလား။ စိတ်ဝင်စားစရာ မေးခွန်းတွေအများကြီး ကျွန်တော့်ခေါင်းထဲ ဝင်လာပါတယ်။ အဲဒီခရိုနီတွေက သူတို့လူတစ်စုရဲ့ အကျိုးစီးပွားကို လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ အဲဒီအကြောင်းပြောပြတော့ သူတို့လွှတ်တော်ထဲမှာ ခရိုနီဆိုတဲ့စကားလုံး အရမ်းမသုံးပါနဲ့လို့ တစ်ဦးက ထည့်ပြီး ဆွေးနွေးတဲ့အကြောင်း ပြောပြပါတယ်။

ဒါဆိုရင် ခရိုနီတွေ လွှတ်တော်ထဲရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်အများစု ထိန်းကျောင်းထားဖို့ လိုပါတယ်။ အများစုရဲ့ ဆန္ဒကိုတော့ သူတို့ မလွန်ဆန်လောက်ပါဘူး။ ခရိုနီတစ်စုကြောင့် နိုင်ငံအတွက်အရေးကြီးတဲ့ ဥပဒေတစ်ခု ကြန့်ကြာနေတယ်ဆိုတာ မကောင်း ပါဘူး။ ပြည်သူအကျိုးကို ထိခိုက်မှာဆိုးလို့ ဆွေးနွေးရတာကို လက်ခံနိုင်ပေမယ့် လူတစ်စုအကျိုးအတွက် ပြန်ဆွးနွေးတာမျိုးကတော့ မကောင်ပါဘူး။ အစိုး ရအဖွဲ့ရဲ့ အားထုတ်မှုကိုလည်း ပြန်ကြည့်သင့်တယ်မဟုတ်ပါလား။ အာဏာကြီးသုံးရပ်ကို သီးခြားခွဲခြားထားတာ တစ်ခုနဲ့တစ်ခု ထိန်းညှိဖို့ပါ။ ထိန်းဖို့လိုသ လို ညှိဖို့လည်း လိုမယ်ထင်ပါတယ်။ တလောက ဂျာနယ်နှစ်စောင်ကို ပိတ်လိုက်တယ်လို့ ဖတ်ရတယ်။ အဲဒီဂျာနယ်တွေဟာ လက်ရှိအစိုးရကို ဖြစ်ပေါ်လာ စေတဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ တော်တော်လေး အရေးပါခဲ့ပါတယ်လို့ ပြောကြပါတယ်။ အားလုးက စိတ်မသက်မသာ ဖြစ်ကြရတယ်။ ဒီမိုကရေစီပန်းတိုင် ဆီသို့ ဆိုတာကို သံသယဖြစ်ကြတယ်။ အခု ကိုစာရေးနေချိန်မှာ  ဂျာယ်နှစ်စောင်ကို နှစ်ပတ်ရပ်နားပြီးရင် ပြန်ထုတ်ခွင့်ပေးပြီလို့ သိရပြန်ပါတယ်။ မတည် ငြိမ်တဲ့ သဘောများလားဗျာ။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာကို ပြောပါတော့မယ်။ ကျွန်တော်တို့တိုင်းပြည်အတွက် လက်ငင်းနဲ့ လက်တွေ့အကျဆုံး လိုအပ်နေတာက တော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘောဒီးယားကိုတောင် အမီလိုက်နေရတဲ့ အခြေအနေကို အကောင်းဆုံး အမြန်ဆုံး အဆုံးသတ်နိုင်အောင် ပြန်ပြုပြင်ဖို့ လိုပါ တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လောင်းရိပ်အောက်ကနေ လွတ်အောင်လပ်ဖို့လည်း လုပ်ဖို့ လိုပြန်ပါတယ်။ ဥပဒေနဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာအောင် ဥပဒေပြု အဖွဲ့အစည်းတွေကလည်း စဉ်းစဉ်းစားစားနဲ့ အမြန် အကောင်အထည်ဖော်ဖို့က အစိုးရတစ်ဖွဲ့တည်းနဲ့ မရနိုင်ပါဘူး။ တရားရေးနဲ့လည်း မရနိုင်ပါဘူး။ လွှတ်တော်နှစ်ရပ်တည်းနဲ့လည်း မဖြစ်နိုင်ပါဘူး။

နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ ကျောင်းသားတွေ ဝန်ထမ်းတွေအားလုံးက တစ်ပြိုင်တည်း ပြိုင်တူတွန်းမှ ရွေ့သွားမှာ ဖြစ်ပါတယ်။ တစ်ဦး တည်းတွန်းနေပြီး ကျန်တဲ့တစ်ယောက်က ရေသာခိုနေရင် မဖြစ်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ တစ်ပြိုင်တည်းတွန်းဖို့ဆိုတာက ပြိုင်ပွဲဝင်လှေလှော်ကြသလို အချက်ကျကျ ညာသံပေး တိုင်ပင်ခေါ်ပေးဖို့တော့ လိုပါလမ့်မယ်။ အဲဒါကတော့ ကျွန်တော်လည်း မလိုက်မီတော့လို့ အကြံမပေးနိုင်တော့ပါဘူး။ အပြော လွယ်ပေမယ့်  အလုပ်ခက်တယ်ဆိုတာကိုတော့ ကျွန်တော်လည်း လက်ခံပါတယ်။ ကျွန်တော်လည်း ကိုယ်မြင်တာလေးတွေ မျှဝေရတာပါ။ အားလုံးက စိတ် ကောင်းစေတနာမှန် ရှိခဲ့မယ်။ နိုင်ငံကောင်းကျိုးကို ဦးစားပေး စဉ်းစားမယ်ဆိုရင် အကောင်းဆုံးအဖြေ ရလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သမ္မတကြီးနဲ့ တွေ့ပြီး ပြန်လာတော့  သတင်းဌာနတစ်ခုက ကျွန်တော့်ကိုမေးပါတယ်။ ခင်ဗျားတို့ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်ဗျာ၊ ခင်ဗျားတို့ကိုလည်း ထောင်နှစ် ရှည်တွေချလိုက်လို့ နှစ်အကြာကြီး ထောင်ထဲနေခဲ့ရတယ်ဗျာ။ အခုအစိုးရနဲ့တွေ့တော့ ဘယ်လိုများခံစားရသလဲလို့ မေးလာပါတယ်။ အဲဒီတော့ ကျွန် တော်လည်း သတိရပါတော့တယ်။ ပြန်ဖြေလိုက်ပါတယ်။ မေ့တော့မေ့ဘူးပေါ့ဗျာ။ ဒါပေမယ့်အဲဒီအချိန်မှာတော့ အဲဒီကိစ္စကို ကျွန်တော်လုံးဝ မသိရတာက တော့ အမှန်ပါပဲလို့။

၂၀၁၂ သြဂုတ်လ၇

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment