Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၉.၂၀၁၂

ဘာသာပြန်သတင်းများ

လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေနိုင်မည်ဟု ဆို

(Gulf Times မှ 2 September 2012 ရက်စွဲပါ Yangon to allow daily newspapers ကိုဘာသာပြန်ဆိုသည်)

၂၀၁၅တွင် မူးယစ်ဆေးဝါးကင်းမဲ့ဇုန်ဖြစ်လာရန် အာဆီယံမျှော်မှန်း

(Bernama Newsမှ 1Sept2012 ရက်စွဲပါ “Asean set to become druge-free zone by 2015” သတင်းကို ဘာသာပြန်ဆိုသည် )

အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းသည်ထက်ကောင်း

(31 August 2012ရက်စွဲပါ BBC Newsမှ “India’s economic growth better than forecast” သတင်းကိုဘာသာပြန် ဆိုသည် )

****************************************

ဘာသာပြန်သတင်းများ

လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေနိုင်မည်ဟုဆို

(Gulf Times မှ 2 September 2012 ရက်စွဲပါ Yangon to allow daily newspapers ကိုဘာသာပြန်ဆိုသည်)

လာမည့် ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေနိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးသစ် ဦး အောင်ကြည်က ထုတ်ဖော်ပြောဆိုသည်။

ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်သို့ ဦးအောင်ကြည်က ပြောဆိုရာတွင် လတ်တလော နိုင်ငံပိုင် သတင်းစာများသာ နေ့စဉ်ထုတ်ဝေ နိုင်သော် လည်း လာမည့်လ များအတွင်း ပုဂ္ဂလိက သတင်းစာများလည်း ထုတ်ဝေလာနိုင်မည် ဖြစ်သည်ဟု ပြောကြားသည်။

"နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ရိုးရိုးရှင်းရှင်းပဲ ယုံကြည်ထားပါတယ်" ဟု ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နေရာကို အစားထိုး ဝင်ရောက်လာသူ ဦးအောင်ကြည်က ပြောကြားသည်။ မြန်မာ အစိုးရ သည် ပြုပြင်ပြောင်းလဲရေး အစိုးရ တစ်ရပ်အဖြစ် ပိုမိုပီပြင်လာရေးအတွက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့ ဝန်ကြီးများ ရာထူးပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

ပုဂ္ဂလိက သတင်းဂျာနယ်များအတွက် ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ဥပဒေ မပေါ်ထွက်မီ လိုက်နာဆောင်ရွက်ရမည့် စည်းမျည်း စည်းကမ်းများကို ဦးစွာ ဆွေးနွေးသင့်ကြောင်း ၎င်းကဆိုသည်။ သို့သော် ၂၀၁၃ခုနှစ် မည်သည့်အချိန် ကာလတွင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုမည်ဟူသော အသေးစိတ် အချက်အလက်ကို ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိတဲ့ မီဒီယာ ဥပဒေတစ်ရပ် ရေးဆွဲဖော်ထုတ်ဖို့ ကျွန်တော်ဆန္ဒရှိနေပါတယ်" ဟု ၎င်းကဆိုသည်။ မီဒီယာ ဥပဒေသစ်နှင့် ပတ်သက်၍ လွှတ်တော်သို့ အဆိုပြု တင်ပြမည့် ကိစ္စမှာ နှောင့်နှေးကြန့်ကြာ လိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ သတင်းစာဆရာများ၊ ပညာ ရှင်များနှင့် အကြံဉာဏ် ရယူတိုင်ပင်ရန် အချိန်ပေးရဦးမည် ဖြစ်၍ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် သြဂုတ်လ လယ်ပိုင်းက အပတ်စဉ် ထုတ်သတင်း ဂျာနယ်များနှင့် အခြားစာစောင်များအား ယခင် တင်-ထုတ် စနစ်မှ ထုတ်-တင်စနစ်သို့ ပြောင်းလဲပေးလိုက်သည်။ ယခင်က ပုံနှိပ်ထုတ်ဝေမှု မပြုမီ ဆင်ဆာအဖွဲ့သို့ တင်ပြသည့် စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေပြီးမှ စိစစ်ရေးသို့ တင်ပြရသည့် စနစ်သို့ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိအနေအထားတွင် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားတင်ဆက်မှုပုံစံ အနည်းငယ် ခေတ်မီ ဆန်းသစ်လာသည်ကို တွေ့ ရ သည်။ အထူးသဖြင့် အဆိုပါ သတင်းစာများတွင် နာမည်ကျော်ကြားသူ မင်းသား၊ မင်းသမီး များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် အတင်းအဖျင်းသတင်းများ ပိုမိုထည့်သွင်းလာသည်။ ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်က အဆိုပါ သတင်းစာများသည်လည်း သိသာထင်ရှားသော ပြောင်းလဲမှုများ ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

၂၀၁၅တွင် မူးယစ်ဆေးဝါးကင်းမဲ့ဇုန်ဖြစ်လာရန် အာဆီယံမျှော်မှန်း

(Bernama Newsမှ 1Sept2012 ရက်စွဲပါ “Asean set to become druge-free zone by 2015” သတင်းကို ဘာသာပြန်ဆိုသည် )

အာဆီယံ အဖွဲ့ဝင်နိုင်ငံ သည်၂၀၁၅တွင် ကမ္ဘာ့မူယစ်ဆေးဝါး ကင်းမဲ့ဇုန် ဖြစ်လာရန် စီစဉ်ထားကြသည့် အလျောက် သောကြာနေ့က ဘန်ကောက် တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာအာဆီယံဝန်ကြီးများ အထူးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရာတွင် ရည်မှန်းချက်အောင် မြင်ရန်အတွက် မြန်မာနိုင်ငံသည် သော့ချက်ကျကြောင်း သတ်မှတ်ခဲ့ကြသည်ဟု Thai News Agencyက သတင်းထုတ်ပြန်သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ တူညီသောပန်းတိုင် ဖြစ်သည့်၂၀၁၅တွင် မူးယစ်ဆေးဝါးကို ထိရောက်စွာ  ထိန်းချုပ်ရေးကိစ္စ ကို အဓိကထား ဆွေးနွေးရေးဆွဲ ခဲ့ကြပြီး ဒုဝန်ကြီးချုပ်ချာလမ်က “အာဆီယံ အသိုင်းအဝိုင်းအဖြစ် ဖွဲ့စည်းရန် စီစဉ်ထားသော ၂၀၁၅တွင် မူးယစ်ဆေးဝါးကြောင့် ဒေသတွင်း လူ့အဖွဲ့အစည်းကို မထိခိုက်စေရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများက တားဆီးကြရန် ရည်ရွယ်ထားကြောင်း ”ပြောကြားခဲ့ပြီး “မြန်မာနိုင်ငံ တာချီလိတ်ဒေသသည် မူးယစ်ဆေးဝါး ပြဿနာများ၏ မြစ်ဖျားဖြစ်နေခြင်းကြောင့်  အာဆီယံအဖွဲ့၏ မျှော်လင့်ချက်သည် မြန်မာနိုင်ငံအပေါ်တွင် မူတည်နေသည်”ဟု ပြောဆိုသည်။

အကယ်၍ တာချီလိတ်ဒေသမှ မူယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်များ အောင်မြင်သည် ဆိုပါက အာဆီယံဒေသ ၏မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ရှိသူ ချာလမ်ယူဘမ်ရွန်က ဆက်လက်ပြောဆို သွားခဲ့သည်ဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းသည်ထက်ကောင်း

(31 August 2012ရက်စွဲပါ BBC Newsမှ “India’s economic growth better than forecast” သတင်းကိုဘာသာပြန် ဆိုသည် )

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဇွန်လတွင် ကုန်ဆုံးခဲ့သော ပထမသုံးလ၌ မျှော်မှန်းသည်ထက်ပိုမို လျင်မြန်စွာ တိုးတက်ခဲခြင်းကြောင့် အာရှဒေသ၏ တတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံအဖို့ တိုးတက်မှုသိသာနှေးကွေး မည်ကို စိုးရိမ် နေရခြင်းအား ဖြေလျော့ပေးနိုင်ခဲ့သည်။

ဧပြီလမှ ဇွန်လအထိတိုးတက်မှုများမှာ လွန်ခဲ့သည့် တစ်နှစ်ထက်စာလျှင်  ၅.၅ရာခိုင်နှုန်း ရှိသည်။ သုံးသပ်သူအများစုကမူ တိုးတက်မှုနှုန်းမှာ ၅.၃ရှိသည်ဟု ခန့်မှန်းကြသည်။ ပြီးခဲ့သည် ကွာတားက နှစ်စဉ်ကြီးထွားမှုနှုန်းမှာ ၅.၃ရာခိုင်နှုန်း ရှိခဲ့သည်။

သို့သော် ပြုပြင်ပြောင်းလဲမှု မရှိခြင်း၊ စက်ရုံထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း တို့သည်ရေရှည် တိုးတက်မှုအား ထိခိုက်မည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။

                “တိုးတက်မှုနှုန်းဟာ အံ့သြဖွယ် ၅.၅ရာခိုင်နှုန်း ရှိတယ်ဆိုပေမယ့် အခုနှုန်းဟာ အလားအလာကောင်း တယ်လို့ သတ်မှတ်ရမယ့် သတ်မှတ်ချက် အောက်မှာပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု နှေးကွေးပြီး ပြင်ပကဏ္ဍ လှုပ်ရှားမှုတွေ နှေးကွေးနေတာတွေကို အစိုးရက ကိုင်တွယ်ဖို့ လိုအပ်နေတယ်ဆိုတာ ပိုမို ရှင်းလင်း လာပါတယ်” ဟုForecast Pteမှ စီးပွားရေးပညာရှင် Radhike Raoက ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ တွန်းအားပေးခြင်း

                အိန္ဒိယ စီးပွားရေးသည် ပြီးခဲ့သည့် လများအတွင်း အချက်အလက် ပေါင်းစုံကြောင့် ထိခိုက်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် ပစ္စည်းဝယ်ယူမှု နှေးကွေးလာ ခြင်းသည် တိုင်းပြည်၏ ပို့ကုန်နှင့်စက်မှု ထုတ်လုပ်မှုကို ထိခိုက်စေသည်။ အိန္ဒိယ၏ စက်မှုထုတ်လုပ်မှုမှာ ဇွန်လ၌ လွန်ခဲ့စသည့်နှစ်က ထက်စာလျှင် ၁.၈ရာ ခိုင်နှုန်း ကျဆင်းခဲ့ပြီး လေးလအတွင်း တတိယအကြိမ် ကျဆင်းခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရသည် အတိုက်အခံနှင့် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲနေရခြင်းကြောင့် အဓိကကျသော ပြုပြင်ပြောင်းလဲမှုများ လမ်းပိတ်လျက် ရှိသည်။

ပို၍ဆိုးရွားစေသော အချက်မှာ အဂတိ လိုက်စားမှုများက အိန္ဒိယ၏ ပုံရိပ်ကို ထိခိုက်စေသည်သာမက ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှုကိုပါ ထိခိုက်စေသည်။

အိန္ဒိယတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ဇွန်လတွင် ပြီးခဲ့သည့် မနှစ်ကထက်စာလျှင် ၇၅ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သုံးသပ်သူများက ပြော ကြားရာတွင် အကယ်၍ တိုင်းပြည်သည် အနာဂတ်တွင် တိုးတက်မှုနှုန်း မြင့်မားမှုကို ထိန်းသိမ်း ထားလိုလျှင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု ရာသီဥတုကို တိုးတက် အောင် အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း  ပြောဆိုခဲ့သည်။

                “လာမယ့်ကွာတားမှာ စဉ်ဆက်မပြတ် တိုးတက်ကြီးထွားမှုဟာ သေချာစွာ ဖန်တီးပြုပြင်ထားတဲ့ မူဝါဒပြုပြင်ပြောင်း လဲရေးအပေါ်မှာ ကြီးမားစွာ မူ တည်နေတယ်”ဟု မွန်ဘိုင်းရှိ AK Capitalမှ Shakti Satapathy က ပြောကြားခဲ့သည်။ မူဝါဒဖြေလျော့မှု မရှိခြင်းလော။

ပြီးခဲ့သည့် လများအတွင်း အိန္ဒိယ၏ စီးပွားရေးနှေးကွေလာရခြင်းကြောင့် ဗဟိုဘဏ်အား အတိုးနှုန်းများ လျော့ချရန် တောင်းဆိုမှုများရှိခဲ့သည် ယခုနှစ် ဧပြီလတွင် ဗဟိုဘဏ်သည် အဓိက အတိုးနှုန်းကို ၈.၅ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းသို လျှော့ချပေးခဲ့ရာ သုံးနှစ်အတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

လူသုံးကုန်ပစ္စည်းဈေးနှုန်းများ တက်လာမှုကို ထိန်းသိမ်းရန် အတိုးနှုန်း မြင့်မားမှုကို ထိန်းသိမ်းထားလိုလျှင် အတိုးနှုန်းထပ်မံလျှော့ချရေး အတွက်တောင်းဆိုမှုများ ရှိသော်လည်း ဧပြီလကတည်းက ပြောင်းလဲမှုထပ်မံပြုလုပ်ခြင်း မရှိပေ။

ငွေကြေးဖောင်းပွမှုမှာလည်း ပြီးခဲ့သည့် လအနည်းငယ်တွင် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ အိန္ဒိယတွင် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ သည် ဇူလိုင်လတွင် လွန်ခဲ့သည့်နှစ်က ထက်စာလျှင် (၆.၈၇)ရာခိုင်နှုန်း တက်လာခဲ့သည်။

မေလတွင် ၇.၅၅ရာခိုင်နှုန်းနှင့် ဇွန်လတွင် ၇.၂၅ရာခိုင်နှုန်းရှိရာမှ ကျဆင်းလာခြင်း ဖြစ်သည်။ တိုးတက်နှုန်းသည်  မျှော်မှန်းသည်ထက် ပိုကောင်း နေခြင်းကြောင့် ဗဟိုဘဏ်သည် ၎င်း၏မူဝါဒများကို မပြောင်းလဲဘဲ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သုံးသပ်သူများက  ပြောကြားခဲ့သည်။

“ကျွန်တော်ထင်တာက ဗဟိုဘဏ်ဟာ ဇူလိုင်လက သူတို့ထင်သလောက် ဆိုးဆိုးရွားရွား မဖြစ်တော့ ဝမ်းသာနေမှာပါ။ ဒါ့ကြောင့် ဒီလမှာလည်း ဒီနှုန်းပြောင်းမှာ မဟုတ်သေးပါဘူး”ဟု စီးပွားရေးပညာရှင် A Prasannaက ပြောကြားခဲ့သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment