Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၂၆.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ကချင်၊ရခိုင်ကလေးများအတွက် ပညာရေးရန်ပုံငွေပွဲ ကျင်းပ
  2. ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဂျပန်တည်ထောင်ပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကလေးစစ်သားအဖြစ် စုဆောင်းခဲ့သည့်အရာရှိနှင့် စစ်သားများအား အရေးယူထား
  2. လမ်းတံတားနှင့်သက်ဆိုင်သောဥပဒေအချို့ပြင်ဆင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ကချင်၊ ရခိုင်ကလေးများအတွက် ပညာရေးရန်ပုံငွေပွဲကျင်းပ

ပြည်တွင်းစစ်ဘေးဒဏ်ခံ ကချင်ပြည်နယ်အတွင်းမှ တိုင်းရင်းသား ကလေးငယ်များနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်းမှ ကလေးငယ်များ၏ ပညာရေးကောင်းမွန်နိုင်စေရန် ရန်ကုန်အခြေစိုက် ပရပိာတလူငယ်များကွန်ရက်မှ ၂၀၁၂ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၉ နာရီမှ စတင်ကာတော်ဝင်စင်တာ၊ ပထမထပ်(ပရိုမိုးရှင်းဧရိယာ)တွင် ပညာရေးရန်ပုံငွေ နိဗာန်ဈေးပွဲတော်ကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပွဲတွင် ရန်ကုန်အခြေစိုက် ပရပိာတလူငယ်များကွန်ရက်မှ ကချင်၊ ရခိုင်ဒေသရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေများ ရရှိနိုင်စေရန် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲပေးခြင်း၊ မှတ်တမ်းဓာတ်ပုံများ ရောင်းချခြင်း၊ ဘာသာရေးစာအုပ်များ လှူဒါန်းခြင်း၊ တဲရော့ဗေဒင်များ ပောာပြောခြင်း၊ လက်သည်းပန်းချီများ ရေးဆွဲပေးခြင်း၊ သဘာဝပတ်ဝန်းကျင်အတွက် ပျိုးပင်များဝေမျှခြင်းနှင့် ရခိုင်ရိုးရာ အစားအစာများ၊ ဆူရှီ၊ ဆနွင်းမကင်း၊ ဆင်းဒွစ်(ရ်) မုန်လာနီသုပ် စသည့် အစားအသောက်များ ကျွေးမွေး၍ လာရောက်သည့် ဧည့်သည်များထံမှ အလှူငွေများ ကောက်ခံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ခုကိုယ့်အတွက် ကိုယ်လုပ်နေတာ မပာုတ်ဘူးဆိုပေမယ့် ပရိပိာတစိတ်နဲ့ လုပ်ဆောင်ချက်တွေအပေါ် အရမ်းကို ပျော်ပါတယ်။ အနာဂါတ်ရဲ့ အလင်းရောင်တွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ဘ၀ကို မြှင့်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒီ့ထက်ပိုပြီး လှူနိုင် အောင်လည်း ကြိုးစားသွားမှာပါ”ပာု ပုံပြောသူများအဖွဲ့မှ ကိုဝေယံဖြိုးက ပြောကြားသည်။

ထို့ပြင် ကချင်နှင့် ရခိုင်မှ ကလေးများအတွက် ပညာရေးရန်ပုံငွေဈေးပွဲတော်သို့ The Best of Melody World ဆုရှင် ရွှေရည်ဖြိုးမောင်မှ တက်ရောက်၍ ပရိသတ်များထံမှ အလှူငွေများကို ကိုယ်တိုင်ကိုယ်ကျ တောင်းခံခဲ့ပြီး ဆောင်းဦးလှိုင်၊ လင်းနစ်၊ ရိုတတို့မှ တေးသီချင်းများ သီဆို၍ ပရိသတ်များအားဖျော်ဖြေမှုများ ပြုလုပ်ပေးခဲ့သည်။

ယင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ တက်ရောက်ခဲ့ပြီး တေးဂီတဖျော်ဖြေမှုများကို အားပေးခဲ့ကြောင်း သိရသည်။

NT

-------------------------------------------------------------------------------------------------------------------------    

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဂျပန်တည်ထောင်ပေးမည်

မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ လုပ်ကိုင်လိုသော်လည်း အရင်းအနှီးမရှိသေးသည့် လုပ်ငန်းရှင်များအတွက် လိုအပ်သည့် အရင်းအနှီးများ ရရှိနိုင်စေရန် ဂျပန်နိုင်ငံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အား ထူထောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကအနေနဲ့ကတော့ ပြည်တွင်းက တိုင်းရင်းသားပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပေါ်ထွက်လာနိုင်စေဖို့နဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင် နိုင်ဖို့အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကို ထူထောင်ဖို့ စီစဉ်ရတာပါ။ လက်ရှိမှာလည်း ဂျပန်နိုင်ငံအစိုးရက ဒီကိစ္စအတွက် စီစဉ် ဆောင်ရွက်နေပါတယ်”ပာု Daiwa PI Partners ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လအတွင်း Park Royal ပိာုတယ်၌ ကျင်းပသည့် စတော့ အိတ်ချိန်း ဈေးကွက် ဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကို ၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ယင်းအဖွဲ့မှ ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိသည့် ကုမ္ပဏီများအား ချေးငွေချေးပေးခြင်း၊ နည်းပညာများပေးခြင်း၊ လိုအပ်ချက်များအတွက် ကူညီထောက်ပံ့ခြင်းများကို ဂျပန်နိုင်ငံအစိုးရမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၂ ထဲမှာကို ဂျပန်အစိုးရက ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကို ထူထောင်သွားမယ်လို့ ပြောပါတယ်။ ဒါဆိုရင် ပြည်တွင်းက စီးပွားရေး လုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက် ဝမ်းသာစရာပါပဲ။  ပြည်သူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ရလာနိုင်စေမှာပါ။ ဒီကိစ္စ အတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်”ပာု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ တည်ထောင်ခြင်းဖြင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်လာတော့မည့် ပြည်တွင်း စတော့အိတ်ချိန်း ဈေးကွက်တွင် ပြည်တွင်းမှလုပ်ငန်းရှင်များ ပါဝင်လာနိုင်စေရန်အတွက် အထောက်အကူ ဖြစ်သွားမည်ဖြစ်ကြောင်း လာမည့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်(AFTA)တွင် အခြားနိုင်ငံမှ လုပ်ငန်းရှင်များအား ပြည်တွင်းလုပ်ငန်းရှင်များမှ ယှဉ်ပြိုင်နိုင်ရန် အထောက်အကူဖြစ်မည် ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကလေးငယ်စစ်သားအဖြစ် စုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သားများအား အရေးယူထား

တပ်မတော်တွင်း စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် တပ်မတော် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများအား ဆန့်ကျင်၍ အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်သားအဖြစ် စုဆောင်းခဲ့သည့် အရာရှိနှင့် အခြားအဆင့်ရှိ တပ်သားစုစုပေါင်း ၁၈၀ ကျော်အားအရေးယူထားပြီး ဖြစ်ကြောင်း အမှတ်(၁)တပ်မတော် စစ်သားစုဆောင်းရေးတပ်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြောကြားသည်။

“ကလေးစစ်သားစုဆောင်းတာတွေပာာ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာတွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဥပဒေနဲ့ညီညွှတ်ခြင်း မရှိပါဘူး။ ဒီလိုကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာကို ကာကွယ်နိုင်ဖို့အတွက် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနဲ့ UN CTFMR တို့ကပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မကြာသေးမီ ကာလအတွင်းကလည်း ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်၊ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်း ရေးကောင်စီ၊  ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA) တောင်ပိုင်းနှင့် ‘ဝ’ အမျိုးသားတပ်မတော်တို့တွင် ကလေးစစ်သားများ အသုံးပြုလျက် ရှိကြောင်း ကုလသမဂ္ဂကစာရင်း ထုတ်ပြန်ကြေညာခဲ့သည်။

“မြန်မာနိုင်ငံထဲမှာ ကလေးစစ်သား အသုံးပြုမှုတွေက တော်တော်များပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွေလည်း တော်တော်ကို ပျောက်ဆုံးနေပါပြီ။ ဒီကိစ္စအတွက် တပ်မတော်အနေနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ကလေးစစ်သား ပပျောက်ရေးအတွက် စီမံချက်တွေ ရေးဆွဲပြီး လုပ်ဆောင်သင့်ပါတယ်”ပာု ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် UN CTFMR တို့အကြား ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုဇွန်လ ၂၇ ရက်နေ့တွင် နေ ပြည်တော်ရှိသင်္ဂပာပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လမ်းတံတားနှင့် သက်ဆိုင်သောဥပဒေအချို့ပြင်ဆင်

မြန်မာနိုင်ငံအတွင်း လမ်း၊ တံတား၊ ဂိတ်များနှင့် သက်ဆိုင်သော ဥပဒေအချို့ကို ခေတ်နှင့်လျော်ညီမှု ရှိနိုင်စေရန် ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၁၉၈၅ ခုနှစ်ကတည်းကအသုံးပြုခဲ့တဲ့ လမ်း၊ တံတား၊ ဂိတ်တွေနဲ့သက်ဆိုင်တဲ့ ဥပဒေတွေပာာ tခုဆို ခေတ်မီခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ဒီဥပဒေတွေကို ပြန်ပြီးပြင်ဆင်လိုက်ပါတယ်”ပာုအထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိ အသုံးပြုလျက်ရှိသောလမ်း၊ တံတားနှင့်သက်ဆိုင်သော ဥပဒေကို လမ်းမကြီးပေါ်၌ ကောက်ခံခွင့်မရသော ဂိတ်အားဖွင့်၍ ကောက်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ်နှင့် ထောင်ဒဏ် ၆ လအစား၊ ဒဏ်ငွေ ၅ သိန်းကျပ်နှင့် ထောင်ဒဏ် ၆လ ပာူ၍ လည်းကောင်း၊ တရားဝင် ခွင့်ပြုထားသည့် ဂိတ်မှ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၃၀၀၀ ကျပ်အစား၊  ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၃၀၀,၀၀၀ ပာူ၍ လည်းကောင်း၊ သတ်မှတ်ထားသည့်ဂိတ်ကြေးကို ပေးဆောင်ရန် ငြင်းဆန်ပါက ထောင်ဒဏ် ၁ လအစားထောင်ဒဏ် တစ်လနှင့် ဒဏ်ငွေ ၁၀၀,၀၀၀ သိန်းအဖြစ်လည်း ကောင်း၊ ယာဉ်များသတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ထောင်ဒဏ် ၆ လအစားထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေကျပ် ၅၀၀,၀၀၀ ပာူ၍ လည်းကောင်း၊ တန်ပိုတင်ရန်အတွက် အင်ဂျင်ပြင်ခြင်း၊ ဂီယာဘောက်စ်ပြင်ခြင်း၊ လေးပြင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်သုံးလအစား ထောင်ဒဏ် သုံးလနှင့် ဒဏ်ငွေ ၃၀၀,၀၀၀ ကျပ်ပာူ၍လည်းကောင်း ပြန်လည်ပြင်ဆင်ခဲ့သည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတားနှင့်သက်ဆိုင်သော ဥပဒေအချို့ကို ခေတ်နှင့်လျော်ညီမှု ရှိနိုင်စေရန် ပြင်ဆင် လိုက် သကဲ့သို့ လမ်းသစ်များဖောက်ခြင်း၊ တံတားသစ်များ တည်ဆောက်ပြုပြင် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ရန် ကတ္တရာလမ်းဟောင်းများကို ပြုပြင် ထိန်းသိမ်းခြင်း၊ ကတ္တရာလမ်းသစ်များခင်းခြင်းနှင့် လမ်းတံတားတည်ဆောင်ရေး လုပ်ငန်းများ ပြုလုပ်နိုင်ရန် စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီများထံမှ ကတ္တရာ မက်ထရစ် တန်သုံးသောင်းဝယ်ယူခဲ့ကြောင်း သိရသည်။

“ဆောက်လုပ်ရေး၊ လမ်းတံတားနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်သလိုပဲ ပြည်သူအတွက် လမ်းတံတားနဲ့ပတ်သက်လို့ ဝန်ဆောင်မှုကောင်း တွေ ပေးနိုင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြိုးစားနေပါတယ်။ ခုလည်း စင်္ကာပူနိုင်ငံက ကတ္တရာတွေဝယ်ပြီးတော့ လမ်းသစ်တွေ ဖောက်လုပ် နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ပြီးတော့ လမ်းတံတား အသုံးပြုခတွေ၊ ဂိတ်ကြေးတွေ ပိုကောက်ခံနေတဲ့ ကုမ္ပဏီတွေကိုလည်း ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပါ”ပာု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြာသည်။

လက်ရှိအချိန်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပေ ၁၈၀ နှင့်အထက် တံတားပေါင်း ၂၇၉ စင်း တည်ဆောက် လျက်ရှိပြီး ကတ္တရာလမ်းမိုင်ပေါင်း နှစ်သောင်းလေးထောင် သုံးရာနှစ်ဆယ့် နှစ်မိုင်လေးဖာလုံကို တာဝန်ယူဖောက်လုပ်လျက် ရှိသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စပါးကရေမြုပ်နေတာ တစ်ပတ်ဆိုရင် ပြဿနာမရှိဘူး။ ဆယ်ရက်ဆိုရင်တော့ သေပြီ။ ပြန်စိုက်လို့ရတယ် ဆိုပေမယ့် သက်တမ်းတို စပါးပဲရမယ်။ မိုးရေ အားကိုးပြီး စိုက်ရတဲ့စပါးဆိုရင် နောက် ပိုင်းမိုးမရရင် ပြဿနာရှိတယ် ”

သြဂုတ် ၂၅ရက်ထုတ် The Voice  ဂျာနယ် အတွဲ (၈) အမှတ် (၃၄) တွင်ပါရှိသည့်“ရေကြီး၍ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှု လေးပုံတစ်ပုံ ထိခိုက်”သတင်းမှ ဆန်စပါးစိုက်ပျိုးရေးပညာရှင် ဒေါက်တာ မျိုးအောင်ကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ဒီနေ့ဒီအချိန်ဟာ နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုမခံရအောင် အလိုက်သင့် ရုန်းကန်နေရတဲ့ အချိန်ပါ။ တကယ်တော့ လူ့အခွင့်အရေးကိစ္စနဲ့ နိုင်ငံတည်ငြိမ်ရေး ဆိုတာက မြန်မာနိုင်ငံသားတွေအပေါ်မှာ မူတည်သလား။ ဒါမှမဟုတ် လွှတ်တော်အပေါ်မှာ မူတည်နေတာလား။ သို့မဟုတ် သမ္မတကြီးအပေါ်မှာ မူတည် နေတာလား။ ဒီလိုမှမဟုတ်သေးရင်နိုင်ငံကြီးတွေရဲ့ အကျိုး စီးပွားအတွက် အရေးကြီးနေတာမျိုးလားစဉ်းစားစရာပါ။

သြဂုတ် ၂၆ရက်နေ့ထုတ် The Flower News ဂျာနယ်အတွဲ(၈)အမှတ်(၃၃)တွင်ပါရှိသည့် ဗညာဦးရေးသားသော တည်ငြိမ်မှု၊ ဂုဏ်သိက္ခာ နှင့် လူ့ အခွင့်အရေး ဆောင်းပါးမှကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------

ထိုင်းရဲ့ ကုန်သွယ်ရေးလမ်းကြောင်းက ပစိဖိတ်တင် မကဘူး။ အိန္ဒိယသမုဒ္ဒရာအထိ တိုးချဲ့မှာ အဲဒီအတွက်ကြောင့် ထားဝယ်ဟာ ထိုင်းအတွက် အင်မတန် အရေးကြီးတယ်။ အဲဒီအတွက်ကြောင့် ယင်လက်ခ်က တက်တက်ကြွကြွနဲ့ ဒီကိစ္စကို မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်နေတဲ့အတွက်ကြောင့် ခုလာမယ့် သူရဲ့ ခရီးစဉ်မှာလည်း ဒါကိုဆက်ပြီးတော့ မြန်မာအစိုးရကို ဆက်ပြီးတွန်းအားပေးပြီးတော့ အကောင်အထည်ဖော်ခွင့်ရဖို့အတွက် သူလုပ်သွားရလိမ့်မယ်။

သြဂုတ် ၂၆ရက်နေ့ထုတ် News Day ဂျာနယ် အတွဲ(၁)အမှတ်(၂၅)တွင်ပါရှိသည့် “ထိုင်းဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင် ထားဝယ်အရေး အာရုံစိုက် မည်ဟု ပြောကြား”သတင်းမှ ထားဝယ်စီမကိန်းဆိုင်ရာလေ့လာသူ ထိုင်းနိုင်ငံအခြေစိုက် ဦးဇော်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------

“ပဋိပက္ခ ဖြစ်ဖြစ်ချင်း ဗီဂျေနမ်ပီးယား လာသွားတယ်။ တွေ့သင့်တွေ့ထိုက်သူ အားလုံးနဲ့ မတွေ့သွားတာ သတိထားမိတယ်။ ဒါပေမယ့် သူ့သတင်း ထုတ်ပြန်ချက်က သိပ်အဆိုးကြီး မဟုတ်ဘူး။ ကွင်တားနား လာသွားတယ် တွေ့သင့်တွေ့ထိုက်သူ အားလုံးကို မတွေ့သွားဘူး။ တွေ့ချင်တဲ့သူပဲ တွေ့သွား တယ်။ အသံအားလုံးကို နားမထောင်သွားဘူး။ ကြားချင်တဲ့အသံပဲ နားထောင်သွားတယ်။ ဒါ့ကြောင့် ပါတီ(၂၄)ခုက ကန့်ကွက်တာကို ခံလိုက်ရတယ်။  သူ့သတင်းထုတ်ပြန်ချက်နဲ့ ဝေဖန်ချက် က (Favour to)ထက် (Baise to)ဘက် အလေးသာနေသလိုပဲ”

သြဂုတ် ၂၆ရက်ထုတ် Messenger ဂျာနယ်အတွဲ(၃)အမှတ်(၁၄)တင်ပါရှိသည့် “နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်နှင့် တွေ့ဆုံခြင်း” မှ ဒေါက်တာနေဇင်လတ်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment