Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. OIC မှအချက်အလက် ရှာဖွေရေးကော်မရှင် မြန်မာနိုင်ငံသို့ထွက်ခွာ

(6September 2012ရက်စွဲပါ Arab Newsမှ “OIC fact-finding mission leaves for Myanmar” ကိုဘာသာပြန်ဆိုသည်)

  1. ထိုင်းနိုင်ငံက GMS အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆွေးနွေးပွဲ လက်ခံကျင်းပ

(6 September 2012ရက်စွဲပါ BERNAMA မှ “Thailand hots GMS anti-corruption seminar”ကိုဘာသာပြန်ဆိုသည်)

  1. ရန်ကုန်သို့ စင်ကာပူလေကြောင်းလိုင်း နေ့စဉ်ပျံသန်းမှု စတင်တော့မည်

(Chennel News Asia မှ 5 Sept 2012ရက်စွဲပါ “Singapore Airlines to Start daily Yangon Service”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် Master Card ၏ပထမခြေလှမ်း

(AFP Mသတင်းမှ 6Sept 2012 ရက်စွဲပါ “Master Card has first swipe in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

OIC မှအချက်အလက် ရှာဖွေရေး ကော်မရှင် မြန်မာနိုင်ငံသို့ထွက်ခွာ

(6September 2012ရက်စွဲပါ Arab Newsမှ “OIC fact-finding mission leaves for Myanmar” ကိုဘာသာပြန်ဆိုသည်)

မကြာမီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များအပေါ် ပြင်းထန်သော ဖြစ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံ စမ်းရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)၏ အချက်အလက် ရှာဖွေရေး မစ်ရှင်သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ထွက်ခွာသွားသည်။

အဆိုပါ မစ်ရှင်သည် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဖန် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်ရှိ အခင်းဖြစ်ပွားရာ နေရာများသို သွားရောက်လေ့လာမည် ဖြစ်သည်။

မစ်ရှင်သည် မကြာမီ လာရောက် ရန်ရှိသည့် OICအထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu အတွက်လည်း စီစဉ်မှုများ ပြုလုပ်မည် ဖြစ် သည်။

မစ်ရှင်သည် ၎င်းရှာဖွေတွေ့ရှိသည့် အချက်အလက်များကို အစီရင်ခံစာ ပြုစုပြီး Contact Group on Myanmarသို့ ပေးအပ်မည် ဖြစ်သည်။ ၎င်း အုပ်စုသည် ယခုလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရန်ဆွေးနွေးပွဲတွင် တွေ့ဆုံမည် ဖြစ်သည်။

အချက်အလက်များ ရှာဖွေရေးမစ်ရှင် စေလွှတ်ရန်နှင့် ဝန်ကြီးအဆင့်Contact Group ဖွဲ့စည်းရန်တို့ကို Jeddahရှိ OICဌာနချုပ်တွင် သြဂုတ်လ ၅ရက်နေ့က ကျင်းပသော အမှုဆောင် အထူးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သြဂုတ်၁၄-၁၅တွင် မ က္ကာတွင် ကျင်းပသော အစ္စလာမ် သွေးစည်းညီညွတ်ရေး ထိပ်သီးအစည်းအဝေး (Islamic Solardarity Summit)မှ အတည်ပြုခဲ့သည်။

---------------------------------------------------------------------------------------------------------------------

 ထိုင်းနိုင်ငံက GMS အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆွေးနွေးပွဲ လက်ခံကျင်းပ

(6 September 2012ရက်စွဲပါ BERNAMA မှ “Thailand hots GMS anti-corruption seminar”ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှု ဆန့်ကျင်ရေး ကော်မရှင်(NACC)သည် မဟာမဲခေါင် ဒေသခွဲ(GMS) အဖွဲ့ဝင် နိုင်ငံများအတွက်  အဂတိ လိုက်စားမှု တိုက်ဖက်ရေး ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့တွင် ဘန်ကောက်မြို့ ၌ လက်ခံကျင်းပမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ GMSအဖွဲ့ဝင် ငါးနိုင်ငံ ဖြစ် သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းတို့မှ လာဘ်ပေးလာဘ်ယူ တိုက်ဖက်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်သည်။

NACC အကြီးအကဲ Panttep Klanarongran အစည်းအဝေး အဖွင့်အမှာစကားကို ကိုးကား၍ ထိုင်းအေဂျင်စီက ဖော်ပြရာတွင်  ယခုဖိုရမ်သည် GMSအဖွဲ့ဝင် နိုင်ငံများအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံနှင့် ဗဟုသုတများကို ဖလှယ်နိုင်ရန် ပလက်ဖောင်းဖြစ်ပြီး မိမိတို့ တိုင်းပြည် အသီးသီးတွင် အဂတိ လိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်သော တာဝန်ရှိ ပုဂ္ဂိုလ်များ မွေးထုတ်ရေးတွင် အထောက်အကူ ဖြစ်ကြောင်းဆို သည်။

Panttepက ပြောကြားရာတွင် မကြာတော့သည့် အနာဂတ်တွင်  GMSအဖွဲ့ဝင် အားလုံးသည် ပို၍ချိတ်ဆက်ပြီး အဂတိ လိုက်စားမှု ဆန့်ကျင်ရေး ရည်မှန်းချက် အောင်မြင်ရေး လုပ်ဆောင်ချက်များ မြန်မြန်ဆန်ဆန်နှင့် မြှင့်တင်လာနိုင်ကြောင်း ဆိုသည်။

---------------------------------------------------------------------------------------------------------------------

ရန်ကုန်သို့ စင်ကာပူလေကြောင်းလိုင်း နေ့စဉ်ပျံသန်းမှု စတင်တော့မည်

(Chennel News Asia မှ 5 Sept 2012ရက်စွဲပါ “Singapore Airlines to Start daily Yangon Service”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မြို့သို့ ပျံသန်းမှု ခရီးစဉ်များ တိုးချဲ့ရန် စီးပွားရေးနှင့် ခရီးသွား ကဏ္ဍ၏ တောင်းဆိုမှု ကြီးထွား လာခြင်းကြောင့် အောက်တိုဘာလတွင် ရန်ကုန်သို့နေ့စဉ်ခရီးစတင်တော့မည် ဟု ကမ္ဘာထိပ်တန်းလေကြောင်းလိုင်းတစ်ခုဖြစ်သော SIA ၏ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကို စီးပွားရေးနှင့် အလည်အပတ် နှစ်မျိုးစလုံးအတွက် သွားကြတဲ့ခရီးစဉ် တောင်းဆိုမှု ကြီးထွားလာတဲ့အတွက် စင်ကာပူလေကြောင်း လိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပျံသန်းတော့မှာ ဖြစ်ပါတယ်” ဟုSIA အမှုဆောင်ဥက္ကဋ္ဌ မတ်ဆွီးဝါက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

SIA သည် အောက်တိုဘာ၂၈ရက်နေ့မှစ၍ ၎င်း၏ဒေသတွင်း လေကြောင်းလိုင်းခွဲ ၁၆ခုအနက်မှ ၇ခုကို တာဝန်ယူ ပျံသန်းပေးသွားမည် ဖြစ်ပြီး ၃၂၃ခုံဆန့် ဘိုးအင်း777-200 လေယာဉ်ကို အသုံးပြုမည်ဟု သိရှိရသည်။

Silk Air ကမူ ပိုမိုသေးငယ်သော အဲယားဘတ်စ် A320 လေယာဉ်များကို သုံးမည်ဟု ဆိုသည်။ SIA အမှုဆောင်ဥက္ကဋ္ဌ မတ်ဆွီးဝါးက “SIA နှင့် Silk Airဟာ ဈေးကွက်သစ် အလားအလာတွေကို အမြဲတမ်းပဲ စောင့်ကြည့်လေ့လာ နေပါတယ်။ SA ရဲ့ရန်ကုန်ပျံသန်းမှု စတင်ခြင်းဟာ ရေပန်းစားမှု မြင့်တက် လာတဲ့ ရန်ကုန်ခရီးစဉ်အပေါ် တောင်းဆိုမှုတွေ ကြီးထွားလာတာကို ပြည့်မီအောင် ဖြည့်ဆည်ူပေးမှာပါ”ဟု ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မြို့တော်ဟောင်း ရန်ကုန်သည် ၂၀၀၅ခုနှစ်တွင် ၎င်းမြေပေါ်မှ အစိုးရရုံးများ အဝေးမြို့တော် နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုအချက်အခြာအဖြစ် အရေးပါနေဆဲဖြစ်ပြီး နောင်တစ်ချိန်တွင် ရန်ကုန်မြို့တော်၌ အစိုးရ ရုံး များပြန်လည်`ရုံးစိုက်လိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ် လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် Master Card ၏ပထမခြေလှမ်း

(AFP Mသတင်းမှ 6Sept 2012 ရက်စွဲပါ “Master Card has first swipe in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

အရောင်းအဝယ် ကိစ္စမှန်သမျှတွင် ငွေစက္ကူကိုသာ သုံးစွဲကြရသည့် စီးပွားရေး နိမ့်ကျသော မြန်မာနိုင်ငံတွင် အီလက်ထရောနစ် ငွေပေးငွေယူစနစ် ကို လမ်းခင်းပေးနိုင်မည် ဟုမျှော်လင့် ထားသော Master Card ကုမ္ပဏီက မြန်မာဘဏ်တစ်ခုနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး လိုက်ပြီဟု ကြာသပတေးနေ့ တွင်ပြောကြားသည်။

ပြည်တွင်းမှ စီဘီဘဏ်နှင့် လိုင်စင်သဘောတူညီမှုအရ Master Cardကို မြန်မာနိုင်ငံတွင် ထုတ်ဝေရန်၊ လက်ခံသုံးစွဲရန် လက်တွေ့အစီအစဉ်ကို ဆောင်ရွက်မည် ဖြစ်ပြီး ယခု ဆောင်ရွက်ချက်သည် မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှု ကို အမေရိကန် ပြည်ထောင်စုက တုန့်ပြန်သည့် အနေဖြင့် ငွေကြေး Sanctionsများကို ဖြေလျှော့ပေး ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

ခရက်ဒစ်ကတ်များဖြင့် ငွေပေးငွေထုတ် မပြုနိုင်ခြင်းသည် အရပ်ဖက် အစိုးရအပေါ် ပြင်းထန်သော နိုင်ငံတကာ Sanctionsများ ချမှတ်ခဲ့ခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။

လတ်တလောတွင် ပြည်သူလူထုသည် ၎င်းတို့ပိုင်ဆိုင်သော ငွေအားလုံးကို ငွေအားလုံးကို ငွေစက္ကူများအဖြစ် ကိုင်ဆောင်သုံးစွဲ နေရပြီး ထိပ်တန်း ဟော်တယ်ကြီးများ၌ပင် ခရက်ဒစ်ကတ် ငွေပေးချေမှုကို ပြောက်တိပြောက်ကျား သုံးစွဲနေကြ ရသောကြောင့် ဤကိစ္စသည် ခရီးသွား တိုးရစ်များနှင့် နိုင်ငံခြား ကုမ္ပဏီများ အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ်ကွန်ယက် ဖြစ်ပေါ်လာရန် ဦးတည်သော ယခုဆောင်ရွက်ချက်သည် ခရီးသွား တိုးရစ်ကဏ္ဍအပေါ် ကြီးမားသော ကောင်းကျိုးသက်ရောက် စေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နေသည့် မြန်မာနိုင်ငံကိုလည်း ကောင်းစွာအထောက်အကူ ဖြစ်စေလိမ့်မည်ဟု Master Cardကုမ္ပဏီက ကြေညာချက်ထုတ်ပြန်သည်။

ထို့အပြင်သန်း၅၀ကျော်သည်ဟု ခန့်မှန်းထားသော မြန်မာလူထုကို ငွေကြေးစနစ် အတွင်းသို့ ပိုမိုဆွဲခေါ်နိုင်အောင် အကူအညီ ရစေလိမ့်မည်ဟု ကုမ္ပဏီက ဆိုသည်။

Master Card World Wideစင်ကာပူမှ ဂျော့ခ်ျတန်က “မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ် ထုတ်ဝေရန် လက်ခံသုံးစွဲရန် လုပ်ဆောင်နေသော လုပ် ငန်းစဉ် တစ်ခုလုံးသည် လအနည်းငယ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုသဘော တူညီမှုသည် မြန်မာနိုင်ငံသို့ ဝင်မည့်Master Card ကုမ္ပဏီ၏ ကတိကို ပြသခြင်း ဖြစ်ကြောင်း” ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဘဏ်စနစ်နှင့် လတ်တလော မချိတ်ဆက်ရသေးသော ATM ငွေထုတ်စက် ၈၀ဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အနက် ၃၀ခန့်မှာ စီဘီဘဏ်နှင့် ဆိုင်သည်ဟု သူမက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ဧပြီလက တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပကာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်သို့ ဝင်ခွင့်ပေပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူ ချမှတ်ထားသော ငွေကြေးsanctionများကို ဖြေလျှော့ ပေးကြောင်း ကြေညာသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment