Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်းကို ပြန်လည်သုံးသပ်ရန် ပညာရှင်များတိုက်တွန်း

(Bangkok Post မှ 24August 2012 ရက်စွဲပါ “Acadamics: Revise Dawei plan”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ကချင်ဒုက္ခသည်များကို တရုတ်နိုင်ငံ အတင်းပြန်ပို့

(BBC News မှ 24 August 2012 ရက်စွဲပါ “China forcing Kachin refugees back to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဘင်္ဂလားဒေ့ရှ်၏ ဂရုဏာမဲ့ ရိုဟင်ဂျာ မူဝါဒ ကို HRW ရှုတ်ချ

(AFP သတင်းမှ 23 Aug 2012 ရက်စွဲပါ “Human Rights Watch Slams Bangladash’s cruel Rohingya Policy” သတင်းကို ဘာသာပြန်ဆိုသည်။)

 *****************************************

ဘာသာပြန်သတင်းများ

 ထားဝယ်စီမံကိန်းကို ပြန်လည်သုံးသပ်ရန် ပညာရှင်များတိုက်တွန်း

(Bangkok Post မှ 24August 2012 ရက်စွဲပါ “Acadamics: Revise Dawei plan”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နှစ်နိုင်ငံလုံး၏ ဒေသခံများအပေါ် သက်ရောက်ထိခိုက်နိုင်ဖွယ်ရှိသည့် ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း ကို ထိုင်းအစိုးရနှင့် အီတာလျံထိုင်း ကုမ္ပဏီတို့ ပြန်လည်သုံးသပ်သင့်ကြောင်း ပညာရှင်များ က  ပြောကြားလိုက်သည်။

ထားဝယ်အကြီးစားစီမံကိန်းသည် မြန်မာဒေသခံများ ကိုသာမကဘဲ ၃၂၀ကီလိုမီတာ ထားဝယ်-လန်ချာဘန် အဝေးပြေးလမ်းတစ်လျှောက်မှ ဒေသခံများ ကိုပါ ထိခိုက်စေလိမ့်မည်ဟု ပညာရှင်များက ဆိုသည်။

ကန်ချနာဘူရီ အထူးစီးပွားရေးဇုန် စီမံကိန်း ဖန်တီးမည့် ဥပဒေမူကြမ်းကို ထိုင်းအစိုးရ၏ ဥပဒေရေးရာအကြံပေး အဖွဲ့ Council of State ကလေ့လာနေဆဲဖြစ်သည်ဟု အမျိုးသား စီးပွား-လူမှုရေး ဘုတ်အဖွဲ့ ၏စီမံကိန်းနှင့် မဟာဗျူဟာရေးဆွဲရေး ဌာနမှူး ပိုဂျာနီး အာတာရိုပီယိုက ပြောကြားသည်။

ထားဝယ်စီမံကိန်းကြောင့် အီတာလျံ-ထိုင်းကုမ္ပဏီ ရင်ဆိုင်နေရသော ငွေကြေးဝန်ထုပ်ဝန်ပိုး ကိုကူညီလျော့ပေါ့ပေးနိုင်မည့် နည်းလမ်းများကို ဘဏ္ဍာရေဝန်ကြီး ဌာနက အမြဲတမ်း လေ့လာနေခဲ့သည် ဟု လည်းသူမက ပြောကြားသည်။

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ကန်ထရိုက်ချပေးခဲ့သော တပ်မတော် အစိုးရလောက် ယခုအစိုးရသစ်က  စိတ်ဝင်စားခြင်းမရှိဟူသော စိုးရိမ် ပူပန်မှုများ ရှိနေသည့်ကြားတွင် စီမံကိန်းပူပန်မှု များရှိနေသည့် ကြားတွင် စီမံကိန်း ရန်ပုံငွေအတွက် အီတာလျံထိုင်းကုမ္ပဏီသည် အသည်းအ သန် ရုန်းကန်နေရသည်ဟု ဆိုသည်။

“ထိုင်းကုမ္ပဏီပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးကို ဘယ်နည်းနဲ့ မဆို လုပ်မှာဆိုတော့ ထိုင်းစီးပွားရေး ကဏ္ဍအတွက် ကျွန်မတို့ ပံ့ပိုးကူညီရမှာပေါ့”ဟု မစ္စစ်ပိုဂျာနီးက  ပြောကြားသည်။

              “ထိုင်းအစိုးရက ဒီစီမံကိန်းကို အစွမ်းကုန်ပံ့ပိုးပေးဖို့ ကတိပေးထားပြီဆိုတော့ ဒီစီမံကိန်းကို သေချာအောင် ခိုင်မာအောင် လုပ်ဖို့အတွက် အဖွဲ့အား လုံးက သက်ဆိုင်ရာ မြန်မာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေကြပါပြီ” ဟုသူမက ဆက်လက်ပြောသည်။

မဟီဒေါတက္ကသိုလ်တွင် “ဗက်တာဖွတ်မှ ထားဝယ်သို့”ခေါင်းစဉ်ဖြင့် သောကြာနေ့ကဟော ပြောဆွေးနွေးပွဲ၌ သူမက မှတ်ချက်ပေးသည်။ ယခုဆွေး နွေးပွဲသည် ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယခင်တစ်ခေါက်က ချင်းမိုင်တွင် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည်။ ၎င်းဆွေးနွေးဟောပြောပွဲများသို့ စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိပါ။

“နှစ်နိုင်ငံအစိုးရများ စေ့စပ်ညှိနှိုင်း ရမည့်ကိစ္စများတွင် စီမံကိန်းနေရာများ၊ လက္ခဏာသွင်ပြင်များ၊ မတည်ငွေဖြည့်ဆည်းမည့် နည်းလမ်းများ စသည်တို့ ပါဝင်ကြောင်း ၊ထာဝယ်စီမံကိန်းထောက်ခံသူများ အနေဖြင့် ထိုင်းနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ဖွံ့ဖြိုးရေးအစီအစဉ်မှ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးပြဿနာများ အပါအဝင် မှတ်လောက်သားလောက်သင်ခန်းစာများ အားလုံးကိုထည့်သွင်းစဉ်းစားသင့်ကြောင်း ”သူမက ဆက်လက်ပြောဆို သွားသည်။ ဒေါ်လာသန်းထောင်ချီကုန်ကျမည့် ထားဝယ်စီမံကိန်း ချောမွေ့အောင် အတား အဆီးများကို ရှင်းလင်းကြရန် နှစ်နိုင်ငံခေါင်းဆောင်များ ယခင်လက ဘန်ကောက်တွင် သဘောတူခဲ့ ကြပြီးနောက်  ပိုမိုသေချာအောင် တပ်ကြပ်မကွာ တွန်းအားပေးရန်အတွက် လာမည့်လတွင်မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ်ယင်လပ်ခ် ထပ်မံသွားရောက်တော့မည် ဖြစ်သည်။

ထားဝယ်စီမံကိန်းနောက်ပိုင်း ပြဿနာများသည် ထိုင်းနိုင်ငံ မတ်တာပန်နှင့် လန်ချာဘန်တွင် ကြုံတွေ့ခဲ့ရသည်ထက်၁၀ဆ ပိုဆိုးလိမ့်မည်ဟု Foundation for Ecological Recovery ဥက္ကဋ္ဌ ဗီရာဝပ် ဒီရာပရာဆပ်က သတိပေးပြောကြားလိုက်သည်။

အကြောင်းအရင်းမှာ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းဥပဒေများ အလွန်အားနည်း သောကြောင့်ဖြစ်ပြီး ထားယ်ဒေသခံ အသိုင်းအဝိုင်း၏ အခွင့်အရေး နှင့်အကျိုးစီးပွားကိစ္စများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါင်းစဉ်အောက်တွင် လာရောက်ပတ်သက် ကြလိမ့် မည်ဟု ၎င်းကဆိုသည်။

“အီတာလျံထိုင်းက အစပျိုးထားတဲ့ဒီစီမံကိန်းဟာ အခုထိတော့ အာဆီယံချာတာမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ် များနှင့် ကိုက်ညီနေတုန်းပါပဲ”ဟု ဗီရာဝတ်က ပြောကြားသည်။

ရာမာသီဘိုဒီ ဆေးရုံမှ ဒေါက်တာခါနက်ခရုကူးက “လွတ်လပ်လာမယ့် နယ်စပ်ဖြတ်ကူး ကုန်သွယ်မှု ၊စက်မှုဖွံ့ဖြိုးမှု ၊သဘာဝပတ်ဝန်းကျင် ပျက်စီးမှု တွေနဲ့ အတူ တွဲဖက်လိုက်ပါလာကြမယ့် ကျန်းမာရေး၊ လူမှုရေးဆိုးကျိုး အလားအလာတွေကို သေသေချာချာ အသေးစိတ် လေ့လာဖို့ လိုအပ်ပါတယ်”ဟု သတိပေး ပြောဆိုသည်။

Healthy Public Policy Foundation ဆူဖာကစ်နွန်တာဗိုရာခန်က “ထိုင်းနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုကို မဆန့်ကျင် ကြပါဘူး။ ဒါပေမယ့် ထားဝယ်နဲ့ ကန်ချနာဘူရီ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု လက္ခဏာသွင်ပြင်တွေကို မထိခိုက်အောင် ကုမ္ပဏီတွေက အကောင်းဆုံး လိုက်နာလုပ်ကိုင်ကြတာကို မြင်ချင်ကြတယ်”ဟု ထောက်ပြပြောဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ထားဝယ်စီမံကိန်း ပြီးသွားရင် ၅ဆတက်လာ ပါလိမ့်မယ်” ဟု၎င်းကသတိပေးသည်။

ထို့ပြင်ရေသုံးစွဲမှုသည်လည်း တစ်ရက်လျှင် ကုဗမီတာ၅.၉သန်း ခန့်ဖြစ်လာမည့် အတွက် ရေဆိုးရေပုပ်၊ စွန့်ပစ်ရေနှင့် စက်မှုလုပ်ငန်း စွန့်ပစ် အညစ်အကြေးများ စုပုံလာလိမ့်မည်ဟုဆိုသည်။

“ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အကဲဖြတ်ချက်တွေကို အပေါ်ယံအနေနဲ့ အလွယ်တကူ လုပ်လို့မရနိုင်ပါဘူး။ နယ်စပ်ရဲ့ တစ်ဖက်တစ်ချက်က ပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် ကြီးကြီးမား သက်ရောက်နိုင်တဲ့ အ လျောက် အရာရာအားလုံးအပေါ် အစအဆုံး ခြုံငုံသုံးသပ်မှုတွေကို စေ့စေ့စပ်စပ် အကဲဖြတ်လေ့လာမှု ပြုလုပ်ကြဖို့ လိုအပ်ပါတယ် ”ဟု မစ္စတာ ဆူဖာကစ်က တိုက်တွန်း ပြောကြားသည်။

---------------------------------------------------------------------------------------------------------------------

ကချင်ဒုက္ခသည်များကို တရုတ်နိုင်ငံ အတင်းပြန်ပို့

(BBC News မှ 24 August 2012 ရက်စွဲပါ “China forcing Kachin refugees back to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

တိုက်ပွဲဖြစ်ပွားနေသော မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ထွက်ပြေးလာကြသော ကချင်ဒုက္ခသည် များအား အဓမ္မ အတင်းပြန်ပို့ခြင်းကို ရပ်ဆိုင်း ရန် တရုတ်နိုင်ငံရဲ့ လူအခွင့်အရေးအုပ်စုက တောင်းဆိုလိုက်ပြီး ဒုက္ခသည်များအား ညှင်းပန်းနှိပ်စက်မှု ၊အကြမ်းဖက်မှုတို့ကို ရင်ဆိုင်နေရကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောအပတ်အတွင်း ဒုက္ခသည် အနည်းဆုံး ၁၀၀၀ခန့်ကို မြန်မာနိုင်ငံဘက်သို့ နှင်ထုတ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အုပ်စုက စွပ်စွဲပြောကြားသည်။

ယူနန်ပြည်နယ်အတွင်းရှိ ယာယီတဲစခန်းများမှ နောက်ထပ်ဒုက္ခသည် ၄၀၀၀ခန့်ကို ပြန်ပို့ရန်စီစဉ် နေသည်ဟု Human Right Watch ကပြော ကြားသည်။

မြန်မာ့တပ်မတော်နှင့်ကချင်တပ်ဖွဲ့များအကြား မနှစ်ကတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ကချင်ပြည်နယ်တွင် ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲသွားခဲ့သည်။

တရုတ်နိုင်ငံသည် ကချင်ဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခြင်းအားဖြင့် နိုင်ငံတကာဆိုင်ရာ လိုက်နာရမည့် ဝတ္တရားများ ကိုချိုးဖောက် နေသည်ဟု လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။

Human Rights Watch အုပ်စု၏ ဒုက္ခသည် အစီအစဉ် ဒါရိုက်တာ ဘီးဖရီးလစ်ခ်က “တရုတ်နိုင်ငံအနေဖြင့် ယခုကိစ္စကို အရေးပေါ် ပြောင်းလဲ လုပ်ဆောင်ကာ ဒုက္ခသည်များအား ယာယီအကာအကွယ်ပေးမှု ဆောင်ရွက်ပေးသင့်သည်”ဟု တိုက်တွန်းပြောကြားသည်။

အတင်းအကြပ် ပြန်ပို့ခံရသော ဒုက္ခသည်များသည် ယူနန်ပြည်နယ် ရှိယာယီစခန်းများတွင် ၂၀၁၁ဇူလိုင်လကစ၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်ဟု Human Right Watch ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်ပြည်နယ်တွင် ခိုလှုံနေသည့် အရေအတွက် ၇၀၀၀နှင့်၁၀၀၀၀ကြားရှိသော ဒုက္ခသည်များထံသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများအား သွားရောက်ခွင့်ပေးရန် ကိစ္စကို လည်းတရုတ်နိုင်ငံက ငြင်းဆန်ထားသည်ဟု Human Rights Watch ကထုတ်ဖော် ပြောကြားသည်။

Human Rights Watch ကဇွန်လတွင် ထုတ်ပြန်သော ၆၈ မျက်နှာပါ အစီအရင်ခံစာတွင် တရုတ်နိုင်ငံရောက် ကချင်ဒုက္ခသည်များအတွက် အစားအစာ၊ အမိုးအကာ ၊ရေနှင့် သန့်ရှင်းရေးကိစ္စ တို့ အကန့်အသတ် ရှိနေသည်ဟု တင်ပြထားသည်။

ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် သတင်းများစွာလည်း ထွက်ပေါ် လျက်ရှိသည်။

              ဤလက်နက်ကိုင် ပဋိပက္ခသည် စစ်အုပ်ချုပ်ရေးကြောင့် ယိုယွင်းနေသော မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရန် ကြိုးစားနေသည့် အရပ်ဖက် အစိုးရသစ် ရင်ဆိုင်နေရသော အကြီးအမားဆုံး စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ဘီဂျင်းမှ ဘီဘီစီသတင်းထောက် မာတင်ပေးရှင့် ကတင်ပြထား သည်။

---------------------------------------------------------------------------------------------------------------------

ဘင်္ဂလားဒေ့ရှ်၏ ဂရုဏာမဲ့ ရိုဟင်ဂျာ မူဝါဒ ကို HRW ရှုတ်ချ

(AFP သတင်းမှ 23 Aug 2012 ရက်စွဲပါ “ Human Rights Watch Slams Bangladwsh’s cruel Rohingya Policy” သတင်းကို ဘာသာပြန်ဆိုသည်။)

အိမ်နီးချင်း မြန်မာနိုင်ငံမှ အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် လူသားချင်းစာနာသော အကူအညီပေးမှုကို တင်းကျပ်ထားသည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ဂရုဏာမဲ့မှုကို Human Rights Watch က ကြာသာပတေးနေ့တွင် ပြစ်တင်ရှုတ်ချလိုက် ပါသည်။

ဒုက္ခသည်များ ထပ်မံစီးဝင်လာအောင် အားပေးရာရောက်သောကြောင့် ရိုဟင်ဂျာများအပေါ် ကူညီမှု ရပ်ဆိုင်းရန် နိုင်ငံတကာကယ်ဆယ်ရေး အေဂျင်စီ(၃)ခုဖြစ်သော Doctors Withot Borders, Action Against Hunger, Muslim Aid UK တို့အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြီးခဲ့သောလ တွင် ညွှန်ကြားခဲ့သည်။

ရိုဟင်ဂျာ ၃၀၀၀၀၀ခန့် လက်ရှိနေထိုင်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇွန်လက မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားသော အဓိကရုဏ်း နောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်များ  တင်ဆောင်လာသော စက်လှေများကို ပြန်လည်မောင်းထုတ်လျှက်ရှိသည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့နိုင်ငံမှာ ရောက်နေပြီးသား ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဆိုးဝါးအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ နှိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ထပ်ဝင်မလာအောင် လုပ်နေတာပါ။ ဒီလိုရက်စက်ပြီး ဂရုဏာမဲ့တဲ့ မူဝါဒကို ချက်ချင်းပြောင်းလဲ ပြင်ဆင်သင့်ပါတယ်” ဟု HRW ၏ ဒုက္ခသည် ပရိုဂရမ် ဒါရိုက်တာ ဘီလ်ဖရီးလစ် ကပြောကြားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယင်း၏နယ်စပ်မှ ဒုက္ခသည်များ အပါအ၀င် ပြည်သူများ၏ စားနပ်ရိက္ခာ နှင့် ဆေးကုသခွင့် ပိတ်ပင်ခြင်းကို တားမြစ်ထား သည့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လတ်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သည်ဟု HRW အုပ်စုက ထောက်ပြပြောဆိုသည်။

အထက်ဖော်ပြပါ ကယ်ဆယ်ရေး အေဂျင်စီ သုံးဖွဲ့သည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းရေး အပါအ၀င် အခြားအခြေခံ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေကြသည်။ စစ်တကောင်းနယ် ကော့ဘဇားမှ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသည် ကမ္ဘာပေါ်တွင် အခြေအနေဆိုးဝါးသော ဒုက္ခသည်စခန်းများထဲ၌ ပါဝင်နေသည်ဟု ကယ်ဆယ်ရေးလုပ်သားများက ပြောကြားကြသည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းသားများ နည်းတူ ဘင်္ဂါလီဘာသာစကားပြောသော ရိုဟင်ဂျာများကို တရားမ၀င် ခိုးဝင်နေထိုင်သူများအဖြစ် မြန်မာနိုင်ငံက သတ်မှတ်ဆက်ဆံလျက်ရှိပြီး လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်ခံရန်ငြင်းဆန်နေသောကြောင့် ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးစုဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment